Zawgyi
*******
ဘုရားေက်ာင္းအတြင္း သံစဥ္တီးလံုးမ်ားဟာ တိုးတိတ္စြာ ထြက္ေပၚလို႔။
ေျခလွမ္းမွန္မွန္ေလွ်ာက္လမ္းလာေသာ အျဖဴေရာင္၀တ္စံုဟာ ေ၀့၀ဲလ်ားက်ေနေသာ
ဂါ၀န္ျဖဴျဖဴေတာ့ မဟုတ္ခဲ့ေပ။ ေဒါက္ျမင့္ဖိနပ္ကို စီးရံထားေသာ သတို႔သမီးလွလွ တစ္ေယာက္လည္း မဟုတ္ခဲ့။ အျဖဴေရာင္အေနာက္တိုင္း ၀တ္စံုကို ေသသပ္စြာ ၀တ္ဆင္ထားၿပီး တစ္စံုတစ္ေယာက္ထံသို႔ ဦးတည္စြာ ေလွ်ာက္လွမ္းလာသူ ေကာင္ေလး။
သိပ္မုန္းရေသာသူ....။
နာက်ည္းလြန္းရေသာသူ.....။
ဆႏၵမပါ ရည္ၫႊန္းခ်က္မပါ ျဖစ္တည္လာေသာ မဂၤလာပြဲဟာ အဘယ္အေၾကာင္းေၾကာင့္ ေပ်ာ္ရႊင္ရမည္နည္း။ က်န္သူမ်ားေတာ့ မသိႏိုင္ ယေန႔ရဲ႕ ဇာတ္ေဆာင္မင္းသား ႏွစ္ေယာက္မွာေတာ့ အိပ္မက္ေတြဟာ အသီးသီးဆံုးရံႈးခဲ့ရၿပီ။ လမ္းမွားကို ေရြးခ်ယ္ခဲ့သူ တစ္ဦးတစ္တြက္ေတာ့ လမ္းမွန္ကို ျပန္ေရာက္ေကာင္း ေရာက္ႏိုင္ရဲ႕။
အခ်စ္တစ္ခုသာ မင္း ႏွလံုးသားထဲ ေမြးဖြားခဲ့သည္ ဆိုပါစို႔.....။
Tae Hyung ေျခလွမ္းမ်ား ယိုင္နဲ႔မသြားေအာင္ အသိစိတ္ကပ္ကာ သူ႔အေ႐ွ႕တည့္တည့္မွ အႏိုင္ရသူအျပံဳးမ်ိဳးႏွင့္ ေစာင့္ႀကိဳေနသူတစ္ဦးတစ္ေယာက္ထံ။
မုန္းတာထက္ပိုေသာ ရြံ႐ွာမႈေတြ။
ဖန္ဆင္းမႈခ်င္း တူညီေသာ လူသားႏွစ္ဦးရဲ႕
လက္ထပ္မဂၤလာပြဲဟာ ေသသပ္လြန္းသည္လို႔ေတာ့ မထင္မွတ္ခဲ့။
ျပံဳးမေနေသာ္လည္း တင္းရင္းေနေသာ မ်က္ႏွာမ်ိဳးမျဖစ္ေအာင္ အတတ္ႏိုင္ဆံုး ႀကိဳးစားထားရသည္မွာလည္း ပင္ပန္းလွသည္။
တကယ္ဆို အခုခ်ိန္ ခ်စ္ရလြန္းေသာ သူမရဲ႕ လက္ကိုဆြဲကိုင္ၿပီး အေ၀းဆံုးကို ေျပးထြက္လိုက္ရမွာ။
ထိုလူႏွင့္ အနီးကပ္ဆံုးကို ေရာက္သြားခ်ိန္ ဆက္ခနဲလွမ္းဆြဲလိုက္တာေၾကာင့္ သူ႔ေဘးသုိ႔ အလိုလိုေရာက္သြားရသည္။
သနားညႇာတာမႈ မ႐ွိေသာ ထိုတစ္ေန႔မွာ
မိုးေတြ မဲေမွာင္ေနခဲ့သည္။
"သတို႔သားႏွစ္ဦး အၾကင္နာေပးႏိုင္ပါၿပီ"
မ်က္လံုးခ်င္းဆံုကာ ၾကည့္ေနေသာ အၾကည့္တို႔မွာ ၾကင္နာမႈေတြမပါ နာၾကည္းျခင္းအမႈန္အ၀ါးမ်ားႏွင့္။ ရက္စက္လြန္းရာ က်ပါတယ္။
တြန္႔ခ်ိဳးကာ ျပံဳးလိုက္ေသာ သူ႔အျပံဳးဟာ ခါးသက္လြန္းေသာ ေကာ္ဖီတစ္ခြက္လို စိတ္ပ်က္ေစမႈအျပည့္။ ေအာင္ႏိုင္သူအျပံဳးလို ခပ္ရြဲ႕ရြဲ႕ျပံဳးလာေသာ ထိုႏႈတ္ခမ္းတို႔ဟာ ရင္ခုန္ျခင္းကင္းမဲ့ေသာ ခ်ိဳသာျခင္းေပ်ာက္႐ွေသာ
တျခားႏႈတ္ခမ္းတစ္စံုေပၚ ထပ္တူက်ခ်ိန္။
သိပ္မုန္းတယ္ Jeon Jung Kook။
ဧည့္သည္မ်ားကို လွည့္လည္ ႏႈတ္ဆတ္စဥ္ေတာ့
အျပံဳးတုတို႔ဟာ မ်က္ႏွာထက္မွာ အဆင္သင့္။
တျဖည္းျဖည္း ေလွ်ာက္လွမ္းလာရင္း စားပြဲ၀ိုင္းတစ္ခုအေရာက္မွာေတာ့....။
ကြၽန္ေတာ္ခ်စ္ရတဲ့သူမ......။
ကြၽန္ေတာ့္ဘ၀မွာ နင့္ေနေအာင္ ခ်စ္ခဲ့ရတဲ့သူ။
"မဂၤလာပြဲကို ဂုဏ္ျပဳပါတယ္"
သူမဆီမွ ၾကားလိုက္ရေသာ စကားလံုးတို႔ဟာ
သက္ဆိုင္ခဲ့သမွ် အခ်ိန္ေတြ လြင့္ေမ်ာပါသြားသကဲ့သို႔။ ဘာမွမျဖစ္သလို ဟန္ေဆာင္ကာ ျပံဳးေနေသာ သူမမ်က္ႏွာကို ကြၽန္ေတာ္မၾကည့္ရဲ။ မ်က္၀န္းထဲက မ်က္ရည္စေတြကို သူ ျမင္သြားမွာ စိုးရိမ္မိတယ္။
"ေက်းဇူးပဲ JinHee ငါတို႔ၾကည့္ေကာင္းတယ္မလား"
ဒဏ္ရာကိုသိေတာ့ ထိုးနက္ေနတဲ့ ေဘးကလူအား ေဒါသက ေထာင္းခနဲ။
သိပ္ကို ေက်နပ္ေနတဲ့ မ်က္ႏွာမ်ိဳးနဲ႔ ရြံစရာ စိတ္ဓာတ္ေတြ။
"အင္း ႏွစ္ေယာက္လံုးပဲ.... အရမ္း.လိုက္တယ္"
နစ္၀င္သြားေသာ သူမ ရဲ႕ အသံေလးေတြ အဆံုးမွာ ကြၽန္ေတာ္ၾကည့္မိေတာ့ မ်က္ရည္ဆို႔ေနေသာ မ်က္၀န္းႏွင့္ ဆံုမိသည္။
အဆင္ေျပပါတယ္ လို႔ ေျပာေနေသာ သူ႔အျပံဳးနဲ႔မ်က္၀န္းတို႔ဟာ ဒီရင္ကို စုတ္ျပတ္သတ္သြားေစသည္။
"မင္းကလည္းကြာ မဂၤလာေလးတစ္ခါေဆာင္တာကို ျဖစ္ပ်က္ေနလိုက္တာ"
"ငါက တခါပဲ ေဆာင္မွာ မင္းက ဘယ္ႏွခါေလာက္ေဆာင္ခ်င္ေနတာလဲ? Jiha နင့္ေကာင္နင္ ၾကည့္ထိန္းေနာ္"
Jiminနဲ႔စကားေဖာင္ဖြဲ႕ေနေသာ သူ႔ကို ကြၽန္ေတာ္ သတ္ခ်င္လာမိသည္။
ဘယ္လိုရည္ရြယ္ခ်က္နဲ႔ ဒီပြဲကို လက္ခံခဲ့လဲ။
ၨဘယ္လိုအေၾကာင္းျပခ်က္ေၾကာင့္္ ရန္သူကို အိမ္ေထာင္ဖက္ေရြးခဲ့လဲ။
ခန္႔မွန္းမရေသာ သူ႔ကို ဒီတိုင္းသာ ေတြေတြေလး ၾကည့္ေနမိသည္။
"Tae Hyung အဲ့ေလာက္ထိမၾကည့္နဲ႔ေလကြာ ဒီေကာင္ႀကီး မင္းေယာက်္ားျဖစ္ပါၿပီကြ"
ေနာက္ေျပာင္လာေသာ Jimin ရဲ႕ စကားအဆံုးမွာ နရင္းကို အုပ္ခ်လိုက္သည္။
ေတာ္ေတာ္ ႐ွည္တဲ့ေကာင္။
"ဟဲ့ Tae Hyung နင္ေနာ္ ေယာက်္ားရၿပီ ဆိုတာနဲ႔ သူ႔ကို အႏိုင္မက်င့္နဲ႔ေနာ္ ငါ႐ွိတယ္ ဟြန္႔"
"လိုက္လည္းလိုက္ပါေပတဲ့ အတြဲ ပိုကိုပိုတယ္"
ဒင္းတို႔အတြဲက အဲ့လို။ တျခားသူ လုပ္ရင္ေတာ့ ကပ္ကပ္လန္ေအာင္ ရန္ျပန္ေတြ႕ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ဆို ကိုက္ေနၾကတာ ျမင္လို႔ေတာင္ မေကာင္းဘူး။
"ဘာျဖစ္လဲ မေက်နပ္ရင္ နင္တို႔ႏွစ္ေယာက္လည္း လိုက္လုပ္ေပါ့"
ေသခ်ာပါတယ္ ဒီခ်ိန္မွာ သိသိသာသာ မ်က္ႏွာညိဳးေနသူက ကြၽန္ေတာ့္မိန္းကေလး Oh JinHee ျဖစ္မယ္ဆိုတာ။
Jimin က အေျခအေနကို ရိပ္မိသြားေတာ့
စကား၀ိုင္းကို ခ်က္ခ်င္းလႊဲၿပီး ဟိုဟိုဒီဒီ ေျပာေနေလရဲ႕။ ကြၽန္ေတာ္ကေတာ့ သူမ ကိုသာ ေငးၾကည့္ေနမိသည္။ ဘယ္မွာလဲ အခ်စ္ေတြ။
ေပ်ာ္ရႊင္စရာ မဂၤလာပြဲဆိုတာကေရာ။
ကြၽန္ေတာ့္ မပိုင္ဆိုင္ခဲ့ဘူး။ မရႏိုင္ေတာ့ဘူး။
ခ်စ္ရသူနဲ႔ တသက္လံုး ေကြကြင္းခဲ့ၿပီိ မဟုတ္လား။
"ငါ သြားစရာေလး ႐ွိလို႔ ျပန္ေတာ့မယ္ေနာ္ Jung Kook ျပန္ၿပီေနာ္....Tae Hyung ငါသြားၿပီ"
ကြၽန္ေတာ့္မ်က္ႏွာကို တခ်က္ပင္ လွည့္မၾကည့္ဘဲ ထြက္သြားသူရဲ႕ ေက်ာျပင္ငယ္ေလးကိုသာ စိုက္ၾကည့္ရင္း ရင္ဘတ္ႀကီးဟာ ဆို္႔နင့္စြာ ေအာင့္သက္လာသည္။ ငါတို႔ တကယ္ေ၀းခဲ့ၿပီလား။
"ဒါ ငါ့မဂၤလာပြဲေနာ္ မင္းတို႔ရဲ႕ သနားစရာ ဇာတ္လမ္းလာ႐ိုက္ခိုင္းေနတာ မဟုတ္ဘူး"
နားနားကပ္ေျပာလာသည့္ ခနဲ႔တဲ့တဲ့ စကားသံမ်ားေၾကာင့္ လက္တီးကို က်စ္က်စ္ပါေအာင္ ဆုပ္ကာ လွမ္းၾကည့္ေတာ့ ဂ႐ုမစိုက္သည့္ အထာႏွင့္ မ်က္ႏွာေပးအား ႐ိုက္သတ္ခ်င္စိတ္ တဖြားဖြား။
အညိႇဳးႏွင့္ အႏိုင္ယူကာ ကြၽန္ေတာ့္ဘ၀အား အပိုင္သိမ္းသြားေသာ ထိုသူအား လြန္စြာမွ မုန္းတီးမႈသည္ လက္၀ါးကပ္တိုင္မွ ဘုရားသခင္အသိႏိုင္ဆံုးပင္။
တေရြ႕ေရြ႕လိမ့္ဆင္းလားေသာ ကားနက္ေလးေပၚ ၿငိမ္သက္စြာ လိုက္ပါခဲ့သည္။ စိတ္အာရံုတို႔ကေတာ့ ေလလြင့္သလို။
ျမင္ေနေသာ သူမရဲ႕ မ်က္ႏွာညိဳးညိဳး။
ေ၀့၀ဲတက္ေနေသာ မ်က္ရည္စတို႔ႏွင့္ မ်က္၀န္းလွလွ တစ္စံု။ ခ်စ္ရသူရဲ႕ မဂၤလာပြဲဟာ ေယာက်္ားတစ္ေယာက္ႏွင့္ ဟူေသာ အသိစိတ္ဟာ သူမအား နာက်င္ေစမည္ေလာ။
တျဖည္းျဖည္းအေတြးထဲ၀င္လာေသာ ခပ္ညိဳ႕ညိဳ႕မ်က္ႏွာေပးႏွင့္ Jeon Jung Kook။ သိပ္မုန္းတာ။ ေျပာမျပတတ္ေလာက္ေအာင္။
"ဒီေန႔ပြဲက ေပ်ာ္ဖို႔ေကာင္းတယ္ေနာ္"
ရြဲ႕ျပံဳးတစ္ခုႏွင့္အတူ ကြၽန္ေတာ့္ကို ၾကည့္ရင္း ေျပာလာသူ။
"ခ်စ္သူႏွစ္ေယာက္ ေၾကကြဲေနတာကေတာ့ သိပ္အဆင္မေျပဘူး စိတ္ပ်က္ဖို႔ေကာင္းတယ္"
"Jeon Jung Kook မင္း ဘာသေဘာနဲ႔ လုပ္တာလဲ"
ေခါင္းတခါခါလုပ္ေနပံုကိုက မုန္းစရာ။
ျဖဴျဖဴစင္စင္ ရယ္ျပံဳးဖို႔ဆိုတာ သူ႔အတြက္ သိပ္ခက္ခဲေနပံု။
"စိတ္ေလ်ာ့စမ္းပါ မင္းနဲ႔ငါက အခုဆို လက္ထပ္ၿပီးသြားၿပီ"
"JinHee နဲ႔ ငါ့ အေၾကာင္းကိုလည္း သိသိရက္နဲ႔ မင္းကြာ!!!!"
သက္ျပင္း႐ွည္တစ္ခုကို ေမာဟိုက္စြာ ခ်ရင္း ထြက္ေပၚခါနီး ေဒါသစိတ္တို႔ကို မ်ိဳခ်လိုက္သည္။
ဒီလိုမွမဟုတ္ရင္ သူ႔ကို ကြၽန္ေတာ္ ဘာလုပ္မိမယ္မသိ။
"မင္းကို ယူခ်င္လြန္းလို႔ ယူတယ္ ထင္ေနလား"
တည္ၿငိမ္လြန္းေသာ သူ႔အသံဟာ ဂေယာင္ေျခာက္ျခား ျဖစ္ေစလြန္းသည္။
"ငါသူ႔ကို ခ်စ္လြန္းလို႔ JinHee ကို ငါခ်စ္လို႔"
"ေအး သိတယ္ ဒါေပမယ့္ မင္းအတင္းအဓမၼ လက္ထပ္ယူခဲ့တာ သူမဟုတ္ပဲ ငါေလ"
"ငါခ်စ္တဲ့သူကို ငါမွ မပိုင္ဆိုင္ရရင္ ဘယ္သူ႔လက္ထဲမွ အေရာက္မခံႏိုင္ဘူး Tae Hyung ဒါမို႔ ငါ မင္းနဲ႔လက္ထပ္ခဲ့တာ"
ကြၽန္ေတာ္ေခါင္းကိုသာ တသြင္သြင္ခါေနမိသည္။
တကယ္ အ႐ူး။ အတၱႀကီးလြန္းတဲ့ စိတၱဇေကာင္။
"မင္း ႐ူးေနၿပီသိလား အခုလို လုပ္ေတာ့ေရာ ငါနဲ႔JinHee က ၿပီးသြားၿပီလို႔ ထင္ေနလား"
"မၿပီးေသးေတာင္ သူမင္းကို ရေတာ့မွာမွ မဟုတ္တာ ဟက္ ဘယ္ေလာက္ေကာင္းလဲ"
စိတ္႐ွိလက္႐ွိ ေအာ္ဟစ္ေပါက္ကြဲပစ္ခ်င္ေသာ္လည္း ရင္တြင္းမွာသာ တိတ္ဆိတ္စြာ ေပါက္ကြဲမႈ ျပင္းထန္ခဲ့သည္။ ကြၽန္ေတာ့္ကို လက္ထပ္ခဲ့သူက အ႐ူးတစ္ေယာက္ပဲ။
ျခံ၀န္းထဲ၀င္လာေတာ့ အိမ္ႀကီးဟာ ဟီးလို႔။
ဒါေပါ့ နာမည္ႀကီးcompany ႏွစ္ခုရဲ႕ သားႏွစ္ေယာက္အတြက္ ဒီေလာက္ေတာ့ ပါးပါးေလးေပါ့။ ကားေပၚက ဆင္းကာ အိမ္ထဲကို ဦးတည္၀င္ေရာက္ခဲ့သည္။ အိမ္အတြင္းမွာ တိတ္ဆိတ္ေျခာက္ကပ္ျခင္းက သုသာန္နဲ႔မျခား။
အိမ္အကူေတြ မေခၚထားဘူးလား။
"အလုပ္လုပ္မယ့္သူေတြ မနက္ျဖန္က် လာလိမ့္မယ္"
ကြၽန္ေတာ့္စိတ္ထဲက စကားေတြကို သိေနသလို သူေျပာၿပီး ေလွကားထစ္ေပၚသို႔ တက္သြားသည္။ ထိပ္ဆံုးေရာက္ေတာ့ ျပန္လွည့္ၾကည့္ၿပီ 'လာေလ' တဲ့။
က်စ္....စိတ္ပ်က္စရာ ေကာင္းလိုက္တာ။
"တစ္ခန္းထဲ ေနရမွာလား"
"မင္းက ဘယ္လို ေနခ်င္လို႔လဲ"
ဆက္ေျပာခ်င္စိတ္မ႐ွိေတာ့တဲ့ စကားေတြကို လတ္စသတ္ၿပီး ေရခ်ိဳးခန္းထဲသာ၀င္ခဲ့သည္။
ေရပန္းကို ဖြင့္ကာ စိတ္ေျပလက္ေပ်ာက္ ေရခ်ိဳးေနလိုက္သည္။ သို႔ေသာ္လည္း သူမကို ကြၽန္ေတာ္ သိပ္လြမ္းသည္။
ေအးစိမ့္ေနေသာ ေရမ်ားက အလြမ္းဓာတ္ေတြကို ယူမသြားေပမယ့္လို႔ ေလ်ာ့ပါးေစပါသည္။
ေရခ်ိဳးၿပီးလို႔ ထြက္လာေတာ့ သေကာင့္သားက ခုတင္ေပၚမွာ ေအးေအးလူလူ ဖုန္းထိုင္ေဆာ့ေနေသးသည္။ ဂ႐ုမစိုက္ဘဲ သူ႔ကို ေက်ာေပးကာ စိုစိစိျဖစ္ေနေသာ ဆံပင္တို႔ကို တဘတ္ႏွင့္ သုတ္ေနလိုက္သည္။
႐ုတ္တရက္ႀကီး ေနာက္ေက်ာဘက္မွ လည္ပင္းကို သိုင္းဖက္လာတဲ့ လက္ေတြေၾကာင့္ တုန္ခနဲ။ လွည့္ၾကည့္လိုက္ေတာ့ Jeon Jung Kook။
"ဘာလုပ္တာလဲ ဖယ္!!!"
"ဖက္ခ်င္လြန္းလို႔ထင္ေနလား Kim Tae Hyung"
ေျပာၿပီးၿပီးခ်င္း ကြၽန္ေတာ့္ကို ခုတင္ေပၚ ဆြဲလွဲလိုက္တာေၾကာင့္ ေက်ာျပင္က ေအာင့္ခနဲ။
ကြၽန္ေတာ့္ကိုယ္ေပၚ အုပ္မိုးလာေသာ သူ႔ကို မေက်နပ္စြာ စူးစိုက္ၾကည့္လိုက္ေသးသည္။
တျဖည္းျဖည္းငံု႔ဆင္းလာေသာ သူ႔မ်က္ႏွာ။
"Jung...Kook..မလုပ္...နဲ႔"
လည္တိုင္ထက္မွာ လႊားခနဲ လႊားခနဲ ေနရာယူေသာ သူ႔ႏႈတ္ခမ္းသားမ်ားဟာ ေအးစက္စက္။ အထိမခံႏို္င္ေသာ လည္ပင္းသားမ်ားကို မထိတထိ ထိုးစြေနသည္က ခံစားရခက္လြန္းသည္။
တခ်က္တခ်က္စုပ္ယူလိုက္ေသာအခါ ေနမသိထိုင္မသာျဖစ္ကာ ပါးစပ္မွ ညည္းညဴသံမ်ားအား လက္ျဖင့္ပိတ္ကာ တားဆီးမိသည္။ သိပ္မုန္းရေသာ ထိုေယာက်္ားသားေ႐ွ႕မွာ သာယာမႈကို မျပ၀ံ့ပါ။
ေဖြးႏုေသာ လည္တိုင္တစ္ေလွ်ာက္မွာ နီေစြးေသာ အမွတ္အသားတခ်ိဳ႕ စြဲမွတ္စြာ က်န္႐ွိခဲ့သည္။
"ဟက္....သာယာမေနနဲ႔ အနည္းဆံုးေသာ JinHee ျမင္ရင္ မင္းနဲ႔ငါနဲ႔က.... ေတာ္ပါၿပီ အ၀တ္ေတြ၀တ္လိုက္အံုး"
ေက်နပ္စြာ အျပံဳးႀကီးကို ခ်ိတ္ဆြဲထားေသာ ထိုလူ႔မ်က္ႏွာအား ပိတ္ထိုးပစ္ခ်င္သည္။
အခန္းတံခါးပိတ္ကာ သူထြက္သြားေတာ့မွ လူေသေကာင္တစ္ေယာက္လို ၿငိမ္သက္ေနရာမွ သတိ၀င္လာခဲ့သည္။
ေဘးနားမွ စားပြဲေပၚ႐ွိ ပန္းအိုးအား နံရံဆီသို႔ ပစ္ေပါက္လိုက္သည္။ ေဒါသေတြကို တစ္ေနရာမွာ သြန္ခ်လိုက္မွ ကြၽန္ေတာ္ေနႏိုင္ေတာ့မည္။
ဟင့္အင္း.....မုန္းတယ္ ေသေလာက္ေအာင္ကို မုနး္တယ္။ ထိုစိတၱဇေကာင္အား အေရႏႊာကာ သတ္ပစ္ခ်င္မိေသာ္လည္း က်ရံႈးသူမွာ ကြၽန္ေတာ္ဆိုတာ အက္ေၾကာင္းထပ္ခဲ့သည္မို႔ ပိုၿပီး နာက်ည္းမုန္းတီးရသည္။
သူ႔ခႏၶာႏွင့္ထိေတြ႕ရေသာ ကြၽန္ေတာ့္ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားကို ရြံ႐ွာမိသည္။
Jeon Jung Kook...ထိုအမည္နာမဟာ ဘ၀တစ္ခုကို မီးၿမိဳက္ျပာခ်ေလာက္သည္အထိ စြမ္းေဆာင္ႏိုင္လိမ့္မည္ဟု ထင္မွတ္မထားေသာ ကို္ယ့္ကိုယ္ကို္ယ္သာ အျပစ္တင္မိသည္။
ရန္သူ.....ဟုတ္တယ္ သူက ကြၽန္ေတာ့္ရဲ႕ ရန္သူ။
___________________________TBC
Love You All❤❤❤❤❤
*Nun
______________________________
Unicode
********
ဘုရားကျောင်းအတွင်း သံစဉ်တီးလုံးများဟာ တိုးတိတ်စွာ ထွက်ပေါ်လို့။
ခြေလှမ်းမှန်မှန်လျှောက်လမ်းလာသော အဖြူရောင်ဝတ်စုံဟာ ဝေ့ဝဲလျားကျနေသော
ဂါဝန်ဖြူဖြူတော့ မဟုတ်ခဲ့ပေ။ ဒေါက်မြင့်ဖိနပ်ကို စီးရံထားသော သတို့သမီးလှလှ တစ်ယောက်လည်း မဟုတ်ခဲ့။ အဖြူရောင်အနောက်တိုင်း ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး တစ်စုံတစ်ယောက်ထံသို့ ဦးတည်စွာ လျှောက်လှမ်းလာသူ ကောင်လေး။
သိပ်မုန်းရသောသူ....။
နာကျည်းလွန်းရသောသူ.....။
ဆန္ဒမပါ ရည်ညွှန်းချက်မပါ ဖြစ်တည်လာသော မင်္ဂလာပွဲဟာ အဘယ်အကြောင်းကြောင့် ပျော်ရွှင်ရမည်နည်း။ ကျန်သူများတော့ မသိနိုင် ယနေ့ရဲ့ ဇာတ်ဆောင်မင်းသား နှစ်ယောက်မှာတော့ အိပ်မက်တွေဟာ အသီးသီးဆုံးရှုံးခဲ့ရပြီ။ လမ်းမှားကို ရွေးချယ်ခဲ့သူ တစ်ဦးတစ်တွက်တော့ လမ်းမှန်ကို ပြန်ရောက်ကောင်း ရောက်နိုင်ရဲ့။
အချစ်တစ်ခုသာ မင်း နှလုံးသားထဲ မွေးဖွားခဲ့သည် ဆိုပါစို့.....။
Tae Hyung ခြေလှမ်းများ ယိုင်နဲ့မသွားအောင် အသိစိတ်ကပ်ကာ သူ့အရှေ့တည့်တည့်မှ အနိုင်ရသူအပြုံးမျိုးနှင့် စောင့်ကြိုနေသူတစ်ဦးတစ်ယောက်ထံ။
မုန်းတာထက်ပိုသော ရွံရှာမှုတွေ။
ဖန်ဆင်းမှုချင်း တူညီသော လူသားနှစ်ဦးရဲ့
လက်ထပ်မင်္ဂလာပွဲဟာ သေသပ်လွန်းသည်လို့တော့ မထင်မှတ်ခဲ့။
ပြုံးမနေသော်လည်း တင်းရင်းနေသော မျက်နှာမျိုးမဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားရသည်မှာလည်း ပင်ပန်းလှသည်။
တကယ်ဆို အခုချိန် ချစ်ရလွန်းသော သူမရဲ့ လက်ကိုဆွဲကိုင်ပြီး အဝေးဆုံးကို ပြေးထွက်လိုက်ရမှာ။
ထိုလူနှင့် အနီးကပ်ဆုံးကို ရောက်သွားချိန် ဆက်ခနဲလှမ်းဆွဲလိုက်တာကြောင့် သူ့ဘေးသို့ အလိုလိုရောက်သွားရသည်။
သနားညှာတာမှု မရှိသော ထိုတစ်နေ့မှာ
မိုးတွေ မဲမှောင်နေခဲ့သည်။
"သတို့သားနှစ်ဦး အကြင်နာပေးနိုင်ပါပြီ"
မျက်လုံးချင်းဆုံကာ ကြည့်နေသော အကြည့်တို့မှာ ကြင်နာမှုတွေမပါ နာကြည်းခြင်းအမှုန်အဝါးများနှင့်။ ရက်စက်လွန်းရာ ကျပါတယ်။
တွန့်ချိုးကာ ပြုံးလိုက်သော သူ့အပြုံးဟာ ခါးသက်လွန်းသော ကော်ဖီတစ်ခွက်လို စိတ်ပျက်စေမှုအပြည့်။ အောင်နိုင်သူအပြုံးလို ခပ်ရွဲ့ရွဲ့ပြုံးလာသော ထိုနှုတ်ခမ်းတို့ဟာ ရင်ခုန်ခြင်းကင်းမဲ့သော ချိုသာခြင်းပျောက်ရှသော
တခြားနှုတ်ခမ်းတစ်စုံပေါ် ထပ်တူကျချိန်။
သိပ်မုန်းတယ် Jeon Jung Kook။
ဧည့်သည်များကို လှည့်လည် နှုတ်ဆတ်စဉ်တော့
အပြုံးတုတို့ဟာ မျက်နှာထက်မှာ အဆင်သင့်။
တဖြည်းဖြည်း လျှောက်လှမ်းလာရင်း စားပွဲဝိုင်းတစ်ခုအရောက်မှာတော့....။
ကျွန်တော်ချစ်ရတဲ့သူမ......။
ကျွန်တော့်ဘဝမှာ နင့်နေအောင် ချစ်ခဲ့ရတဲ့သူ။
"မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်"
သူမဆီမှ ကြားလိုက်ရသော စကားလုံးတို့ဟာ
သက်ဆိုင်ခဲ့သမျှ အချိန်တွေ လွင့်မျောပါသွားသကဲ့သို့။ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ပြုံးနေသော သူမမျက်နှာကို ကျွန်တော်မကြည့်ရဲ။ မျက်ဝန်းထဲက မျက်ရည်စတွေကို သူ မြင်သွားမှာ စိုးရိမ်မိတယ်။
"ကျေးဇူးပဲ JinHee ငါတို့ကြည့်ကောင်းတယ်မလား"
ဒဏ်ရာကိုသိတော့ ထိုးနက်နေတဲ့ ဘေးကလူအား ဒေါသက ထောင်းခနဲ။
သိပ်ကို ကျေနပ်နေတဲ့ မျက်နှာမျိုးနဲ့ ရွံစရာ စိတ်ဓာတ်တွေ။
"အင်း နှစ်ယောက်လုံးပဲ.... အရမ်း.လိုက်တယ်"
နစ်ဝင်သွားသော သူမ ရဲ့ အသံလေးတွေ အဆုံးမှာ ကျွန်တော်ကြည့်မိတော့ မျက်ရည်ဆို့နေသော မျက်ဝန်းနှင့် ဆုံမိသည်။
အဆင်ပြေပါတယ် လို့ ပြောနေသော သူ့အပြုံးနဲ့မျက်ဝန်းတို့ဟာ ဒီရင်ကို စုတ်ပြတ်သတ်သွားစေသည်။
"မင်းကလည်းကွာ မင်္ဂလာလေးတစ်ခါဆောင်တာကို ဖြစ်ပျက်နေလိုက်တာ"
"ငါက တခါပဲ ဆောင်မှာ မင်းက ဘယ်နှခါလောက်ဆောင်ချင်နေတာလဲ? Jiha နင့်ကောင်နင် ကြည့်ထိန်းနော်"
Jiminနဲ့စကားဖောင်ဖွဲ့နေသော သူ့ကို ကျွန်တော် သတ်ချင်လာမိသည်။
ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီပွဲကို လက်ခံခဲ့လဲ။
္ဇဘယ်လိုအကြောင်းပြချက်ကြောင့်် ရန်သူကို အိမ်ထောင်ဖက်ရွေးခဲ့လဲ။
ခန့်မှန်းမရသော သူ့ကို ဒီတိုင်းသာ တွေတွေလေး ကြည့်နေမိသည်။
"Tae Hyung အဲ့လောက်ထိမကြည့်နဲ့လေကွာ ဒီကောင်ကြီး မင်းယောကျ်ားဖြစ်ပါပြီကွ"
နောက်ပြောင်လာသော Jimin ရဲ့ စကားအဆုံးမှာ နရင်းကို အုပ်ချလိုက်သည်။
တော်တော် ရှည်တဲ့ကောင်။
"ဟဲ့ Tae Hyung နင်နော် ယောကျ်ားရပြီ ဆိုတာနဲ့ သူ့ကို အနိုင်မကျင့်နဲ့နော် ငါရှိတယ် ဟွန့်"
"လိုက်လည်းလိုက်ပါပေတဲ့ အတွဲ ပိုကိုပိုတယ်"
ဒင်းတို့အတွဲက အဲ့လို။ တခြားသူ လုပ်ရင်တော့ ကပ်ကပ်လန်အောင် ရန်ပြန်တွေ့ပြီး တစ်ယောက်နဲ့တစ်ယောက်ဆို ကိုက်နေကြတာ မြင်လို့တောင် မကောင်းဘူး။
"ဘာဖြစ်လဲ မကျေနပ်ရင် နင်တို့နှစ်ယောက်လည်း လိုက်လုပ်ပေါ့"
သေချာပါတယ် ဒီချိန်မှာ သိသိသာသာ မျက်နှာညိုးနေသူက ကျွန်တော့်မိန်းကလေး Oh JinHee ဖြစ်မယ်ဆိုတာ။
Jimin က အခြေအနေကို ရိပ်မိသွားတော့
စကားဝိုင်းကို ချက်ချင်းလွှဲပြီး ဟိုဟိုဒီဒီ ပြောနေလေရဲ့။ ကျွန်တော်ကတော့ သူမ ကိုသာ ငေးကြည့်နေမိသည်။ ဘယ်မှာလဲ အချစ်တွေ။
ပျော်ရွှင်စရာ မင်္ဂလာပွဲဆိုတာကရော။
ကျွန်တော့် မပိုင်ဆိုင်ခဲ့ဘူး။ မရနိုင်တော့ဘူး။
ချစ်ရသူနဲ့ တသက်လုံး ကွေကွင်းခဲ့ပြီိ မဟုတ်လား။
"ငါ သွားစရာလေး ရှိလို့ ပြန်တော့မယ်နော် Jung Kook ပြန်ပြီနော်....Tae Hyung ငါသွားပြီ"
ကျွန်တော့်မျက်နှာကို တချက်ပင် လှည့်မကြည့်ဘဲ ထွက်သွားသူရဲ့ ကျောပြင်ငယ်လေးကိုသာ စိုက်ကြည့်ရင်း ရင်ဘတ်ကြီးဟာ ဆို့်နင့်စွာ အောင့်သက်လာသည်။ ငါတို့ တကယ်ဝေးခဲ့ပြီလား။
"ဒါ ငါ့မင်္ဂလာပွဲနော် မင်းတို့ရဲ့ သနားစရာ ဇာတ်လမ်းလာရိုက်ခိုင်းနေတာ မဟုတ်ဘူး"
နားနားကပ်ပြောလာသည့် ခနဲ့တဲ့တဲ့ စကားသံများကြောင့် လက်တီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လှမ်းကြည့်တော့ ဂရုမစိုက်သည့် အထာနှင့် မျက်နှာပေးအား ရိုက်သတ်ချင်စိတ် တဖွားဖွား။
အညှိုးနှင့် အနိုင်ယူကာ ကျွန်တော့်ဘဝအား အပိုင်သိမ်းသွားသော ထိုသူအား လွန်စွာမှ မုန်းတီးမှုသည် လက်၀ါးကပ်တိုင်မှ ဘုရားသခင်အသိနိုင်ဆုံးပင်။
တရွေ့ရွေ့လိမ့်ဆင်းလားသော ကားနက်လေးပေါ် ငြိမ်သက်စွာ လိုက်ပါခဲ့သည်။ စိတ်အာရုံတို့ကတော့ လေလွင့်သလို။
မြင်နေသော သူမရဲ့ မျက်နှာညိုးညိုး။
ဝေ့ဝဲတက်နေသော မျက်ရည်စတို့နှင့် မျက်ဝန်းလှလှ တစ်စုံ။ ချစ်ရသူရဲ့ မင်္ဂလာပွဲဟာ ယောကျ်ားတစ်ယောက်နှင့် ဟူသော အသိစိတ်ဟာ သူမအား နာကျင်စေမည်လော။
တဖြည်းဖြည်းအတွေးထဲဝင်လာသော ခပ်ညို့ညို့မျက်နှာပေးနှင့် Jeon Jung Kook။ သိပ်မုန်းတာ။ ပြောမပြတတ်လောက်အောင်။
"ဒီနေ့ပွဲက ပျော်ဖို့ကောင်းတယ်နော်"
ရွဲ့ပြုံးတစ်ခုနှင့်အတူ ကျွန်တော့်ကို ကြည့်ရင်း ပြောလာသူ။
"ချစ်သူနှစ်ယောက် ကြေကွဲနေတာကတော့ သိပ်အဆင်မပြေဘူး စိတ်ပျက်ဖို့ကောင်းတယ်"
"Jeon Jung Kook မင်း ဘာသဘောနဲ့ လုပ်တာလဲ"
ခေါင်းတခါခါလုပ်နေပုံကိုက မုန်းစရာ။
ဖြူဖြူစင်စင် ရယ်ပြုံးဖို့ဆိုတာ သူ့အတွက် သိပ်ခက်ခဲနေပုံ။
"စိတ်လျော့စမ်းပါ မင်းနဲ့ငါက အခုဆို လက်ထပ်ပြီးသွားပြီ"
"JinHee နဲ့ ငါ့ အကြောင်းကိုလည်း သိသိရက်နဲ့ မင်းကွာ!!!!"
သက်ပြင်းရှည်တစ်ခုကို မောဟိုက်စွာ ချရင်း ထွက်ပေါ်ခါနီး ဒေါသစိတ်တို့ကို မျိုချလိုက်သည်။
ဒီလိုမှမဟုတ်ရင် သူ့ကို ကျွန်တော် ဘာလုပ်မိမယ်မသိ။
"မင်းကို ယူချင်လွန်းလို့ ယူတယ် ထင်နေလား"
တည်ငြိမ်လွန်းသော သူ့အသံဟာ ဂယောင်ခြောက်ခြား ဖြစ်စေလွန်းသည်။
"ငါသူ့ကို ချစ်လွန်းလို့ JinHee ကို ငါချစ်လို့"
"အေး သိတယ် ဒါပေမယ့် မင်းအတင်းအဓမ္မ လက်ထပ်ယူခဲ့တာ သူမဟုတ်ပဲ ငါလေ"
"ငါချစ်တဲ့သူကို ငါမှ မပိုင်ဆိုင်ရရင် ဘယ်သူ့လက်ထဲမှ အရောက်မခံနိုင်ဘူး Tae Hyung ဒါမို့ ငါ မင်းနဲ့လက်ထပ်ခဲ့တာ"
ကျွန်တော်ခေါင်းကိုသာ တသွင်သွင်ခါနေမိသည်။
တကယ် အရူး။ အတ္တကြီးလွန်းတဲ့ စိတ္တဇကောင်။
"မင်း ရူးနေပြီသိလား အခုလို လုပ်တော့ရော ငါနဲ့JinHee က ပြီးသွားပြီလို့ ထင်နေလား"
"မပြီးသေးတောင် သူမင်းကို ရတော့မှာမှ မဟုတ်တာ ဟက် ဘယ်လောက်ကောင်းလဲ"
စိတ်ရှိလက်ရှိ အော်ဟစ်ပေါက်ကွဲပစ်ချင်သော်လည်း ရင်တွင်းမှာသာ တိတ်ဆိတ်စွာ ပေါက်ကွဲမှု ပြင်းထန်ခဲ့သည်။ ကျွန်တော့်ကို လက်ထပ်ခဲ့သူက အရူးတစ်ယောက်ပဲ။
ခြံဝန်းထဲဝင်လာတော့ အိမ်ကြီးဟာ ဟီးလို့။
ဒါပေါ့ နာမည်ကြီးcompany နှစ်ခုရဲ့ သားနှစ်ယောက်အတွက် ဒီလောက်တော့ ပါးပါးလေးပေါ့။ ကားပေါ်က ဆင်းကာ အိမ်ထဲကို ဦးတည်ဝင်ရောက်ခဲ့သည်။ အိမ်အတွင်းမှာ တိတ်ဆိတ်ခြောက်ကပ်ခြင်းက သုသာန်နဲ့မခြား။
အိမ်အကူတွေ မခေါ်ထားဘူးလား။
"အလုပ်လုပ်မယ့်သူတွေ မနက်ဖြန်ကျ လာလိမ့်မယ်"
ကျွန်တော့်စိတ်ထဲက စကားတွေကို သိနေသလို သူပြောပြီး လှေကားထစ်ပေါ်သို့ တက်သွားသည်။ ထိပ်ဆုံးရောက်တော့ ပြန်လှည့်ကြည့်ပြီ 'လာလေ' တဲ့။
ကျစ်....စိတ်ပျက်စရာ ကောင်းလိုက်တာ။
"တစ်ခန်းထဲ နေရမှာလား"
"မင်းက ဘယ်လို နေချင်လို့လဲ"
ဆက်ပြောချင်စိတ်မရှိတော့တဲ့ စကားတွေကို လတ်စသတ်ပြီး ရေချိုးခန်းထဲသာဝင်ခဲ့သည်။
ရေပန်းကို ဖွင့်ကာ စိတ်ပြေလက်ပျောက် ရေချိုးနေလိုက်သည်။ သို့သော်လည်း သူမကို ကျွန်တော် သိပ်လွမ်းသည်။
အေးစိမ့်နေသော ရေများက အလွမ်းဓာတ်တွေကို ယူမသွားပေမယ့်လို့ လျော့ပါးစေပါသည်။
ရေချိုးပြီးလို့ ထွက်လာတော့ သကောင့်သားက ခုတင်ပေါ်မှာ အေးအေးလူလူ ဖုန်းထိုင်ဆော့နေသေးသည်။ ဂရုမစိုက်ဘဲ သူ့ကို ကျောပေးကာ စိုစိစိဖြစ်နေသော ဆံပင်တို့ကို တဘတ်နှင့် သုတ်နေလိုက်သည်။
ရုတ်တရက်ကြီး နောက်ကျောဘက်မှ လည်ပင်းကို သိုင်းဖက်လာတဲ့ လက်တွေကြောင့် တုန်ခနဲ။ လှည့်ကြည့်လိုက်တော့ Jeon Jung Kook။
"ဘာလုပ်တာလဲ ဖယ်!!!"
"ဖက်ချင်လွန်းလို့ထင်နေလား Kim Tae Hyung"
ပြောပြီးပြီးချင်း ကျွန်တော့်ကို ခုတင်ပေါ် ဆွဲလှဲလိုက်တာကြောင့် ကျောပြင်က အောင့်ခနဲ။
ကျွန်တော့်ကိုယ်ပေါ် အုပ်မိုးလာသော သူ့ကို မကျေနပ်စွာ စူးစိုက်ကြည့်လိုက်သေးသည်။
တဖြည်းဖြည်းငုံ့ဆင်းလာသော သူ့မျက်နှာ။
"Jung...Kook..မလုပ်...နဲ့"
လည်တိုင်ထက်မှာ လွှားခနဲ လွှားခနဲ နေရာယူသော သူ့နှုတ်ခမ်းသားများဟာ အေးစက်စက်။ အထိမခံနို်င်သော လည်ပင်းသားများကို မထိတထိ ထိုးစွနေသည်က ခံစားရခက်လွန်းသည်။
တချက်တချက်စုပ်ယူလိုက်သောအခါ နေမသိထိုင်မသာဖြစ်ကာ ပါးစပ်မှ ညည်းညူသံများအား လက်ဖြင့်ပိတ်ကာ တားဆီးမိသည်။ သိပ်မုန်းရသော ထိုယောကျ်ားသားရှေ့မှာ သာယာမှုကို မပြဝံ့ပါ။
ဖွေးနုသော လည်တိုင်တစ်လျှောက်မှာ နီစွေးသော အမှတ်အသားတချို့ စွဲမှတ်စွာ ကျန်ရှိခဲ့သည်။
"ဟက်....သာယာမနေနဲ့ အနည်းဆုံးသော JinHee မြင်ရင် မင်းနဲ့ငါနဲ့က.... တော်ပါပြီ အဝတ်တွေဝတ်လိုက်အုံး"
ကျေနပ်စွာ အပြုံးကြီးကို ချိတ်ဆွဲထားသော ထိုလူ့မျက်နှာအား ပိတ်ထိုးပစ်ချင်သည်။
အခန်းတံခါးပိတ်ကာ သူထွက်သွားတော့မှ လူသေကောင်တစ်ယောက်လို ငြိမ်သက်နေရာမှ သတိဝင်လာခဲ့သည်။
ဘေးနားမှ စားပွဲပေါ်ရှိ ပန်းအိုးအား နံရံဆီသို့ ပစ်ပေါက်လိုက်သည်။ ဒေါသတွေကို တစ်နေရာမှာ သွန်ချလိုက်မှ ကျွန်တော်နေနိုင်တော့မည်။
ဟင့်အင်း.....မုန်းတယ် သေလောက်အောင်ကို မုနး်တယ်။ ထိုစိတ္တဇကောင်အား အရေနွှာကာ သတ်ပစ်ချင်မိသော်လည်း ကျရှုံးသူမှာ ကျွန်တော်ဆိုတာ အက်ကြောင်းထပ်ခဲ့သည်မို့ ပိုပြီး နာကျည်းမုန်းတီးရသည်။
သူ့ခန္ဓာနှင့်ထိတွေ့ရသော ကျွန်တော့်ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရွံရှာမိသည်။
Jeon Jung Kook...ထိုအမည်နာမဟာ ဘဝတစ်ခုကို မီးမြိုက်ပြာချလောက်သည်အထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု ထင်မှတ်မထားသော ကို်ယ့်ကိုယ်ကို်ယ်သာ အပြစ်တင်မိသည်။
ရန်သူ.....ဟုတ်တယ် သူက ကျွန်တော့်ရဲ့ ရန်သူ။
___________________________TBC
Love You All❤❤❤❤❤
*Nun