Zawgyi
Holding Hate Loving Him ep 6
📃📃📃 ကိုကိုေရ...ကိုကို႔စာေမးပြဲႀကီးနီးလာၿပီ
မွတ္လား...အားလံုးအဆင္ေျပရဲ႕လား
ဒီတစ္ခါေက်ာင္းပိတ္ရင္ေတာ့ ညီညီ လာဖို႔ေဖေဖ့ကို
ပူဆာထားတယ္...📃📃📃
ဖိုးသား က ရတု ေပါင္ေပၚတြင္ထိုင္ကာ ရတု ရင္ဘတ္ကို မွီၿပီး ရဲခန္႔စာကိုတစ္လံုးခ်င္းဖတ္ေနေလသည္။
'ကိုႀကီး....'
'အင္း.....'
'ကိုႀကီးရဲခန္႔က ဘယ္ေတာ့လာမွာလဲဟင္....'
'ေက်ာင္းပိတ္ရင္ လာမယ္လို႔ေရးထားတယ္ေလ...'
'အရင္တစ္ခါကလဲ အဲ့လိုေျပာတာပဲ...လာလည္းမလာဘူး....'
'လာမွာပါ...မလာဘူးဆိုလဲ...လာလို႔မရလို႔ျဖစ္မွာ...ဘာလဲ...ဖိုးသား က ကိုကိုရဲခန္႔ကိုေတြ႔ခ်င္လို႔လား....'
'ဟုတ္....'
'ကိုႀကီးလဲေတြ႔ခ်င္တယ္....'
'ရတု.....'
ေနာက္ေက်ာမွ ရမာန္႔ ေခၚသံကို ရတု ၾကားေသာ္လည္း လွည့္မၾကည့္ ဖိုးသား လက္ထဲမွစာကိုျပန္ေခါက္သိမ္းလိုက္ၿပီး ေ႐ွ႕႐ွိစာၾကည့္စားပြဲတြင္ ပြေနသည္မ်ားကိုျပန္စီေနသည္။ ထို႔ေနာက္ စာလုပ္ၿပီးသားျဖစ္ေသာ္လည္း ရမာန္ ေရာက္လာေသာေၾကာင့္ ထပ္လုပ္ရန္ျပင္သည္။ေရးစရာအိမ္စာမ်ားလည္းမ႐ွိေတာ့ေသာေၾကာင့္ ဇီဝေဗဒ ႐ုပ္ပံုမ်ားကိုသာျပန္ဆြဲေလ့က်င့္ေနလိုက္သည္။
ရမာန္ ကအိမ္ေပၚတက္လာကာ ရတု ေဘးတြင္ထိုင္လိုက္သည္ ရမာန္႔ လက္ထဲတြင္ပါလာေသာ
အထုပ္မ်ားကို ရတု မ်က္လံုးေထာင့္မွမၾကည့္ပဲျမင္ေနရသည္။
'ရမာန္ပါလား.....ရတု ဆီလာတာလား....'
'ဟုတ္ကဲ့.....ဒါနဲ႔....ဒါအန္တီ့အတြက္....'
'အိုကြယ္....အားနာစရာ....'
'ရတယ္....ဟိုဘက္လမ္းမွာ ပိုးထည္ဆိုင္အသစ္ဖြင့္တာေတြ႔လို႔...ဒီအတုိင္းၾကည့္ရင္း အန္တီ့ အတြက္သတိရလို႔....ဒါနဲ႔...ကြၽန္ေတာ္ ရတု ကိုစာလုပ္ဖို႔
အိမ္ေခၚသြားမယ္ေနာ္.....'
'ေျသာ္....ေအး...ေအး...ေကာင္းတာေပါ့...သူငယ္ခ်င္း ေတြစာအတူတူလုပ္ေတာ့ ေကာင္းတာေပါ့'
ရမာန္ ကြၽန္ေတာ့္အားေခၚထုတ္ရန္ ဘာေပးေပးမျငင္းတတ္ေသာ ကြၽန္ေတာ့္အေဒၚလိုလူမ်ိဳးကို ေငြျဖင့္လဲေသာထိုပစၥည္းမ်ားျဖင့္မၾကာခဏ ဖားတက္သည္။
'ကဲကဲ....အန္တီလဲေစ်းသြားလိုက္ဦးမယ္...'
~
'ရတု....အိမ္သြားရေအာင္...'
'ငါ့ဘာသာဒီမွာလုပ္ေနတာ....မလိုက္ဘူး....'
'စိတ္ေကာက္ေနတုန္းပဲလား....'
'ဘာကို ေကာက္ရမွာလဲ....'
စိတ္မေကာက္ဘူး ရမာန္ ငါမင္းရဲ႕
တဇြတ္ထိုးလုပ္ရပ္ေတြကိုေၾကာက္တာ
ငါဘာျဖစ္သြားမလဲ ဘယ္လိုခံစားသြားရမလဲဆိုတာ
တစ္စက္ကေလးမွမေတြးပဲ မင္းလုပ္ခ်င္ရာလုပ္
ေနတာေတြကို ဆက္ၿပီးခံေနရမွာေၾကာက္တာ
ငါမင္းနဲ႔အတူ ႐ွိေနခ်င္တဲ့အခ်ိန္မွာပဲ
မင္းနဲ႔အတူမေနခ်င္ဘူး
ငါထပ္ၿပီးခံစားရမွာ သိပ္ေၾကာက္လို႔ပါ
'ဒါဆိုလိုက္ခဲ့ေလ....'
ရတု ရမာန္႔ စကားကိုခြန္းတုန္ ့မျပန္ေတာ့ပဲ
ပံုကိုဆက္ဆြဲေနသည္
ရမာန္ ကေတာ့ ေျခေထာက္ဆင္းကာထိုင္၍
လက္ႏွစ္ဖက္ကိုအေနာက္ပစ္ၿပီးၾကမ္းျပင္ကိုေထာက္ထားကာ လွ်ာဖ်ားကိုပါးအတြင္းသားသို႔ထိုးကာ
ေဆာ့ကစားေနရင္း ရတု ရင္ခြင္ထဲမွဖိုးသားကိုၾကည့္ေနသည္။
'ေဟ့ေကာင္ေလး....'
'ဗ်ာ....'
'ေရာ့....မုန္႔သြားဝယ္စား....'
ရမာန္ ေပးေသာပိုက္ဆံကိုမယူေသးပဲ
ဖိုးသားက ရတု ကိုေမာ့ၾကည့္သည္
'မုန္႔စားခ်ိန္မွ မဟုတ္တာ...ကိုႀကီးေနာက္မွဝယ္ေကြၽးမယ္ေနာ္....'
လိမၼာလွေသာဖိုးသားက ေခါင္းတဆတ္ဆတ္ၿငိမ့္သည္
ရမာန္ က လွ်ာကိုသပ္လိုက္ၿပီး အထိုင္ျပင္ကာ
ဖိုးသား မ်က္ႏွာကိုျမင္ရေလာက္သည္အထိ အနားသို႔ကပ္လိုက္သည္။
'ဖိုးသား.....လမ္းထိပ္ကအ႐ုပ္ဆိုင္မွာ ကားအသစ္ေတြငါေတြ႔ခဲ့တယ္....ဆိုင္ကယ္ေတြေရာပဲ....'
ဖိုးသားမ်က္လံုးမ်ားအေရာင္ေတာက္သြားသည္။
မ်က္ႏွာေလးလည္းဝင္းလ်က္ သြားေလးမ်ားေပၚေအာင္ျပံဳးလိုက္သည္။
'တစ္ကယ္....'
'တစ္ကယ္ေပါ့...ေရာ့....မကုန္ခင္သြားဝယ္ထား...'
ဒီတစ္ခါေတာ့ ဖိုးသား မျငင္းေတာ့ပဲ ရမာန္႔ လက္ထဲမွပိုက္ဆံကိုယူလိုက္သည္။
'ကိုႀကီး....'
'သြားသြား...ကားေတြေသခ်ာေ႐ွာင္သြားေနာ္....'
'ဟုတ္.....'
ေျပးဆင္းသြားေသာဖိုးသားကိုၾကည့္ေနရင္းမွ
ေက်နပ္သြားသလို႐ွိေသာ ရမာန္႔ မ်က္ႏွာပို၍
အေရာင္တက္လာသည္။
ထို႔ေနာက္ ကိုယ္ကိုလွည့္ကာထံုးစံအတိုင္း ရတု ေပါင္ေပၚသို႔လဲွအိပ္လိုက္သည္။
ထို႔ေနာက္ ရတု ကိုေမာ့ၾကည့္ေနရင္း တည္ေနေသာ
ရတု ႏႈတ္ခမ္း တို႔ကိုကိုင္ကာ ျပံဳးေစေအာင္ လက္ျဖင့္
ျပဳ ျပင္လိုက္သည္။
'ျပံဳးစမ္းပါ....မင္းကလဲ.....႐ုပ္ႀကီးတည္ေနတာ ဆိုးလိုက္တာ....'
ရတု ေျဖးညင္းစြာပင္ ရမာန္႔ လက္မ်ားကိုျပန္ဖယ္ခ်လိုက္သည္။
'ေနမယ္ဆိုလဲ ၿငိမ္ၿငိမ္ေန....မေႏွာက္ယွက္နဲ႔...'
မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ျဖင့္ ရမာန္
ရတု ကို ၾကည့္ေနသည္ကို ရတု မၾကည့္ပဲျမင္ေနရေသးသည္။
ထို႔ေနာက္ ရမာန္ ရတု ေပါင္ေပၚတြင္အၿငိမ္မေန လႈပ္ရြေနရင္းႏွင့္ ရတု အက်ီ ၤကိုလွည့္နမ္းလိုက္သည္မွာ
ရတု ရင္ဘတ္ ႏွင့္မထိရံုတမယ္ျဖစ္သည္။
'အက်ီ ၤကေမႊးေနတာပဲ....ဘယ္ဆပ္ျပာနဲ႔ေလွ်ာတာလဲ....'
'ေရကန္ေဘးမွာေထာင္ထားတယ္...ၿပီးရင္ၾကည့္လိုက္'
အေျဖေသခ်ာမေပးေသာ ရတု စကားေၾကာင့္
ရမာန္ ရတု ေမးေစ့ကိုလက္သီး ျဖင့္ မနာေအာင္
အသာထိရံုေလးထိုးလိုက္သည္။
ထို႔ေနာက္ ေမးေစ့ကိုကိုင္ကာ ဆြဲခါလိုက္ေသးသည္။
ရမာန္...မင္းရမာန္
ငါ့ကိုအဆိပ္ခပ္တာလဲမင္းပဲ
ေျဖေဆးေကြၽးတာလဲမင္းပဲ
အခ်ိဳနဲ႔ ခ်စ္မိေအာင္လုပ္လိုက္
အခါးနဲ႔ျပန္သတ္လိုက္နဲ႔ ဘယ္အခ်ိန္ထိဒီလိုလုပ္ေနဦးမွာလဲ
ရင္ခုန္ေအာင္လုပ္တဲ့မင္းကပဲ
ရင္နာရေအာင္အျမဲလုပ္တယ္
ဆြဲတင္လိုက္ ႐ိုက္ခ်လိုက္လုပ္တာလဲ
အႀကိမ္ေပါင္းမနည္းဘူး
ငါကေရာ အ႐ူးလို ဘယ္အခ်ိန္ထိ မင္းကို
ခ်စ္ေနရဦးမွာလဲ
မင္းကေရာ မသိသလိုနဲ႔ငါ့ကို ဘယ္အခ်ိန္ထိ
ႏွိပ္စက္ေနဦးမွာလဲ
မင္းမသိေအာင္ မ်က္ရည္ေတြနဲ႔အျပံဳးေတြ ကိုေပြ႔ပိုက္
ထားရတာဟာ အပင္ပန္းဆံုးအလုပ္ပဲ
မင္းကိုခ်စ္ရတာ ဘာလို႔ဒီေလာက္ေတာင္
ခက္ခဲရတာလဲ
ခဏအၾကာတြင္ ရမာန္ အိပ္ေပ်ာ္သြားသည္။
အခ်ိန္ ႏွင့္ ေနရာ မေရြးပဲအိပ္တတ္သည္မွာ ရမာန္႔
အက်င့္ ။
ဒီအခ်ိန္တြင္ေတာ့
ကြၽန္ေတာ့္ မ်က္လံုးမ်ားစာရြက္ေပၚတြင္မ႐ွိေတာ့ ။
ကြၽန္ေတာ့္ လက္မ်ားလည္းခဲတံကိုမကိုင္ထားေတာ့။
ရမာန္႔ မ်က္ႏွာကိုကိုင္ကာ
ရမာန္႔ ဆံပင္မ်ားကိုသာအသာသပ္ရင္း
ရင္ခုန္သံကိုထိန္း အသက္ကိုျဖည္းညင္းစြာ႐ႈ၍
ရမာန္႔ကိုမ်က္ေတာင္မခတ္တမ္း ၾကည့္ေနမိသည္။
တစ္ခါတစ္ေလ ၾကင္နာမႈ တစ္ခါတစ္ေလ ေအးစက္မႈ
ျဖင့္ၾကည့္တတ္ေသာ ရမာန္႔ မ်က္လံုးမ်ား
တစ္ခါတစ္ေလ စိတ္လိုလက္ရ ျပံဳးတတ္သလို
တစ္ခါတစ္ေလ ခနဲ႔ၿပီးျပံဳးတတ္ေသာ ရမာန္႔
ႏႈတ္ခမ္းမ်ား ကြၽန္ေတာ္ အစဥ္အၿမဲ ေငးၾကည့္ေနရေသာ ဤႏႈတ္ခမ္းတစ္စံုမွာ ကြၽန္ေတာ့္ကို
အားေပးစကားေျပာတတ္သလို
အေသသတ္သလိုစကားမ်ားလည္းထြက္လာတတ္သည္။
ေပ်ာ္ရႊင္မႈေတြဖန္တီးတတ္သလို
ရင္ႏွင့္မဆံ့ေအာင္ခံစားရေသာေၾကကြဲမႈမ်ားကိုလည္း
ဖန္တီးတတ္သည္။
ငါမင္းကို ဘယ္တုန္းကမွ နားမလည္ခဲ့ဘူး ရမာန္
မင္းလဲ ငါ့ကို ဘယ္ေတာ့မွ နားလည္မွာမဟုတ္ဘူး။
ငါတုိ႔ႏွစ္ေယာက္ဟာ အနီးဆံုးမွာ႐ွိေနတဲ့
တၿပိဳင္နက္တည္းမွာပဲ အေဝးဆံုးမွာ႐ွိေနၾကတယ္။
ထို႔ေနာက္ ကြၽန္ေတာ္ ရမာန္႔ နဖူးျပင္ကို ေမႊးညင္းေလးမ်ားထိရံုေလာက္သာ အႏူးည႔ံအညင္သာဆံုး
ငံု႔နမ္းလိုက္မိသည္။
ကြၽန္ေတာ္ပိုင္ဆိုင္သမွ် ေရာ ပိုင္ဆိုင္ခ်င္သမွ်မွာ
ဒီေလာက္သာမွ်ပင္ျဖစ္သည္။
~~~
Unicode
Holding Hate Loving Him ep 6
📃📃📃 ကိုကိုရေ...ကိုကို့စာမေးပွဲကြီးနီးလာပြီ
မှတ်လား...အားလုံးအဆင်ပြေရဲ့လား
ဒီတစ်ခါကျောင်းပိတ်ရင်တော့ ညီညီ လာဖို့ဖေဖေ့ကို
ပူဆာထားတယ်...📃📃📃
ဖိုးသား က ရတု ပေါင်ပေါ်တွင်ထိုင်ကာ ရတု ရင်ဘတ်ကို မှီပြီး ရဲခန့်စာကိုတစ်လုံးချင်းဖတ်နေလေသည်။
'ကိုကြီး....'
'အင်း.....'
'ကိုကြီးရဲခန့်က ဘယ်တော့လာမှာလဲဟင်....'
'ကျောင်းပိတ်ရင် လာမယ်လို့ရေးထားတယ်လေ...'
'အရင်တစ်ခါကလဲ အဲ့လိုပြောတာပဲ...လာလည်းမလာဘူး....'
'လာမှာပါ...မလာဘူးဆိုလဲ...လာလို့မရလို့ဖြစ်မှာ...ဘာလဲ...ဖိုးသား က ကိုကိုရဲခန့်ကိုတွေ့ချင်လို့လား....'
'ဟုတ်....'
'ကိုကြီးလဲတွေ့ချင်တယ်....'
'ရတု.....'
နောက်ကျောမှ ရမာန့် ခေါ်သံကို ရတု ကြားသော်လည်း လှည့်မကြည့် ဖိုးသား လက်ထဲမှစာကိုပြန်ခေါက်သိမ်းလိုက်ပြီး ရှေ့ရှိစာကြည့်စားပွဲတွင် ပွနေသည်များကိုပြန်စီနေသည်။ ထို့နောက် စာလုပ်ပြီးသားဖြစ်သော်လည်း ရမာန် ရောက်လာသောကြောင့် ထပ်လုပ်ရန်ပြင်သည်။ရေးစရာအိမ်စာများလည်းမရှိတော့သောကြောင့် ဇီဝဗေဒ ရုပ်ပုံများကိုသာပြန်ဆွဲလေ့ကျင့်နေလိုက်သည်။
ရမာန် ကအိမ်ပေါ်တက်လာကာ ရတု ဘေးတွင်ထိုင်လိုက်သည် ရမာန့် လက်ထဲတွင်ပါလာသော
အထုပ်များကို ရတု မျက်လုံးထောင့်မှမကြည့်ပဲမြင်နေရသည်။
'ရမာန်ပါလား.....ရတု ဆီလာတာလား....'
'ဟုတ်ကဲ့.....ဒါနဲ့....ဒါအန်တီ့အတွက်....'
'အိုကွယ်....အားနာစရာ....'
'ရတယ်....ဟိုဘက်လမ်းမှာ ပိုးထည်ဆိုင်အသစ်ဖွင့်တာတွေ့လို့...ဒီအတိုင်းကြည့်ရင်း အန်တီ့ အတွက်သတိရလို့....ဒါနဲ့...ကျွန်တော် ရတု ကိုစာလုပ်ဖို့
အိမ်ခေါ်သွားမယ်နော်.....'
'သြော်....အေး...အေး...ကောင်းတာပေါ့...သူငယ်ချင်း တွေစာအတူတူလုပ်တော့ ကောင်းတာပေါ့'
ရမာန် ကျွန်တော့်အားခေါ်ထုတ်ရန် ဘာပေးပေးမငြင်းတတ်သော ကျွန်တော့်အဒေါ်လိုလူမျိုးကို ငွေဖြင့်လဲသောထိုပစ္စည်းများဖြင့်မကြာခဏ ဖားတက်သည်။
'ကဲကဲ....အန်တီလဲစျေးသွားလိုက်ဦးမယ်...'
~
'ရတု....အိမ်သွားရအောင်...'
'ငါ့ဘာသာဒီမှာလုပ်နေတာ....မလိုက်ဘူး....'
'စိတ်ကောက်နေတုန်းပဲလား....'
'ဘာကို ကောက်ရမှာလဲ....'
စိတ်မကောက်ဘူး ရမာန် ငါမင်းရဲ့
တဇွတ်ထိုးလုပ်ရပ်တွေကိုကြောက်တာ
ငါဘာဖြစ်သွားမလဲ ဘယ်လိုခံစားသွားရမလဲဆိုတာ
တစ်စက်ကလေးမှမတွေးပဲ မင်းလုပ်ချင်ရာလုပ်
နေတာတွေကို ဆက်ပြီးခံနေရမှာကြောက်တာ
ငါမင်းနဲ့အတူ ရှိနေချင်တဲ့အချိန်မှာပဲ
မင်းနဲ့အတူမနေချင်ဘူး
ငါထပ်ပြီးခံစားရမှာ သိပ်ကြောက်လို့ပါ
'ဒါဆိုလိုက်ခဲ့လေ....'
ရတု ရမာန့် စကားကိုခွန်းတုန် ့မပြန်တော့ပဲ
ပုံကိုဆက်ဆွဲနေသည်
ရမာန် ကတော့ ခြေထောက်ဆင်းကာထိုင်၍
လက်နှစ်ဖက်ကိုအနောက်ပစ်ပြီးကြမ်းပြင်ကိုထောက်ထားကာ လျှာဖျားကိုပါးအတွင်းသားသို့ထိုးကာ
ဆော့ကစားနေရင်း ရတု ရင်ခွင်ထဲမှဖိုးသားကိုကြည့်နေသည်။
'ဟေ့ကောင်လေး....'
'ဗျာ....'
'ရော့....မုန့်သွားဝယ်စား....'
ရမာန် ပေးသောပိုက်ဆံကိုမယူသေးပဲ
ဖိုးသားက ရတု ကိုမော့ကြည့်သည်
'မုန့်စားချိန်မှ မဟုတ်တာ...ကိုကြီးနောက်မှဝယ်ကျွေးမယ်နော်....'
လိမ္မာလှသောဖိုးသားက ခေါင်းတဆတ်ဆတ်ငြိမ့်သည်
ရမာန် က လျှာကိုသပ်လိုက်ပြီး အထိုင်ပြင်ကာ
ဖိုးသား မျက်နှာကိုမြင်ရလောက်သည်အထိ အနားသို့ကပ်လိုက်သည်။
'ဖိုးသား.....လမ်းထိပ်ကအရုပ်ဆိုင်မှာ ကားအသစ်တွေငါတွေ့ခဲ့တယ်....ဆိုင်ကယ်တွေရောပဲ....'
ဖိုးသားမျက်လုံးများအရောင်တောက်သွားသည်။
မျက်နှာလေးလည်းဝင်းလျက် သွားလေးများပေါ်အောင်ပြုံးလိုက်သည်။
'တစ်ကယ်....'
'တစ်ကယ်ပေါ့...ရော့....မကုန်ခင်သွားဝယ်ထား...'
ဒီတစ်ခါတော့ ဖိုးသား မငြင်းတော့ပဲ ရမာန့် လက်ထဲမှပိုက်ဆံကိုယူလိုက်သည်။
'ကိုကြီး....'
'သွားသွား...ကားတွေသေချာရှောင်သွားနော်....'
'ဟုတ်.....'
ပြေးဆင်းသွားသောဖိုးသားကိုကြည့်နေရင်းမှ
ကျေနပ်သွားသလိုရှိသော ရမာန့် မျက်နှာပို၍
အရောင်တက်လာသည်။
ထို့နောက် ကိုယ်ကိုလှည့်ကာထုံးစံအတိုင်း ရတု ပေါင်ပေါ်သို့လှဲအိပ်လိုက်သည်။
ထို့နောက် ရတု ကိုမော့ကြည့်နေရင်း တည်နေသော
ရတု နှုတ်ခမ်း တို့ကိုကိုင်ကာ ပြုံးစေအောင် လက်ဖြင့်
ပြု ပြင်လိုက်သည်။
'ပြုံးစမ်းပါ....မင်းကလဲ.....ရုပ်ကြီးတည်နေတာ ဆိုးလိုက်တာ....'
ရတု ဖြေးညင်းစွာပင် ရမာန့် လက်များကိုပြန်ဖယ်ချလိုက်သည်။
'နေမယ်ဆိုလဲ ငြိမ်ငြိမ်နေ....မနှောက်ယှက်နဲ့...'
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ရမာန်
ရတု ကို ကြည့်နေသည်ကို ရတု မကြည့်ပဲမြင်နေရသေးသည်။
ထို့နောက် ရမာန် ရတု ပေါင်ပေါ်တွင်အငြိမ်မနေ လှုပ်ရွနေရင်းနှင့် ရတု အကျီ င်္ကိုလှည့်နမ်းလိုက်သည်မှာ
ရတု ရင်ဘတ် နှင့်မထိရုံတမယ်ဖြစ်သည်။
'အကျီ င်္ကမွှေးနေတာပဲ....ဘယ်ဆပ်ပြာနဲ့လျှောတာလဲ....'
'ရေကန်ဘေးမှာထောင်ထားတယ်...ပြီးရင်ကြည့်လိုက်'
အဖြေသေချာမပေးသော ရတု စကားကြောင့်
ရမာန် ရတု မေးစေ့ကိုလက်သီး ဖြင့် မနာအောင်
အသာထိရုံလေးထိုးလိုက်သည်။
ထို့နောက် မေးစေ့ကိုကိုင်ကာ ဆွဲခါလိုက်သေးသည်။
ရမာန်...မင်းရမာန်
ငါ့ကိုအဆိပ်ခပ်တာလဲမင်းပဲ
ဖြေဆေးကျွေးတာလဲမင်းပဲ
အချိုနဲ့ ချစ်မိအောင်လုပ်လိုက်
အခါးနဲ့ပြန်သတ်လိုက်နဲ့ ဘယ်အချိန်ထိဒီလိုလုပ်နေဦးမှာလဲ
ရင်ခုန်အောင်လုပ်တဲ့မင်းကပဲ
ရင်နာရအောင်အမြဲလုပ်တယ်
ဆွဲတင်လိုက် ရိုက်ချလိုက်လုပ်တာလဲ
အကြိမ်ပေါင်းမနည်းဘူး
ငါကရော အရူးလို ဘယ်အချိန်ထိ မင်းကို
ချစ်နေရဦးမှာလဲ
မင်းကရော မသိသလိုနဲ့ငါ့ကို ဘယ်အချိန်ထိ
နှိပ်စက်နေဦးမှာလဲ
မင်းမသိအောင် မျက်ရည်တွေနဲ့အပြုံးတွေ ကိုပွေ့ပိုက်
ထားရတာဟာ အပင်ပန်းဆုံးအလုပ်ပဲ
မင်းကိုချစ်ရတာ ဘာလို့ဒီလောက်တောင်
ခက်ခဲရတာလဲ
ခဏအကြာတွင် ရမာန် အိပ်ပျော်သွားသည်။
အချိန် နှင့် နေရာ မရွေးပဲအိပ်တတ်သည်မှာ ရမာန့်
အကျင့် ။
ဒီအချိန်တွင်တော့
ကျွန်တော့် မျက်လုံးများစာရွက်ပေါ်တွင်မရှိတော့ ။
ကျွန်တော့် လက်များလည်းခဲတံကိုမကိုင်ထားတော့။
ရမာန့် မျက်နှာကိုကိုင်ကာ
ရမာန့် ဆံပင်များကိုသာအသာသပ်ရင်း
ရင်ခုန်သံကိုထိန်း အသက်ကိုဖြည်းညင်းစွာရှု၍
ရမာန့်ကိုမျက်တောင်မခတ်တမ်း ကြည့်နေမိသည်။
တစ်ခါတစ်လေ ကြင်နာမှု တစ်ခါတစ်လေ အေးစက်မှု
ဖြင့်ကြည့်တတ်သော ရမာန့် မျက်လုံးများ
တစ်ခါတစ်လေ စိတ်လိုလက်ရ ပြုံးတတ်သလို
တစ်ခါတစ်လေ ခနဲ့ပြီးပြုံးတတ်သော ရမာန့်
နှုတ်ခမ်းများ ကျွန်တော် အစဉ်အမြဲ ငေးကြည့်နေရသော ဤနှုတ်ခမ်းတစ်စုံမှာ ကျွန်တော့်ကို
အားပေးစကားပြောတတ်သလို
အသေသတ်သလိုစကားများလည်းထွက်လာတတ်သည်။
ပျော်ရွှင်မှုတွေဖန်တီးတတ်သလို
ရင်နှင့်မဆံ့အောင်ခံစားရသောကြေကွဲမှုများကိုလည်း
ဖန်တီးတတ်သည်။
ငါမင်းကို ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး ရမာန်
မင်းလဲ ငါ့ကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
ငါတို့နှစ်ယောက်ဟာ အနီးဆုံးမှာရှိနေတဲ့
တပြိုင်နက်တည်းမှာပဲ အဝေးဆုံးမှာရှိနေကြတယ်။
ထို့နောက် ကျွန်တော် ရမာန့် နဖူးပြင်ကို မွှေးညင်းလေးများထိရုံလောက်သာ အနူးည့ံအညင်သာဆုံး
ငုံ့နမ်းလိုက်မိသည်။
ကျွန်တော်ပိုင်ဆိုင်သမျှ ရော ပိုင်ဆိုင်ချင်သမျှမှာ
ဒီလောက်သာမျှပင်ဖြစ်သည်။
~~~