Zawgyi
Holding Hate Loving Him ep 5
စက္ဘီးစီးရင္း အနည္းငယ္ေရာင္သြားေသာပါးကို
ျပန္စမ္းေနမိသည္၊
ကြၽန္ေတာ့္ကိုတစ္ေယာက္တည္း
ထားခဲ့သည့္ အေမ ကိုေရာ အေဖ့ ကိုပါ လြမ္း၍
ငိုမိသည္။ ကံေကာင္း၍ ရမာန္ ဒီေန႔ ကြၽန္ေတာ္ႏွင့္မလိုက္ သူ႔ဘာသာသြားသည္။
ႏို႔မို႔ဆို ကြၽန္ေတာ္မ်က္ႏွာမွဒဏ္ရာကိုျမင္ေနရဦးမည္။
အခုေတာ့ေက်ာင္းေရာက္လွ်င္ အေရာင္က်သြားေလာက္သည္ အိမ္တြင္မခံႏုိင္၍ျပန္ေျပာမိလွ်င္ မွန္သည္ျဖစ္ေစ မွားသည္ျဖစ္ေစ အားလံုး
ကြၽန္ေတာ့္အမွားသာ။ အခုလည္း ဦးေလးျဖစ္သူ၏
လက္သီးတစ္ခ်က္မွာမ်က္ႏွာေပၚသို႔ မဖိတ္ေခၚပဲ
ေရာက္လာခဲ့သည္။
ထူးထူးဆန္းဆန္း ဒီမနက္မွေအးစိမ့္ေနသည္။
ရမာန္႔ ကိုယ္ေငြ႔ေႏြးေႏြးကိုေတာ့လြမ္းမိသည္။
သို႔ေသာ္ ကြၽန္ေတာ့္ မွာလြမ္းခြင့္႐ွိရဲ႕လား။
ဒီလိုပံုမွန္မဟုတ္တဲ့အခ်စ္မ်ိဳးကို ဆက္ၿပီးပ်ိဳးေထာင္ထားသင့္ရဲ႕လား။
ရမာန္ သိသြားခဲ့ရင္ေရာ ကြၽန္ေတာ့္ကိုဘယ္လိုျမင္မလဲ မုန္းသြားမလား။ရြံ႔သြားမလား။ ထိုအရာမ်ားကို
မေတြးခ်င္ ကြၽန္ေတာ္အရမ္းေၾကာက္မိသည္မွာ
အမွန္ပင္ျဖစ္သည္။
ငါဘာေတြခံစားေနရတယ္ဆိုတာ
မင္းမသိႏိုင္ဘူး ရမာန္
မင္းဘယ္ေတာ့မွသိႏိုင္မွာမဟုတ္ဘူး
ငါ့အေတြးေတြထဲမွာသာ မင္းကေနရာအျပည့္ယူထားတာ မင္းရင္ထဲမွာ ငါကျမဴ မႈန္ေလာက္ေတာင္မွ႐ွိရဲ႕လား
~~~
ေက်ာင္းခန္းထဲတြင္ရမာန္မ႐ွိ လြယ္အိတ္ သာေတြ႔ရသည္။ ေနာက္ငါးမိနစ္ ဆယ္မိနစ္ ရမာန္ ေရာက္မလာေသး၍ကြၽန္ေတာ္မေနႏိုင္ေတာ့။
ေတြ႔ခ်င္သည္ကတစ္ေၾကာင္း ေက်ာင္းေခါင္းေလာင္း
ထိုးခါနီးျဖစ္သည္ကတစ္ေၾကာင္းမို႔အိမ္သာဖက္ထြက္လာခဲ့သည္။ လမ္းတစ္ေလ်ာက္လံုးဟိုဒီၾကည့္ခဲ့
ေသာ္လည္းရမာန္ မ႐ွိ။
အိမ္သာအဝေရာက္သည္ႏွင့္ရလိုက္ေသာေဆးလိပ္
အနံကို ကြၽန္ေတာ္ခပ္ျပင္းျပင္းပင္႐ႈထုတ္လိုက္သည္။
အမွတ္မ႐ွိေသာဤလူဆိုးေက်ာင္းသားမ်ားထဲတြင္
ရမာန္ မပါပါေစႏွင့္။
သို႔ေသာ္ ကြၽန္ေတာ့္ ဆုေတာင္းမျပည့္။
'ရမာန္.......'
ရတု လွ်င္ျမန္စြာပင္ဝင္သြားၿပီး ရမာန္ ့ပါးစပ္တြင္ခဲထားေသာေဆးလိပ္ကိုယူကာ ေဘးသို႔လႊင့္ပစ္လိုက္သည္။
'ရတု မင္းဘာလုပ္တာလဲ.....'
'မေန႔ကတင္ ျပသနာတက္တယ္ မင္းေသာက္ျပန္ၿပီလား.....'
ရမာန္ ကေနာက္တစ္လိပ္ထုတ္ကာမီးညႇိရင္းေျပာသည္။
'ဟုတ္တယ္...ဘာျဖစ္လဲ...'
'ရမာန္.....လာပါကြာ....မေသာက္နဲ႔...အတန္းထဲသြားရေအာင္......'
ရတု က ရမာန္႔ လက္ကိုဆြဲေခၚေသာ္လည္း မရ။
ရမာန္ ကနံရံကိုမွီကာရပ္ေနသည္မို႔
အားေကာင္းေသာရမာန္႔ကိုအပါဆြဲမေခၚႏိုင္။
'ဘာျဖစ္ေနတာလဲ...မင္းသြားႏွင့္...ငါဒီတစ္လိပ္ကုန္ရင္လာခဲ့မယ္...'
ရတု က ရမာန္ ႏွင့္က်န္သံုးေလးေယာက္ကိုၾကည့္ၿပီးေျပာလိုက္သည္။
'မင္းတို႔အခုမေတာ္ေသးရင္ ငါဆရာမနဲ႔ သြားတိုင္မယ္......'
ဒီတစ္ခါေတာ့ လွည့္ထြက္မည့္ ရတု လက္ကို ရမာန္
ေဆာင့္ဆြဲလိုက္သည္။
'ရတု...မင္းဘာျဖစ္ေနတာလဲ ဟမ္.....'
ရမာန္႔ ေလသံမွာ မာတင္းလ်က္ အခန္းတြင္း၌ဟိန္းေနသည္ မ်က္လံုးထဲတြင္လည္းေဒါသအရိပ္အေယာင္ကကပ္ပါလာသည္။
သို႔ေသာ္ ရတု အတတ္ႏိုင္ဆံုး ေလသံကိုေလ်ာ့ေျပာသည္။
'မင္းကိုမေသာက္နဲ႔ေတာ့လို႔ေျပာေနတယ္ေလ...
ရမွမရတာ...'
'ဒါငါ့ကိစၥပါ ငါ့ဘာသာႀကိဳက္လို႔ေသာက္တယ္ကြာ
အဲ့ဒါမင္းနဲ႔ဆိုင္လား.....'
'ရမာန္.....'
'ငါ့ကိုဘယ္သူမွလာၿပီး ဟိုလိုလုပ္ ဒီလိုလုပ္လာေျပာလို႔မရဘူး....ေအး မင္းလဲမပါဘူး...ဆရာႀကီးလာမလုပ္နဲ႔....'
တစိမ္းတစ္ေယာက္လို စိမ္းကားလွေသာ
ရမာန္႔ စကားမွာ
ကြၽန္ေတာ့္ရင္ကိုဆို႔တက္လာေစကာ ခ်က္ခ်င္း ပင္
ဝမ္းနည္းလာသည္။
'ရမာန္.........ငါမေန႔က.... '
'မေန႔က မင္းကိုဘယ္သူမွငါ့အစားဝင္မခံခိုင္းဘူး...
မင္းဘာသာလုပ္တာ....အဲ့ဒါကိုအေၾကာင္းျပၿပီးေတာ့ ေတာ့ ငါ့ကို....'
ရတု ေနာက္သို႔ေျခတစ္လွမ္းဆုတ္လိုက္သည္။
မ်က္ရည္ မ်ားဝဲလာသည္ကို ထိန္းထားရသည္။
အေၾကာင္းျပတယ္တဲ့လား
သူ႔ကိုဆရာလာမလုပ္နဲ႔တဲ့လား
ဟုတ္ပါတယ္ ကြၽန္ေတာ္ရင္ဆိုင္ခဲ့ရသမွ်ကသူ႔အတြက္ ဘာမွမဟုတ္တာပဲ
ကြၽန္ေတာ္ကသူ႔အတြက္အေရးမွမပါတာပဲ
ကြၽန္ေတာ္ မေမ့သင့္ဘူး။
'မင္းလုပ္ခ်င္တာလုပ္ေတာ့...ငါသြားေတာ့မယ္...'
'အဟက္....ငါလုပ္ခ်င္တာ.....'
တံခါးအဝသို႔ပင္ေရာက္ေနၿပီျဖစ္ေသာ ရတု ကို ရမာန္ လွ်င္ျမန္စြာ ဆြဲေခၚလိုက္ရာ ရတု မ႐ုန္းႏိုင္ပဲ ရမာန္ဆြဲေခၚရာ
ပါလာသည္။
ထို႔ေနာက္ ရတု ပုခံုးကိုကိုင္ကာ ရတုေက်ာႏွင့္နံရံ
ကပ္ထားလိုက္သည္။
'ငါလုပ္ခ်င္တာ တစ္ကယ္လုပ္ရမွာလား....'
'ငါ့ကိုလႊတ္.....'
ရတု တြန္းထိုးေနေသာ္လည္း သန္မာလွသည့္ ရမာန္ တစ္ခ်က္ေလးေတာင္မေရြ႔။
ရမာန္ ကႏႈတ္ခမ္းမွေဆးလိပ္ကို လက္ညႇိဳး ႏွင့္
လက္ခလယ္ၾကားညႇပ္ကာယူလိုက္သည္။
ထို႔ေနာက္ပါးစပ္ထဲမွေဆးလိပ္ေငြ႔လက္က်န္မ်ားျဖင့္
ရတု မ်က္ႏွာကိုမႈတ္လိုက္သည္။
'ရမာန္.....ငါ့ကိုလႊတ္....'
'ေနပါဦး....ရတုရာ....မင္းလဲလူငယ္ပဲ....လူဆိုတာငယ္တုန္းပဲနည္းနည္းဆိုးလို႔ရတာ...ေရာ့...မင္းလဲေသာက္ၾကည့္....'
'မင္းရမာန္....ငါ.......'
ရတု စကားေတာင္ေျပာလုိ႔မဆံုးေသး ရမာန္ ရတု
ပါးစပ္ထဲသို႔ေဆးလိပ္ထိုးထည့္လိုက္သည္။
လက္တစ္ဖက္ကလဲ ရတုကို႐ုန္းမရေအာင္ခ်ဳပ္ထားေသးသည္။
ကြၽန္ေတာ္မ်က္ႏွာကိုမရရေအာင္ေ႐ွာင္လႊဲ
ေနေသာ္လည္း ရမာန္႔ေဆးလိပ္ကိုမေ႐ွာင္ႏိုင္။
ကြၽန္ေတာ္ေ႐ွာင္လြန္း၍ ပါးစပ္ထဲသို႔မဝင္ေတာ့ေသာ္လည္း နားေခါင္းအနီးတြင္အေငြ႔တလူလူျဖင့္လြင့္ေနေသာေဆးလိပ္ေငြ႔မ်ားေၾကာင့္ အသက္႐ႈလမ္းေၾကာင္းထဲဝင္သမွ်အားလံုးေဆးလိပ္ေငြ႔မ်ားသာ။
ေယာက်္ားေလးခ်င္းျဖစ္ေသာ္လည္း ရမာန္႔လက္မွ
မ႐ုန္းႏိုင္ေသာကိုယ့္ကိုယ္ကိုလဲေဒါသထြက္မိသည္။
'အဟြပ္......အဟြပ္......'
ရတု မ်က္ႏွာႀကီးနီၿပီးေခ်ာင္းဆိုးလာေတာ့မွ ရမာန္
ေဆးလိပ္ကိုဖယ္လိုက္သည္။နီရဲေနေသာေဆးလိပ္မီးကိုၾကည့္ေနသည့္ရတုမ်က္လံုးမ်ားမွာ ဝမ္းနည္းမႈ ႏွင့္ေဒါသေရာ၍ပိုမိုစူးရဲေနသည္။
'ဘယ္လိုလဲ.....ရတု.....'
ကြၽန္ေတာ္ ေဒါသထြက္လြန္း၍မ်က္ရည္မ်ားပါဝဲလာသည္။ ကြၽန္ေတာ္ ထြက္သြားမွျဖစ္ေတာ့မည္ ဒီေနရာတြင္ဆက္ေနပါကငိုမိေတာ့မည္။
'ဖယ္......'
ရတု ႐ွိသမွ်အားေလးႏွင့္ ရမာန္႔ကိုတြန္းလိုက္သည္။
သို႔ေသာ္ ရမာန္ က ရတု ကိုျပန္တြန္း၍နံရံကိုလက္ေထာက္လိုက္ေသာေၾကာင့္ ရတု ထြက္ေပါက္မ႐ွိေတာ့။
'ရမာန္....မင္းေတာ္ေတာ့.....'
'ေနပါဦး....ဒီလက္က်န္ေလးေတာ့ကုန္ေအာင္ေသာက္....'
ရမာန္႔ အတြက္ေတာ့ စေနာက္ေနျခင္းမွ်သာျဖစ္ေသာ္လည္း ကြၽန္ေတာ့္အတြက္ ေတာ့ တစ္စတစ္စပိုပိုၿပီး ဝမ္းနည္းလာေစသည္။
'ငါမင္းကိုေတာ္ေတာ့လို႔ေျပာေနတယ္.....'
ရတု ေဒါသေၾကာင့္တဆတ္ဆတ္တုန္ကာ အသက္႐ႈသည့္ ဝင္ေလထြက္ေလ မွာပင္တုန္ရီေနသည္။
'မေတာ္ဘူးကြာ.....ေသာက္ဆိုေသာက္.....'
ရမာန္ အတင္းထပ္တိုးလာခ်ိန္တြင္ ရတု သည္းမခံႏိုင္ေတာ့ပဲ ရမာန္ ကို႐ွိသမွ်အားကုန္သံုးၿပီးတြန္းထုတ္လိုက္သည္။ထို႔ေနာက္ ေဒါသႏွင့္ဝမ္းနည္းမႈေၾကာင့္
တားခ်ိန္ပင္မရလိုက္ပဲမ်က္ရည္ မ်ားကပါးျပင္ေပၚသို္အလံုးလိုက္လိမ့္ဆင္းလာသည္။
'မင္း...အရမ္းလြန္တယ္ ရမာန္....'
ရတု တစ္ခြန္းပဲေျပာၿပီးေျပးထြက္လာခဲ့သည္။
ထို္ေနာက္ ဘယ္သူမွမျမင္ေအာင္
္ေခ်ာင္တစ္ေခ်ာင္တြင္ကပ္ၿပီး ဘယ္ေလာက္ၾကာေအာင္ငိုေနမိသည္ကိုမသိေတာ့။
ကြၽန္ေတာ္ဘာလို႔ဒီေလာက္ကံဆိုးရတာလဲ
ကြၽန္ေတာ္ခ်စ္တဲ့သူက ကြၽန္ေတာ့္အေပၚဘာလို႔
သူငယ္ခ်င္း တစ္ေယာက္လိုေတာင္မေကာင္းေပးႏိုင္ရတာလဲ
မင္းသိပ္ေပ်ာ္လား ရမာန္
ငါ့ကိုစိတ္ဒုကၡေရာက္ေအာင္လုပ္ရတာ
ငါမႀကိဳက္တာကိုလုပ္ရတာ
ငါ့ကိုဝမ္းနည္းေစမဲ့အရာေတြခ်ည္းပဲ ဖန္တီးရတာ
မင္းသိပ္ေပ်ာ္လား
မင္းေပ်ာ္ရႊင္မႈေတြကိုဖန္တီးတဲ့ေနရာမွာ
ငါ့မ်က္ရည္ေတြပါမွျဖစ္မွာလား...
မင္းငါ့ကို ငိုေအာင္လုပ္မွျဖစ္မွာလား
~~~
Unicode
Holding Hate Loving Him ep 5
စက်ဘီးစီးရင်း အနည်းငယ်ရောင်သွားသောပါးကို
ပြန်စမ်းနေမိသည်၊
ကျွန်တော့်ကိုတစ်ယောက်တည်း
ထားခဲ့သည့် အမေ ကိုရော အဖေ့ ကိုပါ လွမ်း၍
ငိုမိသည်။ ကံကောင်း၍ ရမာန် ဒီနေ့ ကျွန်တော်နှင့်မလိုက် သူ့ဘာသာသွားသည်။
နို့မို့ဆို ကျွန်တော်မျက်နှာမှဒဏ်ရာကိုမြင်နေရဦးမည်။
အခုတော့ကျောင်းရောက်လျှင် အရောင်ကျသွားလောက်သည် အိမ်တွင်မခံနိုင်၍ပြန်ပြောမိလျှင် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အားလုံး
ကျွန်တော့်အမှားသာ။ အခုလည်း ဦးလေးဖြစ်သူ၏
လက်သီးတစ်ချက်မှာမျက်နှာပေါ်သို့ မဖိတ်ခေါ်ပဲ
ရောက်လာခဲ့သည်။
ထူးထူးဆန်းဆန်း ဒီမနက်မှအေးစိမ့်နေသည်။
ရမာန့် ကိုယ်ငွေ့နွေးနွေးကိုတော့လွမ်းမိသည်။
သို့သော် ကျွန်တော့် မှာလွမ်းခွင့်ရှိရဲ့လား။
ဒီလိုပုံမှန်မဟုတ်တဲ့အချစ်မျိုးကို ဆက်ပြီးပျိုးထောင်ထားသင့်ရဲ့လား။
ရမာန် သိသွားခဲ့ရင်ရော ကျွန်တော့်ကိုဘယ်လိုမြင်မလဲ မုန်းသွားမလား။ရွံ့သွားမလား။ ထိုအရာများကို
မတွေးချင် ကျွန်တော်အရမ်းကြောက်မိသည်မှာ
အမှန်ပင်ဖြစ်သည်။
ငါဘာတွေခံစားနေရတယ်ဆိုတာ
မင်းမသိနိုင်ဘူး ရမာန်
မင်းဘယ်တော့မှသိနိုင်မှာမဟုတ်ဘူး
ငါ့အတွေးတွေထဲမှာသာ မင်းကနေရာအပြည့်ယူထားတာ မင်းရင်ထဲမှာ ငါကမြူ မှုန်လောက်တောင်မှရှိရဲ့လား
~~~
ကျောင်းခန်းထဲတွင်ရမာန်မရှိ လွယ်အိတ် သာတွေ့ရသည်။ နောက်ငါးမိနစ် ဆယ်မိနစ် ရမာန် ရောက်မလာသေး၍ကျွန်တော်မနေနိုင်တော့။
တွေ့ချင်သည်ကတစ်ကြောင်း ကျောင်းခေါင်းလောင်း
ထိုးခါနီးဖြစ်သည်ကတစ်ကြောင်းမို့အိမ်သာဖက်ထွက်လာခဲ့သည်။ လမ်းတစ်လျောက်လုံးဟိုဒီကြည့်ခဲ့
သော်လည်းရမာန် မရှိ။
အိမ်သာအဝရောက်သည်နှင့်ရလိုက်သောဆေးလိပ်
အနံကို ကျွန်တော်ခပ်ပြင်းပြင်းပင်ရှုထုတ်လိုက်သည်။
အမှတ်မရှိသောဤလူဆိုးကျောင်းသားများထဲတွင်
ရမာန် မပါပါစေနှင့်။
သို့သော် ကျွန်တော့် ဆုတောင်းမပြည့်။
'ရမာန်.......'
ရတု လျှင်မြန်စွာပင်ဝင်သွားပြီး ရမာန် ့ပါးစပ်တွင်ခဲထားသောဆေးလိပ်ကိုယူကာ ဘေးသို့လွှင့်ပစ်လိုက်သည်။
'ရတု မင်းဘာလုပ်တာလဲ.....'
'မနေ့ကတင် ပြသနာတက်တယ် မင်းသောက်ပြန်ပြီလား.....'
ရမာန် ကနောက်တစ်လိပ်ထုတ်ကာမီးညှိရင်းပြောသည်။
'ဟုတ်တယ်...ဘာဖြစ်လဲ...'
'ရမာန်.....လာပါကွာ....မသောက်နဲ့...အတန်းထဲသွားရအောင်......'
ရတု က ရမာန့် လက်ကိုဆွဲခေါ်သော်လည်း မရ။
ရမာန် ကနံရံကိုမှီကာရပ်နေသည်မို့
အားကောင်းသောရမာန့်ကိုအပါဆွဲမခေါ်နိုင်။
'ဘာဖြစ်နေတာလဲ...မင်းသွားနှင့်...ငါဒီတစ်လိပ်ကုန်ရင်လာခဲ့မယ်...'
ရတု က ရမာန် နှင့်ကျန်သုံးလေးယောက်ကိုကြည့်ပြီးပြောလိုက်သည်။
'မင်းတို့အခုမတော်သေးရင် ငါဆရာမနဲ့ သွားတိုင်မယ်......'
ဒီတစ်ခါတော့ လှည့်ထွက်မည့် ရတု လက်ကို ရမာန်
ဆောင့်ဆွဲလိုက်သည်။
'ရတု...မင်းဘာဖြစ်နေတာလဲ ဟမ်.....'
ရမာန့် လေသံမှာ မာတင်းလျက် အခန်းတွင်း၌ဟိန်းနေသည် မျက်လုံးထဲတွင်လည်းဒေါသအရိပ်အယောင်ကကပ်ပါလာသည်။
သို့သော် ရတု အတတ်နိုင်ဆုံး လေသံကိုလျော့ပြောသည်။
'မင်းကိုမသောက်နဲ့တော့လို့ပြောနေတယ်လေ...
ရမှမရတာ...'
'ဒါငါ့ကိစ္စပါ ငါ့ဘာသာကြိုက်လို့သောက်တယ်ကွာ
အဲ့ဒါမင်းနဲ့ဆိုင်လား.....'
'ရမာန်.....'
'ငါ့ကိုဘယ်သူမှလာပြီး ဟိုလိုလုပ် ဒီလိုလုပ်လာပြောလို့မရဘူး....အေး မင်းလဲမပါဘူး...ဆရာကြီးလာမလုပ်နဲ့....'
တစိမ်းတစ်ယောက်လို စိမ်းကားလှသော
ရမာန့် စကားမှာ
ကျွန်တော့်ရင်ကိုဆို့တက်လာစေကာ ချက်ချင်း ပင်
ဝမ်းနည်းလာသည်။
'ရမာန်.........ငါမနေ့က.... '
'မနေ့က မင်းကိုဘယ်သူမှငါ့အစားဝင်မခံခိုင်းဘူး...
မင်းဘာသာလုပ်တာ....အဲ့ဒါကိုအကြောင်းပြပြီးတော့ တော့ ငါ့ကို....'
ရတု နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။
မျက်ရည် များဝဲလာသည်ကို ထိန်းထားရသည်။
အကြောင်းပြတယ်တဲ့လား
သူ့ကိုဆရာလာမလုပ်နဲ့တဲ့လား
ဟုတ်ပါတယ် ကျွန်တော်ရင်ဆိုင်ခဲ့ရသမျှကသူ့အတွက် ဘာမှမဟုတ်တာပဲ
ကျွန်တော်ကသူ့အတွက်အရေးမှမပါတာပဲ
ကျွန်တော် မမေ့သင့်ဘူး။
'မင်းလုပ်ချင်တာလုပ်တော့...ငါသွားတော့မယ်...'
'အဟက်....ငါလုပ်ချင်တာ.....'
တံခါးအဝသို့ပင်ရောက်နေပြီဖြစ်သော ရတု ကို ရမာန် လျှင်မြန်စွာ ဆွဲခေါ်လိုက်ရာ ရတု မရုန်းနိုင်ပဲ ရမာန်ဆွဲခေါ်ရာ
ပါလာသည်။
ထို့နောက် ရတု ပုခုံးကိုကိုင်ကာ ရတုကျောနှင့်နံရံ
ကပ်ထားလိုက်သည်။
'ငါလုပ်ချင်တာ တစ်ကယ်လုပ်ရမှာလား....'
'ငါ့ကိုလွှတ်.....'
ရတု တွန်းထိုးနေသော်လည်း သန်မာလှသည့် ရမာန် တစ်ချက်လေးတောင်မရွေ့။
ရမာန် ကနှုတ်ခမ်းမှဆေးလိပ်ကို လက်ညှိုး နှင့်
လက်ခလယ်ကြားညှပ်ကာယူလိုက်သည်။
ထို့နောက်ပါးစပ်ထဲမှဆေးလိပ်ငွေ့လက်ကျန်များဖြင့်
ရတု မျက်နှာကိုမှုတ်လိုက်သည်။
'ရမာန်.....ငါ့ကိုလွှတ်....'
'နေပါဦး....ရတုရာ....မင်းလဲလူငယ်ပဲ....လူဆိုတာငယ်တုန်းပဲနည်းနည်းဆိုးလို့ရတာ...ရော့...မင်းလဲသောက်ကြည့်....'
'မင်းရမာန်....ငါ.......'
ရတု စကားတောင်ပြောလို့မဆုံးသေး ရမာန် ရတု
ပါးစပ်ထဲသို့ဆေးလိပ်ထိုးထည့်လိုက်သည်။
လက်တစ်ဖက်ကလဲ ရတုကိုရုန်းမရအောင်ချုပ်ထားသေးသည်။
ကျွန်တော်မျက်နှာကိုမရရအောင်ရှောင်လွှဲ
နေသော်လည်း ရမာန့်ဆေးလိပ်ကိုမရှောင်နိုင်။
ကျွန်တော်ရှောင်လွန်း၍ ပါးစပ်ထဲသို့မဝင်တော့သော်လည်း နားခေါင်းအနီးတွင်အငွေ့တလူလူဖြင့်လွင့်နေသောဆေးလိပ်ငွေ့များကြောင့် အသက်ရှုလမ်းကြောင်းထဲဝင်သမျှအားလုံးဆေးလိပ်ငွေ့များသာ။
ယောကျ်ားလေးချင်းဖြစ်သော်လည်း ရမာန့်လက်မှ
မရုန်းနိုင်သောကိုယ့်ကိုယ်ကိုလဲဒေါသထွက်မိသည်။
'အဟွပ်......အဟွပ်......'
ရတု မျက်နှာကြီးနီပြီးချောင်းဆိုးလာတော့မှ ရမာန်
ဆေးလိပ်ကိုဖယ်လိုက်သည်။နီရဲနေသောဆေးလိပ်မီးကိုကြည့်နေသည့်ရတုမျက်လုံးများမှာ ဝမ်းနည်းမှု နှင့်ဒေါသရော၍ပိုမိုစူးရဲနေသည်။
'ဘယ်လိုလဲ.....ရတု.....'
ကျွန်တော် ဒေါသထွက်လွန်း၍မျက်ရည်များပါဝဲလာသည်။ ကျွန်တော် ထွက်သွားမှဖြစ်တော့မည် ဒီနေရာတွင်ဆက်နေပါကငိုမိတော့မည်။
'ဖယ်......'
ရတု ရှိသမျှအားလေးနှင့် ရမာန့်ကိုတွန်းလိုက်သည်။
သို့သော် ရမာန် က ရတု ကိုပြန်တွန်း၍နံရံကိုလက်ထောက်လိုက်သောကြောင့် ရတု ထွက်ပေါက်မရှိတော့။
'ရမာန်....မင်းတော်တော့.....'
'နေပါဦး....ဒီလက်ကျန်လေးတော့ကုန်အောင်သောက်....'
ရမာန့် အတွက်တော့ စနောက်နေခြင်းမျှသာဖြစ်သော်လည်း ကျွန်တော့်အတွက် တော့ တစ်စတစ်စပိုပိုပြီး ဝမ်းနည်းလာစေသည်။
'ငါမင်းကိုတော်တော့လို့ပြောနေတယ်.....'
ရတု ဒေါသကြောင့်တဆတ်ဆတ်တုန်ကာ အသက်ရှုသည့် ဝင်လေထွက်လေ မှာပင်တုန်ရီနေသည်။
'မတော်ဘူးကွာ.....သောက်ဆိုသောက်.....'
ရမာန် အတင်းထပ်တိုးလာချိန်တွင် ရတု သည်းမခံနိုင်တော့ပဲ ရမာန် ကိုရှိသမျှအားကုန်သုံးပြီးတွန်းထုတ်လိုက်သည်။ထို့နောက် ဒေါသနှင့်ဝမ်းနည်းမှုကြောင့်
တားချိန်ပင်မရလိုက်ပဲမျက်ရည် များကပါးပြင်ပေါ်သို်အလုံးလိုက်လိမ့်ဆင်းလာသည်။
'မင်း...အရမ်းလွန်တယ် ရမာန်....'
ရတု တစ်ခွန်းပဲပြောပြီးပြေးထွက်လာခဲ့သည်။
ထို်နောက် ဘယ်သူမှမမြင်အောင်
်ချောင်တစ်ချောင်တွင်ကပ်ပြီး ဘယ်လောက်ကြာအောင်ငိုနေမိသည်ကိုမသိတော့။
ကျွန်တော်ဘာလို့ဒီလောက်ကံဆိုးရတာလဲ
ကျွန်တော်ချစ်တဲ့သူက ကျွန်တော့်အပေါ်ဘာလို့
သူငယ်ချင်း တစ်ယောက်လိုတောင်မကောင်းပေးနိုင်ရတာလဲ
မင်းသိပ်ပျော်လား ရမာန်
ငါ့ကိုစိတ်ဒုက္ခရောက်အောင်လုပ်ရတာ
ငါမကြိုက်တာကိုလုပ်ရတာ
ငါ့ကိုဝမ်းနည်းစေမဲ့အရာတွေချည်းပဲ ဖန်တီးရတာ
မင်းသိပ်ပျော်လား
မင်းပျော်ရွှင်မှုတွေကိုဖန်တီးတဲ့နေရာမှာ
ငါ့မျက်ရည်တွေပါမှဖြစ်မှာလား...
မင်းငါ့ကို ငိုအောင်လုပ်မှဖြစ်မှာလား
~~~