A Bitter Sweet Dream (HIATUS)

By sejong_love

5.1K 530 45

ကျွန်တော့်အား ချိုမြိန်သော အိပ်မက်လေးတစ်ခု ဖန်တီးပေးခဲ့သူ သို့ပေမဲ့ အိပ်မက်~~~ သူ့အတွက် ကျွန်တော်ကား မေ့ပျောက... More

Prologue
Episode-1
Episode-2

Episode-3

1K 131 20
By sejong_love

အညိုရောင်မျက်ဝန်းများက ခုထိ ကျွန်တော့်စိတ်ထဲ နေရာယူထားဆဲပင်.....။
ကျွန်တော် ချစ်သော နွေးထွေးတဲ့ မျက်ဝန်းညိုများ မဟုတ်ပေမဲ့...... ရင်းနှီးမှုတစ်စွန်းတစ်စကို ခံစားခဲ့ရသည်။

'Kai.....'

သူ့အကြောင်းကို ကျွန်တော် သိရမှ ဖြစ်မည်။ သူ့မျက်နှာကို ကျွန်တော် တွေ့ရမှ ဖြစ်မည်။

"Sehun!....."

Suhoရဲ့ ခေါ်သံက ကျွန်တော့်အာရုံကို မီးရောင်စုံတွေနဲ့ ကခုန်နေတဲ့ clubဆီကို ပြန်ခေါ်ခဲ့လေသည်။

ကျွန်တော့်သူ့ကို ကြည့်လိုက်တော့ Suhoက

"မင်း..... ဘာဖြစ်နေတာလဲ...... ရောက်ကတည်းက ထိုင်ပြီး ဘာတွေအတွေးလွန်နေတာလဲ....... မင်းနဲ့ မတူအောင်........"

ကျွန်တော် Suhoကို ပြန်ဖြေဖို့ ပြင်လိုက်ပေမဲ့ လူတွေကြားထဲ ဖြတ်ခနဲမြင်လိုက်တော့ အရိပ်တစ်ခုကြောင့် ကျွန်တော် ချက်ချင်း နေရာက ထထွက်လာခဲ့လိုက်သည်။

"Sehun....! Sehun......!!!"

Suhoရဲ့ ခေါ်သံကို ဂရုမစိုက်ပဲ ရောထွေးနေတဲ့ လူအုပ်ကြားထဲ အတင်းတိုးသွားနေတဲ့ လူတစ်ယောက်နောက်ကို ကျွန်တော် အမြန်လိုက်သွားမိသည်။

သူ့ကိုနောက်ကို လိုက်နေရင်း ကျွန်တော် သတိထားမိသည်မှာ သူသည်လည်း သူ့ရှေ့က သွားနေသော လူတစ်ယောက် နောက်ကို လိုက်နေခြင်း ဖြစ်သည်။

လိုက်နေရင်းပင် အနောက်ဘက် အပေါက်ကနေ club အပြင်ဘက်ကို ရောက်လာခဲ့သည်။ Clubအတွင်းနဲ့ ဘာမှမဆိုင်သလို အပြင်ဘက်မှာ လူသွားလူလာ ကင်းရှင်းနေပြီး လမ်းမီးတို့မှာလည်း မှေးမှိန်ကာ တစ်ချို့မှာ လုံးလုံးကို ပျက်နေကြသည်။

ထိုသူက ရုတ်တရက် အနောက်ကို လှည့်ကြည့်လိုက်သဖြင့် ကျွန်တော် ဘေးက လမ်းကြားကို ဝင်ပုန်းကာ အကွယ်မှ ချောင်းကြည့်နေခဲ့သည်။ အနီးအနားတွင် မည်သူမှ မရှိသည်သေချာမှ ထိုသူက ရှေ့ကသွားနေသော မူးနေဟန်ရှိသည့် လူ၏ပါးစပ်ကို ပိတ်ကာ အနီးဆုံးလမ်းကြားထဲကို ဆွဲခေါ်သွားခဲ့သည်။

အတန်ငယ်ကြာသည်အထိ ဘယ်သူမှ ပြန်မထွက်လာသောကြောင့် ကျွန်တော့်ခြေလှမ်းတို့ကို ထိုလမ်းကြားရှိရာသို့ ဦးတည်လိုက်သည်။

လမ်းကြားထဲတွင်ကား တိတ်ဆိတ်နေသလို ဘာမှမမြင်နိုင်လောက်အောင် ပိန်းပိန်းပိတ် မှောင်နေခဲ့သည်။ အမှောင်ထဲတွင် ကျွန်တော့်မျက်လုံးများ ကျင့်သားရလာချိန်တွင် ပထမဆုံးမြင်လိုက်ရသည်မှာ အမှိုက်ပုံနားတွင် လဲကျနေသော လူတစ်ယောက်......။

ထိုလူရှိရာကို ကျွန်တော် သွားဖို့လုပ်လိုက်ပင်ပေမဲ့ နောက်ကနေ ထောက်လိုက်သော ကျွန်တော့်လည်ပင်းပေါ်က ဓားမြှောင်ကြောင့် ကျွန်တော့်ခြေလှမ်းများ ရပ်သွားခဲ့သည်။

ကျွန်တော့် လည်ပင်းကို ဓားထောက်ထားသူက
တဖြည်းဖြည်းနဲ့ ကျွန်တော့်ကို ပတ်ကာ ကျွန်တော့်အရှေ့တွင် ရပ်လိုက်သည်။ အမှောင်ထဲတွင် ကျွန်တော်ကို သေချာစိုက်ကြည့်နေသော သူ့မျက်လုံးများကို ကျွန်တော်ခံစားမိသည်။

"ငါ......မင်းကို မှတ်မိတယ်....... မင်းက Oh Empireဘက်က လူပဲ......."

ကျွန်တော့်ကို မှတ်မိသည်တဲ့။ ကျွန်တော်ကတော့ သူ့မျက်နှာကို ခုထိ ရှင်းရှင်းလင်းလင်း မမြင်ဖူးသေးပေ။

သူက ဓားကို အားထည့်ကာ ပိုပြီးဖိလိုက်သည်။ ဒီ့ထက် အားလေးနည်းနည်း ပိုထည့်လိုက်လျှင် ကျွန်တော့် လည်ပင်းမှာ သွေးထွက်တော့မည် ဖြစ်သည်။

"ငါ့နောက်ကို ဘာလို့လိုက်နေတာလဲ......."

ကျွန်တော် မည်သို့ပြန်ဖြေရမည်နည်း......။

မင်းမျက်လုံးတွေက ကိုယ့်ချစ်သူနဲ့ သိပ်တူလို့...... မင်းမျက်နှာကို မြင်ဖူးချင်လို့ လို့ဖြေလိုက်ရမှာလား.........။

သေချာသည်မှာ သူကျေနပ်မည့် အဖြေမျိုးမဟုတ်ခြင်း........။

ထိုအချိန် ဖြတ်သွားသော ကားတစ်စီးရဲ့ မီးရောင်က လမ်းဘက်ကို မျက်နှာမူနေသောသူ့မျက်နှာကို ထင်ဟပ်သွားခဲ့သည်။

စက္ကန့်ပိုင်းလေးသာ ဆိုပေမဲ့ ကျွန်တော့် ကမ္ဘာကြီး ရပ်တန့်သွားသလိုပင်။

သူ့မျက်နှာရှိရာကို ကျွန်တော့်လက်ချောင်းများ အလိုလိုလှမ်းသွားမိသည်။ အမှောင်ထဲက အေးစက်စက်သူ့အကြည့်များက တုန်ရင်နေသော ကျွန်တော့်လက်ချောင်းများကို မတားဆီးနိုင်ခဲ့ပေ။

"Honey......"

ကျွန်တော် တိုးတိုးလေး ခေါ်လိုက်မိသည်။

"Sehun.......?! Sehun....?!"

Suhoရဲ့ အသံမှန်း ကျွန်တော်မှတ်မိလိုက်သည်။

ကျွန်တော် အာရုံလွှင့်သွားသော ခဏတွင် သူကား ကျွန်တော်နဲ့ ဆန့်ကျင်ဘက် လမ်းကြားထွက်ပေါက်ကနေ ပြေးထွက်သွားခဲ့လေပြီ.........။

"Sehun! မင်းကို လိုက်ရှာနေတာ..... ဒီမှာ ဘာလုပ်...... Sehun.... မင်း.....!!!"

Suhoက လဲကျနေသော လူကို မြင်သွားကာ အလန့်တကြား မေးလိုက်သည်။

"ငါ မဟုတ်ဘူး......."

"ဒါ...... ဒါဆို....... ဘယ်သူ........"

Sehunသိပေမဲ့ ခေါင်းခါပြလိုက်ကာ

"သွားစို့....... ဒီမှာ ကြာကြာနေလို့ မကောင်းဘူး"

Sehunထိုင်နေတဲ့ ရှေ့က စားပွဲပေါ်ကို Chanyeol အညိုရောင် ဖိုင်တစ်ခုကို ပစ်တင်ပေးလိုက်သည်။

"မင်း သိချင်နေတဲ့ တစ်ယောက်ရဲ့ ဖိုင်......"

Sehun ဖိုင်ကို အမြန်ယူကာ ဖွင့်ကြည့်လိုက်သည်။

"နာမည်က Kai...... သူက မိဘမဲ့...... Black Viperထဲမှာတော့ သူဌေးရဲ့ လက်စွဲလို့ ပြောရမလား...... ငယ်ငယ်တည်းက သူဌေးနောက် လိုက်ခဲ့တာ..... ပြောရရင်တော့ သူဌေးကိုယ်တိုင် သွေးထားတဲ့ ကျောက်ပေါ့ကွာ..... တော်တော် တော်တဲ့အထဲမှာ ပါတယ်...... သူက သေနတ်ထက် ဓားမြှောင်ကို ပိုပြီးသုံးတယ်...... သူလုပ်တဲ့ အခြားအလုပ်တစ်ခုက illegal racing.....သူ အကြိုက်ဆုံးအရာလို့ ပြောလို့ရမယ်......."

ဓာတ်ပုံထဲ Kaiဆိုသူက သူ့အား ခံစားချက်မရှိစွာ ပြန်ကြည့်နေခဲ့သည်။ ဖိုင်ထဲ အကြောင်းအရာများနှင့် အေးစက်စက် ကြည့်တတ်သော မျက်လုံးများက Honey မဟုတ်ဘူးဆိုတာကို သက်သေပြနေကြပေမဲ့ Sehun လက်မခံချင်ပေ။

"လွန်ခဲ့တဲ့ နှစ်နှစ်က သူ ဆိုးလ်မှာပဲ ရှိနေခဲ့တာ သေချာလား......"

ကျွန်တော့်မေးခွန်းကို Chanyeol က နားမလည်နိုင်ပေ။

"မပြောတတ်ဘူး...... ဘာသတင်းမှ မရပုံထောက်ရင် လွန်ခဲ့တဲ့ နှစ်နှစ်က ဒီမှာ ရှိနေတဲ့ ပုံပါပဲ......."

Kaiဆိုတာ ကျွန်တော့်ရဲ့ Honeyပါလို့ တစ်ခုခုက ယုံကြည်ခိုင်းနေသလိုပင်...... မဖြစ်နိုင်မှန်း သိသိကြီးနဲ့ Honey ဖြစ်စေချင်ခဲ့သည်။

"နောက်တစ်ခါ သေချာပြန်စုံစမ်းပေးစမ်းပါ..... Chanyeol....... လွန်ခဲ့တဲ့ နှစ်နှစ်က သူ ဘယ်မှာ ဘာလုပ်နေခဲ့လဲဆိုတာကို...... ငါ တိတိကျကျ သိချင်တယ်...... ငါ့အတွက် အရေးကြီးလို့..... ကူညီပါကွာ "

ဘာကြောင့်လဲ မေးရင်လဲ ကိုယ်တိုင် အဖြေကို မကျေနပ်သေးလျှင် ပြန်ဖြေမည်မဟုတ်သော ကျွန်တော့်အကြောင်းကိုသိသူပီပီ Chanyeolက ခေါင်းခါလိုက်ရင်း.......

"ငါ နားမလည်ဘူး..... Sehun"

ကျွန်တော် ကိုယ်တိုင်လည်း နားမလည်ပေ။

အပြာနုရောင် Lamborghiniလေး ဘေးကို ကျွန်တော့်ရဲ့ အဖြူရောင် Ferrariလေးကို ထိုးရပ်လိုက်တော့ ကားပေါ်က သူက ဘေးကို လှည့်ကြည့်ခဲ့သည်။

ကျွန်တော့်အတွက်တော့ သူရှိနေမည့် raceကို စုံစမ်းရတာ မခက်ခဲပေ။

ကျွန်တော်ကို အဓိပ္ပါယ်​ပါသော အကြည့်များနှင် မျက်မှောင်ကြုတ်၍ ကြည့်နေသော သူ့ကို ကျွန်တော် လှမ်းပြုံးပြလိုက်ကာ......

"မင်း တွေးနေတာ မှန်တယ်....... ကိုယ် မင်းနောက်ကို လိုက်နေတာ....."

သူက ခေါင်းကို တစ်ဖက်ကို စောင်းလိုက်ပြီး ကျွန်တော့်ကို ဆက်ကြည့်နေခဲ့သည်။ ကျွန်တော် ခပ်ဖွဖွရယ်လိုက်ကာ

"ဒါမဲ့....... မင်းထင်နေသလို ဘယ်သူကမှ ခိုင်းလို့မဟုတ်ဘူး......"

"ဒါဆို ဘာလို့လဲ....."

"အကြောင်းပြချက်ကို သိချင်လား"

သူက သဘောတူသလို မျက်ခုံးတစ်ချက်ပင့်ကာ ကျွန်တော့်အား ကြည့်မြဲကြည့်နေခဲ့သည်။

"ကိုယ်လည်း သိချင်နေတာ...."

ကျွန်တော့်ကို ခဏကြာအောင် စိုက်ကြည့်နေပြီးမှ စိတ်မဝင်စားတော့သလို အရှေ့ကို ပြန်လှည့်သွားခဲ့သည်။

"Hey....... ကိုယ်တို့ အလောင်းအစား တစ်ခု လုပ်မလား......"

သူက ခေါင်းကို လှည့်တယ်ဆိုရုံလေးလှည့်ကာ ပြန်ကြည့်လာခဲ့သည်။

"ဒီပြိုင်ပွဲမှာ မင်းနိုင်ရင် မင်းကို အခုကိုယ် စီးနေတဲ့ ဒီကားလေး အပိုင်ပေးလိုက်မယ်....."

ပြောတော့ သူက စိတ်ဝင်စားသလို ကျွန်တော့်ကို တည့်တည့်ကြည့်လာသည်။

"မင်းနိုင်ရင်ရော.....ငါ့ကား ပေးရမှာလား......"

သူ့မေးခွန်းကို ကျွန်တော် ပြုံးလိုက်ကာ

"ကိုယ် နိုင်ရင်....... ကိုယ် တောင်းဆိုတာတစ်ခု မင်းလုပ်ပေးရမယ်..... စိတ်မပူပါနဲ့ မင်းမလုပ်နိုင်တာကို ကိုယ်တောင်းဆိုမှာ မဟုတ်ပါဘူး....... ဘယ်လိုလဲ Deal?"

သူက ခဏကြာအောင် တွေးနေပြီးမှ

"Deal....."

ပြိုင်ပွဲစရန် အချက်ပေးမည့် သေနတ်ဖောက်သံကို စောင့်နေရင်း ကျွန်တော် သူ့မျက်နှာကို ငေးနေမိသည်။

ဘေးတိုက်မြင်နေရသော သူ့မျက်နှာလေးကား ကျွန်တော်အတွက်တော့ Honey မှ Honeyပင်။

သို့သော် သူသည် Honey ဟုတ်သည်ြဖစ်စေ မဟုတ်သည်ဖြစ်စေ ကျွန်တော့်အတွက် စိတ်ဝင်စားဖို့ကောင်းသော လူတစ်ယောက် ဖြစ်သည်ကတော့ အမှန်ပင်။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

A/n- hello😄 ဒီficလေးက Plotကို အရမ်းရေးချင်လွန်းလို့ရေးတာပါ.... ဖတ်ရတာ တစ်မျိုးဖြစ်သွားရင် sorry😔.. ၁၀ပိုင်း မကျော်ဘူးလို့မှန်းထားပါတယ်.... ဖတ်ဖြစ်ရင် feedbackလေးတွေ ပေးကြပါ🙏🙏🙏 Thank you and love you all❤❤❤

Continue Reading

You'll Also Like

1.7M 99.4K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.5M 35K 60
In wich a one night stand turns out to be a lot more than that. -Completed-
380K 12K 87
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...
753K 20.4K 76
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...