ကျနော့် စာအုပ်ကလေးထဲမှာတော့
စင်ဒရဲလားလေးဆီ
နတ်သမီး ရောက်မလာခဲ့သလို
မင်းသားလေးဆိုတာလည်း
ဖိနပ်တစ်ဖက်နဲ့ အတူ လိုက်ရှာမနေခဲ့ဘူးတဲ့ .....
အဲရစ်တစ်ယောက် ရေသူမလေးကို
မရွေးချယ်ခဲ့တဲ့အကြောင်းရော ကြားဖူးသလား..
ပင်လယ်ကမ်းခြေကို ရောက်တဲ့အခါတိုင်း
ရေမြှုပ်ကလေးတွေကို မြင်တိုင်းမှာ
ကျနော် ကြေကွဲဖြစ်ပါတယ် ...
နတ်သမီးပုံပြင်တွေရဲ့ တခြားတစ်ဖက်ကို
လှစ်ဟ မကြည့်ဖြစ်ခဲ့ရင်
ဘယ်နှစ်ဘဝစာလောက်များ
ကျနော် မင်းကို လွမ်းဖြစ်နေဦးမှာပါလဲ....
က်ေနာ့္ စာအုပ္ကေလးထဲမွာေတာ့
စင္ဒရဲလားေလးဆီ
နတ္သမီး ေရာက္မလာခဲ့သလို
မင္းသားေလးဆိုတာလည္း
ဖိနပ္တစ္ဖက္နဲ႔ အတူ လိုက္ရွာမေနခဲ့ဘူးတဲ့ .....
အဲရစ္တစ္ေယာက္ ေရသူမေလးကို
မေရြးခ်ယ္ခဲ့တဲ့အေၾကာင္းေရာ ၾကားဖူးသလား..
ပင္လယ္ကမ္းေျခကို ေရာက္တဲ့အခါတိုင္း
ေရႁမွဳပ္ကေလးေတြကို ျမင္တိုင္းမွာ
က်ေနာ္ ေၾကကြဲျဖစ္ပါတယ္ ...
နတ္သမီးပံုျပင္ေတြရဲ႕ တျခားတစ္ဖက္ကို
လွစ္ဟ မၾကည့္ျဖစ္ခဲ့ရင္
ဘယ္ႏွစ္ဘဝစာေလာက္မ်ား
က်ေနာ္ မင္းကို လြမ္းျဖစ္ေနဦးမွာပါလဲ....