အထပ် သုံးဆယ်ကျော် မိုးမျှော်တိုက်ကြီးရဲ့ အမြင့်ဆုံးထပ်ကနေ ကားများ ပျားပန်းခတ်သွားလာနေတဲ့ လမ်းမကြီးကို ကျွန်တော် ငုံ့ကြည့်ရင်း တစ်နှစ်အတွင်း ပြောင်းလဲသွားတဲ့ ကျွန်တော့်ဘဝကို ပြန်တွေးနေမိသည်။
ရုံးခန်းထဲ ထိုင်ကာ သူများလုပ်တာကို စိတ်တိုင်းမကျဖြစ်နေရမယ့်အစား ကိုယ်တိုင် ဝင်လုပ်တတ်သော အကျင့်ကြောင့် ဖခင်ပေးလာသော ရာထူးကြီးကြီးကို ငြင်းကာ အရောင်းအဝယ်ကိစ္စတွေမှာ ကိုယ်တိုင်ဝင်ပါခဲ့သည်။ ကျွန်တော့်အတွက်တော့ အစပိုင်းတွင် ခက်ခဲသော်လည်း နာမည်ကြားရုံနဲ့ အများ ကြောက်ရွံ့လောက်တဲ့ reputationတစ်ခုကို ဒီတစ်နှစ်အတွင်း ရအောင်ယူနိုင်ခဲ့သည်။
အခုတော့ Oh Sehunဆိုတဲ့ နာမည်က မှောင်ခိုလောကမှာ မသိသူမရှိဆိုပေမဲ့ ကျွန်တော်ဟာ Oh Empireရဲ့ ဆက်ခံသူဆိုတာကိုတော့ အဖွဲ့ရဲ့ ယုံကြည်ရသူအချို့ကလွဲပီး ဘယ်သူမှမသိပေ။
အခုချိန် Honeyသာ ရှိရင် ကျွန်တော့်ကို ဘယ်လိုထင်မလဲ......။ သွေးအေးလွန်းလာတတ်ခဲ့တဲ့ ကျွန်တော့်လက်ကို ဆက်တွဲထားပါ့ဦးမလား.....။
♥
ဖယောင်းတိုင်မီးရဲ့ အလင်းရောင်တို့ ဟပ်နေတဲ့ မျက်နှာလေးက အပြင်ဘက်က မဲမှောင်နေသော တိမ်တိုက်တွေနဲ့ ဆန့်ကျင်စွာ အပြုံးများနဲ့ တောက်ပနေခဲ့သည်။
"ချစ်တယ် Honey...."
"Honeyလည်း Sehunကို ချစ်တယ်"
သူ့စကားနဲ့သူ ရှက်သွားကာ ကျွန်တော့်ရင်ခွင်ထဲ အတင်းတိုးဝင်လာတဲ့ Honeyကို ပွေ့ဖက်ထားရင် ကျွန်တော် ကျေနပ်စွာ ရယ်လိုက်မိသည်။
Honeyက ကျွန်တော့်ရဲ့ ကမ္ဘာလေး......။
♥
"Sehun....."
အသံလာရာကို လှည့်ကြည့်လိုက်တော့ တံခါးဝမှာ ငယ်သူငယ်ချင်းဖြစ်သူ Chanyeol ရပ်နေခဲ့သည်။
"ဒီနေ့ည ၈နာရီ......"
အလုပ်ကိစ္စကို ပြောမှန်း ကျွန်တော် နားလည်လိုက်သည်။
"ဘယ်သူတွေပါလဲ......"
"ထုံးစံအတိုင်း ငါတို့ခြောက်ယောက်....."
ကျွန်တော် မျက်ခုံးပင့်လိုက်မိသည်။
"သွားယူရမယ့် ပစ္စည်းက အရေးကြီးတယ်မလား"
Chanyeolက အခန်းထဲ ဝင်လာပြီး ကျွန်တော့်ဘေးမှာ ဝင်ရပ်လိုက်သည်။
"အင်း..... အဲ့တာကြောင့် အရှေ့မှာ ခြောက်ယောက်ပဲ သုံးတာ......အနောက်မှာ ဆယ်ယောက် coverပေးမယ်လို့ ပြောတယ်......"
ဘာမှမပြောပဲ အပြင်ကို ငေးမြဲငေးနေတဲ့ ကျွန်တော့်ကို Chanyeolက တစ်ချက်ကြည့်လိုက်ပြီး
"Black Viper ဘက်က ဝင်လာနိုင်တယ်လို့ Suhoက ပြောတယ်"
"Black Viper......."
Oh Empire လောက် မကြီးမားပေမဲ့ မှောင်ခိုလောကတွင် လွှမ်းမိုးမှုအနည်းနဲ့ အများ ရှိသော အဖွဲ့ဖြစ်သည်။ Oh Empireရဲ့ အရောင်းအဝယ်ကိစ္စတွေကို မကြာခဏ ဝင်နှောင့်တတ်ပေမဲ့ Sehunနဲ့တော့ တစ်ခါမှ ထိပ်တိုက် မတွေ့ဖူးသေးပေ။
"ဒီည....... တစ်ပွဲလောက်တော့ နွှဲရမယ် ထင်တယ်....."
ကျွန်တော့်ရဲ့ တိုးတိုးရေရွတ်သံကို Chanyeolက ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
♥
ကျွန်တော် ထင်ထားသည့်အတိုင်းပင် Black Viperနဲ့ တစ်ပွဲနွှဲနေရသည်။
ကျွန်တော်တို့အနေနဲ့ coverဆယ်ယောက် ပါလာခဲ့ပေမဲ့ Black Viperဘက်က ဆယ်ယောက်မက ပိုသာနေခဲ့သည်။
ကျွန်တော်ဘေးက လူတွေကို ထိုးရင်း ရှောင်ရင်း တိမ်းရင်းနဲ့ပင် ကျွန်တော် ခေါင်းအစ ခြေအဆုံး အနက်ရောင်တို့နှင့် လူတစ်ယောက်ကို သတိထားမိသည်။
အရပ်ခပ်မြင့်မြင့်နဲ့ ကျစ်လစ်သော ခန္ဓာကိုယ်က အချိုးကျနေသည်။ အနက်ရောင်ဦးထုပ်ကို ဆောင်းထားသည့်အပြင် အနက်ရောင်maskပါ အုပ်ထား၍ မျက်နှာတစ်ခုလုံးကို မမြင်ရပဲ ဖုံးနေခဲ့သည်။ လက်ဆကတော့ ပြင်းပုံရသည်။ သူနဲ့ တွေ့တဲ့သူကတော့ တစ်ချက်ဆိုတစ်ချက် မှောက်သွားခဲ့သည်။
"Sehun.....!"
Chenက ကျွန်တော့်ကို လှမ်းခေါ်ကာ သူ့လက်ထဲက ပစ္စည်းထည့်ထားတဲ့ အိတ်ကို ကျွန်တော့်ရှိရာကို လှမ်းပစ်ပေးလိုက်သည်။ ကျွန်တော် လှမ်းဖမ်းဖို့ ကြိုးစားလိုက်ပေမဲ့ Black Viperဘက်က လူတစ်ယောက် ကျွန်တော့်ရဲ့ ခေါင်းကို သံတုတ်နဲ့ ချိန်ကာ ရမ်းလိုက်သည့်အတွက် ငုံ့ရှောင်လိုက်ရသည်။
ထိုသူရဲ့ ဗိုက်ကို ကျွန်တော် အားနဲ့ ကန်လိုက်ကာ သူ့ရဲ့လက်ထဲက လွတ်ကျသွားတဲ့ သံတုတ်ကို ကောက်လိုက်ပြီး နားထင်နေရာကို ရိုက်ပစ်လိုက်သည်။
ထို့နောက် ကျွန်တော် လှည့်ကာ အိတ်ကို ဆွဲကောက်လိုက်ပေမဲ့ လက်တစ်ဖက်က အိတ်ကို ပြန်ဆွဲကာ တားဆီးနေပြန်သည်။
ကျွန်တော် မျက်လုံးပင့်ကာ ကြည်လိုက်တော့ ခေါင်းအစ ခြေအဆုံး အနက်ရောင်တို့ဖုံးနေသော သူ.......။
ရုတ်တရက် ကျွန်တော့်လည်ပင်းရှိရာကို ဦးတည်ပြီး ဝေ့လိုက်တဲ့ ငွေရောင်ဓားမြှောင်ကြောင့် ကျွန်တော် အနောက်ကို အမြန်ရှောင်လိုက်ရသည်။ ထိုအချိန် အိတ်ကို ကိုင်ထားတဲ့ ကျွန်တော့်လက် အားလျော့သွားသည်ကို သူက အခွင့်ကောင်းယူကာ အိတ်ကို ဆွဲလိုက်ပြီး အမြန်လှည့်ထွက်ဖို့ ပြင်လိုက်သည်။
ဒါပေမဲ့ ကျွန်တော်က အိတ်ဆွဲထားသော သူ့လက်ကောက်ဝတ်ကို ပြန်ဆွဲထားလိုက်သည်။ သူက ဘယ်လက်ထဲက ဓားမြှောင်နဲ့ ကျွန်တော့်အား လှည့်ထိုးဖို့ ကြိုးစားလိုက်ပေမဲ့
ကျွန်တော် ပိုမြန်သွားသည်လို့ ပြောရမည်။ သူ ကျွန်တော့်ဘက်ကို မလှည့်နိုင်ခင် သူ့ကိုအနောက်ကနေ ကျွန်တော့်ရင်ဘတ်နဲ့ ဆွဲကပ်လိုက်ပြီး နောက်ကျောဘက်မှ ဓားကိုင်ထားတဲ့လက်ကို ဖမ်းကိုင်ကာ သူ့လည်ပင်းကို ပြန်ထောက်ထားလိုက်သည်။
ကျွန်တော် ချုပ်ထားသည်ကို ရုန်းမရသည့်အတွက် သူက အိတ်ကို လွတ်ချလိုက်ပြီး ကျွန်တော့်ဗိုက်ကို တံတောင်နဲ့ တိုက်ပစ်ခဲ့သည်။ ကျွန်တော် သူ့ လက်ကောက်ဝတ်ကို ချုပ်ကိုင်ထားသည့် လက်ကို လွှတ်ပေးလိုက်ပေမဲ့ ဓားကိုင်ထားသည့် လက်ကိုတော့ ချုပ်မြဲချုပ်ထားခဲ့သည်။
သူက ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်ချိန်မှာတော့ သူ့ခေါင်းပေါ်က အနက်ရောင်ဦးထုပ်မှာ ကျွတ်သွားခဲ့ပြီး အညိုရောင်ဆံပင်များက ဖွာကနဲ ကျလာခဲ့သည်။
သို့သော် ကျွန်တော့်အား ဆွံ့အသွားစေသည်မှာ အညိုရောင်ဆံပင်တွေကြားက မျက်ဝန်းညိုများဖြစ်သည်။
ကျွန်တော် သူ့မျက်ဝန်းများကို စိုက်ကြည့်နေမိသည်မှာ သူ့ရဲ့ ဓားမြှောင်နဲ့ ကျွန်တော့်ပါးကို ရှပ်ဆွဲလိုက်သည်ကိုပင် ရှောင်ဖို့ သတိမရတော့ပေ။
"Sehun.....!"
Chanyeolရဲ့ အော်သံကြားမှ ကျွန်တော် သတိပြန်ဝင်လာခဲ့သည်။ သူကလည်း ဘာတုံ့ပြန်မှုမှ မရှိသော ကျွန်တော့်ကြောင့် ကြောင်သွားပုံရသည်.....။ ဘာမှမလုပ်ပဲ ကျွန်တော့်ကိုသာ ပြန်ကြည့်နေခဲ့သည်။
ထိုအချိန်မှာပဲ အနက်ရောင်ကားတစ်စီး ရုတ်တရက်ဝင်လာပြီး
"Kai!...."
ကားထဲက လူက လှမ်းအော်လိုက်တော့ သူက ကျွန်တော့်ကို တစ်ချက်ပြန်ကြည့်ပြီး ကားပေါ်ကို အမြန်ပြေးတက်သွားခဲ့သည်။
ထိုကားထွက်သွားပြီးပြီးချင်း ကျွန်တော်တို့ဘက်က back upအဖွဲ့တွေ ရောက်လာသည်အထိ ကျွန်တော်က နေရာမှာ ရပ်နေဆဲပင်.....။
"Yah!..... Oh Sehun..... ဘယ်လိုဖြစ်တာလဲ"
ပါးပေါ်က သွေးထွက်နေတဲ့ ဒဏ်ရာကို ကြည့်ရင်း ပြောလိုက်တဲ့ Chanyeolရဲ့ စကားကို လျစ်လျူရှုလိုက်ရင်း မလှမ်းမကမ်းမှာ ကျနေတဲ့ အနက်ရောင်ဦးထုပ်ကို ကျွန်တော် ကောက်လိုက်သည်။
"Kai...... Kai...... Chanyeol.. .... ငါ သူ့အကြောင်းသိချင်တယ်......"
ကျွန်တော် ပြောပြောပြီးချင်း ရပ်ထားတဲ့ ကားတစ်စီးကို တက်မောင်းကာ ထွက်လာခဲ့လိုက်သည်။
Chanyeolရဲ့ အော်ခေါ်သံများလည်း တဖြည်းဖြည်းနဲ့ ဝေးလာခဲ့သည်။
ခေါင်းထဲ ဝင်လာတဲ့ အတွေးများနဲ့အတူ ကျွန်တော့်လက်ထဲက ဦးထုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့မိသည်။
Honey......။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
A/n- ရေးထားတာ ဖတ်ရတာအဆင်ပြေရဲ့လားမသိဘူး😁 actionဆိုတော့ 😄 fb please 🙏🙏 Thank you all❤❤❤