Meaning of Heather

By mhuu99

24.5K 2.2K 116

(This fic is written both in Unicode and in Zawgyi) Jaehyun ::::::: သူဘာတွေပဲဖြစ်ဖြစ် ၊ ဘာတွေပဲပြောပြော ကျနေ... More

Meaning of Heather Ch-1
Meaning of Heather Ch-2
Meaning of Heather Ch-3
Meaning of Heather Ch-4
Meaning of Heather Ch-5
Meaning of Heather Ch-6
Meaning of Heather Ch-7
Meaning of Heather Ch-8
Meaning of Heather Ch-9
Meaning of Heather Ch-10
Meaning of Heather Ch-12
Meaning of Heather Ch-13
Meaning of Heather Ch-14
Meaning of Heather Ch-15
Meaning of Heather Ch-16
Meaning of Heather Ch-17
Meaning of Heather Ch-18
Meaning of Heather Ch-19
Meaning of Heather Ch-20
Meaning of Heather Ch-21
Meaning of Heather Ch-22
Meaning of Heather Ch-23
Meaning of Heather Ch-24
Meaning of Heather Ch-25
Meaning of Heather Ch-26
Meaning of Heather Ch-27
Meaning of Heather Ch-28(Final Part)

Meaning of heather Ch-11

777 79 11
By mhuu99

Unicode

(zawgyi below)

Ten's POV

• flashback

"hello Lami ဒီည မင်း TY ဆိုင်နားမှာခဏနေပေး"

"wae?"

"ဒီညက တိုက်ဆိုင်မှုတွေရှိနေမယ်ထင်လို့"

"ok"

နေ့လည်ကတည်းကကြိုမှာထားတဲ့ Lami က ကျနော့်ဆီညရောက်တော့ sms တစ်စောင်ပို့လာတယ်

ကျနော် sms ဖတ်ပြီးဖုန်းချလိုက်ပြီးတော့ နောက်ဖေးခန်းကနေ Taeyong ထွက်လာတယ်

"Ten အဆင်သင့်ဖြစ်ရင်သွားတော့မယ်"

"အင်း လာလေ သွားရအောင်"

ကျနော်တို့ ၂ယောက်အတူတူလှေကားဆင်းပြီးတော့ လမ်းထိပ်မှာရပ်ထားတဲ့ ကားဆီသွားဖို့ပြင်လိုက်တယ်

လှေကားနဲ့မျက်နှာချင်းဆိုင်အမှောင်ရိပ်မှာ all black ဝတ်ပြီးကိုယ်ဖျောက်ထားတဲ့ Lami ကိုတွေ့လိုက်ရတော့ကျနော်ပိုပြီးစိတ်ချသွားတယ်။

ကျနော့်လက်မှာဝတ်ထားတဲ့ လက်အိတ်တွေကိုချွတ်လိုက်ပြီး Taeyong ရဲ့လက်မှာကျနော်ဝတ်ပေးလိုက်တယ်

"မင်းလက်တွေအေးနေမှာပေါ့"

"ငါကကိစ္စမရှိဘူး မင်းမအေးဖို့ပိုအရေးကြီးတယ်"

သူ့ကိုဦးစားပေးပြီးဂရုစိုက်လိုက်လို့ပြုံးသွားတဲ့သူ့နှုတ်ခမ်းနဲ့ပြိုင်တူ သူ့အကြည့်တွေကကျနော့်အကြည့်တွေနဲ့ချိတ်ဆက်လာတယ်

"လာ သွားမယ်"

ခြေလှမ်း ၁၀ လှမ်းတောင်မပြည့်သေးတဲ့အချိန်ကျနော်ကြိုခန့်မှန်းထားမိတဲ့အတိုင်း ဟိုကလေးလာတာနဲ့ထိပ်တိုက်တိုးလာတယ်

"Hyung!"

Taeyong ကိုလှမ်းခေါ်လိုက်တဲ့သူ့ဆီကနာမ်စားကိုကျနော်မကြိုက်လိုက်တာ

"Jaehyun မင်းဘယ်လိုတွေဖြစ်နေတာလဲ? ဒါဘာအချိုးချိုးတာလဲ"

"Hyung ကိုကျနော်သူနဲ့ရှိမနေစေချင်လို့"

သူ့ရဲ့မအောင့်ထားနိုင်တဲ့ဝန်ခံမှုကကျနော့်ရင်ဘတ်ကိုလာရိုက်ခတ်စေတယ်

Taeyong နဲ့စကားအချေအတင်ပြောပြီးတဲ့နောက်မှာ

Taeyong လက်ကိုကျနော်ဆွဲပြီးထွက်လာခဲ့ပြီး Jaehyun ကိုအနောက်မှာထားခဲ့လိုက်တယ်

ကျနော်နဲ့ Taeyong ဓာတ်ပုံပြပွဲရောက်သွားတဲ့အချိန်...

Lami ဆီက ဖုန်း call တစ်ခုဝင်လာလို့ ကျနော် Taeyong ကိုဖုန်းပြောဖို့ခွင့်တောင်းလိုက်တယ်

"ရှင့်လူက မူးပြီးမှောက်ဖို့များနေပြီနဲ့တူတယ် ရှင်တို့ထွက်သွားပြီး ခဏကြာတော့ဆိုင်ပေါ်ကနေပြန်ဆင်းလာတယ် ပြန်လာတော့ ပုလင်းတွေရော ဗူးတွေရောအလီလီနဲ့"

Lami စကားကြားလိုက်တော့ကျနော်ပိုပြီးကျေနပ်မှုကိုရလိုက်တယ်

မကြာခင်ကပြောလိုက်တဲ့ Taeyong နားမှာကျနော့်ကိုမရှိစေချင်တဲ့ သူ့ကိုကျနော်ကပိုပြီး Taeyong နားကနေမောင်းထုတ်ချင်ခဲ့တာ မြန်ရင်မြန်သလိုပထုတ်ချင်နေခဲ့လို့ကျနော်ဒီညရဲ့အခွင့်အရေးကိုလက်လွတ်မခံနိုင်ခဲ့ဘူး

"Lami လုပ်ဇာတ်လေးခင်းပြီး သူကနင့်ကိုမှားသလိုပုံစံမျိုးလုပ်ပေး"

"ဘာာ??? ဘယ်လို?? အဲ့ဒါတော့မဖြစ်နိုင်ဘူး တကယ်ဘာမှမဖြစ်ရင်တောင်မှ ကျွန်မမှာရည်ရွယ်ထားတဲ့ကျွန်မချစ်သူရှိတယ်"

"မင်းချစ်သူနဲ့မကွဲစေရဘူး နောက်ပိုင်းကိစ္စတွေငါတာဝန်ယူတယ်"

Ten's POV End

•flashback end

**************

Jaehyun's POV

မနေ့ညက Taeyong ကျနော့်အိမ်ကိုပြန်မလာဘူး

သူကျနော်နဲ့ပတ်သက်သမျှဆက်သွယ်မှုတွေကိုစတင်ဖြတ်တောက်နေပြီ

ဆောင်းတွင်းကာလမို့လို့ နေထွက်ချိန်၁၀ နာရီတောင်မှအအေးဓာတ်ကို နေရောင်ခြည်ကဖြိုခွင်းနိုင်စွမ်းမရှိ။ ဆောင်းလေအေးကိုတစ်ဝရှိုက်ရှူလိုက်တဲ့အချိန်မှာလတ်ဆတ်မဥကိုခံစားလိုက်ရတယ်

ကျနော် သဘာဝတရားရဲ့အေးချမ်းမှုကိုလျစ်လျူရှုထားတာအတော်ကြာခဲ့ပြီပဲ

လူမှန်းမသိတတ်တဲ့အရွယ်ကတည်းက ၊ Taeyong ကိုချစ်မိခဲ့တဲ့အရွယ်ကတည်းက..

သူကျနော့်ကိိုခွဲမသွားဘူးလို့ကတိပေးခဲ့တဲ့အချိန်က သာဓကလေးတစ်ခုဖြစ်တဲ့ လမင်းရဲ့အေးမြရိပ်ကိုသာ ကမ္ဘာပေါ်မှာအလှဆုံးလို့ထင်ခဲ့တာ

ဆောင်းရာသီရဲ့အေးမြမှုကြောင့်ကျနော် coffee နွေးနွေးလေးကိုတောင့်တမိခဲ့လို့ အနီးဆုံး cafe ကိုကျနော်ဝင်ဖို့ဆုံးဖြတ်လိုက်တယ်

ဒါပေမယ့် အထူးခြားဆုံးမြင်ကွင်းတစ်ခုကကျနော့်ကိုရပ်တန့်လိုက်တယ်

ဆိုင်ထဲက Ten နဲ့ Lami တို့၂ယောက်စကားလက်ဆုံပြောနေတဲ့မြင်ကွင်း

သေချာသွားခဲ့ပြီ....

သူတို့ပူးပေါင်းကြံစည်ခဲ့တာတွေ

အားလုံးက Ten လက်ချက်တွေ

အခုအချိန်မှာ Taeyong ရှိနေနိုင်တဲ့နေရာဟာ သူ့ရဲ့ဓာတ်ပုံဆိုင်တိုက်ခန်းတစ်နေရာတည်းပဲဖြစ်မှာ...

ဖြစ်ရပ်မှန်ကိုဖော်ပြီးပြောချင်စိတ်တွေများလွန်းနေလို့ကျနော် သူ့ရဲ့ဆိုင်ကိုသာဦးတည်ပြေးလွှားနေမိတယ်။

ကျနော်မမှားခဲ့တဲ့ စွပ်စွဲအမှားတစ်ခုကြောင့်နဲ့တော့ ကျနော်ချစ်ရတဲ့လူကိုမစွန့်လွှတ်နိုင်ဘူး

အတွန်းချခံလိုက်ရတဲ့ချောက်ထဲကနေ ကျနော်ချစ်ရတဲ့လူနားကိုရောက်အောင်ပြန်သွားမယ် စိတ်အားထက်သန်လွန်းနေတော့ သူ့ဆိုင်ကိုရောက်မှန်းမသိရောက်လာခဲ့တယ်

"Hyung!"

ဒေါသမီးတွေစီးဝင်နေတဲ့သူ့ရဲ့ရန်တွေ့မှု ကြမ်းတမ်းမှုတွေကိုရင်ဆိုင်ရမယ်ဆိုတာကိုသိနေပေမယ့်လည်း ကျနော် အရဲစွန့်ပြီးသွားခဲ့တယ်

"မင်းဘာလာလုပ်တာလဲ?"

"Hyung! ကျနော့်ကိုယုံကြည်ပေးပါ ကျနော် Lami ကိုလက်ဖျားနဲ့တောင်မတို့ခဲ့ဘူး"

"မင်းအရှေ့ကိုတိုးမလာနဲ့ ငါမင်းမျက်နှာကိုလုံးဝမမြင်ချင်ဘူး ဘာ့ကြောင့်မင်းငါ့ဆီကိုလာတာလဲ မင်းပြောသမျှကိုလည်းငါလက်မခံနိုင်ဘူး ငါ့မျက်စိရှေ့မှာတင်ငါကိုယ်တိုင်မြင်လိုက်ရတဲ့သက်သေတွေရှိနေတာတောင် မင်းဘာလို့ငါ့ကိုငြင်းချင်နေရတာလဲ?"

"သက်သေ? ကျနော်မူးနေတဲ့ပုံစံ ၊ ပုလင်းခွံတွေနဲ့ကျနော်နဲ့မလှမ်းမကမ်းမှာရှိနေတဲ့ Lami ရဲ့အပေါ်ရုံဝတ်ရုံ ၊ ငိုပြီးထွက်သွားတဲ့ Lami အဲ့ဒါတွေကိုသက်သေလို့ Hyung ကပြောနေတာလား? လုပ်ကြံသက်သေတွေနဲ့ကျနော့်ကို ရွံစရာယောကျ်ားတစ်ယောက်အဖြစ် Hyung သတ်မှတ်နေတာလား?"

"ငါ့မျက်စိနဲ့မြင်ခဲ့တာတွေအကုန်လုံးက သက်သေတွေချည်းပဲ မင်းကိုယ်မင်းလိမ်လို့ရမယ် ဒါပေမယ့်ငါ့မျက်လုံးနဲ့ သက်သေတွေကိုမင်းလိမ်လို့မရဘူး"

"ဟုတ်တယ် အဲ့ဒါတွေကသက်သေတွေပဲ ဒါပေမယ့်လုပ်ဇာတ်သက်သေတွေ"

"ဘာ?"

"Ten နဲ့ Lami တို့ပေါင်းပြီးကျနော့်ကိုချောက်ချတာ Hyung ! Hyung ကပါ သူတို့ရဲ့လုပ်ဇာတ်ကိုစိတ်ဝင်စားသွားတဲ့ပရိသတ်ဖြစ်နေလို့မရဘူးလေ"

"Jaehyunnnnn!!! မင်းစကားတွေအရမ်းလွန်လာပြီ ကိုယ်မှားခဲ့တဲ့မိန်းကလေးတစ်ယောက်ကိုတာဝန်မယူနိုင်တာနဲ့ပဲ အနီးစပ်ဆုံးမှာရှိနေတဲ့လူတွေကို ကိုယ့်အပြစ်ကိုသူ့အပြစ်ဖြစ်အောင်လုပ်နေတာလား မင်းကအရမ်းရွံဖို့ကောင်းတဲ့လူပဲ"

ကျနော်ရှင်းပြနေတာတောင် အထင်လွဲပြီး မောင်းထုတ်နေရလောက်အောင် သူ့စိတ်ထဲမှာနဂိုကတည်းက ကျနော့်ကိုမုန်းတီးပြီးယုံကြည်မှုမရှိခဲ့ရတာလဲ? ကျနော့်အပေါ်မှာပုံအပ်ထားတဲ့သူ့ယုံကြည်မှုတွေကို Ten ကိုလွှဲပြောင်းပေးခဲ့တာလား? ကိုယ်ချစ်ရသူရဲ့ယုံကြည်မှုကကိုယ့်ရဲ့အသက်ပဲမဟုတ်လား? ကျနော့်အသက်ကိုသူမေ့ပစ်လိုက်တာ!!

"Hyung! ကျနော့်ကိုယုံပေးပါ Hyung ပဲကျနော့်ကိုငယ်ငယ်လေးကတည်းကထိန်းကျောင်းလာခဲ့တာမဟုတ်လား အမေဆိုတာကျနော့်ကိုလောကထဲခေါ်လာတဲ့သူဆိုရင် Hyung ကကျနော့်ကိုကမ႓ာသစ်တစ်ခုထဲခေါ်လာတဲ့သူပဲလေ ကျနော့်အကြောင်းလည်း Hyung သိနေတာပဲလေ"

"ဟုတ်တယ် ငါမင်းအကြောင်းအကုန်သိတယ် မင်းကဖြူစင်လွန်းတဲ့ကလေးတစ်ယောက် ဒါပေမယ့် မင်းငါ့အပေါ်ထူးဆန်းတဲ့ခံစားချက်တွေရှိလာပြီးကတည်းက မင်းကငါသိထားတဲ့လူတစ်ယောက်မဟုတ်တော့ဘူး"

"Hyung! Hyung ကျနော့်ကိုလူတစ်ယောက်မှာရှိသင့်တဲ့အခွင့်အရေးတွေကိုပိတ်ပင်နေတာလား? Hyung ကိုချစ်လို့ကျနော်ကမဖြူစင်တော့တာလို့ပြောချင်တာလား? ကျနော်တခြားသူကိုချစ်မိခဲ့ရင်ရော? ဘာပဲဖြစ်ဖြစ်အချစ်ကအချစ်ပဲလေ ဘာ့ကြောင့်ကျနော့်ခံစားချက်ကို

"ဒီလောက်နဲ့ပဲမင်းငါ့ဆိုင်ထဲကထွက်သွားလိုက်တော့ မင်းကိုတွေ့ရင်အရင်တုန်းကစိတ်ချမ်းသာရပေမယ့် အခုတော့မျက်နှာမြင်ရရုံနဲ့ကိုဒေါသထွက်ရလို့"

"Hyung!! ဘာ့ကြောင့် Ten ကိုပဲယုံပြီးကျနော့်ကိုမယုံရတာလဲ?"

"မင်းပါးစပ်က Ten ဆိုတာမပြောစမ်းနဲ့ကွာ ငါချစ်တဲ့လူနာမည်ကို ကိုယ်ကျင့်တရားမကောင်းတဲ့လူကပြောနေတာမျိုးငါမလိုချင်ဘူး"

သူ့အတွက်ကျနော်ကအဲ့လောက်ထိတောင်ရွံဖို့ကောင်းသွားပြီလား

"Hyung!!! ကျေးဇူးပြုပြီး ကျနော့်ကိုနောက်ဆုံးဒီတခါပဲယုံပေးပါ"

ကျနော်ရပ်နေတဲ့နေရာကနေ သူ့ရှေ့ကိိုတိုးသွားလိုက်တယ်

"မင်းရှေ့တိုးမလာနဲ့ အခုထွက်သွားပါ မင်းထွက်မသွားရင်ငါပိုင်နက်ကျူးလွန်မှုနဲ့ရဲခေါ်ရလိမ့်မယ်"

ကျနော့်ကိုခါးခါးသီးဖြစ်နေတဲ့သူကကျနော့်ရင်ဝကိုမြှားနဲ့ပစ်ခွင်းလိုက်တယ်

"အင်းပါ Hyung ကကျနော့်ကိုအဲ့လောက်ခါးသီးနေမှတော့ ကျနော်သွားပါ့မယ် ကျနော်မောင်းထုတ်တာတော့မခံချင်ဘူး ဒါလေးတော့လက်ခံပေးပါ"

ကျောပိုးအိတ်ထဲကထွက်လာတဲ့ ကျနော်တကူးတက လက်နဲ့ထိုးထားတဲ့ သိုးမွေးလည်စီးလေး

ကျနော့်လက်ထဲကနူးညံ့တဲ့လည်စီးလေးက ဆတ်ခနဲဆွဲယူလိုက်တဲ့လက်တစ်စုံထဲရောက်သွားတယ်

နောက်ပြီးအဲ့လက်တစ်စုံရဲ့ပစ်ပေါက်လိုက်တဲ့အရှိန်နဲ့ကြမ်းပြင်ပေါ်မှာမြေခသွားတယ်

"မင်းပေးတာငါဘာမှမလိုချင်ဘူးးး"

ကြမ်းပြင်ပေါ်မှာလဲလျောင်းနေတဲ့ သိုးမွေးလည်စီးလေးကိုကျနော်ကောက်ယူလိုက်ပြီး တိတ်ဆိတ်စွာနဲ့ပဲဆိုင်ထဲကထွက်လာလိုက်တယ်

လှေကားအောက်ရောက်တော့ နံရံကိုကျနော်အားကိုးအားထားတစ်ခုအနေနဲ့မှီလိုက်တယ်

"ချစ်တယ်"

လေးနက်မှုမရှိပေမယ့် ခံစားချက်တွေပြည့်နေတဲ့ရင်ထဲကစကားကအခုချိန်ထိထွက်လာတုန်း

အားကိုးမရှိဘဲကျနော်တစ်ယောက်တည်း အမိဝမ်းကကျွတ်လာပြီးခါမှ သူ့ကိုရူးမတတ်ချစ်မိခဲ့ပြီးသူအနားမှာတွယ်ကပ်ချင်နေတာမျိုးက... အစမရှိသလိုအဆုံးလည်းမရှိခဲ့ဘူး

ကိုယ်ပိုင်မာနနဲ့ရပ်တည်နေပေမယ့်လည်း သူ့ကိုချစ်လွန်းလို့ မာနကိုသူ့ခြေထောက်အောက်မှာ နူးညံ့တဲ့ကော်ဇော်အဖြစ်ခင်းချလိုက်ရတာမျိုးတွေက ဒီတစ်သက်မှာပေးဆပ်လို့ကုန်မှာမဟူတ်ဘူး

သံရည်ကြိုလိုက်တဲ့အရည်ပူပူတို့က နှလုံးသားကိုလောင်းချလိုက်တဲ့အချိန် နူးညံ့လွန်းတဲ့သိုးမွေးလည်စီးလေးလည်း တန်ဖိုးမရှိတော့တဲ့ အဝတ်စတစ်ခုဖြစ်သွားခဲ့တယ်

Jaehyun's POV End

#######

တစ်ရက်တည်းနဲ့ ၂ ပိုင်းတင်ပေးတယ်နော် 😘


zawgyi

Ten's POV

• flashback

"hello Lami ဒီည မင္း TY ဆိုင္နားမွာခဏေနေပး"

"wae?"

"ဒီညက တိုက္ဆိုင္မႈေတြရွိေနမယ္ထင္လို႔"

"ok"

ေန႔လည္ကတည္းကႀကိဳမွာထားတဲ့ Lami က က်ေနာ့္ဆီညေရာက္ေတာ့ sms တစ္ေစာင္ပို႔လာတယ္

က်ေနာ္ sms ဖတ္ၿပီးဖုန္းခ်လိုက္ၿပီးေတာ့ ေနာက္ေဖးခန္းကေန Taeyong ထြက္လာတယ္

"Ten အဆင္သင့္ျဖစ္ရင္သြားေတာ့မယ္"

"အင္း လာေလ သြားရေအာင္"

က်ေနာ္တို႔ ၂ေယာက္အတူတူေလွကားဆင္းၿပီးေတာ့ လမ္းထိပ္မွာရပ္ထားတဲ့ ကားဆီသြားဖို႔ျပင္လိုက္တယ္

ေလွကားနဲ႔မ်က္ႏွာခ်င္းဆိုင္အေမွာင္ရိပ္မွာ all black ဝတ္ၿပီးကိုယ္ေဖ်ာက္ထားတဲ့ Lami ကိုေတြ႕လိုက္ရေတာ့က်ေနာ္ပိုၿပီးစိတ္ခ်သြားတယ္။

က်ေနာ့္လက္မွာဝတ္ထားတဲ့ လက္အိတ္ေတြကိုခြၽတ္လိုက္ၿပီး Taeyong ရဲ႕လက္မွာက်ေနာ္ဝတ္ေပးလိုက္တယ္

"မင္းလက္ေတြေအးေနမွာေပါ့"

"ငါကကိစၥမရွိဘူး မင္းမေအးဖို႔ပိုအေရးႀကီးတယ္"

သူ႔ကိုဦးစားေပးၿပီးဂ႐ုစိုက္လိုက္လို႔ၿပဳံးသြားတဲ့သူ႔ႏႈတ္ခမ္းနဲ႔ၿပိဳင္တူ သူ႔အၾကည့္ေတြကက်ေနာ့္အၾကည့္ေတြနဲ႔ခ်ိတ္ဆက္လာတယ္

"လာ သြားမယ္"

ေျခလွမ္း ၁၀ လွမ္းေတာင္မျပည့္ေသးတဲ့အခ်ိန္က်ေနာ္ႀကိဳခန႔္မွန္းထားမိတဲ့အတိုင္း ဟိုကေလးလာတာနဲ႔ထိပ္တိုက္တိုးလာတယ္

"Hyung!"

Taeyong ကိုလွမ္းေခၚလိုက္တဲ့သူ႔ဆီကနာမ္စားကိုက်ေနာ္မႀကိဳက္လိုက္တာ

"Jaehyun မင္းဘယ္လိုေတြျဖစ္ေနတာလဲ? ဒါဘာအခ်ိဳးခ်ိဳးတာလဲ"

"Hyung ကိုက်ေနာ္သူနဲ႔ရွိမေနေစခ်င္လို႔"

သူ႔ရဲ႕မေအာင့္ထားႏိုင္တဲ့ဝန္ခံမႈကက်ေနာ့္ရင္ဘတ္ကိုလာ႐ိုက္ခတ္ေစတယ္

Taeyong နဲ႔စကားအေခ်အတင္ေျပာၿပီးတဲ့ေနာက္မွာ

Taeyong လက္ကိုက်ေနာ္ဆြဲၿပီးထြက္လာခဲ့ၿပီး Jaehyun ကိုအေနာက္မွာထားခဲ့လိုက္တယ္

က်ေနာ္နဲ႔ Taeyong ဓာတ္ပုံျပပြဲေရာက္သြားတဲ့အခ်ိန္...

Lami ဆီက ဖုန္း call တစ္ခုဝင္လာလို႔ က်ေနာ္ Taeyong ကိုဖုန္းေျပာဖို႔ခြင့္ေတာင္းလိုက္တယ္

"ရွင့္လူက မူးၿပီးေမွာက္ဖို႔မ်ားေနၿပီနဲ႔တူတယ္ ရွင္တို႔ထြက္သြားၿပီး ခဏၾကာေတာ့ဆိုင္ေပၚကေနျပန္ဆင္းလာတယ္ ျပန္လာေတာ့ ပုလင္းေတြေရာ ဗူးေတြေရာအလီလီနဲ႔"

Lami စကားၾကားလိုက္ေတာ့က်ေနာ္ပိုၿပီးေက်နပ္မႈကိုရလိုက္တယ္

မၾကာခင္ကေျပာလိုက္တဲ့ Taeyong နားမွာက်ေနာ့္ကိုမရွိေစခ်င္တဲ့ သူ႔ကိုက်ေနာ္ကပိုၿပီး Taeyong နားကေနေမာင္းထုတ္ခ်င္ခဲ့တာ ျမန္ရင္ျမန္သလိုပထုတ္ခ်င္ေနခဲ့လို႔က်ေနာ္ဒီညရဲ႕အခြင့္အေရးကိုလက္လြတ္မခံႏိုင္ခဲ့ဘူး

"Lami လုပ္ဇာတ္ေလးခင္းၿပီး သူကနင့္ကိုမွားသလိုပုံစံမ်ိဳးလုပ္ေပး"

"ဘာာ??? ဘယ္လို?? အဲ့ဒါေတာ့မျဖစ္ႏိုင္ဘူး တကယ္ဘာမွမျဖစ္ရင္ေတာင္မွ ကြၽန္မမွာရည္႐ြယ္ထားတဲ့ကြၽန္မခ်စ္သူရွိတယ္"

"မင္းခ်စ္သူနဲ႔မကြဲေစရဘူး ေနာက္ပိုင္းကိစၥေတြငါတာဝန္ယူတယ္"

Ten's POV End

•flashback end

**************

Jaehyun's POV

မေန႔ညက Taeyong က်ေနာ့္အိမ္ကိုျပန္မလာဘူး

သူက်ေနာ္နဲ႔ပတ္သက္သမွ်ဆက္သြယ္မႈေတြကိုစတင္ျဖတ္ေတာက္ေနၿပီ

ေဆာင္းတြင္းကာလမို႔လို႔ ေနထြက္ခ်ိန္၁၀ နာရီေတာင္မွအေအးဓာတ္ကို ေနေရာင္ျခည္ကၿဖိဳခြင္းႏိုင္စြမ္းမရွိ။ ေဆာင္းေလေအးကိုတစ္ဝရႈိက္ရွဴလိုက္တဲ့အခ်ိန္မွာလတ္ဆတ္မဥကိုခံစားလိုက္ရတယ္

က်ေနာ္ သဘာဝတရားရဲ႕ေအးခ်မ္းမႈကိုလ်စ္လ်ဴရႈထားတာအေတာ္ၾကာခဲ့ၿပီပဲ

လူမွန္းမသိတတ္တဲ့အ႐ြယ္ကတည္းက ၊ Taeyong ကိုခ်စ္မိခဲ့တဲ့အ႐ြယ္ကတည္းက..

သူက်ေနာ့္ကိိုခြဲမသြားဘူးလို႔ကတိေပးခဲ့တဲ့အခ်ိန္က သာဓကေလးတစ္ခုျဖစ္တဲ့ လမင္းရဲ႕ေအးျမရိပ္ကိုသာ ကမာၻေပၚမွာအလွဆုံးလို႔ထင္ခဲ့တာ

ေဆာင္းရာသီရဲ႕ေအးျမမႈေၾကာင့္က်ေနာ္ coffee ေႏြးေႏြးေလးကိုေတာင့္တမိခဲ့လို႔ အနီးဆုံး cafe ကိုက်ေနာ္ဝင္ဖို႔ဆုံးျဖတ္လိုက္တယ္

ဒါေပမယ့္ အထူးျခားဆုံးျမင္ကြင္းတစ္ခုကက်ေနာ့္ကိုရပ္တန႔္လိုက္တယ္

ဆိုင္ထဲက Ten နဲ႔ Lami တို႔၂ေယာက္စကားလက္ဆုံေျပာေနတဲ့ျမင္ကြင္း

ေသခ်ာသြားခဲ့ၿပီ....

သူတို႔ပူးေပါင္းႀကံစည္ခဲ့တာေတြ

အားလုံးက Ten လက္ခ်က္ေတြ

အခုအခ်ိန္မွာ Taeyong ရွိေနႏိုင္တဲ့ေနရာဟာ သူ႔ရဲ႕ဓာတ္ပုံဆိုင္တိုက္ခန္းတစ္ေနရာတည္းပဲျဖစ္မွာ...

ျဖစ္ရပ္မွန္ကိုေဖာ္ၿပီးေျပာခ်င္စိတ္ေတြမ်ားလြန္းေနလို႔က်ေနာ္ သူ႔ရဲ႕ဆိုင္ကိုသာဦးတည္ေျပးလႊားေနမိတယ္။

က်ေနာ္မမွားခဲ့တဲ့ စြပ္စြဲအမွားတစ္ခုေၾကာင့္နဲ႔ေတာ့ က်ေနာ္ခ်စ္ရတဲ့လူကိုမစြန႔္လႊတ္ႏိုင္ဘူး

အတြန္းခ်ခံလိုက္ရတဲ့ေခ်ာက္ထဲကေန က်ေနာ္ခ်စ္ရတဲ့လူနားကိုေရာက္ေအာင္ျပန္သြားမယ္ စိတ္အားထက္သန္လြန္းေနေတာ့ သူ႔ဆိုင္ကိုေရာက္မွန္းမသိေရာက္လာခဲ့တယ္

"Hyung!"

ေဒါသမီးေတြစီးဝင္ေနတဲ့သူ႔ရဲ႕ရန္ေတြ႕မႈ ၾကမ္းတမ္းမႈေတြကိုရင္ဆိုင္ရမယ္ဆိုတာကိုသိေနေပမယ့္လည္း က်ေနာ္ အရဲစြန႔္ၿပီးသြားခဲ့တယ္

"မင္းဘာလာလုပ္တာလဲ?"

"Hyung! က်ေနာ့္ကိုယုံၾကည္ေပးပါ က်ေနာ္ Lami ကိုလက္ဖ်ားနဲ႔ေတာင္မတို႔ခဲ့ဘူး"

"မင္းအေရွ႕ကိုတိုးမလာနဲ႔ ငါမင္းမ်က္ႏွာကိုလုံးဝမျမင္ခ်င္ဘူး ဘာ့ေၾကာင့္မင္းငါ့ဆီကိုလာတာလဲ မင္းေျပာသမွ်ကိုလည္းငါလက္မခံႏိုင္ဘူး ငါ့မ်က္စိေရွ႕မွာတင္ငါကိုယ္တိုင္ျမင္လိုက္ရတဲ့သက္ေသေတြရွိေနတာေတာင္ မင္းဘာလို႔ငါ့ကိုျငင္းခ်င္ေနရတာလဲ?"

"သက္ေသ? က်ေနာ္မူးေနတဲ့ပုံစံ ၊ ပုလင္းခြံေတြနဲ႔က်ေနာ္နဲ႔မလွမ္းမကမ္းမွာရွိေနတဲ့ Lami ရဲ႕အေပၚ႐ုံဝတ္႐ုံ ၊ ငိုၿပီးထြက္သြားတဲ့ Lami အဲ့ဒါေတြကိုသက္ေသလို႔ Hyung ကေျပာေနတာလား? လုပ္ႀကံသက္ေသေတြနဲ႔က်ေနာ့္ကို ႐ြံစရာေယာက်္ားတစ္ေယာက္အျဖစ္ Hyung သတ္မွတ္ေနတာလား?"

"ငါ့မ်က္စိနဲ႔ျမင္ခဲ့တာေတြအကုန္လုံးက သက္ေသေတြခ်ည္းပဲ မင္းကိုယ္မင္းလိမ္လို႔ရမယ္ ဒါေပမယ့္ငါ့မ်က္လုံးနဲ႔ သက္ေသေတြကိုမင္းလိမ္လို႔မရဘူး"

"ဟုတ္တယ္ အဲ့ဒါေတြကသက္ေသေတြပဲ ဒါေပမယ့္လုပ္ဇာတ္သက္ေသေတြ"

"ဘာ?"

"Ten နဲ႔ Lami တို႔ေပါင္းၿပီးက်ေနာ့္ကိုေခ်ာက္ခ်တာ Hyung ! Hyung ကပါ သူတို႔ရဲ႕လုပ္ဇာတ္ကိုစိတ္ဝင္စားသြားတဲ့ပရိသတ္ျဖစ္ေနလို႔မရဘူးေလ"

"Jaehyunnnnn!!! မင္းစကားေတြအရမ္းလြန္လာၿပီ ကိုယ္မွားခဲ့တဲ့မိန္းကေလးတစ္ေယာက္ကိုတာဝန္မယူႏိုင္တာနဲ႔ပဲ အနီးစပ္ဆုံးမွာရွိေနတဲ့လူေတြကို ကိုယ့္အျပစ္ကိုသူ႔အျပစ္ျဖစ္ေအာင္လုပ္ေနတာလား မင္းကအရမ္း႐ြံဖို႔ေကာင္းတဲ့လူပဲ"

က်ေနာ္ရွင္းျပေနတာေတာင္ အထင္လြဲၿပီး ေမာင္းထုတ္ေနရေလာက္ေအာင္ သူ႔စိတ္ထဲမွာနဂိုကတည္းက က်ေနာ့္ကိုမုန္းတီးၿပီးယုံၾကည္မႈမရွိခဲ့ရတာလဲ? က်ေနာ့္အေပၚမွာပုံအပ္ထားတဲ့သူ႔ယုံၾကည္မႈေတြကို Ten ကိုလႊဲေျပာင္းေပးခဲ့တာလား? ကိုယ္ခ်စ္ရသူရဲ႕ယုံၾကည္မႈကကိုယ့္ရဲ႕အသက္ပဲမဟုတ္လား? က်ေနာ့္အသက္ကိုသူေမ့ပစ္လိုက္တာ!!

"Hyung! က်ေနာ့္ကိုယုံေပးပါ Hyung ပဲက်ေနာ့္ကိုငယ္ငယ္ေလးကတည္းကထိန္းေက်ာင္းလာခဲ့တာမဟုတ္လား အေမဆိုတာက်ေနာ့္ကိုေလာကထဲေခၚလာတဲ့သူဆိုရင္ Hyung ကက်ေနာ့္ကိုကမ႓ာသစ္တစ္ခုထဲေခၚလာတဲ့သူပဲေလ က်ေနာ့္အေၾကာင္းလည္း Hyung သိေနတာပဲေလ"

"ဟုတ္တယ္ ငါမင္းအေၾကာင္းအကုန္သိတယ္ မင္းကျဖဴစင္လြန္းတဲ့ကေလးတစ္ေယာက္ ဒါေပမယ့္ မင္းငါ့အေပၚထူးဆန္းတဲ့ခံစားခ်က္ေတြရွိလာၿပီးကတည္းက မင္းကငါသိထားတဲ့လူတစ္ေယာက္မဟုတ္ေတာ့ဘူး"

"Hyung! Hyung က်ေနာ့္ကိုလူတစ္ေယာက္မွာရွိသင့္တဲ့အခြင့္အေရးေတြကိုပိတ္ပင္ေနတာလား? Hyung ကိုခ်စ္လို႔က်ေနာ္ကမျဖဴစင္ေတာ့တာလို႔ေျပာခ်င္တာလား? က်ေနာ္တျခားသူကိုခ်စ္မိခဲ့ရင္ေရာ? ဘာပဲျဖစ္ျဖစ္အခ်စ္ကအခ်စ္ပဲေလ ဘာ့ေၾကာင့္က်ေနာ့္ခံစားခ်က္ကို

"ဒီေလာက္နဲ႔ပဲမင္းငါ့ဆိုင္ထဲကထြက္သြားလိုက္ေတာ့ မင္းကိုေတြ႕ရင္အရင္တုန္းကစိတ္ခ်မ္းသာရေပမယ့္ အခုေတာ့မ်က္ႏွာျမင္ရ႐ုံနဲ႔ကိုေဒါသထြက္ရလို႔"

"Hyung!! ဘာ့ေၾကာင့္ Ten ကိုပဲယုံၿပီးက်ေနာ့္ကိုမယုံရတာလဲ?"

"မင္းပါးစပ္က Ten ဆိုတာမေျပာစမ္းနဲ႔ကြာ ငါခ်စ္တဲ့လူနာမည္ကို ကိုယ္က်င့္တရားမေကာင္းတဲ့လူကေျပာေနတာမ်ိဳးငါမလိုခ်င္ဘူး"

သူ႔အတြက္က်ေနာ္ကအဲ့ေလာက္ထိေတာင္႐ြံဖို႔ေကာင္းသြားၿပီလား

"Hyung!!! ေက်းဇူးျပဳၿပီး က်ေနာ့္ကိုေနာက္ဆုံးဒီတခါပဲယုံေပးပါ"

က်ေနာ္ရပ္ေနတဲ့ေနရာကေန သူ႔ေရွ႕ကိိုတိုးသြားလိုက္တယ္

"မင္းေရွ႕တိုးမလာနဲ႔ အခုထြက္သြားပါ မင္းထြက္မသြားရင္ငါပိုင္နက္က်ဴးလြန္မႈနဲ႔ရဲေခၚရလိမ့္မယ္"

က်ေနာ့္ကိုခါးခါးသီးျဖစ္ေနတဲ့သူကက်ေနာ့္ရင္ဝကိုျမႇားနဲ႔ပစ္ခြင္းလိုက္တယ္

"အင္းပါ Hyung ကက်ေနာ့္ကိုအဲ့ေလာက္ခါးသီးေနမွေတာ့ က်ေနာ္သြားပါ့မယ္ က်ေနာ္ေမာင္းထုတ္တာေတာ့မခံခ်င္ဘူး ဒါေလးေတာ့လက္ခံေပးပါ"

ေက်ာပိုးအိတ္ထဲကထြက္လာတဲ့ က်ေနာ္တကူးတက လက္နဲ႔ထိုးထားတဲ့ သိုးေမြးလည္စီးေလး

က်ေနာ့္လက္ထဲကႏူးညံ့တဲ့လည္စီးေလးက ဆတ္ခနဲဆြဲယူလိုက္တဲ့လက္တစ္စုံထဲေရာက္သြားတယ္

ေနာက္ၿပီးအဲ့လက္တစ္စုံရဲ႕ပစ္ေပါက္လိုက္တဲ့အရွိန္နဲ႔ၾကမ္းျပင္ေပၚမွာေျမခသြားတယ္

"မင္းေပးတာငါဘာမွမလိုခ်င္ဘူးးး"

ၾကမ္းျပင္ေပၚမွာလဲေလ်ာင္းေနတဲ့ သိုးေမြးလည္စီးေလးကိုက်ေနာ္ေကာက္ယူလိုက္ၿပီး တိတ္ဆိတ္စြာနဲ႔ပဲဆိုင္ထဲကထြက္လာလိုက္တယ္

ေလွကားေအာက္ေရာက္ေတာ့ နံရံကိုက်ေနာ္အားကိုးအားထားတစ္ခုအေနနဲ႔မွီလိုက္တယ္

"ခ်စ္တယ္"

ေလးနက္မႈမရွိေပမယ့္ ခံစားခ်က္ေတြျပည့္ေနတဲ့ရင္ထဲကစကားကအခုခ်ိန္ထိထြက္လာတုန္း

အားကိုးမရွိဘဲက်ေနာ္တစ္ေယာက္တည္း အမိဝမ္းကကြၽတ္လာၿပီးခါမွ သူ႔ကို႐ူးမတတ္ခ်စ္မိခဲ့ၿပီးသူအနားမွာတြယ္ကပ္ခ်င္ေနတာမ်ိဳးက... အစမရွိသလိုအဆုံးလည္းမရွိခဲ့ဘူး

ကိုယ္ပိုင္မာနနဲ႔ရပ္တည္ေနေပမယ့္လည္း သူ႔ကိုခ်စ္လြန္းလို႔ မာနကိုသူ႔ေျခေထာက္ေအာက္မွာ ႏူးညံ့တဲ့ေကာ္ေဇာ္အျဖစ္ခင္းခ်လိုက္ရတာမ်ိဳးေတြက ဒီတစ္သက္မွာေပးဆပ္လို႔ကုန္မွာမဟူတ္ဘူး

သံရည္ႀကိဳလိုက္တဲ့အရည္ပူပူတို႔က ႏွလုံးသားကိုေလာင္းခ်လိုက္တဲ့အခ်ိန္ ႏူးညံ့လြန္းတဲ့သိုးေမြးလည္စီးေလးလည္း တန္ဖိုးမရွိေတာ့တဲ့ အဝတ္စတစ္ခုျဖစ္သြားခဲ့တယ္

Jaehyun's POV End

#######

တစ္ရက္တည္းနဲ႔ ၂ ပိုင္းတင္ေပးတယ္ေနာ္ 😘

Continue Reading

You'll Also Like

97.1K 6.6K 28
Jk - လူဆိုးလေးကို လိမ်မာလာအောင် လုပ်ဖို့က ကို့တာဝန်ထားပါ Jin - ဘိုးတော် အရမ်းမပွားနဲ့ဗျာ နားငြီးလွန်းရင် ကျနော် သည်းမခံနိုင်ဘူးနော်
19.6K 972 22
sekai romance ​ေတာ္​​ေတာ္​​ေခ်တဲ့ ​ေသာက္​ခရပ္​႐ွ္​ ​ေသာက္​ျမင္​ကပ္​ကပ္​နဲ႔ဖက္​နမ္​းလိုက္​ရရင္​ ငါ​ေလးက လူဆိုးႀကီးဖစ္​ဦးတယ္​ ဟြန္​႔မသိဘူး စိတ္​ဆိုးတယ...
243K 16.7K 37
မင်းပျော်မှာသေချာလား? မင်းပျော်မှာ သေချာတယ်ဆိုရင် ငါ့နှလုံးသားတွေကွဲကြေပေးရလဲ ငါကျေနပ်တယ်
201K 4.8K 29
stiles stilinski had childhood trauma and signs of delusions and schizophrenia were seen in the boy. but as he got older everyone thought it went awa...