Soul Contract (The Twelfth Contract)
"သခင်ကြီး !!! အားရှီပြန်လာပြီ !! အားရှီပြန်လာပြီ"
ဟွာယုက သူ့ရဲ့ကြာဖတ်ထီးလေးကို မြှောက်ကာမြှောက်ကာနဲ့ ခုန်ပေါက်နေသည်။
ယင်ကြွယ်ကတော့ ဘာတွေဒေါပွနေတယ် မသိ … အသားစားနှစ်တစ်ထောင် မြေခွေးဘိုးအေကြီးက အနားက အပြစ်မဲ့တဲ့ အပင်ငယ်တွေ စိတ်ရှိလက်ရှိ ချိုးပြီး အလယ်ကနေကိုက်ဖဲ့ပစ်နေသည်။
(LolxD ဘိုးအေကြီးသူငယ်ပြန်စဉ်တစ်ခဏ)
"သခင်ကြီးယင်ကြွယ် … ဘာတွေ ဘဝင်မကျဖြစ်နေတာလဲ… ယန်ကျင်းဟွာကို မနာလိုနေတာလား"
"အဲ့ကောင်စုတ်လေး ပြဿနာအကြီးကြီးတစ်ခုကို ဖုံးထားတာ သေချာတယ် … ငါ့မျက်စိအောက်တင် ကြီးလာတဲ့ ကောင်စုတ်လေးပါကွာ …သေချာတယ် သူယန်ကျင်းဟွာကို တစ်ခါမမြင်ဖူးဘူး … ဘာလို့ သူစိမ်းကို Soul image လုပ်ခိုင်းပြီး အသည်းအသန်ကာကွယ်ပြနေရတာလဲ"
"သခင်ကြီး မနာလိုဖြစ်နေတာမလား"
ဟွာယုက သူ့သခင်ကြီးကို မျက်လုံးသေကြီးတွေနဲ့ စိုက်ကြည့်လိုက်သည်။
ယင်ကြွယ်ရဲ့မကျေနပ်ချက်က မနီးမဝေးမှာ ဖဲထိုင်ရိုက်နေသော မိစ္ဆာငယ်တစ်သိုက်ဆီသို့ မြားဦးလှည့်သွား၏။
"ဟိုဖဲသမားတစ်သိုက်!!"
"ဟုတ် သခင်ကြီး!!"
"ဆန်ကုန်မြေလေးတွေ ! သွား တမူအိမ်တော်ကို သွားပြီး Soul image ကို စိန်ခေါ်စမ်း"
ယင်ကြွယ်ရဲ့စကားကို ကြားတော့ ဟွာယုမှာ ပြာပြာသလဲ ကြားကဝင်တားရပြန်သည်။
"သခင်ကြီး !!! ရူးသွားတာလား!!အားရှီကို ကတိပေးထားတာ မေ့သွားပြီလား !! ပြဿနာရှာမှာ မကြောက်ဘူးလား"
"ငါလက်နဲ့ မထိဘူးလို့ပဲ ပြောခဲ့တာလေ… တခြားသူနဲ့ ထိခိုင်းတာ ဘာဖြစ်လဲ"
စိတ်ပျက်စွာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း ယင်ကြွယ်ကို သူ့ထီးနဲ့ချိန်လိုက် _
"တစ်ခုခုဖြစ်ရင် သမီးကို ဆွဲမထည့်နဲ့နော်"
"အေးပါ"
----
နောက်တစ်ရက် တမူအိမ်တော်မှာ အမှုထမ်းတွေအားလုံး ရုတ်ရုတ် ရုတ်ရုတ်နဲ့ အလုပ်ရှုပ်နေကြသည်။ ယန်ကျင်းဟွာလည်း ပေ ၁၈၀အတွင်း လတ်လျားလတ်လျားရဲ့ ပတ်သွားနေ၏။
ဒါပေမယ့် ပျင်းနေသလိုခံစားရလို့ စဉ်းစားကြည့်ကာမှ သူ ခုထိ တမူရှီကို မမြင်ရသေးပါလား…။
အမှုထမ်းတစ်ယောက်ကို မေးလိုက်တော့ _
"မနက်ဖြန် ဆုတောင်းပူဇော်ပွဲ အခမ်းအနားကြောင့် သခင်လေး အနားယူနေပါတယ် … Soul Image လည်း သခင်လေးကို မနှောင့်ယှက်ဖို့ တောင်းဆိုချင်ပါတယ်"
ဒီလောက်ကတော့ ယန်ကျင်းဟွာတို့က ဂရုစိုက်တဲ့လူစား …အဲ … ဝိဉာဉ်စားမျိုးမဟုတ် …။ ပြောမိကာမှ တမူရှီထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားသည်။
"ဟင်းဟင်း … ဒီသောက်ကလေးတစ်ယောက်တည်း ဘာမဟုတ်တာလုပ်နေလဲ မသိဘူး"
အခန်းတံခါးပိတ်ထားတော့ ယန်ကျင်းဟွာစပ်စုလိုစိတ်တွေ ပေါက်ကွဲထွက်လာသည်။
"နည်းနည်းစပ်စုရမယ်"
တံခါးနားကို ကပ်ကာ နည်းနည်းလေးချောင်းကြည့်ဖို့ အလုပ် ဝိဉာဉ်ဖြစ်နေတော့ တံခါးကို ဖြတ်ပြီး အတွင်းသို့ ရောက်သွားသည်။ တမင်ကို ဖြတ်သွားသည်ဟု ယူဆလို့လည်း ရသည်။
"အို့အို … ကျင်းဟွာလေး ခြေချော်သွားပြီ ~~~ "
ဘာတွေ့ရမလဲ အကြံနဲ့ အထဲရောက်သွားရင် တည့်တည့်တိုးတာက ရေချိုးဖို့လုပ်နေတဲ့ တမူရှီ …
အင်း … ရေချိုးပါ့မယ်ဆိုနေမှတော့ သူ့အခန်းအကျယ်ကြီးနဲ့သူ ဘယ်သူမှ ဝင်လာဖို့မှ မရှိတာ အဝတ်လည်း ဘာလို့ဝတ်တော့မလဲ … လက်ထဲမှာ ရေချိုးပြီးလဲဖို့ ဝတ်ရုံတစ်ထည်ပဲ ဆွဲပြီး ရေချိုးခန်းဘက် သွားဖို့အပြင် ခြေချော်ပြီး သူ့အခန်းထဲရောက်လာတဲ့ (တိတိကျကျပြောရရင် ခြေချော်ချင်ယောင် ဆောင်ပြီး ရောက်လာတဲ့) ယန်ကျင်းဟွာနဲ့ သူနဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားတော့သည်။
မထင်မှတ်ထားတဲ့ ကိစ္စမို့
ရှီလည်း လန့်ပြီး တုပ်တုပ်မျှမလှုပ်ပဲ ရပ်နေမိသည်။
ယန်ကျင်းဟွာလည်း ကြောင်သွားပြီး ခြေဆုံးခေါင်းဆုံးကြည့်မိသွားသည်။
နောက်မှ နှစ်ယောက်သား သတိရပြီး ထအော်တော့သည်။
"အား!!!!"
"အား!!!!"
(A;N ; အား !!!!! ကုန်ပါပြီ !!! ငါ့ Xiလေး ! ငါ့ Xiလေး!! တစ်ခုခုနဲ့ အမြန်ဖုံးပေးကြပါ !!! ယန်ကျင်းဟွာ !! လဒ !! နှာဘူး !! နေရာချင်းသာ လဲလိုက်ချင်ရဲ့ဟဲ့!!! ကုန်ပါပြီ T__T)
"ဟေ့ကောင် !! မင်းဘာလုပ်နေတာလဲ!!"
ယန်ကျင်းဟွာက မျက်လုံးကို လက်နှစ်ဖက်နဲ့ပိတ်ထားရင်း လက်ကြားထဲက ချောင်းကြည့်ကာ ဦးစွာအော်သည်။
"ငါက မေးရမှာကွ !!"
ရှီကလည်း လက်ထဲက ကိုင်ထားတဲ့ ဝတ်ရုံကို အမြန်ဝတ်လိုက်ပြီး ပြန်အော်သည်။
"မင်းတို့ သူဌေးတွေ သောက်ပိုသိပ်လုပ်တာပဲ … ရေလေးတစ်ခါ ချိုးဖို့အရေး"
"ဟာ ! ရေချိုးတာ လူတိုင်းလုပ်နေကြ ကိစ္စပဲကွ!!"
ပူညံပူညံနဲ့ တစ်ယောက်တစ်ပေါက် အခြေအတင်ချရင်း မောသွားလောက်မှ ရှီက ယန်ကျင်းဟွာကို _
"ယန်ကျင်းဟွာ … လာဦး"
"ဘာပြောမလို့လဲ"
"မနက်ဖြန်လုပ်မယ့် ဆုတောင်းပွဲ … YingMing သခင်တွေအတွက်က ဘယ်ဆုတောင်းပွဲမဆို နောက်ဆုံးဖြစ်သွားနိုင်တယ်"
နောက်ဆုံးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ … အငြိမ်းစားယူမှာကို ပြောချင်တာလား… ယန်ကျင်းဟွာ သေချာသဘောမပေါက် …။
"ဒီတော့ ငါ့ကို ကတိသုံးခုတော့ ပေးမယ်မဟုတ်လား … ယန်ကျင်းဟွာ"
မမျှော်လင့်ပဲ တမူရှီ သူ့ထံကနေ ကတိစကားသုံးခွန်း တောင်းခံလာတဲ့အခါ ယန်ကျင်းဟွာ ခေါင်းညိတ်လိုက်သည်။
"တစ်အချက် - ငါပေးတဲ့ ခေါင်းစည်းကြိုးကို ဘယ်တော့မှ မပြေစေရဘူး"
"နှစ်အချက် - ငါပေးတဲ့ ဒီလက်စွပ်ကိုလည်း ဘယ်တော့မှ မချွတ်ရဘူး"
"သြော် … အေးပါကွာ … ငါချွတ်ချင်ရင်တောင် ချွတ်လို့ရရှာတာကိုး"
ယန်ကျင်းဟွာ နည်းနည်းလေးလောက်မှ အတွန့်မတက်လိုက်ရရင် နေမထိထိုင်မသာ …။
ရှီက စူးကနဲစိုက်ကြည့်လိုက်တော့ …။
"ကတိပေးတယ်ကွာ …နောက်ဆုံး ကတိကရော ... "
"မင်းနာမည်ကို မှတ်မိလား"
"မှတ်မိတာပေါ့ ... ကိုယ့်နာမည်ကို မမှတ်မိတဲ့သူ ရှိလို့လား … ယန်ကျင်းဟွာလေ "
"ဟုတ်ပြီ ... ငါတောင်းချင်တဲ့ကတိက အဲ့ဒါပဲ ... ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ယန်ကျင်းဟွာဆိုတဲ့ မင်းရဲ့နာမည်ကို ဘယ်တော့မှမမေ့ရဘူး" "
"ဒါလေးများကွာ ...ကတိပေးတယ် ရပြီလား "
"မရဘူး ..အဲ့လို ပေါ့ပြက်ပြက်မလုပ်နဲ့ ..လက်သည်းချင်းချိတ်ပြီး ကတိပေး"
ရှီက သူ့လက်သန်းလေး ထောင်ပြပြီး လက်သန်းချင်းချိတ်ကာ ကျိန်ခိုင်းသည်။
"Ok ပါကွာ "
"ကတိမတည်ရင် ဘုရားစူး မိုးကြိုးပစ်ပါစေ"
ကလေးဆန်စွာနဲ့ လက်သည်းချင်းချိတ်ပြီး ကျိန်ဆိုစေခဲ့သော ကတိစကားသုံးခွန်း ..။
နောက်ဆုံးကတိကို ယန်ကျင်းဟွာ နားမလည်… တမူရှီကလည်း သေချာရှင်းမပြ …။
"ပြီးပြီမလား … ငါသွားတော့မယ်"
ယန်ကျင်းဟွာ ရှီကို ထားပြီးထွက်လာခဲ့သည်။
'ဒီကတိတော့ သေချာလေး ထိန်းပေးပါကွာ … …'
ကတိသာလုပ်ခဲ့ရသည်။ ရှီရဲ့စိတ်ထဲမှာ မသက်မသာဖြစ်နေသည် …။
ယန်ကျင်းဟွာ ရှီကို ထားခဲ့ပြီးထွက်လာစဉ် ရုတ်တရက်မိုက်ခနဲ ဖြစ်သွားသည်။ သေချာခေါင်းကြည်အောင် နေပြီး ကြည့်လိုက်တော့ သူရှိနေတာ တမူအိမ်တော်ဝင်း မဟုတ်တော့ …
တစ်စုံတစ်ဦး ဖန်ဆင်းထားတဲ့ အတားအဆီးတစ်ခုထဲ ရောက်နေသည်။
ထင်တဲ့အတိုင်းပင် ယင်ကြွယ်နဲ့ဟွာယုကို အရင်ဆုံးတွေ့လိုက်ရသည်။
ပြီးတော့ နောက်လိုက်မိစ္ဆာငယ်များ …။
"မင်းကို တမူရှီက တော်တော်လေးကို အထင်သေးထားတဲ့ပုံပဲ"
ယင်ကြွယ် ထိကပါးရိကပါးနဲ့ ရန်စကားစလိုက်သည်။
"ခင်ဗျား လာပြန်ပြီ"
ယန်ကျင်းဟွာရဲ့ လက်စွပ်ကို ကိုင်ကြည့်ရင်း _
"ဒီလို အတားအဆီးတွေဆိုတာ မင်းအသုံးမကျလို့ မင်းတစ်ခုခုဖြစ်ရင် သူအပြေးလာနိုင်အောင် လုပ်ထားတာကွ"
"ခင်ဗျားတို့ တော်လိုက်တော့… ကျုပ်မှာ Soul Image ဖြစ်လောက်တဲ့ အရည်အချင်းရှိလို့ တမူရှီက ရွေးထားတာ… ခင်ဗျားက မကျေနပ်နိုင်ဘူးလား"
"ဒါဆို မင်းရဲ့ အရည်အချင်းကို ငါသိချင်တယ်"
ယင်ကြွယ်အချက်ပြလိုက်တာနဲ့ မိစ္ဆာငယ်များစွာက ယန်ကျင်းဟွာကို စတင်တိုက်ခိုက်တော့သည်။
သူ တတ်နိုင်သလောက် ပြန်လည်တိုက်ခိုက်သော်လည်း အရာမထင်ပဲ သူပဲ အလူးအလိမ့်ခံနေရသည်။
"ဘယ်လိုလဲ … မနိုင်လောက်တော့ဘူး ထင်ရင် မင်းရဲ့သခင်ကို ခေါ်လေ …"
"ခင်ဗျား ကျုပ်ကို အထင်သေးလွန်းပြီ !!"
ယန်ကျင်းဟွာ သူ့အနီးမှာ ဓားတစ်လက်ကို တွေ့လိုက်သည်။
'နောက်တစ်ခါ မင်း အဲ့ဒီဓားကို ကိုင်တာမြင်တာနဲ့ မင်းရဲ့လက်ကို ငါကိုယ်တိုင် ဖြတ်ပစ်မယ် ယန်ကျင်းဟွာ … ငါပြောတာ ကြားလား !!'
ရှီ သူ့ကို ဒေါသတကြီး အမိန့်ပေးခဲ့ဖူးသည်။
ဒါပေမယ့် သူ နားမထောင်ချင် … တမူရှီဆီက အကူအညီတောင်းဖို့ ဝေလာဝေး … ဒီထက်ပိုပြီး စော်ကားမခံနိုင်တော့ …။
မိုက်ရူးရဲဆန်စွာနဲ့ ထိုဓားကို ကောက်ယူလိုက်တဲ့အခါ အံ့သြစရာကောင်းလောက်အောင်ပင် ယန်ကျင်းဟွာရဲ့ အသွင်အပြင်က ပြောင်းလဲသွားသည်။
ခန့်ညားသော ဓားသမားတစ်ယောက်အသွင်သို့ ပြောင်းလဲသွားပြီး သူ့ရဲ့အရှိန်အဝါက မိစ္ဆာငယ်အားလုံးကို ထိတ်လန့်စေသည်။
ဒါပေမယ့် အပြည့်အဝပင် မထိတ်လန့်ရသေးခင်မှာပဲ သူ့ရဲ့ဓားချက်အောက်မှာ မိစ္ဆာငယ်တွေ အတုံးအရုံးကျဆုံးကုန်သည်။
~ ယန်နင်… ~~
~ ခစားချက်ပါ … လုယွီသခင်ကြီး ~~
ဖြူစွတ်သော ဆံပင်အရှည်တွေကို ဖြန့်ချထားတဲ့ ယောက်ျားပျိုတစ်ယောက်နဲ့ သူရှေ့မှာ ဒူးထောက် ခစားနေသော အနက်ရောင်ဆံပင်ရှည်တွေကို စုကာ ချည်နှောင်ထားသည့် ဓားသမားတစ်ဦးရဲ့ ပြောဆိုလှုပ်ရှားဟန်တွေက အလိုလို ယန်ကျင်းဟွာရဲ့ အသိစိတ်ထဲကို လွှမ်းမိုးဝင်ရောက်လာခဲ့သည်။
"သ … သခင်ကြီး … အဲ့ဒါ ဘယ်သူလဲ !! ဟိုအရူး ယန်ကျင်းဟွာပဲလား"
ဟွာယုကိုယ်တိုင်ပင် ထိတ်လန့်နေမိသည်။
"ဟွာယု လစ်မယ် လာ… အဲ့တစ်ယောက်က ယန်ကျင်းဟွာမဟုတ်တော့ဘူး"
ယင်ကြွယ် သူ့ရဲ့အတားအဆီးကို ဖျက်၍ ဟွာယုကို ပွေ့ချီကာ နေရာက ထွက်ခွာသွားသည်။
ယန်းကျင်းဟွာက ဘာလို့ ဒဏ္ဍာရီဓားသမား ယန်နန်ရဲ့ပုံစံဖြစ်သွားရတာလဲ … မဟုတ်မှလွဲရော … ဒါကို တမူရှီ ကြိုသိနေတာလား …
အတွေးပေါင်းစုံက ယင်ကြွယ်ရဲ့ခေါင်းထဲမှာ ရှုပ်ထွေးရစ်သိုင်းနေတော့သည်။
အတားအဆီးပျောက်သွားတာနဲ့ တပြိုင်နက် မိစ္ဆာင်တွေရဲ့ အလောင်းတွေဟာ တမူအိမ်တော်ထဲမှာ ပရပွပြန့်ကျဲနေသည်။
တမူ အမှုထမ်းတို့ ထိတ်လန့်စွာ အော်ဟစ်နေကြပြီး ယန်ကျင်းဟွာကို ဘီလူးသဘက်သဖွယ် ထိတ်လန့်စက်ဆုပ်စွာ ကြည့်နေကြသည်။
ဆူညံသောအသံတွေကြောင့် တမူရှီအဝတ်အမြန်လဲပြီး ထွက်လာခဲ့ရသည်။
"ဘာတွေဖြစ်နေကြတာလဲ"
"သခင်လေး!!"
"သခင်လေး ဘာမှမဖြစ်ဘူးမလား"
အမှုထမ်းတွေက စိတ်ပူစွာမေးကြသည်။
တမူစီးမင်က နွေးထွေးသောဝတ်ရုံတစ်ထည်ကို ရှီရဲ့ ကိုယ်ပေါ်ကို ထပ်ခြုံပေးလိုက်သည်။
"ယန်ကျင်းဟွာ …"
ရှီ ရဲ့ အသံကိုကြားတာနဲ့ ယန်ကျင်းဟွာ ပုံမှန်အသိဝင်လာပြီး လက်ထဲကဓားလွှတ်ချကာ သူကိုယ်တိုင်လည်း ဒူးထောက်ကျသွားသည်။ သူ့ရဲ့အသွင်ကလည်း မူလအသွင်သို့ ပြန်လည်ရောက်ရှိသွားလေ၏ ။
ရှီ ရဲ့မျက်နှာကို သူမဖတ်တတ် … ဒေါသထွက်နေတာလား စိုးရိမ်တာလား ဝမ်းနည်းငိုကြွေးတော့မှာလား သူမသိ…
သေချာတာတစ်ခုကတော့ သူ အပြစ်ပေးခံရတော့မည်။
ရှီ က ဓားကို ကောက်ယူကာ စေ့စေ့စပ်စပ်ကြည့်လိုက်သည်။
ပြီးတော့ ယန်ကျင်းဟွာရဲ့ လည်ပင်းကို ချိန်ရွယ်လိုက်ရင်း _
"ဒီဓားကို လုယွီဓားလို့ နာမည်ပေးထားတယ် … ဆုတောင်းပွဲတိုင်းမှာ သုံးလေ့ရှိတယ်… တမူအိမ်တော်မှာ အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ဓားပဲ … မိစ္ဆာနတ်ဆိုးကအစ နတ်ဘုရားတွေကိုပါ ဇီဝိန်ခြွေနိုင်စွမ်းရှိတယ် …ဟုတ်တာပေါ့ သာမန်ဝိဉာဉ်တွေကို နှိမ်နင်းဖို့ဆို ပိုတောင်လွယ်သေးတယ်"
ရှီ ရဲ့စကားကို ကြားတော့ အားလုံးက သူကိုယ်တိုင် သူ့ရဲ့ Soul Image ကို ရှင်းလင်းတော့မည်ဟု ထင်မှတ်ကြသည်။
'ဒါအဆုံးသတ်ပဲ Soul image'
'သခင်လေးက တကယ် သတ်တော့မှာလား'
အချိန်ကိုက်ပင် တမူစီးယွင်ပါ ထိုနေရာကို ရောက်လာသည်။
ဒါပေမယ့် ထင်ထားတာနဲ့ ဆန့်ကျင်လျက် ရှီ က ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး ယန်ကျင်းဟွာလက်ထဲကို ထည့်ပေးလိုက်သည်။
"ဒီနေ့က စပြီး ဒီလုယွီဓားက မင်းရဲ့ဓားဖြစ်သွားပြီ …လိုအပ်တဲ့နေရာမှာ သင့်တော်သလို သုံးခွင့်ရှိတယ် … ဘယ်သူ့ခွင့်ပြုချက်မှ စောင့်ဆိုင်းစရာမလိုဘူး"
"ဟင် !"
"ဟာ !"
"တကယ်ကြီး!"
အားလုံးက မယုံကြည်နိုင်စွာ အံ့သြမင်သက်နေစဉ် တမူရှီက တစ်ခွန်းချင်း ရှင်းလင်းပြတ်သားစွာနဲ့ _
"တမူအိမ်တော်ရဲ့ခေါင်းဆောင် ..
၆၃ ဆက်မြောက်
YingMing သခင်
ငါ တမူရှီရဲ့ အမိန့်နဲ့
ဒီလုယွီဓားကို
ယန်ကျင်းဟွာအား
အပြီးပိုင်အပ်နှင်းသည်။
မိုးမြေတစ်ခွင်
မည်သူတစ်ဦးမှ
ငါ့အမိန့်စကားကို
လွန်ဆန်ခွင့်မရှိစေရ …"
"တမူရှီ !! နင်ရူးနေလား!!"
စီးယွင် အော်ဟစ်လိုက်သည်။
"ငါ ပြောလို့မပြီးသေးဘူး… "
အားလုံး ငြိမ်သက်နေကြသည်။ အသက်တောင် ရဲရဲမရှူရဲကြ …။
"ယန်ကျင်းဟွာဟာ ငါ့ရဲ့ Soul image … သူ့ရဲ့ အပြစ်မှန်သမျှကို ငါကလွဲပြီး တခြားဘယ်သူမှ အပြစ်ပေးခွင့်မရှိဘူး"
ရှီ က အေးဆေးစွာ ပြောသွားသလောက် စီးယွင်က ဗလောင်ဆူနေသည်။ သူမမျက်နှာထက်က ခံစားချက်ကတော့ ရှင်းပါသည်။ သူမ တစ်ခုခုကို စိတ်ပူနေသည်။
"တမူရှီ … နင်လွန်နေပြီ … ခုနက ဘာတွေဖြစ်ကုန်လည်း နင်သိရဲ့လား … သူက နင့်ကို ရန်ရှာလာရင်ရော"
"ရန်ရှာတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မင်းတို့ ဘာမှစွက်ဖက်ပိုင်ခွင့်မရှိဘူး … ဒါဟာလည်း ငါတမူရှီရဲ့ အမိန့်ပဲ … ဘယ်သူမှ မလွန်ဆန်ရဘူး"
ရှီ က စီးယွင်ကို ကျောခိုင်းလိုက်ကာ ယန်ကျင်းဟွာဘက် ပြန်လှည့်ရင်း …
"မင်းသိထားဖို့ ငါတစ်ခုပြောထားဦးမယ် ကျင်းဟွာ"
ယန်ကျင်းဟွာ နားထောင်နေမိသည်။
"ငါ မင်းကို ဘယ်တုန်းကမှ အထင်မသေးခဲ့ဖူးဘူး … နောက်ပြီးတော့ နာကျင်အောင်လုပ်ဖို့လည်း စိတ်တောင်မကူးခဲ့ဘူး"
ဒါပဲပြောပြီး ရှီ သူ့အခန်းသို့ ပြန်သွားခဲ့သည်။
"တမူရှီ … ငါ ဒီဓားနဲ့ ထိုက်တန်ရဲ့လား …"
ယန်ကျင်းဟွာ လှမ်းမေးလိုက်တော့ ရှီ က ပြုံးလိုက်ရင်း … ဟုတ်သည် တမူရှီ ပြုံးလိုက်သည်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဖြစ်ရပ်ဆိုးကြီး အပြီး ပထမဆုံး ပြုံးတဲ့အပြုံးအလား အားလုံး အံ့သြရပြန်သည်။
"ဒါ ပိုင်ရှင်အမှန်ဆီကို ပြန်အပ်တာပဲ … ထိုက်တန်တာ မထိုက်တန်တာတွေ လိုအပ်လို့လား"
ရှီ ဒီတစ်ခါတော့ တကယ်ပြန်ထွက်သွားခဲ့သည်။
အားလုံးလဲ အသီးသီးကိုယ့်နေရာကို ပြန်သွားကြတော့သည် …။
အခန်းရဲ့ လသာဆောင်မှာတော့ တစ်ကိုယ်တည်းရှိနေသော တမူရှီ ပြည့်ပြည့်ဝဝ လင်းထိန်နေသော လမင်းကို ငေးကြည့်လျက် သူတစ်ယောက်တည်းသာ ကြားနိုင်မယ့်စကားကို တီးတိုးရေရွတ်နေမိသည်။
'တောင်းပန်ပါတယ် … အစ်ကို ကျင်းဟွာ… ကျွန်တော်က အစ်ကို အများကြီး မှန်းထားသလို မြင့်မြတ်တဲ့လူတစ်ယောက်မှ မဟုတ်တာ'
To Be Continued …
----
LolxD အစ်ကိုကျင်းဟွာ :3