♕JOKER & HARLEY{Season-I}♕

By ScarlettDiana

330K 28.3K 1.1K

*Madness, as you know, is like gravity. All it takes is a little push.* •~ Psychiatric Torture ~• More

❦Prologue❦
❦Chapter One❦ {Z+U}
❦Chapter Two❦ {Z+U}
❦Chapter Three❦ {Z+U}
❦Chapter Four❦ {Z+U}
❦Chapter Five❦ {Z+U}
❦Chapter Six❦ {Z+U}
❦Chapter Seven❦ {Z+U}
❦Chapter Eight❦ {Z+U}
❦Chapter Nine❦ {Z+U}
❦Chapter Ten❦ {Z+U}
❦Chapter Eleven❦ {Z+U}
❦Chapter Twelve❦ {Z+U}
❦Chapter Thirteen❦ {Z+U}
❦Chapter Fourteen❦ {Z+U}
❦Chapter Fifteen❦ {Z+U}
Chapter 17
❦Chapter Seventeen❦ {Z+U}
❦Chapter Eighteen❦ {Z+U}
❦Chapter Nineteen❦ {Z+U}
❦Chapter Twenty❦ {Z+U}
❦Chapter Twenty-One❦ {Z+U}
❦Chapter Twenty-One II❦ {Z+U}
❦Under Cover : Mysterious PCY❦ {Z+U}
'Season II'

❦Chapter Sixteen❦ {Z+U}

9K 1.1K 59
By ScarlettDiana

Joker & Harley♕
❦Chapter Sixteen❦
ChanBaek BaekYeol
Yaoi

Zawgyi

ကယ္လီဖိုးနီးယားျမိဳ႕...။

Shangri-la ဟိုတယ္ၾကီးအတြင္းရွိ ခန္းမတစ္ခုထဲ က်င္းပေနေသာ ေလလံပြဲတစ္ခု။
ခန္းမအတြင္းတြင္ ဝတ္ေကာင္းစားလွမ်ား ဝတ္ဆင္ထားေသာ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ား အသီးသီး ေနရာယူထားသည္။

ခန္းမၾကီးထဲ မီးေရာင္ကို ခပ္မွိန္မွိန္သာ ထြန္းထားျပီး အေနာက္တိုင္းဝတ္စံု နက္ျပာေရာင္ကို ခန္႔ညားသပ္ရပ္စြာ ဝတ္ဆင္ထားေသာ အသက္သံုးဆယ္အရြယ္ရွိ 'Jack' ဟု ေခၚသည့္ လူတစ္ဦးမွာ ခန္းမ၏ အေရွ႕တြင္ မတ္တပ္ရပ္ေန၏..။

သည္ေလလံပြဲဟာ ရိုးရိုးသာမန္ေလလံပြဲမ်ိဳးေတာ့ မဟုတ္။
mafia မ်ား၊ gangsta မ်ား စသျဖင့္ underground ေလာကသားမ်ားသာ တက္ေရာက္သည့္ ေလလံပြဲျဖစ္သည္။

"ဒီတစ္ေခါက္ လူၾကီးမင္းတို႕ အျပိဳင္အဆိုင္ ေလလံဆြဲၾကရမယ့္ ပစၥည္းကေတာ့ ထူးထူးျခားျခားေလးပါ.."

Jack ၏ ေၾကျငာစကားအဆံုး စင္ေပၚသို႔ ေကာင္ေလးတစ္ေယာက္ကို ခႏၶာကိုယ္ ခပ္ထြားထြားလူၾကီးႏွစ္ေယာက္က ဆြဲေခၚလာေလသည္။

ေကာင္ေလးဟာ စင္ေပၚ ေရာက္လာသည္ႏွင့္ ခန္းမတြင္းရွိ လူမ်ားအားလံုး၏ စိတ္ဝင္စားမႈကို ရရွိသည္...။

"လူၾကီးမင္းတို႕ ၾကည့္ၾကပါခင္ဗ်ာ.. သူ႕အသားအေရေလးက အရမ္းလွတယ္မဟုတ္လား။ေယာက္်ားေလးတစ္ေယာက္အေနနဲ႔ သူ႔ခႏၶာကိုယ္ေလးက ဆြဲေဆာင္မႈရွိလြန္းတယ္ မဟုတ္ဘူးလား.."

Jack သည္ ေကာင္ေလး၏ ေမးေစ႔၏ လက္ေခ်ာင္းတို႕ျဖင့္ အသာဆြဲေမာ့ကာ ေျပာဆိုေနသည္။
ေကာင္ေလးဟာ စင္ေပၚမွာ အသက္ဝိဥာဥ္မရွိသူလို မလႈပ္မယွက္ရွိေန၏..။

သူ၏ ကိုယ္တြင္ အဝတ္ဟူသည္ ေအာက္ခံေဘာင္းဘီေလး တစ္ထည္ကလြဲ၍ မရွိ။
လက္ႏွစ္ဖက္ကို သံကြင္းမ်ားျဖင့္ ခတ္ထားကာ မ်က္လံုးတို႕ကိုလည္း ပိတ္သားအမည္းျဖင့္ အုပ္ကာထားေလသည္..။

"ကဲ.. ဒါဆို ကြ်န္ေတာ္ ေစ်းႏႈန္းစတင္ သတ္မွတ္ပါေတာ့မယ္~"

ခန္းမၾကီးထဲမွ လူမ်ား လႈပ္လႈပ္ရွားရွား ျဖစ္သြားၾကသည္..။ ခါးမ်ားမတ္သြားၾကကာ လက္ကလည္း နံပါတ္ျပားကို အသင့္ကိုင္ထားၾက၏။
ေယာက္်ားသားအခ်ိဳ႕၏ မ်က္လံုးမ်ားသည္ ထိုအဝတ္မဲ႔ေကာင္ငယ္ေလးဆီမွ မလႊဲဖယ္ႏိုင္ၾက..။

ေဒၚလာသိန္းငါးဆယ္မွစ၍ ေစ်းႏႈန္းသတ္မွတ္လိုက္ေသာ္လည္း သူ႕ထက္ငါ အျပိဳင္ ေလလံဆြဲၾကသည္မို႕ ေစ်းႏႈန္းသည္ ျမင့္သထက္ ျမင့္လာခဲ႔သည္။
ျဖဴ ေဖ်ာ့ေဖ်ာ့ ေကာင္ငယ္ေလးကို သူတို႕ သေဘာက် လိုခ်င္ၾကသည္ ထင္၏..။

သူ၏ ဘဝကို ေစ်းႏႈန္းတစ္ခု သတ္မွတ္ကာ အလုအယက္ ဝယ္ယူေနၾကသူမ်ားေၾကာင့္ ေစ်းႏႈန္းတျဖည္းျဖည္း တက္လာသည္မို႕ Jack ၏ ဝမ္းသာအားရေၾကျငာသံကို ၾကားေနရေသာ္လည္း ေကာင္ေလးဟာ ဂရုမစိုက္..။

သူ မ်က္ရည္မ်ား ကုန္လုနီးသည္အထိ ငိုေၾကြးခဲ႔သည္..။
သည္ဒုကၡမွ လြတ္ေျမာက္ေအာင္ ၾကိဳးပမ္းခဲ႔ျပီးျပီ...။
ွရွင္လ်က္ လြတ္ေျမာက္ႏိုင္ဖို႔ မလြယ္ကူေသာေၾကာင့္ ေသလမ္းကိုပါ ေလွ်ာက္ဖို႔ သူ ၾကိဳးစားခဲ႔သည္။

သို႕ေသာ္လည္း ရက္စက္လွေသာ ကံၾကမၼာက သူ႕အား အခြင့္အေရးမေပး..
ေသလမ္းကို ေရြး၍ လြတ္ေျမာက္ခြင့္ကိုပင္ မေပးခဲ႔ပါ။

သူ ပင္ပန္းလွျပီ..။
ရွင္သန္ေနရသည္မွာ ပင္ပန္းေနျပီ။

လြန္ခဲ႔သည့္ လပိုင္းေလာက္ကပင္ အလိုမတူပဲ ဆြဲေခၚလာခံရျပီး သူ၏ ျဖဴ စင္မႈတို႕ ဆံုးရံႈးခဲ႔သည္။
သူ႕ခႏၶာကိုယ္ကို အရယူခဲ႔ေသာ ထိုစိတၱဇ လွ်ိဳ႕ဝွက္ဆန္းၾကယ္သည့္ လူကို သူဟာ မိုက္မဲစြာ ခ်စ္ခဲ႔သည္။
အခ်စ္တို႕ကို ေမွ်ာ္လင့္ခဲ႔ေသာ္လည္း စြန္႕ပစ္ခံရသည္။
လူအမ်ားေရွ႕ အဝတ္မပါပဲ အရွက္မဲ႔စြာ ေနရသည္။
မၾကာခင္ မိမိခႏၶာကိုယ္ကို ကာမေလာဘသားေကာင္တစ္ေကာင္က စိတ္လိုလက္ရ ျပဳမူလိမ့္ဦးမည္...။
သူ အသက္ရွင္ခ်င္စရာ အေၾကာင္းအရင္း ရွိပါေသးလား။

သူ အခြင့္အေရးရသည္ႏွင့္ မိမိကိုယ္ကို ေသေၾကာင္းၾကံဖို႔ ဆံုးျဖတ္ထားသည္။
သည္ဘဝမ်ိဳးႏွင့္ မေနႏိုင္.. ေသတာက ပိုေကာင္း၏။

"ဟုတ္ကဲ႔.. ေဒၚလာ သန္းသံုးရာပါ။ ထပ္ေပးမယ့္ လူရွိဦးမလား ဒါဆိုရင္ သန္းသံုးရာပါ တစ္.. ႏွစ္.."

ေကာင္ေလးဟာ ေလာကၾကီးကို အရြဲ႕တိုက္သလို တစ္ခ်က္ျပံဳးလိုက္သည္။
သူ႔ဘဝ၏ တန္ဖိုးဟာ ေဒၚလာသန္းသံုးရာတဲ႔လား။

*ထင္ထားတာထက္ ေစ်းၾကီးသားပဲ*

သူ ခပ္ရြဲ႕ရြဲ႕ ေတြးမိ၏။

"ေဒၚလာ သန္းငါးရာ.."

"ဟုတ္ကဲ႔! သန္းငါးရာပါတဲ႔ခင္ဗ်ာ.. ထပ္ေပးမယ့္လူ ရွိပါဦးမလား~ ေဒၚလာ သန္းငါးရာပါ တစ္.. ႏွစ္.. သံုး"

သစ္သားတူႏွင့္ စားပြဲခံုေပၚသို႕ ထိခတ္သံ သံုးခ်က္ထြက္လာျပီး Byun BaekHyun မည္ေသာ ေကာင္ေလး၏ ဘဝကို အျခားလူတစ္ေယာက္ဆီ ေပးဖို႕ အဆံုးအျဖတ္ ျပဳေလသည္။

~ • ~

အနက္ေရာင္ေတာက္ေျပာင္ေနေသာ ကားၾကီးတစ္စင္း Shangri-La ဟိုတယ္ဝန္းထဲမွ ထြက္လာသည္။

BaekHyun လိုက္ပါရသည့္ ထိုကားအနက္ေရာင္သည္ အခု သူ႕ကို ေဒၚလာ သန္းေပါင္းငါးရာ ေပးဝယ္ထားသည့္ ပုဂၢိဳလ္ရွိရာသို႔ ဦးတည္ေန၏...။

သူ႕အေတြးထဲတြင္ အခြင့္အေရးရသည္ႏွင့္ မိမိကိုယ္ကို ေသေၾကာင္းၾကံမည့္အေရးကလြဲ အျခားမရွိ။
နံေဘးတြင္ လူမိုက္ႏွစ္ေယာက္ ထိုင္ေနေသာ္လည္း ဂရုမစိုက္စြာပင္ ျပတင္းေပါက္ကေနတစ္ဆင့္ အျပင္ဘက္ရႈခင္းကို ေငးၾကည့္ေနသည္။

'Pacific Terrace Hotel'

မိမိကိုယ္ကို ေသေၾကာင္းၾကံဖို႕ ေတြးေနရင္းက.. မၾကာခင္ သူေတြ႕ရမည့္ လူႏွင့္ပတ္သက္၍ သိခ်င္စိတ္အနည္းငယ္ ျဖစ္မိေသး၏..။
ဘာရယ္ေတာ့မဟုတ္.. ကိုယ့္အျဖစ္ကို ရယ္ခ်င္လာသည္မို႔ ဟက္ခနဲ တစ္ခ်က္ရယ္လိုက္သည္။

ေဘးမွ လူျဖဴ ၾကီးႏွစ္ေယာက္က တစ္ခ်က္လွည့္ၾကည့္ေပမယ့္ BaekHyun ဂရုျပဳဟန္မျပပဲ ရႈခင္းမ်ားကိုသာ ေငးျမဲ ေငးေန၏။
သည္ဟိုတယ္ၾကီးဟာ ခမ္းနားလွပသလို လွမ္းျမင္ေနရသည့္ ပင္လယ္ၾကီးဟာလည္း သိပ္ကို လွပသည္။

ထို gangsta မ်ားဟာ သူ႕ကို ဘာတစ္ခြန္းမွ မေျပာ..။
ထြက္ေျပးမွ စိုးေသာ္လည္း အသားကိုပင္ မထိ.. သူ႕ေဘးပတ္လည္တြင္ ဝန္းရံထားလ်က္ ရွိသည္။

BaekHyun အား အခန္းတစ္ခုဆီ လိုက္ပို႔ျပီး ဘာစကားတစ္ခြန္းမွ်ပင္ မေျပာပဲ ျပန္ထြက္သြားေလသည္။

အခန္းၾကီးဟာ က်ယ္ျပီး ခမ္းနား၏...။

လူျဖဴ ၾကီးမ်ား ျပန္ထြက္သြားသည္ႏွင့္ BaekHyun အခန္းထဲ တစ္ခ်က္ေဝ႔ၾကည့္လိုက္ျပီး ခြ်န္ထက္သည့္ အရာတစ္ခုခုမ်ား ရွိေနမလား ဟူေသာ အေတြးျဖင့္ လိုက္ရွာသည္။

ေနရာအႏွံ႔ ပတ္ရွာၾကည့္ေသာ္လည္း မေတြ႔ေသာအခါ ေမြ႔ယာေပၚထိုင္ခ်လိုက္၏...။
အေတြးတို႕က ပ်ံ႕လြင့္ျပီးရင္း ပ်ံ႕လြင့္ေနရာကေန အတိတ္တစ္ခ်ိန္က မွတ္ဥာဏ္မ်ားဆီ ေရာက္သြားသည္။

တစ္ခ်ိန္က...
သူဟာ ေမ႔ေမ်ာေနရာက သတိရလာလာခ်င္း သည္လိုပဲ ဟိုတယ္ခန္းတစ္ခုထဲ ေရာက္ေနခဲ႔သည္။
တစ္ေယာက္တည္း ဟိုတယ္ခန္းထဲ စူးစမ္းေနခဲ႔သည္...။
အခ်ိန္အနည္းငယ္ အၾကာမွာ အခန္းတံခါးပြင့္ဟလာျပီး...
ထိုသူ ဝင္ေရာက္လာခဲ႔သည္။

ေမြ႔ယာေပၚ၌ လွဲေလ်ာင္းေနရင္း အေတြးကမာၻထဲ လွည့္လည္ေနရာကေန BaekHyun အိပ္ေပ်ာ္သြားေလသည္...။
အိပ္မက္တို႕က သူ႕ကို ေတြ႕ခ်င္ေနသည့္ လူတစ္ေယာက္ဆီ ေခၚေဆာင္သြား၏။

~ • ~

"ဘယ္လိုျဖစ္လို႔ အိပ္ေပ်ာ္သြားတာပါလိမ့္?"

BaekHyun ဟာ အိပ္ယာေပၚ ငုတ္တုတ္ထထိုင္လိုက္ျပီး အိပ္ခ်င္မူးတူး မပြင့္တပြင့္ မ်က္လံုးႏွစ္ဖက္ကို လက္ခံုျဖင့္ ပြတ္သပ္ေနသည္။
ထို႔ေနာက္ တစ္ခ်က္ သမ္းေဝလိုက္ေသး၏..။

အိပ္ခ်င္ေျပသြားမွ အခန္းထဲ ေဝ႔ၾကည့္လိုက္ေသာအခါ သူတစ္ေယာက္တည္းကလြဲ မည္သူမွ် ရွိမေန။
ထိုပုဂၢိဳလ္ေရာက္မလာေသး..။
ေတာ္ေသးသည္။

အခန္းအျပင္ဘက္ ေလသာေဆာင္ေလးဆီ အၾကည့္ေရာက္သြားမိေသာအခါ ေျခလွမ္းတို႕က ထိုေလသာေဆာင္ဆီ ဦးတည္၏။
မွန္တံခါးကို တြန္းဖြင့္လိုက္ျပီး အျပင္ဘက္ ထြက္လိုက္သည္ႏွင့္ လတ္ဆတ္လွေသာ ေလႏုေအးတို႕က သူ႔မ်က္ႏွာႏုႏုကို ျဖတ္သန္းတိုက္ခတ္သည္။

ေနဝင္ခါနီးမို႔ ေကာင္းကင္ၾကီးဟာ ပုဇြန္ဆီေရာင္ သမ္းလို႔ေနသည္..။
ဝရံတာလက္ရန္းေလး၌ ခႏၶာကိုယ္ကို အားျပဳမွီေထာက္ကာ ကမ္းေျခရႈခင္းေလးကို ၾကည့္ေနမိသည္။

ရႈခင္းၾကည့္ေနရာက ေအာက္ဘက္သို႕ ငံု႔ၾကည့္မိေသာအခါ ေျမျပင္သည္ သူရွိေနရာႏွင့္ အေတာ္ေဝးသည္ကို ေတြ႔ရ၏..။

*ဒီကေနပဲ ခုန္ခ်လိုက္ရမလား*

သူ အေနာက္လွည့္ျပီး အခန္းထဲ တစ္ခ်က္ၾကည့္လိုက္သည္။
ကံေကာင္း၏.. ထိုလူေရာက္မလာေသး။

လက္ရန္းကို ခြေက်ာ္လိုက္ျပီး လက္ရန္းေပၚ၌ပင္ ခဏမွ် ထိုင္လိုက္သည္။
တကယ္ ေသမည္ျပင္ေသာအခါ ေၾကာက္စိတ္တို႕က ျဖစ္ေပၚလာ၏...။

သို႕ေသာ္လည္း မေသခင္ ခဏမွ် ခံစားရမည့္ နာက်င္မႈက အသက္ရွင္သြားေနထိုင္သြားလွ်င္ ရလာမည့္ နာက်င္မႈထက္ေတာ့ ေလ်ာ့နည္းသည္မဟုတ္လား။

ေျခေထာက္ကို လက္ရန္း၏ အျပင္ဘက္တစ္ေနရာ၌ ေနရာခ်ကာ လက္တို႕က လက္ရန္းကို ဆြဲကိုင္ထား၏။
သူ မ်က္လံုးတို႕ကို မွိတ္ခ်ပစ္လိုက္သည္။

*ကြ်န္ေတာ္ အဆံုးထိ ခင္ဗ်ားကို ေမွ်ာ္လင့္ေနခဲ႔ပါတယ္ Chan~*

ကြ်န္ေတာ့္ဘဝ အဆံုးသတ္ဖို႔ အခ်ိန္တန္ေလျပီ။

"ဒီေပၚကေန ေအာက္ကို ခုန္ခ်မယ္ဆိုရင္ ေတာ္ေတာ္ေလးနာမွာမဟုတ္ဘူးလား honey~"

ထိုၾသရွရွအသံ...
အိပ္မက္ေယာင္သလို ေလသံကိုဆြဲျပီး စကားေျပာသံ....

မွိတ္ခ်ထားေသာ မ်က္လံုးမ်ား ဖ်တ္ခနဲ ျပန္ပြင့္လာခဲ႔သည္။
ႏွလံုးသားက လ်င္ျမန္စြာ ခုန္ေပါက္လာသည္ႏွင့္အတူ ရင္ဘက္မွာလည္း နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္လို႔ေန၏။
မယံုႏိုင္ျဖစ္ေနမႈေၾကာင့္ အတည္ျပဳရန္ ခ်က္ခ်င္းဆိုသလို ေနာက္လွည့္ၾကည့္လိုက္မိသည္။

BaekHyun ကို ေဒၚလာသန္းငါးရာ ေပးဝယ္ခဲ႔သည့္ ထိုသူဟာ ေလသာေဆာင္တံခါးေပါက္ကို မွီလ်က္ ရပ္ေနသည္။

ထိုလူသည္ အရပ္ေျခာက္ေပခန္႔ ျမင့္သည္..
ထိုလူသည္ ကာကီေရာင္ ကုတ္အရွည္ၾကီးကို ဝတ္ဆင္ထားသည္...
ထိုလူသည္ မ်က္ႏွာကို ဂ်ိဳကာတစ္ေယာက္လို ေဆးမ်ား ျခယ္မႈန္းထားသည္....
ထိုလူ၏ ဆံပင္မ်ားဟာ မီးခိုးေရာင္ ရွိသည္။

"Chan!"

ထိုလူသည္ ကြ်န္ေတာ္ ရူးေလာက္ေအာင္ ေတြ႕ခ်င္မိေသာ သူျဖစ္ေလသည္။

Joker & Harley

Chapter Sixteen Ends ~

တုိေပမယ့္ ဒီမွာပဲ ရပ္လိုက္ပါရေစ..
(Because I like cliff hanging😁😝)

#ChanBaekLove
#EternalChanBaek

Unicode

ကယ်လီဖိုးနီးယားမြို့...။

Shangri-la ဟိုတယ်ကြီးအတွင်းရှိ ခန်းမတစ်ခုထဲ ကျင်းပနေသော လေလံပွဲတစ်ခု။
ခန်းမအတွင်းတွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီးများ အသီးသီး နေရာယူထားသည်။

ခန်းမကြီးထဲ မီးရောင်ကို ခပ်မှိန်မှိန်သာ ထွန်းထားပြီး အနောက်တိုင်းဝတ်စုံ နက်ပြာရောင်ကို ခန့်ညားသပ်ရပ်စွာ ဝတ်ဆင်ထားသော အသက်သုံးဆယ်အရွယ်ရှိ 'Jack' ဟု ခေါ်သည့် လူတစ်ဦးမှာ ခန်းမ၏ အရှေ့တွင် မတ်တပ်ရပ်နေ၏..။

သည်လေလံပွဲဟာ ရိုးရိုးသာမန်လေလံပွဲမျိုးတော့ မဟုတ်။
mafia များ၊ gangsta များ စသဖြင့် underground လောကသားများသာ တက်ရောက်သည့် လေလံပွဲဖြစ်သည်။

"ဒီတစ်ခေါက် လူကြီးမင်းတို့ အပြိုင်အဆိုင် လေလံဆွဲကြရမယ့် ပစ္စည်းကတော့ ထူးထူးခြားခြားလေးပါ.."

Jack ၏ ကြေငြာစကားအဆုံး စင်ပေါ်သို့ ကောင်လေးတစ်ယောက်ကို ခန္ဓာကိုယ် ခပ်ထွားထွားလူကြီးနှစ်ယောက်က ဆွဲခေါ်လာလေသည်။

ကောင်လေးဟာ စင်ပေါ် ရောက်လာသည်နှင့် ခန်းမတွင်းရှိ လူများအားလုံး၏ စိတ်ဝင်စားမှုကို ရရှိသည်...။

"လူကြီးမင်းတို့ ကြည့်ကြပါခင်ဗျာ.. သူ့အသားအရေလေးက အရမ်းလှတယ်မဟုတ်လား။ယောက်ျားလေးတစ်ယောက်အနေနဲ့ သူ့ခန္ဓာကိုယ်လေးက ဆွဲဆောင်မှုရှိလွန်းတယ် မဟုတ်ဘူးလား.."

Jack သည် ကောင်လေး၏ မေးစေ့၏ လက်ချောင်းတို့ဖြင့် အသာဆွဲမော့ကာ ပြောဆိုနေသည်။
ကောင်လေးဟာ စင်ပေါ်မှာ အသက်ဝိဉာဉ်မရှိသူလို မလှုပ်မယှက်ရှိနေ၏..။

သူ၏ ကိုယ်တွင် အဝတ်ဟူသည် အောက်ခံဘောင်းဘီလေး တစ်ထည်ကလွဲ၍ မရှိ။
လက်နှစ်ဖက်ကို သံကွင်းများဖြင့် ခတ်ထားကာ မျက်လုံးတို့ကိုလည်း ပိတ်သားအမည်းဖြင့် အုပ်ကာထားလေသည်..။

"ကဲ.. ဒါဆို ကျွန်တော် စျေးနှုန်းစတင် သတ်မှတ်ပါတော့မယ်~"

ခန်းမကြီးထဲမှ လူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်..။ ခါးများမတ်သွားကြကာ လက်ကလည်း နံပါတ်ပြားကို အသင့်ကိုင်ထားကြ၏။
ယောက်ျားသားအချို့၏ မျက်လုံးများသည် ထိုအဝတ်မဲ့ကောင်ငယ်လေးဆီမှ မလွှဲဖယ်နိုင်ကြ..။

ဒေါ်လာသိန်းငါးဆယ်မှစ၍ စျေးနှုန်းသတ်မှတ်လိုက်သော်လည်း သူ့ထက်ငါ အပြိုင် လေလံဆွဲကြသည်မို့ စျေးနှုန်းသည် မြင့်သထက် မြင့်လာခဲ့သည်။
ဖြူ ဖျော့ဖျော့ ကောင်ငယ်လေးကို သူတို့ သဘောကျ လိုချင်ကြသည် ထင်၏..။

သူ၏ ဘဝကို စျေးနှုန်းတစ်ခု သတ်မှတ်ကာ အလုအယက် ဝယ်ယူနေကြသူများကြောင့် စျေးနှုန်းတဖြည်းဖြည်း တက်လာသည်မို့ Jack ၏ ဝမ်းသာအားရကြေငြာသံကို ကြားနေရသော်လည်း ကောင်လေးဟာ ဂရုမစိုက်..။

သူ မျက်ရည်များ ကုန်လုနီးသည်အထိ ငိုကြွေးခဲ့သည်..။
သည်ဒုက္ခမှ လွတ်မြောက်အောင် ကြိုးပမ်းခဲ့ပြီးပြီ...။
ှရှင်လျက် လွတ်မြောက်နိုင်ဖို့ မလွယ်ကူသောကြောင့် သေလမ်းကိုပါ လျှောက်ဖို့ သူ ကြိုးစားခဲ့သည်။

သို့သော်လည်း ရက်စက်လှသော ကံကြမ္မာက သူ့အား အခွင့်အရေးမပေး..
သေလမ်းကို ရွေး၍ လွတ်မြောက်ခွင့်ကိုပင် မပေးခဲ့ပါ။

သူ ပင်ပန်းလှပြီ..။
ရှင်သန်နေရသည်မှာ ပင်ပန်းနေပြီ။

လွန်ခဲ့သည့် လပိုင်းလောက်ကပင် အလိုမတူပဲ ဆွဲခေါ်လာခံရပြီး သူ၏ ဖြူ စင်မှုတို့ ဆုံးရှုံးခဲ့သည်။
သူ့ခန္ဓာကိုယ်ကို အရယူခဲ့သော ထိုစိတ္တဇ လျှို့ဝှက်ဆန်းကြယ်သည့် လူကို သူဟာ မိုက်မဲစွာ ချစ်ခဲ့သည်။
အချစ်တို့ကို မျှော်လင့်ခဲ့သော်လည်း စွန့်ပစ်ခံရသည်။
လူအများရှေ့ အဝတ်မပါပဲ အရှက်မဲ့စွာ နေရသည်။
မကြာခင် မိမိခန္ဓာကိုယ်ကို ကာမလောဘသားကောင်တစ်ကောင်က စိတ်လိုလက်ရ ပြုမူလိမ့်ဦးမည်...။
သူ အသက်ရှင်ချင်စရာ အကြောင်းအရင်း ရှိပါသေးလား။

သူ အခွင့်အရေးရသည်နှင့် မိမိကိုယ်ကို သေကြောင်းကြံဖို့ ဆုံးဖြတ်ထားသည်။
သည်ဘဝမျိုးနှင့် မနေနိုင်.. သေတာက ပိုကောင်း၏။

"ဟုတ်ကဲ့.. ဒေါ်လာ သန်းသုံးရာပါ။ ထပ်ပေးမယ့် လူရှိဦးမလား ဒါဆိုရင် သန်းသုံးရာပါ တစ်.. နှစ်.."

ကောင်လေးဟာ လောကကြီးကို အရွဲ့တိုက်သလို တစ်ချက်ပြုံးလိုက်သည်။
သူ့ဘဝ၏ တန်ဖိုးဟာ ဒေါ်လာသန်းသုံးရာတဲ့လား။

*ထင်ထားတာထက် စျေးကြီးသားပဲ*

သူ ခပ်ရွဲ့ရွဲ့ တွေးမိ၏။

"ဒေါ်လာ သန်းငါးရာ.."

"ဟုတ်ကဲ့! သန်းငါးရာပါတဲ့ခင်ဗျာ.. ထပ်ပေးမယ့်လူ ရှိပါဦးမလား~ ဒေါ်လာ သန်းငါးရာပါ တစ်.. နှစ်.. သုံး"

သစ်သားတူနှင့် စားပွဲခုံပေါ်သို့ ထိခတ်သံ သုံးချက်ထွက်လာပြီး Byun BaekHyun မည်သော ကောင်လေး၏ ဘဝကို အခြားလူတစ်ယောက်ဆီ ပေးဖို့ အဆုံးအဖြတ် ပြုလေသည်။

~ • ~

အနက်ရောင်တောက်ပြောင်နေသော ကားကြီးတစ်စင်း Shangri-La ဟိုတယ်ဝန်းထဲမှ ထွက်လာသည်။

BaekHyun လိုက်ပါရသည့် ထိုကားအနက်ရောင်သည် အခု သူ့ကို ဒေါ်လာ သန်းပေါင်းငါးရာ ပေးဝယ်ထားသည့် ပုဂ္ဂိုလ်ရှိရာသို့ ဦးတည်နေ၏...။

သူ့အတွေးထဲတွင် အခွင့်အရေးရသည်နှင့် မိမိကိုယ်ကို သေကြောင်းကြံမည့်အရေးကလွဲ အခြားမရှိ။
နံဘေးတွင် လူမိုက်နှစ်ယောက် ထိုင်နေသော်လည်း ဂရုမစိုက်စွာပင် ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ရှုခင်းကို ငေးကြည့်နေသည်။

'Pacific Terrace Hotel'

မိမိကိုယ်ကို သေကြောင်းကြံဖို့ တွေးနေရင်းက.. မကြာခင် သူတွေ့ရမည့် လူနှင့်ပတ်သက်၍ သိချင်စိတ်အနည်းငယ် ဖြစ်မိသေး၏..။
ဘာရယ်တော့မဟုတ်.. ကိုယ့်အဖြစ်ကို ရယ်ချင်လာသည်မို့ ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။

ဘေးမှ လူဖြူ ကြီးနှစ်ယောက်က တစ်ချက်လှည့်ကြည့်ပေမယ့် BaekHyun ဂရုပြုဟန်မပြပဲ ရှုခင်းများကိုသာ ငေးမြဲ ငေးနေ၏။
သည်ဟိုတယ်ကြီးဟာ ခမ်းနားလှပသလို လှမ်းမြင်နေရသည့် ပင်လယ်ကြီးဟာလည်း သိပ်ကို လှပသည်။

ထို gangsta များဟာ သူ့ကို ဘာတစ်ခွန်းမှ မပြော..။
ထွက်ပြေးမှ စိုးသော်လည်း အသားကိုပင် မထိ.. သူ့ဘေးပတ်လည်တွင် ဝန်းရံထားလျက် ရှိသည်။

BaekHyun အား အခန်းတစ်ခုဆီ လိုက်ပို့ပြီး ဘာစကားတစ်ခွန်းမျှပင် မပြောပဲ ပြန်ထွက်သွားလေသည်။

အခန်းကြီးဟာ ကျယ်ပြီး ခမ်းနား၏...။

လူဖြူ ကြီးများ ပြန်ထွက်သွားသည်နှင့် BaekHyun အခန်းထဲ တစ်ချက်ဝေ့ကြည့်လိုက်ပြီး ချွန်ထက်သည့် အရာတစ်ခုခုများ ရှိနေမလား ဟူသော အတွေးဖြင့် လိုက်ရှာသည်။

နေရာအနှံ့ ပတ်ရှာကြည့်သော်လည်း မတွေ့သောအခါ မွေ့ယာပေါ်ထိုင်ချလိုက်၏...။
အတွေးတို့က ပျံ့လွင့်ပြီးရင်း ပျံ့လွင့်နေရာကနေ အတိတ်တစ်ချိန်က မှတ်ဉာဏ်များဆီ ရောက်သွားသည်။

တစ်ချိန်က...
သူဟာ မေ့မျောနေရာက သတိရလာလာချင်း သည်လိုပဲ ဟိုတယ်ခန်းတစ်ခုထဲ ရောက်နေခဲ့သည်။
တစ်ယောက်တည်း ဟိုတယ်ခန်းထဲ စူးစမ်းနေခဲ့သည်...။
အချိန်အနည်းငယ် အကြာမှာ အခန်းတံခါးပွင့်ဟလာပြီး...
ထိုသူ ဝင်ရောက်လာခဲ့သည်။

မွေ့ယာပေါ်၌ လှဲလျောင်းနေရင်း အတွေးကမ္ဘာထဲ လှည့်လည်နေရာကနေ BaekHyun အိပ်ပျော်သွားလေသည်...။
အိပ်မက်တို့က သူ့ကို တွေ့ချင်နေသည့် လူတစ်ယောက်ဆီ ခေါ်ဆောင်သွား၏။

~ • ~

"ဘယ်လိုဖြစ်လို့ အိပ်ပျော်သွားတာပါလိမ့်?"

BaekHyun ဟာ အိပ်ယာပေါ် ငုတ်တုတ်ထထိုင်လိုက်ပြီး အိပ်ချင်မူးတူး မပွင့်တပွင့် မျက်လုံးနှစ်ဖက်ကို လက်ခုံဖြင့် ပွတ်သပ်နေသည်။
ထို့နောက် တစ်ချက် သမ်းဝေလိုက်သေး၏..။

အိပ်ချင်ပြေသွားမှ အခန်းထဲ ဝေ့ကြည့်လိုက်သောအခါ သူတစ်ယောက်တည်းကလွဲ မည်သူမျှ ရှိမနေ။
ထိုပုဂ္ဂိုလ်ရောက်မလာသေး..။
တော်သေးသည်။

အခန်းအပြင်ဘက် လေသာဆောင်လေးဆီ အကြည့်ရောက်သွားမိသောအခါ ခြေလှမ်းတို့က ထိုလေသာဆောင်ဆီ ဦးတည်၏။
မှန်တံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်ဘက် ထွက်လိုက်သည်နှင့် လတ်ဆတ်လှသော လေနုအေးတို့က သူ့မျက်နှာနုနုကို ဖြတ်သန်းတိုက်ခတ်သည်။

နေဝင်ခါနီးမို့ ကောင်းကင်ကြီးဟာ ပုဇွန်ဆီရောင် သမ်းလို့နေသည်..။
ဝရံတာလက်ရန်းလေး၌ ခန္ဓာကိုယ်ကို အားပြုမှီထောက်ကာ ကမ်းခြေရှုခင်းလေးကို ကြည့်နေမိသည်။

ရှုခင်းကြည့်နေရာက အောက်ဘက်သို့ ငုံ့ကြည့်မိသောအခါ မြေပြင်သည် သူရှိနေရာနှင့် အတော်ဝေးသည်ကို တွေ့ရ၏..။

*ဒီကနေပဲ ခုန်ချလိုက်ရမလား*

သူ အနောက်လှည့်ပြီး အခန်းထဲ တစ်ချက်ကြည့်လိုက်သည်။
ကံကောင်း၏.. ထိုလူရောက်မလာသေး။

လက်ရန်းကို ခွကျော်လိုက်ပြီး လက်ရန်းပေါ်၌ပင် ခဏမျှ ထိုင်လိုက်သည်။
တကယ် သေမည်ပြင်သောအခါ ကြောက်စိတ်တို့က ဖြစ်ပေါ်လာ၏...။

သို့သော်လည်း မသေခင် ခဏမျှ ခံစားရမည့် နာကျင်မှုက အသက်ရှင်သွားနေထိုင်သွားလျှင် ရလာမည့် နာကျင်မှုထက်တော့ လျော့နည်းသည်မဟုတ်လား။

ခြေထောက်ကို လက်ရန်း၏ အပြင်ဘက်တစ်နေရာ၌ နေရာချကာ လက်တို့က လက်ရန်းကို ဆွဲကိုင်ထား၏။
သူ မျက်လုံးတို့ကို မှိတ်ချပစ်လိုက်သည်။

*ကျွန်တော် အဆုံးထိ ခင်ဗျားကို မျှော်လင့်နေခဲ့ပါတယ် Chan~*

ကျွန်တော့်ဘဝ အဆုံးသတ်ဖို့ အချိန်တန်လေပြီ။

"ဒီပေါ်ကနေ အောက်ကို ခုန်ချမယ်ဆိုရင် တော်တော်လေးနာမှာမဟုတ်ဘူးလား honey~"

ထိုသြရှရှအသံ...
အိပ်မက်ယောင်သလို လေသံကိုဆွဲပြီး စကားပြောသံ....

မှိတ်ချထားသော မျက်လုံးများ ဖျတ်ခနဲ ပြန်ပွင့်လာခဲ့သည်။
နှလုံးသားက လျင်မြန်စွာ ခုန်ပေါက်လာသည်နှင့်အတူ ရင်ဘက်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်လို့နေ၏။
မယုံနိုင်ဖြစ်နေမှုကြောင့် အတည်ပြုရန် ချက်ချင်းဆိုသလို နောက်လှည့်ကြည့်လိုက်မိသည်။

BaekHyun ကို ဒေါ်လာသန်းငါးရာ ပေးဝယ်ခဲ့သည့် ထိုသူဟာ လေသာဆောင်တံခါးပေါက်ကို မှီလျက် ရပ်နေသည်။

ထိုလူသည် အရပ်ခြောက်ပေခန့် မြင့်သည်..
ထိုလူသည် ကာကီရောင် ကုတ်အရှည်ကြီးကို ဝတ်ဆင်ထားသည်...
ထိုလူသည် မျက်နှာကို ဂျိုကာတစ်ယောက်လို ဆေးများ ခြယ်မှုန်းထားသည်....
ထိုလူ၏ ဆံပင်များဟာ မီးခိုးရောင် ရှိသည်။

"Chan!"

ထိုလူသည် ကျွန်တော် ရူးလောက်အောင် တွေ့ချင်မိသော သူဖြစ်လေသည်။

Continue Reading

You'll Also Like

10.8K 2K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
679K 50.9K 46
wang yibo💚 ခင္​ဗ်ားတု႔ိ သိၾကလားကြၽန္​​ေတာ္​ကအတၱႀကီးၿပီး အခ်စ္​န႔ဲအမုန္​းကုိမခြဲျခားတတ္​တ့ဲ အခ်စ္​႐ႈံးသမားဆုိတာ..... ခင်ဗျားတို့သိကြလားကျွန်တော်ကအတ္တ...
45.1K 6.5K 40
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
8.9K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot