(Zawgyi)
Soul contract ( Fourth Contract)
"သြမ့္မုရီွ !! လူယုတ္မာ!! မင္း ခ်င္းရွစ္ေယာင္ကို ဘယ္လိုေတြ ဆက္ဆံခဲ့တာလဲ"
သူ႔ဘက္က ဦးေအာင္ ရန္ေတြ႔လိုက္သည္။
“ဘာျဖစ္ၾကတာလဲ.. ဘာလို႔ ခ်င္းရွစ္ေယာင္က အေမွာင္ဝိညာဥ္ေတြ ခ်ည္ေႏွာင္ထားတာခံေနရတာလဲ”
ပံုမွန္အသိစိတ္မရွိေတာ့သည့္ ခ်င္းရွစ္ေယာင္ကို ျမင္လိုက္ရၿပီးေနာက္ သြမ့္မုရီွအံ့ၾသသြားသည္။
“အဲ..အဲ့ဒါက ရွင္းျပရရင္ အရွည္ႀကီးပဲ”
အေမွာင္ဝိညာဥ္ေတြရဲ႕ တိုက္ခိုက္မႈကို ေရွာင္တိမ္းရင္း အလုပ္ရႈပ္ေနသည့္အျပင္ သြမ့္မုရွီရဲ႕ေမးခြန္းကိုလည္း ေျဖေနရေသးသည္။
“ယန္က်င္းဟြာ!!ေသစမ္း!!”
ခ်င္းရွစ္ေယာင္က ယန္က်င္းဟြာဆီ ေျပးဝင္လာျပန္သည္။ ထပ္ေရွာင္တိမ္းရင္း အကြယ္တစ္ေနရာမွာ ပုန္းလိုက္သည္။
“ဘာလို႔ သူကမင္းကို လိုက္သတ္ခ်င္ေနတာလဲ..”
သြမ့္မုရွီ ထပ္ေမးျပန္သည္။
“အဲ…”
ယန္က်င္းဟြာလည္း ထစ္ေငါ့ေငါ့ ျဖစ္ျပန္သည္။
“ဒီဟာေတြက မင္းေနာက္ကိုပဲ လိုက္ေနတာ..ခ်င္းရွစ္ေယာင္ဆီ ဝင္ပူးကပ္စရာ အေၾကာင္းကို မရွိဘူး.. ဝင္ပူးမယ္ဆိုရင္လည္း သူ႔အတြင္းစိတ္မွာ မေကာင္းတဲ့အေတြးေတြ ရွိေနလို႔ပဲ..မင္းကို ငါသြားခိုင္းတာ မိနစ္ပိုင္းေလးရယ္..မင္း ခ်င္းရွစ္ယာင္ကို ဘာသြားလုပ္လိုက္လဲ”
သြမ့္မုရွီက သံသယအၾကည့္နဲ႔ မယံုသကၤာအၾကည့္နဲ႔ ၾကည့္ရင္းေျပာလိုက္ျပန္သည္။
“အခုက ဒီကိစၥေဆြးေႏြးရမယ့္ အခ်ိန္မဟုတ္ဘူးေလ”
‘အဲ့ဒီ့အစား က်င္းရွင္းေယာင္ ငါ့ကိုဘာလုပ္လိုက္လဲ ေမးပါလားကြာ'
ဒါကေတာ့ ယန္က်င္းဟြာ စိတ္ထဲက ႀကိတ္၍ ငိုေၾကြးလိုက္တာျဖစ္သည္။
“အခု ဘာဆက္လုပ္ၾကမလဲ”
“မင္း ဘယ္လက္နက္သံုးတာ ကြ်မ္းက်င္လဲ”
“အယ္.. လက္နက္ဆိုလို႔ ငါအႀကီးဆံုး ကိုင္ဖူးတာက မီးဖိုေခ်ာင္သုံးဓားေလာက္ရယ္…ဒါေပမယ့္ ဂိမ္းထဲက ငါ့ Character ကေတာ့ ဓားသမားပဲ”
“ၿပီးတာပဲ စမ္းၾကည့္တာေပါ့.. လက္ေပး”
အေတြးအေခၚေတာ္လြန္းေသာ ယန္က်င္းဟြာက လက္ႏွစ္ဖက္ဆန္႔တန္းေပးရင္း ေမးလိုက္တာက_
“ဖက္ထားခ်င္လို႔လား … လာေလေဘဘီ”
“ဘာကိစၥဖက္ထားရမွာလဲ မင္းရဲ႕ညာလက္ကိုပဲေတာင္းေနတာ”
သြမ့္မုရွီ ေတာ္ေတာ္ေလး စိတ္ေလသြားေတာ့သည္။ ယန္က်င္းဟြာရဲ႕ လက္စြပ္ဝတ္ဆင္ထားေသာ ညာဘက္လက္ကို ဆြဲယူလိုက္ၿပီးေနာက္ သူ႔လက္ညိွဳးထိပ္နဲ႔ ထိုလက္စြပ္ကို ထိလိုက္သည္။အျပာေရာင္အလင္းတန္းမ်ားက ႏွစ္ေယာက္လံုးကို ရစ္ပတ္သြားၿပီးတဲ့အခါ ယန္က်င္းဟြာရဲ႕ လက္ထဲမွာအျပာေရာင္အလင္းေတြ တလက္လက္ေတာက္ေနေသာ ဓားတစ္လက္အလိုလိုေပၚလာသည္။
"ဝါးးး မိုက္လွခ်ည္လား"
ဓားကိုကိုင္ထားလ်က္ အံ့ၾသမင္သက္ေနေသာ ယန္က်င္းဟြာကို ၾကည့္ရင္း တမူရွီ သတိလက္လြတ္ ေရရြတ္လိုက္မိသည္။
"ဒီပံုစံက .. သူပဲ ဟုတ္တယ္.. ေသခ်ာတယ္"
"တမူရွီ မင္း ဘာေျပာလိုက္တာလဲ"
"ဘာမွမဟုတ္ဘူး.."
ခပ္တည္တည္ပဲ မ်က္ႏွာမပ်က္ ျငင္းလိုက္သည္။ ယန္က်င္းဟြာလည္း ထပ္မေမး။
"ငါအခု ဘာလုပ္ရမလဲ"
"သြားရွင္းေတာ့ေလ.."
အိတ္ထဲက စီးကရက္ဘူးကို ထုတ္လိုက္ရင္း_
"ဟိုမွာ အနီေရာင္နဲ႔ အျပာေရာင္အမွ်င္ေတြ ေရာေနတာေတြ႔လား.. အနီေရာင္က ခ်င္းရွစ္ေယာင္ကို ဝင္ပူးေနတဲ့ဝိညာဥ္ဆိုးေတြ .. အျပာေရာင္က ခ်င္းရွစ္ေယာင္ရဲ႕ ဝိညာဥ္ႀကိဳး.. အနီကိုပဲ ေရြးျဖတ္ .. အျပာကို မထိေစနဲ႔"
"ဟုတ္ၿပီ.. so easy!!"
"မေတာ္တဆမွားျဖတ္မိရင္ ခ်င္းရွစ္ေယာင္ဒုကၡေရာက္မယ္ေနာ္"
"ဘယ္လို ဘယ္လို.."
"သိပ္စိတ္မပူပါနဲ႔.. ဦးေႏွာက္ပ်က္ၿပီး စိတ္ေဖာက္ျပန္ရံုေလာက္ပါပဲ"
စီးကရက္တစ္လိပ္ကို ထုတ္ကာ မီးညွိလိုက္ရင္း ခပ္ေအးေအးပဲ ေျဖလိုက္သည္။ ခုနက အသည္းအသန္ေရာက္လာတာ သူပဲ မဟုတ္သလိုလို… ျဖစ္ေနတဲ့ ကိစၥက သူနဲ႔မဆိုင္လိုလို မ်က္ႏွာေပးနဲ႔ ေဆးလိပ္ေအးေဆးေသာက္ေနေသာ သြမ့္မုရွီကို ယန္က်င္းဟြာ ျမင္ျပင္းကတ္မိသည္။
"မဟာကရုဏာရွင္ရယ္..အဲ့ေတာ့ ငါက ဘယ္လိုလုပ္ရမလဲကြ"
"ေရြးခ်ယ္စရာႏွစ္ခုရွိတယ္.."
"ျမန္ျမန္ေျပာပါ သခင္ေလးရဲဲ!"
" တစ္ခုက ထြက္ေျပးၿပီး ခ်င္းရွစ္ေယာင္ကို အေမွာင္ဝိညာဥ္ဆိုးေတြ အကုန္စားသြားမွာကို ထိုင္ၾကည့္မယ္.. ေနာက္တစ္ခုက ဟိုက မင္းကိုလာသတ္မယ့္အထိ ေစာင့္ၿပီး ေသလိုက္ေတာ့"
"ဘယ္လိုျဖစ္လို႔မ်ား ဒါကို ေရြးခ်ယ္စရာလို႔ ေျပာရတာတုန္း!!!"
"မေရြးခ်င္ရင္ ေသခ်ာလုပ္ .. ဟိုမွာ လာေနၿပီ"
ပူးဝင္ျခင္း ခံထားရေသာ ခ်င္းရွစ္ေယာင္ ယန္က်င္းဟြာကို ရွာေဖြေတြ႔ရွိၿပီးေနာက္ တစ္ဖန္ ေျပးဝင္လာျပန္သည္။
ယန္က်င္းဟြာလည္း က်င္းရွင္းေယာင္ရဲ႕ ဝိညာဥ္ႀကိဳးကို မွားမျဖတ္မိေအာင္ သတိအႀကီးႀကီးထားေနရသည္။
"အေပၚ ဘယ္ ညာ ဘယ္ ေအာက္ ညာ ဘယ္ ေအာက္ အေပၚ ဘယ္ ညာ အေပၚ ေအာက္ … မွားေတာ့မယ္ အဲ့ဒါမဟုတ္ဘူူး … ေဘးက … မွားၿပီ မွားၿပီ"
သြမ့္မုရီွက စီးကရက္ကို ဇိမ္နဲ႔ဖြာေနရင္း ေအးေဆးစြာအမိန္႔ေပးေနသည္။
ယန္က်င္းဟြာခမ်ာမွာေတာ့ အေရာင္မမွားေအာင္ ႀကိဳးစားရင္း ေဇာေခြ်းျပန္ေနေတာ့သည္။
"သြမ့္မုရွီ ပါးစပ္ေလးပိတ္ထားေပးပါ"
"မင္းမွားမွာစိုးလို႔ ေျပာေပးေနတာေလ.. ဒါေလးေတာင္ လိုက္မလုပ္ႏိုင္ဘူးလား"
အေငြ႔တလူလူနဲ႔ စီးကရက္ကို လက္ေခ်ာင္းၾကား ညွပ္ကိုင္ထားရင္း နံရံကို မီွရပ္ကာ အမိန္႔ေပးေနေသာ သြမ့္မုရီွကို ယန္က်င္းဟြာ အင္မတန္ကို ျမင္ျပင္းကတ္မိသည္။
"Shut the f**k up သိပ္လြယ္ေနရင္ မင္းဘာသာမင္း ရွင္းပါလား အစြမ္းထက္တဲ့ သခင္ေလးရဲ႕"
ရြဲ႕ၿပီးေျပာလိုက္ေပမယ့္ သြမ့္မုရီွအေျဖေၾကာင့္ သူအံ့ၾသသြားရျပန္သည္။
"မရလို႔ေပါ့.. ယန္မင္းသခင္ေတြရဲ႕ စြမ္းအင္ကို သက္ရွိလူသားေတြအေပၚ အသုံးျပဳတာကို တားျမစ္ထားတယ္.. အဲ့ဒါေၾကာင့္ မင္းကို ငါ့ရင္းလင္ လုပ္ခိုင္းတာေလ.. ဘာေၾကာင့္လို႔ ထင္လို႔လဲ"
ခဏအၾကာ.. လိုက္ျဖတ္ေနရင္းနဲ႔ အနီေရာင္အမွ်င္ေတြက ယန္က်င္းဟြာကို ပတ္မိလ်က္သား ျဖစ္သြားသည္။
"သြမ့္မုရွီ!!! တစ္ခုခုလုပ္ဦးဟ!! စတိုင္ပဲထုတ္မေနနဲ႔ !!"
သြမ့္မုရွီ ရပ္ၾကည့္ေနရာက စတင္လႈပ္ရွားလာသည္။ အနီေရာင္ႏွင့္ အျပာေရာင္ ဝိညာဥ္မွ်င္တန္းေတြကို ေအးေဆးစြာပဲ ခြဲထုတ္သြားရင္း မၾကာေလာက္တဲ့ စကၠန္႔ပိုင္းအတြင္းမွာပဲ သူ႔လက္ထဲမွာ အနီေရာင္ အေမွာင္ဝိညာဥ္မွ်င္ေတြ စုစည္းၿပီးသားျဖစ္သြားသည္။ ရုန္းကန္ေနသည့္ အေမွာင္ဝိညာဥ္ေတြကို ဖမ္းခ်ဳပ္ထားရင္း ယန္က်င္းဟြာကို ေခၚလိုက္၏။
"လာျဖတ္ေတာ့ !!"
အနီေရာင္အမွ်င္ေတြအားလံုး ပ်က္ဆီးသြားတာနဲ႔ ခ်င္းရွစ္ေယာင္ခႏၷာကိုယ္ကေန အနက္ေရာင္ အေငြ႔မ်ားထြက္လာၿပီးေနာက္ သူမလည္း ေအာ္ဟစ္ရင္း ၾကမ္းျပင္ေပၚလဲက်သြားသည္။
"အား!!!"
"ခ်င္းရွစ္ေယာင္ !! ဘာျဖစ္သြားေသးလဲ"
ယန္က်င္းဟြာက စိတ္ပူစြာေမးသည္။ သြမ့္မုရွီကေတာ့ ထံုးစံအတိုင္း _
"ဘာျဖစ္လို႔ ရင္းလင္ကို သတ္ခ်င္ရတာလဲ..ဘာျဖစ္လို႔ အေမွာင္ဝိညာဥ္ေတြက မင္းကို ေအးေဆးလႊမ္းမိုးသြားႏိုင္ရတာလဲ.. သြမ့္မုအိမ္ေတာ္ရဲ႕ ေခြ်းမေလာင္းက ဒီလိုမေကာင္းတဲ့့ အေတြးေတြရွိေနတာလား .. "
ေမးခြန္းေတြ ျပင္းထန္လြန္း၍ ေဘးကနားေထာင္ေနေသာ ယန္က်င္းဟြာပါ ၾကက္သီးထလာသည္။ ခ်င္းရွစ္ေယာင္အတြက္ဆို ေျပာေနစရာမလိုေတာ့ …။
"ငါ ေမးတာကို ေျဖမယ္ ခ်င္းရွစ္ေယာင္"
အမိန္႔ေပးသံလို႔ ဆိုဖို႔ထက္ပင္ ေအးစက္သေလာက္ ျပင္းထန္လြန္းေသာ သူ႔ရဲ႕ အေမးမွာ ခ်င္းရွစ္ယာင္ ထိတ္လန္႔ေနမိသည္။
'ငါ ဘယ္လို ေျပာျပရမွာလဲ'
ခ်င္းရွစ္ေယာင္ ေျဖစရာစကားမရွိ …။ တြန္႔ဆုတ္စြာနဲ႔ အမွန္အတိုင္း ဝန္ခံဖို႔ အလုပ္မွာ_
"အဲ..အဲ့ဒါ .. သူေရခ်ိဳးေနတာကို ငါေခ်ာင္းၾကည့္မိသြားလို႔"
ယန္က်င္းဟြာက အေျဖတစ္ခု အျမန္ေျပာလိုက္သည္။ သြမ့္မုရီွမ်က္ႏွာမွာ မယံုၾကည္သလို မသတီသလို အၾကည့္ေတြက ရႈပ္ယွက္ခတ္သြား၏ ။
"ဘာေျပာတယ္"
"က်င္းဟြာ.."
ခ်င္းရွစ္ေယာင္ မငိုမိေအာင္ ထိန္းထားရသည္။ သူမ စိတ္မထိန္းပဲ သတ္ဖို႔ၾကံရြယ္မိသူက သူမကို ကာကြယ္ေပးေနသည္ မဟုတ္ပါလား…။ သူမရဲ႕ မသိစိတ္ထဲကေန မုန္းတီးမိတဲ့ ယန္က်င္းဟြာက သူမရဲ႕ အရွက္နဲ႔ သိကၡာကို ကာကြယ္ေပးေနတာပါလား…။
"ငါရဲ႕ အလွဘုရင္မေလး ေရခ်ိဳးေနတဲ့အခ်ိန္ ငါေရာက္သြားတာဆိုေတာ့ အခြင့္အေရးကို လက္မလႊတ္ႏိုင္ဘူးေလ.. အဲ့ဒါနဲ႔ပဲ.."
"အရွက္မရွိလိုက္တာ.."
သြမ့္မုရီွရဲ႕ စကားက ျပင္းထန္သေလာက္ ယန္က်င္းဟြာက ခပ္ေျပာင္ေျပာင္ပင္ …။
"အခု သိၿပီမလား ငါ့စိတ္ဓာတ္ကို .. အဲ့ဒါေၾကာင့္ ျမင့္ျမတ္တဲ့ သခင္ေလးရယ္.. ဒီလက္စြပ္ကို ျပန္ခြ်တ္ယူသြားၿပီး ငါ့ကို သြားခြင့္ေပးပါ .. ေနာ္.. ေနာ္.."
"စကားမမ်ားေနနဲ႔ ယန္က်င္းဟြာ… ေနာက္တစ္ခါ ဒီလိုထပ္မျဖစ္ေစနဲ႔ … ျပန္မယ္.. ညဥ့္နက္ေနၿပီ.."
သြမ့္မုရီွ ေရွ႕ကေနထြက္သြားသည္။ ေနာက္မွာ မသြားေသးပဲ က်န္ခဲ့ေသာယန္က်င္းဟြာက ခ်င္းရွစ္ေယာင္နဲ႔ မ်က္လံုးခ်င္းဆံုသြားရင္း အေတြးခ်င္းဖလွယ္မိၾကသည္။
'ငါ နားလည္တယ္ ခ်င္းရွစ္ေယာင္.. မင္းရဲ႕ ခံစားခ်က္ေတြ နာက်င္မႈေတြကို ငါနားလည္တယ္..'
'က်င္းဟြာ.. '
ခ်င္းရွစ္ေယာင္ လဲက်ေနရာက ျပန္ထဖို႔ အားမရွိပဲ မ်က္ရည္တို႔သာ ဝဲတက္လာသည္။
တံခါးေပါက္အေရာက္ ထြက္မသြားေသးပဲ သြမ့္မုရီွ ရပ္တန္႔လိုက္သည္။
"ခ်င္းရွစ္ေယာင္ "
ဘာရည္ရြယ္ခ်က္နဲ႔ ေခၚမွန္းမသိတဲ့ အတြက္ ခ်င္းရွစ္ေယာင္ လန္႔သြားသည္မွာ အမွန္ပင္ …။
"ရွီေအာ္.. တို႔ …"
"အဝတ္သြားမလဲဘဲ ဘာလုပ္ေနတာလဲ.. ျပန္မလိုက္ဘူးလား .. ဒီေနရာက ဆက္ေနဖို႔ မလံုျခံဳေတာ့ဘူးေလ"
သြမ့္မုရီွထံက ထင္မွတ္မထားတဲ့ စကားက သူမကို ျပံဳးမိေစသည္။ ယန္က်င္းဟြာလည္း သြမ့္မုရီွကို အံ့ၾသစြာၾကည့္ရင္း _
'ငါ မင္းကို တကယ္နားမလည္တတ္ေတာ့ဘူး သြမ့္မုရွီ ' ဆိုတာကို ထပ္ခါတလဲလဲ ေတြးေနမိသည္။
****************
To be continued …
(Unicode)
Soul contract ( Fourth Contract)
"သွမ့်မုရှီ !! လူယုတ်မာ!! မင်း ချင်းရှစ်ယောင်ကို ဘယ်လိုတွေ ဆက်ဆံခဲ့တာလဲ"
သူ့ဘက်က ဦးအောင် ရန်တွေ့လိုက်သည်။
“ဘာဖြစ်ကြတာလဲ.. ဘာလို့ ချင်းရှစ်ယောင်က အမှောင်ဝိညာဉ်တွေ ချည်နှောင်ထားတာခံနေရတာလဲ”
ပုံမှန်အသိစိတ်မရှိတော့သည့် ချင်းရှစ်ယောင်ကို မြင်လိုက်ရပြီးနောက် သွမ့်မုရှီအံ့သြသွားသည်။
“အဲ..အဲ့ဒါက ရှင်းပြရရင် အရှည်ကြီးပဲ”
အမှောင်ဝိညာဉ်တွေရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း အလုပ်ရှုပ်နေသည့်အပြင် သွမ့်မုရှီရဲ့မေးခွန်းကိုလည်း ဖြေနေရသေးသည်။
“ယန်ကျင်းဟွာ!!သေစမ်း!!”
ချင်းရှစ်ယောင်က ယန်ကျင်းဟွာဆီ ပြေးဝင်လာပြန်သည်။ ထပ်ရှောင်တိမ်းရင်း အကွယ်တစ်နေရာမှာ ပုန်းလိုက်သည်။
“ဘာလို့ သူကမင်းကို လိုက်သတ်ချင်နေတာလဲ..”
သွမ့်မုရှီ ထပ်မေးပြန်သည်။
“အဲ…”
ယန်ကျင်းဟွာလည်း ထစ်ငေါ့ငေါ့ ဖြစ်ပြန်သည်။
“ဒီဟာတွေက မင်းနောက်ကိုပဲ လိုက်နေတာ..ချင်းရှစ်ယောင်ဆီ ဝင်ပူးကပ်စရာ အကြောင်းကို မရှိဘူး.. ဝင်ပူးမယ်ဆိုရင်လည်း သူ့အတွင်းစိတ်မှာ မကောင်းတဲ့အတွေးတွေ ရှိနေလို့ပဲ..မင်းကို ငါသွားခိုင်းတာ မိနစ်ပိုင်းလေးရယ်..မင်း ချင်းရှစ်ယာင်ကို ဘာသွားလုပ်လိုက်လဲ”
သွမ့်မုရှီက သံသယအကြည့်နဲ့ မယုံသင်္ကာအကြည့်နဲ့ ကြည့်ရင်းပြောလိုက်ပြန်သည်။
“အခုက ဒီကိစ္စဆွေးနွေးရမယ့် အချိန်မဟုတ်ဘူးလေ”
‘အဲ့ဒီ့အစား ကျင်းရှင်းယောင် ငါ့ကိုဘာလုပ်လိုက်လဲ မေးပါလားကွာ'
ဒါကတော့ ယန်ကျင်းဟွာ စိတ်ထဲက ကြိတ်၍ ငိုကြွေးလိုက်တာဖြစ်သည်။
“အခု ဘာဆက်လုပ်ကြမလဲ”
“မင်း ဘယ်လက်နက်သုံးတာ ကျွမ်းကျင်လဲ”
“အယ်.. လက်နက်ဆိုလို့ ငါအကြီးဆုံး ကိုင်ဖူးတာက မီးဖိုချောင်သုံးဓားလောက်ရယ်…ဒါပေမယ့် ဂိမ်းထဲက ငါ့ Character ကတော့ ဓားသမားပဲ”
“ပြီးတာပဲ စမ်းကြည့်တာပေါ့.. လက်ပေး”
အတွေးအခေါ်တော်လွန်းသော ယန်ကျင်းဟွာက လက်နှစ်ဖက်ဆန့်တန်းပေးရင်း မေးလိုက်တာက_
“ဖက်ထားချင်လို့လား … လာလေဘေဘီ”
“ဘာကိစ္စဖက်ထားရမှာလဲ မင်းရဲ့ညာလက်ကိုပဲတောင်းနေတာ”
သွမ့်မုရှီ တော်တော်လေး စိတ်လေသွားတော့သည်။ ယန်ကျင်းဟွာရဲ့ လက်စွပ်ဝတ်ဆင်ထားသော ညာဘက်လက်ကို ဆွဲယူလိုက်ပြီးနောက် သူ့လက်ညှိုးထိပ်နဲ့ ထိုလက်စွပ်ကို ထိလိုက်သည်။အပြာရောင်အလင်းတန်းများက နှစ်ယောက်လုံးကို ရစ်ပတ်သွားပြီးတဲ့အခါ ယန်ကျင်းဟွာရဲ့ လက်ထဲမှာအပြာရောင်အလင်းတွေ တလက်လက်တောက်နေသော ဓားတစ်လက်အလိုလိုပေါ်လာသည်။
"ဝါးးး မိုက်လှချည်လား"
ဓားကိုကိုင်ထားလျက် အံ့သြမင်သက်နေသော ယန်ကျင်းဟွာကို ကြည့်ရင်း တမူရှီ သတိလက်လွတ် ရေရွတ်လိုက်မိသည်။
"ဒီပုံစံက .. သူပဲ ဟုတ်တယ်.. သေချာတယ်"
"တမူရှီ မင်း ဘာပြောလိုက်တာလဲ"
"ဘာမှမဟုတ်ဘူး.."
ခပ်တည်တည်ပဲ မျက်နှာမပျက် ငြင်းလိုက်သည်။ ယန်ကျင်းဟွာလည်း ထပ်မမေး။
"ငါအခု ဘာလုပ်ရမလဲ"
"သွားရှင်းတော့လေ.."
အိတ်ထဲက စီးကရက်ဘူးကို ထုတ်လိုက်ရင်း_
"ဟိုမှာ အနီရောင်နဲ့ အပြာရောင်အမျှင်တွေ ရောနေတာတွေ့လား.. အနီရောင်က ချင်းရှစ်ယောင်ကို ဝင်ပူးနေတဲ့ဝိညာဉ်ဆိုးတွေ .. အပြာရောင်က ချင်းရှစ်ယောင်ရဲ့ ဝိညာဉ်ကြိုး.. အနီကိုပဲ ရွေးဖြတ် .. အပြာကို မထိစေနဲ့"
"ဟုတ်ပြီ.. so easy!!"
"မတော်တဆမှားဖြတ်မိရင် ချင်းရှစ်ယောင်ဒုက္ခရောက်မယ်နော်"
"ဘယ်လို ဘယ်လို.."
"သိပ်စိတ်မပူပါနဲ့.. ဦးနှောက်ပျက်ပြီး စိတ်ဖောက်ပြန်ရုံလောက်ပါပဲ"
စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်ရင်း ခပ်အေးအေးပဲ ဖြေလိုက်သည်။ ခုနက အသည်းအသန်ရောက်လာတာ သူပဲ မဟုတ်သလိုလို… ဖြစ်နေတဲ့ ကိစ္စက သူနဲ့မဆိုင်လိုလို မျက်နှာပေးနဲ့ ဆေးလိပ်အေးဆေးသောက်နေသော သွမ့်မုရှီကို ယန်ကျင်းဟွာ မြင်ပြင်းကတ်မိသည်။
"မဟာကရုဏာရှင်ရယ်..အဲ့တော့ ငါက ဘယ်လိုလုပ်ရမလဲကွ"
"ရွေးချယ်စရာနှစ်ခုရှိတယ်.."
"မြန်မြန်ပြောပါ သခင်လေးရဲ!"
" တစ်ခုက ထွက်ပြေးပြီး ချင်းရှစ်ယောင်ကို အမှောင်ဝိညာဉ်ဆိုးတွေ အကုန်စားသွားမှာကို ထိုင်ကြည့်မယ်.. နောက်တစ်ခုက ဟိုက မင်းကိုလာသတ်မယ့်အထိ စောင့်ပြီး သေလိုက်တော့"
"ဘယ်လိုဖြစ်လို့များ ဒါကို ရွေးချယ်စရာလို့ ပြောရတာတုန်း!!!"
"မရွေးချင်ရင် သေချာလုပ် .. ဟိုမှာ လာနေပြီ"
ပူးဝင်ခြင်း ခံထားရသော ချင်းရှစ်ယောင် ယန်ကျင်းဟွာကို ရှာဖွေတွေ့ရှိပြီးနောက် တစ်ဖန် ပြေးဝင်လာပြန်သည်။
ယန်ကျင်းဟွာလည်း ကျင်းရှင်းယောင်ရဲ့ ဝိညာဉ်ကြိုးကို မှားမဖြတ်မိအောင် သတိအကြီးကြီးထားနေရသည်။
"အပေါ် ဘယ် ညာ ဘယ် အောက် ညာ ဘယ် အောက် အပေါ် ဘယ် ညာ အပေါ် အောက် … မှားတော့မယ် အဲ့ဒါမဟုတ်ဘူူး … ဘေးက … မှားပြီ မှားပြီ"
သွမ့်မုရှီက စီးကရက်ကို ဇိမ်နဲ့ဖွာနေရင်း အေးဆေးစွာအမိန့်ပေးနေသည်။
ယန်ကျင်းဟွာခမျာမှာတော့ အရောင်မမှားအောင် ကြိုးစားရင်း ဇောချွေးပြန်နေတော့သည်။
"သွမ့်မုရှီ ပါးစပ်လေးပိတ်ထားပေးပါ"
"မင်းမှားမှာစိုးလို့ ပြောပေးနေတာလေ.. ဒါလေးတောင် လိုက်မလုပ်နိုင်ဘူးလား"
အငွေ့တလူလူနဲ့ စီးကရက်ကို လက်ချောင်းကြား ညှပ်ကိုင်ထားရင်း နံရံကို မှီရပ်ကာ အမိန့်ပေးနေသော သွမ့်မုရှီကို ယန်ကျင်းဟွာ အင်မတန်ကို မြင်ပြင်းကတ်မိသည်။
"Shut the f**k up သိပ်လွယ်နေရင် မင်းဘာသာမင်း ရှင်းပါလား အစွမ်းထက်တဲ့ သခင်လေးရဲ့"
ရွဲ့ပြီးပြောလိုက်ပေမယ့် သွမ့်မုရှီအဖြေကြောင့် သူအံ့သြသွားရပြန်သည်။
"မရလို့ပေါ့.. ယန်မင်းသခင်တွေရဲ့ စွမ်းအင်ကို သက်ရှိလူသားတွေအပေါ် အသုံးပြုတာကို တားမြစ်ထားတယ်.. အဲ့ဒါကြောင့် မင်းကို ငါ့ရင်းလင် လုပ်ခိုင်းတာလေ.. ဘာကြောင့်လို့ ထင်လို့လဲ"
ခဏအကြာ.. လိုက်ဖြတ်နေရင်းနဲ့ အနီရောင်အမျှင်တွေက ယန်ကျင်းဟွာကို ပတ်မိလျက်သား ဖြစ်သွားသည်။
"သွမ့်မုရှီ!!! တစ်ခုခုလုပ်ဦးဟ!! စတိုင်ပဲထုတ်မနေနဲ့ !!"
သွမ့်မုရှီ ရပ်ကြည့်နေရာက စတင်လှုပ်ရှားလာသည်။ အနီရောင်နှင့် အပြာရောင် ဝိညာဉ်မျှင်တန်းတွေကို အေးဆေးစွာပဲ ခွဲထုတ်သွားရင်း မကြာလောက်တဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့လက်ထဲမှာ အနီရောင် အမှောင်ဝိညာဉ်မျှင်တွေ စုစည်းပြီးသားဖြစ်သွားသည်။ ရုန်းကန်နေသည့် အမှောင်ဝိညာဉ်တွေကို ဖမ်းချုပ်ထားရင်း ယန်ကျင်းဟွာကို ခေါ်လိုက်၏။
"လာဖြတ်တော့ !!"
အနီရောင်အမျှင်တွေအားလုံး ပျက်ဆီးသွားတာနဲ့ ချင်းရှစ်ယောင်ခန္နာကိုယ်ကနေ အနက်ရောင် အငွေ့များထွက်လာပြီးနောက် သူမလည်း အော်ဟစ်ရင်း ကြမ်းပြင်ပေါ်လဲကျသွားသည်။
"အား!!!"
"ချင်းရှစ်ယောင် !! ဘာဖြစ်သွားသေးလဲ"
ယန်ကျင်းဟွာက စိတ်ပူစွာမေးသည်။ သွမ့်မုရှီကတော့ ထုံးစံအတိုင်း _
"ဘာဖြစ်လို့ ရင်းလင်ကို သတ်ချင်ရတာလဲ..ဘာဖြစ်လို့ အမှောင်ဝိညာဉ်တွေက မင်းကို အေးဆေးလွှမ်းမိုးသွားနိုင်ရတာလဲ.. သွမ့်မုအိမ်တော်ရဲ့ ချွေးမလောင်းက ဒီလိုမကောင်းတဲ့ အတွေးတွေရှိနေတာလား .. "
မေးခွန်းတွေ ပြင်းထန်လွန်း၍ ဘေးကနားထောင်နေသော ယန်ကျင်းဟွာပါ ကြက်သီးထလာသည်။ ချင်းရှစ်ယောင်အတွက်ဆို ပြောနေစရာမလိုတော့ …။
"ငါ မေးတာကို ဖြေမယ် ချင်းရှစ်ယောင်"
အမိန့်ပေးသံလို့ ဆိုဖို့ထက်ပင် အေးစက်သလောက် ပြင်းထန်လွန်းသော သူ့ရဲ့ အမေးမှာ ချင်းရှစ်ယာင် ထိတ်လန့်နေမိသည်။
'ငါ ဘယ်လို ပြောပြရမှာလဲ'
ချင်းရှစ်ယောင် ဖြေစရာစကားမရှိ …။ တွန့်ဆုတ်စွာနဲ့ အမှန်အတိုင်း ဝန်ခံဖို့ အလုပ်မှာ_
"အဲ..အဲ့ဒါ .. သူရေချိုးနေတာကို ငါချောင်းကြည့်မိသွားလို့"
ယန်ကျင်းဟွာက အဖြေတစ်ခု အမြန်ပြောလိုက်သည်။ သွမ့်မုရှီမျက်နှာမှာ မယုံကြည်သလို မသတီသလို အကြည့်တွေက ရှုပ်ယှက်ခတ်သွား၏ ။
"ဘာပြောတယ်"
"ကျင်းဟွာ.."
ချင်းရှစ်ယောင် မငိုမိအောင် ထိန်းထားရသည်။ သူမ စိတ်မထိန်းပဲ သတ်ဖို့ကြံရွယ်မိသူက သူမကို ကာကွယ်ပေးနေသည် မဟုတ်ပါလား…။ သူမရဲ့ မသိစိတ်ထဲကနေ မုန်းတီးမိတဲ့ ယန်ကျင်းဟွာက သူမရဲ့ အရှက်နဲ့ သိက္ခာကို ကာကွယ်ပေးနေတာပါလား…။
"ငါရဲ့ အလှဘုရင်မလေး ရေချိုးနေတဲ့အချိန် ငါရောက်သွားတာဆိုတော့ အခွင့်အရေးကို လက်မလွှတ်နိုင်ဘူးလေ.. အဲ့ဒါနဲ့ပဲ.."
"အရှက်မရှိလိုက်တာ.."
သွမ့်မုရှီရဲ့ စကားက ပြင်းထန်သလောက် ယန်ကျင်းဟွာက ခပ်ပြောင်ပြောင်ပင် …။
"အခု သိပြီမလား ငါ့စိတ်ဓာတ်ကို .. အဲ့ဒါကြောင့် မြင့်မြတ်တဲ့ သခင်လေးရယ်.. ဒီလက်စွပ်ကို ပြန်ချွတ်ယူသွားပြီး ငါ့ကို သွားခွင့်ပေးပါ .. နော်.. နော်.."
"စကားမများနေနဲ့ ယန်ကျင်းဟွာ… နောက်တစ်ခါ ဒီလိုထပ်မဖြစ်စေနဲ့ … ပြန်မယ်.. ညဉ့်နက်နေပြီ.."
သွမ့်မုရှီ ရှေ့ကနေထွက်သွားသည်။ နောက်မှာ မသွားသေးပဲ ကျန်ခဲ့သောယန်ကျင်းဟွာက ချင်းရှစ်ယောင်နဲ့ မျက်လုံးချင်းဆုံသွားရင်း အတွေးချင်းဖလှယ်မိကြသည်။
'ငါ နားလည်တယ် ချင်းရှစ်ယောင်.. မင်းရဲ့ ခံစားချက်တွေ နာကျင်မှုတွေကို ငါနားလည်တယ်..'
'ကျင်းဟွာ.. '
ချင်းရှစ်ယောင် လဲကျနေရာက ပြန်ထဖို့ အားမရှိပဲ မျက်ရည်တို့သာ ဝဲတက်လာသည်။
တံခါးပေါက်အရောက် ထွက်မသွားသေးပဲ သွမ့်မုရှီ ရပ်တန့်လိုက်သည်။
"ချင်းရှစ်ယောင် "
ဘာရည်ရွယ်ချက်နဲ့ ခေါ်မှန်းမသိတဲ့ အတွက် ချင်းရှစ်ယောင် လန့်သွားသည်မှာ အမှန်ပင် …။
"ရှီအော်.. တို့ …"
"အဝတ်သွားမလဲဘဲ ဘာလုပ်နေတာလဲ.. ပြန်မလိုက်ဘူးလား .. ဒီနေရာက ဆက်နေဖို့ မလုံခြုံတော့ဘူးလေ"
သွမ့်မုရှီထံက ထင်မှတ်မထားတဲ့ စကားက သူမကို ပြုံးမိစေသည်။ ယန်ကျင်းဟွာလည်း သွမ့်မုရှီကို အံ့သြစွာကြည့်ရင်း _
'ငါ မင်းကို တကယ်နားမလည်တတ်တော့ဘူး သွမ့်မုရှီ ' ဆိုတာကို ထပ်ခါတလဲလဲ တွေးနေမိသည်။
****************
To be continued …