ချစ်ခြင်းဖွဲ့ အလင်္ကာ
By ChanyeollieMyatNoe
84.4K 8K 642
ချစ်တယ်...အရာအားလုံးထက်ပေါ့... ကျန်တာဘာမှမလိုပါဘူး...မင်းနဲ့ငါ့ရဲ့ပတ်သတ်မှုမှာအချစ်ရှိနေရင်ဘဲပြီးပြည့်စုံပြီ ယ... More
part-1
part-2
part-3
part-4
part-5
part-6
part-8
part-9
part-10
part-11
part-12
part-13
part-14
Attention plz
part-15 (+++)
part-16
part-17
part-18
part-19
part-20
part-21 (Final)
ကျေးဇူးတင်လွှာ
part-7
3.8K 413 8
By ChanyeollieMyatNoe
Baekhyun သူ့ကိုလက်ဆွဲခေါ်သွားတာမို့ Chanyeol သူ့နောက်ကလိုက်သွားရင်း ရင်ထဲပန်းတွေပွင့်နေလေတော့သည်။
တစ်နေရာရောက်တော့ Baekhyun ရပ်လိုက်တာမို့ Chanyeol လဲလိုက်ရပ်လိုက်သည်။
Baekhyun တစ်ခုခုကိုစဉ်းစားနေတာမို့ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်လုပ်နေတာကို Chanyeol ကလဲသူ့နောက်ကထပ်ကြပ်မကွာလိုက်နေလေရဲ့...
Baekhyun ရုပ်တရပ်ဒီဘက်လှည့်လိုက်တော့ သူ့နောက်မှာရပ်နေတဲ့ Chanyeol ရင်ဘတ်နဲ့ Baekhyun ခေါင်းဆောင့်မိတော့သည်။
Baekhyun နာသွားတဲ့ခေါင်းကိုအသာကိုင်လိုက်ကာ..
"Yarr မင်းကဘာလို့ငါ့နောက်လိုက်နေတာလဲ?!"
"မသိဘူးလေ Hyun ကကျွန်တော့်ကိုခေါ်လာပြီးဘာမှမပြောဘဲ ဟိုလျှောက်ဒီလျှောက်လုပ်နေတော့ ကျွန်တော်လဲဘာလုပ်ရမှန်းမသိတာနဲ့ Hyun နောက်လိုက်နေတာ Hee"
သူ့အကျင့်အတိုင်းသွား 32 ချောင်းပေါ်အောင်ရယ်ပြပြီးပြောတဲ့ Chanyeol ကြောင့် Baekhyun ပြုံးမိပြန်သည်။
သူဟာတကယ်ဖြူစင်သူလေးပါလား...
"ဒါနဲ့လေ Hyun ကျွန်တော့်ကိုခေါ်လာတာဘာလုပ်မလို့လဲဟင်?"
"Aww အဲ့တာလား? ဘာမှမဟုတ်ပါဘူး..စောစောက Kim Young Min မင်းကိုအနိုင်ကျင့်နေတာကြည့်မရလို့ ခေါ်လာတာ"
"Aww Nae..."
"ကျစ်....မင်းကို Kim Young Min ကအဲ့လိုဘဲအနိုင်ကျင့်နေကြလား?"
"Nae..."
Chanyeol ခေါင်းလေးငုံ့ကာဖြေတော့ Baekhyun ဒေါသထွက်သွားမိသည်။
သူအစကတည်းက Kim Young Min ဆိုတဲ့သူကိုကြည့်မရပါ...သူ့စည်းကမ်းတွေကိုဖောက်ဖျက်တာကတစ်ကြောင်း...မယ်တော်ကြီးရဲ့လူယုံတော်ဖြစ်တာကြောင့်တစ်ဖုံသိပ်သဘောမကျလှပါ...
အဲ့လူကမယ်တော်ကြီးရဲ့လူယုံဆိုပြီး Baekhyun စကားဆိုအမြဲအလေးမထား...Baekhyun ကအပြစ်ပေးကြမ်းလို့သာ ကြောက်ပြီးသူ့ရှေ့ဆိုငြိမ်နေတာ...ကွယ်ရာဆို Baekhyun ရဲ့စည်းကမ်းတွေကိုတစ်ခုမှလိုက်နာသူမဟုတ်...
"မဖြစ်ဘူး...ငါနဲ့မင်းနဲ့ခင်တာသာသိရင် Kim Young Min ကမင်းကိုပိုပြီးအနိုင်ကျင့်လိမ့်မယ်..ပိုဆိုးတာက မင်းကဂိုလျောလူမျိုးဖြစ်နေတာဘဲ"
"ဂိုလျောလူမျိုးဖြစ်တာဘာဖြစ်လို့လဲ Hyun"
"ကျစ်....Park Chanyeol မင်းဒါလေးတောင်မသိဘူးလား...ဘယ်တောကထွက်လာတာလဲဟမ်?"
"Hyun ကလဲကျွန်တော်မှတိုင်းပြည်ရေးတွေစိတ်မဝင်စားတာ ဘယ်သိမှာလဲဗျ"
"တိုင်းပြည်ရေးစိတ်မဝင်စားရင်တောင် မင်းဒါတော့သိသင့်တယ်လေကွာ...ကဲ ထားပါတော့ အရင်မသိလဲအခုတော့သိထားသင့်တယ်...မင်းကအခု ယွမ်နိုင်ငံထဲရောက်နေပြီလေ...ငါပြောပြမယ်သေချာနားထောင်"
Baekhyun ပြောနေရင်း Chanyeol ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ သူပြောမဲ့စကားကိုစိတ်ဝင်တစားနားထောင်နေတာမို့ စကားပြန်ဆက်လိုက်သည်။
"ဒီလိုလေ ငါတို့တိုင်းပြည်မှာ မယ်တော်ကြီးက ဂိုလျောလူမျိုးတွေဆိုသိပ်မုန်းတာ...ဟိုးအရင်ကတည်းက မုန်းပေမဲ့ပိုဆိုးသွားတာက ငါ့မယ်တော်ကဂိုလျောလူမျိုးဖြစ်နေခဲ့လို့...ခမည်းတော်က မယ်တော်ကြီးကန့်ကွက်နေတဲ့ကြားထဲက ဂိုလျောသူဖြစ်တဲ့ ငါ့မယ်တော်ကိုထိမ်းမြားခဲ့တယ်လေ...အဲ့တာကြောင့်ပိုဆိုးသွားတာ...နောက်ဆို မယ်တော်ကြီးနဲ့တွေ့ရင်ဝေးဝေးရှောင်နေ...ပြီးတော့ Kim Young Min ဆိုတဲ့သူကလဲမယ်တော်ကြီးရဲ့လူယုံတော်လေ...အဲ့တော့သူလဲ ဂိုလျောလူမျိုးတွေဆိုကြည့်မရဘူး အနိုင်ကျင့်မှာဘဲ"
"Aww Nae Hyun...ကျွန်တော်မှတ်ထားပါ့မယ်...ဋ္ဌာနမှူးကအနိုင်ကျင့်လဲဘာဖြစ်လဲ Hyun ရှိနေတာကို"
"ငါကအမြဲတမ်းမင်းနားမှာရှိနေနိုင်တာမှမဟုတ်တာ...မဖြစ်သေးပါဘူး တစ်ခုခုတော့လုပ်မှဖြစ်မယ်"
Baekhyun ပြောပြီးတာနဲ့ စဉ်းစားနေပြန်တာမို့ Chanyeol သူ့မျက်နှာလေးကိုသာတစ်စိမ့်စိမ့်ကြည့်နေမိသည်။
မျက်မှောင်လေးကြုတ်ပြီး အသည်းအသန်စဉ်းစားနေတာတောင် Hyun ပုံစံလေးကအတော်ပင်ချစ်ဖို့ကောင်းလှသည်။
သူများတွေကတော့ Hyun ကိုတည်ငြိမ်ပြီး အမြဲမျက်မှောင်ကြုတ်နေတတ်တာမို့ အရမ်းကြောက်ကြပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာတော့ Hyun ကချစ်စရာကောင်းလွန်းနေတယ်..
"အာ..သိပြီ!!!"
Baekhyun ဘာလုပ်ရမလဲအဖြေထွက်သွားဟန် ထအော်တော့မှ Chanyeol လဲ Baekhyun ကိုငေးနေရာမှအသိပြန်ဝင်လာပြီး...
"ဘာသိတာလဲ Hyun ရဲ့.."
"မင်းငါ့ရဲ့ကိုယ်ရံတော်လုပ်ရမယ်"
"ဗျာ???!!! Hyun...Hyun ဘာပြောလိုက်တာ?"
Baekhyun ပြောလိုက်တဲ့စကားကြောင့် Chanyeol ခေါင်းပေါ်မိုးကြိုးအစင်းတစ်ရာလောက်ပစ်ချလိုက်သလိုပင်...
သူ့လိုဘာသိုင်းပညာမှမတတ်တဲ့ သာမန်ပန်းချီဆရာတစ်ယောက်က Hyun ရဲ့ကိုယ်ရံတော်လုပ်ရမယ်???
လုံးဝမဖြစ်နိုင်တဲ့ကိစ္စကြီးကို...
"Hyun ရယ် လုံးဝမဖြစ်နိုင်တာကြီးကို...ကျွန်တော့်လိုသာမန်ပန်းချီဆရာတစ်ယောက်က Hyun ရဲ့ကိုယ်ရံတော်ဘယ်လိုလုပ်လုပ်လို့ရမှာလဲ?"
"ငါဘာသာငါခန့်တာဘာဖြစ်လို့လဲ ငါ့ကိုဘယ်သူမှတားမြစ်လို့မရဘူး...ဒီနေ့ကစပြီးမင်းကငါ့ရဲ့ကိုယ်ရံတော်ဘဲ"
"Aryni...မဟုတ်သေးဘူးလေ...ကိုယ်ရံတော်ဆိုတာသိုင်းပညာတတ်ရတယ်လေ...ကျွန်တော်ကဘာမှမှမတတ်တာ...တကယ်လို့ ရန်သူတွေတွေ့ပါပြီရဲ့ ကျွန်တော်ကဘာမှမတတ်တော့ Hyun ကိုဘယ်လိုကာကွယ်မလဲ?"
"Arr အဲ့တာကအကြောင်းမဟုတ်ပါဘူး...မင်းပြောသလိုရန်သူတွေနဲ့ရင်ဆိုင်ရရင်ငါကမင်းကိုကာကွယ်မှာပေါ့...မင်းသာငါ့နားမှာနေ"
"မဟုတ်...မဟုတ်ဘူးလေ Hyun"
"တော်ပြီ ဘာမှအထွန့်မတက်နဲ့တော့ ဒီနေ့ကစပြီးမင်းကငါ့ရဲ့ကိုယ်ရံတော်ဖြစ်သွားပြီ ဒါဘဲ...အခုချက်ချင်းမင်းပစ္စည်းတွေသွားသိမ်းတော့ ငါ Kim Young Min ကိုပြောပြီးလာခဲ့မယ်"
"မဟုတ်ဘူးလေ...Hyun...Hyun!!!"
Chanyeol နောက်အော်နေပေမဲ့ Baekhyun ကတော့သူပြောချင်ရာပြောပြီးထွက်သွားလေပြီ...
"Ashi...Hyun နဲ့တော့စိတ်ညစ်ပါတယ်...အခုထိတဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကမပျောက်သေးဘူး"
Hyunရေ...ကျွန်တော့်ကို Hyun နားမှာနေစေချင်လို့ ဒီလိုရာထူးမျိုးခန့်တာ သိပေမဲ့ အများအမြင်မှာတော့မသင့်တော်ဘူးလေ...
စစ်ရှုံးပြီးရောက်လာတာမှ မကြာသေးတဲ့သာမန်ပန်းချီဆရာတစ်ယောက်ကို ကိုယ်ရံတော့ခန့်တယ်ဆိုတာ Hyun အတွက်ထိခိုက်လာနိုင်သလို ကျွန်တော့်အတွက်လဲ အန္တရာယ်ရှိတယ်ဆိုတာ မေ့လျော့နေတာလား?
ကျွန်တော်အန္တရာယ်ရှိတာကြောက်လို့မဟုတ်ပါဘူး...Hyun အတွက်ထိခိုက်လာမှာကိုစိုးရိမ်လို့ပါ...
ပြီးတော့ ကျွန်တော်သာ Hyun ရဲ့အနီးဆုံးနေရာမှာရှိနေရင်...အမြန်ဆုံး...အမြန်ဆုံး....Ashi Hyun အတွက်အန္တရာယ်တွေဖြစ်လာနိုင်တယ် Hyun ရယ်..ကျွန်တော်ခုချိန်မှာဘာမှမပြောနိုင်တာကိုခွင့်လွှတ်ပေးပါ...
အရမ်းချစ်တယ်ဆိုတာတော့ ယုံပေးပါ Hyun...
>>>>>>>>>>>>ချစ်ခြင်းဖွဲ့ အလင်္ကာ<<<<<<<<<<
Saranghae all my readers❤❤
90°bow
#MyatNoe
Continue Reading
You'll Also Like
569K 66.3K 186
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
136K 15.9K 99
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
4.3K 351 20
119K 10.1K 70
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...