Xia Yao လူအုပ်ရှေ့ကိုတိုးဝင်လာတယ် သူများတွေသာ Xuan Da Yuကိုထိန်းချုပ်လို့မရခဲ့ရင် ပြဿနာကပိုကြီးမားလာပြီး အကြမ်းနည်းလမ်းသုံးဖြေရှင်းမှာစိုးရိမ်မိတယ် နောက်ဆုံးမှာ တကယ့်တကယ်ထိခိုက်သွားမယ့်သူက Xuan Da Yu ပဲဖြစ်လိမ့်မယ် Xuan Da Yu ရှေ့ကိုတဟုန်ထိုးပြေးသွားပြီး လူကိုအနောက်ကနေသိုင်းဖက်လိုက်တယ် လက်ကောက်ဝတ်ကလည်း Xuan Da Yuလည်ပင်းကို ဖိချလိုက်ပြီး ခပ်ကြီးကြီးတိုင်တတိုင်ကိုလည်း လက်ထဲမှာပါတပါတည်းယူဆောင်ထားလိုက်တယ်
Xuan Da Yuနားရွက်နား Xia Yao ဒေါသတကြီးအော်လိုက်တယ် "မင်းစိတ်ရူးများပေါက်သွားပြီလား"
ဒီစကားလုံးတွေအော်နေတဲ့အချိန်မှာ Xia Yao, Xuan Da Yu ကိုထိန်းဖို့ကြိုးစားနေရင်း တပြိုင်နက်တည်းမှာ ပဲသူ့သူငယ်ချင်းကိုလာဝိုင်းနေတဲ့ တခြားလူတွေနောက်ဆုတ်ဖို့ သတိပေးနေသလိုပဲ ဒါငါ့ညီအစ်ကိုကွ သူမှားတာလုပ်ရင် အကျိုးဆက်ငါခံမယ် သူ့ကိုထိဖို့တော့မကြိုးစားနဲ့
"ဘယ်သူကရူးနေတာလဲ" နီရဲနေတဲ့မျက်လုံးတစုံနဲ့ Xuan Da Yu, Xia Yao ကိုစိုက်ကြည့်လိုက်တယ် "အဲ့ဒီကောင်မင်းကိုဒီလိုကန်ထည့်လိုက်တာကို ဘာလို့မင်းခွင့်ပြုတာလဲ သူ့ကိုယ်သူဘာကောင်လို့များထင်နေလဲ မင်းဖင်ဆိုတာ သူလွယ်လွယ်နဲ့ကန်လို့ရတဲ့အရာလို့များ ထင်နေလား"
Xia Yaoကပြန်ဆူတယ် "ဒါလေ့ကျင့်ရေးလေ"
"လေ့ကျင့်ရေးမှာ ဘယ်သူ့ကိုမဆိုကန်နိုင်တယ်တဲ့လား ငါမျက်စိကန်းနေတယ်လို့များထင်နေလား မင်းလမ်းကြောင်းထဲ ဟိုအမှိုက်ကောင်ရောက်နေတာလေ ဒါပေမယ့်တကယ့်တကယ်အပြစ်ပေးခံရတာကမင်းလေ" Xia Yao ကိုကန်လိုက်တဲ့နည်းပြကို Xuan Da Yu လက်ညိုးထိုးပြီး ကျယ်ကျယ်လောင်လောင်ကြီးဆဲဆိုလိုက်တယ် "မင်းကိုမင်း စစ်တပ်ထဲက တပ်မှူးချုပ်လို့များထင်နေလား ရိုက်ချင်ရင်တခြားဘယ်သူ့ကိုမဆိုသွားရိုက် ငါတို့ဒီကိုလာတာနဲ့တင် မင်းတို့မျက်နှာရနေကြတာ မင်းတို့ကိုယ်မင်းတို့သာတဲ့ပုံစံအချိုးမချိုးနဲ့"
နိုင်ငံခြားသားနည်းပြရဲ့တရုတ်စာကလည်း နည်းနည်းမွှတ်တဲ့အတွက် Xuan Da Yu ရဲ့ဆဲသံကိုကြားတဲ့အခါမှာ ဒေါသကိုမနည်းထိန်းသိမ်းနေရတယ် လက်သီးဆုပ်ပြီး ဝင်ပါဖို့အဆင်သင့်ဖြစ်နေပေမယ့် Yuan Zong ရဲ့လက်ဟန်တခုတည်းနဲ့တင်ရပ်တန့်သွားခဲ့တယ်
"ဟေ့ကောင် တော်တော့" Xuan Da Yu ရင်ဘတ်ထဲတည့်တည့် Xia Yao လက်သီးတလုံးပစ်လွှတ်လိုက်တယ်
Xuan Da Yu ငြူငြူဆူဆူဆောင့်ဆောင့်အောင့်အောင့်နဲ့ သူ့ရဲ့စူးရှလှတဲ့အကြည့်ဟာ နည်းပြဆီကနေတဆင့် Yuan Zong ဆီရောက်သွားတယ်
"ငါတခုပြောဦးမယ် မင်းတို့ကိရိယာတန်ဆာပလာတွေကို ဖျက်ဆီးတာဘာမှမဟုတ်သေးဘူး မင်းတို့ငါနဲ့လာရှုပ်ရှုပ်ရှက်ရှက်လာလုပ်မိတာနဲ့ ဒီကုမ္ပဏီတခုလုံးတာ့တာဖြစ်သွားစေရမယ် လူတွေကိုကန်တယ်တဲ့လား အခုကိုယ့်မျက်နှာကိုယ်ပြန်ရိုက်ရမယ့်အချိန်ပဲ"
Yuan Zong စကားတလုံးမှမဆိုပဲ သူ့ရဲ့ဓားလိုစူးရှနေတဲ့ အေးခဲမတတ်အကြည့်ကXia Yaoကိုဖြတ်ထွင်းဝင်ရောက်သွားတယ်
Xia Yao သူ့လက်တွေကို တင်းကြပ်လိုက်ပြီး သူ့အသက်ပါမှီခိုနေရတဲ့ပုံနဲ့ Xuan Da Yu ကိုဖက်တွယ်ထားတယ် Xuan Da Yuပါးစပ်ပေါက်ပိတ်ဖို့ တွန်းအားပေးရင်း အပြင်ကိုဆွဲထုတ်လာခဲ့တယ် သူတို့အပြင်ထွက်လာပြီး Yuan Zong နားဖြတ်သွားတဲ့အချိန်မှာ Xia Yao ရဲ့အကြည့်ကကော်လိုပဲ Yuan Zong ပေါ်စွဲစွဲမြဲမြဲကျရောက်နေတယ် သူအောင်အောင်မြင်မြင်နဲ့ Xuan Da Yu ကိုလုံလုံခြုံခြုံခေါ်ထုတ်သွားနိုင်ပြီးတဲ့အခါမှ သူ့မျက်လုံးဟာလည်းနည်းနည်းအရောင်မှိန်သွားခဲ့တယ်
မိခင်ဘဲမကြီးက သူ့ရင်သွေးဘဲလေးတွေကို ကာကွယ်စောင့်ရှောက်နေသလိုမျိုးပြင်းပြတဲ့သန္နိဋ္ဌာန်မျိုးကို Xia Yaoအကြည့်ထဲမှာ Yuan Zong မြင်လိုက်ရတယ် သူသာဒီအချိန်မှာ Xuan Da Yuကိုထိခဲ့ရင် Xia Yaoပါနာကျင်သွားမယ့်ပုံပဲ
Xia Yao စိတ်ကွက်သွားလောက်မယ်ဆိုတဲ့ဖြစ်နိုင်ခြေသေးသေးလေးတခုအတွက်နဲ့တင် ကိုယ့်မျက်နှာပျက်သွားစရာဖြစ်သွားရင်တောင်မှ Yuan Zong သည်းခံနိုင်တယ်
မကျေမနပ်ရေရွတ်သံနဲ့ဒေါသတကြီးပြောသံတွေထွက်ဖို့သိပ်မကြာလိုက်ပါဘူး
"ဒီအတိုင်းသူ့ကိုလွှတ်ပေးလိုက်တော့မလို့လား ဒီစက်ကိရိယာတွေကိုဘယ်လိုလုပ်မလဲ ဒီလိုပဲသူတို့ကို အရှုံးပေးလိုက်တော့မလို့လား"
"ဒီလိုရူးရူးမိုက်မိုက်အပြုအမူလုပ်သွားရအောင် ကိုယ့်ကိုကိုယ်ဘာအကောင်လို့များထင်နေလဲ နာမည်ရှိမိသားစုမျိုးရိုးကလာတော့ရော ဘာဖြစ်လဲ"
"..."
Yuan Zong ချာကနဲလှည့်လာပြီး အမိန့်ပေးလိုက်တယ် "ဆက်လေ့ကျင့်နေကြစမ်း"
လူအနည်းစုက ရုန်းရင်းဆန်ခတ်လုပ်ဖို့အသင့်ပြင်နေကြပေမယ့် Yuan Zong ရဲ့အမူအရာကိုမြင်လိုက်တဲ့အခါမှာ အားလုံးပါးစပ်ပိတ်လိုက်ပြီး လေ့ကျင့်ရေးကွင်းဆီ နာနာခံခံနဲ့ ပြန်လျှောက်သွားကြတယ်
Xia Yao ကားထဲရောက်ရောက်ခြင်းမှာ Xuan Da Yu ဆီလှည့်ပြီး မေးခွန်းထုတ်လိုက်တယ်
"မင်းဘာလုပ်လိုက်လဲကြည့်စမ်း အကန်ခံရတာလေးတခုအတွက်ကြောင့်? လူတိုင်းဘဝမှာတခါလောက်တော့ အကန်ခံရတာချည်းပဲ"
Xuan Da Yu နောင်တမရတဲ့ပုံနဲ့ဆိုတယ် "သူဘယ်သူ့ကိုထိထိငါစိတ်မဝင်စားဘူး ဒါပေမယ့် မင်းကိုထိရင်တော့ လုံးဝပဲ"
Xia Yao တယောက် ရင်ထဲထိသွားရမလား ဒေါသပဲထွက်လိုက်ရမလားဆိုတာမသိဖြစ်သွားတယ် မျိုချလို့ခက်တဲ့အရသာတမျိုးပဲ နားလည်ရခက်တဲ့ခံစားမှုနဲ့ သူစီးကရက်ကိုထုတ်ပြီး မီးညှိလိုက်မိတယ်
Xuan Da Yuက ဆက်ဆိုတယ် "မင်းမှတ်မိသေးလား ငါတို့ငယ်ငယ်တုန်းကဆို မင်းကိုလာစတဲ့လူတိုင်း ငါဖြေရှင်းပစ်လိုက်တာ အခုလည်းငါတို့လူကြီးတွေဖြစ်လာပေမယ့် ငါဆက်လုပ်ဦးမယ် မင်းခေါင်းပေါ်ကဆံပင်တမွေးကို ဘယ်သူမှ ဘာအကြောင်းပြချက်နဲ့မှ မထိစေရဘူး"
"ငါငါ့ကိုငါဂရုစိုက်တတ်ပါတယ် မင်းကာကွယ်ပေးနေတာကြီး မလိုချင်ပါဘူး"
"ဒါပေမယ့် မင်းငါထက်ပိုဖြူတယ်လေ"
Xia Yao စိတ်တိုလာတယ် "အသားဖြူတာနဲ့ဘာဆိုင်လို့လဲကွာ"
"မင်းအသားဖြူတဲ့အတွက် မင်းကိုတခြားလူတွေ ပိုအနိုင်ကျင့်ချင်ကြတယ်" Xuan Da Yu ဆိုတယ်
Xia Yao စီးကရက်ဖင်ကိုခပ်ကြမ်းကြမ်းဖိခြေလိုက်ပြီး ကားထိုင်ခုံကိုနောက်မှီလိုက်တယ် ဘာမှမဆိုမိဘူး
Xuan Da Yu ဇွဲကောင်းကောင်းနဲ့ သူ့ဘာသာသူပေါက်ကရဆက်ပြောပြန်တယ် "ပြီးတော့လည်း ဟိုဦးလေးကြီးကလည်း ဘာလဲမသိ မင်းဆီကမျက်စေ့မခွာဘူး တကယ်ပဲ ငါစိတ်ထဲမလုံသလိုခံစားနေရတယ်"
"ဦးလေးကြီး?" Xia Yao မျက်ခွံနည်းနည်းပင့်တက်လာတယ်
Xuan Da Yu ဆိုတယ် "အေး အဲ့ဒီဥက္ကဋ္ဌ Yuanလား ဘာလားလူလေ"
ဦးလေးကြီး... Xia Yao ချက်ချင်းမျက်စိကျယ်လာတယ် "သူအဲ့လောက်ထိအသက်ကြီးနေလို့လား"
Xuan Da Yu မျက်ခုံးပင့်မိတယ် "သူ့ကိုအသက်ကြီးတယ်လို့ပြောတာ သဘောမကျလို့လား"
"အဲ့ဒီလိုတော့မဟုတ်ပါဘူး ငါတွေးမိတာက သူအသက်က သုံးဆယ်ပဲရှိသေးတာ ငါတို့နဲ့သိပ်လည်းမကွာဘူး ပြီးတော့သူ့လက်ဗလာနှစ်ဖက်နဲ့ပဲ ဒီအလုပ်အကိုင်ကိုတည်ဆောက်လာတာ ကုမ္ပဏီကလည်း စီးပွားဖြစ်တာမှမကြာသေးဘူး ဒီအစပိုင်းနှစ်အနည်းငယ်အတွင်းမှာ သူတို့အတွက်ခက်ခဲနေခဲ့တာ ဒါပေမယ့် တုတ်တချောင်းကြောင့်ပဲ မင်းသူတို့ရဲ့စိတ်နှစ်ကိုယ်နှစ်လုပ်ထားတာတွေကို ဘယ်လောက်တောင်နင်းခြေလိုက်ပြီလဲ"
Xuan Da Yu ဂရုမစိုက်သလိုပြန်ဖြေလိုက်တယ် "လောက်တယ်လို့တောင် မထင်သေးဘူး မီးပါတခါတည်း အဲ့ဒီနေရာကို ရှို့ပလိုက်ရမှာ"
Xuan Da Yuကို သူဘယ်လောက်ပြောပြော သဲထဲရေသွန်သလိုဖြစ်သွားမယ်ဆိုတာ Xia Yao သိပြီးသား အဲ့ဒါသူမွေးကတည်းကအကျင့်စရိုက်ပဲ သူစိတ်ထဲမသင့်တော်ဘူးလို့ထင်တဲ့အရာတခုကိုသာ တွေ့ကြည့်လိုက် သူတုံ့ဆိုင်းမနေပဲ ဖျက်ဆီးပစ်လေ့ရှိတယ်
နည်းနည်းအသံတိတ်သွားပြီးတဲ့နောက်မှာ Xuan Da Yu ဆိုလိုက်တယ် "အဲ့ဒီနိုင်ငံခြားသားနည်းပြ မင်းကိုတော်တော်ပြင်းပြင်းကန်လိုက်တဲ့ပုံပဲ ရောင်နေလားကြည့်ရအောင် ဘောင်းဘီလေးချွတ်ပြပါလား"
Xia Yao မျက်မှောင်ကြုတ်လိုက်တယ် "ဘယ်သူကနေ့ခင်းကြောင်တောင်ကြီး အတွင်းခံဘောင်းဘီချွတ်မှာလဲ မင်းတုံးနေလား"
"ဘာဖြစ်လို့လဲ ငါတို့နှစ်ယောက်ပဲဒီမှာရှိတာကို"
"ဒါပေမယ့်လည်း" Xia Yao အလျော့မပေးပဲဆိုပြန်တယ်
Xia Yao ရိသဲ့သဲ့ပြုံးဖြီးလိုက်တယ် "ငါ့အိမ်ထဲမှာ နေ့တိုင်းဖင်တုံးလုံးနဲ့ပတ်ပြေးနေတာဘယ်သူလဲ မင်းရဲ့ငှက်ကလေးကို ငါညှစ်ဖူးတာဖြင့် ဘယ်နှစ်ခါတောင်ရှိပြီလဲ ဘာဖြစ်လို့အခုမှရှက်နေရတာလဲ"
"အဲ့ဒါကငါတို့ငယ်ငယ်တုန်းကလေ အဲ့ဒီတုန်းက အမွေးတမျှင်မှမရှိသေးတာ အခုကျတော့မတူတော့ဘူးလေ"
Xuan Da Yu ဆိုတယ် "ကိစ္စမရှိဘူး ငါမင်းအောက်မွေးမကြည့်ဘူး သူကန်လိုက်တဲ့နေရာလေးပဲကြည့်မှာ"
"..."
"ဘောင်းဘီချွတ်ပေးကြည့်စမ်းပါ နည်းနည်းလေး နည်းနည်းလေး"
Xia Yao မခံနိုင်တော့တဲ့အဆုံးမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး အော်ထည့်လိုက်တယ် "သွားစမ်း" ပြီးတော့ gas နင်းပြီး အဝေးကိုမောင်းထွက်သွားတယ်
•••••
Please vote or comment if you enjoy this chapter.