လေချွန်သံတစ်ခုက သူ့နှုတ်ခမ်းပါးထက်ကနေ
ခပ်လွှင့်လွှင့် ခုန်ဆင်းကျနေသည်...။
နားထောင်ကောင်းသည်ထက် ခြောက်ခြားစရာကောင်း
နေသည်ဟုဆိုလျှင် ပိုမှန်လိမ့်မည်ထင်သည်...။
ဒန်းကို ခပ်လျော့လျော့မှီထိုင်နေရင်း...သူ့အကြည့်တွေ
က...ခြံထောင့်က သစ်စိမ်းပင်လေးကို တစိုက်မတ်မတ်
ကြည့်နေမိ၏...။
ဖိနပ်ဦးထိပ်ဖျားနဲ့ ထိခတ်မိတဲ့ မြေမှုန်စတွေက
အရှေ့ပိုင်းတည့်တည့်ကို ဖွာခနဲလွှင့်လွှင့်ထွက်ကုန်
သည်...။
ညနေခင်း၏ နေရောင်ခြည်က မျက်နှာပေါ်ကိုဘေးတစောင်း ကျရောက်နေတော့...
သူ့ပုံရိပ်ကို ကြည့်ရသည်မှာ...
ပန်းချီကားတစ်ချပ်နှယ်...။
ရှေ့နောက် လွှဲနေသော ဒန်းကလေး ရုတ်ခြည်းရပ်တန့်
သွားသလို...ထွက်ပေါ်နေသော လေချွန်သံလည်း
တိခနဲရပ်သွားသည်...။
ထို့နောက်...
မျက်နှာကို မော့လှန်လိုက်ကာ....
သူ....အားပါးတရ ကျယ်ကျယ်လောင်လောင်ရယ်မော
မိလိုက်ပါသည်...။
♣ အသွင်ပြောင်းဖဲချပ် ♣
ကျွန်တော်.....လက်ထဲကပုံးကို မြေပြင်ပေါ်ခဏချ
လိုက်ရင်း...ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်မိ
သည်...။ အိမ်က အဒေါ် ဘယ်ကဲ့သို့သောရည်ရွယ်
ချက်နဲ့ အခုလို တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ
လာနေထိုင်ရသည်မသိ...။
လမ်းမကြီးနဲ့လည်း တော်တော်ဝေးတဲ့အထိ
သွားရသေးသည်...။ ပြီးတော့...လမ်းလေးထဲမှာ
ရှိသည့် တခြားအိမ်များကလည်း...တစ်အိမ်နှင့်
တစ်အိမ် အနည်းငယ်ကွာဝေးနေသည်ချည်း...။
နီးကပ်သည်ဆိုလို့ မျက်စောင်းထိုးက အိမ်သာရှိမည်။
" Chanyeol....ဘာလုပ်နေတာလဲ...
ဝင်လာခဲ့တော့လေ... "
အိမ်ထဲကနေ လှမ်းအော်လာသော အန်တီ့အသံ
ကြောင့်...ကျွန်တော် ယောက်ျားလေးတန်မဲ့ မျက်စောင်းထိုးလိုက်မိသည်...။
အပျိုကြီးလို့ မပြောရဘူး...တကယ် ပွစိပွစိကိုနိုင်တယ်။
မြေပြင်ပေါ်က ပုံးကို ပြန်သယ်...
သက်ပြင်းကို ဆောင့်ကြီးအောင့်ကြီးချလိုက်ရင်း
အိမ်လေးထဲကိုသာ ၀င်လာခဲ့လိုက်တော့သည်...။
တကယ်တော့...
ပတ်ဝန်းကျင်၏ အခြေအနေနှင့် ကိုက်ညီနေသော
သူသည်...ထိုအချိန်ကတည်းက
ကျွန်တော့်ကို စောင့်ကြည့်နေခဲ့သည်ဆိုတာ...
ကျွန်တော် မသိခဲ့...။
♣ အသွင်ပြောင်းဖဲချပ် ♣
မနေ့က အိမ်ပြောင်းခဲ့သည့်အရှိန်နှင့်...လူက နိုးတော့
မနက်ဆယ်နာရီတောင် ကျော်နေခဲ့ပြီ...။
ဝရုန်းသုန်းကားထရင်း...ပြတင်းတံခါးကို ဖွင့်လိုက်တော့
လူမနေသည့်တစ်ဖက်ခြံကြီးက ခါးတစ်ဝက်လောက်
ကျော်သည့်မြက်ရိုင်းပင်တွေနှင့်...။
ဒီဘက်ခြံသည်သာ လူမနေသည်မဟုတ်...
ဘေးနှစ်ဖက်စလုံးက ခြံနှစ်ခုလုံး လူမနေကြ...။
သဘာဝလေလေးဝင်လာမှ စိုပြည်သွားဟန်ရှိသော
အခန်းလေးကို သဘောတကျလိုက်ကြည့်နေမိရင်းမှ
အခန်းထဲက ရေချိုးခန်းရှိရာဆီဝင်လာခဲ့လိုက်မိသည်။
ကျွန်တော်...ဒီအိမ်ကို နှစ်သက်သည့်အချက်တစ်ခု
ပြပါဆိုလျှင်...အခန်းတိုင်းမှာ ရေချိုးခန်းတွဲလျက်ပါနေ
ခြင်းကိုပင်...။
Ommaတို့နှင့် နေခဲ့စဉ်က...ရေချိုးခန်းဆိုတာ
တစ်ခုတည်းရှိခဲ့သည်မို့...အရွယ်ရောက်လာတဲ့
ကျွန်တော့်အတွက် သုံးရတာ သိပ်အဆင်မပြေလှ...။
အခုတော့...ကျွန်တော့်စိတ်ကြိုက်...ကျွန်တော့်ရေချိုး
ခန်းနဲ့...။
မျက်နှာသစ်...ရေမိုးချိုးသန့်စင်ပြီး...
လူက မနေနိုင်မထိုင်နိုင်...၀ရံတာဘက်ရောက်သွားမိ
သည်...။တကယ်တော့...အောက်ထပ် တန်းဆင်း
မည်ပြုပြီးမှ...ဘာကြောင့်...၀ရံတာဘက် ထွက်လာ
ခဲ့မိသည်ကို နားမလည်...။
ဝရံတာ လက်ရန်းကို ကိုင်ထားရင်းကနေ...
လမ်းလေးကို မြင်ရလောက်တဲ့အထိ ကိုယ်ကိုငုံ့ကိုင်း
ကြည့်လိုက်သည်...။
ခြေထောက်တစ်ဖက်က လေထဲမှာမြောက်လို့...။
အန်တီအပျိုကြီး မြင်လို့ကတော့...အပျိုကြီးပီပီ
ဇီဇာကြောင်ကာ အော်ဟစ်နေပေဦးမည်...။
အတွေးနဲ့တစ်ချက်ရယ်လိုက်ပြီး...
လှည့်ထွက်မည်ပြုလိုက်မှ...
သတိထားလိုက်မိသည့် အခြေအနေလေးတစ်ခု...။
ဝရံတာ တံခါးဘောင်ကို ဆုပ်ကိုင်ထားရင်းက
ကျွန်တော်ပဲ စိတ်ထင်နေလေရော့သလားလို့
တွေဝေကာ ရပ်စဉ်းစားနေမိသေးသည်...။
လှည့်ကြည့်လိုက်တော့...
ဟင့်အင်း..ကျွန်တော့်တွေဝေချက် မှားမနေခဲ့ပါ...။
မျက်စောင်းထိုး အိမ်ကလေးမှာ...
ခြံလေးထဲက ဒန်းပေါ်ထိုင်နေရင်း...ကျွန်တော့်ကို
စူးစူးစိုက်စိုက်ကြည့်နေသော ကောင်လေးတစ်ယောက်
ရှိနေခဲ့ပါသည်...။
ကျွန်တော် တန်ပြန်စိုက်ကြည့်နေသည့်တိုင်...
သူ့ဘက်က အကြည့်မလွှဲသွားသေးဘဲ ကျွန်တော်နှင့်
အပြိုင်စိုက်ကြည့်နေခဲ့၏...။
အနာဂတ်ကိုသာ ကြိုမြင်နိုင်ခဲ့ရင်...
ကျွန်တော် ဒီရပ်ကွက်လေးကို ပြောင်းလာမိခဲ့မည်
မဟုတ်ပါ...။
♣ အသွင်ပြောင်းဖဲချပ် ♣
#TBC
Intro မို့ ဒီလောက်လေးနဲ့ပဲရပ်ထားဦးမယ်နော်ဝေ့
ဟင့်အင်း...ဘ၀ခြားတာတွေ ဘာတွေ မဟုတ်ဘူးနော်
နှစ်ယောက်စလုံး လူသားတွေချည်း...။
စိတ်ဝင်စားစရာကောင်းမယ်ထင်ရင်
Feedbackလေးတွေ မစခဲ့ကြပါ...။
နောက်တစ်ပိုင်းမြန်မြန်upပေးမယ်လေနော်...။ XD
အာ..အာ...အခု cover ကို အတည်မမှတ်နဲ့ဦး...
မလုပ်နိုင်သေးလို့...character က ပြောင်းပြန်ကြီး
ဖြစ်နေတယ်...။
အားလုံးကို ချစ်ခင်.ခင်မင်.လေးစားခြင်းများစွာဖြင့်...