Make U Proud

By milky_tiny_jinanii

1.4K 94 12

Great good luck sometimes touches a person at least once. တကယ်လို့သာ လူတစ်ယောက်ဟာ ဘဝမှာ တစ်ကြိမ် တစ်ခါတော့ အြ... More

Part 2
Part 3
Part-4 (final)

Part 1

658 27 4
By milky_tiny_jinanii

အားပြင်းတဲ့လက်သီးတွေ ကန်ချက်တွေ ကြောင့်အရိုးတွေကျိုးကြေသွားတဲ့အသံဟာ ချောင် ကျကျ  လမ်းကြားလေးထဲကနေထွက်ပေါ်လာ
သည်အဲ့ဒီအသံတွေနဲ့အတူ အော်သံတွေ ညည်းသံတွေကိုလည်းကြားနေရသည်အဲ့နားကိုရောက်သွားတဲ့သူ ဘယ်သူမဆို ဝင်ဆွဲဖို့အသာထား
အသံတွေကြားရုံနဲ့တင်အဲ့လမ်းကြားလေးထဲဘာ
ဖြစ်နေလဲဝင်ကြည့်ရဲမှာတောင်မဟုတ်

ဘာပဲဖြစ်ဖြစ်
ဒါဟာအထက်တန်းကျောင်းသားတွေရဲ့သာမန်
ရန်ပွဲတစ်ခုပင်ဖြစ်သည်
မြီးကောင်ပေါက်အရွယ်လေးတွေရဲ့
အထိမခံရွှေပန်းကန်လေးတွေရဲ့ရန်ပွဲ
ဒါပေမယ့်ရန်ပွဲကတော့ရန်ပွဲပဲမဟုတ်ပါလား

"သေစမ်း!ခွေးကောင်"
ရွှံတွေနဲ့သွေးနည်းနည်းပေနေတဲ့ယူနီဖောင်းကို
ဝတ်ထားတဲ့ကောင်လေးတစ်ယောက်ဟာ 
ဆံပင်အနီရောင်ဆိုးထားတဲ့တစ်ယောက်ဆီ
လက်သီးတစ်လုံးပစ်သွင်းလာသည်တကယ်အားပြင်းတဲ့လက်သီး ထိများထိသွားရင် မေးစေ့တောင်ကွဲသွားလောက်သည်
ဒါပေမယ့် ဆံပင်အနီရောင်နဲ့ကောင်လေး
အတွက်ကတော့မဟုတ်ပါ
သူဟာဒီလက်သီးကိုအလွယ်တကူပဲရှောင်လိုက်
ပြီး လက်သီးပိုင်ရှင်ကိုလည်းလေပေါ်မြောက်သွာ
လောက်တဲ့အမြင့်ကန်ချက်တွေပေးလိုက်သည်
"tsk ..Bobby သူတို့တွေဘာကြောင့်ဒီလောက်ထိညံ့ကြတာလဲ" Kim Hanbinလို့ခေါ်တဲ့
အနီရောင်ဆံပင်နဲ့တစ်ယောက်ကစိတ်ပျက်စွာ
ပြောသည်
သူဟာဒီပျော့တိပျော့ညံ့ကောင်လေးတွေကို
အနိုင်ရတာ ဂုဏ်ယူမနေပါ သူကတကယ့်
ရန်ပွဲကိုလိုချင်သည်တကယ်အသေအကျေတိုက်
ရတာမျိုး သူ့အသက်ကိုလောင်းကြေးထပ်ပြီး
((တကယ်တော့လည်း သူတို့လိုအထက်တန်းကျောင်းသားလေးတွေရဲ့လောင်းကြေးက အသစ်
ထွက်တဲ့ video game ထက်မပိုပါဘူး))
"သူတို့ကစိန်ခေါ်တာကိုး ငါလည်းမတတ်နိုင်ဘူး" လို့ Bobby ဆိုတဲ့တစ်ယောက်က ကောင်လေးတစ်ယောက်ရဲ့ခေါင်းကိုလက်မောင်းကြားထဲညှပ်ထားရင်းနဲ့ဖြေသည်
"အနည်းဆုံးတော့ Chanwooနဲ့Donghyukအတွက်အတွေ့အကြုံ
ရတာပေါ့"
သူတို့နှစ်ယောက်လုံး  တကယ်ဖိုက်နေကြတဲ့juniorလေးတွေကိုလှမ်း
ကြည့်ရင်း Hanbin ကဂုဏ်ယူနေတဲ့အဖေတစ်ယောက်လိုပြုံးမိသည် သူတို့လေးတွေတောင်
လက်ရည်တော်တော်တက်လာကြပြီ
"မျက်ရည်တောင်လည်တယ်ကွာ"

ကောင်လေးနှစ်ယောက်သူ့ကိုတိုက်ခိုက်ဖို့ဝင်
လာတဲ့အချိန်မှာပဲ Hanbinရဲ့အိတ်ကပ်ထဲက
နေကျယ်လောင်တဲ့ ringtoneသံထွက်လာ
သည် သူဟာခပ်မြန်မြန်ပဲဖုန်းကိုယူကြည့်လိုက်
ပြီး တော့Bobby ကိုတစ်ချက်ကြည့်လိုက်သည်
Bobby ကလည်းနားလည်သွားတဲ့ပုံနဲ့သက်ပြင်း
တစ်ချက်ချပြီး "အခုလား"
Hanbin မလုံမလဲရှက်ကိုးရှက်ကန်းမျက်နှာထားနဲ့ခေါင်းလည်းညိမ့်လိုက်သည့်အခါ
"Chanwoo! Donghyuk! Yunhyeong! ငါးမိနစ်အတွင်းအဆုံးသက်လိုက်ရအောင်"
နောက်ငါးမိနစ်အတွင်းမှာတော့ကောင်လေး၅ယောက်ဟာအလင်းရဲ့အမြန်နှုန်းနဲ့ထိုးကြိတ်နေတော့သည်

ငါးမိနစ်ကြာပြီးတော့ကောင်လေး၎ယောက်ဟာနံရံကိုမှီပြီးအသက်ကိုပြင်းပြင်းရှုကာအမောဖြေနေ
ကြလေသည်ဂသူတု့ရဲ့ပြိုင်ဘက်တွေအခုလေးတင်
ဘဲဒဏ်ရာတွေနဲ့အလဲလဲအပြိုပြို ပြန်ပြေးသွားခဲ့သလို
Hanbin လည်းသွားပြီ  ပြီးတော့လက်ထဲမှာလဲသူတို့အခုလေးတင်နိုင်ထားတဲ့အသစ်စက်စက်နောက်ဆုံးထွက်ထားတဲ့video gameနဲ့

အဲ့အခါသူတို့ထဲကတစ်ယောက်က
"ကဲပြောပါဦး ဘယ်သူလဲ ဘယ်သူမို့လို့လူမိုက်ကြီး Kim Han Bin ကိုဒီလိုခိုင်းနိုင်တာလဲ"Yunhyeong ကလည်ပင်းကိုနှိပ်နေရင်းနဲ့မေးသည်
"အင်း.. ဘယ်သူရမလဲ.. သူ့အမေပေါ့"
"သူ့အမေ!!?!?!!"

Hanbinကသူကျောင်းမှာလူဆိုးတံဆိပ်ရထားမှန်းသူ့ကိုသူသိသည် ဒါပေမယ့်လည်း ဒါသူတမင်သက်သက်လုပ်ယူထားတာမှမဟုတ်ဘဲ
သူရန်ဖြစ်တာတော်တော့ရော?
ပြီးတော့အသစ်ထွက်တဲ့video gameတွေကိုတတ်နိုင်ဖို့ဒါက တစ်ခုတည်းသောနည်းလမ်းဆိုရင်ရော?
အတန်းတွေကိုလည်းပုံမှန်ပြေးတယ်ဆိုရင်ရော?
တော်တော်ပျင်းဖို့ကောင်းတာပဲကို
ကျောင်းစည်းကမ်းဆိုပေမယ့်လည်းဆံပင်
အရောင်ဆိုးတယ်ဆိုရင်ရော?
uniformကိုရှိသမျှကျောင်းစည်းကမ်းတွေကို
ဆန့်ကျင်ပြီးဝတ်တယ်ဆိုရင်ရော?
သူဟာလူဆိုးဆိုတဲ့ဂုဏ်ပုဒ်ကိုရည်ရွယ်ချက်ရှိရှိလုပ်ယူထားတာလုံးဝမဟုတ်ရပါ

ဘယ်လိုပဲHanbinဟာလူဆိုးပုံပေါက်နေပေမယ့်လည်း အပြောအဆိုအပြုအမူတွေ ဆိုးသွမ်းနေပေမယ့်လည်း သူဟာသာမန်အထက်တန်းကျောင်းသားတစ်ယောက်ပင်ဖြစ်သည် အမေပွစိပွစိလုပ်တာကိုနားပူလောက်အောင်ခံပြီးမှမုန့်ဖိုးရတဲ့ အဖေ့လစာကိုချွေတာသုံးစွဲရတဲ့ သာမန်အထက်တန်းကျောင်းသားဖြစ်သည်
သူတစ်ယောက်တည်းလူတွေအများကြီးနဲ့ယှဉ်ချနိုင်ပေမယ့် သူ့အမေဆီကဖုန်းတစ်ကောဟာဖုန်းတစ်ကောပင်ဖြစ်သည် သူလွန်ဆန်လို့မရပါ
သူ့အမေကဖုန်းဆက်ပြီးသူ့ရဲ့လေးနှစ်အရွယ်ညီလေးကိုမူကြိုသွားကြိုခိုင်းရင်လည်း သွား
ကြိုရမှာပင်ဖြစ်သည်
Junhoeကိုသွားကြိုရတာဟာစိတ်ပျက်စရာ
အတိ  Junhoe ဟာချစ်စရာမကောင်းပါ
သူဟာပွေ့ဖက်ချင်စရာကောင်းအောင်မနေပါ
အခြားကလေးတွေလိုချစ်စရာအမူအရာလေးတွေလည်းလုပ်မပြပါ  ဒီကလေးဟာဘာကြောင့်
ဒီလောက်တည်ငြီမ်နေသလဲဆိုတာHabinတကယ်မသိ   Junhoeဟာသူ့ကိုမျက်မှောင်ကြီးကျုံ့ပြီးပဲကြည့်တတ်သည်
သူ Hanbinကိုသဘောမကျတာများလား
ဘာကြောင့်လဲဆို သူJunhoe ကိုHalloween မှာအရမ်းကြောက်သွားအောင်စမိလို့လဲဖြစ်နိုင်သည်      သူ့ကိုနေ့တိုင်းမခံချင်အောင်နောက်နေလို့လဲဖြစ်နိုင်သည်     သူ့အကြိုက်ဆုံးကိတ်ကို
အမြဲတမ်းယူစားလို့လဲဖြစ်နိုင်သည် ဒါမှမဟုတ်--
ဒါမှမဟုတ်-- ဘာပဲဖြစ်ဖြစ် Junhoe သူု့ကိုသဘောမကျသည်မှာသေချာသည်

အဲ့ဒါအပြင်မူကြိုကဆရာမတွေကတကယ်ပေါက်ပေါက်ဖောက်နိုင်သည် သူ့အမေထက်တောင်ပိုနိုင်သည်  နောက်ပြီး Bom noona
ဒီဆရာမကတော့ပိုလို့တောင်ဆိုးသည်  သူ့ပုံကိုရစရာမရှိအောင်ပြောတတ်သည့်အပြင် သူဝတ်ခိုင်း
သည့်အတိုင်းဝတ်မှJunhoeကိုလွှတ်သည်
တကယ်သူ့ကျောင်းကဆရာတွေတောင်သူ့ကို
ပြောလို့မရတာ အခုဒီမှာသူကျောင်းသားကောင်းတစ်ယောက်နှင့်တူအောင်အမှန်တကယ်ကြီးကြိုးစားနေရသည်  Hanbin ပထမဆုံးအကြိမ် Junhoeကိုလာကြိုတုန်းကBom noonaသည်သူ့ကိုပြန်ပေးဆွဲသမားလို့တောင်ထင်ခဲ့ဖူးသည် ( Junhoeဟာသူ့ဘက်ကနည်းနည်းလေးတောင်ဝင်မပြောပေးပေ)  
အခုတော့သူဟာ Bom noonaနဲ့နည်းနည်းတော့ အဆင်ပြေလာပြီဖြစ်သည်  သူမ ပွစိပွစိပြောတာတော့မရပ်ပေ
"Yah! Kim Hanbin!"  Habinဟာချက်ချင်းပဲအော်နေသောအမျိုးသမီးကိုခေါင်းလေးငုံ့ကာနှုတ်ဆက်ရလေသည်
ခါးထောက်ကာသူ့ကိုကြည့်နေသော Bom noona ဘာတွေဆက်ပြောမည်ကို သိနေလေသည် " ကျွတ် မင်းကိုမင်းပြန်ကြည့်ပါဦး"
ဟင် ကို့ကိုယ်ကို ကြည့်ကောင်းနေတယ်အောက်မေ့တာ ဒါတောင်ပြင်ဆင်လာတာကို
"မင်း ဆံပင်ရောဖြီးတတ်လား  နောက်ပြီးဘာအရောင်ကြီးဆိုးထားတာလဲ  အဝတ်ကိုလည်းမီးပူလေးဘာလေးတိုက်ပါဦး ဘောင်းဘီကိုဆွဲတင်ထား နက်တိုင်ကဘယ်မှာလဲ အိတ်ကိုလည်း လွယ်ထားတာလူမိုက်ကြီး ကျနေတာပဲ"
အမှန်တော့ Bom noona လည်းဆံပင်ဆိုးတာပဲကို ပြန်ပြောချင်ပေမဲ့လည်း ပွပွစိစိထပ်ပြောခံရတဲ့ဘေးကလွတ်အောင် တိတ်တိတ်သာနေလိုက်တော့သည်
" Noona ဘာဖြစ်လို့လဲဟင်"
Habin နည်းနည်းစိမ်းနေသောအသံတစ်ခုကြားလိုက်ရပြီးလှည့်ကြည့်လိုက်သောအခါခပ်သေးသေးကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်
ချစ်စရာapronခါးစည်းလေးကိုလည်းဝတ်ထားသေးသည် ကြည့်ရတာတော့ဆရာအသစ်တစ်ယောက်ဖြစ်မည်

" ပုံမှန်အတိုင်းပဲပေါ့ Habin ကိုဘယ်ဝတ်စားရမယ်ဆိုတာပြောပြနေတာ မဟုတ်ရင် Junhoeပါမကောင်းတဲ့အကျင့်တွေအတုလိုက်ခိုးနေမယ်"
တကယ်တော့ အဲ့ဒီနေရာမှာNoonaနည်းနည်းမှားသွားပြီ နံပတ်1 Hanbinက ကလေးတွေအတုခိုးမှားရလောက်တဲ့အထိ ကိုယ့်ကိုကိုယ် ဆိုးတယ်လို့မထင်ပါ နံပါတ်2 တကယ်လို့ ဆိုးတယ်ဆိုရင်တောင် Junhoe ကိုလိုက်ပို့တဲ့ဒီအချိန်ခဏ လေး အတွင်းမှာ မဖြစ်နိုင်ပါ
ဘာပဲဖြစ်ဖြစ် သူထပ်ပြီးတော့ဘဲတိတ်တိတ်နေလိုက်သည် ပြီးတော့ခုနကဆရာကိုခေါင်းတစ်ချက်ငြိမ့်ပြကာနှုတ်ဆက်လိုက်တော့သူကပြန်
ပြုံးပြလေသည်
" ဘယ်သူ့ကိုလာကြိုတာလဲ" ဟုအပြုံးလေးနှင့်
မေးတော့
"အာ.. အင်း.. အဲ.." Habin စကားတွေပျောက်ဆုံးကုန်သည်
"သူက Kim Junhoe ကိုလာကြိုတာ" ဟု စကားတွေထစ်နေသော Hanbin အစားBom noona ဝင်ပြောပေးသည်
"Jinhwan က Junhoe တို့အတန်းပိုင်လေ"
"အာ.. Junnieရဲ့အကိုလား?"
ဟမ်.. Junnieဆိုပဲ အဲ့ဒီမကောင်းဆိုးဝါးလေးကို?
" Junnie လေးကသိပ်ချစ်ဖို့ကောင်းတာ သူကညဏ်ကောင်းပြီးစကားလည်းနားထောင်တယ် Habin-ssi ကသိပ်ကံကောင်းတာပဲ"

ကံကောင်းတယ် ??ကျွန်တော်သီးမလိုတောင်ဖြစ်သွားသည် သူပြောတာတွေမမှန်ပါ ....
အင်း,. Junhoe ဉာဏ်ကောင်းတာတော့ဟုတ်သည် သူ့အမေတောင် သူ့ထက် Junhoeကိုပိုအားကိုးသည်

" ခဏလေး Junnie ကိုသွားခေါ်ပေးမယ်" ဟုဆိုကာ အထဲသို့ဝင်သွားလေသည်

အဲ့တော့မှ Hanbin က Bom noonaကိုကြည့်ကာ " Noona? အမှန်တွေပဲလား?"
Bom noonaလဲ မျက်နှာထားတည်
သောJunhoe ကိုထိန်းရတာ အဆင်မပြေခဲ့ပေ
ဒီအကြောင်းအရာတွင်တော့သူတို့နှစ်ယောက် သည်တစ်လှေတည်းစီးသူများဖြစ်သည်

သူမကအသက်ကိုပြင်းပြင်းရှူလိုက်ပြီး " Junhoe က Jinhwanကိုတကယ်သဘောကျတယ် သူ့နားမှာဆိုတစ်ချိန်လုံးပြုံးဖြီးနေတာ
တကယ် Jinhwanရောက်လာတာတကယ်ကို
ဝမ်းသာတယ်"

Jinhwan ဟာJunhoeလက်ကိုတွဲကာသူ့တို့နား
Jinhwan ဟာJunhoe
"ကဲ Junnie ရေ သားကိုကို ကိုနှုတ်ဆက်လိုက်ပါဦး"

တကယ်လို့များJunhoeအကောင်းဆုံးလုပ်နိုင်တာကိုပြပါဆိုလျှင် သူ့အကို ကိုလျစ်လျုရှူထားတာပဲဖြစ်မည်
ဒါ့ကြောင့်အခုလို Junhoeက သူ့ကို
"Annyeong hyung" ဟုချစ်စဖွယ်နှုတ်ဆက်လာသောအခါ Habinနေရာမှာပင် အံ့သြမှင်တက်နေမိသည်
"ငါတို့ junnieလေးသိပ်တော်တာပဲ ရော့ဒီမှာ
သကြားလုံး" jinhwan ကသကြားလုံးလေးကိုပေးလိုက်တော့ Junhoe က ပါးကိုအာဘွားပေး
လိုက်လေသည်  ပြီးတော့ဆရာနှစ်ယောက်လုံးကိုနှုတ်ဆက်ကာပြေးသွားတော့သည်
အဖြစ်အပျက်တစ်ခုလုံးကိုမယုံနိုင်စွာပါးစပ်ကြီးဟပြီးကြည့်နေသည့် Hanbinလည်းသတိဝင်လာကာ Jinhwanတို့ကိုတောင်ကောင်းကောင်းမနှုတ်ဆက်နိုင်ဘဲ Junhoe နောက်မှပြေးလိုက်ကာ 
"Yah!! Kim Junhoe! လက်တွဲရအောင် ကားတွေလာနေတယ်"

Kim junhoe သည်မကောင်းဆိုးဝါးအသေးစားလေးဖြစ်သည်   သူ့ခန္ဓာကိုယ်သေးသေးလေးနဲ့မလိုက်အောင် Hanbin ကိုစိတ်ဓာတ်ကျအောင်လုပ်ရာတွင် တော့တကယ်ကိုတော်သည်
ဘာတွေပဲဖြစ်ဖြစ် သူ့ကြောင့်သာ Jinhwan hyung နှင့်တွေ့ဆုံခဲ့ရသည်ကိုတော့ကျေးဇူးတင်မိသည်
_____________________________
Credit to original author

Continue Reading

You'll Also Like

1.3M 56.8K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
1.7M 17.4K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
28.9M 916K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...