Dumb love affair

Von foxhubby

690K 52.1K 3.3K

ဆွံ့  အ နား မကြား ​ကျောင်း မှ... ​ကောင်​ ​လေး တ ​ယောက်​ ကို သနား စိတ်​ ဖြင့်​ ​မွေး စား ခဲ့ မိ ​သော်​ လည်း... Mehr

Dumb love affair
AN update
❤အပိုင်း၁❤
❤အပိုင်း၂❤
❤အပိုင်း၃❤
❤အပိုင်း၎❤
❤အပိုင်း၅❤
❤အပိုင်း၆❤
❤အပိုင်း၇❤
❤အပိုင်း၈❤
❤အပိုင်း၉❤
promotion 😅😅😅
❤အပိုင်း၁၀❤
❤အပိုင်း၁၂❤
❤အပိုင်း၁၃❤
❤အပိုင်း၁၄❤
❤အပိုင်း၁၅❤
❤အပိုင်း၁၆❤
❤အပိုင်း၁၇❤
❤အပိုင်း၁၈❤
❤အပိုင်း၁၉❤
❤အပိုင်း၂၀❤
❤အပိုင်း၂၁❤
❤အပိုင်း ၂၂❤
❤အပိုင်း၂၃❤
❤အပိုင်း၂၄❤
❤အပိုင်း၂၅❤
❤အပိုင်း၂၆❤
❤အပိုင်း၂၇❤
❤အပိုင်း၂၈❤
❤အပိုင်း၂၉❤
❤အပိုင်း၃၀❤
❤အပိုင်း၃၁❤
❤အပိုင်း၃၂❤
❤အပိုင်း၃၃❤
❤အပိုင်း၃၄❤
❤အပိုင်း၃၅❤
❤အပိုင်း၃၆❤
❤အပိုင်း၃၇❤
❤အပိုင်း၃၈❤
❤အပိုင်း၃၉❤
❤အပိုင်း ၄၀❤
promotion 💜
❤အပိုင်း၄၁❤
❤အပိုင်း ၄၂ ❤
❤အပိုင်း ၄၃❤
❤အပိုင်း၄၄❤
❤အပိုင်း၄၅❤
❤အပိုင်း၄၆❤
❤အပိုင်း၄၇❤
❤အပိုင်း၄၈❤
❤အပိုင်း၄၉❤
ကျေးဇူးတင်​လွှာ

❤အပိုင်း၁၁❤

12.9K 1.2K 74
Von foxhubby

~~~~~~~~~~Dumb love affair ~~~~~~~~~~~~~~~

ခက်​ ထန်

နေမာန်

တမာန်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နေမာန်​..........အ​ဖျားအ ရှိန်​​ကြောင့်​မျက်လုံးများ မဖွင့်နိုင် ​လောက်​ ​အောင်​​​​အသိလွတ်​ ​နေ ​ပေ မယ့်​လဲ........

သူတင်းကြပ်​စွာ ဖက်​ ထား မိ သည့်​...
....တမာန်​ ကိုယ်​လုံး ​လေး ကို ​တော့....
မလွှတ်​ ​ပေး မိ....

သူ့ ပါးပြင်​ ကို...
ဖွ ဖွ ​လေး လာ ထိ ကပ်​ ကာ...
မျက်​ ရည်​ တို့ ကိုသုတ်​​ပေး ​နေသည့်
ထို ​ကောင်​ ​လေး ရဲ့ ....လက်​ ​ချောင်း ​တွေ ကို တားဆီး
ချင်​ ​ပေ မယ့်​...

လုံး ဝ မလှုပ်​ ရှား နိုင်​ ​တော့ သည့်​...
လက်​ ​တွေ ​ကြောင့်​...

နေရာ ယူ ပြီး သားဖြစ်​ သည့်​....ထို ​ကောင်​ ​လေး
ကျော ပြင်​​​နောက်​က.......ယှက်​ တွယ်​ ထား
သည့်​....
လက်​ နှစ်​ဖက်​ ဖြင့်​...
သူ့ ကိုယ်​ လုံး ​လေး ကို...ဆွဲ ယူ လိုက်​ ​တော့....

ရင်​ ခွင်​ ထဲ....နစ်မြုပ်​နေ​​သည့်​​ကောင်​ ​လေးရဲ့..
နှုတ်​ခမ်း ​တွေ က....
သူ့ ရင်​ ဘတ်​ ကို လာ ထိ ကပ်​ မှန်း...
သိ သည်​....

သို့​ပေမယ့်​...သို့​ပေမယ့်​....
တမာန်​ ဆို ​သော....သူ့ ကို....မုန်း ​နေ​ပေမယ့်​လဲ...
ရူးမိုက်​ ​သော အ​တွေး တို့ ဖြင့်
ခဏ ​လောက်​ ဖက်​ ထားကာ
အိပ်​စက်​ ချင်​ ပါ သည်​.........

"ကို .......ထန်​!!!!!!!!"

နှုတ်​ခမ်း က...
အလန့်​ တကြား ပွင့်​ ဟ လာ သည့်​...
ကို ထန်​ နာ မည်​ ​ကြောင့်​...

ပူ စပ်​ ​နေ ​သော...
မျက်​ လုံး ​တို့ ကို ဖွင့်​ ကြည့်​မိ​တော့ မှ..
ထို ကြုံ ​တွေ့ ခဲ့ ရ သည့်​....အတိတ်​ ဆိုး တခုက...
အိပ်​ မက်​တခု သာ...

သက်​ ပြင်းချ ရင်း ပင်​...
မျက်​ လုံး အိမ်​ ​တွေ ကို ပြန်​ မှိတ်​ ပစ်​ မည်​ အလုပ်​...

ရင်​ ခွင်​ ထဲ....က...လူးလွန့်​ ​နေ သည့်​..
တစုံ တရာ ​ကြောင့်​...

ယောင်​ ယမ်း ရာ....
ခေါင်း ငုံ့ ကြည့်​မိ​တော့......

လက်​ ဖဝါး နှစ်​ ဖက်​ က...
သူ့ ရင်​ ဘတ်​ ကို....ထိ ကပ်​ပြီး...
တကိုယ်​လုံး ရင်​ခွင်​ထဲ မဝင်​ ​တော့ ရုံ တမယ်​ အိပ်​​နေ သည့်
ထို ​ကောင်​ ​လေး ​ကြောင့်

နေမာန်​.....သတိ ထား လိုက်​ မိ သည်​က...
ထို ​ကောင်​ ​လေး ​နောက်​ ​ကျောကို
ဖက်​ ထား မိ သည့်​...
သူ့ လက်​ ​တွေ...

လက်​ ​တွေ ကို...အမြန်​ ရုတ်​ ရင်း...
နောက်​ ဆုတ်​မိ သည်​ အထိ ...
ထို ​ကောင်​ ​လေးက....
မနိုး ​သေး...

နေမာန်​....​ခေါင်း အုံးကို...
အောက်​ သို့ ဆွဲ ချ ကာ...
ထို ​ကောင်​ ​လေး နှင့်​ မျက်​နှာ ချင်း ဆိုင်​...
ခပ်​ လှမ်း လှမ်း ​လေး မှာ ​နေ ရာယူ လိုက်​ ရင်း

သူ့ ​ရှေ့က.....ယခု ထိ အိပ်​ ​မော ​ကျ ​နေဆဲ...
တမာန်​ ဦး ကို ​ငေး ကြည့်​ ​နေမိ သည်​...

ရင်​ ခွင်​ ထဲ...တိုး အိပ်​ ထား ပုံ ရ သည့်
ထို ​ကောင်​ ​လေး ဆံ ပင်​က...
ပွ ရှုပ်​ ​နေ လွန်း သည်​...

မျက်​ ခုံး ထူ ထူ ​လေး ​ပေါ်...
ဝဲ ကျ ​နေ သည့်​...
ဆံ ပင်​ နက်​ နက်​ ​လေး ​တွေ က...
သူ့ မျက်​ခွံ ​လေး ​ပေါ်....​ထောက်​ ​နေ သ​ယောင်​....

နေမာန်​......မသိလိုက်​ချိန်​မှာပဲ...
သူရဲ့....လက်​ တဖက်​က
ထို ​ကောင်​ ​လေး....ရဲ့......နဖူး ​ပေါ် ရှိ...
ဝဲ ​ကျ ​နေ သည့်​....ဆံ ပင်​ ​တွေ ဆီ ...
လှမ်း သွား သည်​ မှာ...

ဆံ ပင်​ စ ​လေး ​တွေကို...လက်​ နှင့်
ထိ မိ သည့်​ အချိန်​မှ....
အသိ ဝင်​ ကာ...
ရှေ့ တိုး အံ့  ဆဲ ဆဲ....လက်​ ​တွေ ကို . . .
နောက်​ သို့ ပြန်​ ဆုတ်​ လိုက်​ သည်​...

"တမာန်​!!!!....တဲ့လား!!!!..."

နေမာန်​....နှုတ်​ ခမ်းက...ဖွင့်​ ဟ လာ
သည့်​....တိုး ညှင်း တဲ့...အသံ
ကို...အိပ်​​ပျော်​ ​နေတဲ့...
ထို ​ကောင်​ ​လေး
ကြား ​လောက်​ မည်​ မဟုတ်​....

နေမာန်​....မ​နေ့ အဖြစ်​ အပျက်​ ကို
သတိ ရ မိ သွား တာ ​ကြောင့်​...

ထို ​ကောင်​ ​လေး ရဲ့...
ဒူးကို ကြည့်​မိ ​တော့.......
နဂို ရှင်း သန့်​ ​နေ သည့်​...ဒူး​ခေါင်း ​လေး ဖြူ ဖြူ​ ​လေး
ထက်​ မှာ........ပွန်း ပဲ့ သည့်​...ဒဏ်​ ​ကြောင့်
နီ ရဲ ကာ....​ယောင်​ ​နေ သည်​...

"ဟူး!!!!!!!!!!"

နေမာန်​....ကြည့်​ ​နေ တုန်း မှာ ပဲ...
ထို ​ကောင်​ ​လေး...
ကိုယ်​ လုံး ​....လှုပ်​ လာ သည်​ ​ကြောင့်​...
တဖက်​ သို့အမြန်​လှည့်​ကာ...
မျက်​ စိမှိတ်​ ထား လိုက်​ သည်​...

ဘေးတခြမ်းက...လှူပ်​လှုပ်​ လှုပ်​ လှုပ်​ ဖြစ်
လာ သည်​ ​ကြောင့်​...
ထို ​ကောင်​ ​လေး...နိုး လာ ပြီ မှန်း
နေမာန်​ သိ ​သော်​ လည်း
မှိတ်​ ထား ဆဲ မျက်​ လုံး တို့ ကို မဖွင့်​မိ​သေး

ခဏ ကြာ​တော့...
တံ ခါး ပိတ်​ သံ ခပ်​ သဲ့ သဲ့ ​လေး ကြား လိုက်
ရတာ ​ကြောင့်​....

မျက်​လုံးပြန်​ဖွင့်​ကာ...လှည့်​ကြည့်
မိ​တော့...ထို ​ကောင်​ ​လေး ရှိမ​နေ​တော့...

သူ.....ထို...တမာန်​ဦး....ဆို ​သောေ​ကာင်​လေး​ကြောင့်
ပြုံး မိ သွား ခဲ့လား....ဆို တာ...
ကိုယ်​ တိုင်​ ပင်​ .......​သေချာမသိလိုက်​.....

~~~~~~~~~~~~dumb love affair ~~~~~~~~~~~~~~

"ဆန်​ ပြုတ်​ ​လေး....လုပ်​ ​ပေး ပါ လား...မမ...
ကို ​လေး.....အရမ်းဖျား ​နေ လို့!!!"

တမာန်​...........စာ ရွက်​ ​လေး ​ထောင်​ပြကာ...
အိမ်​​ဖော်​​ကောင်​ မ​လေး ကို......
နေမာန်​....အတွက်​.....ဆန်​ပြုတ်​ လုပ်​ ခိုင်း​နေ သည်​က...

ထို ​ကောင်​ မ​လေး က ​တော့....
သူ့​ပြ သည့်​...စာ ရွက်​ ကို ကြည့်​ ရင်း
ခေါင်း ညိမ့်​ပြကာ

"တမာန်​ ​လေးက....ကို ​လေး အတွက်​....ဆန်​ ပြုတ်​ ​လာ
လုပ်​ ခိုင်း ​နေတယ်​ ​ပေါ့!!!!"

ကောင်​ မ​လေး စကား ကို...
တမာန်​.....​ခေါင်း ​လေး တဆတ်​ဆတ်​ ညိမ့်​ ကာ
ပြုံး ပြ ​နေ သည်​...

"ကို ​လေး....က.....ဖျား ရင်​.....ဘယ်​ သူ့ ကို
မှ အ​ကြောင်း မကြား ဘူး!!!!

သူ့ အခန်း ထဲ မှာ ဝင်​ အိပ်​​နေတတ်​ တာ!!!"

ကြား လိုက်​ရ သည့်​...
စကား ​ကြောင့်​.......မုန်​ လာ ဥ နီ ကို...
အာ ရုံ စိုက်​ လှီး ဖြတ်​​နေ သည့်​...
လက်​ တို့ ရပ်​ တန့်​ ကာ...

ထို အမ စကား ကို အာရုံ စိုက်​ နား ​ထောင်​ မိ သည်​....

"ကို ​လေး....က....တကယ်​ ​တော့.....စိတ်​ ရင်း
အရမ်း ​ကောင်း တယ်​!!!!...

သူအရင်​ တုန်း က...ဆို.......အခု လို ပုံ စံ မဟုတ်​ ဘူး...!!!!"

ပြော ​နေရင်း......စကားစ ဖြတ်​ လိုက်​ သည့်​...
ထို အမ ​​မျက်​ နှာ က...သိပ်​​တော့ မ​ကောင်း

"ဒါ​ပေမယ့်​....ကို ​လေး....​ပြောင်း လဲ သွားခဲ့ တာ.....
အန်​ ကယ်​ကြီး ....ဆုံး သွား ပြီး ထဲ က!!!!"

"ကို ကိုကြီး ....နဲ့.....ကိုကို ​လေး..က......
အရင်​ က...ဆို ....အရမ်း ချစ်​ ကြတာ.....

အခု ​တော့.....အ​နေ စိမ်း သွား ကြ ပြီ...
ဘာ ​ကြောင့်​ မှန်း ​တော့​သေ ချာ မသိ ပါ ဘူး...တမာန်​​လေး ရယ်​!!!"

ပြော ရင်း....သက်​ ပြင်း ချ ​နေ သည့်​...
ထို အမ စကား ​ကြောင့်​..
တမာန်​....စိတ်​ ထဲ တွင်​ ​တော့....
အလို လို ဝမ်း နည်း မိ သည်​....

ခက်​ ထန်​ နှင့်​....​တွေ့ ဆုံ မှုက...
သူ့ ထက်​ ​စော ​နေ ခဲ့ ​ပေ မဲ့ လဲ.....

နောက်​ ကျ မှ ....​တွေ့ ဆုံခဲ့ ရ သည့်​...သူက.............

~~~~~~~~~~~dumb love affair ~~~~~~~~~~~~~~

"တမာန်​!!!!"

နောက်​ ​ကျော က....​ခေါ် သံ ​ကြောင့်​...
ကို ​လေး ...အခန်း ထဲ သို့ ဝင်​ ရန်​ လှမ်း ​နေ
သည့်​...
ခြေ လှမ်း ​တွေ ပင်​...​နောက်​ ဆုတ်​ လိုက်​ မိ ​သည်​....

နှာ ​ခေါင်း ထဲ....ယဉ်​ ပါး ​နေ ပြီ ဖြစ်
သည့်​....သူ့ရဲ့.....ကိုယ်​ သင်းနံ့  ကို...
အရင်​ ရှု ရှိုက်​ မိ​တာ ​ကြောင့်​...

လှည့်​ကြည့်​မိ​တော့...
သူ့ အနား ကို ....​လျှောက်​ လာ ​နေ သည့်​ ခက်​ ထန်

ထုံ စံ အတိုင်း......သူ့ အနား ကို
ရောက်​ သည်​ နှင့်​.....မျက်​ နှာ ထက်​ က..အပြုံး​တွေ က...
မပျက်​ မကွက်

"က​လေး!!!!!"

သူ့ ​ခေါ်​  ​နေကျအသံ ခပ်​ ​အေး​အေး က
တမာန်​ ရင်​ထဲ မှာ....တကယ်​...
ပင်​ ....​နွေး ​ထွေး သွား သည်​မှာ ....

ထိုက​လေး ​လေးက
ဆန်​ပြုတ်​ ပန်း ကန်​ ကို....
သူ့လက်​ ထဲ ကမ်း ​ပေးကာ...

ညာ ဖက်​ လက်​ က...
ကိုင်​ ထား သည့်​...အိတ်​ ကို ဆွဲ ယူ လိုက်​ ​တော့...
ခက်​ ထန်​မျက်​လုံး အပြူး သား ဖြင့်​....
ထို က​လေး ​လေး ကို ကြည့်​ ​နေမိ သည်​...

ခက်ထန်​.... လက် ကိုင်​​အိတ်​ကို ဆွဲ ထား ရင်း ပင်​...
သူ့ လက်​​ချောင်း ​တွေ ဖြင့်​..
နေမာန်​ အခန်း ထဲ တွန်း ပို့ ​နေ သည်​ မို့..

"ငယ်​ ​လေး......​နေမ​ကောင်း ဖြစ်​ ​နေ လို့ လား!!!!"

သူ့ အ​ပြော ကို....ထို က​လေး​လေးက
ခေါင်း ညိမ့်​ ပြ ​နေ သည်​ မို့...
ခက်​ ထန်​....သက်​ ပြင်း ချ ရင်း ပင်​...
ထို က​လေး ​လေး ​ခေါင်း ကို ပွတ်​ ​ပေး ရင်း

"ကိုယ်​....ငယ်​ ​လေး ကို....စကား ​ပြော လိုက်​ ဦး မယ်​!!!...
က​လေး....ထမင်း စား နှင့်​​နော်​!!!!"

က​​လေး​လေးက....ပြုံး ပြ ရင်း
အ​ရှေ့ က ထွက်​ သွားသည်​ အထိ...
ခက်​ ထန်​.....​ငယ်​ ​လေး....အခန်း ထဲ ယခု ထက်​ ထိ မဝင်​ မိ ​သေး...

ခက်​ ထန်​....
အခန်း တံ ခါး ဖွင့်​ ပြီး ဝင်​ လိုက်​သည်​ နှင့်
သူ့ ကို...​ကျော ​ပေး ကာ...အိပ်​ ​နေ သည့်​ငယ်​ ​လေး ​ကြောင့်​ ...

သယ် လာ သည့်....ဆန် ပြုတ် ပန်း ကန်​ ကို...
စား ပွဲ ​ပေါ် တင် ကာ
ကျော ​ပေး အိပ်​ ​နေ သည့်​...
ငယ်​ ​လေး ​ဘေး မှာ ဝင်​ ထိုင်​ လိုက်​ ရင်း

အိပ်​ ​နေသည့်​....​ငယ်​ ​လေး ရဲ့...
နဖူး ကို စမ်း ကြည့်​ မိ​တော့....

အပူ ရှိန်​ က....ယခု ထက်​ ထိ ....မကျ​သေး...

ခက်​ ထန်​.....ငယ် ​လေး​နဖူး ​ပေါ် ​ရောက်​ ​နေ သည့်​...
လက်​​ချောင်း တို့ က....
နေရာ ​ပြောင်းကာ....ပခုံး သားကို
ဖွ ဖွ ​လေး ကိုင်​ ဆုပ်​ ကာဖြင့်

"ငယ်​ ​လေး!!!!...ထ ​လေ!!!!....ဆန်​ပြုတ်​ ​သောက်​ ရမယ်​ ​လေ!!!!"

သူ့ ​မေး ခွန်း ကို ပြန်​ တုံ့  ပြန်
မှု မရှိ ​သေး သည့်​...
နေမာန်​​ကြောင့်​....

သက်​ပြင်း ချ ရင်း ပင်

"ကိုယ်​....ခဏ ​နေ.....ငယ်​ ​လေး ​သောက်​ ဖို့.....
ဆေး ပို့ ခိုင်း လိုက်​ မယ်​ .....

ဆန်​ ပြုတ်​ ပူ တုန်း ​လေးလဲ စား လိုက်​ ဦး​နော်​!!!!"

ခက်​ ထန်​....
သူ့ ပခုံး ​လေး ကို ပုတ်​ ကာ...
ပြော ပြီး သည်​ နှင့်​ လှည့်​အထွက်​...

နောက်​ ​ကျော ကို...လာ ဖက်​ တွယ်​ သည့်
နေမာန်​​ကြောင့်​...

ခက်​ ထန်​....
နောက်​ပြန်​လှည့်​ကာ....
ဖက်​ ထား ​ပေးမိ သည်​.....

"ကို....ထန်​.......ကျ ​နော်​....အစက​နေ....ပြန်​စ...သင့်​လား!"

ပခုံး ​ပေါ် ​ခေါင်း မှီ ရင်း...
ငို ရှိုက်​ သံ နှင့်​အတူ
တုန်​ တုန်​ ယင်​ ယင်​ ​ပြော လာ သည့်​...
နေမာန်​....စကား​ကြောင့်​....

ခက်​ထန်​.....တွန်း ထုတ်​ မိ​သော်​လည်း
ပြန်​ဖက်​ ထား သူက​နေမာန်​ပင်

"ဘာ ....လို့...လဲ!!!!....ကိုထန့်​....​ကြောက်​...​နေတုန်း
ပဲ လား!!!!"

နေမာန်​နှုတ်​ခမ်း​တွေက...
သူ့ နားထင်​နားကပ်​ကာ
တလုံး ချင်း....
အေးစက်​ စွာ ​ပြော ​နေ သည်

"​နေမာန်​!!!!!!!!......"

ခက်​ ထန်​....​သူ့ ပခုံးနှစ်​ ဖက်​ ကိုကိုင်​ရင်း
အော်​ လိုက်​ သည့်​အသံ က

နေမာန်​....
က​တော့.....သူ့ ကို အသက်​ မပါ သည့်​အပြုံး ​တွေ ပြုံး ပြ ရင်း ပင်

'​ဖေ​.....​ဖေ....ဆုံး သွား တာ.....ဘယ်​ ...သူ...​ကြောင့်
လို့....ထင်​...လဲ...ကိုထန်​!!!!!"

"ငယ်​ ....​လေး!!!!!"

ခက်​ထန်​ ​....​ကြားလိုက် ရသည့်​ စကား​ကြောင့်
ခေါင်း ငိုက်​ စိုက်​ ကျကာ...
သူ့ ပခုံး ကို တင်း တင်း ဆုပ်​ ထား
သည့်​ လက်​ ​တွေ ပင်​ ​ပြေ ​လျော့သွား ​တော့ သည်

"​အနည်း....ဆုံး ​တော့....ကို ....ထန်​....ကျ ​နော့်​ ...အ​ပေါ်
နား ....လည်​ မယ်​ ထင်​ ခဲ့တာ...hak!

ကိုထန်​.....ကျ ​နော့်​ကို.....ငယ်​ ​လေး...လို့ မ​ခေါ် သင့်​​တော့ ဘူး
ငယ်​ ​လေးဆို တဲ့....တချိန်​က...​နေမာန်​က...
သေ ဆုံး ခဲ့ တာ ကြာ ပြီ....!!!"

မျက်​ ရည်​ ​တွေ ကျ ကာ ​ပြော လာ သည့်
စကား အဆုံး မှာ ​ခေါင်း ငုံ့  ​နေ မိ သူက
ခက်​ ထန်

"ဝုန်း!!!"

ခပ်​ကြမ်း ကြမ်း ပိတ်​ သွား ​သော
တံ ခါးသံ နှင့်​ အတူ....ထ ထွက်​ သွားသည့်
နေမာန်​​ကျောပြင်​ ကို သာ ကြည့်​ရင်း
ခက်​ ထန်​....ထို ကုတင်​ ​ပေါ် မှာ ပင်
ငူ ငိုင်​ စွာ ကျန်​ခဲ့ သည်​...

နေမာန်​...​အောက်​ ထပ်​ ကို ဆင်း
လာ ​တော့....
သူ့ ကို....ကြည့်​​နေ တဲ့....တမာန်​ဦး ​ကြောင့်​...

ဒေါ သ ​တွေ ပုံ ကျ သွား သည်​က
ထို အပြစ်​ မရှိ ​သော ​ကောင်​ ​လေး ဆီ သို့

မျက်​ လုံး အဝိုင်း သား ဖြင့်
သူ့ကို ​ကြောက်​ လန့်​ တကြား ကြည့်​ ​နေ သည့်​..
ထို ​ကောင်​ ​လေး လက်​ တဖက်​ ကို...
ဆောင့် ဆွဲကာ

အိမ်​ပြင်​ သို့ ဆွဲ ထုတ်​ လာ​ရင်း
ကား ​ထဲ သို့....
တွန်း ထည့်​လိုက်​ ​တော့...
ထို ​ကောင်​ ​လေးမျက်​ ဝန်း အိမ်​ က...
မျက်​ ရည်​ ​တွေ ဖြင့်​....သူ့ ကို ​ကြောက်​ လန့်​ ​နေ သည်

"​ငယ်​​လေး!!!!!!!!!!!....."

အိမ်​​ရှေ့ က....
ကြား ​နေရ သည့်​...
ကို့ ထန်​အသံ ​ကြောင့်​....သူမဲ့ ပြုံး ပြုံး ရင်း...
သူ့ ပြိုင်​ကား အနီ ​လေး​ပေါ် တက်​ကာ...
ခပ်​ ကြမ်း ကြမ်းသာ ​မောင်း ထွက်​ လာ ခဲ့ လိုက်​ သည်​....

~~~~~~~~~~~~dumb love affair ~~~~~~~~~~~~~

"ဘာာ!!!!!.....ဒီ ​ကောင်​ ​ချော ​လေးက
စကားမ​ပြော တတ်​ ဘူး....!!!"

နေမာန်​....
ဘေးကသူငယ်​ချင်း ​တွေစကား ကို...
ခေါင်း တချက်​ သာ ညိမ့်​ပြ ပြီး...
ကိုင်​ ထား သည့် ဘီ ယာ
ဘူးကို ​မော့ ​သောက်​လိုက်​ သည်​...

"မာန်​!!!!"

ကြယ်​ သီး နှစ်​ လုံး ​လောက်​ ပြုတ်​၍
လစ်​ဟာ ​နေ​သော...
ရင်​ ဘတ်​ ​ပေါ် ကို...
လက်​ ​ချောင်း ​တွေ နှင့်​ ထိ ကစား ​နေ သည့်
မင်း မျိုး ​ကြောင့်

ရင်​ ဘတ်​ ​ပေါ် က...
သူ့ လက်​ ​ချောင်း သွယ်​ သွယ်​ ​​တွေ ကို..
လက်​ ဖြင့်​ချုပ်​ ကိုင်​ ပြီး

နှုတ်​ ခမ်း သား ရဲ ရဲ ​လေး ကို
ဖိနမ်း လိုက်​ ​တော့...
အလိုက်​ သင့်​ပြန်​ တုံ့  ပြန်​ လာ သည်​ က

"ဟိတ်​....ဟိတ်​....​နေမာန်​....မင်း တို့ ကလဲ...
ဒီ မှာ....က​လေး ​လေး တ​ယောက်​ လုံး ရှိ​နေတာ ​တောင်!!!!
အ​နေအထိုင်​ ​တွေက.!!!!"

စ​နောက်​ ​နေ သည့်​သူငယ်​ ချင်း
အုပ်​ စု ​ကြောင့်
နေမာန်​....ပူးကပ်​ ​နေရာ မှ ခွာ ပြီး
နှုတ်​ ခမ်း ​ပေါ်က...
ပေကျံ ​နေ သည့်​...တံ ​တွေး အချို့ ​ကို
လက်​ခုံ ဖြင့်​ ပွတ်​သုတ်​ရင်း

သူ့ မျက်​ နှာချင်း ဆိုင်​ မှာ
ထိုင်​ ​နေ သည့်​...
တမာန်​ဦးက...
ခေါင်း ငုံ့  ထား ​နေ သည်​ ​ကြောင့်

"တမာန်​ဦး!!!...."

သူ့ ​ခေါ် လိုက်​ သည်​ နှင့်
မော့ ကြည့်​ လာ သည့်​မျက်​ ဝန်းအိမ်​ မှာ
မျက်​ ရည်​ အပြည့်​ ဖြင့်

"ဟား!!!!....မင်း ကို ငါ...club​ခေါ် လာ တာ
အသုဘ ...​ခေါ် လာတာ မဟုတ်​ ဘူး!!!"

သူ့ ....စကား ကြား​တော့...
ဘေး က...သူငယ်​ချင်း တစု က ​တော့...
တမာန်​ ဦး ကို ကြည့်​ ရင်းဟားတိုက်​ ​နေ ကြ သည်​မှာ

"​နေမာန်​!!!.....ငါ့ကို ....ဒီ က​လေး ​လေး...
ခဏ ငှါး.....!!!"

ဘေးကပ်​ ရပ်​ ထိုင်​ ​ကာ ​ပြော လာ သည့်
သူငယ်​ ချင်း စကား​ကြောင့်
နေမာန်​...
နှုတ်​ခမ်း ​တွေ တွန့်​ ချိုး ​အောင်​ ပြုံး ရင်း ပင်
ခေါင်း ညိမ့်​ ပြ လိုက်​ သည်

တမာန်​ ဦး ကို ကြည့်​ လိုက်​ ​တော့...
သူ့ ကို ​တွေ ​တွေ ​​လေး ကြည့်​ ​နေသည်​ ​ကြောင့်

"မင်း...စိတ်​ပါရင်​...​ခေါ် သွား လိုက်​!!"

နေမာန်​ ဆီ က..
စကားကြားပြီး သည်​ နှင့်
ထို တ​ယောက်​က...
တမာန်​ ဦး လက်​ ကို...
ဆွဲ ကာ...dancing floor
ကို ဆင်းသွား ​တော့ သည်​...

တမာန်​ ဦးက​တော့...
သူ့ သူငယ်​ချင်း လက်​ ကို ရုန်း​နေ​သော်​ လည်း
အရာ မထင်

နေမာန်​....
စားပွဲ ​ပေါ် က...ဖုန်း ကို လှမ်း ယူ ရင်း
ခက်​ ထန်​ ဆီ ကို message တ​စောင်​ ပို့ပြီး
သည်​နှင့်

power off တန်း လုပ်​ ကာ...
သူ့ ​ဘေး မှာ မှီ တွယ်​ ​နေ သည့်
မင်း မျိုးကိုယ်​ လုံး ​ကို
ဆွဲ ​ပွေ့ ကာ...
ခပ်​ ကြမ်း ကြမ်း အနမ်း ​တွေ ​ပေး ​နေမိ သည်

~~~~~~~~~~~dumb love affair ~~~~~~~~~~~~~~~

"bae!!!!.....ကို့ ​ဘေး နားက...
ခဏ ​လောက်​....ခပ်​ ခွာ ခွာ ​နေ​ပေး ....ပါ လား!!!"

"မာန်​!!....."

"ကျွတ်​စ်​!....ကိုယ်​ ​တောင်းဆို ​နေတာ ပါ ...babe!"

နေမာန်​....
ခပ်​ပြတ်​ပြတ်​ တခွန်း ကို သာ
ပြော ပြီး...

မျက်​လုံး ​တွေ ကို dancing floor
က...တမာန်​ ကိုသာ စူး စိုက်
ကြည့်​​နေ မိသည်​...

အခြား​ကောင်​ ​လေး တ​ယောက်​၏ရင်
ခွင်​ မှာ တင်း ကြပ်​ စွာ
ဖက်​ ထား ခံ​နေ ရ သည့်​...
ထို ​ကောင်​ ​လေး....

ရုတ်​တရက်​......
Club အဝတံခါးနားမှာ
သူတို့နှစ်​ ​ယောက်​ ကိုရှာ​နေပုံ
ရသည့်​....
ခက်​ ထန်​​ကြောင့်

လက်​ က...ကိုင်​ ထား
သည့်​...စီး ကရက်​ ကို
ခွက်ထဲငြိမ်း​​သတ်​ပြီးမှ

တမာန်​ ဦး ရှိ ရာ ဘက်​ ကို
လျှောက်​ လာ လိုက်​ သည်​...

"သူ့ ကို....လွှတ်​ ​ပေး ....သင့်​ပြီ!!!"

တမာန်​ ဦးကိုယ်​လုံး ကို
အတင်း ဖက်​ ကာ..
က​နေသည့်​...
ထို ​ကောင်​ ​လေး ကို တွန်းထုတ်​ ပြီး
ပြော လိုက်​​တော့...

"Hak!!!...ok!!!...."

တမာန်​ပါး နှစ်​ ဖက်​ကို လက်​ဖဝါး
ဖြင့်​အုပ်​ ​ပြော ​နေသည့်
ထို မြင်​ ကွင်းက...
သူ့ ကို အ​ကြောင်း မဲ့...
ဒေါ သထွက်​​စေ သည်​ ......

နေမာန်​........​ခြေ လှမ်း ​တွေ ကို
တဖြည်း ဖြည်း ...
တိုးလာ မိ​တော့...

တမာန်​ ဦး....
က....သူ့ကို အလန့်​ တကြား​မော့ ကြည့်​ရင်း
နောက်​ ဆုတ်​ သွား သည်

နေမာန်​.....လက်​ တဖက်​ က...
တမာန်​ ဦး ခါး အ​နောက်​ ဘက်​ ကို ပို့ ကာ...
သူ့ ကိုယ်​ လုံး ​လေး ကို ဆွဲ ယူ လိုက်​ ​တော့ ...

ထို ​ကောင်​ ​လေး....မျက်​ ရည်​ ​တွေ ​ဝေ့ ​နေပြန်​ပြီ..

နေမာန်​.....သူ့ မျက်​ နှာ နား
တဖြည်း ဖြည်း တိုး ကပ်​သွား ပြီး

နှုတ်​ခမ်းနှစ်​ခု ထိ ကပ်​ ရန်​ အလို မှ...
နား ထင်​ နား ကပ်​ ကာ...
တိုး တိုး ​လေးကပ်​​ပြော လိုက်​ သည့်
စကားက

"ငါ.....မင်း...အသား...ကို ထိ ချင်​ ...လွန်း ...လို့
မဟုတ်​ ဘူး!!!....တမာန်​ဦး!"

နှာ တံ ချွန်​ ချွန်​ ​လေး ဖြင့်​...
ထို ​ကောင်​ ​လေး ပါး ​ဖောင်း​ဖောင်း​လေး ​ပေါ်
ပွတ်​ ဆွဲ လိုက်​ သည့်​အခါ...

ခပ်​ပြင်း ပြင်း ရှု ရှိုက်​ ​နေ သည့်
ထို ​ကောင်​ ​လေး အသက်​ ရှူ သံ က...
သူ့ ကို....မိန်း​မော ​စေ သည်​...

နေမာန်​....နှုတ်​ခမ်း ထက်​မှ
အသက်​ မဲ့ စွာ ပြုံး ရင်း ပင်​...

ခပ်​ ဟဟ ​လေး ဖြစ်​ ​နေ သည့်​...
ထို ​ကောင်​ ​လေးနှုတ်​ ခမ်း ​ပေါ်...
သူ့ နှုတ်​ ခမ်း ​တွေ ထပ်​ တူ ကျ မိ သည်​...

ရင်​ ဘတ်​ က...အကျီ စကို လာ ဆုပ်​ ကိုင်
သည့်​....
တမာန်​ဦး လက်​ နှစ်​ ဖက်​ ကို...
ချုပ်​ ကိုင်​ ရင်း...

အောက်​ ဘက်​ နှုတ်​ ခမ်း ပါး ကို
စုပ်​ ယူ လိုက်​ ​တော့....
ထို ​ကောင်​ ​လေး
ကအတင်း ရုန်း ​နေ သည်

"ခွပ်​!!!....."

ရုတ်​ တရက်​ အထိုး ခံ လိုက်
ရသည့်​....ပါး ပြင်​ တဖက်​ က....
ပူ ​ထွေး သွား သည်​ နှင့်​အတူ...

နေမာန်​ ဟန်​ချက်​ ပျက်​ စွာ
ကြမ်း ပြင်​ ​ပေါ် သို့ လဲ ကျ သွား ရ ​တော့ သည်

နေမာန်​....နှုတ်​ ခမ်း စွန်းက...
ထွက်​ လာ သည့်​...
သွေး စအချို့ ကို...
သုတ်​ ရင်း..

မော့ကြည့်​မိ​တော့...
ခက်​ထန်​.......မျက်​ ဝန်း ​တွေ က...
ဒေါ သ ထွက်​ ​နေ မှန်း သိ သာ လွန်း သည်​..

တမာန်​ ဦး လက်​ကို ဆွဲ ထား ရင်း ပင်​...
သူ့ ကို....စိုက်​ ကြည့် ​နေ သည့်​....
ခက်​ ထန်​ပုံ စံ က...

"သိပ်​​စိတ်​...ပျက်​..ဖို့..​ကောင်းတယ်​...ငယ်​​လေး!"

ထို တခွန်း ကို သာ ​ပြော ပြီး
သူ့ ​ရှေ့ က...တမာန်​ ဦးလက်​ ကို ဆွဲ ပြ်ီး
ထွက်​ သွား သည့်​...

ခက်​ ထန်​ ကို ကြည့်​ ရင်း.....
ကြမ်း ပြင်​ ​ပေါ် ထို င်​ ​နေ မိ သည်​က...

လက်​ ​မောင်း ကို...လာ ဆွဲ ထူ သည့်​...
မင်း မျိုး လက်​ ​ကြောင့်
မော့ ကြည့်​မိ​တော့.....သနားစရာ​ကောင်း
သည့်​မျက်​ ဝန်း ​တွေ ဖြင့်​ ကြည့်​​နေ သည်​ မို့

"ဟက်​......ကိုယ့်​ ကို...သနား စရာ မလို ဘူး.!!!!"

နေမာန်​.....​ဘေးက....ခုံ ကို ...
အားပြုရင်း ....
ကြိုး စား ထကာ...
ထို ​နေရာ က....ထွက်​ လာခဲ့ လိုက်​ သည်​....

နေမာန်​ ......ကန်​​ဘောင်​ မှာ ထိုင်​ ရင်း
မှောင်​ မည်း ​နေသည့်​ ​ကောင်း ကင်​ ကို​​​ကြည့်
နေရင်း....
မျက်​ လုံး ​ထောင့်​က....စီး ကျ လာ သည့်
မျက်​ ရည်​ အချို့ ​ကြောင့်

အသက်​ မဲ့ စွာ ရယ်​​နေမိ သည်​....

ကို ထန်​က....သူမဟုတ်​ သည့်​....
အခြား ....လူ တ​ယောက်​ ကို ..သူ့ ထက်​ဂရု
စိုက်​ သည်​ တဲ့ လား....

ကို ထန့်​ရဲ့....သူ့ အ​ပေါ်ဂရု စိုက်​ မှု ​တွေ က...
ဖေ​ဖေ....ဆုံး သွား ပြီး တည်းက..
ပျောက်​ ပျက်​ သွားခဲ့ သည်​....

နှုတ်​ ခမ်း ​ထောင့်​ စွန်းက...
လက်​ ဖြင့်​ ကိုင်​ ကြည့်​ မိ ​တော့...
နာ ကျင်​ မှု ​က....

ကိုထန်​......သူ့.ကို...
ကိုယ်​ ထိ...လက်​ ​ရောက်​ ပြု မူ ဖူးသည်​ က...
ယခု အဖြစ်​ အပျက်​ က...ပထ မ ဆုံး

တမာန်​ ဦး ဆိုတဲ့.....ထို တ​ယောက်​ ​ကြောင့်
ကိုထန်​က....သူ့ ကို.......

"ဟက်​!.....မုန်း တယ်​....တမာန်​ဦး...
မင်း ကို ငါ ...​စောက်ရမ်း ...မုန်း တယ်​!"

နာ ကျင်​ စွာ ​နှုတ်​ က...
ထွက်​ လာ သည့်​...စကား
သံ အဆုံး မှာ...
နေမာန်​.......ထိုင်​ ​နေရာ မှ
မြက်​ ခင်း ​ပေါ် သို့ လှဲ ချ လိုက်​ သည်​....

"ကို ထန်​.....ကို လဲ...မုန်း တယ်​!"

တိုး တိတ်​ စွာ ထပ်​ မံ ထွက်​ လာ သည့်
စကားသံ နှင့်​အတူ

နေမာန်​....​လေး လံ ​နေ သည့်​...
မျက်​ ခွံ ​တွေ ကို...မှိတ်​ ထား မိ လိုက်​ သည်​.......

သူ့ ရင်​ ထဲ က....​နောက်​ ဆုံး ​သော...
ချ လိုက်​ သည့်​ ဆုံး ဖြတ်​ ချက်​ တခု က ....

<<<<<<ခက်​ ထန်​....ရဲ့ ....ဘဝ ထဲ က​နေ...
တမာန်​ ဦး ကို....ဆွဲ ထုတ်​ ပစ်​ ရန်​သာ>>>>>>>>

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

😀😀😀အ​နော်​...​မြေ​ခွေး ​လေး ကို ချစ်​ ရင်
ိုcomment
လေး နက်​ vote ​လေး ​😍😍😍😍

ညီ အကို ​နှောက်​ လုံး....တမာန်​ဦး ဆီ ပို့ ​ပေး​တော့
မယ်​...​နော်​😅😅

Reader များအား​လေးစားလျက်
Foxhubby ❤























Weiterlesen

Das wird dir gefallen

577K 52.2K 24
Commission Novel! Two Actors, take part in BL Series and their life entangle because of that. Romance, comedy genre. Story by : Sky & AnnaLynn
416K 45.2K 67
လင်းသုခတ်ရဲ့အတွေးထဲမှာ နှစ်ပေါက်အောင် တိတ်တခိုးကြိုက်ခဲ့ရတဲ့ Crush ကိုလိုက်ဖို့ပဲ စိတ်ကူးရှိခဲ့တာ... Crush နဲ့တင်မက crush ရဲ့ Bff ကြီးနဲ့ပါ ဇာတ်လမ်းရ...
12.3K 1.1K 8
1940 ခုနှစ် Own Creation Cv by Pinterest
333K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"