♕Joker & Harley♕
❦Chapter Nine❦
ChanBaek BaekYeol
Yaoi
အိပ်ချင်စိတ်တို့ မပြယ်ပြတ်သေးသော်လည်း လဲလျောင်းနေရာမှ ထထိုင်ဖို့ သူ ကြိုးစားလိုက်သည်။
"အား... ကျွတ် ကျွတ်"
"ဘုရားရေ.."
♕Joker & Harley♕
"Shut up! Stay still!"
BaekHyun နင်သွားသည်။
"Let's Go!"
"ဘယ်.. ဘယ်သွားမှာလဲဟင်??"
သွားဖို့ ဟန်ပြင်နေသော သူ့ကို BaekHyun အင်္ကျီစမှ ဆွဲ၍ မေးလိုက်သောအခါ သူက ပြုံးပြန်သည်။
"Gotham City"
"နောက်မှ ပြောကြတာပေါ့။ ခုတော့ သွားရအောင်.."
လေယာဉ်စထွက်လေပြီ..။
တဖြည်းဖြည်း ဝေးကျန်ခဲ့သည့် ကိုရီးယားမြေကို ငေးကြည့်နေရင်းက စိတ်ညစ်ညူးလာရသည်။
"Why?"
"Why?? Why has it to be me??"
"I don't know honey"
ထိုစဉ်...
'ဒိုင်း!!!!!!'
"ဟုတ်ကဲ့"
♕Joker & Harley♕
Unicode
အိပ်စက်ခြင်း နယ်မြေဆီက လွန်မြောက်လာသည်နှင့် ပထမဆုံး ခံစားရသည်က ပင်ပန်းနွမ်းနယ်မှု။
အိပ်ချင်စိတ်တို့ မပြယ်ပြတ်သေးသော်လည်း လဲလျောင််းနေရာမှ ထထိုင်ဖို့ သူ ကြိုးစားလိုက်သည်။
သို့သော် ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ်မျှ လှုပ်ရှားမိသည်နှင့် ခါးအောက်ပိုင်း၌ ခံစားလိုက်ရသော နာကျင်မှုကြောင့် ထထိုင်ဖို့ ကြိုးစားနေခြင်းကို ရပ်တန့်လိုက်ရသည်။
အဲ့သည်နေရာက ဘာကြောင့် ဒီလောက်တောက် တဆစ်ဆစ်နာနေသလဲ အစက BaekHyun.. သူ စဉ်းစားမရ။ အိပ်ချင်မူးတူးဖြစ်နေချိန်မို့ ဦးနှောက်က ကောင်းစွာ အလုပ်မလုပ်သေးသည်ကြောင့်လည်း ဖြစ်နိုင်၏။
မေးခွန်း၏ အဖြေကို သူ တွေ့ရှိသွားချိန် အလိုလို Mr.J ကို ရှာဖွေမိသည်..။ သည်အခန်းထဲတွင်တော့ မရှိ။ အပြင်ဘက်မှာ ရှိမရှိတော့ မပြောတတ်။
အတွေးထဲ တစ်ခုချင်း တန်းစီကာ ပေါ်လာသော ပုံရိပ်တို့က သူ့ကို ရှက်ရွံ့မှုဖြင့် ရူးသွပ်ချင်သလို ဖြစ်လာအောင် ဖန်တီးနေသည်။
ပြင်းရှယစ်မူးဖွယ် အနမ်းများ၊ အဝတ်အစား ကြားခံနယ် မကာဆီးထားသည့် ခန္ဓာကိုယ်ချင်း ထိတွေ့ပွတ်တိုက်မှုများကြောင့်လား.. သူဟာ Mr.J ဆီ သာယာမှုများပေးရန် ရှက်ရွံ့ခြင်းမရှိ တောင်းခံခဲ့သည်။
'Fuck me!!! Fuck me harder!!! Please!'
ကိုယ့်အသံကို ပြန်ကြားယောင်မိသည့်အခါ BaekHyun ခန္ဓာကိုယ်ကို မှောက်လိုက်ပြီး ခေါင်းအုံးနှစ်လုံးကြား မျက်နှာကို ဝှက်ထားမိသည်။
ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်သလဲလေ..။
ဆက်တွေးနေလျှင် ကိုယ့်ကိုကိုယ် တစ်ခုခုများ လုပ်မိမလားဟု တွေးမိသည်မို့ ထပြီး ကိိုယ်လက်သန့်စင်ရန် တွေးလိုက်သည်။ တကယ်တော့ အတွေးက လွယ်သော်လည်း အတွေးအတိုင်း လိုက်လုပ်ဖို့ကတော့ သိပ်မလွယ်ကူလှ။
"အား... ကျွတ် ကျွတ်"
အားယူသည့်အနေဖြင့် သက်ပြင်းတစ်ချက် ချပြီး ထထိုင်လိုက်သည်။ ခါးအောက်ပိုင်း၌ ခံစားလိုက်ရသည့် နာကျင်မှုက မျက်နှာရှုံ့မဲ့ပြီး အံကြိတ်ထားရသည်အထိ။
အခုမှပင် အဝတ်တစ်စမှ ကပ်မနေသော ကိုယ့်ခန္ဓာကိုယ်ကို သတိပြုမိသည်မို့ အဝတ်အစား ဘယ်နားရှိနေနိုင်သလဲ မျက်စိဝေ့ရှာကြည့်မိသောအခါ ကုတင်ခြေရင်းနားတွင်ပင် အဝတ်အစားတစ်စုံကို ခေါက်လျက်သား တင်ထားပေးသည်ကို တွေ့ရ၏။
Mr.J များ ထုတ်ထားပေးခဲ့သလားဟု တွေးမိသော်လည်း မိမိဟာ သူအဲ့သည်လို အရေးတယူ လုပ်ပေးရလောက်သည်အထိ အရာမရောက်လောက်ဟု ပြန်တွေးမိသည်။
boxer နှင့် ဘောင်းဘီကိုသာ ကောက်စွပ်ကာ ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်သည်။ ရေပန်းဆီကို ကြည့်မိလိုက်သည်နှင့် ChanYeol နှင့် သူ၏ ပုံရိပ်များက တန်းစီပေါ်လာပြန်၏..။
BaekHyun သက်ပြင်းတစ်ချက် ချလာမိသည်။ဒါကို တားလို့ရမည်မထင်..။ အချိန်ကာလ တော်တော်ကြာသည့်တိုင် ထိုအခိုက်အတန့်တုန်းက ပုံရိပ်များက သူ့အတွေးထဲ ခဏခဏ ဝင်ရောက်လာမည် ဖြစ်၏။ အိပ်မက်အနေနှင့်တုန်းကတောင် ခေါင်းထဲက တော်တော်နှင့် ထုတ်မရခဲ့။ ခုဆို ပိုဆိုးဖို့သာ ရှိသည်။
ဘေစင်မှ ရေများ ဖွင့်ချပြီး မျက်နှာသစ်လိုက်သောအခါမှ လန်းလန်းဆန်းဆန်း ဖြစ်သွားသလို။ သို့သော်လည်း ဘေစင်ပေါ် တပ်ဆင်ထားသည့် မှန်ကို သေချာကြည့်လိုက်မိသည်က BaekHyun ၏ အမှားဟု ဆိုရမလား..။
လည်ပင်း၊ ညှပ်ရိုး၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် hickey များ မနည်းမနော..။ ဖြူ နုသော အသားအရည်ပေါ်တွင် တချို့က ပန်းရောင်သန်းနေသလို၊ တချို့က ကြက်သွေးရောင် ဖြစ်နေ၏။ တချို့နေရာများဆို ညိုမည်းလို့ နေသည်။
လည်ပင်းဆီမှ ပန်းရောင်သန်းနေသည့် အမှတ်တစ်နေရာကို လက်ဖြင့် စမ်းကြည့်မိလိုက်၏..။
BaekHyun သူ့ကိုယ်သူ မသိလိုက်ခင်မှာပင် မနေ့ညက သူ့လည်တိုင်တလျှောက် ChanYeol နှုတ်ခမ်းဖြင့် ဖိကပ်ကာ စုပ်နမ်းလိုက်၊ သွားဖြင့် တတိတိကိုက်လိုက် လုပ်ပေးနေရာမှ ရခဲ့သည့် အထိအတွေ့ကို သူ မျက်လုံးစုံမှိတ်ကာ ခံစားနေသည်။
နောက် ညှပ်ရိုး၊ ရင်ဘတ်၊ ဝမ်းဗိုက်.. မနေ့ညတုန်းက အထိအတွေ့များဟာ BaekHyun ကို ရူးသွပ်စေခဲ့သည့်ပြင် ခုထိတိုင် အသိစိတ်ကင်းမဲ့အောင် လုပ်ဆောင်နိုင်ဆဲ။
BaekHyun သူ့ကိုယ်သူ သတိထားမိချိန်တွင် သူဟာ မျက်စိစုံမှိတ်ထားပြီး ပြုံးနေခဲ့သည်..။ အသက်ရှူ သံများ ပြင်းထန်နေသည်နှင့်အတူ ရင်အုံကလည်း နိမ့်ချည်မြင့်ချည် ဖြစ်လို့နေ၏။ နောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက နေရာအနှံ့ကို လက်ဖြင့် ထိကိုင်ကြည့်နေမိသည်။
မှန်ထဲက သူ့ပုံရိပ်သူ ကြည့်ပြီး BaekHyun ကြောင်အသွားသည်..။ အသိစိတ်ကတော့ ခုချိန်ထိ ရောက်ရှိလာသေးပုံ မရ။
ဆေးရောင်များ ရှိမနေသည့် Mr.J ၏ ပကတိ မျက်နှာပြင်ကို BaekHyun သတိရသွားချိန်တွင် အပြုံးတစ်ပွင့်က မျက်နှာမှာ ဖြစ်ထွန်းလာပြန်၏။
သူဟာ သိပ်ကို ချောမောခန့်ညားလွန်းသော လူတစ်ယောက် ဖြစ်သည်။
"ဘုရားရေ.."
အသိတရားတို့ ပြန်လည်ဝင်ရောက်လာသည့်အခါ မိမိအဖြစ်ကို မိမိ ပြန်သုံးသပ်မိပြီး BaekHyun ခြေထောက်များပင် ယိုင်သွားခဲ့ရသည်မို့ ဘေစင်ကို ကိုင်ထားကာ ထိန်းလိုက်ရ၏။
ထိတ်လန့်မှုတို့က တစတစ ကြီးထွားလို့ လာသည်..။
ဒါဟာ စွဲလမ်းသွားခြင်းပေလား။
အထက်တန်းတုန်းက ရည်းစားနှစ်ယောက်သုံးယောက်လောက် ထားခဲ့ဖူးပြီး နှုတ်ခမ်းချင်း ထိတွေ့ဆက်နွယ်ရာမှ ရရှိသည့် ခံစားမှုကိုလည်း ကြုံတွေ့ဖူးသည်။
သို့သော် တက္ကသိုလ်တက်သည့်အချိန်မှစ၍ ဘွဲ့ယူပြီး အလုပ်ဝင်သည်အထိ BaekHyun တွင် ချစ်သူရည်းစားတစ်ယောက်မျှ မရှိခဲ့ပါ။ ပညာရေး၌သာ သူ ဇောက်ချလုပ်ကိုင်ခဲ့သည်။
အထက်တန်းကျောင်းသားဘဝက အနမ်းဟု ဆိုရုံ မဖြစ်စလောက်ကိုသာ သူ ခံစားဖူးပြီး အချစ်နှင့် sex ဟူသည်တို့ကို စိတ်ကူးတောင် မယဉ်ကြည့်ဖူးပါလေ..။
ဒါကြောင့်ပဲလားမသိ.. BaekHyun ခုလိုမျိုး အထိအတွေ့တို့ကြောင့် ရူးသွပ်သွားရသည် ထင်၏။
သူဟာ ယောက်ျားချင်း နှစ်သက်သူတစ်ယောက် မဟုတ်..။
သို့သော်လည်း မနေ့က ChanYeol သူ့ကို ပြုမူသွားခဲ့သည်နှင့် ပတ်သက်ပြီး ရှက်ရွံ့မှုသာ သူ ခံစားရသည်။ စိတ်ပျက်မှုနှင့် ရွံရှာမှုတို့ကို သူ ရှာလို့မတွေ့..။
စွဲလမ်းမိသွားပြီ ထင်၏...။
အနမ်း၊ အထိအတွေ့နှင့် သာယာမှုများထဲ သူ ကျရှုံးခဲ့ရပြီ ထင်၏...။
သို့သော်လည်း စွဲလမ်းခြင်းဟာ အချစ်နှင့် မဆိုင်ဘူး မဟုတ်လား။
တော်သေးသည်ဟု ပြောရမည်..။
သည်လူကို ချစ်မိလျှင် ကောင်းဖို့ မရှိနိုင်။ စွဲလမ်းခြင်းမှ အချစ်သို့ မကူးပြောင်းနိုင်ရန် သူ ကြိုးစားဖို့ လိုအပ်သည်။
♕Joker & Harley♕
ခပ်လှမ်းလှမ်းတွင် ဆင်းသက်လိုက်သော လေယာဉ်ပျံကြီးကို ငေးကြည့်နေမိပြီးမှ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။
အနားတစ်ဝိုက်တွင် အမည်းရောင် suit နှင့် gangsta များသာ ရှိနေပြီး Mr.J ကို မတွေ့ရ။ တစ်နေကုန်လည်း သူ့ကို မမြင်ရ..။ ညခုနစ်နာရီကျမှ လူနှစ်ယောက်လောက် အခန်းထဲ ဝင်လာပြီး အပြင်သွားဖို့ လာခေါ်ကြတာ။
"Ar.. Are we going somewhere??"
အနီးအနားရှိ အရပ်ခပ်မြင့်မြင့် ကပ္ပလီကြီးကို မရဲတရဲ မေးလိုက်မိသော်လည်း...
"Shut up! Stay still!"
BaekHyun နင်သွားသည်။
ထိုလူကြီးအား စိတ်ထဲက မကျေနပ်။ သို့သော်လည်း ဘာမှမလုပ်နိုင်သည်မို့ ငြိမ်နေရသည်။
သူတို့က လူကိုများ မတူသလို မတန်သလိုနှင့်..။ မေးခွန်းလေးတောင် မေးလို့မရ။
မျက်နှာကို အနည်းငယ် စူပုတ်ပုတ်လုပ်ကာ ရပ်နေစဉ်မှာပင် အနက်ရောင် BMW ကားတစ်စီး ထိုးဆိုက်လို့လာ၏..။ ထို့နောက်တွင်မူ Mr.J သည် တပည့်အပေါင်း ခြံရံကာ BaekHyun နား ရောက်လာခဲ့သည်။
"ကိုယ့်ကို မလွမ်းဘူးလား honey ~"
အမြင်ကပ်စရာကောင်းသည်။
ChanYeol မေးသည်ကို မဖြေပဲ ဒီအတိုင်း ငြိမ်ရပ်နေသောအခါ သူ ဟက်ခနဲ တစ်ချက်ရယ်၏။
"Let's Go!"
"ဘယ်.. ဘယ်သွားမှာလဲဟင်??"
သွားဖို့ ဟန်ပြင်နေသော သူ့ကို BaekHyun အကျႋီစမှ ဆွဲ၍ မေးလိုက်သောအခါ သူက ပြုံးပြန်သည်။
"Gotham City"
"ဘာလို့ ကျွန်တော့်ကို ခေါ်လာတာလဲဟင်?"
"နောက်မှ ပြောကြတာပေါ့။ ခုတော့ သွားရအောင်.."
မလိုက််ချင်သော်လည်း ငြင်းခွင့်မရှိသည်မို့ သူ့နောက်က လိုက်ခဲ့ရသည်။ ပြန်ရောက်လာနိုင်မည်ဟု မထင်မိသော ကိုရီးယားမြေကို တစ်ချက်ပြန်လှည့်ကြည့်မိတော့ ငိုချင်လာသလို။
လေယာဉ်နားတွင် လူအများကြီး ရှိနေသော်လည်း တကယ်တမ်း လေယာဉ်ပေါ် တက်သည့်အခါ သူ၊ ChanYeol(Mr.J) နှင့် gangsta လေးယောက်လောက်သာ လိုက်ပါလာ၏။
တန်ဖိုးကြီး ဇိမ်ခံပစ္စည်းများနှင့် လေယာဉ်ကြီးကို ကြည့်ပြီး မအံ့သြပဲ မနေနိုင်..။ luxury များနှင့် အလှဆင်ထားသော လေယာဉ်ကြီးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ရသည်။
လေယာဉ်စထွက်လေပြီ..။
တဖြည််းဖြည်း ဝေးကျန်ခဲ့သည့် ကိုရီးယားမြေကို ငေးကြည့်နေရင်းက စိတ်ညစ်ညူ းလာရသည်။
သက်ပြင်းကိုသာ တဟူးဟူးချရင်း သူ့ဘေးက ထိုင်ခုံတစ်နေရာ၌ BaekHyun ထိုင်လိုက်၏။
"I'm sorry but you have to come with me Honey!"
"Why?"
"Becuz you're the special one for me"
"Why?? Why has it to be me??"
"I don't know honey"
မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်များနှင့် ခွဲခွာလာရကာ သည်ပဟေဠိများဖြင့် ပြည့်နှက်နေသည့် လူနောက်လိုက်လာရသည့်အခါ နောက် ဘာများဆက်ဖြစ်လာမလဲ တွေးကာ စိတ်မောရသည်။
အရင်တုန်းက စိတ်ကူးယဉ်ခဲ့ဖူးသော သူ့အနာဂတ်လမ်းစမှာ လုံးဝပျောက်ကွယ်သွားပြီ ထင်၏။ သူဟာ Mr.J ထံမှ လွတ်မြောက်နိုင်ပါဦးမလား..။
ထိုစဉ်...
'ဒိုင်း!!!!!!'
အတွေးများနေစဉ် အနားမှ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသော သေနတ်သံကြောင့် လန့်ပြီး တစ်ကိုယ်လုံးပင် တုန်တက်သွားရသည်။
လက်တစ်ဖက်က သေနတ်ကို ကိုင်ထားလျက် ဆိုဖာလက်ရန်းပေါ် တင်ထားကာ ခြေချိတ်ထိုင်နေသော ChanYeol ခေါ် Mr.J...။
နောက် သူ့ရှေ့တွင် ဒူးထောက်လျက် ရှိနေပြီး ညာဖက်ပေါင်မှ သွေးများတရစပ်စီးကျနေသော ကိုရီးယားလူမျိုးဖြစ်ပုံရသော gangsta တစ်ဦး..။
ဒါဟာ gangsta တို့၏ ထုံးစံလား။
တစ်ယောက်က မျက်တောင်တစ်ချက် မခတ်ပဲ တစ်ဖက်လူကို သွေးထွက်သံယိုဖြစ်အောင် လုပ်နိုင်သည်။ နောက်တစ်ယောက်က ပေါင်ကို သေနတ်ဖြင့် အပစ်ခံရသည်ကိုပင် အသံတစ်စက်မှ မထွက်ပဲ နေနိုင်သည်။
"မင်းအပြစ် မင်းသိလား JinHyuk?"
Mr.J သည် သေနတ်ကို တခြားတစ်ယောက်ဆီ ပစ်ပေးရင်း လေသံအေးအေးဖြင့် မေးလာ၏။
"ဟုတ်ကဲ့"
"နောက်တစ်ခါဆို မင်း မျက်လုံးကို ဆုံးရှုံးလိုက်ွှာရလိမ့်မယ် ထင်တယ်။ သတိထား~ ဟုတ်ပြီလား"
သူဘာဆိုဘာမှ မလုပ်ခဲ့သလို အပြုံးတစ်ခုနှင့် ပြောနေသော Mr.J ကို ကြည့်ရင်း သူ ကြောင်အနေမိသည်။
ဆက်ပြီး BaekHyun သည်လူနှင့် ဘယ်လိုနေရမှာလဲ။
♕Joker & Harley♕