Jessica Korea ပြန်ရောက်နေသည်မှာ တပတ်ပင်ကျော်နေလေပြီ။သို့သော် သူမခေါင်းထဲမှ နုံချာချာ အီဂျစ်မင်းသမီးလေးအကြောင်းအား မတွေးသည့် ရက်က တော်တော်ပင်ရှားသည်။သူမနေမှကောင်းရဲ့လား အဆင်မှပြေရဲ့လား လူဆိုးတွေများဖမ်းသွားမလား ညတိုင်းတယောက်တည်း ကျိန်စာတွေကို ခါးသီးစွာခံနေရတုန်းလားဟူသော အတွေးများကို မရပ်တန့်နိုင်။ခုလည်း ကျောင်းစာသင်မှုပါ နှောင့်ယှက်နေလေပြီစာသင်နေချိန်တွင်လည်းစာ၌မကပ်ပဲ စိတ်မှာမူ Yuri ဆီရောက်နေလေသည်။ရိပ်မိနေသော Donghae မှာတော့ အတန်းပြီးလျှင် မေးစရာရှိတာမေးရန် တွေးထားလေသည်။ထိုသို့ဖြင့် Donghae မျှော်လင့်နေသော နားချိန်ရောက်ရှိလာခဲ့သည်
[Donghae] Sica ဘယ်သူဖုန်းမျှော်နေတာလဲ Korea ပြန်ရောက်ထဲက အဲဒီဖုန်းကို လက်ကမချဘူး
စိတ်လွတ်နေသော Jessica မှာ မကြားနိုင်
[Donghae] Sica??? Sica???
လက်ဝေ့ရန်းပြနေနသော Donghae ကို အတော်ကြာမှ Jessica သတိထားမိလေသည်။
[Jessica] Op Oppa Miyangnae ဘာပြောလိုက်တာလဲ
Donghae မှာ Jessica ပခုံးနှစ်ဖက်အား ယုယစွာကိုင်ရင်း
[Donghae] ကိုယ်တယောက်လုံးရှိတယ် မင်းဘာဖြစ်နေလဲ ဆိုတာ ရင်ဖွင့်လို့ရတယ်
Donghae နဲ့Jessica ရည်စားဖြစ်နေသည်မှာ တပတ်ပင်ရှိပြီ။Egypt အထိလိုက်လာသည့် Donghae ၏ အချစ်အာ: Jessica လေးစားမိလေသည်။ နဂိုထဲကမှ ပျော်နေသည့် နှလုံးသား အား Donghae အရည်ဖျောလိုက်နိုင်လေသည်။
[Jessica] oppa တကယ်တော့
Jessica Anacamusuu Yuri အကြောင်း ဖွင့်ပြောရန် ကြံလိုက်လေသည်။မည်သို့ပင် ဆိုစေကာမူ ထိုကဲ့သို့ အကြောင်း အရာအား Donghae ယုံလိမ့်မည်မဟုတ်ဟုလည်း သိနေပြန်သည်။ပထမအနေဖြင့် Soojung နှင့် Amber အားပြောပြခဲ့သော်လည်း အောင်မြင်မှုမရသည့်အပြင် စိတ်ကျန်းမာရေးဆေးရုံအားညီမဖြစ်သူမှပို့သောကြာင့် နှစ်ခေါက်တိတိ စစ်ဆေးမှုခံယူခဲ့ရလေသည်။ထို့ကြောင့် ပြောမည့်စကားအားရုပ်သိမ်းကာ သက်ပြင်းအသာချ၍ငြိမ်နေလိုက်လေသည်
[Jessica] ဘာမှ မဟုတ်တော့ဘူး
စိတ်ညစ်စရာရှိနေမှန်း သိသော Donghae မှာ Jessica အား ပျော်အောင်လုပ်ပေးရမှာ ချစ်သူဖြစ်သူသူ၏တာဝန်ပင်ဖြစ်သည်
[Donghae]မင်းပြန်ပေးဆွဲခံရတာနဲ့ ပက်သက်ပြီးကြောက်နေသေးရင် ကိုယ်တယောက်လုံးရဲ့အသက်ကို ရင်းပြီးသစ္စာဆိုတယ် နောက်တခါဘယ်တော့မှမရှိစေရဘူး ကိုယ့် အသက်နဲ့လည်းပြီး ကာကွယ်ပေးမယ်
Jessica မှာမူ ထိုသို့ သစ္စာရှိသော Boyfriend ရထား၍ပျော်မဆုံးနိုင်ပင်။
[Jessica] Oppa Saranghae
[Donghae] Nado Saranghae
Donghae လည်းJessica လည်ပင်းလေးအား အသာဆွဲကာ သူမ၏ ပန်းရောင်သန်းနေသော နှုတ်ခမ်းဖျားလေးအား ဖြူစင်သော အနမ်းပတ်ကျဲလိုက်လေသည်။Jessicaမှာလည်း ပထမဆုံးသော အနမ်းကို သူမစိတ်ကူးရင်ထားသည့်အတိုင်း ဖြစ်လာ၍ ကြည်ဖြူစွာလက်ခံရင်း မျက်လုံး အစုံအား ကန့်လန့်ကာ ချလိုက်လေသည်။ထိုသို့ အရှိန်ကောင်းနေစဉ် Jessica ဖုန်းမြည်လာခြင်းမှာ အနှောက်အယှက်တစါခုဖြစ်သည်။Jessica ရှက်သွေးဖြာကာ အနမ်းရပ်၍ ဖုန်းအား မကြည့်ဘဲ ကိုင်လိုက်လေသည်။Donghae မှာတော့ အချိန်ကောင်းမှ လာရလေခြင်းဟု ယူကြုံးမရပေ။
[Jessica] Hello!
Hello!
သို့သော် ဖုန်းခေါ်သူဘက်မှ စကားပြန်မပြောပေ။ထိုမှ Jessica လည်း သတိရ၍ Caller ကြည့် လိုက်သောအခါမှ သူမ မျက်လုံးပင် မယုံနိုင်လောက်အောင် ပျော်သွားလေသည်။Caller name မှာတော့ (Egypt Babo) အီဂျစ်အရူးမလေးဖြစ်လေသည်။
[Jessica]Anaca
Jessica မှာ Donghae ရှိနေသောကြောင့် ခေါ်မည့် နမည်အားရပ်၍ ထိုနေရာမှ မလှမ်းမကမ်းထွက်သွားလေသည်။Donghae မှာတော့ Jessica ထိုသို့သောဝမ်းပန်းတသာပြုံးသောအပြုံးမျိုးအား တခါမျှမမြင်ဘူးပေ။မည်သို့သော်သူကများ သူကောင်မလေးအား အခုလို အပြုံးရအောင် လုပ်နိုင်သလဲဟုပင် တွေးတောနေလေသည်။
[Jessica] Hey Yuri
Jessica မှာ ပျော်လွန်း၍ ပါးစပ်ပင် နားရွက်တပ်ချိတ်ဗတာ့မည်အသွင်ဖြစ်နေသည်ကို သူကိုယ်တိုင်မသိရှာပေ။
[Yuri] Jes si ca!!!
သူမနာမည်အား တစ်လုံးခြင်းခွဲကာ တောင့်တောင့်ကြီးခေါ်နေသောYuri ပုံစံအား ပုံဖော်ကြည့်၍ Jessica ပြုံးနေလေသည်။
[Jessica] ဟုတ်ပါတယ် Jessica ပြောနေတာပါရှင်
Yuri ၏တီးတိုးရယ်သံကို ကြားလိုက်ရသော Jessica မှာ ရင်ထဲကြည်နူးမိနေလေသည်
[Yuri] ငါ ငါ နင်ကို ပြောစရာရှိလို့
Jessica မှာ သတိရ၍ဆက်လိုက်သည်ဟူသော စကားကို မျှော်လင့်နေမိသည်။
[Jessica] အင်းငါနားထောင်နေတယ် ပြောလေ
[yuri] နေကောင်းရဲ့လား
သို့သော်လည်း ကြားလိုက်ရသည့်စကားမှာမူ သူထင်သလိုမဖြစ်၍စိတ်ထဲမရိုးမရွဒေါသ အနည်းငယ်ဖြစ်သွားလေသည်
[Jessica] အင်း ကောင်းပါတယ်
[Yuri] ဒါက အံ့သြစရာကြီးနော် နင့်အသံတကယ်ကြားရတယ်
အရမ်းဖြူစင်လှသော Yuri ၏ပွင့်လင်းသော စကားများကြောင့်Jessica ဆိုးနေသောစိတ် ဘယ်ဖမ်းရမှန်း မသိ ဖြစ်ကာ ရယ်လေသည်
[Jessica] ဟ ဟ ဒါပေါ့ အဲလိုပြောဖို့ပဲ တီထွင်ထားတာလေ
[Yuri] ငါကို YURIလို့ ခေါ်ခွင့်ဘယ်သူက ပေးလို့လဲ
[Jessica] ငါဆေးရုံနောက်တခေါက် မသွားပါရစေနဲ့ဟာ နင့်အကြောင်း ပြောပြလို့ Soojung က ငါ့ကိုရူးနေတယ်ထင်ပြီး စိတ်ကျန်းမာရေးဆေးရုံပို့နေတာ နှစ်ခေါက်တိတိရှိပြီ ခုသာ နင့် နာမည်ရင်း ခေါ်ရင် ငါသုံးခေါက်မြောက်ရောက်တာ ဖြစ်သွားလိမ့်မယ်
တကယ်တော့ Yuri မှာ Jessica ပြောသမျှနားလည်တဝက် မလည်တဝက်ပင်။သို့ပင်ဌားလည်း သူ့နာမည်ကြောင့် ဒုက္ခရောက်နေသည့်Jessica အတွက် Yuri ဆိုသောနာမည်ခေါ်ခြင်းကို လက်ခံလိုက်လေသည်။
[Yuri] Jessica ဒါကြီးနဲ့ နင့်ဆီ အမြဲခုလို လုပ်လို့ရလား
[Jessica] အင်း ရတာပေါ့
[Yuri] ငါနင်ထွက်သွားထဲက ထူးထူး ဆန်းဆန်း နင့်အကြောင်းပဲ တွေမိနေတာ အဲဒါကြောင့် ဒါကြီးကို နင်ပြောတဲ့ အတိုင်းလုပ်ကြည့်တာ နင့်အသံတကယ်ကြားရတော့ ငါအရမ်းပျော်တယ်
မထင်မှတ်ထားသည့် အချိန်မှ ကြားချင်သောစကားကြားလိုက်ရ၍
Jessica ရင်ထဲ ပန်းများပွင့်နေလေပြီ ပါးနှစ်ဖက်မှာလည်း ချယ်ရီသီးရောင် သန်းနေကာ ရှက်သွေးဖြာနေလေသည်
ထိုအရာကို ကြည့်နေသော ရည်းစားဖြစ်သူ Donghae မှာ မနာလိုသလိုပင် ခံစားလာရသည်။Caller မည်သူလဲဟု သိချင်စိတ်များတဖွားဖွားဖြစ်နေလေသည်။
Donghae လဲ Jessica အနားအသာလျှောက်လာကာ သေးငယ်သော ခါးလေးအား သိုင်းဖက်ကာ ဆံနွယ်များအား နမ်းရှိုက်ရင်း ထိုမှတဆင့် လည်ပင်းနားသို့ တဖြည်းဖြည်းဆင်းသွားလေသည်။လူမြင်ကွင်းကြီး၌ရုတ်တရပ်ပြောင်းလဲနေသော Donghae အပြုအမူအား Jessica သတိထားမိလေသည်။Donghae မှာမူ ဖုန်းဆက်နေသူတဖက်သူအား Jessica မှာ သူ့အပိုင်ဟုေဲကြငြာနိုင်ရန် ခုလို လုပ်နေခြင်းဖြစ်သည်။
[Jessica] Oppa
Jessica မှာ လည်ပင်းနားကပ်လာသော Donghae အားရပ်ရန် ကြိုးပမ်းလေသည်။လူကြီးလူကောင်း ဆန်သည်ဟုထင်ထားသော သူအား ခုလို မြင်လိုက်ရ၍ Jessica အနည်းငယ်စိတ်ပျက်မိသည်မှာ အမှန်ပင်။
[Jessica] Oppa ကျေးဇူးပြုပြီး
Jessica လည်းအားကုန်သုံးကာ တွန်းလိုက်လေသည်။ထိုအခါမှ Donghae လဲ အသိပြန်ဝင်ကာ တောင်းပန်လေသည်။
[Donghae] Oppa တောင်းပန်ပါတယ် Sica ရယ် Oppa မသိစိတ်က Sica ဖုန်းပြောရင်း ပြုံးနေတာကို မနာလိုသွားလို့ပါ ကိုယ်အရမ်းချစ်တာ Sica လဲသိမှာပါ ကိုယ်တောင်းပန်ပါတယ်
တဖက်မှ အကြောင်းစုံ ကြားနေရသော Yuri မှာ စိတ်ပူသွားလေသည်။ Jessica ချစ်တဲ့သူနှင့် တွေ့နေပြီလားဟု မေးခွန်းများစွာ လည်းရှိသည်။ထိုအရာကို တားဖို့လည်းသူမလုပ်ရလိမ့်မည်။ကျိန်စာသာ မှန်ခဲ့လျှင် Jessica သည် သူမသကဲ့လို့ လိမ်ညာလှည့်ဖြားသော ချစ်ခြင်း မစစ်မှန်သော ချစ်ခြင်းကြောင့် သေရလိမ့်မည်ကို သူမသိနေသည်။
[Yuri] Jessica!!!
[Jessica] အာ Yuri yah ငါတောင်းပန်ပါတယ် ခု အဆင်မပြေသေးလို့ နောက်မှ ပြောကျတာပေါ့
[Yuri] မဟုတ်ဘူး Jessica ငါ ပြောစရာ
[Jessica] နောက်မှပဲ
ပြောပြောဆိုဆို ဖြင့် Jessica ဖုန်းချလိုက်လေသည်။
Yuri တယောက် တတီတီ မြည်နေသော ဖုန်းအား ကြည့်၍ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိပေ။
Jessica လည်း ဖုန်းချလိုက်သည်နှင့် Donghae နှင့် ရှင်းရလေသည်။
[Jessica] Oppa က ချစ်တာ မဟုတ်ဘူး အချစ်ဆို ယုံကြည်မှုနဲ့ တည်ဆောက်ထားတာ ခုဟာကOppa က မယုံကြည်တာ
[Donghae] အဲလို မဟုတ်ပါဘူးကွာ ကိုယ်စိတ်ကို မထိန်းလိုက်နိုင်တာ မင်းက သိက္ခာရှိတဲ့ မိန်းကလေးဆိုတာလည်း ကိုယ်သိတယ် ဖုန်းပြောနေရင်း မင်းပြုံးနေတာ ကိုယ်တခါမှ မမြင်ဘူးဘူး အဲဒါကြောင့် ကိုယ်သဝန်တိုပြီး ခုလို လုပ်လိုက်မိတာပါ ကိုယ်တောင်းပန်ပါတယ် မင်းကျေနပ်တဲ့ထိကိုယ်ဒူးထောက်တောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ်
[Jessica] မလိုပါဘူး ရပါပြီ ညီမတို့ ခဏတော့မတွေ့ကြရအောင်
ထိုစကားကြားလိုက်သည့် Donghae ကမ္ဘာပျက်သလိုပင်ဖြစ်သွားကာ လှည့်ထွက်သွားသော Jessica အား လှမ်းဆွဲလိုက်ရာမှ အရှိန်လွန်ပြီး လှေကားအစွန်းမှနှစ်ယောက်စလုံးပြုတ်ကျလာလေသည်။Donghae မှာ Jessica အနာတရ မဖြစ်စေရန် သူ့ခန္ဓာကိုယ်အား အနာခံ၍ကာကွယ်ရှာသည်။Jessica မှာတော့ Donghae ခံနေ၍ အပေါက်အပြဲမှ အပ ဘာဒဏ်ရာမှ မရပေ။သို့သော် Dongahe မှာတော့ လူနှစ်ယောက် weight ကြောင့်အကြီးအကျယ်ထိခိုက်မိသွားရှာသည်။
[Jessica] Oppa!!!!!သွေးတွေ
Donghae မှာ မရှိမဲ့ရှိမဲ့အားလေးဖြင့် ငိုနေသောJessica အား မျက်ရည်သုတ်ပေးရှာသည်။
[Donghae] မငိုပါနဲ့ Sicaရယ်ဘာမှမဖြစ်ဘူး မင်းမထိခိုက်ရင်ရပြီ ကိုယ်ချစ်တာကို ယုံပါနော်
Jessica မှာ ခေါင်းသာညိမ့်၍ မျက်ရည် တွဲလဲ ဖြစ်နေရှာသည်။
ထိုစကားပြောရပြီးသည်နှင့်Donghae လည်းမေ့မြောသွားလေသည်။
[Jessica] Oppa!!!!ဆေးရုံကား ခေါ်ပေးကြပါ Oppa!!!
..............................
Yuri's POV...
တတီတီမြည်နေသော Jessica ပေးခဲ့သည့် ဖုန်းဆိုသည့် ဟာပင် ငြိမ်သက်သွားလေသည်။ကျွန်မဘာလုပ်သင့်သနည်း ဘာလုပ်လျှင် Jessica အသံထက်ကြားရမည်နည်း ဟု စဉ်းစား နေရုံမှ အပ ဘာမျှမတတ်နိုင်ပေ။ ကျွန်မ နိုးထ လာထဲက ပထမဆုံး မြင်တွေ့ခွင့်ရခဲ့သော သွေးတွေ ရွဲဆိုနေသောဂသူ့မျက်နှာအား မထွက်ပေ။ကျွန်မလို မင်းသမီးတစ်ဦးအား မည်သူမျှ မျက်လုံးဖြင့်စေ့စေ့ မကြည့်ရဲခဲ့သော်လည်း သူမမှာမူ ကျွန်မအား အရူးမဟူ၍ပင်ခေါ်ရဲသူဖြစ်သည်။ ကျွန်မစကားအားလူတိုင်းက မြေဝယ်မကျနားထောင်ခဲ့သော်လည်း သူမမှာမူ တားနေသည့် ကြားက အန္တရာယ်ထဲ ဇွတ်တိုးသည့် တစ်ဦးတည်းသောသူဖြစ်သည်။ထိုသို့သော် ဘုကလန့် လုပ်နေသည့် သူမအား ကျွန်မ စိုးရိမ်နေလေသည်။ဘာလို့မှန်း မသိ သူကျွန်မနား ရှိနေသော ရက်တိုလေးအပိုင်းတွင်း မင်းသမီးဆိုသည့် ဂုဏ်အား မေ့နိုင်သလို အထီးကျန်မှုဆိုတာလည်း မခံစားရပေ။သို့သော်လည်း သူမထွက်သွားပြီးနောက်ပိုင်း ဖြတ်သန်းရသောနေ့ရက်များမှာ ခက်ခဲလှသည်။ခုလည်း ကျွန်မအား စိတ်ပူအောင် လုပ်နေပြန်လေသည်။
ငြိမ်သက်နေသော ဖုန်းဆိုသည့် ဟာကြီးအား ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ကျွန်မ သူပြောသည့် ၁ ဆိုသည့်နံပါတ်အားအရဲစွန့်၍ ပြန်နှိပ်ရန် စဉ်းစားလိုက်သည်။အချိန်တန်ကြာ တီတီဆိုသည်ပင် ကြားနေရသည့်အတွက် လက်ဖျားခြေဖျားမျာပင်အေးလာသလိုရှိသည်။ ထိုသို့အတန်ကြာမှ Hello ဆိုသော အသံ ကြားလိုက်ရလေသည်။သ်ု့သော် ကျွန်မကြားချင်သော Jessica အသံမဟုတ်မှန်း ကျွန်မ တပ်အပ်ပြောနိုင်သည်။ ကျွန်မလည်းကြောက်ကြောက်လန့်လန့်ဖြင့် ဖုန်းဆိုသည့်အရာအားပစ်ချလိုက်သည်။သို့သော် ဖုန်းမှာ မသေဘဲ အသံများထွက်နေလေသည်။ထိုစဉ်တဖက်မှ စကားသံအား ကျွန်မ အာရုံရောက်သွားလေသည်။
"ဘယ်သူမှန်းလဲ မသိ ဖုန်းဆက်ပြီး မပြောဘူး Jessica ဆေးရုံကားနဲ့ ပါသွားတော့ ကျခဲ့တဲ့ ဖုန်းထင်တယ်"
"ဆေးရုံ" ကျွန်မ တအံ့တသြရေရွတ်လိုက်လေသည်။ ဆေးရုံဆိုသည်မှာ ဘာမှန်းမသိပေမဲ့ ကောင်းတဲ့အရာ မဟုတ်ဟုတော့ ရင်ထဲက အလိုလို သိနေလေသည်။Jessica သွေးနဲ့ ဆက်ဆက်၍ အသက်ရှင်လာသော ကျွန်မအတွက် သူဒုက္ခရောက်နေလျှင် ကျွန်မ ခံစားမိနေခြင်းမှာ အဆန်းမဟုတ်။ထိုသို့ ကြားပြီးသည်နှင့် တီတီဟူသောအသံမှအပ ဆက်၍မကြားရတော့ပေ။
Jessica တခုခုများဖြစ်နေလား။ဖြစ်နေလား မဟုတ်ပေ ဖြစ်နေသည်မှာ အသေအချာပင်။ကျွန်မဘာလုပ်ရပါ့မလဲ။သူပြောတဲ့အတိုင်းဆို သူနေသည့်နေရာနှင့်ကျွန်မ ကမ္ဘာသည် အလှမ်းတော်တော်ဝေးသည်။ကျွန်မ သူနှင့်တွေ့ချင်သော်လည်း အသစ်အဆန်းများနှင့် စိမ်မခေါ်ချင်သည့်အတွက် မသွားလဲ မသွားချင်ပေ။စိတ်နှစ်ခွဖြစ်နေခြင်းသည် အလွန်ပင် ဒုက္ခများသည်။လက်သည်းများပင် ကိုက်မိသည်အထိ ကျွန်မ စိတ်လှုပ်ရှားနေသည်။
ငါဘာလုပ်သင့်လဲ ဟူသောအတွေးများက ကယက်ထနေလေသည်။အဆုံးမှာတော့ ကျွန်မဆုံးဖြတ်လိုက်လေသည်။ ကျွန်မ မရင်းနှီးသည့် လောက ကြီးကို စိမ်ခေါ်ရလိမ့်မည်။ ကျွန်မအားနှိုးထအောင် လုပ်ပေးသူ သူမအတွက် ကျွန်မ အရဲစွန့်သင့်ပေသည်။ကျွန်မ လို အဖြစ်ဆိုးမျိုး မခံစားရအောင်လည်း ကာကွယ်ပေးရပေမည်။
"Jessica ငါလာခဲ့မယ် ငါလို့အဖြစ်ဆိုး မဖြစ်အောင် ငါကာကွယ်ပေးပါ့မယ်"
...............................................................
Wow...Yuri is coming to Jessica
And I want some advice about adding POV...
Do you like it??? If not i can change to another one...
Thank you for reading...