#Unicode
Luhan ...Sehun ကို ဂရုစိုက်ပေးပါ... သူ့ကိုစိတ်ချမ်းသာအောင်ထားပေးပါ...နင်နဲ့ဆိုသူပျော်မယ်လို့ ငါယုံတယ်...
ကျွန်တော်တို့ Young Min ရဲ့ စခန်းကနေ ထွက်မသွားခင် Yoon ကျွန်တော့်ကို ပြောခဲ့တဲ့စကား...
သူပြောခဲ့တာ ရှင်းရှင်းလေးပေမဲ့ ကျွန်တော်ခုထိ သေချာနားမလည်နိုင်သေးဘူး...
အထူးသဖြင့်... နင်နဲ့ဆိုသူပျော်မယ် ဆိုတဲ့ စကားကိုပဲ...
တကယ်ပဲ Sehun က ကျွန်တော်နဲ့ဆို ပျော်နိုင်မှာလား?
နဂိုကတည်းကမှ Sehun က ကျွန်တော့်ကို အမြင်မကြည်တာ ဘယ်လိုလုပ်ပြီး ပျော်နိုင်ပါ့မလဲ...
Yoon ရဲ့ စကားတွေက ကျွန်တော့်အတွက်တော့ ဖြေရှင်းလို့မရတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ...
နားလည်ဖို့ လွယ်မယောင်နဲ့ ခက်ခဲတယ် ...
ဒီပုစ္ဆာရဲ့ အဖြေကို ဖြေရှင်းနိုင့်သူက ဘယ်သူဖြစ်နိုင်မလဲ?
Yoon လား...? ဒါမှမဟုတ်...
"Luhan ..."
"ဪ Lay ah .. Wae?"
"ဘာတွေများစဉ်းစားနေတာလဲ ?"
အင်း Lay ကို ကျွန်တော် ပြောပြလိုက်ရင်ကောင်းမလား?
သူ့ကို ပြောပြလိုက်ရင် အဖြေမဟုတ်ရင်တောင် သဲလွန်စလေးတစ်ခုလောက်တော့ ရမယ်ထင်တယ်...
ဟုတ်တယ်... Lay ကို ပြောပြရမယ်...!
"Lay ah ...ဟိုလေ... "
ကျွန်တော် Lay ကို Yoon ပြောခဲ့တဲ့ စကားအကြောင်း ပြောပြလိုက်တယ်...
"ဟားးးး....ဟားးးး."
"Lay ah ဘာလို့ ရယ်တာလဲ ငါပြောတဲ့ထဲမှာ ရယ်စရာပါနေလို့လား"
ကျွန်တော် အလိုမကျစွာ မေးလိုက်တော့ Lay က
"Luhan ရယ် မင်းဟာလေ လည်မလိုလိုနဲ့ တော်တော် အပါလား ဟားးး..."
ဟောကြည့် ကျွန်တော် နားမလည်လို့ သူ့ကို မေးပါတယ်ဆို သူက ကျွန်တော့်ကို လှောင်နေတယ်...
"Ya! Lay ! Yoon ရဲ့ စကားကို ငါတကယ်နားမလည်လို့ ပါဆို မင်းဆီက အဖြေလေးတစ်ခုခုများ ရမလားလို့ မေးကြည့်တာ မပြော၇င်နေ မလှောင်နဲ့ကွာ.."
"Ar Arrasaw Arrasaw ...ငါမရယ်တော့ဘူးနော် ...ငါထင်တာလေး ပြောပြမယ်... "
"အင်း ပြော "
"ငါ့အမြင်ပြောရရင်တော့ Yoon ကမင်းကို တာဝန်ပေးခဲ့တာကွ"
"တာဝန်? ဘာတာဝန်လဲ? မင်းပြောမှ ပိုရှုပ်ကုန်ပြီ "
"မသိတော့ဘူးကွာ မင်း Sehun ကြီးကို သွားမေးပေါ့ "
ပြောချင်တာတွေ ပြောပြီး Lay ထွက်သွားလေရဲ့...
အကြံဉာဏ်မ၇တဲ့အပြင် ပိုပြီး ရှုပ်အောင်တောင်လုပ်သွားတယ်...
သိပ်မကြာပါဘူး ကျွန်တော်တို့လဲ နားတာရပ်ပြီး ခရီးဆက်ခဲ့ကြတယ်...Yoon က လမ်းမှာ မနားဖို့ ပြောပေမယ့် Sehun ကို မပင်ပန်းစေချင်ဘူး သူ့မှာက ဒဏ်ရာတွေက အရှင်းပျောက်သေးတာမဟုတ်ဘူး သူအရမ်းပင်ပန်းနေမှာ
အဲ့ဒါနဲ့ ကျွန်တော်အားလုံးနဲ့ အင်း...အဓိကတော့ Sehun နဲ့ပေါ့ အတိုက်အခံလုပ်လိုက်တာ ခဏနားဖို့ အခွင့်အရေး၇သွားတယ်...
အကျိုးဆက်အနေနဲ့ Sehun ကျွန်တော့်ကို စကားမပြောတော့တာပါပဲ... သူက ခရီးကို ဆက်သွားချင်တာလေ...
ကျွန်တော့်ကြောင့် သူ့ဆန္ဒတွေ ပျက်သွားတယ်..
ဒါကလည်း သူ့အတွက်ပါ... ဒါကိုမသိပဲနဲ့ ကျွန်တော့်ကို စိတ်ဆိုးသွားတယ်...
အခုလည်း ရှေ့ကနေဦးဆောင်ပြီး သွားနေတာ
သူေ့ခြထောက် မဟန်တော့ဘူး...
သူ့ကိုအမြဲ စောင့်ကြည့်နေတဲ့ ကျွန်တော်သိတယ်...
သူနားသင့်တာပေါ့... သူခုလို ဖြစ်နေတာ ကျွန်တော် မကြည့်ရက်ဘူး...
မင်းဟာ တော်တော်ကို ခေါင်းမာပါလား Sehun ရယ်...
ဒီလိုနဲ့ ခရီးဆက်လာကြတာ နေဝင်သွားပြီး ညအချိန်ရောက်လာတယ်... ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲပြီး တိတ်ဆိတ်နေတယ်...
"ဆက်သွားဖို့ အဆင်မပြေလောက်တော့ဘူး အဆင်ပြေတဲ့ တစ်နေရာမှာ နားကြရအောင်..."
Sehun ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်တို့အားလုံး ညတစ်ညအတွက် အဆင်ပြေမဲ့ နေရာကို ရှာပြီး အနားယူဖို့ လုပ်ကြတယ်...
တွေးကြည့်တော့လည်း Yoon ပြောသလို မနားဘဲ ခရီးဆက်ဖို့ ဘယ်လိုမှဖြစ်နိုင်မယ်မထင်ဘူး... ဖြစ်အောင်လုပ်မယ်ဆိုရင်တော့ ရမယ်မှန်ပေမဲ့ ကျွန်တော်တို့ အဖွဲ့တော့ ဘယ်လိုမှဖြစ်နိုင်မယ်မထင်ဘူး...
အထူးသဖြင့် Sehun ပေါ့...
သူခြေထောက်တော်တော်နာနေတယ်ထင်တယ်... ခြေချင်းဝတ်နေရာလေးကို သူ့လက်လေးနဲ့ အသာပွတ်နေတယ်...
Suho hyung နဲ့ Lay လည်း ပင်ပန်းလို့ထင်တယ် မျက်လုံးလေးတွေ ငိုက်စင်းနေကြပြီ...မကြာပါဘူး သူတို့ အိပ်ပျော်သွားကြတယ်...
ကျွန်တော်ကတော့ ခုထိ အိပ်မပျော်သေးသလို Sehun လည်း အိပ်မနေပါဘူး သူ့ကို ကြည့်ရတာ တစ်ညလုံး ကင်းစောင့်နေဦးမယ်ထင်တယ်...
သူထိုင်နေတဲ့ နားကို ကျွန်တော်သွားထိုင်လိုက်တော့ သူလှည်ကြည့်တယ်...
"ဘာလာလုပ်တာလဲ... သွားမအိပ်ဘူးလား..."
"မင်းကကော ဘာလို့ မနားသေးတာလဲ"
"အခုက နားနေတာမဟုတ်လို့ ဘာလဲ"
"Arni ငါဆိုလိုတာက မင်းကော မအိပ်သေးဘူးလားလို့ ပြောတာ"
"ငါအိပ်လိုက်ရင် နေထွက်တဲ့အချိန်. မင်းအသက်ရှင်မရှင် ငါအာမ မခံနိုင်ဘူး Luhan..."
တခဏတာ ကျွန်တော်တို့ ကြားမှာ တိတ်ဆိတ်သွားသည်...
လရောင်မှိန်မှိန်ရဲ့ အောက်မှာ သူ့မျက်နှာလေးကို မြင်နေရတာ ရင်ခုန်စရာ ကောင်းလှတယ်...
ကျွန်တော်သူ့မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းဆီကို သေချာလိုက်ကြည့်နေမိတယ်...
အနည်းငယ် မှေးသယောင်ရှိသော်လည်း စူးရှလှတဲ့ မျက်ဝန်းတွေ...
ဖြောင့်စင်းတဲ့ နှာတံ...
ပိရိတဲ့ ပန်းနုရောင် နှုတ်ခမ်းပါးလေးတွေ...
အရမ်းကို ဆွဲဆောင်မှု ရှိတဲ့ ကျွန်တော့်ရဲ့ Sehun ရယ်ပါ..
"ဘာလို့ ငါ့ကို အဲ့လောက်စိုက်ကြည့်နေတာလဲ "
"အန်..ဪ အဟမ်း ဘာ ဘာ ကို..လဲ..ငါ မကြည့်ပါ..ဘူးး"
"မလိမ်တတ်ပဲနဲ့ မလိမ်ပါနဲ့ Luhan ရယ်..."
Sehun ကို ကျွန်တော်ဘယ်တုန်းကမှ လိမ်လို့မရခဲ့ဘူး~
"ဟုတ်တယ်... ဘာဖြစ်လဲ.. မင်းကအရမ်းကို ဆွဲဆောင်မှုရှိလို့ ငါကြည့်မိတာ မင်းအသားပဲ့ပါသွားလို့လား ပြော!"
"ဟက်..အဲ့လောက်တောင်ပဲ ငါက မင်းအပေါ်လွှမ်း မိုးနေတာလား ဟုတ်လား Luhan?"
"ငါပြောတော့ရော မင်းက ယုံမှာတဲ့လား Sehun ရယ်"
သူ့ဘက်က တိတ်ဆိတ်သွား ပြန်တယ်..
ကျွန်တော် သူ့ခြေထောက်လေး နာနေတာကို သတိရသွားတယ်...
ကျွန်တော်ဝတ်ထားတဲ့ အပေါ်ထပ်အပါးလေးကို ချွတ်ပြီး ဖြဲလိုက်တော့... သူက အထူးတဆန်းနဲ့ ကြည့်နေတယ်..
ကျွန်တော် သူ့ရှေ့မှာ ထိုင်လိုက်ပြီး သူ့ ဘောင်းဘီကို နည်းနည်းလေးဆွဲတင်လိုက်တော့ သူပိုပြီး အံ့ဩသွားကာ
"ဘာ ဘာလုပ်တာလဲ "
"မင်း ခြေထောက်ကဒဏ်ရာက နာနေတယ်မလား "
"နာတယ်လို့ ပြောနေလို့လား မလိုဘူး ဖယ်"
သူရုန်းဖို့လုပ်တော့ ကျွန်တော် မရရအောင် ပြန်ဖမ်းထားလိုက်တယ်
"မင်းခြေချင်းဝတ်ကို ကိုင်ပြီး ပွတ်နေတာ ငါမြင်တယ်... လမ်းလျှောက်တုန်းကလည်း မင်းခြေထောက် အဆင်မပြေမှန်း ငါသိတယ် အဝတ်လေးစည်းထားတော့ ဒဏ်ရာမပျောက်တောင် နည်းနည်းတော့ သက်သာတာပေါ့ ငြိမ်ငြိမ်နေ ငါစည်းပေးမယ် "
ကျွန်တော့်စကားအဆုံး သူလည်း ငြိမ်ကျသွားပြီး ကျွန်တော် ပတ်တီးစည်းပေးတာကို ငြိမ်ခံနေလေသည်...
"ငါကို့ ဘာလို့ ချစ်တာလဲ"
ပတ်တီးစည်းပေးနေရင်း ရုတ်တရက်မေးလာတဲ့ သူ့မေးခွန်းကြောင့် ကျွန်တော် ကြက်သေ သေသွားတယ်..
ငါမင်းကို ဘာလို့ချစ်တာလဲ?
မင်းက ငါ့ကို ဂရုစိုက်လို့ လို့ ဖြေရမလား...arni..အနေနီးသွားလို့လား...မဟုတ်ဘူး... Sehun ah ...
ငါမင်းကို ချစ်တာ မင်းဖြစ်နေလို့ပါပဲ Sehun ah ~
"ဖြေလေ Luhan ငါ့ကို ဘာလို့ ချစ်တာလဲ? "
ကျွန်တော် သူ့မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်တယ်.
"ငါမင်းကို ချစ်တာ ဘာအကြောင်းပြချက်မှ မရှိဘူး Sehun... ငါ့အချစ်က ချစ်တယ်ဆိုတာပဲ... ငါမင်းကို ချစ်တယ်... မင်းဖြစ်နေလို့ ငါချစ်တယ်... ဒါပါပဲ.. "
"ငါက မင်း မချစ်သင့်တဲ့ လူစားမျိုးပါ Luhan "
"ဒါပေမဲ့ ငါချစ်မိသွားခဲ့ပြီလေ... အဲ့အချစ်တွေက ရပ်တန်းလို့ရမှာမဟုတ်သလို ဘာနဲ့မှလည်း တားဆီးလို့ ရမှာမဟုတ်ဘူး... "
မင်းကိုချစ်မိတဲ့ ငါ့အချစ်တွေက
ပိုတာထက်ကို
လွန်သွားခဲ့ပြီ Sehun !
To be continued
520Hunhan
1994 ခုနှစ် April လ 12 ရက်နေ့မှာ ကလေးလေးတစ်ယောက် လူ့လောကကြီးထဲကို ရောက်ရှိလာခဲ့တယ် ။ ဘယ်သူက ထင်ခဲ့မှာလဲ Oh Sehun ဆိုတဲ့ ဒီကောင်လေးဟာ တစ်ချိန်ချိန်မှာ ထင်ပေါ်ကျော်ကြားလာမယ့်သူလို့ ။ဘယ်သူထင်ခဲ့မှာလဲ Oh Sehun ဆိုတဲ့ ဒီကောင်လေးဟာ ကမ္ဘာတစ်ဝှမ်းက ပျိုမေတ့ိုရဲ့ အသည်းနှလုံးကို ချုပ်ကိုင်နိုင်မယ့်သူလို့ ။
ဘယ်သူမှ အဲ့လိုမထင်ခဲ့ကြတောင် ဒါဟာ တကယ်ဖြစ်လာခဲ့ပြီ။ 2012 ခုနှစ်မှာ SM Ent ကနေ Debut ခဲ့တဲ့ EXO အဖွဲ့ ရဲ့ Maknae ဖြစ်သူ Oh Sehun ရဲ့ ဘဝဟာ လွယ်ကူခဲ့မယ် ထင်ပါသလား?
သူအခက်အခဲများစွာ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ် ။ မလိုသူတွေရဲ့ ပုတ်ခတ်မှုတွေကြား တိုက်ခိုက်မှုတွေကြားမှာ ဒီကလေးလေးဟာ အရွယ်နဲ့ မလိုက်အောင် ရုန်းကန်အားထုတ်ခဲ့ရတယ်။ ဒါပေမဲ့လည်း ကြိုးစားလျှင် မုချအောင်မည် ဆိုတဲ့ ဆောင်ပုဒ်ကို သူအသုံးချခဲ့တယ်။ သူရဲ့ ရှိသမျှ ခွန်အားတွေ ကြိုးစားမှုတွေအပါအဝင် အဖွဲ့ဝင်တွေရဲ့ အားပေးမှုတွေ Fan တွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ သူ ရှေ့ဆက်ခဲ့တယ်။ သူ့ရဲ့ ကြိုးစားမှု ထိရောက်ခဲ့တယ်။ ပင်ပန်းဆင်းရဲခံခဲ့တာတွေ အရာဝင်ခဲ့တယ်။ Fan တွေရဲ့ ပါးစပ်ဖျားမှာ Oh Sehun , Oh Sehun နဲ့ တသသရေရွတ်နေရလောက်အောင် သူအောင်မြင်ခဲ့တယ် အောင်မြင်ဆဲဖြစ်သလို အောင်မြင်မြဲဖြစ်နေမှာပါ။ EXO အဖွဲ့ဝင်တွေနဲ့အတူ ငါးနှစ်တာ ကာလကို အတူတူအောင်မြင်စွာ ဖြတ်သန်းပြီးခဲ့တဲ့ တစ်လျှောက် ဝမ်းနည်းမှုတွေ ပျော်ရွှင်မှုတွေကို အတူတူ ဖြတ်သန်းခဲ့တယ်။
သူ့ရဲ့ နှလုံးသားထဲမှာ EXO နဲ့ EXOLs ပဲ။ သူ့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို နောက်ထားပြီး EXOLs အတွက်ပဲ ကြည့်ခဲ့တယ် ။ Fan တွေကို အမြဲ စိတ်ချမ်းသာအောင် ထားခဲ့တယ်။ Fan တွေ မျက်နှာတစ်ချက် မပျက်ရလေအောင် ပျော်ရွှင်မှုတွေ ပေးခဲ့တယ်။ EXOLs သည်သာ သူ့ရဲ့ ချစ်သူပါ ။ EXOLs ကို အမြဲဦးစားပေးသူပါ ။ Oh Sehun ဆိုသည်မှာ ဤကဲ့သို့သော လူမျိုးပါ။ သူ့ရဲ့ စရိုက်ကောင်း အကျင့်ကောင်းလေးတွေဟာ Fan တွေကြားမှာတင် ရေပန်းစားသည်မဟုတ် ။ ဘဝတူ အနုပညာသည်အချင်းချင်းတွေကြားမှာပင် ဂုဏ်သတင်းမွှေးပျံ့သူဖြစ်တယ်။ Senior တွေရဲ့ ချီးမွမ်းပြောဆိုမှုကို ခံရသူဖြစ်သည်သာမက Junior တွေရဲ့ လေးစားအတုယူအားကျမှုကို ခံရသူဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းက နာမည်ကျော် Idol တွေ နာမည်ကျော် Social Media တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရသူဖြစ်တယ် ။ အဖွဲ့ဝင်တွေနဲ့ အတူ ဆုကြီးပေါင်းမြောက်များစွာကို ပိုင်ဆိုင်နိုင်ခဲ့ရုံမက individual Award တွေကိုပါ သူပိုင်ဆိုင်ထားတယ်။ အောင်မြင်ကျော်ကြားလာသည်နှင့်အမျှ ချစ်သူပေါသလို မလိုသူတွေရှိလာသော်လည်း Oh Sehun ဆိုတဲ့ Idol ဟာ မညှိုးနိုင်တဲ့ ပန်းလေးတစ်ပွင့်လို ပွင့်လန်းဆဲပါပဲ ။ သူ့ရဲ့ ဂုဏ်သတင်းတွေဟာ မွှေးပျံ့ဆဲပါပဲ ။ လောကကြီးရဲ့ တိုက်ခိုက်မှုတွေကြားမှာ သူကြံ့ကြံ့ခံလာတာ အခုဆို 23 နှစ်ပင် ပြည့်ခဲ့ပြီ။ အသက်တစ်နှစ်ထပ်ကြီးလာသော်ငြား သူဟာ နုပျိုဆဲပါပဲ ။ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းမြဲပါပဲ ။ 12th April 2017 မှာ ကျရောက်လာပြန်တဲ့ သူ့ရဲ့ မွေးနေ့မှာ တစ်ကမ္ဘာလုံးက Fan တွေဟာ သူ့ကို မွေးနေ့သူတောင်းပေးကြတယ်။ ဒါဟာ လာမဲ့ နှစ်ပေါင်းများစွာတိုင်အောင်တည်ရှိနေမယ့် အစဉ်အလာလေးတစ်ခုပါ။ Fan တွေနဲ့ အတူ သူလည်း ပျော်ရွှင်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ခုလိုပျော်ရွှင်မှုဟာလည်း နောင်လာမယ့် အချိန်များစွာမှာလည်း တွေ့ကြုံရဦးမယ့် အပျော်ပါ။ ဒီနေ့ဟာ EXO အဖွဲ့ရဲ့ အငယ်ဆုံးလေး Oh Sehun ရဲ့မွေးနေ့ပါ ။ ယခုအောင်မြင်တာထက် ပိုသော ကောင်းသော အောင်မြင်မှုများကို အမြဲပိုင်ဆိုင်နိုင်ပြီး Fan တွေနဲ့အတူတူ ထာဝရ ပြုံးပျော်ရွှင်သွားနိုင်ဖို့ ဆုတောင်းပေးလျက်....
Oh Sehun's EXOL,
Yoon
#Zawgyi
Luhan ...Sehun ကို ဂ႐ုစိုက္ေပးပါ... သူ႕ကိုစိတ္ခ်မ္းသာေအာင္ထားေပးပါ...နင္နဲ႔ဆိုသူေပ်ာ္မယ္လို႔ ငါယံုတယ္...
က်ြန္ေတာ္တို႔ Young Min ရဲ႕ စခန္းကေန ထြက္မသြားခင္ Yoon က်ြန္ေတာ့္ကို ေျပာခဲ့တဲ့စကား...
သူေျပာခဲ့တာ ရွင္းရွင္းေလးေပမဲ့ ကြၽန္ေတာ္ခုထိ ေသခ်ာနားမလည္ႏိုင္ေသးဘူး...
အထူးသျဖင့္... နင္နဲ႔ဆိုသူေပ်ာ္မယ္ ဆိုတဲ့ စကားကိုပဲ...
တကယ္ပဲ Sehun က ကြၽန္ေတာ္နဲ႔ဆို ေပ်ာ္ႏိုင္မွာလား?
နဂိုကတည္းကမွ Sehun က ကြၽန္ေတာ့္ကို အျမင္မၾကည္တာ ဘယ္လိုလုပ္ၿပီး ေပ်ာ္ႏိုင္ပါ့မလဲ...
Yoon ရဲ႕ စကားေတြက ကြၽန္ေတာ့္အတြက္ေတာ့ ေျဖရွင္းလို႔မရတဲ့ ပုစၧာတစ္ပုဒ္လိုပဲ...
နားလည္ဖို႔ လြယ္မေယာင္နဲ႔ ခက္ခဲတယ္ ...
ဒီပုစၧာရဲ႕ အေျဖကို ေျဖရွင္းႏိုင့္သူက ဘယ္သူျဖစ္ႏိုင္မလဲ?
Yoon လား...? ဒါမွမဟုတ္...
"Luhan ..."
"ဪ Lay ah .. Wae?"
"ဘာေတြမ်ားစဥ္းစားေနတာလဲ ?"
အင္း Lay ကို ကြၽန္ေတာ္ ေျပာျပလိုက္ရင္ေကာင္းမလား?
သူ႕ကို ေျပာျပလိုက္ရင္ အေျဖမဟုတ္ရင္ေတာင္ သဲလြန္စေလးတစ္ခုေလာက္ေတာ့ ရမယ္ထင္တယ္...
ဟုတ္တယ္... Lay ကို ေျပာျပရမယ္...!
"Lay ah ...ဟိုေလ... "
ကြၽန္ေတာ္ Lay ကို Yoon ေျပာခဲ့တဲ့ စကားအေၾကာင္း ေျပာျပလိုက္တယ္...
"ဟားးးး....ဟားးးး."
"Lay ah ဘာလို႔ ရယ္တာလဲ ငါေျပာတဲ့ထဲမွာ ရယ္စရာပါေနလို႔လား"
ကြၽန္ေတာ္ အလိုမက်စြာ ေမးလိုက္ေတာ့ Lay က
"Luhan ရယ္ မင္းဟာေလ လည္မလိုလိုနဲ့ ေတာ္ေတာ္ အပါလား ဟားးး..."
ေဟာၾကည့္ ကြၽန္ေတာ္ နားမလည္လို႔ သူ႕ကို ေမးပါတယ္ဆို သူက ကြၽန္ေတာ့္ကို ေလွာင္ေနတယ္...
"Ya! Lay ! Yoon ရဲ႕ စကားကို ငါတကယ္နားမလည္လို႔ ပါဆို မင္းဆီက အေျဖေလးတစ္ခုခုမ်ား ရမလားလို႔ ေမးၾကည့္တာ မေျပာ၇င္ေန မေလွာင္နဲ႔ကြာ.."
"Ar Arrasaw Arrasaw ...ငါမရယ္ေတာ့ဘူးေနာ္ ...ငါထင္တာေလး ေျပာျပမယ္... "
"အင္း ေျပာ "
"ငါ့အျမင္ေျပာရရင္ေတာ့ Yoon ကမင္းကို တာဝန္ေပးခဲ့တာကြ"
"တာဝန္? ဘာတာဝန္လဲ? မင္းေျပာမွ ပို႐ႈပ္ကုန္ၿပီ "
"မသိေတာ့ဘူးကြာ မင္း Sehun ႀကီးကို သြားေမးေပါ့ "
ေျပာခ်င္တာေတြ ေျပာၿပီး Lay ထြက္သြားေလရဲ႕...
အႀကံဥာဏ္မ၇တဲ့အျပင္ ပိုၿပီး ႐ႈပ္ေအာင္ေတာင္လုပ္သြားတယ္...
သိပ္မၾကာပါဘူး ကြၽန္ေတာ္တို႔လဲ နားတာရပ္ၿပီး ခ၇ီးဆက္ခဲ့ၾကတယ္...Yoon က လမ္းမွာ မနားဖို႔ ေျပာေပမယ့္ Sehun ကို မပင္ပန္းေစခ်င္ဘူး သူ႕မွာက ဒဏ္ရာေတြက အရွင္းေပ်ာက္ေသးတာမဟုတ္ဘူး သူအရမ္းပင္ပန္းေနမွာ
အဲ့ဒါနဲ႔ ကြၽန္ေတာ္အားလံုးနဲ႔ အင္း...အဓိကေတာ့ Sehun နဲ႔ေပါ့ အတိုက္အခံလုပ္လိုက္တာ ခဏနားဖို႔ အခြင့္အေရး၇သြားတယ္...
အက်ဳိးဆက္အေနနဲ႔ Sehun ကြၽန္ေတာ့္ကို စကားမေျပာေတာ့တာပါပဲ... သူက ခရီးကို ဆက္သြားခ်င္တာေလ...
ကြၽန္ေတာ့္ေၾကာင့္ သူ႕ဆႏၵေတြ ပ်က္သြားတယ္..
ဒါကလည္း သူ႕အတြက္ပါ... ဒါကိုမသိပဲနဲ႔ ကြၽန္ေတာ့္ကို စိတ္ဆိုးသြားတယ္...
အခုလည္း ေရွ႕ကေနဦးေဆာင္ၿပီး သြားေနတာ
သူေ႔ျခေထာက္ မဟန္ေတာ့ဘူး...
သူ႕ကိုအၿမဲ ေစာင့္ၾကည့္ေနတဲ့ ကြၽန္ေတာ္သိတယ္...
သူနားသင့္တာေပါ့... သူခုလို ျဖစ္ေနတာ ကြၽန္ေတာ္ မၾကည့္ရက္ဘူး...
မင္းဟာ ေတာ္ေတာ္ကို ေခါင္းမာပါလား Sehun ႐ယ္...
ဒီလိုနဲ႔ ခရီးဆက္လာၾကတာ ေနဝင္သြားၿပီး ညအခ်ိန္ေရာက္လာတယ္... ပတ္ဝန္းက်င္တစ္ခုလံုး ေမွာင္မဲၿပီး တိတ္ဆိတ္ေနတယ္...
"ဆက္သြားဖို႔ အဆင္မေျပေလာက္ေတာ့ဘူး အဆင္ေျပတဲ့ တစ္ေနရာမွာ နားၾကရေအာင္..."
Sehun ေျပာလိုက္တဲ့ စကားေၾကာင့္ ကြၽန္ေတာ္တို႔အားလံုး ညတစ္ညအတြက္ အဆင္ေျပမဲ့ ေနရာကို ရွာၿပီး အနားယူဖို႔ လုပ္ၾကတယ္...
ေတြးၾကည့္ေတာ့လည္း Yoon ေျပာသလို မနားဘဲ ခရီးဆက္ဖို႔ ဘယ္လိုမွျဖစ္ႏိုင္မယ္မထင္ဘူး... ျဖစ္ေအာင္လုပ္မယ္ဆိုရင္ေတာ့ ရမယ္မွန္ေပမဲ့ ကြၽန္ေတာ္တို႔ အဖြဲ႕ေတာ့ ဘယ္လိုမွျဖစ္ႏိုင္မယ္မထင္ဘူး...
အထူးသျဖင့္ Sehun ေပါ့...
သူေျခေထာက္ေတာ္ေတာ္နာေနတယ္ထင္တယ္... ေျခခ်င္းဝတ္ေနရာေလးကို သူ႕လက္ေလးနဲ႔ အသာပြတ္ေနတယ္...
Suho hyung နဲ႔ Lay လည္း ပင္ပန္းလို႔ထင္တယ္ မ်က္လံုးေလးေတြ ငိုက္စင္းေနၾကၿပီ...မၾကာပါဘူး သူတို႔ အိပ္ေပ်ာ္သြားၾကတယ္...
ကြၽန္ေတာ္ကေတာ့ ခုထိ အိပ္မေပ်ာ္ေသးသလို Sehun လည္း အိပ္မေနပါဘူး သူ႕ကို ၾကည့္ရတာ တစ္ညလံုး ကင္းေစာင့္ေနဦးမယ္ထင္တယ္...
သူထိုင္ေနတဲ့ နားကို ကြၽန္ေတာ္သြားထိုင္လိုက္ေတာ့ သူလွည္ၾကည့္တယ္...
"ဘာလာလုပ္တာလဲ... သြားမအိပ္ဘူးလား..."
"မင္းကေကာ ဘာလို႔ မနားေသးတာလဲ"
"အခုက နားေနတာမဟုတ္လို႔ ဘာလဲ"
"Arni ငါဆိုလိုတာက မင္းေကာ မအိပ္ေသးဘူးလားလို႔ ေျပာတာ"
"ငါအိပ္လိုက္႐င္ ေနထြက္တဲ့အခ်ိန္. မင္းအသက္ရွင္မရွင္ ငါအာမ မခံႏိုင္ဘူး Luhan..."
တခဏတာ ကြၽန္ေတာ္တို႔ ၾကားမွာ တိတ္ဆိတ္သြားသည္...
လေရာင္မိွန္မိွန္၇ဲ႕ ေအာက္မွာ သူ႕မ်က္ႏွာေလးကို ျမင္ေနရတာ ရင္ခုန္စရာ ေကာင္းလွတယ္...
ကြၽန္ေတာ္သူ႕မ်က္ႏွာ အစိတ္အပိုင္းတစ္ခုခ်င္းဆီကို ေသခ်ာလိုက္ၾကည့္ေနမိတယ္...
အနည္းငယ္ ေမွးသေယာင္ရိွေသာ္လည္း စူးရွလွတဲ့ မ်က္ဝန္းေတြ...
ေျဖာင့္စင္းတဲ့ ႏွာတံ...
ပိရိတဲ့ ပန္းႏုေရာင္ နွုတ္ခမ္းပါးေလးေတြ...
အရမ္းကို ဆြဲေဆာင္မႈ ရိွတဲ့ ကြၽန္ေတာ့္ရဲ႕ Sehun ရယ္ပါ..
"ဘာလို႔ ငါ့ကို အဲ့ေလာက္စိုက္ၾကည့္ေနတာလဲ "
"အန္..ဪ အဟမ္း ဘာ ဘာ ကိုု..လဲ..ငါ မၾကည့္ပါ..ဘူးး"
"မလိမ္တတ္ပဲနဲ႔ မလိမ္ပါနဲ႔ Luhan ႐ယ္..."
Sehun ကို ကြၽန္ေတာ္ဘယ္တုန္းကမွ လိမ္လို႔မရခဲ့ဘူး~
"ဟုတ္တယ္... ဘာျဖစ္လဲ.. မင္းကအရမ္းကို ဆြဲေဆာင္မႈရိွလို႔ ငါၾကည့္မိတာ မင္းအသားပဲ့ပါသြားလို႔လား ေျပာ!"
"ဟက္..အဲ့ေလာက္ေတာင္ပဲ ငါက မင္းအေပၚလႊမ္း မိုးေနတာလား ဟုတ္လား Luhan?"
"ငါေျပာေတာ့ေရာ မင္းက ယံုမွာတဲ့လား Sehun ႐ယ္"
သူ႕ဘက္က တိတ္ဆိတ္သြား ျပန္တယ္..
ကြၽန္ေတာ္ သူ႕ေျခေထာက္ေလး နာေနတာကို သတိရသြားတယ္...
ကြၽန္ေတာ္ဝတ္ထားတဲ့ အေပၚထပ္အပါးေလးကို ခြၽတ္ၿပီး ၿဖဲလိုက္ေတာ့... သူက အထူးတဆန္းနဲ႔ ျကည့္ေနတယ္..
ကြၽန္ေတာ္ သူ႕ေရွ႕မွာ ထိုင္လိုက္ၿပီး သူ႕ ေဘာင္းဘီကို နည္းနည္းေလးဆြဲတင္လိုက္ေတာ့ သူပိုၿပီး အံ့ဩသြားကာ
"ဘာ ဘာလုပ္တာလဲ "
"မင္း ေျခေထာက္ကဒဏ္ရာက နာေနတယ္မလား "
"နာတယ္လို႔ ေျပာေနလို႔လား မလိုဘူး ဖယ္"
သူ႐ုန္းဖို႔လုပ္ေတာ့ ကြၽန္ေတာ္ မရရေအာင္ ျပန္ဖမ္းထားလိုက္တယ္
"မင္းေျခခ်င္းဝတ္ကို ကိုင္ၿပီး ပြတ္ေနတာ ငါျမင္တယ္... လမ္းေလွ်ာက္တုန္းကလည္း မင္းေျခေထာက္ အဆင္မေျပမွန္း ငါသိတယ္ အဝတ္ေလးစည္းထားေတာ့ ဒဏ္ရာမေပ်ာက္ေတာင္ နည္းနည္းေတာ့ သက္သာတာေပါ့ ၿငိမ္ၿငိမ္ေန ငါစည္းေပးမယ္ "
ကြၽန္ေတာ့္စကားအဆံုး သူလည္း ၿငိမ္က်သြားၿပီး ကြၽန္ေတာ္ ပတ္တီးစည္းေပးတာကို ၿငိမ္ခံေနေလသည္...
"ငါကို႔ ဘာလို႔ ခ်စ္တာလဲ"
ပတ္တီးစည္းေပးေနရင္း ႐ုတ္တရက္ေမးလာတဲ့ သူ႕ေမးခြန္းေၾကာင့္ ကြၽန္ေတာ္ ၾကက္ေသ ေသသြားတယ္..
ငါမင္းကို ဘာလို႔ခ်စ္တာလဲ?
မင္းက ငါ့ကို ဂ႐ုစိုက္လို႔ လို႔ ေျဖရမလား...arni..အေနနီးသြားလို႔လား...မဟုတ္ဘူး... Sehun ah ...
ငါမင္းကို ခ်စ္တာ မင္းျဖစ္ေနလို႔ပါပဲ Sehun ah ~
"ေျဖေလ Luhan ငါ့ကို ဘာလို႔ ခ်စ္တာလဲ? "
ကြၽန္ေတာ္ သူ႕မ်က္လံုးေတြကို တည့္တည့္ၾကည့္လိုက္တယ္.
"ငါမင္းကို ခ်စ္တာ ဘာအေၾကာင္းျပခ်က္မွ မရိွဘူး Sehun... ငါ့အခ်စ္က ခ်စ္တယ္ဆိုတာပဲ... ငါမင္းကို ခ်စ္တယ္... မင္းျဖစ္ေနလို႔ ငါခ်စ္တယ္... ဒါပါပဲ.. "
"ငါက မင္း မခ်စ္သင့္တဲ့ လူစားမ်ဳိးပါ Luhan "
"ဒါေပမဲ့ ငါခ်စ္မိသြားခဲ့ၿပီေလ... အဲ့အခ်စ္ေတြက ရပ္တန္းလို႔ရမွာမဟုတ္သလို ဘာနဲ႔မွလည္း တားဆီးလို႔ ရမွာမဟုတ္ဘူး... "
မင္းကိုခ်စ္မိတဲ့ ငါ့အခ်စ္ေတြက
ပိုတာထက္ကို
လြန္သြားခဲ့ျပီ Sehun !
To be continued
520Hunhan
1994 ခုႏွစ္ April လ 12 ရက္ေန႔မွာ ကေလးေလးတစ္ေယာက္ လူ႕ေလာကႀကီးထဲကို ေရာက္ရိွလာခဲ့တယ္ ။ ဘယ္သူက ထင္ခဲ့မွာလဲ Oh Sehun ဆိုတဲ့ ဒီေကာင္ေလးဟာ တစ္ခ်ိန္ခ်ိန္မွာ ထင္ေပၚေက်ာ္ၾကားလာမယ့္သူလို႔ ။ဘယ္သူထင္ခဲ့မွာလဲ Oh Sehun ဆိုတဲ့ ဒီေကာင္ေလးဟာ ကမၻာတစ္ဝွမ္းက ပ်ဳိေမတ႔ိုရဲ႕ အသည္းႏွလံုးကို ခ်ဳပ္ကိုင္ႏိုင္မယ့္သူလို႔ ။
ဘယ္သူမွ အဲ့လိုမထင္ခဲ့ၾကေတာင္ ဒါဟာ တကယ္ျဖစ္လာခဲ့ၿပီ။ 2012 ခုႏွစ္မွာ SM Ent ကေန Debut ခဲ့တဲ့ EXO အဖြဲ႕ ရဲ႕ Maknae ျဖစ္သူ Oh Sehun ရဲ႕ ဘဝဟာ လြယ္ကူခဲ့မယ္ ထင္ပါသလား?
သူအခက္အခဲမ်ားစြာ ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရတယ္ ။ မလိုသူေတြရဲ႕ ပုတ္ခတ္မႈေတြၾကား တိုက္ခိုက္မႈေတြၾကားမွာ ဒီကေလးေလးဟာ အရြယ္နဲ႔ မလိုက္ေအာင္ ႐ုန္းကန္အားထုတ္ခဲ့ရတယ္။ ဒါေပမဲ့လည္း ႀကိဳးစားလွ်င္ မုခ်ေအာင္မည္ ဆိုတဲ့ ေဆာင္ပုဒ္ကို သူအသံုးခ်ခဲ့တယ္။ သူရဲ႕ ရိွသမွ် ခြန္အားေတြ ႀကိဳးစားမႈေတြအပါအဝင္ အဖြဲ႕ဝင္ေတြရဲ႕ အားေပးမႈေတြ Fan ေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြနဲ႔အတူ သူ ေရွ႕ဆက္ခဲ့တယ္။ သူ႕ရဲ႕ ႀကိဳးစားမႈ ထိေရာက္ခဲ့တယ္။ ပင္ပန္းဆင္းရဲခံခဲ့တာေတြ အရာဝင္ခဲ့တယ္။ Fan ေတြရဲ႕ ပါးစပ္ဖ်ားမွာ Oh Sehun , Oh Sehun နဲ႔ တသသေရရြတ္ေနရေလာက္ေအာင္ သူေအာင္ျမင္ခဲ့တယ္ ေအာင္ျမင္ဆဲျဖစ္သလို ေအာင္ျမင္ၿမဲျဖစ္ေနမွာပါ။ EXO အဖြဲ႕ဝင္ေတြနဲ႔အတူ ငါးႏွစ္တာ ကာလကို အတူတူေအာင္ျမင္စြာ ျဖတ္သန္းၿပီးခဲ့တဲ့ တစ္ေလွ်ာက္ ဝမ္းနည္းမႈေတြ ေပ်ာ္ရႊင္မႈေတြကို အတူတူ ျဖတ္သန္းခဲ့တယ္။
သူ႕ရဲ႕ ႏွလံုးသားထဲမွာ EXO နဲ႔ EXOLs ပဲ။ သူ႕ရဲ႕ ဝမ္းနည္းပူေဆြးမႈေတြကို ေနာက္ထားၿပီး EXOLs အတြက္ပဲ ၾကည့္ခဲ့တယ္ ။ Fan ေတြကို အၿမဲ စိတ္ခ်မ္းသာေအာင္ ထားခဲ့တယ္။ Fan ေတြ မ်က္ႏွာတစ္ခ်က္ မပ်က္ရေလေအာင္ ေပ်ာ္ရႊင္မႈေတြ ေပးခဲ့တယ္။ EXOLs သည္သာ သူ႕ရဲ႕ ခ်စ္သူပါ ။ EXOLs ကို အၿမဲဦးစားေပးသူပါ ။ Oh Sehun ဆိုသည္မွာ ဤကဲ့သို႔ေသာ လူမ်ဳိးပါ။ သူ႕ရဲ႕ စ႐ိုက္ေကာင္း အက်င့္ေကာင္းေလးေတြဟာ Fan ေတြၾကားမွာတင္ ေရပန္းစားသည္မဟုတ္ ။ ဘဝတူ အႏုပညာသည္အခ်င္းခ်င္းေတြၾကားမွာပင္ ဂုဏ္သတင္းေမႊးပ်ံ႕သူျဖစ္တယ္။ Senior ေတြရဲ႕ ခ်ီးမြမ္းေျပာဆိုမႈကို ခံရသူျဖစ္သည္သာမက Junior ေတြရဲ႕ ေလးစားအတုယူအားက်မႈကို ခံရသူျဖစ္သည္။ ကမၻာတစ္ဝွမ္းက နာမည္ေက်ာ္ Idol ေတြ နာမည္ေက်ာ္ Social Media ေတြရဲ႕ အသိအမွတ္ျပဳျခင္းကို ခံရသူျဖစ္တယ္ ။ အဖြဲ႕ဝင္ေတြနဲ႔ အတူ ဆုႀကီးေပါင္းေျမာက္မ်ားစြာကို ပိုင္ဆိုင္ႏိုင္ခဲ့႐ံုမက individual Award ေတြကိုပါ သူပိုင္ဆိုင္ထားတယ္။ ေအာင္ျမင္ေက်ာ္ၾကားလာသည္ႏွင့္အမွ် ခ်စ္သူေပါသလို မလိုသူေတြရိွလာေသာ္လည္း Oh Sehun ဆိုတဲ့ Idol ဟာ မညိႇဳးႏိုင္တဲ့ ပန္းေလးတစ္ပြင့္လို ပြင့္လန္းဆဲပါပဲ ။ သူ႕ရဲ႕ ဂုဏ္သတင္းေတြဟာ ေမႊးပ်ံ႕ဆဲပါပဲ ။ ေလာကႀကီးရဲ႕ တိုက္ခိုက္မႈေတြၾကားမွာ သူႀကံ႕ႀကံ႕ခံလာတာ အခုဆို 23 ႏွစ္ပင္ ျပည့္ခဲ့ၿပီ။ အသက္တစ္ႏွစ္ထပ္ႀကီးလာေသာ္ျငား သူဟာ ႏုပ်ဳိဆဲပါပဲ ။ ကေလးေလးတစ္ေယာက္လို ခ်စ္စရာေကာင္းၿမဲပါပဲ ။ 12th April 2017 မွာ က်ေရာက္လာျပန္တဲ့ သူ႕ရဲ႕ ေမြးေန႔မွာ တစ္ကမၻာလံုးက Fan ေတြဟာ သူ႕ကို ေမြးေန႔သူေတာင္းေပးၾကတယ္။ ဒါဟာ လာမဲ့ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္တည္ရိွေနမယ့္ အစဥ္အလာေလးတစ္ခုပါ။ Fan ေတြနဲ႔ အတူ သူလည္း ေပ်ာ္ရႊင္ေနလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ ခုလိုေပ်ာ္ရႊင္မႈဟာလည္း ေနာင္လာမယ့္ အခ်ိန္မ်ားစြာမွာလည္း ေတြ႕ႀကံဳရဦးမယ့္ အေပ်ာ္ပါ။ ဒီေန႔ဟာ EXO အဖြဲ႕ရဲ႕ အငယ္ဆံုးေလး Oh Sehun ရဲ႕ေမြးေန႔ပါ ။ ယခုေအာင္ျမင္တာထက္ ပိုေသာ ေကာင္းေသာ ေအာင္ျမင္မႈမ်ားကို အၿမဲပိုင္ဆိုင္ႏိုင္ၿပီး Fan ေတြနဲ႔အတူတူ ထာဝရ ၿပံဳးေပ်ာ္ရႊင္သြားႏိုင္ဖို႔ ဆုေတာင္းေပးလ်က္....
Oh Sehun's EXOL,
Yoon