Sweet

By HunnieMon

44.1K 4.3K 359

Sweet sweet sweet only one thing sweet More

Sweet 1
Sweet 2
Sweet 3
Sweet 4
Sweet 5
Sweet Valentine
Sweet 7
Sweet 8
Sweet 10
Sweet 11
Sweet 12
Sweet 13
Sweet 14
Noti
No Honey..,Love Candy
No Honey!Love Candy

Sweet 9

2K 256 17
By HunnieMon

ဒီည Sehunnie ရဲ့ 18 နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် မိဘများက သူတို့သားငယ်လေးအလိုကျ အိမ်တွင် Birthday party ကျင်းပပေးကြတယ်

Birthday party ဆိုလို့လဲလူများများစားစားနှင့်မဟုတ် Hunnie အချစ်တော် Xiao Lu နဲ့ Xiuchen စုံတွဲသာဖိတ်ကြားထားခြင်း
ယနေ့ညသူ့အသက် ၁၈ နှစ်ပြည့်ကို လူကြီးဖြစ်ပြီဟု သူ့ဟာသူသတ်မှတ်ကာ သောက်စရာတွေပါ စီစဉ်ခိုင်းလေရဲ့ Hunnie မိဘတွေလဲ ဘယ်ပြောနိုင်မလဲ သူတို့သားငယ်ကို အထွေးဆုံးလေးမို့အလိုလိုက်ချစ်ပေးနေကြတဲ့လူတွေလေ

"Hyung hyung wine နော် စပျစ်ဝိုင်ပဲသိလား မက်မန်းဝိုင်တွေ ပန်းသီးဝိုင်တွေက ပေါ့ရွှတ်ရွှတ်နဲ့မကောင်းဘူး"

ဧည့်သည် သုံးယောက်မလာခင် Sehunnie တယောက်ပျာယာခက်နေလေရဲ့ သူ့အကိုကစိတ်ရှည်လို့သာပေါ့ မဟုတ်ရင်အဲ့လောက်သောက်ဖို့စားဖို့လှိုင်လှိုင်တတ်နေတဲ့ညီကို နပန်ကျင်းပြီးပြီ

"အေးပါ Sehunnie ရယ် hyung သိပါတယ် ဒါနဲ့နေပါဦး ငါ့ညီက ဟိုဟာကပေါ့တယ် ဒီဟာကကောင်းတယ်သိရအောင် ဘယ်တုန်းကခိုးသောက်ထားဖူးလဲ ဖြေစမ်း"

ရုပ်တည်ကြီးနဲ့သူ့အကိုမေးမှ သွားအဖြဲသွားရီပြပြီး

"ဘယ်လိုလုပ်သောက်ဖူးမှာလဲ သူများပြောလို့ကြားဖူးတာကို"

နှုတ်ခမ်းလေးထော်ကာ ချစ်ဖို့ကောင်းအောင်စကားပြောနေသော ညီဖြစ်သူကို ဘယ်အကိုကစိတ်ဆိုးနိုင်ပါ့မလဲ Sehunnie ကချစ်မွှေးကိုပါတာပါလေ

"ဘယ်သူပြောတာလဲအဲဒါဆို"

"ဟီး အာ့ Lu ပြောတာ ဟားဟား"

ခနခန Hunnie ဆီက Lu ဆိုသောနာမည်လေးကြားနေရတော့ Sehun အကို ထို Lu ဆိုသောကောင်လေးကို မြင်ဖူးချင်နေတာအမှန် သို့သော်ကြားလိုက်ရသမျှ Lu ဆိုသောကောင်လေးသည် မဟုတ်တာအကုန်သိသော တတ်သော တဖက်ကမ်းခက်အောင်ကျွမ်းကျင်သော ချာတိတ်လေးပါပေ

"တ Lu ထဲ Lu နေပြီးမဟုတ်တာတွေတတ်မနေနဲ့နော် Sehunnie"

အမယ် ထိုသို့ကြိမ်းတော့ မျက်နှာတခုလုံးရဲတတ်လာပြီး မချိုမချဉ်နှင့်ခေါင်းငုံ့သွားတာ ဘာဖြစ်ရပါလိမ့်

"အဲ့ရုပ်ကဘာဖြစ်သွားတာတုန်း ပြောစမ်း Hunnie မဟုတ်တာဘာလုပ်ထားလဲ"

"ဟာာ hyung ဘာတွေလျှောက်မေးနေမှန်းမသိဘူး"

ရော် ဘယ်သူမှဘာမှမမေးရသေးဘဲရှက်ရမ်းရမ်းကာ သူ့အခန်းထဲဝင်ပုန်းနေတဲ့ညီငယ်ကို Sehun အကိုရီပြီတော့သာကြည့်နေမိတော့တယ်

Ring Ring

ကုတင်ပေါ်မှောက်ရက်ကြီးစိတ်ကူးတွေယဉ်နေသော Sehunnie ဖုန်းသံကြား၍ကြည့်တော့ Chen chen

"Chen hyung ပြော လာတော့မှာလား"

"Arni မေးစရာရှိလို့"

"အင်း မေး"

"ဟွာလေ ဒီနေ့ဘာတွေစားရမှာလဲ Sehun"

Chen စကားကမုန့်စားချင်တာသပ်သပ်ပဲတော့မဖြစ်နိုင် နောက်ကွယ်မှာ တခုခုမသင်္ကာစရာဖြစ်နေတော့

"ဘာလို့လဲ hyung ဘာပြောချင်တာလဲအဓိက က"

"အဲ ဒီလိုပါ hyung နဲ့ Xiuxiu birthday cake ယူခဲ့မှာသိတယ်မှတ်လား"

"အင်းသိတယ်လေ"

"တခြား ဘာများ အိုကွာ ပြောချင်တာ အမြည်း ဟဲဟဲ ဘာထပ်ဝယ်ခဲ့ပေးရမလဲလို့ "

သောက်ဖို့ဆို အဲ့ Chen hyung ကရှေ့ဆုံးက
မသောက်မှာစိတ်ပူရရှာတယ်

"ဘာမှမလိုဘူး အကုန်အဆင်သင့်ပဲ စားဖို့သာလာခဲ့ကြတော့ အခုပဲ ည ၁၀ နာရီရှိတော့မယ် မြန်မြန်လာကြ"

"အင်းပါ အခုလာတော့မလို့ Xiu ဆိုင်ကဆက်နေတာ အခုလာပြီ"

"ခန ခန"

"ပြော"

"Lu ရော စောစောလာမယ်ဆိုပြီးခုထိပေါ်မလာသေးဘူး ကျွန်တော့်ကိုသူမလာမချင်းဖုန်းမဆက်နဲ့ဆိုလို့ မဆက်ဘဲနေနေရတာ Lu ဘာလုပ်နေလဲ hyung သိလား"

ဟုတ်သည် အမြဲအထူးအဆန်းတွေနဲ့ Surprise လုပ်တတ်သော Xiao Lu တယောက်ယခုလဲဘာတွေစီစဉ်ပြန်လဲမသိ ဖုန်းတောင်မဆက်ပါနဲ့ဆိုတော့ Hunnie တယောက်သိချင်လွန်း၍ကလိကလိဖြစ်နေတာ

"မသိဘူး Sehun ရ လာမှာပါစိတ်မပူနဲ့သူ့အကြောင်းလဲမင်းသိသားနဲ့"

"အင်းပါ သူလာတဲ့အထိပဲစောင့်တော့မယ်"

"ok bye Sehun hyung တို့လာပြီနော်"

"inn"

Chen နဲ့ဖုန်းပြောပြီးတာနဲ့ Sehun တယောက်သူ့ Lu ဘာတွေများလုပ်လာဦးမလဲစဉ်းစားနေမိတယ် ပထမဆုံးမွေးနေ့တုန်းကလို ၁၂ နာရီထိထိဖုန်းဆက်ပြီး birthday song ဆိုပြရအောင်လဲ ဒီညဒီအိမ်ကိုလာမှာဆိုတော့ မဖြစ်နိုင် အရှေ့တနှစ်ကလို Sehunnie အိမ်ရှေ့ထွက်ခဲ့ဟူ၍ ည ၁၂ နာရီကြီး ပူပေါင်းတွေနဲ့ရောက်လာလို့ ခိုးကြောင်ခိုးဝှက်ထွက်တွေ့စရာလဲမလိုပြန်

"arr Lu ဘာတွေလုပ်ဦးမှာလဲကွာ"

စဉ်းစားရင်း Lu စိတ်ကူးတွေကိုခေါင်းကလိုက်မမှီတာကြောင့် သပ်သပ်ရပ်ရပ်ဝတ်စားပြင်ဆင်ပြီးသာ စောင့်နေလိုက်တော့တယ်

နာရီဝက်လောက်နေတော့ Chen တို့စုံတွဲရောက်လာတယ်

"Sehun ah ဒီမှာ cake ကြည့်လိုက်ပါဦး Xiu ကိုယ်တိုင်လုပ်လာတာနော်"

ပွဲစား Chen hyung ကဦးအောင်ပြောပြီး Xiumin hyung ကဘေးကနေ baby face ပေါ်လွင်အောင်ရီသာပြနေတယ်

"အရမ်းကျေးဇူးတင်တယ် hyung တို့ လာ ဝင်ကြ မီးဖိုချောင်ထဲသာတန်းဝင်တော့ မုန့်တွေစားလို့ရနေပြီ"

"Wow ဒါဆိုကောင်းတာပေါ့ အော် birthday wish က 12 နာရီမှသီချင်းဆိုပေးမယ်"

"အင်းပါ Chen hyung ရဲ့ "

"Luhan ခုထိမရောက်သေးဘူးလား"

"အင်း"

အချိန်က ၁၂ နာရီထိုးဖို့မိနစ်ပိုင်းသာလိုတော့သည် Lu ကရောက်မလာသေး Lu ကိုစောင့်နေကြတာမို့ birthday cake လဲမခွဲသေး birthday song လဲမဆိုကြရသေး

"Lu ကလဲနဲနဲစောပြီးမလာဘူး"

နာရီတကြည့်ကြည့်နဲ့ Sehun စိတ်ထဲသိပ်မကြည်တော့

၁၂ နာရီထိုးဖို့ ၁၀ မိနစ်အလို

ဂနာမငြိမ်သော Sehun တယောက် ရှေ့လျှောက်နောက်လျှောက်နှင့် မျက်နှာပျက်နေတာကြောင့် အိမ်သားတွေရော Chen တို့ပါအသံတိတ်နေရတယ်

ဝုတ် ဝုတ် ဝုတ် ဝုတ်

Sehun တို့အိမ်မှာ ခွေးမရှိပါ အခုဘယ်ကခွေးဟောင်နေတာပါလိမ့်

"စိတ်ရှုပ်ပါတယ်ဆို ဘယ်ခွေးစုတ်ကဒီလောက်ဟောင်နေတာလဲ"

"Sehunnie ခွေးဟောင်သံကအိမ်တံခါးရှေ့ကလိုပဲ အပြင်ထွက်ကြည့်လိုက်ပါလား"

"shiit ခွေးကိုကြည့်တော့ဘာထူးမှာလဲ ဆောင့်ကန်ပစ်မှာ ဟွန်း"

Sehun omma ပြောတော့ ပွစိပွစိနဲ့ Sehun အိမ်တံခါးဖွင့်လိုက်တော့ တွေ့လိုက်ရတဲ့ခွေးဖြူဖြူလေးကချစ်စရာ ကောင်းလှပါဘိ

"အမယ် ဒီကောင်ကချစ်ဖို့တော့ကောင်းသား"

Sehun ခွေးဖြူလုံးလုံးရှေ့ ဆောင့်ကြောင့်ထိုင်ကြည့်မိတော့ ခွေးလည်ပတ်လေးမှာ စာလဲတစောင်

"BIRTHDAY PRESENT For my baby Hunnie!"

"ဟာ ဒါ ဒါ Lu"

ဒီခွေးလေးကိုလက်ဆောင်ပေးတာ Lu ပင်ဖြစ်ရမည် လူကဘယ်ရောက်နေပါလိမ့် ဆိုပြီးခွေးဖြူလေးကိုပွေ့ကာ ခြံထဲပတ်ရှာကြည့်တော့ ခွေးအိမ်လေးတလုံးကိုကျကျနနအလှဆင်နေသော Lu

"Lu!!"

Sehun ခေါ်သံကြောင့် Luhan လှည့်ကြည့်လိုက်တော့ Luhan ခေါင်းပေါ်မှာ သမင်ချိုဘီးကုပ်လေးနဲ့

"Lu ဘာတွေလုပ်နေလို့ဝင်မလာတာလဲ ခေါင်းကဘာလဲ"

"နာရီကြည့်ဦး Hunnie 12 ထိုးနေပြီလား"

"ဟာ ဟုတ်သား ထိုးတော့မယ် 5 sec 4 sec 3 sec 2 sec 1sec ~"

"Saengichukhahae Sehunnie"

12 နာရီတိတိမှာ Lu ဆီက birthday wish လေးကွက်တိရလိုက်၍ Sehun တယောက်အပျော်လုံးဆို့နေလေပြီ

"Hunnie ခွေးလေးချစ်စရာလေးနော်"

"အင်း ဟုတ်တယ် အစကတော့ ဆောင့်ကန်မလို့ဘဲ ha ha"

"ဒီမှာ ဒီကောင်လေးအတွက်အိမ်ပါအသင့်ပြင်လာတယ် အပြင်မှာထားလဲရတယ် Hunnie ချစ်လို့ အိမ်ထဲခေါ်ထားမယ်ဆိုလဲ ဒီအိမ်လေးက ဒီအတိုင်း မ သွားလိုက်ရုံပဲ"

"ဟုတ်ပါပြီ Lu ရယ် ကျေးဇူးအရမ်းတင်တယ်သိလား အော် ဒါနဲ့ Lu ခေါင်းပေါ်ကဘာလဲလို့"

"အော် အဲဒါလား သမင်ချိုလေ Lu ကသမင်လေ အဲ့တော့ချိုလေးပါရမှာပေါ့ Hunnie ကအဲ့ခွေးလေးကိုချစ်ပြီး ဒီကသမင်ကိုမေ့သွားမှာစိုးလို့ ချိုတပ်လာတာ"

"ဟားဟား ဟားဟား ပေါက်တီးပေါက်ရှာ Lu ရာ"

"မရီနဲ့ ပြော သမင်ကိုချစ်လား အဲ့ puppy ကိုချစ်လား"

"ဟားးဟား မေးစရာလိုလို့လား သမင်ကိုပဲချစ်တာပေါ့ ဒီဖြူလုံးကိုချစ်စရာလား ရုပ်ကလဲဆိုးသေးတယ် ကျွန်တော့်သမင်လေးကမှ ချစ်ဖို့ကောင်းတာ လှတပတလေးကို"

"ပြီးရော"

"လာ Lu ကိုအိမ်ထဲမှာအားလုံးစောင့်နေကြတာ"

Lu လက်ကိုတဖက်ကဆွဲ ခွေးဖြူလေးကိုတဖက်ကချီကာ အိမ်ထဲအပြေးအလွှားဝင်တော့ အားလုံးကနေရာယူပြီးနေပြီ
ဧည့်ခန်းထဲက piano မှာ Chen hyung သူ့ဘေးမှာ Tambourine ကိုင်ပြီးရပ်နေတဲ့ Xiumin hyung
မွေးနေ့ကိတ်ကိုင်ကာရပ်နေတဲ့ Sehun အကို ရယ် မိဘနှစ်ပါးက လဲမက်တပ်ရပ်ကာ ကောင်းချီးပေးဖို့အဆင်သင့်

Hunhan အိမ်ထဲရောက်တာနှင့် piano သံအေးအေးလေးနဲ့ birthday song လေးဆိုကြတယ်

"Saengichukha hapnida
Saengichukha hapnida
Saranghaetha Sehunnie
Saengichukha hapnida~~~"

"Happy birthday Hunnie!!!"

ဖယောင်းတိုင်လေးမှုတ်ကာ ဆုတောင်းအပြီးမှာတော့ စီစဉ်ထားသည့်အတိုင်း သောက်ကြစားကြ သောင်းကျန်းကြလေတော့သတည်း~~~

ခွေးလေးကို နာမည်ပေးမယ်ဆိုပြီး အော်ကြငြင်းကြတာရယ် မူးကြပြဲကြပြီး သီချင်းအော်ဆိုကြတာရယ်တွေရယ်ကြောင့် Sehun မိဘတွေတခါ party ပေးပြီးလက်လံသွားလေတော့သည် Lu ကိုတွေ့ချင်လှပါသည်ဆိုသော Sehun အကိုလား ရုပ်ကလေးကြည့်ကာ ချစ်မိပေမယ့် တညနဲ့ပင်အကြောင်းသိသွားတော့ Lu ပါးစပ်မှ Hyungnim ဟုခေါ်သံကြားသည်နှင့် အခန်းတံခါးပိတ်ကာဝင်ပြေးတော့လေသည်~~~

Continue Reading

You'll Also Like

7.3M 303K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...
192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
314K 9.5K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
226M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...