WOODS [Completed]
By 520Hunhan
43K 4.3K 115
Hunhan [yaoi] Luhan,who's a son of a rich,is a blind. Lay,who's a bodyguard of Luhan,is also his best friend... More
I Like To Go Round
Threatened Letter
Different brothers
Eldorado
The Truth
Lucky Boy Or Luhan
Gin
Run
Hands
Eldorado Snake
Sleeping Hun
Lips to Lips
Bambi Eyes
Babe~~Hun
I Love U
Father's Love
Boy , in my dream
Painful
The One's Heart For The Two's
My Love For U
Sweet Answer
Promise ~
Woods[Final]
Love is~~~
1.1K 139 4
By 520Hunhan
#Unicode
"Yoon နင်ဘာလာလုပ်ပြန်တာလဲ! "
မနေ့က သူမရှိတုန်း စခန်းမှာ ဖြစ်ပျက်သွားတဲ့ ကိစ္စအတွက် Kim Young Min မကျေနပ်ပေ ။ သူ့ရဲ့ လက်အောက်ငယ်သားတစ်ယောက်လဲ ဆုံးရံှူးသွားရသည်။
ညီမအရင်းဖြစ်၍သာ သက်ညှာနေရတာ။မဟုတ်လျှင် Yoon ကို ရှင်းပြီးတာ ကြာရော့မယ်။
"ဒါလေးအတွက်နဲ့ နင်ဘာတွေ ဒေါသဖြစ်နေတာလဲ အရင်ကဆို နင်စိတ်တိုတိုင်း အလကားနေ နင့်လူတေနင်ပဲ သတ်ပစ်တာ မဟုတ်ဘူးလား"
ခပ်ရွဲ့ရွဲ့လေး မေးလိုက်တော့ Young Min တစ်ချက် မျက်နှာပျက်သွားသည်။
"Yoon နင် ကိုယ့်စခန်းကိုယ်သွားတော့ နင့်မျက်နှာ မမြင်ချင်ဘူး"
"အတင်းပြန်လွှတ်နေတော့တာပဲ ငါက နင့်ကို ကိစ္စတစ်ခု အချီကြီးတွေ့ထားလို့လာခဲ့တာ "
Kim Young Min ဂရုမစိုက်ဘဲ ထွက်သွားဖို့ ကြံတော့
"တကယ် စိတ်မဝင်စားဖူးလား ~ ရှေးဟောင်းပစ္စည်းတွေလည်းရ ကိုယ်သဘောကျနေတဲ့ မိန်းကလေးကိုလည်း သိမ်းပိုက်နိုင်မယ့်အရေးကို ~~ပြီးတာပဲလေ ဒါဆို ငါပြန်...."
"နေဦး Yoon~"
Yoon မျက်ဝန်းတွင် မည်သူမျှ မသိလိုက်သော ပြုံးပန်းတစ်ပွင့် ဆင်မြန်းလိုက်သည်~
"ဘာလဲ နင်ပဲ စိတ်မဝင်စားဘူးဆို "
"အပိုတွေ လုပ်မနေနဲ့ ငါ့မှာ အချိန်မရှိဘူး"
"နယ်စပ်မှာ နေဝင်ရင် သူတို့အဖွဲ့ ရောက်လာလိမ့်မယ် အခုချိန်သွားရင် နင် အချိန်မှီသေးတယ်"
"John မင်းတို့ စခန်းမှာ စောင့်နေခဲ့ကြ "
"နင်ရူးနေတာလား Kim Young Min သူတို့ အဖွဲ့ အင်အား ဘယ်လောက်များတယ်ဆိုတာ နင်မသိဘူးလား လူချန်ထားလို့မဖြစ်ဘူး အကုန်ခေါ်သွား လမ်းမှာ ငါ့အဖွဲ့တွေပါ စောင့်နေလိမ့်မယ် ဒါတောင် အင်အားလောက်ချင်မှ လောက်မှာ နင့်စခန်းကို ငါစောင့်နေခဲ့မယ်"
"ကောင်းပြီလေ ဒါဆိုလည်း သွားကြတာပေါ့ ~"
Kim Young Min သူ့ကို အလွယ်တကူ ယုံသွားသောကြောင့် Yoon ပျော်သွားသည် သူတို့ မရှိတုန်း Sehun တို့ကို ကယ်ရမည် Yoon သွက်သွက်လေး Sehun တို့ကို ဖမ်းထားသော နေရာသို့ ထွက်လာခဲ့လိုက်သည်။
ရုတ်တရက် လည်ပင်းပေါ်သို့ ထောက်လာသော ဓားကြောင့် Yoon သိလိုက်ရသည်။ သေချာသည် John မှ မဟုတ်ရင် ဘယ်သူဖြစ်တော့မလဲ ။ Kim Young Min ရဲ့ သစ္စာရှိလှသော တပည့်ကြီး။
Kim Young Min ချည်းဆို ကိစ္စတိုင်းက အောင်မြင်မည်မဟုတ်။ John ရှိနေ၍သာ Kim Young Min အရာရာ အဆင်ပြေဖြစ်ခဲ့တာ။ John က တိုက်ရည်ခိုက်ရည်ကောင်းသလောက် ဉာဏ်ကလည်းပြေးသည်။ ဒါကြောင့်လည်း အခု ရောက်လာတာပဲလေ။
ဒါပေမဲ့ Yoon ကိုတော့ လျှော့မတွက်နဲ့လေ ။ Yoon ကလည်း ခေသူတော့မဟုတ် ။ John လိုလူလောက်ကတော့ သူအသာလေး အနိုင်ယူနိုင်သည်။
Yoon အလျင်အမြန် လှုပ်ရှားကာ John ကို တိုက်ခိုက်သည်။ တစ်ဖက်ကလည်း တန်ပြန်တိုက်ခိုက်မှု အားကောင်းသောကြောင့် ပွဲက အရှုံးအနိုင် မပေါ်သေးချေ။
ရုတ်တရက် John ဘက်မှ တိုက်ခိုက်မှုကို ရပ်တန့်လိုက်တော့ Yoon ကြောင်သွားသည်။
"သွားတော့ "
John ဘာပြောနေတာလည်း Yoon နားမလည်ချေ။
"သွားတော့ သူတို့ကို ကယ်ပြီး မမလေးပါ ထွက်သွားတော့"
John သူ့ကို လွှတ်ပေးနေတာလား?
Yoon လည်းတွေဝေမနေတော့ပဲ အခွင့်အရေးကို အမြန်ဆုံး အသုံးချကာ Sehun တို့ဆီ ပြေးသွားခဲ့သည် ။
John ကိုတောင် ကျေးဇူးတင်စကား မပြောခဲ့လိုက်ရပါလား~
WOODS
"Sehun !"
Yoon ရဲ့ခေါ်သံကို Sehun ကြားလိုက်ရသည်
"Sehun သူတို့ မရှိတော့ဘူး နင်တို့ ထွက်ပြေးဖို့ အချိန်ကောင်းပဲ...နင် ဖြစ်တယ်မလား ငါ Suho Oppa တို့ကို သွားထုတ်ပေးလိုက်ဦးမယ်"
"အင်း ငါအဆင်ပြေတယ် Yoon"
ဒါနဲ့ပဲ Yoon Suho တို့ တဲဆီကို လာခဲ့သည်
"Suho Oppa! "
"Yoon !"
"Oppa Young Min နယ်စပ်ကို ထွက်သွားပြီ "
Yoon စကားကို Suho သဘောပေါက်သွားကာ
"Luhan , Lay .... Hyung တို့ ထွက်ပြေးကြမယ် "
"မြန်မြန်လေး လုပ်ကြ Kim Young Min ကို လျှော့တွက်လို့မရဘူး"
"Sehun ကော Yoon "
"ကိုယ် ဒီမှာ Luhan "
သူ့ရှေ့တွင် Sehun ရောက်လာသည်မှာ Luhan အတွက်တော့ ခွန်အားတွေ ပြည့်သွားသည်။
"သွားကြရအောင်! "
Sehun ရဲ့ စကားအဆုံး သူတို့ အားလုံး ထွက်သွားဖို့ စတင်ကြသည်
"Yoon ?"
"Sehun ah , Suho Oppa ,Luhan  နဲ့ Lay အားလုံး ကို့်ယ်ကိုယ်ကို ဂရုစိုက်ကြပါ ~"
"Yoon ဘာတွေပြောနေတာလဲ နင်ပါ ငါတို့နဲ့ လိုက်ခဲ့ရမယ် နင်နေခဲ့လို့မရဘူး"
"ငါမလိုက်ချင်ဘူး Sehun ah ~ ငါ ဒီတောထဲမှာဘဲ ပျော်တာ~"
"Yoon နင်ရူးနေလား သူတို့ ပြန်ရောက်လာရင် နင်ဘာဖြစ်မယ်ဆိုတာ နင်မသိဘူးလား~"
"Sehun ~နင် Luhan ကို ကယ်ချင်လား သူသေတာကို မြင်ချင်လား "
"Yoon ~"
"သွားတော့ Sehun ငါ့ကို ခေါ်နေလည်း အချည်းနှီးပဲမို့ သူတို့ ပြန်မလာခင် မြန်မြန်သွားတော့ ဒီနေရာက တောင်ပိုင်းနယ်စပ်နဲ့လည်း သိပ်မဝေးတော့ဘူး လမ်းမှာ မနားပါနဲ့ ဒါလေးတော့ အပင်ပန်းခံကြပါ အားလုံး အဆင်ပြေကြပါစေ~"
Yoon နဲ့အတူ အားလုံး မျက်ဝန်းမှာ မျက်ရည်စတို့ တွဲခိုလျက်~
Yoon ကို Sehun နောက်ဆုံးအကြိမ်အဖြစ် ပွေ့ဖက်ထားလိုက်သည် ~
ချန်ထားခဲ့၇တော့မယ့် သူ့ရဲ့ ညီမလေးကို ပြန်တွေ့ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ပေ~
ငယ်စဉ်ကတည်းက အတူတူ ဆော့ခဲ့ကြသည်။အတူတူ ကိုယ်ခံပညာတွေ သင်ခဲ့ကြရသည်။ ဘယ်သူမှ မသိအောင် တောထဲကို အတူတူ လျှောက်သွားခဲ့ကြသည်။ လူမိသွား၍ အတူတူ အပြစ်ပေးခံခဲ့ကြရသည်။ အခုတော့ "အတူတူ"ဆိုတဲ့ ဝေါဟာရလေးဟာ Sehun နဲ့ သူ့ရဲ့ ညီမလေးကြားမှာ အငွေ့ပျံ ပျောက်ကွယ်သွားပေတော့မည် ~
"Sehun ah သွားတော့ အချိန် မရှိတော့ဘူး... ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ငါ့အတွက် တွေးပေးပြီးတော့..."
ဝမ်းနည်းမှုအပြည့်နဲ့ Sehun တို့ ထွက်သွားခဲ့လေပြီ~
မြင်ကွင်းထဲမှ Sehun တို့ ပျောက်ကွယ်သွားချိန်မှ Yoon ရှုံးပွဲချကာ ငိုကြွေးလေတော့သည် ~
ဒါကို နောက်ကွယ်ကနေ ကြည့်နေခဲ့တဲ့ John ရဲ့ မျက်ဝန်းထဲတွင်လည်း ဝမ်းနည်းမှုတို့ ပြည့်နှက်လျက်~~~
WOODS
ဖြန်း~
ပါးပေါ်သို့ ကျရောက်လာသော နာကျင်မှုနဲ့အတူ Yoon မြေပြင်ပေါ်သို့ လဲကျသွားသည်~
မျက်နှာတစ်ခုလုံးလည်း ရစရာမရှိ စုတ်ပျက်နေလေပြီ~
"Yoon ! နင့်ကို ယုံမိတာ မှားတာပဲ ...ယောကျ်ားတစ်ယောက်အတွက် အဲ့လောက်တောင် ရူးမိုက်ခဲ့တာလား...ဟာကွာ..!"
ဒိုင်း!!!
သေနတ်သံ တစ်ချက် ပတ်ဝန်းကျင်သို့ ပဲ့တင်သံ ထပ်သွားသည်~
Yoon ရဲ့ နှုတ်ခမ်းဝမှ သွေးအလိမ်းလိမ်း စီးကျလို့ နေလေပြီ~
တန်ပါတယ် Sehun ah~ ငါသေရတာ တန်တယ်~
နင်လွှတ်မြောက်သွားပြီပဲ ~ ပြီးတော့ နင်ချစ်တဲ့သူနဲ့ နေထိုင်ခွင့်ရပြီပဲ~
ငါပျော်ပါတယ် ~
"သွားကြမယ် "
Kim Young Min တို့ ထွက်သွားကြအပြီး ~
"မမလေး !"
မျက်ရည်တို့ ရွှဲလျက် Yoon ကို ပွေ့ဖက်လာတဲ့ John ~
"John ~ နင် လိုက်မသွားသေးဘူးလား~ဘာလို့ နေခဲ့တာလဲ"
"ဟင့်အင်း မမလေးကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး"
"ငါက သေတော့မှာ John ရဲ့ ငါ့ကို ဂရုစိုက်နေလည်း ဘာအကျိုးမှ မရှိဘူး သွားတော့~"
"ဟင့်အင်း မသွားနိုင်ဘူး မမလေးကို ၇အောင် ကယ်မယ်"
"John ~ "
Yoon မနည်းအားယူကာ စကားပြောနေ၇သည်
"မမလေး"
"နင်..နင့်ကြောင့်သာ မဟုတ်ရင် ငါ့..အစီအစဉ် အောင်မြင်..မှာ မဟုတ်ပါ....ဘူး.."
"မမလေး. စကားအ၇မ်းမပြောပါနဲ့...ကျေးဇူးပြုပြီး"
"အားး....လုံးး..အတွက်...ကျေး..ဇူး..ပါ...John~"
"မမလေးး~~!!!!"
အနောက်အရပ်က ပျောက်ကွယ်သွားသော နေမင်းကြီးနဲ့အတူ Yoon ရဲ့ ဘဝလည်း ချုပ်ငြိမ်းသွားခဲ့လေသည်~~
အချစ်ဆိုတာ
ပေးဆပ်ခြင်းလား?
သို့မဟုတ် နားလည်ပေးခြင်းလား?
သို့မဟုတ် ~
ခွဲခွာခြင်းလား?  သို့မဟုတ်
စွန့်လွှတ်ခြင်းလား?
သို့မဟုတ် တိတ်ဆိတ်နေခဲ့ခြင်းလား~
သို့မဟုတ်လျှင် ~~~
အချစ်ဆိုတာ အဘယ်နည်း~
To Be Continued
520Hunhan
#Zawgyi
"နေဦး Yoon~"
"သွားတော့ "
Yoon လည်းတွေဝေမနေတော့ပဲ အခွင့်အေ၇းကို အမြန်ဆုံး အသုံးချကာ Sehun တို့ဆီ ပြေးသွားခဲ့သည် ။
WOODS
"Sehun !"
"Suho Oppa! "
"Yoon !"
"Sehun ကော Yoon "
"ကိုယ် ဒီမှာ Luhan "
"သွားကြရအောင်! "
"Yoon ?"
"Yoon ~"
"သွားတော့ Sehun ငါ့ကို ခေါ်နေလည်း အချည်းနှီးပဲမို့ သူတို့ ပြန်မလာခင် မြန်မြန်သွားတော့ ဒီနေ၇ာက တောင်ပိုင်းနယ်စပ်နဲ့လည်း သိပ်မဝေးတော့ဘူး လမ်းမှာ မနားပါနဲ့ ဒါလေးတော့ အပင်ပန်းခံကြပါ အားလုံး အဆင်ပြေကြပါစေ~"
WOODS
ဖြန်း~
မျက်နှာတစ်ခုလုံးလည်း ရစ၇ာမရှိ စုတ်ပျက်နေလေပြီ~
"Yoon ! နင့်ကို ယုံမိတာ မှားတာပဲ ...ယောက်ျားတစ်ယောက်အတွက် အဲ့လောက်တောင် ရူးမိုက်ခဲ့တာလား...ဟာကွာ..!"
ဒိုင်း!!!
ငါပျော်ပါတယ် ~
"သွားကြမယ် "
"မမလေး !"
"John ~ "
"မမလေး"
"မမလေးး~~!!!!"
အချစ်ဆိုတာ
ပေးဆပ်ခြင်းလား?
သို့မဟုတ် ~
စွန့်လွှတ်ခြင်းလား?
သို့မဟုတ်လျှင် ~~~
အချစ်ဆိုတာ အဘယ်နည်း~
To Be Continued
520Hunhan
Continue Reading
You'll Also Like
51.6K 4.8K 10
«Sehun quería a Luhan para él, y no dudará en hacer todo lo que sea necesario para que sea así». One Shot con el que participé en la dinámica «Entre...
1.6K 113 9
Sehun es un joven que apenas paso a preparatoria, llegan nuevos compañeros entre ellos uno en específico, su nombre es Luhan, el cual se enamoró de S...
20.9K 3.2K 17
Mi nombre es ChanYeol y les hablaré un poco sobre mi mejor amigo, su nombre es SeHun. SeHun puede contar todos los autos azules que ha visto durante...
202K 23.1K 40
"Recuerda no entrar a lugares que no te dan permiso, Luhan" Su madre había tenido tanta razón, pero ahora era tarde. Su curiosidad lo había llevado...
Wattpad App - Unlock exclusive features