Zawgyi
ခရီးက ျပန္ေရာက္ၿပီး
လူလည္းေတာ္ေတာ္ပင္ပန္းသြားခဲ႔သည္
လူပင္ပန္းတာထက္ စိတ္ ကပုိပင္ပန္းေနသျဖင့္
လူကထုိင္းမႈိင္းေနသည္
Ringg::::
ျမည္လာေသာ ဖုန္းကုိတစ္ခ်က္ၾကည့္ၿပီး
ကုတင္ေဘးက စားပြဲေပၚကုိသာ ေမွာက္တင္လုိက္သည္
ခရီးကျပန္ေရာက္ၿပီး ႏွစ္ရက္လုံး သူ႕ဖုန္းကုိ မေျဖမိ
ကုိယ့္ကုိယ္ကုိ ဘာျဖစ္ေနမွန္းပင္ မသိေတာ့
က်ြန္ေတာ္သိတာက ခုခ်ိန္တြင္ သူႏွင့္
စကားမေျပာခ်င္ေပ
က်ြန္ေတာ္ဖုန္းမကုိင္ရင္ သူအိမ္လာလုိ႔ရေသာ္လည္း
သူကလဲ မလာခဲ႔
က်ြန္ေတာ္ကုိယ့္ မ်က္ႏွာကုိ ျပန္ကုိင္မိသည္
အဲ႔တုန္းက သူ႔လက္ေတြ သိပ္ကုိ ေႏြးေထြးခဲ႔သည္
ရုတ္တရက္ က်ြန္ေတာ့္မ်က္ႏွာကုိ ထိကုိင္လာေသာ
မင္းခန္႔ရဲ႕ လက္ေတြ.…
အစက လန္႔သြားခဲ႔ေသာ္လည္း အံ့ၾသသြားသည္ဆုိ
ပုိမွန္မည္
အဲ႔တုန္းက မင္းခန္႕ရဲ႕ အၾကည့္ေတြ …
က်ြန္ေတာ္ ေမ်ွာ္လင့္ေနခဲ႔သည္
က်ြန္ေတာ့္အေပ်ာ္က တစ္ညမွ် သာ
ေနာက္ေန႔မနက္ ဇြဲမာန္အသံေၾကာင့္
သူတုိ႔ဘက္ကုိ ၾကည့္မိေတာ့ မင္းခန္႔က
အိမ္မက္မက္ေနသည္ ထင္…
ဇြဲမာန္ကုိ ကုတင္ေပၚက တြန္းခ် ၿပီး အေတြးထဲ
ေျမာ ေနေသာ မင္းခန္႔ရဲ႕ မ်က္ႏွာ အမူအရာက
က်ြန္ေတာ့္ကုိ စိတ္ဓာတ္က်ေစသည္
သူအခုတြဲေနတဲ႔တစ္ေယာက္ကုိ တကယ္ ခ်စ္သည္
ထင္ပါတယ္
အိမ္မက္ထဲေတာင္ မက္တယ္ဆုိေတာ့
ဒီတုိင္းအေတြးတစ္ခုပင္ ျဖစ္ေသာ္ ျငား
က်ြန္ေတာ့္ကုိ နာက်င္ေစသည္
က်ြန္ေတာ့္ကုိ လွည့္ၾကည့္လာေသာ မင္းခန္႔ကုိ
အၾကည့္လႊဲၿပီး တစ္ဖက္လွည့္ကာျပန္လွဲေနခဲ႔သည္
က်ြန္ေတာ္က ေမ်ွာ္လင့္ခ်က္ အမွားနဲ႔ ေပ်ာ္ရႊင္ေနခဲ႔သည္ပဲ…
အဲ႔ဒါဆုိ ကမ္းေျခမွာတုန္းက သူဘာသေဘာနဲ႔
က်ြန္ေတာ့္ကုိ အဲ႔လုိလုပ္ခဲ႔တာလဲ
"hk hk"
အသံထြက္ေအာင္ရယ္ေနမိသည္
က်ြန္ေတာ္စဥ္းစားရတာ ပင္ပန္းေနၿပီ
ဦးေႏွာက္က မျဖစ္ႏုိင္ပါဘူးလုိ႔ အတန္တန္ျငင္းေနေသာ္လည္း
ႏွလုံးသားက မသိမသာ ေမ်ွာ္ လင့္ေနဆဲ…
မ်က္လုံးေထာင့္မွ အရည္ၾကည္ တစ္စက္
နားထင္ကုိျဖတ္ရင္း က်ြန္ေတာ္အုံး ထားေသာ
ေခါင္းအုံးေပၚ ေၾကြ ဆင္းသြားသည့္တုိင္
က်ြန္ေတာ္ရယ္ေနမိ တုန္း…
ခုေန ေမေမ အခန္းထဲသာဝင္လာလုိ႔ကေတာ့
က်ြန္ေတာ့္ပုံစံကုိ ျမင္ၿပီး က်ြန္ေတာ့္ကုိ ရူးသြားၿပီလုိ႔
ထင္မည္ မွာမလြဲေပ…
……
ဘယ္ေလာက္ၾကာေအာင္ လွဲေနမိသည္မသိ
အခ်ိန္ကညေနေစာင္းပင္ေရာက္ေနၿပီ
အိမ္ထဲမွာပဲလူကေအာင္း ေနသျဖင့္
နဂုိျဖဴ ေသာ အသားအရည္က ေနမထိ
ေသာေၾကာင့္ ပုိျဖဴ ေနသေယာင္…
အိမ္မွာေနလည္း သူ႔အေၾကာင္းပဲေတြးေနမိ
မည္ ျဖစ္ေသာေၾကာင့္
ကုိကုိ႔ဆုိင္ ကုိသာ ထြက္ခဲ႔လုိက္သည္
"မုိးစက္ ?? မလာတာေတာင္ၾကာၿပီ "
ကုိကုိ႔ဆုိင္ ကုိမလာျဖစ္သည္မွာေတာ္ေတာ္ၾကာ
ၿပီ…
အလုပ္လုပ္တယ္သာေျပာတာ
က်ြန္ေတာ္က ပုိင္ရွင္လား
ကုိကုိ ကပုိင္ရွင္လားေတာင္မသဲကြဲ
ဆုိင္တြင္ ကုိကုိ ကသာ အလုပ္လုပ္ေနၿပီး
က်ြန္ေတာ္က နားေနသည္ခ်ည္းသာ…
ကုိကုိေျပာသည္ ကုိ ဘာမွျပန္မေျပာပဲ
သြားေပၚေအာင္သာ ၿပံဳ းျပမိသည္
"ခရီးသြားတယ္ဆုိ ေပ်ာ္ခဲ႔ရဲ႕လား"
"အင္း"
ကုိကုိ႔အေမးကုိေျဖလုိက္ေပမယ့္
က်ြန္ေတာ့္ေခါင္းထဲ သူကျပန္လည္
ဝင္ေရာက္လာသည္
"ညီေရာက္လာတာအေတာ္ပဲ ဒီေန႔
ဆုိင္မွာေနေပးပါလား
ကုိကုိ သူငယ္ခ်င္းတစ္ေယာက္နဲ႔ခ်ိန္းထားတာရွိလုိ႔ "
"ဟုတ္ ရတယ္ေလ က်ြန္ေတာ္ပဲဆုိင္ပိတ္ေပးမယ္
ကုိကိို စိတ္ခ်လက္ခ်သာ သြား "
"အဲ႔ဒါဆုိ ကုိကုိ သြားေတာ့မယ္ အဝတ္လဲရဦးမွာမလုိ႔"
"ဟုတ္"
က်ြန္ေတာ့္ဆံပင္ကုိ လက္နဲ႔အသာဖြကာ
ထြက္သြားေသာ ကုိကုိ႔ ကုိၾကည့္ရင္း
ၿပံဳ းလုိက္မိသည္
………
မိသားစုရွိတာမွ သုံးေယာက္ပင္ျဖစ္ေသာ္လည္း
မ်က္ႏွာခ်င္းမဆုိင္ျဖစ္သည္ ကမ်ားသည္
အခုလည္းဘာစိတ္ကူးေပါက္သည္မသိ
မိသားစုလုိက္အျပင္ ထြက္စားမည္ဆုိေသာ
ေဖေဖ့ေၾကာင့္ အစက အံ့ၾသမိေသာ္လည္း…
စားေသာက္ဆုိင္ထိလာကာ
ရန္ျဖစ္ေနေသာ ေရွ႕မွ မိဘႏွစ္ပါးကုိ
ဇြဲမာန္ စိတ္ပ်က္ပ်က္ျဖင့္သာ ၾကည့္လုိက္မိသည္
ငယ္ငယ္တုန္းကေတာ့
ဒီျမင္ကြင္း ဒီအျဖစ္အပ်က္ေတြက
ကေလးတစ္ေယာက္အတြက္
ဝမ္းနည္းစရာေကာင္းခဲ႔ေသာ္လည္း
အခုခ်ိန္တြင္ေတာ့ ေနသားက်ေနၿပီျဖစ္သည္
လူတုိင္းရဲ႕အျမင္ မွာ က်ြန္ေတာ့္ဘဝက
လုိတုိင္းရေနတဲ့
ၿပီးျပည့္စုံတဲ႔ဘဝျဖစ္ေနေပမယ့္
တကယ္က လူတုိင္းရေနတဲ႔ မိဘေမတၱာကုိပင္
မရေသာ သူတစ္ေယာက္သာ…
ၿပီးျပည့္စုံတဲ႔လူတုိင္းရဲ႕ေနာက္ကြယ္မွာ
တစ္ခါတစ္ရံ အထီးက်န္မႈေတြလည္းရွိတတ္သည္…
အေပၚယံေပ်ာ္ရႊင္မႈနဲ႔ ဖုံးထားတဲ႔
က်ြန္ေတာ္ဘဝရဲ႕
အထီးက်န္မႈနဲ႔ ဝမ္းနည္းမႈကုိ
ဘယ္သူကမွာ ျမင္ႏုိင္မည္မဟုတ္…
အခုခ်ိန္ထိ အရာမယြင္းေသးေသာ စားပြဲေပၚမွ
ပန္းကန္ ကုိငုံ႔ၾကည့္ေနရာမွ
ေရွ႕မွ ျမင္ကြင္းကုိ တစ္ခ်က္ၾကည့္ၿပီး
Toiletကုိသာ ထထြက္ခဲ႔လုိက္သည္
မွန္ေပၚမွာေပၚေနေသာ ကုိယ့္ကုိၾကည့္ရင္း
စိတ္ပ်က္စြာပင္ သက္ျပင္းခ်မိသည္
ဒီလုိျမင္ကြင္းေတြကုိျမင္ေစဖုိ႔မ်ား
ေမြးခဲ႔သည္လား
မ်က္ႏွာကုိ ေရနဲ႔အဆက္မျပတ္သစ္လုိက္ၿပီး
မွန္တြင္ တဖန္ျပန္ၾကည့္မိသည္
ဟန္ေဆာင္ရတာ ပင္ပန္းလြန္းသည္
ငယ္ငယ္ေလးထဲက ခုခ်ိန္ထိ ရင့္က်က္ခ်င္ေယာင္
ေဆာင္ေနရတာလဲပင္ပန္းလြန္းသည္
က်ြန္ေတာ္သည္လည္း ေပ်ာ္ေပ်ာ္ေနတတ္ေသာ
လူငယ္ပင္ျဖစ္ေသာ္လည္း
တကယ္က ကုိယ့္ကုိယ္ကုိပင္ မသိေတာ့ေအာင္
ေပ်ာက္ဆုံးေနခဲ႔သည္မွာၾကာခဲ႔ၿပီ
အျပင္ျပန္အထြက္ လူတစ္ေယာက္ႏွင့္ဝင္တုိက္မိေသာ
က်ြန္ေတာ္ …
နဂုိကမွ စိတ္မၾကည္ျဖစ္ေနသျဖင့္
တုိက္မိေသာ ထုိလူကုိ ၾကည့္မိေသာ
အၾကည့္ေတြသည္ ခက္ထန္ေနမည္မွာ
အမွန္ပင္…
ျပသာနာမျဖစ္ခ်င္ေသာေၾကာင့္
ဘာမွမေျပာပဲ ဒီတုိင္းတစ္ခ်က္ စုိက္ၾကည့္ကာ
ဆက္ေလ်ွာက္လာလုိက္သည္
ထုိသူကေတာ့ ေတာင္းပန္လုိက္သည္ထင္တယ္
အခုခ်ိန္ထိစကားမ်ားေနေသာ မိဘႏွစ္ပါးကုိ ၾကည့္ရင္း
ဆုိင္အျပင္သုိ႕သာ
ေျခလွမ္းေတြကုိ ဦးတည္လုိက္မိသည္
က်ြန္ေတာ္သြားေနက်ကလပ္ ကုိသာထြက္ခဲ႔လုိက္သည္
မြန္းက်ပ္မႈေတြေပ်ာက္လုိေပ်ာက္ျငား အဆက္မျပတ္ေသာက္ေနမိသည္
ခရီးကအျပန္ မုိးစက္ ေျပာေသာစကားက
မဖိတ္ေခၚပါပဲ နားထဲျပန္ၾကားေယာင္လာတယ္
မုိးစက္ရဲ႕စိတ္ကုိ သိရဲ႕နဲ႕ေမးလုိက္မိေသာ
ကုိယ့္ကုိယ္ ကုိသာ အျပစ္တင္မိသည္
တကယ္တမ္းအဲ႔စကားကုိၾကားေတာ့
နာက်င္ရသည္
"hk…"
မင္းခန္႔သူ႕ကုိေျပာခဲ႔ေသာ စကားကုိျပန္ေတြးမိကာ
သူရယ္လုိက္မိသည္
အမွန္က သူနဲ႔မင္းခန္႕က အရင္က
သူငယ္ခ်င္းျဖစ္ခဲ႔ဖူးသည္
သူသာ အဲ႔စကားကုိ မေျပာခဲ႔ရင္
ခုခ်ိန္မွာ မင္းခန္႔နဲ႔သူငယ္ခ်င္းေတြဆက္ျဖစ္ေနႏုိင္သည္
*****
"မင္းခန္႔ ငါ မင္းကုိေျပာစရာရွိတယ္
ငါဘယ္သူ႔ကုိမွေျပာတာမဟုတ္ဘူးေနာ္
မင္းကုိပဲေျပာတာ"
"ဘာလဲ"
"ဟုိေလ ငါ…"
က်ြန္ေတာ္မေျပာရဲ
ေျပာလုိက္လုိ႔ က်ြန္ေတာ့္ကုိ
အထင္ေသးသြားရင္ ဘယ္လုိလုပ္မလဲ
"ဘာေျပာမွာမလုိ႔ အဲ႔ေလာက္
ထစ္ေနတာလဲ ငါစိတ္မရွည္ေတာ့ဘူး"
မင္းခန္႔ေလသံက နည္းနည္းမာေနသည္
က်ြန္ေတာ့္စိတ္ထဲတစ္မ်ိဳ းျဖစ္သြားသည္
သူစိတ္မၾကည္ဘူးထင္တယ္
"ငါ …ငါ ႀကိဳက္ေနတဲ႔သူရွိတယ္"
"ဟုတ္လား ဘယ္ေကာင္မေလးလဲ "
က်ြန္ေတာ္ေခါင္းငုံ႕လုိက္မိသည္
စိတ္လႈပ္ရွားစြာလက္သီးဆုပ္ထားမိသည္
က်ြန္ေတာ္တစ္ေယာက္ေယာက္ကုိေျပာဖုိ႔လုိအပ္သည္
"ဟုိ …ေကာင္မေလးမဟုတ္ဘူး
ငါ…စိတ္ဝင္စားေနတာ ေကာင္ေလးတစ္ေယာက္…"
က်ြန္ေတာ့္အသံက ေကာင္ေလးဆုိတဲ႔ေနရာတြင္
သိသိသာသာ တုိးသြားခဲ႔သည္
မင္းခန္႔ဆီက ဘာသံမွ မၾကားသျဖင့္
က်ြန္ေတာ္ေမာ့ၾကည့္လုိက္မိသည့္အခ်ိန္တြင္
အဲ႔စကားကုိ က်ြန္ေတာ္ေျပာခဲ႔တာမွားမွန္းသိခဲ႔သည္
မင္းခန္႔ရဲ႕အၾကည့္ေတြက က်ြန္ေတာ္ကုိ
ေနရာကေန ခ်က္ခ်င္း အေငြ႔ပ်ံသြားခ်င္ေလာက္
ေအာင္ သိမ္ငယ္ေစသည္
မင္းခန္႔က ေကာင္မေလးေတြနဲ႔တြဲေနေပမယ့္
သူ႕ေကာင္မေလးေတြအေၾကာင္းကုိသိပ္မေျပာ…
သူ႔ေကာင္မေလးေတြထက္ မုိးစက္ဆုိတဲ႔ေကာင္ေလးတစ္ေယာက္အေၾကာင္းကုိသာ က်ြန္ေတာ္အလြတ္ရေလာက္သည္အထိ
ေျပာတတ္သည္
မုိးစက္ဆုိတဲ႔ေကာင္ေလးကုိတစ္ခါမွ မျမင္ဖူးေပမယ့္
သူေျပာပုံအရဆုိ ေတာ္ေတာ္ခ်စ္ဖုိ႔ေကာင္းမွန္း
သိသာသည္
အဲ႔ေကာင္ေလးအေၾကာင္းေျပာတုိင္း မင္းခန္႔ရဲ႕
မ်က္လုံးေတြထဲက ျမတ္ႏုိးမႈကုိ က်ြန္ေတာ္ျမင္ႏုိင္
ခဲ႔တယ္
အဲ႕ဒါေၾကာင့္ က်ြန္ေတာ္ထင္ခဲ႔တာ
က်ြန္ေတာ့္ခံစားခ်က္ေတြကုိ
မင္းခန္႔က နားလည္ေပးႏုိင္လိမ့္မယ္လုိ႔
အခုမင္းခန္႔ရဲ႕အၾကည့္ေတြက က်ြန္ေတာ္အထင္မွား
ေနသည္လုိ႔ေျပာေနေပသည္
"ငါ ထင္တာ
မင္း ငါ့ကုိ နားလည္ေပး…"
"ငါက မင္းလုိအေျခာက္မဟုတ္ဘူးဇြဲမာန္
ငါဘယ္လုိနားလည္ေပးႏုိင္မွာလဲ"
က်ြန္ေတာ့္စကားမဆုံးခင္ ေျပာလုိက္ေသာမင္းခန္႕…
အခု က်ြန္ေတာ့္ကုိအေျခာက္လုိ႔ေျပာလုိက္တာလား
က်ြန္ေတာ့္ပါးျပင္ စုိစြတ္မႈေၾကာင့္
မ်က္ရည္ က်လာမွန္းသိသည္
အရင္ကေဖေဖနဲ႔ေမေမ ရန္ျဖစ္တုိင္းငုိခဲ့ဖူးေပမယ့္
အသက္ငါးႏွစ္ကစ၍
က်ြန္ေတာ္မငုိေတာ့
ခုအႀကိမ္သည္ က်ြန္ေတာ့္ ဘဝတြင္ ပထမဆုံးအႀကိမ္
မ်က္ရည္ျပန္က်ျခင္း…
က်ြန္ေတာ္ေခါင္းငုံ႕ကာ ရယ္လုိက္မိသည္
သူက်ြန္ေတာ့္ခံစားခ်က္ကုိနားလည္မေပးႏုိင္ရင္ေတာင္
အဲ႔လုိေတာ့မေျပာသင့္…
က်ြန္ေတာ္က သူ႕သူငယ္ခ်င္းပဲ…
"တကယ္ရယ္ရတယ္ ငါ့လုိ
မဟုတ္ဘူးလုိ႔ေျပာတဲ႔ မင္းလည္းမုိးစက္ဆုိတဲ့ေကာင္ေလးကုိ ႀကိဳက္ေနတာမဟုတ္ဘူးလား"
"မဟုတ္ဘူး မင္းဟာမင္း ေယာက်ာ္းေလးခ်င္းစိတ္ဝင္စားတာနဲ႔ လူတုိင္းကုိ မင္းလုိထင္မေနနဲ႔
ငါ…မုိးစက္ကုိမႀကိဳက္ဘူး "
မင္းခန္႔ကုိ နာက်ည္းစြာၾကည့္လုိက္မိသည္
မင္းအဲ႔စကားကုိမွတ္ထား မင္းခန္႔
တစ္ေန႔မင္း ေနာင္တရလိမ့္မယ္
*******
က်ြန္ေတာ့္အေတြးေတြ အတိတ္ကာလမွ
ျပန္ထြက္လာခ်ိန္တြင္
ေရွ႕မွစားပြဲေပၚတြင္လည္း ဘူးခြံအလြတ္ေတြ
မ်ားလာေနၿပီ
ဘယ္ေလာက္ေတာင္ေသာက္ေနမိလဲမသိ
လူလည္းေခါင္းမေထာင္ႏုိင္ေတာ့
အိမ္ျပန္ရန္ ခုံမွ အထ လူကယုိင္ၿပီးလဲသြားသည္
ၾကမ္းျပင္နဲ႔ မိတ္ဆက္မည္ ထင္ေသာ္လည္း
တစ္ေယာက္ေယာက္က ခါးကုိလွမ္းထိန္းလုိက္ေသာေၾကာင့္
လဲမသြားခဲ့
က်ြန္ေတာ့္ခါးကုိထိန္းထားတဲ႔သူကုိၾကည့္မိေတာ့
ေစာေစာကတုိက္မိတဲ႔သူပဲ
သူကဘယ္လုိလုပ္ဒီမွာေရာက္ေနပါလိမ့္
ငါ့ေနာက္ကလုိက္လာတာမ်ားလား
ကုိယ့္အေတြးနဲ႔ကုိ ထုိသူ႕မ်က္ႏွာကုိၾကည့္ေနမိတုန္း
သူကတစ္ခုခုေျပာလုိက္သည့္ဟန္ ႏႈတ္ခမ္းတစ္စုံပြင့္
ဟလာေပမယ့္ က်ြန္ေတာ္မၾကားလုိက္
က်ြန္ေတာ့္အျမင္ေတြ ဝါးလာကာ
ေမွာင္အတိက်သြားေတာ့သည္
……
ကုိကုိ႕ကုိ ဆုိင္ပိတ္ေပးမည္ေျပာထားေသာေၾကာင့္
မုိးခ်ဳပ္ထိေန ေနရေသာက်ြန္ေတာ္
တစ္ခါမွ ဒီခ်ိန္ထိ မေနဖူး
အလုပ္လုပ္ေသာ ေကာင္ေလးကုိအရင္ျပန္ခုိင္္း
လုိက္ၿပီး ဆုိင္ပိတ္ရန္ ျပင္လုိက္သည္
တံခါးပိတ္ရန္ အျပင္ အထြက္
အျပင္မွာရပ္ေနေသာ မင္းခန္႔…
က်ြန္ေတာ္အံ့ၾသသြားသည္
ဘယ္ခ်ိန္ထဲက ရပ္ေနပါလိမ့္
တံခါးအျမန္ပိတ္ၿပီး မင္းခန္႔ဆီေလ်ွာက္သြားလုိက္သည္
"အိမ္ လုိက္ပုိ႔ေပးမယ္"
က်ြန္ေတာ့္ကုိေျပာၿပီးေလ်ွာက္သြားေသာ မင္းခန္႔
ကုိဘာမွျပန္မေျပာမိ
ေနာက္ကေနသာလုိက္ေလ်ွာက္လုိက္သည္
သူ႔ကုိၾကည့္ရတာတစ္မ်ိဳ းပင္
ဘာျဖစ္လုိ႔ပါလိမ့္
ငါဖုန္းမကုိင္လုိ႔စိတ္ဆုိးေနတာမ်ားလား
တစ္လမ္းလုံးဘာစကားမွမေျပာပဲ
ေဘးမွေလ်ွာက္ေနေသာမင္းခန္႔
ေၾကာင့္ က်ြန္ေတာ္မေနတတ္ေတာ့
ထူးဆန္းေနသည္
က်ြန္ေတာ့္ကုိစိတ္ဆုိးေနသည္ဆုိရင္လည္း
စကားေတာ့ေျပာသင့္သည္
ခုလုိႀကီးဘာမွမေျပာေတာ့
သူမဟုတ္သလုိပင္
ေနာက္ဆုံး စကားစရန္ လမ္းေလ်ွာက္ေနတာကုိရပ္လုိက္ေတာ့ မင္းခန္႔ကလည္းလုိက္ရပ္သည္
က်ြန္ေတာ္မင္းခန္႕ကုိၾကည့္လုိက္သည္
"မင္းခန္႕ ငါ့…"
က်ြန္ေတာ့စကားေလထဲမွာပင္ရပ္သြားေတာ့သည္
ရုတ္တရက္ဆြဲဖက္လုိက္ေသာမင္းခန္႔…
က်ြန္ေတာ့္လည္ပင္းကုိ
ထိခတ္ေနေသာ မင္းခန္႔ရဲ႕ေလေငြ႔ေႏြးေႏြးေၾကာင့္
အသက္ပင္ရဲရဲမရႈ ရဲ…
ခုဘယ္လုိအေျခအေနႀကီးလဲ
မင္းခန္႕ကက်ြန္ေတာ့္ကုိ
ဖက္ထားတယ္
ဘာလုိ႔လဲ?
က်ြန္ေတာ္ကေရာ
ဘာလုပ္ရမည္လဲ
ျပန္ဖက္သင့္လား
မင္းခန္႔ကုိ ဖက္ရန္ က်ြန္ေတာ့္လက္ကုိ
ေျမာက္ၿပီးမွ ျပန္ခ်ထားမိသည္
မင္းခန္႔ကုိယ္က ေႏြးေထြးတယ္
အကယ္၍ အခုအႀကိမ္သည္လည္း
ေမ်ွာ္လင့္ခ်က္ အမွားဆုိရင္
က်ြန္ေတာ္ကလည္း
အဲ႔အမွားကုိပဲ ေက်ေက်နပ္နပ္ႀကီး
လက္ခံေနမိသည္
ညသည္ တိတ္ဆိတ္လြန္းသည္
ေကာင္းကင္သည္္ ၾကယ္ေလးမ်ားျဖင့္
ေတာက္ပေနသည္
ထုိေကာင္းကင္ေအာက္
မီးေရာင္မွိန္ျပျပႏွင့္
လမ္းေလးတစ္ခုထဲတြင္ ေကာင္ေလးတစ္ေယာက္က
ေနာက္ေကာင္ေလးတစ္ေယာက္ကုိဖက္ထားခဲ႕သည္
Unicode
ခရီးက ပြန်ရောက်ပြီး
လူလည်းတော်တော်ပင်ပန်းသွားခဲ့သည်
လူပင်ပန်းတာထက် စိတ် ကပိုပင်ပန်းနေသဖြင့်
လူကထိုင်းမှိုင်းနေသည်
Ringg::::
မြည်လာသော ဖုန်းကိုတစ်ချက်ကြည့်ပြီး
ကုတင်ဘေးက စားပွဲပေါ်ကိုသာ မှောက်တင်လိုက်သည်
ခရီးကပြန်ရောက်ပြီး နှစ်ရက်လုံး သူ့ဖုန်းကို မဖြေမိ
ကိုယ့်ကိုယ်ကို ဘာဖြစ်နေမှန်းပင် မသိတော့
ကျွန်တော်သိတာက ခုချိန်တွင် သူနှင့်
စကားမပြောချင်ပေ
ကျွန်တော်ဖုန်းမကိုင်ရင် သူအိမ်လာလို့ရသော်လည်း
သူကလဲ မလာခဲ့
ကျွန်တော်ကိုယ့် မျက်နှာကို ပြန်ကိုင်မိသည်
အဲ့တုန်းက သူ့လက်တွေ သိပ်ကို နွေးထွေးခဲ့သည်
ရုတ်တရက် ကျွန်တော့်မျက်နှာကို ထိကိုင်လာသော
မင်းခန့်ရဲ့ လက်တွေ.…
အစက လန့်သွားခဲ့သော်လည်း အံ့သြသွားသည်ဆို
ပိုမှန်မည်
အဲ့တုန်းက မင်းခန့်ရဲ့ အကြည့်တွေ …
ကျွန်တော် မျှော်လင့်နေခဲ့သည်
ကျွန်တော့်အပျော်က တစ်ညမျှ သာ
နောက်နေ့မနက် ဇွဲမာန်အသံကြောင့်
သူတို့ဘက်ကို ကြည့်မိတော့ မင်းခန့်က
အိမ်မက်မက်နေသည် ထင်…
ဇွဲမာန်ကို ကုတင်ပေါ်က တွန်းချ ပြီး အတွေးထဲ
မြော နေသော မင်းခန့်ရဲ့ မျက်နှာ အမူအရာက
ကျွန်တော့်ကို စိတ်ဓာတ်ကျစေသည်
သူအခုတွဲနေတဲ့တစ်ယောက်ကို တကယ် ချစ်သည်
ထင်ပါတယ်
အိမ်မက်ထဲတောင် မက်တယ်ဆိုတော့
ဒီတိုင်းအတွေးတစ်ခုပင် ဖြစ်သော် ငြား
ကျွန်တော့်ကို နာကျင်စေသည်
ကျွန်တော့်ကို လှည့်ကြည့်လာသော မင်းခန့်ကို
အကြည့်လွှဲပြီး တစ်ဖက်လှည့်ကာပြန်လှဲနေခဲ့သည်
ကျွန်တော်က မျှော်လင့်ချက် အမှားနဲ့ ပျော်ရွှင်နေခဲ့သည်ပဲ…
အဲ့ဒါဆို ကမ်းခြေမှာတုန်းက သူဘာသဘောနဲ့
ကျွန်တော့်ကို အဲ့လိုလုပ်ခဲ့တာလဲ
"hk hk"
အသံထွက်အောင်ရယ်နေမိသည်
ကျွန်တော်စဉ်းစားရတာ ပင်ပန်းနေပြီ
ဦးနှောက်က မဖြစ်နိုင်ပါဘူးလို့ အတန်တန်ငြင်းနေသော်လည်း
နှလုံးသားက မသိမသာ မျှော် လင့်နေဆဲ…
မျက်လုံးထောင့်မှ အရည်ကြည် တစ်စက်
နားထင်ကိုဖြတ်ရင်း ကျွန်တော်အုံး ထားသော
ခေါင်းအုံးပေါ် ကြွေ ဆင်းသွားသည့်တိုင်
ကျွန်တော်ရယ်နေမိ တုန်း…
ခုနေ မေမေ အခန်းထဲသာဝင်လာလို့ကတော့
ကျွန်တော့်ပုံစံကို မြင်ပြီး ကျွန်တော့်ကို ရူးသွားပြီလို့
ထင်မည် မှာမလွဲပေ…
……
ဘယ်လောက်ကြာအောင် လှဲနေမိသည်မသိ
အချိန်ကညနေစောင်းပင်ရောက်နေပြီ
အိမ်ထဲမှာပဲလူကအောင်း နေသဖြင့်
နဂိုဖြူ သော အသားအရည်က နေမထိ
သောကြောင့် ပိုဖြူ နေသယောင်…
အိမ်မှာနေလည်း သူ့အကြောင်းပဲတွေးနေမိ
မည် ဖြစ်သောကြောင့်
ကိုကို့ဆိုင် ကိုသာ ထွက်ခဲ့လိုက်သည်
"မိုးစက် ?? မလာတာတောင်ကြာပြီ "
ကိုကို့ဆိုင် ကိုမလာဖြစ်သည်မှာတော်တော်ကြာ
ပြီ…
အလုပ်လုပ်တယ်သာပြောတာ
ကျွန်တော်က ပိုင်ရှင်လား
ကိုကို ကပိုင်ရှင်လားတောင်မသဲကွဲ
ဆိုင်တွင် ကိုကို ကသာ အလုပ်လုပ်နေပြီး
ကျွန်တော်က နားနေသည်ချည်းသာ…
ကိုကိုပြောသည် ကို ဘာမှပြန်မပြောပဲ
သွားပေါ်အောင်သာ ပြုံ းပြမိသည်
"ခရီးသွားတယ်ဆို ပျော်ခဲ့ရဲ့လား"
"အင်း"
ကိုကို့အမေးကိုဖြေလိုက်ပေမယ့်
ကျွန်တော့်ခေါင်းထဲ သူကပြန်လည်
ဝင်ရောက်လာသည်
"ညီရောက်လာတာအတော်ပဲ ဒီနေ့
ဆိုင်မှာနေပေးပါလား
ကိုကို သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားတာရှိလို့ "
"ဟုတ် ရတယ်လေ ကျွန်တော်ပဲဆိုင်ပိတ်ပေးမယ်
ကိုကိို စိတ်ချလက်ချသာ သွား "
"အဲ့ဒါဆို ကိုကို သွားတော့မယ် အဝတ်လဲရဦးမှာမလို့"
"ဟုတ်"
ကျွန်တော့်ဆံပင်ကို လက်နဲ့အသာဖွကာ
ထွက်သွားသော ကိုကို့ ကိုကြည့်ရင်း
ပြုံ းလိုက်မိသည်
………
မိသားစုရှိတာမှ သုံးယောက်ပင်ဖြစ်သော်လည်း
မျက်နှာချင်းမဆိုင်ဖြစ်သည် ကများသည်
အခုလည်းဘာစိတ်ကူးပေါက်သည်မသိ
မိသားစုလိုက်အပြင် ထွက်စားမည်ဆိုသော
ဖေဖေ့ကြောင့် အစက အံ့သြမိသော်လည်း…
စားသောက်ဆိုင်ထိလာကာ
ရန်ဖြစ်နေသော ရှေ့မှ မိဘနှစ်ပါးကို
ဇွဲမာန် စိတ်ပျက်ပျက်ဖြင့်သာ ကြည့်လိုက်မိသည်
ငယ်ငယ်တုန်းကတော့
ဒီမြင်ကွင်း ဒီအဖြစ်အပျက်တွေက
ကလေးတစ်ယောက်အတွက်
ဝမ်းနည်းစရာကောင်းခဲ့သော်လည်း
အခုချိန်တွင်တော့ နေသားကျနေပြီဖြစ်သည်
လူတိုင်းရဲ့အမြင် မှာ ကျွန်တော့်ဘဝက
လိုတိုင်းရနေတဲ့
ပြီးပြည့်စုံတဲ့ဘဝဖြစ်နေပေမယ့်
တကယ်က လူတိုင်းရနေတဲ့ မိဘမေတ္တာကိုပင်
မရသော သူတစ်ယောက်သာ…
ပြီးပြည့်စုံတဲ့လူတိုင်းရဲ့နောက်ကွယ်မှာ
တစ်ခါတစ်ရံ အထီးကျန်မှုတွေလည်းရှိတတ်သည်…
အပေါ်ယံပျော်ရွှင်မှုနဲ့ ဖုံးထားတဲ့
ကျွန်တော်ဘဝရဲ့
အထီးကျန်မှုနဲ့ ဝမ်းနည်းမှုကို
ဘယ်သူကမှာ မြင်နိုင်မည်မဟုတ်…
အခုချိန်ထိ အရာမယွင်းသေးသော စားပွဲပေါ်မှ
ပန်းကန် ကိုငုံ့ကြည့်နေရာမှ
ရှေ့မှ မြင်ကွင်းကို တစ်ချက်ကြည့်ပြီး
Toiletကိုသာ ထထွက်ခဲ့လိုက်သည်
မှန်ပေါ်မှာပေါ်နေသော ကိုယ့်ကိုကြည့်ရင်း
စိတ်ပျက်စွာပင် သက်ပြင်းချမိသည်
ဒီလိုမြင်ကွင်းတွေကိုမြင်စေဖို့များ
မွေးခဲ့သည်လား
မျက်နှာကို ရေနဲ့အဆက်မပြတ်သစ်လိုက်ပြီး
မှန်တွင် တဖန်ပြန်ကြည့်မိသည်
ဟန်ဆောင်ရတာ ပင်ပန်းလွန်းသည်
ငယ်ငယ်လေးထဲက ခုချိန်ထိ ရင့်ကျက်ချင်ယောင်
ဆောင်နေရတာလဲပင်ပန်းလွန်းသည်
ကျွန်တော်သည်လည်း ပျော်ပျော်နေတတ်သော
လူငယ်ပင်ဖြစ်သော်လည်း
တကယ်က ကိုယ့်ကိုယ်ကိုပင် မသိတော့အောင်
ပျောက်ဆုံးနေခဲ့သည်မှာကြာခဲ့ပြီ
အပြင်ပြန်အထွက် လူတစ်ယောက်နှင့်ဝင်တိုက်မိသော
ကျွန်တော် …
နဂိုကမှ စိတ်မကြည်ဖြစ်နေသဖြင့်
တိုက်မိသော ထိုလူကို ကြည့်မိသော
အကြည့်တွေသည် ခက်ထန်နေမည်မှာ
အမှန်ပင်…
ပြသာနာမဖြစ်ချင်သောကြောင့်
ဘာမှမပြောပဲ ဒီတိုင်းတစ်ချက် စိုက်ကြည့်ကာ
ဆက်လျှောက်လာလိုက်သည်
ထိုသူကတော့ တောင်းပန်လိုက်သည်ထင်တယ်
အခုချိန်ထိစကားများနေသော မိဘနှစ်ပါးကို ကြည့်ရင်း
ဆိုင်အပြင်သို့သာ
ခြေလှမ်းတွေကို ဦးတည်လိုက်မိသည်
ကျွန်တော်သွားနေကျကလပ် ကိုသာထွက်ခဲ့လိုက်သည်
မွန်းကျပ်မှုတွေပျောက်လိုပျောက်ငြား အဆက်မပြတ်သောက်နေမိသည်
ခရီးကအပြန် မိုးစက် ပြောသောစကားက
မဖိတ်ခေါ်ပါပဲ နားထဲပြန်ကြားယောင်လာတယ်
မိုးစက်ရဲ့စိတ်ကို သိရဲ့နဲ့မေးလိုက်မိသော
ကိုယ့်ကိုယ် ကိုသာ အပြစ်တင်မိသည်
တကယ်တမ်းအဲ့စကားကိုကြားတော့
နာကျင်ရသည်
"hk…"
မင်းခန့်သူ့ကိုပြောခဲ့သော စကားကိုပြန်တွေးမိကာ
သူရယ်လိုက်မိသည်
အမှန်က သူနဲ့မင်းခန့်က အရင်က
သူငယ်ချင်းဖြစ်ခဲ့ဖူးသည်
သူသာ အဲ့စကားကို မပြောခဲ့ရင်
ခုချိန်မှာ မင်းခန့်နဲ့သူငယ်ချင်းတွေဆက်ဖြစ်နေနိုင်သည်
*****
"မင်းခန့် ငါ မင်းကိုပြောစရာရှိတယ်
ငါဘယ်သူ့ကိုမှပြောတာမဟုတ်ဘူးနော်
မင်းကိုပဲပြောတာ"
"ဘာလဲ"
"ဟိုလေ ငါ…"
ကျွန်တော်မပြောရဲ
ပြောလိုက်လို့ ကျွန်တော့်ကို
အထင်သေးသွားရင် ဘယ်လိုလုပ်မလဲ
"ဘာပြောမှာမလို့ အဲ့လောက်
ထစ်နေတာလဲ ငါစိတ်မရှည်တော့ဘူး"
မင်းခန့်လေသံက နည်းနည်းမာနေသည်
ကျွန်တော့်စိတ်ထဲတစ်မျို းဖြစ်သွားသည်
သူစိတ်မကြည်ဘူးထင်တယ်
"ငါ …ငါ ကြိုက်နေတဲ့သူရှိတယ်"
"ဟုတ်လား ဘယ်ကောင်မလေးလဲ "
ကျွန်တော်ခေါင်းငုံ့လိုက်မိသည်
စိတ်လှုပ်ရှားစွာလက်သီးဆုပ်ထားမိသည်
ကျွန်တော်တစ်ယောက်ယောက်ကိုပြောဖို့လိုအပ်သည်
"ဟို …ကောင်မလေးမဟုတ်ဘူး
ငါ…စိတ်ဝင်စားနေတာ ကောင်လေးတစ်ယောက်…"
ကျွန်တော့်အသံက ကောင်လေးဆိုတဲ့နေရာတွင်
သိသိသာသာ တိုးသွားခဲ့သည်
မင်းခန့်ဆီက ဘာသံမှ မကြားသဖြင့်
ကျွန်တော်မော့ကြည့်လိုက်မိသည့်အချိန်တွင်
အဲ့စကားကို ကျွန်တော်ပြောခဲ့တာမှားမှန်းသိခဲ့သည်
မင်းခန့်ရဲ့အကြည့်တွေက ကျွန်တော်ကို
နေရာကနေ ချက်ချင်း အငွေ့ပျံသွားချင်လောက်
အောင် သိမ်ငယ်စေသည်
မင်းခန့်က ကောင်မလေးတွေနဲ့တွဲနေပေမယ့်
သူ့ကောင်မလေးတွေအကြောင်းကိုသိပ်မပြော…
သူ့ကောင်မလေးတွေထက် မိုးစက်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုသာ ကျွန်တော်အလွတ်ရလောက်သည်အထိ
ပြောတတ်သည်
မိုးစက်ဆိုတဲ့ကောင်လေးကိုတစ်ခါမှ မမြင်ဖူးပေမယ့်
သူပြောပုံအရဆို တော်တော်ချစ်ဖို့ကောင်းမှန်း
သိသာသည်
အဲ့ကောင်လေးအကြောင်းပြောတိုင်း မင်းခန့်ရဲ့
မျက်လုံးတွေထဲက မြတ်နိုးမှုကို ကျွန်တော်မြင်နိုင်
ခဲ့တယ်
အဲ့ဒါကြောင့် ကျွန်တော်ထင်ခဲ့တာ
ကျွန်တော့်ခံစားချက်တွေကို
မင်းခန့်က နားလည်ပေးနိုင်လိမ့်မယ်လို့
အခုမင်းခန့်ရဲ့အကြည့်တွေက ကျွန်တော်အထင်မှား
နေသည်လို့ပြောနေပေသည်
"ငါ ထင်တာ
မင်း ငါ့ကို နားလည်ပေး…"
"ငါက မင်းလိုအခြောက်မဟုတ်ဘူးဇွဲမာန်
ငါဘယ်လိုနားလည်ပေးနိုင်မှာလဲ"
ကျွန်တော့်စကားမဆုံးခင် ပြောလိုက်သောမင်းခန့်…
အခု ကျွန်တော့်ကိုအခြောက်လို့ပြောလိုက်တာလား
ကျွန်တော့်ပါးပြင် စိုစွတ်မှုကြောင့်
မျက်ရည် ကျလာမှန်းသိသည်
အရင်ကဖေဖေနဲ့မေမေ ရန်ဖြစ်တိုင်းငိုခဲ့ဖူးပေမယ့်
အသက်ငါးနှစ်ကစ၍
ကျွန်တော်မငိုတော့
ခုအကြိမ်သည် ကျွန်တော့် ဘဝတွင် ပထမဆုံးအကြိမ်
မျက်ရည်ပြန်ကျခြင်း…
ကျွန်တော်ခေါင်းငုံ့ကာ ရယ်လိုက်မိသည်
သူကျွန်တော့်ခံစားချက်ကိုနားလည်မပေးနိုင်ရင်တောင်
အဲ့လိုတော့မပြောသင့်…
ကျွန်တော်က သူ့သူငယ်ချင်းပဲ…
"တကယ်ရယ်ရတယ် ငါ့လို
မဟုတ်ဘူးလို့ပြောတဲ့ မင်းလည်းမိုးစက်ဆိုတဲ့ကောင်လေးကို ကြိုက်နေတာမဟုတ်ဘူးလား"
"မဟုတ်ဘူး မင်းဟာမင်း ယောကျာ်းလေးချင်းစိတ်ဝင်စားတာနဲ့ လူတိုင်းကို မင်းလိုထင်မနေနဲ့
ငါ…မိုးစက်ကိုမကြိုက်ဘူး "
မင်းခန့်ကို နာကျည်းစွာကြည့်လိုက်မိသည်
မင်းအဲ့စကားကိုမှတ်ထား မင်းခန့်
တစ်နေ့မင်း နောင်တရလိမ့်မယ်
*******
ကျွန်တော့်အတွေးတွေ အတိတ်ကာလမှ
ပြန်ထွက်လာချိန်တွင်
ရှေ့မှစားပွဲပေါ်တွင်လည်း ဘူးခွံအလွတ်တွေ
များလာနေပြီ
ဘယ်လောက်တောင်သောက်နေမိလဲမသိ
လူလည်းခေါင်းမထောင်နိုင်တော့
အိမ်ပြန်ရန် ခုံမှ အထ လူကယိုင်ပြီးလဲသွားသည်
ကြမ်းပြင်နဲ့ မိတ်ဆက်မည် ထင်သော်လည်း
တစ်ယောက်ယောက်က ခါးကိုလှမ်းထိန်းလိုက်သောကြောင့်
လဲမသွားခဲ့
ကျွန်တော့်ခါးကိုထိန်းထားတဲ့သူကိုကြည့်မိတော့
စောစောကတိုက်မိတဲ့သူပဲ
သူကဘယ်လိုလုပ်ဒီမှာရောက်နေပါလိမ့်
ငါ့နောက်ကလိုက်လာတာများလား
ကိုယ့်အတွေးနဲ့ကို ထိုသူ့မျက်နှာကိုကြည့်နေမိတုန်း
သူကတစ်ခုခုပြောလိုက်သည့်ဟန် နှုတ်ခမ်းတစ်စုံပွင့်
ဟလာပေမယ့် ကျွန်တော်မကြားလိုက်
ကျွန်တော့်အမြင်တွေ ဝါးလာကာ
မှောင်အတိကျသွားတော့သည်
……
ကိုကို့ကို ဆိုင်ပိတ်ပေးမည်ပြောထားသောကြောင့်
မိုးချုပ်ထိနေ နေရသောကျွန်တော်
တစ်ခါမှ ဒီချိန်ထိ မနေဖူး
အလုပ်လုပ်သော ကောင်လေးကိုအရင်ပြန်ခိုင််း
လိုက်ပြီး ဆိုင်ပိတ်ရန် ပြင်လိုက်သည်
တံခါးပိတ်ရန် အပြင် အထွက်
အပြင်မှာရပ်နေသော မင်းခန့်…
ကျွန်တော်အံ့သြသွားသည်
ဘယ်ချိန်ထဲက ရပ်နေပါလိမ့်
တံခါးအမြန်ပိတ်ပြီး မင်းခန့်ဆီလျှောက်သွားလိုက်သည်
"အိမ် လိုက်ပို့ပေးမယ်"
ကျွန်တော့်ကိုပြောပြီးလျှောက်သွားသော မင်းခန့်
ကိုဘာမှပြန်မပြောမိ
နောက်ကနေသာလိုက်လျှောက်လိုက်သည်
သူ့ကိုကြည့်ရတာတစ်မျို းပင်
ဘာဖြစ်လို့ပါလိမ့်
ငါဖုန်းမကိုင်လို့စိတ်ဆိုးနေတာများလား
တစ်လမ်းလုံးဘာစကားမှမပြောပဲ
ဘေးမှလျှောက်နေသောမင်းခန့်
ကြောင့် ကျွန်တော်မနေတတ်တော့
ထူးဆန်းနေသည်
ကျွန်တော့်ကိုစိတ်ဆိုးနေသည်ဆိုရင်လည်း
စကားတော့ပြောသင့်သည်
ခုလိုကြီးဘာမှမပြောတော့
သူမဟုတ်သလိုပင်
နောက်ဆုံး စကားစရန် လမ်းလျှောက်နေတာကိုရပ်လိုက်တော့ မင်းခန့်ကလည်းလိုက်ရပ်သည်
ကျွန်တော်မင်းခန့်ကိုကြည့်လိုက်သည်
"မင်းခန့် ငါ့…"
ကျွန်တော့စကားလေထဲမှာပင်ရပ်သွားတော့သည်
ရုတ်တရက်ဆွဲဖက်လိုက်သောမင်းခန့်…
ကျွန်တော့်လည်ပင်းကို
ထိခတ်နေသော မင်းခန့်ရဲ့လေငွေ့နွေးနွေးကြောင့်
အသက်ပင်ရဲရဲမရှု ရဲ…
ခုဘယ်လိုအခြေအနေကြီးလဲ
မင်းခန့်ကကျွန်တော့်ကို
ဖက်ထားတယ်
ဘာလို့လဲ?
ကျွန်တော်ကရော
ဘာလုပ်ရမည်လဲ
ပြန်ဖက်သင့်လား
မင်းခန့်ကို ဖက်ရန် ကျွန်တော့်လက်ကို
မြောက်ပြီးမှ ပြန်ချထားမိသည်
မင်းခန့်ကိုယ်က နွေးထွေးတယ်
အကယ်၍ အခုအကြိမ်သည်လည်း
မျှော်လင့်ချက် အမှားဆိုရင်
ကျွန်တော်ကလည်း
အဲ့အမှားကိုပဲ ကျေကျေနပ်နပ်ကြီး
လက်ခံနေမိသည်
ညသည် တိတ်ဆိတ်လွန်းသည်
ကောင်းကင်သည်် ကြယ်လေးများဖြင့်
တောက်ပနေသည်
ထိုကောင်းကင်အောက်
မီးရောင်မှိန်ပြပြနှင့်
လမ်းလေးတစ်ခုထဲတွင် ကောင်လေးတစ်ယောက်က
နောက်ကောင်လေးတစ်ယောက်ကိုဖက်ထားခဲ့သည်