White Rabbit

By hztttns

5K 501 45

Hun×Ho (Yaoi) More

part - 1
Part - 3
part - 4

Part - 2

1K 115 10
By hztttns

Oh... ဒါလေးက Kim Kai ရဲ့ ညီမလေးတဲ့လား...

ဖြူဖွေးနုနေတဲ့ အသားရေလေးက... ဝတ်ထားတဲ့ အနီရဲရဲလေးနဲ့ လိုက်ဖက်လွန်းတော့... အရောင်တွေပါ တောက်နေသလို...

သူ့ကို ကြည့်မနေဘဲ... ခေါင်းလေးကို ငုံ့ထားပေမယ့်... ပန်းနုရောင် နှုတ်ခမ်းပါးလေးကတော့... အလိုမကျဘူးထင်ပါရဲ့... ပွစိ ပွစိနဲ့...

" Ah... "

Oh Sehun တစ်ယောက်... ကြည့်နေရင်းကပင် အသည်းယားစွာ... အာမေဋိတ်တစ်ချက်တောင် ထွက်သွားမိတယ်!!

ဒါလေးက တစ်ကယ် ဘာလေးပါလိမ့်!!

" အဟမ်းး "

ချောင်းတစ်ချက်ကို ဟန့်လိုက်တော့မှ... ခေါင်းလေးကို မရဲတရဲ မော့ကြည့်လာတဲ့ သူ့ရှေ့က ဟာလေးက သိပ်ကို အသည်းယားဖို့ ကောင်းလွန်းနေတာပါ...

" တွေ့... တွေ့ရတာ ဝမ်းသာပါတယ်... "

" ok!! ဒီနေ့အတွက် မင်း ဘာလုပ်ရမယ်ဆိုတာကို... သိပါတယ်နော် "

ပြုံးစိစိ ဖြစ်ချင်နေသောစိတ်ကို ပြန်ထိန်းထားလိုက်ပြီး... စကားစပြောလိုက်တော့... မျက်လုံး ဝိုင်းဝိုင်းလေးတွေနဲ့ လာကြည့်နေပြန်တယ်!!!

" nae... Jun သိပါတယ်... "

hyung က သေချာမှာထားလိုက်တာမို့... သူ့တာဝန်ကို သူသိနေပါတယ်... တစ်ခုပဲ...
ဒီ oh sehun ဆိုတဲ့ လူဟာ ဘယ်လို ညှို့အားတွေများ ပိုင်ဆိုင်ထားသလဲ ဆိုတာ...

Jun ကို အပေါက်ဝကနေ လာခေါ်တဲ့ လူနှစ်ယောက်ရဲ့... boss ဆိုတဲ့ အသံကို ကြားပြီးကတည်းက... jun ခေါင်းကို ငုံ့ထားလိုက်မိတာ...
သူ့ဘက်က စကားစပြောမှပဲ... မျက်နှာကို မော့ကြည့်မိတော့... အနက်ရောင်တောက်တောက် အနောက်တိုင်း ဝတ်စုံနဲ့ တစ်ကယ်ကို လူကြီးလူကောင်းတစ်ယောက်ပုံ ပေါက်လွန်းနေတဲ့ oh sehun ကို တွေ့လိုက်မိတော့... jun တစ်ယောက် ဘာပြောရမှန်းကို မသိအောင်...

ထူထဲလွန်းတဲ့ မျက်ခုံးနက်နှစ်ဖက်ကို... အနည်းငယ်တွန့်ချိုးထားပြီး... ဆံပင် ခပ်တိုတို နက်နက်တွေကို... သပ်ရပ်စွာ လှန်တင်ထားပြန်တော့... ပိုလို့တောင် လူကြီးပုံပေါက်နေပြန်တယ်... ဒါပေမယ့်... ရှည်လျားလွန်းတဲ့ မေးရိုးကလဲ အထောက်အကူပေးတယ် ထင်ပါရဲ့... သိပ်ကိုလဲ ချောလွန်းနေပါတယ်...!!

Jun တစ်ယောက် အတွေးတွေလွန်ရင်း... သူ့ မျက်နှာ ချောချောကို သတ်လက်လွတ် ငေးကြည့်နေမိတာ... ကြာသွားခဲ့တယ် ထင်ပါရဲ့...

သူ့နှုတ်ခမ်းထောင့်လေး တစ်ချက် တွန့်သွားတာကို သတိထားလိုက်မိတယ်...!!

ဟင်... ဒါ... အခု jun ကိုလှောင်တာလား...

Jun လဲ အဲ့တော့မှ... အခုလက်ရှိ သူ့ရဲ့ ပုံကို သတိပြန်ရသွားပြီး... သူ့အကျင့်အတိုင်း... မျက်နှာလေးကို ဆူပွပွ ခပ်မာမာလေး လုပ်လိုက်ကာ...

" ဒီမှာ... jun အလုပ်ကို jun လုပ်ပြီနော်... "

ပြောပြီးတာနဲ့ ရှေ့က oh sehun ဆိုတဲ့ အနှီလူသားရဲ့ လက်မောင်းကို ကောက်ချိတ်ပစ်လိုက်တယ်...

" ကဲ လာလေ... ဧည့်သည်တွေကို သွားဧည့်ခံကြမယ်လေ Hun "

ခပ်ရွဲ့ရွဲ့ပြောလိုက်တာမို့... အနည်းငယ် မာသွားပေမယ့်... အသံကို ပြန်သတိထားလိုက်ရသေးတယ်...

ပြီးတော့ ဝတ်ထားတဲ့ ဂါဝန် အနီရဲရဲလေးကို အနည်းငယ် မ ယူလိုက်ကာ... oh sehun နဲ့ ဘေးချင်းကပ်ယှဉ်ရပ်လိုက်တယ်...!!

Oh Sehun တစ်ယောက်ကတော့... သူ့ လက်မောင်းကို ပိုင်စိုး ပိုင်နင်း လာချိတ်ပြီး... ကျန်တဲ့ လက်တစ်ဖက်က သူ့ရဲ့ ဂုတ်နားဝဲနေတဲ့ မဟော်ဂနီရောင် ဆံပင် တောက်တောက်ကလေးတွေကို အနည်းငယ် သပ်လိုက်ပြီး... ဂါဝန်လေးကို မကာ သူမ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ ပုံလေးနဲ့ လူကို လာရွဲ့နေတဲ့ ကလေးမလေးဟာလေ...

Oh Sehun ဆိုတဲ့ သူလိုလူကို... ဒီလို ရဲရဲတင်းတင်း ဆက်ဆံရဲတဲ့ ဒီကလေးမ... တစ်ကယ် မလွယ်ကြောလေး...

" HaHa "

" ဘာရယ်တာလဲ 😒 "

" ဘာမှ မဟုတ်ရပါဘူး jun ရယ်... ကဲ... လာ သွားကြစို့... "

ဒါ ပထမဆုံးအကြိမ် oh sehun ဆိုတဲ့ သူ့ဘဝမှာ... သူစိမ်း တစ်ယောက်ကို... စိတ်ရှည်သည်းခံစွာ... ချော့မော့ ပြောဖူးခြင်းပါပဲ!!

ဘာဖြစ်သွားသလဲ... သူကိုယ်တိုက်တောင် မသိပေမယ့်... ဒီလို Kai ရှာပေးတဲ့... သူ့ရဲ့ ညီဆိုတဲ့... ပွဲတက် ရည်းစားလေးကို... သူ ဆိုတဲ့ oh sehun ကချော့နေမိတာလေ...

~~~

Jun ပွဲတစ်ခုလုံးကို oh sehun လကက်ကို ချိတ်ရင်း... လိုက်နှုတ်ဆက်နေရတာ... နည်းနည်းတောင် ကိုယ့်ကိုယ်ကို မြောက်ချင်လာသလိုလို...!!

Oh sehun ကျင်းပတဲ့ party ဆိုတာ မှန်ပေမယ့်... လိုက်နှုတ်ဆက်နေသမျှက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ၊ အနာပညာလောကက celebrities တွေကြီးသာ... ပြီးတော့ jun ကို မြင်လိုက်တဲ့... မိန်းကလေး တော်တော်များများနဲ့ ယောကျာ်းလေး အချို့ဟာ... ကမ္ဘာပေါ်က ကံအကောင်းဆုံး လူသားတစ်ယောက်လို jun ကို ကြည့်နေကြတာလေ...

ပြီးတော့ လူတွေရှေ့ရောက်တိုင်း... oh sehun ဆီက ရတဲ့ ဂရုစိုက်မှုဆိုတာတွေကလဲ... ဟန်ဆောင်နေမှန်း သိတာတောင်... ကျေကျေနပ်နပ်ခံယူနေမိသလို jun ဟာ... သူ့ရဲ့ ရည်းစားအဖြစ် ဒီည party တစ်ခုစာ ဟန်ဆောင်ပေးဖို့ ရောက်လာတဲ့ ကောင်မလေး တစ်ယောက်ဆိုတဲ့ အဖြစ်မှန်ကို ခနခန မေ့သွားစေတဲ့အထိ...!!

အာ... ဟုတ်သား... မေ့လို့ မဖြစ်ဘူးနော်... Jun က oh sehun အတွက် ဒီ party တစ်ခုစာ ခနတွဲပြဖို့... ပွဲတက်ရည်းစား ငှါးပေးထားတာကို... အဲ့သည် ငှါးထားတဲ့ ကောင်မလေးက ပျောက်နေလို့... hyung ကို oh sehun တစ်ခုခုလုပ်လိုက်မှာ စိုးတာကြောင့်... အဲ့သည် ကောင်မလေးအစား ဟန်လာဆောင်ပေးနေရတဲ့ ကောင်လေးတစ်ယောက်ပဲဟာကို...!!

" jun လာလေ "

အော်!! အတွေးတွေ လွန်နေပါတယ်ဆို!! ခပ်ပြုံးပြုံးလုပ်ရင်း အချိုသာဆုံး ခေါ်လိုက်တဲ့ oh sehun ရဲ့ အသံလေးကြောင့်... jun တစ်ယောက် အလှဆုံး ပြန်ပြုံးပြရင်း oh sehun လက်မောင်းကို ချိတ်လိုက်ပြီး ပါသွားရပြန်ပြီ!!

တော်ပါပြီလေ... ဒီတစ်ညတော့... Tao ရဲ့ ဖန်တီးမှုအရ... ဆံပင် ဂုတ်ဝဲလေးကို... စိန်လေးတွေစီထားတဲ့ ဘီးကုပ်လေးတပ်ထားတဲ့ ဂါဝန်နီနီလေးနဲ့ အရမ်းလှနှေတဲ့... မိန်းကလေး တစ်ယောက်အဖြစ် oh sehun ရဲ့ ဂရုစိုက်မှုတွေကို ခံယူလိုက်ပါအုံးမယ်!!

~~~

အကျင့်အတိုင်း... မနက် ၈နာရီထိုးတာနဲ့... နိုးလာတတ်တဲ့ အကျင့်အရ... အိပ်ယာက ထလိုက်ပြီး... ရေချိုးခန်းထဲဝင် ရေချိုး သန့်စင်ပြီး... အဝတ်စားလဲလိုက်တယ်...

ပြီးတော့... မှန်တံခါးကြီးတွေကို ကာရံထားတဲ့... လိုက်ကာစကြီးတွေကို ဘေးနှစ်ဖက်စီ ဆွဲကပ်လိုက်ပြီး... sofa ပေါ်မှာ ထိုင်လိုက်ကာ... အောက်ထပ်က မနက်စာကို လှမ်းမှာလိုက်တယ်...!!

coffee လေးကို တစ်ငုံသောက်လိုက်ရင်း... ကုတင်ပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ့ဖြစ်တဲ့... ယုန်ဖြူလေးကို ငေးကြည့်လိုက်မိတယ်...

" 😀 "

ဟင်...!! ငါအခု ပြုံးလိုက်မိတာလား...!!

သူ့ဘာသာ တွေးရင်း... ပြုံးနေမိပြန်တဲ့ oh sehun တစ်ယောက်ကတော့ သူ့ကိုယ်သူ သိပ်ကို အံ့ဩနေပြန်မှာပါလေ... သူ့လို အမြဲတမ်း မျက်နှာတည်နဲ့ပဲ နေတတ်တဲ့သူက အခု ဒီယုန်လေးနဲ့ကျမှ... တစ်ချိန်လုံး... ပြုံးချင်နေမိပြန်တော့တာကိုးးး

သူ့ဘာသာ ပြုံးနေရင်း ကုတင်ပေါ်က ယုန်ဖြူလေး လှုပ်လာပြီမို့... မျက်နှာကို ချက်ချင်း ပြန်တည်လိုက်ကာ... ဘေးနားက ဖုန်းကိုပါ ကောက်ဖွင့်လိုက်ပြီး... သတင်းတွေ ကြည့်နေဟန် ဆောင်ထားလိုက်တယ်...!!

~~~

Jun တစ်ယောက် အိပ်ယာကနိုးလာတော့... အရင်နေ့တွေနဲ့ မတူဘဲ... ထူးခြားနေတဲ့... အိပ်ခန်းရဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး... လန့်သွားမိတယ်...

သူ့ကိုယ်သူ ပြန်ကြည့်မိတော့လဲ... အောက်ခံဝတ်တဲ့ ကြိုးတစ်ချောင်း အင်္ကျီအပါးလေးနဲ့သာ...

အဲ့တော့... ပိုလန့်သွားမိပြီး... ကုတင်ဘေးခပ်လှမ်းလှမ်းက sofa ပေါ်ကိုအကြည့်ရောက်သွားမိတော့...

မြင်လိုက်ရတာက... Oh... Oh Sehun!!

ဘုရားရေ 😳😳😳

အခု... အခု အခြေအနေကြီးက...

" Arrrr "

Oh sehun တစ်ယောက် နားကိုတောင် ပိတ်ထားလိုက်မိသည် ထင်ပါရဲ့....

ပြဲလိုက်တဲ့ အသံဆိုတာ 😥
.
.
.
TBC

#sofia

Continue Reading

You'll Also Like

18.2K 3K 23
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
157K 24.1K 18
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
28.6K 2.7K 18
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
573K 110K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!