(Zawgyi)
Soul contract ( The First Contract)
"ကမာၻ႔နံပါတ္ ၁ ေရွ႕ျဖစ္ေဟာစာတမ္း "
ဆိုင္းဘုတ္ကေတာ့ ကမာၻနဲ႔ခ်ီၿပီး ႀကီးက်ယ္သည္။ ေဟာစားသည့္လူကို ၾကည့္လိုက္ေတာ့ တစ္ခုခုလြဲေနသေယာင္ ။ မ်က္လံုးမွာက မ်က္ေခ်းနဲ႔ ။ တဝါးဝါးသမ္းေနသည္က အဆက္မျပတ္။ လာအဖတ္လုပ္ၿပီး ေမးတဲ့သူကလည္း တစ္ေနကုန္မွ တစ္ေယာက္ႏွစ္ေယာက္ထက္ မပို။
ယန္မ်ိဳးႏြယ္ရဲ႕ ေရွ႕ျဖစ္ေဟာသည့္ ပညာဟာ အစဥ္အဆက္ႀကီးမားခန္႔ထည္ခဲ့သေလာက္ ယန္က်င္းဟြာဆိုေသာ ေနာက္ဆံုးမ်ိဳးဆက္ သူ႔လက္ထက္တြင္ အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ရသည္။
ေရွ႕ျဖစ္ေဟာတဲ့ ေငြေလးနဲ႔ မေလာက္ငွသည့္အခါ ညေနပိုင္းေတြက် စက္ပစၥည္းအယုိအယြင္းေတြကို ျပဳျပင္တဲ့အလုပ္လုပ္ေသးသည္။ လိုအပ္တဲ့ပစၥည္းေတြကို ဝယ္ဖို႔ကလည္း မဆင္မေျပတဲ့အခါ ညဘက္ေတြမွာ စက္ပစၥည္းအေဟာင္းေတြ စြန္႔ပစ္တဲ့ေနရာမွာ သြားၿပီးေမႊေႏွာက္ရွာေဖြသည္။
တစ္ည ...
ယန္က်င္းဟြာတစ္ေယာက္ ေမွာင္ေမွာင္မဲမဲထဲမွာ ဓာတ္မီးတစ္လက္နဲ႔ ဟိုေမႊဒီေမႊရွာေနတုန္း တစ္ဖက္က အလင္းတန္းေတြ ျဖာခနဲထြက္လာသည္။
စပ္စုလိုစိတ္က ေမြးရာပါ ဗီဇျဖစ္ျခင္းေၾကာင့္ အကြယ္ေလးကေန ေခ်ာင္းၾကည့္လိုက္ေသာအခါ သူ႔ထက္ ေတာ္ေတာ္ငယ္ပံုေပၚေသးသည့္ လူငယ္တစ္ေယာက္ႏွင့္ ဂါဝန္အနီကားကားေလး ဝတ္ထားေသာ ကေလးမေလးတို႔ တိုက္ခိုက္ေနၾကသည့္ ဇာတ္ဝင္ခန္းရိုက္ကူးေရးကို သူျမင္လိုက္သည္။
"Woah ... ရိုက္ကြင္းက အဆင့္ျမင့္လွခ်ည္လား...ဘယ္လို Effect ေတြသုံးထားလို႔ ဒီေလာက္အသက္ဝင္ေနပါလိမ့္ ... ဒါနဲ႔ ရိုက္ကြင္းသာေျပာတယ္ တျခားစက္အဖြဲ႔လည္း မေတြ႔ပါလား"
ယန္က်င္းဟြာတစ္ေယာက္တည္း ေတြးခ်င္ရာေတြး ေျပာခ်င္ရာေျပာေနစဥ္ -
"ေသစမ္း! လာဝင္ရႈပ္ခ်င္ဦး လူသားအမိႈက္စုတ္ ! "
သူ ကေလးမေလးလို႔ သတ္မွတ္ထားေသာ ေကာင္မေလးရဲ႕ လက္ႏွစ္ဖက္ဆီက နီညိဳေရာင္ အခိုးအေငြ႔တန္းက သူ႔ဆီကို ရုတ္တရက္ေျပးဝင္လာသည္။
တကယ့္ရုတ္တရက္မို႔ ယန္က်င္းဟြာ အထိတ္တလန္႔နဲ႔ မ်က္လံုးအစံုကို မိွတ္ကာႏႈတ္က တစ္စုံတစ္ရာကို ရြတ္လိုက္သည္။
တေအာင့္ေလာက္ၾကာသည့္တိုင္ ဘာမွထူးထူးျခားျခားျဖစ္မလာေတာ့ မွိတ္ထားသည့္မ်က္လံုးအစံုကို ဖြင့္ၾကည့္လိုက္ရာ ခုနက ကေလးမေပ်ာက္ကြယ္သြားၿပီ ျဖစ္သည္။
သူ အခုမွ သက္ျပင္းခ်ႏိုင္ေတာ့သည္။
"လခြမ္း ... တကယ္ေဆာ္တာဟ ... ရိုက္ကြင္းမွ မဟုတ္တာ "
ဒါ သူထင္သလို ရိုက္ကြင္းမဟုတ္ေတာ့ ... မေကာင္းဆိုးဝါးဝိဉာဥ္မ်ားပင္ ျဖစ္သည္ဟု သူသိလိုက္သည္။ သူရြတ္လိုက္ေသာ မႏၲာန္ေၾကာင့္ ထြက္ေျပးသြားတာျဖစ္မည္ဟု ေတြးကာေကာက္ခ်က္ခ်ရင္း ဘဝင္ျမင့္စြာျဖင့္ ပုန္းေအာင္းေနရာမွ အထြက္ သူ႔ေနာက္တြင္ တစ္စံုတစ္ေယာက္ ေရာက္ရွိေနသည္ကို သိလိုက္သည္။
ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ လွည့္အၾကည့္မွာေတာ့ ခုနက လူငယ္ ...။
"မင္း ဘယ္သူလဲ...ဘာလဲ"
အနီးကပ္ၾကည့္ေတာ့ ပိုေခ်ာသည္။ မ်က္လံုးအၾကည့္ေတြက စူးရွျပတ္သားေနၿပီး ႏွာတံကလည္း ေျပျပစ္စင္းေနသည္။ နီရဲေသာ ႏႈတ္ခမ္းသားအစံုက ေသသပ္စြာလွပေနသည္။ နဖူးထက္ဝဲက်ေနေသာ ေငြေရာင္ဆံစေတြနဲ႔ ေတာ္ေတာ္ကို ဆြဲေဆာင္မႈရွိသည္။ တစ္ခြန္းတည္း ေျပာရရင္ ေတာ္ေတာ္ေလးကို ေခ်ာပါသည္။
"ဟိတ္ ! ငါေမးေနတာ မၾကားဘူးလား !! မင္း ဘယ္သူလဲ ဘာလဲလို႔ ေမးေနတယ္ေလ "
အိုး ... အသံကလည္း ေတာ္ေတာ္ၾသဇာေညာင္းသည္ ။
ဒါေပမယ့္ ဒီအသံၾသဇာထဲမွာ သူသာယာမေနႏိုင္ ။ ခုနက ဘာမွန္းမသိေသာ ျဖစ္ရပ္ႀကီးရဲ႕ မ်က္ျမင္သက္ေသျဖစ္ေနျခင္းက သူ႔အတြက္ ဒုကၡလွလွကို
ဆိုက္ေရာက္ေတာ့မည့္ကိန္းျဖစ္သည္။
"မင္းခုနက ငါတို႔ကို ျမင္လိုက္တယ္ မဟုတ္လား..."
"ဟုတ္ ...ဟုတ္ ...ဟုတ္တယ္ ... က် ...ကြ်န္ေတာ္တို႔က Exorcist မ်ိဳးရိုးဆိုေတာ့ ...ဟို ... ျမင္ရတယ္ေလ ... ခုနကလည္း ကြ်န္ေတာ္ဂါထာရြတ္လိုက္လို႔ ထြက္ေျပးသြားတာ မဟုတ္လား"
သူ႔စကားကို နားေထာင္ၿပီးေတာ့လည္း ထိုလူငယ္ရဲ႕ မ်က္ႏွာမွာ ဘာေျပာင္းလဲမႈမွ မရွိ။ လူမွဟုတ္ရဲ႕လားေတာင္ ေတြးၾကည့္မိသည္။ ထိုလူငယ္ကပဲ မ်က္ႏွာေသနဲ႔ ဆက္ေျပာသည္။
"ယန္မင္းသခင္ ဆိုတာေရာ ၾကားဖူးလား .. လူပိန္းနားလည္ေအာင္ေျပာရင္ေတာ့ သူလည္း Exorcist ပဲ ... ဒါေပမယ့္ သာမန္ေတာ့ မဟုတ္ဘူး ... ေတာ္ပါၿပီ ရွင္းျပလည္း မင္းနားလည္မွာ မဟုတ္ပါဘူး"
'အမ္ ... သူကျဖင့္ ေသခ်ာရွင္းမျပတတ္ပဲနဲ႔ ငါ့ကို တစ္ျပန္ႀကီး စြပ္စြဲသြားေသးတယ္ '
"ဒီကိစၥ ဘယ္သူ႔ကိုမွ ျပန္မေျပာနဲ႔ ၾကားလား "
ေအးစက္စက္ သူ႔စကားသံေၾကာင့္ ယန္က်င္းဟြာ ၾကက္သီးေမြးညင္းထသြားသည္။
"မေျပာပါဘူး ခင္ဗ် "
စကားကို ျမန္ျမန္ျဖတ္ၿပီး လစ္ထြက္လာခဲ့၏ ။ ၾကာၾကာေနရင္ သူ႔အတြက္ေကာင္းတာ တစ္ကြက္ေလးမွ မရွိႏိုင္။
"က်န္ေသးတယ္ "
"ဘာ... ဘာလဲ ...မ ...မသိဘူး "
တုန္တုန္ယင္ယင္နဲ႔ လွည့္ၾကည့္လိုက္သည္။ ဒီလူရဲ႕ မ်က္ႏွာေသနဲ႔ အသက္မပါ ခံစားခ်က္မပါတဲ့ စကားလံုးေတြက ဘာလို႔ သူ႔အေပၚ ဒီေလာက္လႊမ္းမိုးႏိုင္ရတာလဲ ...။
"ခုနက မင္းဂါထာရြတ္လို႔ ေျပးတာမဟုတ္ဘူး ...မင္းကို တိုက္ခိုက္တာ ငါၾကားကေန တားလိုက္လို႔ မင္းမေသတာ "
"ဟုတ္ ...ေက်းဇူးတင္ပါတယ္ ...သြားလိုက္ပါဦးမယ္ေနာ္ "
ဒီတစ္ခါေတာ့ တခ်ိဳးတည္းကို ေျပးထြက္သြားေတာ့သည္။ ထပ္ေခၚၿပီး မအူမလည္လက္ခ်ာေတြ ထပ္ရိုက္ေနရင္ ဒုကၡ...။
"ခဏ ... မင္း နာမည္ေျပာသြားဦး"
ၿပီးႏိုင္သည္မရွိေသာ ေမးခြန္းမ်ားေၾကာင့္ ယန္က်င္းဟြာမွာ ေၾကာက္သည့္ၾကားကပင္ စိတ္တိုလာသည္။ သို႔တိုင္ ေလသံမျမွင့္ရဲရွာ …
"ယန္ ... ယန္က်င္းဟြာပါ "
"ယန္က်င္းဟြာတဲ့လား ... ေကာင္းၿပီ ဒီနာမည္ကို ငါမွတ္ထားလိုက္မယ္"
အျပန္လမ္းမွာေတာ့ ေရာက္ရာေပါက္ရာေတြးရင္း ပတ္ဝန္းက်င္ကို သတိမျပဳပဲ လမ္းေလွ်ာက္လာသည္။
"ေၾသာ္ ... လူအခ်င္းအတူတူ... Exorcist ခ်င္း အတူတူေတာင္မွ ကြာျခားလိုက္တာ ... သူ႔မွာေတာ့ ရုပ္ရည္နဲ႔ အရည္အခ်င္းနဲ႔ စည္းစိမ္န႔ဲ ... ငါ့မွာေတာ့ ...... "
"အလုပ္မရွိ ...ကားမရွိ ...အိမ္မရွိ ...ယူစရာ မိန္းမကလည္းမရွိ "
"မိုးနတ္မင္းႀကီးမ်ား သနားၿပီး ကံေကာင္းေစမယ့္ အခြင့္အေရးေလး ေပးရင္ သိပ္ေကာင္းမွာပဲ "
သူ အေတြးကမာၻထဲမွာ ဗ်ာမ်ားေနစဥ္ 'ကြ်ီ ' ခနဲ ကားဘရိတ္သံအက်ယ္ႀကီး သူ႔ေနာက္ေက်ာဘက္က ၾကားလိုက္ရသည္။ လူသြားလမ္းေပၚမွာ ေလွ်ာက္ေနတာမို႔ အႏၱရာယ္ကင္းသည္ဟု ယူဆကာ ေအးေအးေဆးေဆးပင္ အသံလာရာကို စပ္စုလိုစိတ္ျဖင့္ လွည့္ၾကည့္လိုက္သည္။
ထိုစဥ္ သူ႔မ်က္လုံးထဲကို ကားမီးက စူးကနဲထိုးဝင္လာသည္။
အဲ့ဒါက သူေနာက္ဆံုးမွတ္မိလိုက္တဲ့ အေၾကာင္းအရာ တစ္ခု ...။
***********
TBC ~~
Original author ; Ping Zi
Translation credit to @spideronthewindow via tumblr
(Unicode)
Soul contract ( The First Contract)
"ကမ္ဘာ့နံပါတ် ၁ ရှေ့ဖြစ်ဟောစာတမ်း "
ဆိုင်းဘုတ်ကတော့ ကမ္ဘာနဲ့ချီပြီး ကြီးကျယ်သည်။ ဟောစားသည့်လူကို ကြည့်လိုက်တော့ တစ်ခုခုလွဲနေသယောင် ။ မျက်လုံးမှာက မျက်ချေးနဲ့ ။ တဝါးဝါးသမ်းနေသည်က အဆက်မပြတ်။ လာအဖတ်လုပ်ပြီး မေးတဲ့သူကလည်း တစ်နေကုန်မှ တစ်ယောက်နှစ်ယောက်ထက် မပို။
ယန်မျိုးနွယ်ရဲ့ ရှေ့ဖြစ်ဟောသည့် ပညာဟာ အစဉ်အဆက်ကြီးမားခန့်ထည်ခဲ့သလောက် ယန်ကျင်းဟွာဆိုသော နောက်ဆုံးမျိုးဆက် သူ့လက်ထက်တွင် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရသည်။
ရှေ့ဖြစ်ဟောတဲ့ ငွေလေးနဲ့ မလောက်ငှသည့်အခါ ညနေပိုင်းတွေကျ စက်ပစ္စည်းအယိုအယွင်းတွေကို ပြုပြင်တဲ့အလုပ်လုပ်သေးသည်။ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ဖို့ကလည်း မဆင်မပြေတဲ့အခါ ညဘက်တွေမှာ စက်ပစ္စည်းအဟောင်းတွေ စွန့်ပစ်တဲ့နေရာမှာ သွားပြီးမွှေနှောက်ရှာဖွေသည်။
တစ်ည ...
ယန်ကျင်းဟွာတစ်ယောက် မှောင်မှောင်မဲမဲထဲမှာ ဓာတ်မီးတစ်လက်နဲ့ ဟိုမွှေဒီမွှေရှာနေတုန်း တစ်ဖက်က အလင်းတန်းတွေ ဖြာခနဲထွက်လာသည်။
စပ်စုလိုစိတ်က မွေးရာပါ ဗီဇဖြစ်ခြင်းကြောင့် အကွယ်လေးကနေ ချောင်းကြည့်လိုက်သောအခါ သူ့ထက် တော်တော်ငယ်ပုံပေါ်သေးသည့် လူငယ်တစ်ယောက်နှင့် ဂါဝန်အနီကားကားလေး ဝတ်ထားသော ကလေးမလေးတို့ တိုက်ခိုက်နေကြသည့် ဇာတ်ဝင်ခန်းရိုက်ကူးရေးကို သူမြင်လိုက်သည်။
"Woah ... ရိုက်ကွင်းက အဆင့်မြင့်လှချည်လား...ဘယ်လို Effect တွေသုံးထားလို့ ဒီလောက်အသက်ဝင်နေပါလိမ့် ... ဒါနဲ့ ရိုက်ကွင်းသာပြောတယ် တခြားစက်အဖွဲ့လည်း မတွေ့ပါလား"
ယန်ကျင်းဟွာတစ်ယောက်တည်း တွေးချင်ရာတွေး ပြောချင်ရာပြောနေစဉ် -
"သေစမ်း! လာဝင်ရှုပ်ချင်ဦး လူသားအမှိုက်စုတ် ! "
သူ ကလေးမလေးလို့ သတ်မှတ်ထားသော ကောင်မလေးရဲ့ လက်နှစ်ဖက်ဆီက နီညိုရောင် အခိုးအငွေ့တန်းက သူ့ဆီကို ရုတ်တရက်ပြေးဝင်လာသည်။
တကယ့်ရုတ်တရက်မို့ ယန်ကျင်းဟွာ အထိတ်တလန့်နဲ့ မျက်လုံးအစုံကို မှိတ်ကာနှုတ်က တစ်စုံတစ်ရာကို ရွတ်လိုက်သည်။
တအောင့်လောက်ကြာသည့်တိုင် ဘာမှထူးထူးခြားခြားဖြစ်မလာတော့ မှိတ်ထားသည့်မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်ရာ ခုနက ကလေးမပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူ အခုမှ သက်ပြင်းချနိုင်တော့သည်။
"လခွမ်း ... တကယ်ဆော်တာဟ ... ရိုက်ကွင်းမှ မဟုတ်တာ "
ဒါ သူထင်သလို ရိုက်ကွင်းမဟုတ်တော့ ... မကောင်းဆိုးဝါးဝိဉာဉ်များပင် ဖြစ်သည်ဟု သူသိလိုက်သည်။ သူရွတ်လိုက်သော မန္တာန်ကြောင့် ထွက်ပြေးသွားတာဖြစ်မည်ဟု တွေးကာကောက်ချက်ချရင်း ဘဝင်မြင့်စွာဖြင့် ပုန်းအောင်းနေရာမှ အထွက် သူ့နောက်တွင် တစ်စုံတစ်ယောက် ရောက်ရှိနေသည်ကို သိလိုက်သည်။
ကြောက်ကြောက်လန့်လန့်နဲ့ လှည့်အကြည့်မှာတော့ ခုနက လူငယ် ...။
"မင်း ဘယ်သူလဲ...ဘာလဲ"
အနီးကပ်ကြည့်တော့ ပိုချောသည်။ မျက်လုံးအကြည့်တွေက စူးရှပြတ်သားနေပြီး နှာတံကလည်း ပြေပြစ်စင်းနေသည်။ နီရဲသော နှုတ်ခမ်းသားအစုံက သေသပ်စွာလှပနေသည်။ နဖူးထက်ဝဲကျနေသော ငွေရောင်ဆံစတွေနဲ့ တော်တော်ကို ဆွဲဆောင်မှုရှိသည်။ တစ်ခွန်းတည်း ပြောရရင် တော်တော်လေးကို ချောပါသည်။
"ဟိတ် ! ငါမေးနေတာ မကြားဘူးလား !! မင်း ဘယ်သူလဲ ဘာလဲလို့ မေးနေတယ်လေ "
အိုး ... အသံကလည်း တော်တော်သြဇာညောင်းသည် ။
ဒါပေမယ့် ဒီအသံသြဇာထဲမှာ သူသာယာမနေနိုင် ။ ခုနက ဘာမှန်းမသိသော ဖြစ်ရပ်ကြီးရဲ့ မျက်မြင်သက်သေဖြစ်နေခြင်းက သူ့အတွက် ဒုက္ခလှလှကို
ဆိုက်ရောက်တော့မည့်ကိန်းဖြစ်သည်။
"မင်းခုနက ငါတို့ကို မြင်လိုက်တယ် မဟုတ်လား..."
"ဟုတ် ...ဟုတ် ...ဟုတ်တယ် ... ကျ ...ကျွန်တော်တို့က Exorcist မျိုးရိုးဆိုတော့ ...ဟို ... မြင်ရတယ်လေ ... ခုနကလည်း ကျွန်တော်ဂါထာရွတ်လိုက်လို့ ထွက်ပြေးသွားတာ မဟုတ်လား"
သူ့စကားကို နားထောင်ပြီးတော့လည်း ထိုလူငယ်ရဲ့ မျက်နှာမှာ ဘာပြောင်းလဲမှုမှ မရှိ။ လူမှဟုတ်ရဲ့လားတောင် တွေးကြည့်မိသည်။ ထိုလူငယ်ကပဲ မျက်နှာသေနဲ့ ဆက်ပြောသည်။
"ယန်မင်းသခင် ဆိုတာရော ကြားဖူးလား .. လူပိန်းနားလည်အောင်ပြောရင်တော့ သူလည်း Exorcist ပဲ ... ဒါပေမယ့် သာမန်တော့ မဟုတ်ဘူး ... တော်ပါပြီ ရှင်းပြလည်း မင်းနားလည်မှာ မဟုတ်ပါဘူး"
'အမ် ... သူကဖြင့် သေချာရှင်းမပြတတ်ပဲနဲ့ ငါ့ကို တစ်ပြန်ကြီး စွပ်စွဲသွားသေးတယ် '
"ဒီကိစ္စ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့ ကြားလား "
အေးစက်စက် သူ့စကားသံကြောင့် ယန်ကျင်းဟွာ ကြက်သီးမွေးညင်းထသွားသည်။
"မပြောပါဘူး ခင်ဗျ "
စကားကို မြန်မြန်ဖြတ်ပြီး လစ်ထွက်လာခဲ့၏ ။ ကြာကြာနေရင် သူ့အတွက်ကောင်းတာ တစ်ကွက်လေးမှ မရှိနိုင်။
"ကျန်သေးတယ် "
"ဘာ... ဘာလဲ ...မ ...မသိဘူး "
တုန်တုန်ယင်ယင်နဲ့ လှည့်ကြည့်လိုက်သည်။ ဒီလူရဲ့ မျက်နှာသေနဲ့ အသက်မပါ ခံစားချက်မပါတဲ့ စကားလုံးတွေက ဘာလို့ သူ့အပေါ် ဒီလောက်လွှမ်းမိုးနိုင်ရတာလဲ ...။
"ခုနက မင်းဂါထာရွတ်လို့ ပြေးတာမဟုတ်ဘူး ...မင်းကို တိုက်ခိုက်တာ ငါကြားကနေ တားလိုက်လို့ မင်းမသေတာ "
"ဟုတ် ...ကျေးဇူးတင်ပါတယ် ...သွားလိုက်ပါဦးမယ်နော် "
ဒီတစ်ခါတော့ တချိုးတည်းကို ပြေးထွက်သွားတော့သည်။ ထပ်ခေါ်ပြီး မအူမလည်လက်ချာတွေ ထပ်ရိုက်နေရင် ဒုက္ခ...။
"ခဏ ... မင်း နာမည်ပြောသွားဦး"
ပြီးနိုင်သည်မရှိသော မေးခွန်းများကြောင့် ယန်ကျင်းဟွာမှာ ကြောက်သည့်ကြားကပင် စိတ်တိုလာသည်။ သို့တိုင် လေသံမမြှင့်ရဲရှာ …
"ယန် ... ယန်ကျင်းဟွာပါ "
"ယန်ကျင်းဟွာတဲ့လား ... ကောင်းပြီ ဒီနာမည်ကို ငါမှတ်ထားလိုက်မယ်"
အပြန်လမ်းမှာတော့ ရောက်ရာပေါက်ရာတွေးရင်း ပတ်ဝန်းကျင်ကို သတိမပြုပဲ လမ်းလျှောက်လာသည်။
"သြော် ... လူအချင်းအတူတူ... Exorcist ချင်း အတူတူတောင်မှ ကွာခြားလိုက်တာ ... သူ့မှာတော့ ရုပ်ရည်နဲ့ အရည်အချင်းနဲ့ စည်းစိမ်နဲ့ ... ငါ့မှာတော့ ...... "
"အလုပ်မရှိ ...ကားမရှိ ...အိမ်မရှိ ...ယူစရာ မိန်းမကလည်းမရှိ "
"မိုးနတ်မင်းကြီးများ သနားပြီး ကံကောင်းစေမယ့် အခွင့်အရေးလေး ပေးရင် သိပ်ကောင်းမှာပဲ "
သူ အတွေးကမ္ဘာထဲမှာ ဗျာများနေစဉ် 'ကျွီ ' ခနဲ ကားဘရိတ်သံအကျယ်ကြီး သူ့နောက်ကျောဘက်က ကြားလိုက်ရသည်။ လူသွားလမ်းပေါ်မှာ လျှောက်နေတာမို့ အန္တရာယ်ကင်းသည်ဟု ယူဆကာ အေးအေးဆေးဆေးပင် အသံလာရာကို စပ်စုလိုစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။
ထိုစဉ် သူ့မျက်လုံးထဲကို ကားမီးက စူးကနဲထိုးဝင်လာသည်။
အဲ့ဒါက သူနောက်ဆုံးမှတ်မိလိုက်တဲ့ အကြောင်းအရာ တစ်ခု ...။
***********
TBC ~~
Original author ; Ping Zi
Translation credit to @spideronthewindow via tumblr