Sweet

By HunnieMon

44.1K 4.3K 359

Sweet sweet sweet only one thing sweet More

Sweet 1
Sweet 2
Sweet 3
Sweet 4
Sweet 5
Sweet 7
Sweet 8
Sweet 9
Sweet 10
Sweet 11
Sweet 12
Sweet 13
Sweet 14
Noti
No Honey..,Love Candy
No Honey!Love Candy

Sweet Valentine

2.6K 301 10
By HunnieMon

"Happy Valentine Day"

phone မှထမြည်လာတဲ့ ringtone သံချိုချိုလေးကြောင့် အမြဲကျောင်းနောက်ကျမှသွားနေကြ Sehun တယောက်စောစောစီးစီးနိုးထလာသည် ယနေ့သူစောစောသွားမှဖြစ်မယ်လေ

"ငါဘယ်လိုတောင်ချောတာလား"

ပုံမှန်ဝတ်နေကျကျောင်း uniform လေးကိုယခင်နေ့တွေထက် သပ်သပ်ရပ်ရပ်ဖြစ်အောင်ဝတ်ထားရင်း ခပ်တိုတိုလေးရှေ့ကျနေတဲ့ဆံပင်လေးတွေကို Gel နဲ့ကော့နေအောင်လှန်တင်ကာ မှန်ထဲမှသူ့ကိုယ့်ကိုကြည့်ကာ ချီးမွမ်းခန်းဖွင့်နေခြင်း

"အဟမ်း ဒီနေ့တော့ ကျွန်တော့်နေ့ပေါ့ Xiao Lu ရယ်"

အမြဲသူချည်း ခံနေရတာကို ဒီနေ့အတိုးနဲ့လက်စားချေပစ်မည်ဟူသော အတွေးနှင့် Sehun တယောက် အိမ်မှာကြိမ်းဝါးပြီး သူကြိုစီစဉ်ထားသည့်အတိုင်းကွက်တိဖြစ်အောင် ကျောင်းကိုစောစောလေးထွက်ခဲ့လိုက်တယ် ကျောပိုးအိတ်ထဲမှာလဲ စာအုပ်တွေအစားပစ္စည်းတွေအပြည့်နဲ့ပေါ့

"Wow ဒီနေ့မှ Sehunnie ပိုချောနေတယ်နော်"

"ဟယ်နင်ကလဲ ဒီနေ့ V Day လေ သူ့ Luhan လေးအတွက် Surprise တခုခုရှိလို့နေမှာပေါ့"

"အေးဟုတ်သားပဲ ဒီနေ့ဘာတွေထပ်ထူးခြားမလဲမသိဘူး ငါတို့စောင့်ကြည့်ရမယ်"

ထိုသို့ ထိုသို့ fan girl မမများ၏တရစက်တွတ်ထိုးသံတွေကို Sehun တယောက် ကျေကျေနပ်နပ်ကြီးနားထောင်နေမိတယ် စိတ်ထဲကလဲ ဒီနေ့ Oh Sehun က ဦးစီးဦးဆောင်ဗျို့ ဟုလဲကြွေးကြော်နေမိပါရဲ့

တဖြေးဖြေးအချိန်တွေကုန်လာပေမယ့် သူ့ချစ်သူ Luhan ကပေါ်မလာသေးတာကြောင့် ထုံးစံအတိုင်းမူမပျက် ကလေးဆန်စွာ Sehun နှုတ်ခမ်းဆူလာတယ်

"Lu ကဒီနေ့မှဘာလို့ကျောင်းနောက်ကျနေရတာလဲ"

အတွေးမဆုံးသေးဘူး ရောက်လာပါပြီ Xiao Luhan တို့အမောတကောနဲ့

"ဟောဟဲ ရောက်နေတာကြာပြီလား Hunnie ဟူးး မောလိုက်တာ"

"ဘယ်လိုဖြစ်လာရတာလဲ ဒီနေ့မှဘာလို့နောက်ကျတာလဲ"

"ဟာာ Chen ပေါ့ သူ့ပေါက်စီဆီခနဝင်မယ်ဆိုပြီးလေရှည်နေတာမပြီးနိုင်လို့"

ဟုတ်ရဲ့လားဆိုတဲ့အကြည့်နဲ့ ခပ်လှမ်းလှမ်းမှာဖြေးဖြေးချင်းလျှောက်လာတဲ့ Chen hyung ကိုလှမ်းကြည့်တော့ အားနာလိုက်တာဆိုသည့်မျက်လုံးမျိုးနဲ့ပြုံးကြည့်နေသလို သူ့ပေါက်စီနှင့်တွေ့လာခါစမို့ကြည်နူးနေဟန်အပြည့်

"ထားပါတော့ လာဝင်ရအောင်ကျောင်းလဲတတ်တော့မယ်"

"အင်း Hunnie"

လက်ကလေးဆုပ်ကိုင်ရင်းစာသင်ခန်းထဲဝင်လာချိန်အထိ Lu ပုံစံကထူးထူးခြားခြားမရှိ ဘာလဲဒီနေ့ V Day ဆိုတာမေ့နေတာလား မဖြစ်နိုင်တာ Lu လိုလူကဒီလိုနေ့မျိုးကိုမေ့မယ်
ဒါဆိုဘာလဲ ဒီ V Day မှာ သူ့အတွက် chocolate တတောင့်တောင်မပါဘူးလား

Sehun တယောက် Luhan သိပ်တည်ငြိမ်နေပုံကိုကြည့်ရင်း စိတ်ထဲခနိုးခနောက်နဲ့ သူ့ဘက်ကစီစဉ်လာတာတွေရှိသော်လည်း Luhan ဘက်ကအရမ်းငြိမ်နေပြန်တော့ သဘောမကျစိတ်ကကောက်ချင် သို့သော် ဒါလဲတမျိုးကောင်းပါတယ် သူ့ဘက်ကအရာရာဦးဆောင်ရတာပေါ့ ဟူသောစိတ်ကူးနှင့် သည်းခံနေမိတယ်

"Lu ကျွန်တော်နဲ့လိုက်ခဲ့ဦး"

စာသင်ခန်းထဲရောက်မှအပြင်ပြန်ခေါ်ထုတ်တဲ့ Sehun တယောက် လွယ်အိတ်တောင်မချွတ်နိုင် Lu လက်ကလေးဆွဲကာခေါ်လာတာက Toilet ထဲသို့

"Hunnie ဘာလုပ်မို့လဲ"

"ရော့"

စကားနဲ့မဖြေတော့ဘဲ အသင့်ယူလာတဲ့ လွယ်အိတ်ထဲကနေ ထုတ်ပေးလိုက်တဲ့ LO စာလုံးလေးပါသော shirt ပန်းရောင်လေး

"ဒါက?"

"Lu အခုဝတ်လိုက် နောက်မှအပေါ်က uniform ထပ်လိုက် ဒီမှာ ကျွန်တော့်ကိုလဲကြည့်"

ပြောပြောဆိုဆို အပေါ် coat ကို Sehun ကြယ်သီးဖြုတ်ပြလိုက်တော့အထဲမှာ VE ပါသော ဆင်တူ ပန်းရောင် Shirt လေး

"LOVE လေ couple shirt ဟာကြာတယ် Lu ရာအခုသွားလဲတော့ သွားသွား"

အတင်း လဲခိုင်းနေသော Sehun ကိုကြည့်ရင်း Luhan သဘောကျစွာပြုံးလိုက်မိတယ် သိနေတယ်လေ Sehunnie ဒီနေ့ဒီလိုတွေလုပ်မယ်ဆိုတာ မနေ့ထဲက သူ့နောက်လိုက်ချောင်းနေခဲ့တာကို အဲဒါကြောင့်အခုဒီလောက်တည်ငြိမ်နေတာပေါ့ မဟုတ်ရင် Xiao Luhan လိုအမွှေစိန်ကဒီအတိုင်းနေပါ့မလား ထအော်ပြီး လျှောက်ကြွားနေမိမှာ
အခုသူအူကြောင်ကြောင်ဇာတ်ခင်းနေရတာက တကယ့် Sehunnie အတွက် Surprise ကသပ်သပ်ရှိပြီးသားမို့လေ လောလောဆယ်တော့ ဟိုကလေးစိတ်တိုင်းကျလိုက်ရတာပေါ့လေ

"Hunnie ဘယ်လိုလဲ Lu နဲ့လိုက်ရဲ့လား"

"sam namjar ကပန်းရောင်နဲ့သိပ်ချစ်ဖို့ကောင်းတယ် ခိခိ"

သူ့စကားသူသဘောကျကာ တခိခိရယ်နေသော Sehun ကို Luhan စိတ်ထဲကအသဲတယားယား အဲ့လောက်ချစ်ဖို့ကောင်းရလား

"လဲဝတ်ပြီးပြီဆိုတော့ရပြီမှတ်လား အတန်းထဲသွားရအောင်ဆရာလာတော့မယ်"

အမယ် Xiao Lu က Oh Sehun ကိုအတန်းတတ်ဖို့ခေါ်နေတာတဲ့
Sehun တဖြေးဖြေး Luhan ကိုစိတ်ထဲမကြည်ဖြစ်လာတယ် သူဒီလောက် couple shirt ကိုကျောင်းထိယူလာပေးတာကို Lu ပုံကဘာလို့ စိတ်နဲနဲလေးမှမလှုပ်ရှားရတာလဲ နဲနဲလေးမှမပျော်သွားရတာလဲ ဘာလဲ Lu ကသူ့အပေါ်အချစ်တွေလျော့နေပြီလား

စိတ်ထဲမကောင်းဖြစ်သွားပေမယ့် သူယူလာတာဒါအကုန်မဟုတ်သေးတာကြောင့်သည်းခံရင်း အတန်းရှေ့အရောက်မှာ

"Lu Happy Valentine's Day"

အသင့်ယူလာသော နှင်းဆီအနီရောင်ပန်းစည်းလေးကို Lu ရှေ့ထုတ်ပေးလိုက်ပြန်တော့လဲ Xiao Lu အနည်းငယ်အံ့သြကာ မျက်လုံးလေးတွေတောက်သွားသော်ငြား ခနဆိုခနအတွင်း ပြန်လည်ငြိမ်သွားပြန်တယ်

"Hunnie"

ဆိုပြီး အပျော်လွန်မျက်ရည်တွေနဲ့ Sehun ကိုအတင်းဖက်ကာရင်ခွင်ကျယ်ထဲတိုးဝင်မယ် လို့ Sehun ထင်ထားပေမယ့်

"Gomawoe Hunnie ပန်းတွေအရမ်းလှတာပဲ"

ဟူသောစကားတခွန်းသာပြောပြီး အတန်းထဲဝင်သွားတော့ Sehun ရင်ထဲ အမည်မသိတဲ့ဒေါသတွေက တလိပ်လိပ်တတ်လာတာ မျက်နှာကြီးပင်ရဲလို့

သူတို့အခြေအနေ တမျိုးတဖုံပြောင်းလဲနေတော့ အတန်းသူတွေလဲအသံတချက်မထွက်ရဲသလို fangirl မမ များလဲတိုးတိုးတိတ်တိတ်နဲ့

"Luhan ဘာဖြစ်နေတာလဲ Sehunnie ခမျာထူးထူးခြားခြားပြင်ဆင်လာရတာကို"

ထိုသို့အသံကြားလေ Sehun ပိုဒေါသထွက်လေ အတန်းတတ်ပြီးစာတွေတချိန်ပြီးတချိန်သင်နေစဉ်လဲ စိတ်တိုနေတဲ့ Sehun ရယ် ရူးချင်ယောင်ဆောင်နေတဲ့ Luhan ရယ်ကအရင်နေ့များနဲ့မတူ တုပ်တုပ်မလှုပ်တာကြောင့် ဆရာတွေတောင်အထူးအဆန်းအနေနဲ့ကြည့်နေပါရဲ့
break time ting ဆိုသောအသံကြားသည်နှင့်

"ဝုန်း!!!"

သူ့ကိုအဖက်မလုပ်ဘဲပစ်ထားသည်ကို သည်းမခံနိုင်တော့သော Sehun တယောက် ဒေါနဲ့မောနဲ့ စားပွဲပေါ် ကျောပိုးအိတ်ကြီးပစ်တင်လိုက်ခြင်း

"လန့်လိုက်တာ Hunnie ရယ် ဘာဖြစ်တာလဲ"

တကယ်ပင်လန့်သွားသလိုရင်ဘက်လေးဖိရင်းပြောနေတဲ့ Luhan ရယ် မီးတောက်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ Sehun ရယ်ကြောင့် အတန်းသားများအသက်ရှူသံပင်မထွက်ရဲ

"Lu ကမှ ဘာဖြစ်နေရတာလဲပြောစမ်းပါ"

"Lu ဘာဖြစ်လို့လဲ"

"ဟာ ဒီနေ့ရှိနေတဲ့ Xiao Lu က ကျွန်တော့်ချစ်သူ Luhan မှမဟုတ်ဘဲ ဒီနေ့ဘာနေ့လဲမေ့နေတာတော့မဟုတ်ပါဘူးနော်"

"သိပါတယ် Hunnie ရဲ့ "

"အေး မမေ့လဲ ကျွန်တော်လုပ်လာတာလေးတွေအသိအမှတ်တော့ပြုပေးလေ တုံနိဘာဝေ လုပ်နေတာဘာသဘောလဲ ဘာလဲ ရင်မခုန်တော့ဘူးဆိုတဲ့သဘောလား"

"မဟုတ်ဘူး Hunnie"

"ဘာလဲ ဒီ couple shirt တွေပန်းစည်းတွေကလူတိုင်းလိုပဲမို့ မထူးခြားပါဘူးဆိုတဲ့ အထင်သေးတာမျိုးလား"

"Hunnie မဟုတ်ဘူးလို့ Lu ပြောနေတယ်လေ"

"ဒီမှာကျန်သေးတယ် ရော့ အကုန်ယူ"

လွယ်အိတ်ကြီးကိုဆွဲဖွင့်ကာ သူယူလာသမျှ ချောကလက်ဘူးအကြီးကြီးတွေ အရုပ်ဆင်တူတွေ key chain ဆင်တူတွေ နောက်ဆုံး couple ring လေးတွေထိ Luhan စားပွဲပေါ်ပစ်တင်နေတယ်

Luhan တယောက်အခုမှ Sehun အဲ့လောက်အများကြီးပြင်ဆင်လာမှန်းသိရတော့ သူတမင်စနေမိတာကို စိတ်မကောင်းကာ မျက်ရည်ဝိုင်းသောမျက်လုံးရွဲကြီးနေနှင့်

"Hunnie အဲ့လိုဒေါသမထွက်ပါနဲ့ Lu ကြောက်လာပြီ Lu က Lu က Hunnie တကယ်စိတ်ဆိုးတာမမြင်ဖူးလို့ တမင်လုပ်တာကို"

"ဘာ Lu ဘာပြောတယ်"

Luhan ပခုံးလေးကဆွဲလှုပ်ရင်း Sehun မေးတော့

"Hunnie ပန်းစည်းတွေ couple shirt တွေမနေ့ကသွားဝယ်တာ Lu သိတယ် အာ့ကြောင့်မနေ့က တကောက်ကောက်လျှောက်လိုက်ရင်း ရင်ခုန်မိပေမယ့် ဒီနေ့ ဘာမှမဖြစ်သလိုနေရင် Hunnie ဘယ်လိုများစိတ်ဆိုးမလဲသိချင်လို့"

"အဲ့တော့ ကျွန်တော်စိတ်ဆိုးအောင်တမင်လုပ်တာပေါ့ ဟုတ်လား တွေ့မယ်အဲ့ပြောတတ်တဲ့နှုတ်ခမ်းလေး"

စကားအဆုံးမှာ Sehun ခပ်ပါးပါးလေးစူထွက်နေတဲ့ Luhan နှုတ်ခမ်းကို အငမ်းမရနမ်းရှိုက်မိတယ် သူစိတ်ဖြေတာအားရသွားလို့လွှတ်ပေးလိုက်တော့ Luhan ဆီက

"ဒီလို Hunnie ဘက်ကဦးဆောင်တဲ့အနမ်းမျိုးလဲ Lu အခုလိုစိတ်ဆိုးအောင်လုပ်မှရမယ်မှန်းသိလို့ လုပ်မိတာ"

"ဘယ်လို ဘယ်လို"

"Hunnie အိမ်ရှေ့ကထွက်လာထဲကကြိမ်းဝါးလာတာ Lu ကြားသားပဲ မနက်ထဲက Hunnie အိမ်နားရောက်နေတာ Hun သာမသိတာ သူ့နောက်ကတောက်လျှောက်ပါလာမှန်း

အာ့နဲ့ ပုံမှန်စိတ်နဲ့ဆို Hunnie ဦးစီးဦးဆောင်ဘယ်လိုမှမဖြစ်နိုင်မှန်း ကြိုသိနေတာကြောင့် နဲနဲလုပ်ဇာတ်ခင်းလိုက်တာ Surprise ဖြစ်သွားတယ်ဟုတ်"

ယခုသူတို့ပြေလည်သွားမှန်းသေချာမှ အတန်းထဲကလဲပုံမှန်ပြန်ဖြစ်တော့တယ်

အတွေးနဲ့ငြိမ်နေတာ Oh Sehun ပေါ့ ဘာတဲ့ Lu ကတမင် surprise ပြန်လုပ်တာ အဲ့တော့ သူက ဦးဆောင်သူကြီးမဟုတ်ဘူးပေါ့ အရာရာ Lu စီစဉ်တဲ့အတိုင်းဖြစ်သွားတာပေါ့ မကျေနပ်ဘူး

"Lu ကိုမကျေနပ်ဘူး ဒါကမကျေနပ်လို့"

နောက်တကြိမ် Sehun နမ်းလိုက်တဲ့အခါက Luhan တကယ့်အကြောင်သား သူမထင်ထားဘူးလေ

"တွေ့ပြီလား ဒီနေ့ Sehun နေ့ပါဆိုတာ"

(မဆွိဘူးနော် သိတယ် ဒါမယ့် V Day အမှတ်တရလေးတင်ချင်လို့ပါ)

Continue Reading

You'll Also Like

10.1M 506K 199
In the future, everyone who's bitten by a zombie turns into one... until Diane doesn't. Seven days later, she's facing consequences she never imagine...
44.4M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...
15.3M 468K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...
23.7M 564K 32
"Y-your H-highness? I-i'm sorry b-but t-there m-must b-be a-a m-mistake..." A loud growl sounded through the whole ballroom causing me to start shaki...