♕JOKER & HARLEY{Season-I}♕

Bởi ScarlettDiana

330K 28.3K 1.1K

*Madness, as you know, is like gravity. All it takes is a little push.* •~ Psychiatric Torture ~• Xem Thêm

❦Prologue❦
❦Chapter One❦ {Z+U}
❦Chapter Two❦ {Z+U}
❦Chapter Three❦ {Z+U}
❦Chapter Four❦ {Z+U}
❦Chapter Five❦ {Z+U}
❦Chapter Seven❦ {Z+U}
❦Chapter Eight❦ {Z+U}
❦Chapter Nine❦ {Z+U}
❦Chapter Ten❦ {Z+U}
❦Chapter Eleven❦ {Z+U}
❦Chapter Twelve❦ {Z+U}
❦Chapter Thirteen❦ {Z+U}
❦Chapter Fourteen❦ {Z+U}
❦Chapter Fifteen❦ {Z+U}
❦Chapter Sixteen❦ {Z+U}
Chapter 17
❦Chapter Seventeen❦ {Z+U}
❦Chapter Eighteen❦ {Z+U}
❦Chapter Nineteen❦ {Z+U}
❦Chapter Twenty❦ {Z+U}
❦Chapter Twenty-One❦ {Z+U}
❦Chapter Twenty-One II❦ {Z+U}
❦Under Cover : Mysterious PCY❦ {Z+U}
'Season II'

❦Chapter Six❦ {Z+U}

11.2K 1.1K 37
Bởi ScarlettDiana


Joker & Harley
❦Chapter Six❦
ChanBaek BaekYeol
Yaoi

Zawgyi

BaekHyun's pov:

"KyungSoo ah~"

ေကာ္ဖီဆိုင္ကေလး၏ တံခါးပြင့္သြားသည္ႏွင့္အတူ ဝင္လာေသာ KyungSoo ကို ျမင္ေသာအခါ ကြ်န္ေတာ္ လက္လွမ္းျပရင္း ေအာ္ေခၚလိုက္သည္။

ထိုအခါမွ သူက ဆိုင္ရဲ႕ ေထာင့္က်က် ေနရာေလးတြင္ ထိုင္ေနေသာ ကြ်န္ေတာ့္ကို ျမင္သြားေတာ့၏..။

"ဘယ္မွာလဲ ငါ့ဖို႕လက္ေဆာင္??"

ခံုမွာ ဝင္ထိုင္ထိုင္လိုက္ခ်င္း ကြ်န္ေတာ္ ေမးလိုက္ေသာေၾကာင့္ KyungSoo ၏ ဘုၾကည့္ၾကည့္ျခင္းကို ခံလိုက္ရသည္။

"sorry ကြာ.. လက္ေဆာင္ေတာ့ ပါေပမယ့္ ငါ ေလာေလာ ေလာေလာနဲ႕ ထြက္လာလို႕ ေမ႔ခဲ႔တယ္"

'sorry' လို႕သာ ေျပာေပမယ့္ ကြ်န္ေတာ့္ကို ေျပာေနသည့္ သူ႕ပံုစံတြင္ အားနာဟန္ နည္းနည္းေလးမွ် မရွိ.. အေခ်ရုပ္ႏွင့္။

လက္ေဆာင္ေတာင္းေနရသည့္ အေၾကာင္းအရင္းမွာ KyungSoo သည္ လြန္ခဲ႔သည့္အပတ္က ဘန္ေကာက္ကို အလည္သြားျပီး မေန႔ကမွ ျပန္ေရာက္လာေသာေၾကာင့္ ျဖစ္သည္။

"ထိုင္းေတြကြာ.. အဂၤလိပ္စကား နည္းနည္းေလးမွ မတတ္ဘူး။ tour guide ရွိလို႔သာ အဆင္ေျပတာ.."

"ေၾသာ္.. ထိုင္းေတြ အဂၤလိပ္စာ မေတာ္ဘူးေပါ့"

ေျပာရင္းဆိုရင္း ဟိုးတေလာက MinHyuk ျပလို႔ ၾကည့္ခဲ႔သည့္ 'I'm fine Thank You Love You' ထဲက မင္းသားကိုေတာင္ သိရသြားမိသည္။

"အင္း.. ဘယ္ေလာက္က်လဲလို႕ ေမးတာကိုေတာင္ နားမလည္ဘူး~ ဒါနဲ႔ မင္း ငါ့ကို ေျပာစရာ ရွိတယ္ဆို"

KyungSoo သည္ မေန႕က ျပန္ေရာက္ေရာက္ခ်င္း ကြ်န္ေတာ့္ကို ဆက္သြယ္လာရာ ကြ်န္ေတာ္လည္း သူ႕ကို ေျပာစရာ ရွိသည္မို႕ ေတြ႕ၾကရန္ ခ်ိန္းဆိုလိုက္သည္။

KyungSoo က ကြ်န္ေတာ့္အဖို႔ အရင္းႏွီးဆံုး၊ အယံုၾကည္ရဆံုး သူငယ္ခ်င္းတစ္ေယာက္ ျဖစ္သည္။ ကြ်န္ေတာ့္အခက္အခဲ အေတာ္မ်ားမ်ားကို သူ႕ကို ေျပာျပျဖစ္သလို ကြ်န္ေတာ့္ လွ်ိဳ႕ဝွက္ခ်က္မ်ားကိုလည္း သူ သိသည္။

အခု ရက္ပိုင္းတြင္ ကြ်န္ေတာ့္ အေတြးထဲ အျမဲလိုလို ဝင္ေရာက္ေႏွာင့္ယွက္ေနသည့္ လူတစ္ေယာက္အေၾကာင္း ကြ်န္ေတာ္ သူ႕ကို ေျပာျပခ်င္မိ၏။

"ခုတေလာ အရမ္း ပေဟဠိဆန္တဲ႔ လူတစ္ေယာက္ေၾကာင့္ ငါ့စိတ္ေတြ ရႈပ္ေထြးေနတယ္.."

အေရးၾကီးေသာ အေၾကာင္းကိစၥတခ်ိဳ႕ကို KyungSoo အား ေျပာျပျပီး ေဆြးေႏြးတိုင္း သူက တည္ၾကည္ေလးနက္ေသာ မ်က္ႏွာထားမ်ိဳးႏွင့္ နားေထာင္ျပီး သင့္ေတာ္ေသာ အၾကံတို႕ကို ေပးတတ္သည္။

"သိပ္မၾကာခင္က ဥကၠ႒ၾကီး ငါ့ကို ေခၚျပီး တာဝန္တစ္ခု ေပးတယ္.. လူတစ္ေယာက္ကို သတ္ေပးရမယ္တဲ႔"

"ဘာရယ္!!"

ကြ်န္ေတာ့္စကားအဆံုး KyungSoo က မ်က္ခံုးႏွစ္ဖက္ကို တြန္႕ခ်ိဳးကာ ေမးလာ၏။ ကြ်န္ေတာ္လည္း ထိုအခ်ိန္က သိပ္ကို အံ႔ၾသျပီး အလိုမက်ျဖစ္ခဲ႔သည္ပဲ.. သူလည္း ဒီလို တံု႕ျပန္သည္မွာ မဆန္းလွ။

"အရင္က ဥကၠ႒ၾကီး ဘာခိုင္းခိုင္း ငါ လုပ္ေပးခဲ႔ေပမယ့္ ဒီကိစၥေတာ့ ငါ လုပ္ဖို႔ စိတ္ကူးမရွိဘူး.."

"ေျမာင္ေဆာင္းေဆးရံုက လူနာတစ္ေယာက္လို႔ ေျပာတယ္.. ဥကၠ႒ၾကီး သတ္ခိုင္းတဲ႔ လူက ဘယ္လိုလူမ်ိဳးလဲ ဘာလို႕သတ္ခိုင္းတာလဲ သိခ်င္လို႔ ငါ ေျမာင္ေဆာင္းေဆးရံုကို လိုက္သြားခဲ႔တာ။ ငါ အၾကီးအက်ယ္ မွားတာပဲ.."

"အမွန္ဆို ခိုင္းတဲ႔အတိုင္း သတ္ဖို႔ စိတ္ကူးမရွိခဲ႔ရင္ ငါ သူ႕ဆီ မသြားခဲ႔သင့္ဘူး.. ဒီအတိုင္း လစ္လ်ဴ ရႈလိုက္သင့္တာ"

ကြ်န္ေတာ့္စကားေတြက သိပ္ျပီး အစီအစဥ္ မက်။ KyungSoo ကို ေျပာျပေနစဥ္ ကြ်န္ေတာ္ မလိုအပ္ပဲ စိတ္လႈပ္ရွားေနမိသည္။

"သူ႕ကို Mr.J လို႔ ေခၚၾကတယ္။ J က Joker ရဲ႕ အတုိေကာက္.."

"Joker ဆိုသလို သူ႕မ်က္ႏွာကိုလည္း Joker လို ေဆးေတြ ျခယ္ထားတယ္.. သူ႔စကားေျပာတဲ႔အသံက အိပ္မက္ေယာင္ေနတဲ႔ အသံလိုမ်ိဳးပဲ။ ေနာက္ျပီး သူ႔အျပံဳးက ၾကက္သီးထစရာ ေကာင္းတယ္.. သူက အရမ္း ထူးဆန္းတယ္"

"ငါ ေတြ႕ဖူးတဲ႔ စိတ္ေရာဂါ ေဝဒနာသည္ေတြနဲ႔ သူက မတူဘူး.. သူ အရမ္း ပါးနပ္တယ္"

"ပထမဆံုး စေတြ႕တာ ဆိုေပမယ့္ သူ ငါ့ကို.."

ထိုအနမ္းကို ျပန္စဥ္းစားမိသည္ႏွင့္ တစ္ကိုယ္လံုး ရွိန္းတိန္းဖိန္းတိန္း ျဖစ္လာသည္ကို ထိန္းခ်ဳပ္မရ..။
စကားကို ဆက္မေျပာပဲ ရပ္ထားသည္မို႔ KyungSoo က ကြ်န္ေတာ္ ဆက္ေျပာလာမွာကို ေစာင့္ေနပံုရသည္။

"ငါ အနမ္းခံလိုက္ရတယ္"

"ဟမ္!!!!!!!!!"

သည္တစ္ခါေတာ့ KyungSoo မ်က္လံုး ျပဴ းသြားသည္။ ကြ်န္ေတာ္ စိတ္ရႈပ္ရႈပ္ႏွင့္ ဆံပင္ေတြၾကား လက္ထိုးသြင္းကာ ဖြလိုက္မိ၏။

"အဲ႔ေန႔ေနာက္ပိုင္းက စျပီး ငါ သူ႕အေၾကာင္းပဲ အျမဲတမ္း ေတြးေနမိတာ.. ေျပာရမွာ ရွက္ဖို႔ ေကာင္းေပမယ့္ သူနဲ႔ ပတ္သက္တဲ႔ wet dream တစ္ခုေတာင္ မက္ျပီး ငါ.."

ကြ်န္ေတာ္ ဆက္မေျပာေတာ့ပဲ ကိုယ့္မ်က္ႏွာကိုသာ လက္ႏွင့္ အုပ္ထားမိသည္။

"ပထမဆံုး အၾကိမ္ အနမ္းခံရတာလည္း မဟုတ္ပဲနဲ႔ ဘာလို႔ မင္းအေပၚ သူ ဒီေလာက္ လႊမ္းမိုးသြားႏိုင္ရတာလဲ?"

"ငါလည္း မေတြးတတ္ဘူး KyungSoo ရယ္.. wet dream မ်ိဴ း မက္ဖူးတာလည္း ငါ့ဘဝမွာ ပထမဆံုးပဲ~ ျပီးေတာ့ ငါက porn ကားေတြ ၾကည့္ျပီး masturbate လုပ္ေနတတ္တဲ႔ လူမ်ိဳးလည္း မဟုတ္ဘူး.. သူနဲ႕ ပတ္သက္ရင္ ပေဟဠိခ်ည္းပဲ~"

"ေနာက္ျပီးေတာ့ ငါက ဥကၠ႒ၾကီးရဲ႕ ေမြးစားသားဆိုတာ သူ သိတယ္.. ဥကၠ႒ၾကီးက ငါ့ကို တာဝန္ေပးထားတဲ႔ကိစၥကိုလည္း သူ သိတယ္။ သူက အရမ္း ထူးဆန္းတယ္ကြာ.."

KyungSoo က မ်က္ေမွာင္ၾကဳတ္ကာ တစ္ခုခုကို စဥ္းစားေနပံုရ၏..။ သူလည္း ေခါင္းစားသြားပံုပင္။

"မင္းေရာ သူ႕အေၾကာင္း ဘယ္ေလာက္သိလဲ?"

"သူ႕နာမည္က Mr.J ဆိုတာရယ္.. နာမည္အရင္းက Park ChanYeol ဆိုတာရယ္.. လူဆိုးဂိုဏ္းေခါင္းေဆာင္တစ္ေယာက္ ဆိုတာရယ္.. အဲ႔တာပဲ သိတယ္"

KyungSoo သည္ ကြ်န္ေတာ့္ စကားအဆံုး သူ႕ဖုန္းကို ေကာက္ကိုင္လိုက္၏။ ကြ်န္ေတာ္လည္း သူ ဘာလုပ္မလို႔လဲ သိခ်င္ေသာ္ျငား မေမးပဲ ဒီအတိုင္း ေနလိုက္မိသည္။

သိပ္မၾကာခင္မွာပင္ ဖုန္းကို စူးစိုက္ၾကည့္ေနေသာ KyungSoo မ်က္ႏွာထက္ အံ႔ၾသျခင္း အရိပ္အေယာင္တို႕ ထင္ေပၚလာေတာ့၏။

"ဒီလူက ဘယ္လိုျဖစ္ျပီး ကိုရီးယားက စိတ္ေရာဂါကု ေဆးရံု ေရာက္ေနတာလဲ?"

"ဟမ္! ဘာျဖစ္လို႕လဲ??"

ကြ်န္ေတာ့္ေမးခြန္းေၾကာင့္ KyungSoo က သူ႕ဖုန္းေလးကို ကြ်န္ေတာ့္ဘက္ လွည့္ျပသည္။ Web page တစ္ခုတြင္ ေပၚေနေသာ Mr.J ၏ ဓာတ္ပံုအခ်ိဳ႕ႏွင့္အတူ စာသားအနည္းငယ္တို႕ကို ေတြ႕ရသည္။

"Ignis Lux?"

"Ignix Lux ဆိုတာ တကမာၻလံုးမွာ တတိယေျမာက္ အၾကီးဆံုး လူဆိုးဂိုဏ္းကြ.."

KyungSoo က ေျပာေျပာဆိုဆိုႏွင့္ 'Ignis Lux' ဟူေသာ စကားလံုးကို လက္ႏွင့္ ဖိလိုက္ေသာအခါ ထိုဂိုဏ္းႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ား က်လာေတာ့သည္။

"တစ္.. တစ္ကမာၻလံုးမွာ..."

ထို.. ထို Joker မ်က္ႏွာႏွင့္လူက တကမာၻလံုးမွာ တတိယေျမာက္အၾကီးဆံုး လူဆိုးဂိုဏ္းေခါင္းေဆာင္တဲ႔လား။

ကြ်န္ေတာ္ MinHyuk ေျပာျပတုန္းက ဘာလို႔ google မွာ မရွာၾကည့္မိပါလိမ့္??

"underground ေလာကမွာ Mr.J ဆိုတဲ႔ လူကို မသိတဲ႔သူ မရွိဘူးတဲ႔.. မင္းက ဒီလိုလူမ်ိဳးကို သတ္ရမယ္တဲ႔လား။ မျဖစ္ႏိုင္ဘူးထင္တယ္ေနာ္ သူငယ္ခ်င္း~"

"ငါ့ကိုေတာင္ သူက ျပန္သတ္သြားဦးမွာ.. ဒါနဲ႔ ဟိုတစ္ေန႕က ~"

~ Flashback ~

ေျမညီထပ္ လူနာခန္းမ်ားတြင္ ရွိေနေသာ လူနာမ်ားကို လွည့္လည္ၾကည့္ရႈျပီးေနာက္ ကြ်န္ေတာ့္ရံုးခန္းရွိရာအထပ္ကို တက္ရန္ ဓာတ္ေလွကားဆီ လာခဲ႔လိုက္သည္။

ဒုတိယထပ္ေလာက္အေရာက္တြင္ ဓာတ္ေလွကားတံခါးပြင့္လာျပီး ဆရာဝန္ဝတ္စံုႏွင့္ လူတစ္ေယာက္ ဓာတ္ေလွကားထဲ ဝင္လာ၏။

ေဆးရံုမွာ ရွိသမွ် ဆရာဝန္အားလံုးကို ကြ်န္ေတာ္ ျမင္ဖူးေသာ္လည္း ယင္းဆရာဝန္ကို ကြ်န္ေတာ္ တစ္ခါမွ မျမင္ဖူးပါ..။ အသစ္ဝင္လာတာမ်ားလားဟု ေတြးမိေသာ္လည္း သူ႔ပံုစံက ကြ်န္ေတာ့္စိတ္ထဲ မသကၤာစရာ ေကာင္းေနသည္။

သူ ႏွိပ္လိုက္သည့္ နံပါတ္ကို ၾကည့္လိုက္ေသာအခါ Mr.J ရွိသည့္ အထပ္ျဖစ္ေနသည္ကို ေတြ႕ရ၏။

-- ငါ drama ကားေတြ ၾကည့္ျပီး ဟိုထင္ဒီထင္ ေလွ်ာက္ထင္ေနမိတာမ်ားလား --

ကြ်န္ေတာ့္ရံုးခန္းရွိရာ အထပ္သို႕ ေရာက္လာသျဖင့္ ဓာတ္ေလွကားထဲမွ ထြက္လိုက္ေသာ္လည္း ကြ်န္ေတာ္ ရံုးခန္းရွိရာသို႕ မသြားႏိုင္ေသးပဲ ဓာတ္ေလွကားနားမွာပင္ မတ္တပ္ရပ္ေနမိသည္။

-- ဥကၠ႒ၾကီးက Mr.J ကို သတ္ဖို႔ လူလႊတ္လိုက္တာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ --

ရုတ္တရက္ ဒီအခ်ိန္ေလာက္ Mr.J ကို အိပ္ေဆးေပးထားျပီမို႕ သူ အိပ္ေပ်ာ္ေနေလာက္သည္ကို ကြ်န္ေတာ္ စဥ္းစားမိသည္ႏွင့္ တစ္ျပိဳင္နက္ ဓာတ္ေလွကားခလုတ္ကို ႏွိပ္လိုက္၏။

ဓာတ္ေလွကားေရာက္လာဖို႕က ၾကာဦးမွာမို႕ အေရးေပၚေလွကားဆီ ေျပးရေတာ့သည္။

-- သူ.. သူ ေသသြားရင္ ဘယ္လိုလုပ္မလဲ?? --

Mr.J ဆုိသည့္ ထိုလူက ေကာင္းတဲ႔လူျဖစ္ပါေစ ဆိုးတဲ႕လူျဖစ္ပါေစ.. လူတစ္ေယာက္ ေသမွာကိုေတာ့ ကြ်န္ေတာ္ ဒီအတိုင္း လစ္လ်ဴ ရႈထားလို႔ မျဖစ္ဘူး မဟုတ္လား။ ဘာပဲေျပာေျပာ သူက ကြ်န္ေတာ့္ လူနာပဲေလ။

အေရးေပၚေလွကားကေန အေမာတေကာ ေျပးတက္လာရင္း Mr.J ရွိေနသည့္ အထပ္သို႕ ေရာက္လာကာ သူ႔အခန္းဆီ အျမန္ေျပးသြားလိုက္သည္။

"ေဟ့လူ.. ဘာလုပ္ေနတာလဲ!!"

အခန္းထဲ ေရာက္ေရာက္ခ်င္း အိပ္ေပ်ာ္ေနသည့္ Mr.J ၏ အနားတြင္ ရပ္ကာ ေဆးထိုးအပ္တစ္ခုကို ကိုင္ထားေသာ ခုန ဓာတ္ေလွကားထဲက လူကို ေတြ႕လိုက္ရသည္။

သူ႕လက္ထဲက ေဆးထိုးအပ္ကို အလ်င္အျမန္ ဆြဲလုဖို႕ ၾကိဳးစားေသာ္လည္း ထိုလူက ကြ်န္ေတာ့္လက္ကို ေဆာင့္ဆြဲကာ နံရံဘက္သို႕ တြန္းလႊတ္လိုက္၏။ အရွိန္ႏွင့္ နံရံသို႕ ပစ္ေဆာင့္ရင္း ကြ်န္ေတာ္ ေခြက်သြားသည္။

ကိုယ္ခံအားေတာ္ေတာ္ေလး နည္းသည္မို႔ ကြ်န္ေတာ္ ဘယ္လိုၾကိဳးစားၾကိဳးစား ျပန္မထႏိုင္ပါ။

"ဥကၠ႒ၾကီး ေပးထားတဲ႔ တာဝန္ကို မလုပ္ႏိုင္ရင္လည္း လိုက္ေႏွာင့္ယွက္မေနနဲ႔။ ကိုယ့္ဖာသာကိုယ္ ေန.."

ထိုလူက ေလသံမာမာႏွင့္ ေျပာျပီး တစ္ဖက္သို႔ လွည့္သြားကာ Mr.J လက္၌ ပတ္ထားေသာ အဝတ္စမ်ားကို ပါလာေသာ ဓားႏွင့္ ထိုးခြဲလိုက္သည္။

ကြ်န္ေတာ္လည္း ထိုလူ႕ကို တားဆီးရန္ ၾကိဳးစားျပီး မတ္တပ္ထေနစဥ္မွာ ရုတ္တရက္ အေၾကာထဲ ေဆးသြင္းဖို႕ ၾကိဳးစားေနေသာ ထိုလူ႕လက္ကို လက္တစ္ဖက္က ဖမ္းဆုပ္လိုက္ျပီးေနာက္ Mr.J သည္ လွဲအိပ္ေနရာမွ ထလာေလသည္။

အိပ္ေပ်ာ္ေနသည္ဟု ထင္ထားရာက ရုတ္တရက္ ထလာသည္မို႔ ထိုလူ ခဏမွ် ေၾကာင္အသြားေသာ္လည္း သူ႕ေရွ႕မွာ ရွိေနေသာ Mr.J ကို တိုက္ခိုက္ဖို႕ ျပင္ဆင္လိုက္၏။ သို႕ေသာ္..

"မင္း ငါ့ကို မသတ္ႏိုင္ပါဘူး.."

Mr.J ၏ အသံထြက္လာသည္ႏွင့္အတူ ထိုလူ၏ လႈပ္ရွားမႈတို႔ ခ်က္ခ်င္းဆိုသလို ရပ္တန္႔သြားသည္ကို ကြ်န္ေတာ္ ေၾကာင္အကာ ၾကည့္ေနမိသည္။

Mr.J က ထိုလူ႕မ်က္လံုးထဲ စိုက္ၾကည့္ကာ ျပံဳးလိုက္ရင္း..

"မင္း.. ခုခ်က္ခ်င္း ဒီက ထြက္သြား~ ျပီးရင္ လမ္းမွာ အရွိန္နဲ႔ ေမာင္းလာတဲ႕ ကားတစ္စီးေရွ႕ ေျပးဝင္လိုက္~"

အိပ္မက္ေယာင္သလို ေျပာေနသည့္ သူ႕အသံအဆံုး ထိုလူမွာ ခ်က္ခ်င္းလွည့္ထြက္သြားေတာ့သည္။ ကြ်န္ေတာ္ ေၾကာင္အကာ ၾကည့္ေနတုန္းမွာပင္ Mr.J သည္ ကြ်န္ေတာ္ ရွိရာကို ေလွ်ာက္လာျပီး ဆြဲထူေပးကာ ျပံဳးလ်က္..

"ေက်းဇူးတင္ပါတယ္ Honey~"

~ Flashback ends ~

"သူ စိတ္ညွိဳ႕တတ္တာမ်ားလား.."

"ငါ ကိုယ့္မ်က္လံုးကိုေတာင္ မယံုႏိုင္ဘူး။ တကယ္ စိတ္ညွိဳ႕ခံလိုက္ရသလို လွည့္ထြက္သြားတာ.. ျပီးေတာ့ တကယ္လည္း ကားတိုက္ခံလိုက္ရတယ္ ငါတို႔ ေဆးရံုေရွ႕မွာပဲ"

ကြ်န္ေတာ့္ေရွ႕က တစ္ဝက္ေလာက္ ေလ်ာ့ေနေသာ ေကာ္ဖီခြက္ကေလးက ေအးစက္လို႔။ KyungSoo ေရာက္လာကတည္းက ထိုပေဟဠိဆန္ေသာ လူအေၾကာင္း ေျပာေနရသည္မွာ ေကာ္ဖီေသာက္ဖို႔ေတာင္ ေမ႔သြားမိသည္အထိ။

"ဥကၠ႒ၾကီးက အဲ႔လို လူမ်ိဳးနဲ႔ ဘာျပႆ      နာေတြ ရွိေနလဲ မသိဘူး.. သူ ဒီကို ေရာက္ေနတာ ဥကၠ႒ၾကီးနဲ႔မ်ား ဆိုင္ေနသလား??"

"ထင္တာပဲ.. ငါ ေတြးမိတာ တကယ္လို႕ Mr.J ကို သတ္လို႕ မရဘူးဆိုရင္ သူက ဥကၠ႒ၾကီးကုိ ျပန္သတ္မွာမ်ားလားလို႔~"

KyungSoo လည္း စိတ္ရႈပ္လာဟန္ႏွင့္ ေခါင္းကုတ္သည္။

"သူ စိတ္ညွိဳ႕တာမ်ိဳး လုပ္ႏိုင္တာပဲ.. အဲ႔ဒီေဆးရံုကေန ထြက္လာလို႔ ရတာေပါ့။ ဘာလို႕ အဲ႔ဒီမွာပဲ ေနေနလဲ မသိဘူး"

"အားးးးး မသိေတာ့ဘူး"

ေတြးေလ ေခါင္းပိုရႈပ္ေလမို႔ စိတ္ပ်က္လက္ပ်က္ျဖင့္ စားပြဲေပၚ ေခါင္းေမွာက္လိုက္မိ၏။ KyungSoo က သက္ျပင္းခ်သည္။

"ဘာပဲေျပာေျပာ မင္းကို ေျပာျပလိုက္ရေတာ့ စိတ္ထဲ နည္းနည္းေတာ့ ေပါ့သြားသလိုပဲ။ အရင္ ရက္ေတြတုန္းက ငါ တစ္ခ်ိန္လံုး အဲ႔တာပဲ ေတြးေနျပီး ရူးေတာ့မလို ျဖစ္ေနတာ.. မေတြးပဲ ေနလို႔လည္း မရဘူး"

"ငါကေတာ့ ဥကၠ႒ၾကီးနဲ႕ Mr.J တို႔ရဲ႕ အရႈပ္အရွင္းေတြၾကား မင္းပါမသြားဖို႕ပဲ ေမွ်ာ္လင့္တယ္.."

ကြ်န္ေတာ္လည္း တကယ္ကို ေမွ်ာ္လင့္ခဲ႔ပါသည္။ သို႕ေသာ္ ကြ်န္ေတာ္ ေမွ်ာ္လင့္သလို ျဖစ္မလာခဲ႔ပါ။

ဥကၠ႒ၾကီးက ဒီအရႈပ္အရွင္းေတြၾကား ကြ်န္ေတာ့္ကို ဆြဲထည့္ခဲ႔ျပီး Mr.J က ကြ်န္ေတာ့္ကို ဒီအရႈပ္အရွင္းေတြထဲကေန ထြက္သြားခြင့္မျပဳခဲ႔ပါ။

Joker & Harley

Chapter Six Ends ~

#ChanBaekLove
#EternalChanBaek


Unicode

BaekHyun's pov:

"KyungSoo ah~"

ကော်ဖီဆိုင်ကလေး၏ တံခါးပွင့်သွားသည်နှင့်အတူ ဝင်လာသော KyungSoo ကို မြင်သောအခါ ကျွန်တော် လက်လှမ်းပြရင်း အော်ခေါ်လိုက်သည်။

ထိုအခါမှ သူက ဆိုင်ရဲ့ ထောင့်ကျကျ နေရာလေးတွင် ထိုင်နေသော ကျွန်တော့်ကို မြင်သွားတော့၏..။

"ဘယ်မှာလဲ ငါ့ဖို့လက်ဆောင်??"

ခုံမှာ ဝင်ထိုင်ထိုင်လိုက်ချင်း ကျွန်တော် မေးလိုက်သောကြောင့် KyungSoo ၏ ဘုကြည့်ကြည့်ခြင်းကို ခံလိုက်ရသည်။

"sorry ကွာ.. လက်ဆောင်တော့ ပါပေမယ့် ငါ လောလော လောလောနဲ့ ထွက်လာလို့ မေ့ခဲ့တယ်"

'sorry' လို့သာ ပြောပေမယ့် ကျွန်တော့်ကို ပြောနေသည့် သူ့ပုံစံတွင် အားနာဟန် နည်းနည်းလေးမျှ မရှိ.. အချေရုပ်နှင့်။

လက်ဆောင်တောင်းနေရသည့် အကြောင်းအရင်းမှာ KyungSoo သည် လွန်ခဲ့သည့်အပတ်က ဘန်ကောက်ကို အလည်သွားပြီး မနေ့ကမှ ပြန်ရောက်လာသောကြောင့် ဖြစ်သည်။

"ထိုင်းတွေကွာ.. အင်္ဂလိပ်စကား နည်းနည်းလေးမှ မတတ်ဘူး။ tour guide ရှိလို့သာ အဆင်ပြေတာ.."

"သြော်.. ထိုင်းတွေ အင်္ဂလိပ်စာ မတော်ဘူးပေါ့"

ပြောရင်းဆိုရင်း ဟိုးတလောက MinHyuk ပြလို့ ကြည့်ခဲ့သည့် 'I'm fine Thank You Love You' ထဲက မင်းသားကိုတောင် သိရသွားမိသည်။

"အင်း.. ဘယ်လောက်ကျလဲလို့ မေးတာကိုတောင် နားမလည်ဘူး~ ဒါနဲ့ မင်း ငါ့ကို ပြောစရာ ရှိတယ်ဆို"

KyungSoo သည် မနေ့က ပြန်ရောက်ရောက်ချင်း ကျွန်တော့်ကို ဆက်သွယ်လာရာ ကျွန်တော်လည်း သူ့ကို ပြောစရာ ရှိသည်မို့ တွေ့ကြရန် ချိန်းဆိုလိုက်သည်။

KyungSoo က ကျွန်တော့်အဖို့ အရင်းနှီးဆုံး၊ အယုံကြည်ရဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်သည်။ ကျွန်တော့်အခက်အခဲ အတော်များများကို သူ့ကို ပြောပြဖြစ်သလို ကျွန်တော့် လျှို့ဝှက်ချက်များကိုလည်း သူ သိသည်။

အခု ရက်ပိုင်းတွင် ကျွန်တော့် အတွေးထဲ အမြဲလိုလို ဝင်ရောက်နှောင့်ယှက်နေသည့် လူတစ်ယောက်အကြောင်း ကျွန်တော် သူ့ကို ပြောပြချင်မိ၏။

"ခုတလော အရမ်း ပဟေဠိဆန်တဲ့ လူတစ်ယောက်ကြောင့် ငါ့စိတ်တွေ ရှုပ်ထွေးနေတယ်.."

အရေးကြီးသော အကြောင်းကိစ္စတချို့ကို KyungSoo အား ပြောပြပြီး ဆွေးနွေးတိုင်း သူက တည်ကြည်လေးနက်သော မျက်နှာထားမျိုးနှင့် နားထောင်ပြီး သင့်တော်သော အကြံတို့ကို ပေးတတ်သည်။

"သိပ်မကြာခင်က ဥက္ကဋ္ဌကြီး ငါ့ကို ခေါ်ပြီး တာဝန်တစ်ခု ပေးတယ်.. လူတစ်ယောက်ကို သတ်ပေးရမယ်တဲ့"

"ဘာရယ်!!"

ကျွန်တော့်စကားအဆုံး KyungSoo က မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးကာ မေးလာ၏။ ကျွန်တော်လည်း ထိုအချိန်က သိပ်ကို အံ့သြပြီး အလိုမကျဖြစ်ခဲ့သည်ပဲ.. သူလည်း ဒီလို တုံ့ပြန်သည်မှာ မဆန်းလှ။

"အရင်က ဥက္ကဋ္ဌကြီး ဘာခိုင်းခိုင်း ငါ လုပ်ပေးခဲ့ပေမယ့် ဒီကိစ္စတော့ ငါ လုပ်ဖို့ စိတ်ကူးမရှိဘူး.."

"မြောင်ဆောင်းဆေးရုံက လူနာတစ်ယောက်လို့ ပြောတယ်.. ဥက္ကဋ္ဌကြီး သတ်ခိုင်းတဲ့ လူက ဘယ်လိုလူမျိုးလဲ ဘာလို့သတ်ခိုင်းတာလဲ သိချင်လို့ ငါ မြောင်ဆောင်းဆေးရုံကို လိုက်သွားခဲ့တာ။ ငါ အကြီးအကျယ် မှားတာပဲ.."

"အမှန်ဆို ခိုင်းတဲ့အတိုင်း သတ်ဖို့ စိတ်ကူးမရှိခဲ့ရင် ငါ သူ့ဆီ မသွားခဲ့သင့်ဘူး.. ဒီအတိုင်း လစ်လျူ ရှုလိုက်သင့်တာ"

ကျွန်တော့်စကားတွေက သိပ်ပြီး အစီအစဉ် မကျ။ KyungSoo ကို ပြောပြနေစဉ် ကျွန်တော် မလိုအပ်ပဲ စိတ်လှုပ်ရှားနေမိသည်။

"သူ့ကို Mr.J လို့ ခေါ်ကြတယ်။ J က Joker ရဲ့ အတိုကောက်.."

"Joker ဆိုသလို သူ့မျက်နှာကိုလည်း Joker လို ဆေးတွေ ခြယ်ထားတယ်.. သူ့စကားပြောတဲ့အသံက အိပ်မက်ယောင်နေတဲ့ အသံလိုမျိုးပဲ။ နောက်ပြီး သူ့အပြုံးက ကြက်သီးထစရာ ကောင်းတယ်.. သူက အရမ်း ထူးဆန်းတယ်"

"ငါ တွေ့ဖူးတဲ့ စိတ်ရောဂါ ဝေဒနာသည်တွေနဲ့ သူက မတူဘူး.. သူ အရမ်း ပါးနပ်တယ်"

"ပထမဆုံး စတွေ့တာ ဆိုပေမယ့် သူ ငါ့ကို.."

ထိုအနမ်းကို ပြန်စဉ်းစားမိသည်နှင့် တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ဖြစ်လာသည်ကို ထိန်းချုပ်မရ..။
စကားကို ဆက်မပြောပဲ ရပ်ထားသည်မို့ KyungSoo က ကျွန်တော် ဆက်ပြောလာမှာကို စောင့်နေပုံရသည်။

"ငါ အနမ်းခံလိုက်ရတယ်"

"ဟမ်!!!!!!!!!"

သည်တစ်ခါတော့ KyungSoo မျက်လုံး ပြူ းသွားသည်။ ကျွန်တော် စိတ်ရှုပ်ရှုပ်နှင့် ဆံပင်တွေကြား လက်ထိုးသွင်းကာ ဖွလိုက်မိ၏။

"အဲ့နေ့နောက်ပိုင်းက စပြီး ငါ သူ့အကြောင်းပဲ အမြဲတမ်း တွေးနေမိတာ.. ပြောရမှာ ရှက်ဖို့ ကောင်းပေမယ့် သူနဲ့ ပတ်သက်တဲ့ wet dream တစ်ခုတောင် မက်ပြီး ငါ.."

ကျွန်တော် ဆက်မပြောတော့ပဲ ကိုယ့်မျက်နှာကိုသာ လက်နှင့် အုပ်ထားမိသည်။

"ပထမဆုံး အကြိမ် အနမ်းခံရတာလည်း မဟုတ်ပဲနဲ့ ဘာလို့ မင်းအပေါ် သူ ဒီလောက် လွှမ်းမိုးသွားနိုင်ရတာလဲ?"

"ငါလည်း မတွေးတတ်ဘူး KyungSoo ရယ်.. wet dream မျိူ း မက်ဖူးတာလည်း ငါ့ဘဝမှာ ပထမဆုံးပဲ~ ပြီးတော့ ငါက porn ကားတွေ ကြည့်ပြီး masturbate လုပ်နေတတ်တဲ့ လူမျိုးလည်း မဟုတ်ဘူး.. သူနဲ့ ပတ်သက်ရင် ပဟေဠိချည်းပဲ~"

"နောက်ပြီးတော့ ငါက ဥက္ကဋ္ဌကြီးရဲ့ မွေးစားသားဆိုတာ သူ သိတယ်.. ဥက္ကဋ္ဌကြီးက ငါ့ကို တာဝန်ပေးထားတဲ့ကိစ္စကိုလည်း သူ သိတယ်။ သူက အရမ်း ထူးဆန်းတယ်ကွာ.."

KyungSoo က မျက်မှောင်ကြုတ်ကာ တစ်ခုခုကို စဉ်းစားနေပုံရ၏..။ သူလည်း ခေါင်းစားသွားပုံပင်။

"မင်းရော သူ့အကြောင်း ဘယ်လောက်သိလဲ?"

"သူ့နာမည်က Mr.J ဆိုတာရယ်.. နာမည်အရင်းက Park ChanYeol ဆိုတာရယ်.. လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ဆိုတာရယ်.. အဲ့တာပဲ သိတယ်"

KyungSoo သည် ကျွန်တော့် စကားအဆုံး သူ့ဖုန်းကို ကောက်ကိုင်လိုက်၏။ ကျွန်တော်လည်း သူ ဘာလုပ်မလို့လဲ သိချင်သော်ငြား မမေးပဲ ဒီအတိုင်း နေလိုက်မိသည်။

သိပ်မကြာခင်မှာပင် ဖုန်းကို စူးစိုက်ကြည့်နေသော KyungSoo မျက်နှာထက် အံ့သြခြင်း အရိပ်အယောင်တို့ ထင်ပေါ်လာတော့၏။

"ဒီလူက ဘယ်လိုဖြစ်ပြီး ကိုရီးယားက စိတ်ရောဂါကု ဆေးရုံ ရောက်နေတာလဲ?"

"ဟမ်! ဘာဖြစ်လို့လဲ??"

ကျွန်တော့်မေးခွန်းကြောင့် KyungSoo က သူ့ဖုန်းလေးကို ကျွန်တော့်ဘက် လှည့်ပြသည်။ Web page တစ်ခုတွင် ပေါ်နေသော Mr.J ၏ ဓာတ်ပုံအချို့နှင့်အတူ စာသားအနည်းငယ်တို့ကို တွေ့ရသည်။

"Ignis Lux?"

"Ignix Lux ဆိုတာ တကမ္ဘာလုံးမှာ တတိယမြောက် အကြီးဆုံး လူဆိုးဂိုဏ်းကွ.."

KyungSoo က ပြောပြောဆိုဆိုနှင့် 'Ignis Lux' ဟူသော စကားလုံးကို လက်နှင့် ဖိလိုက်သောအခါ ထိုဂိုဏ်းနှင့် ပတ်သက်သော အချက်အလက်များ ကျလာတော့သည်။

"တစ်.. တစ်ကမ္ဘာလုံးမှာ..."

ထို.. ထို Joker မျက်နှာနှင့်လူက တကမ္ဘာလုံးမှာ တတိယမြောက်အကြီးဆုံး လူဆိုးဂိုဏ်းခေါင်းဆောင်တဲ့လား။

ကျွန်တော် MinHyuk ပြောပြတုန်းက ဘာလို့ google မှာ မရှာကြည့်မိပါလိမ့်??

"underground လောကမှာ Mr.J ဆိုတဲ့ လူကို မသိတဲ့သူ မရှိဘူးတဲ့.. မင်းက ဒီလိုလူမျိုးကို သတ်ရမယ်တဲ့လား။ မဖြစ်နိုင်ဘူးထင်တယ်နော် သူငယ်ချင်း~"

"ငါ့ကိုတောင် သူက ပြန်သတ်သွားဦးမှာ.. ဒါနဲ့ ဟိုတစ်နေ့က ~"

~ Flashback ~

မြေညီထပ် လူနာခန်းများတွင် ရှိနေသော လူနာများကို လှည့်လည်ကြည့်ရှုပြီးနောက် ကျွန်တော့်ရုံးခန်းရှိရာအထပ်ကို တက်ရန် ဓာတ်လှေကားဆီ လာခဲ့လိုက်သည်။

ဒုတိယထပ်လောက်အရောက်တွင် ဓာတ်လှေကားတံခါးပွင့်လာပြီး ဆရာဝန်ဝတ်စုံနှင့် လူတစ်ယောက် ဓာတ်လှေကားထဲ ဝင်လာ၏။

ဆေးရုံမှာ ရှိသမျှ ဆရာဝန်အားလုံးကို ကျွန်တော် မြင်ဖူးသော်လည်း ယင်းဆရာဝန်ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါ..။ အသစ်ဝင်လာတာများလားဟု တွေးမိသော်လည်း သူ့ပုံစံက ကျွန်တော့်စိတ်ထဲ မသင်္ကာစရာ ကောင်းနေသည်။

သူ နှိပ်လိုက်သည့် နံပါတ်ကို ကြည့်လိုက်သောအခါ Mr.J ရှိသည့် အထပ်ဖြစ်နေသည်ကို တွေ့ရ၏။

-- ငါ drama ကားတွေ ကြည့်ပြီး ဟိုထင်ဒီထင် လျှောက်ထင်နေမိတာများလား --

ကျွန်တော့်ရုံးခန်းရှိရာ အထပ်သို့ ရောက်လာသဖြင့် ဓာတ်လှေကားထဲမှ ထွက်လိုက်သော်လည်း ကျွန်တော် ရုံးခန်းရှိရာသို့ မသွားနိုင်သေးပဲ ဓာတ်လှေကားနားမှာပင် မတ်တပ်ရပ်နေမိသည်။

-- ဥက္ကဋ္ဌကြီးက Mr.J ကို သတ်ဖို့ လူလွှတ်လိုက်တာတော့ မဟုတ်လောက်ပါဘူးနော် --

ရုတ်တရက် ဒီအချိန်လောက် Mr.J ကို အိပ်ဆေးပေးထားပြီမို့ သူ အိပ်ပျော်နေလောက်သည်ကို ကျွန်တော် စဉ်းစားမိသည်နှင့် တစ်ပြိုင်နက် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်၏။

ဓာတ်လှေကားရောက်လာဖို့က ကြာဦးမှာမို့ အရေးပေါ်လှေကားဆီ ပြေးရတော့သည်။

-- သူ.. သူ သေသွားရင် ဘယ်လိုလုပ်မလဲ?? --

Mr.J ဆိုသည့် ထိုလူက ကောင်းတဲ့လူဖြစ်ပါစေ ဆိုးတဲ့လူဖြစ်ပါစေ.. လူတစ်ယောက် သေမှာကိုတော့ ကျွန်တော် ဒီအတိုင်း လစ်လျူ ရှုထားလို့ မဖြစ်ဘူး မဟုတ်လား။ ဘာပဲပြောပြော သူက ကျွန်တော့် လူနာပဲလေ။

အရေးပေါ်လှေကားကနေ အမောတကော ပြေးတက်လာရင်း Mr.J ရှိနေသည့် အထပ်သို့ ရောက်လာကာ သူ့အခန်းဆီ အမြန်ပြေးသွားလိုက်သည်။

"ဟေ့လူ.. ဘာလုပ်နေတာလဲ!!"

အခန်းထဲ ရောက်ရောက်ချင်း အိပ်ပျော်နေသည့် Mr.J ၏ အနားတွင် ရပ်ကာ ဆေးထိုးအပ်တစ်ခုကို ကိုင်ထားသော ခုန ဓာတ်လှေကားထဲက လူကို တွေ့လိုက်ရသည်။

သူ့လက်ထဲက ဆေးထိုးအပ်ကို အလျင်အမြန် ဆွဲလုဖို့ ကြိုးစားသော်လည်း ထိုလူက ကျွန်တော့်လက်ကို ဆောင့်ဆွဲကာ နံရံဘက်သို့ တွန်းလွှတ်လိုက်၏။ အရှိန်နှင့် နံရံသို့ ပစ်ဆောင့်ရင်း ကျွန်တော် ခွေကျသွားသည်။

ကိုယ်ခံအားတော်တော်လေး နည်းသည်မို့ ကျွန်တော် ဘယ်လိုကြိုးစားကြိုးစား ပြန်မထနိုင်ပါ။

"ဥက္ကဋ္ဌကြီး ပေးထားတဲ့ တာဝန်ကို မလုပ်နိုင်ရင်လည်း လိုက်နှောင့်ယှက်မနေနဲ့။ ကိုယ့်ဖာသာကိုယ် နေ.."

ထိုလူက လေသံမာမာနှင့် ပြောပြီး တစ်ဖက်သို့ လှည့်သွားကာ Mr.J လက်၌ ပတ်ထားသော အဝတ်စများကို ပါလာသော ဓားနှင့် ထိုးခွဲလိုက်သည်။

ကျွန်တော်လည်း ထိုလူ့ကို တားဆီးရန် ကြိုးစားပြီး မတ်တပ်ထနေစဉ်မှာ ရုတ်တရက် အကြောထဲ ဆေးသွင်းဖို့ ကြိုးစားနေသော ထိုလူ့လက်ကို လက်တစ်ဖက်က ဖမ်းဆုပ်လိုက်ပြီးနောက် Mr.J သည် လှဲအိပ်နေရာမှ ထလာလေသည်။

အိပ်ပျော်နေသည်ဟု ထင်ထားရာက ရုတ်တရက် ထလာသည်မို့ ထိုလူ ခဏမျှ ကြောင်အသွားသော်လည်း သူ့ရှေ့မှာ ရှိနေသော Mr.J ကို တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်၏။ သို့သော်..

"မင်း ငါ့ကို မသတ်နိုင်ပါဘူး.."

Mr.J ၏ အသံထွက်လာသည်နှင့်အတူ ထိုလူ၏ လှုပ်ရှားမှုတို့ ချက်ချင်းဆိုသလို ရပ်တန့်သွားသည်ကို ကျွန်တော် ကြောင်အကာ ကြည့်နေမိသည်။

Mr.J က ထိုလူ့မျက်လုံးထဲ စိုက်ကြည့်ကာ ပြုံးလိုက်ရင်း..

"မင်း.. ခုချက်ချင်း ဒီက ထွက်သွား~ ပြီးရင် လမ်းမှာ အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စီးရှေ့ ပြေးဝင်လိုက်~"

အိပ်မက်ယောင်သလို ပြောနေသည့် သူ့အသံအဆုံး ထိုလူမှာ ချက်ချင်းလှည့်ထွက်သွားတော့သည်။ ကျွန်တော် ကြောင်အကာ ကြည့်နေတုန်းမှာပင် Mr.J သည် ကျွန်တော် ရှိရာကို လျှောက်လာပြီး ဆွဲထူပေးကာ ပြုံးလျက်..

"ကျေးဇူးတင်ပါတယ် Honey~"

~ Flashback ends ~

"သူ စိတ်ညှို့တတ်တာများလား.."

"ငါ ကိုယ့်မျက်လုံးကိုတောင် မယုံနိုင်ဘူး။ တကယ် စိတ်ညှို့ခံလိုက်ရသလို လှည့်ထွက်သွားတာ.. ပြီးတော့ တကယ်လည်း ကားတိုက်ခံလိုက်ရတယ် ငါတို့ ဆေးရုံရှေ့မှာပဲ"

ကျွန်တော့်ရှေ့က တစ်ဝက်လောက် လျော့နေသော ကော်ဖီခွက်ကလေးက အေးစက်လို့။ KyungSoo ရောက်လာကတည်းက ထိုပဟေဠိဆန်သော လူအကြောင်း ပြောနေရသည်မှာ ကော်ဖီသောက်ဖို့တောင် မေ့သွားမိသည်အထိ။

"ဥက္ကဋ္ဌကြီးက အဲ့လို လူမျိုးနဲ့ ဘာပြဿ နာတွေ ရှိနေလဲ မသိဘူး.. သူ ဒီကို ရောက်နေတာ ဥက္ကဋ္ဌကြီးနဲ့များ ဆိုင်နေသလား??"

"ထင်တာပဲ.. ငါ တွေးမိတာ တကယ်လို့ Mr.J ကို သတ်လို့ မရဘူးဆိုရင် သူက ဥက္ကဋ္ဌကြီးကို ပြန်သတ်မှာများလားလို့~"

KyungSoo လည်း စိတ်ရှုပ်လာဟန်နှင့် ခေါင်းကုတ်သည်။

"သူ စိတ်ညှို့တာမျိုး လုပ်နိုင်တာပဲ.. အဲ့ဒီဆေးရုံကနေ ထွက်လာလို့ ရတာပေါ့။ ဘာလို့ အဲ့ဒီမှာပဲ နေနေလဲ မသိဘူး"

"အားးးးး မသိတော့ဘူး"

တွေးလေ ခေါင်းပိုရှုပ်လေမို့ စိတ်ပျက်လက်ပျက်ဖြင့် စားပွဲပေါ် ခေါင်းမှောက်လိုက်မိ၏။ KyungSoo က သက်ပြင်းချသည်။

"ဘာပဲပြောပြော မင်းကို ပြောပြလိုက်ရတော့ စိတ်ထဲ နည်းနည်းတော့ ပေါ့သွားသလိုပဲ။ အရင် ရက်တွေတုန်းက ငါ တစ်ချိန်လုံး အဲ့တာပဲ တွေးနေပြီး ရူးတော့မလို ဖြစ်နေတာ.. မတွေးပဲ နေလို့လည်း မရဘူး"

"ငါကတော့ ဥက္ကဋ္ဌကြီးနဲ့ Mr.J တို့ရဲ့ အရှုပ်အရှင်းတွေကြား မင်းပါမသွားဖို့ပဲ မျှော်လင့်တယ်.."

ကျွန်တော်လည်း တကယ်ကို မျှော်လင့်ခဲ့ပါသည်။ သို့သော် ကျွန်တော် မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။

ဥက္ကဋ္ဌကြီးက ဒီအရှုပ်အရှင်းတွေကြား ကျွန်တော့်ကို ဆွဲထည့်ခဲ့ပြီး Mr.J က ကျွန်တော့်ကို ဒီအရှုပ်အရှင်းတွေထဲကနေ ထွက်သွားခွင့်မပြုခဲ့ပါ။

♕Joker & Harley♕

Chapter Six Ends ~

Đọc tiếp

Bạn Cũng Sẽ Thích

10.8K 2K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
665K 44.5K 67
အသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တို...
24.1K 3.1K 23
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
576K 75.1K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)