နေ့တိုင်းလာနေကြ သူ၏ဖောက်သည်တွေဖြစ်တဲ့ ဟိုစပ်စလူးစုံတွဲရယ် မောင်အာပြဲရယ်ကို Xiumin တယောက်လည်ပင်းရှည်ထွက်မတတ်မျှော်နေမိတယ်
"6 နာရီတောင်ခွဲတော့မယ် ဒီနေ့မလာကြတာလား"
အရင်နေ့များဆိုကျောင်းဆင်းချိန် ၃နာရီ ၄ နာရီဆိုသူတို့သုံးယောက်ဆူညံဆူညံနဲ့ရောက်လာတတ်မြဲဆိုတော့ တွေ့နေကျလူမလူရ၍မျှော်မိသည်ဆိုမလား ပေါက်စီတယောက်ပါးဖောင်းဖောင်းတွေကို ပိန်လိုက်ဖောင်းလိုက်လုပ်ရင်း မျှော်နေမိတယ်
"အာပြဲအသံလေးမကြားရတာကို ငါဘာဖြစ်နေပါလိမ့် နားတောင်အေးသေးတာမဟုတ်ဘူးလား Xiumin ရဲ့"
တယောက်ထဲသိမ်းရင်းဆည်းရင်းရေရွတ်နေသည့်ပေါက်စီမျှော်နေသူက အာပြဲလေး Chen ကိုပင်ဖြစ်ပေတော့သည်
"ဟိုလေ ဟို ညီလေး"
အနောက်ကနေ အလန့်တကြားအသံနဲ့လာခေါ်တဲ့လူကိုလှည့်ကြည့်မိတော့ ရွစိစုံတွဲထဲက အရပ်ရှည်ရှည် ကလေးရုပ်နဲ့တယောက်
ဘာလား အဲ့ချာတိတ်က ငါ့ကိုညီလေးလို့ခေါ်လိုက်တာလား
Xiumin ဆိုတာ တက္ကသိုလ်ကဘွဲ့တောင်ရပြီးလို့ ဝါသနာပါလွန်းတဲ့မုန့်ဖုတ်ပညာကို အဒေါ်ဆိုင်လာကူပေးရင်းသင်ယူနေသည်ကို သူတို့မသိဘူးထင်ပါ့
"ကျွန်တော့်ကိုခေါ်တာလား"
"အင်း အင်းဟုတ်တယ် တခုလောက်လိုက်ကူညီပေးလို့ရမလား ညီလေး"
ညီလေး လို့ကန့်လန့်ကန့်လန့်ကြားနေရတဲ့အခေါ်အဝေါ်ကိုခနဖယ်ပြီး ရေကြီးသုတ်ပျာဖြစ်နေတဲ့သူ့ကိုဘာလဲလို့မေးဆပ်မိတော့
"Chen လေ Chen သိတယ်မှတ်လား အာကျယ်အာကျယ်နဲ့စကားပြောတတ်တဲ့တယောက်လေ"
ဟင် အာပြဲကိုပြောတာလား ဘာများဖြစ်လို့လဲဟု Xiumin ရုတ်တရက်စိုးရိမ်သွားမိတယ် လာခေါ်တဲ့လူကလဲမျက်နှာအပျက်ပျက်နှင့်မဟုတ်လား
"အာပြဲလား သိတယ်လေ သူ သူ ဘာဖြစ်လို့လဲဟင်"
အထစ်ထစ်အငေါ့ငေါ့နဲ့ Chen မေးမှ Oh Sehun တယောက်အငိုတဝက်နဲ့
"သူနဲ့ ကျွန်တော့်ချစ်သူ Lu ပေါ့ "
စကားကိုဆုံးအောင်မပြောဘဲရှိုက်ပြနေသေးတော့ Xiumin စိုးရိမ်ရေမှတ်ကအတော်မြင့်တတ်နေပြီ
"စက်ဘီးမှောက်လို့"
မသာလေး Xiumin စိတ်ထဲကဆဲမိခြင်း စက်ဘီးလေးမှောက်တာကို ကားတိုက်ခံရသလိုပြောပြနေတာ
"အဲဒါလေ သူတို့ကိုအခုပန်းခြံနားမှာထားခဲ့ရတယ် စက်ဘီးကလဲပျက်သွားတော့နင်းမရ သူတို့နှစ်ယောက်ကလဲခြေထောက်ထိသွားတော့လမ်းမလျှောက်နိုင်ဘူး အဲ့ဒါကျွန်တော်တယောက်ထဲအဆင်မပြေလို့ ဒီကညီလေး လိုက်ကူပေးနိုင်မလားလို့ နီးနီးနားနားအကူအညီတောင်းစရာလဲ ညီလေးပဲသတိရလို့ပါ လိုက်ခဲ့ပေးပါနော် ပုံမှန် customer တွေပဲကို ကူညီပေးပါနော်"
မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ပြီးပြောနေတဲ့ လောရှည်ပုံစံက သနားစဖွယ်ဖြစ်နေပြန်တာကြောင့်
"ကောင်းပြီလေ လိုက်ခဲ့ပါမယ်"
ပေါက်စီ သူ့အဒေါ်ကိုအကျိုးအကြောင်းပြောပြကာ Sehun ခေါ်ရာလိုက်ခဲ့တော့တယ်
"ဟင် Lu ရော Chen hyung ကျွန်တော့် Lu ရော"
စက်ဘီးအပျက်ကရှေ့မှာဒီအတိုင်းလဲလျက်သား မျက်နှာတခုလုံးရှုံ့မဲ့ပြီး သူ့ခြေထောက်လေးသူ ငိုမဲ့မဲ့နဲ့ငုံ့ကြည့်နေသော Chen ကို Sehun အော်လိုက်ခြင်း
ခေါ်တော့ hyung တဲ့ ဟောက်လိုက်တာများ ငါ့အာပြဲကို Xiumin ထိုလောရှည်ကိုတော်တော်တင်းနေပြီ
"Luhan လေ မင်းကြာနေလို့ဆိုပြီး မင်းကိုရှာမယ်ဆိုပြီးထွက်သွားတယ်"
"ဟာ Lu ကတော့ကွာ ခြေထောက်ကနာနေတာကို ကျွန်တော်လိုက်ရှာဦးမယ်
အော် ဒီကညီလေး Chen ကိုအိမ်တိုင်ရာရောက်လိုက်ပို့လိုက်ပါနော်"
ပြောပြောဆိုဆို လဲနေတဲ့စက်ဘီးကိုတွန်းရင်းအပြေးတပိုင်းနဲ့ထွက်သွားတဲ့ Sehun ကို ပေါက်စီအနောက်ကလှမ်းအော်မိတယ်
"ငါမင်းထက်အသက်အများကြီး ကြီးတယ် ကလေးမသာရဲ့!!!"
"ပေါက်စီလေးလဲ ကျွန်တော့်လောက်နီးနီးအသံအောင်တာပဲ ဟီးး"
ချက်ချင်းငိုမဲ့မဲ့ရုပ်ကနေ စပ်ဖြဲဖြဲရုပ်ပြောင်းသွားတဲ့ Chen ကို Xiumin မယုံသလိုကြည့်မှ
"အားး နာလိုက်တာ တွဲပေးပါလားဟင်"
လက်လှမ်းပေးနေတဲ့ Chen ပုံစံကြောင့် Xiumin သက်ပြင်းချကာ တွဲခေါ်လိုက်တယ်
"လျှောက်နိုင်ရဲ့လား "
"အားး အားး မရဘူး လမ်းလျှောက်လို့ ဘယ်လိုလုပ်မလဲဟင်"
သနားကမား Chen ပုံစံကြောင့်ပေါက်စီတယောက်သူ့ထိုင်ခုံရှေ့စောင့်ကြောင့်ထိုင်ချရင်း
"တတ်လိုက် ကျောပိုးပေးမယ်"
"ဟာ မဟုတ်တာ အားနာစရာကြီး"
"တတ်ပါ ကိုယ့်ဆိုင် ဖောက်သည်မို့လုပ်ပေးတယ်သဘောထားလိုက်"
"တတ်မယ်နော် ဒါဆိုလဲ"
Chen တယောက်ကျေကျေနပ်နပ်ကြီးပြုံးရင်း Xiumin ကျောပေါ်ကတတ်လိုက်ခဲ့တယ်
"ဟို ဘောလုံးကွင်းကဖြတ်သွားလိုက်ပါလား အဲ့ကဖြတ်သွားရင်နီးတယ်"
"အင်းအင်း"
ပိန်ပိန်ပါးပါး Chen ကိုယ်လေးကို ကျောပေါ်တင်ရင်းသွားနေတဲ့ Xiumin မျက်နှာမှာလဲအလှပဆုံးအပြုံးတွေနှင့်
ဘောလုံးကွင်းကိုဖြတ်အသွား ရုတ်တရက်
"ရှူးးးးး ဒိုင်းးးးး ဖောင်းးးး"
မျက်နှာချင်းဆိုင်ကွင်းတဖက်အခြမ်းကနေ ထွက်လာတဲ့ မီးပန်းတွေနဲ့ရှူးဒိုင်းအသံတွေကြောင့် Xiumin ခြေလှမ်းတွေရပ်တန့်သွားတယ်
"WoW လှလိုက်တာ"
မပြီးဆုံးအောင်ပေါက်ထွက်နေတဲ့ မီးရှူးမီးပန်းတွေကို ပေါက်စီ ပါးစပ်အဟောင်းသားရပ်ကြည့်မိချိန် ခေါင်းပေါ်ကနေ တိတိကျကျပြောရရင် ကျောပိုးထားတဲ့ Chen တယောက် Xiumin ခေါင်းပေါ်ကနေချပေးလိုက်တဲ့ အသည်းပုံလော့ကဒ်နဲ့ ဆွဲကြိုးလေးတခု
"ဒီအသည်းပုံလေးကို ကျွန်တော့်နှလုံးသားလေးအနေနဲ့လက်ခံပေးနိုင်မလား Xiumin"
အနောက်ကနေ နားနားကပ်ပြောတဲ့ Chen ရဲ့ဆွဲဆောင်မှုအပြည့်နဲ့အသံကြောင့် Xiumin ရင်တွေလဲခုန်သလို ရှက်လဲရှက်သွားမိတယ်
"ဟင် လို့ XiuXiu ကြားတယ်မှတ်လား"
"ဆင်းတော့သွား"
ဒါတွေအားလုံးတမင်ဖန်တီးထားတာတွေမှန်း Xiumin သဘောပေါက်သွားတာနဲ့ Chen ကိုကျောပေါ်ကအတင်းဆင်းခိုင်းမိတယ်
"ဆင်းဆို ဆင်းစမ်း လေးတယ် သွား"
"ဟာာာ မဆင်းဘူး မဆင်းဘူး အဖြေမပေးမချင်းမဆင်းဘူး"
ပိုလို့တိုးကာ အတင်းဖက်တွယ်နေတဲ့ Chen ကြောင့် Xiumin ခါချ၍လဲမရနှင့် ဒုက္ခလှလှတွေ့လေပြီ
"ဆင်းနော် အာပြဲ အခုဆင်းဆိုဆင်း"
"no ဆို no ပဲ ဘူးဆိုဖရုံမသီးဘူး အဖြေပေးလိုက်လေ ပေါက်စီရဲ့ ချက်ချင်းဆင်းမှာ"
စိတ်ထဲမှာခေါ်နေကြနာမည်တွေပါ ထွက်လာကြတဲ့အထိ ကိုးရိုးကားရား ရုန်းရင်းဆန်ခက်ဖြစ်နေတဲ့နှစ်ယောက်
"အာပြဲ!!!!"
"wae!!!"
ဘယ်သူအသံပိုအောင်သလဲပြိုင်နေကြသလိုပင် အော်နေလိုက်ကြတာ
"လက်ခံတယ် လက်ခံတယ် ရပြီလား ဆင်းတော့"
"ဟေးးး ပေါက်စီက ငါ့နှလုံးသားလေးကိုလက်ခံပြီတဲ့ကွ"
Chen တယောက် Xiumin ကျောပေါ်ကလဲပြေးဆင်းရင်း ကွင်းတခုလုံးကြားလောက်တဲ့အသံနဲ့အော်နေတယ်
"ချစ်လား ဟင် XiuXiu ချစ်လားပြောဦး"
"သူကျမပြောဘဲနဲ့"
နှုတ်ခမ်းဆူရင်းပြောနေတဲ့ပေါက်စီကို Chen အသည်းယားစွာ ဖောင်းနေတဲ့ပါးနှစ်ဖက်ကို ညှစ်ဆွဲရင်း
"ချစ်တယ် ချစ်တယ် ချစ်တာမှကြာလှပြီ ပေါက်စီလေးဆိုင်ရောက်စထဲက အခုဆို နှစ်လ သုံးလလောက်ရှိနေပြီ သိလား ပေါက်စီရဲ့"
"အားအား ပါးကိုအဲ့လောက်ဆွဲနေရလား နာတယ်"
"ပြောလေ ချစ်တယ်လို့"
"ချစ်တယ်ကွာ ချစ်တယ် လွှတ်"
"ဟေးးးး ချစ်တယ်တဲ့"
ထို့နောက် Chen ဆက်အော်လိုက်သည့်စကားကြောင့် Xiumin တယောက်မျက်နှာကြီးရဲတတ်သွားလေသည်
Chen ဆက်အော်သည့်စကားမှာ
"Hunhan ရေ ထွက်ခဲ့ကြတော့ဟေ့ မင်းတို့ plan ကြောင့် ငါချစ်သူရပြီကွ"
ဟူ၍ဖြစ်ပေတော့သည်။
ယခု plan အောင်မြင်စွာဖြစ်မြောက်ရေးအတွက် Hunhan ရဲ့အမိန့်တွေအတိုင်းအမောင် Chen တယောက် ဘယ်လိုများစွမ်းဆောင်ခဲ့ရလဲဆိုတာကိုတော့ next episode မျှော်~~~