ညက ရှည်လျားလွန်းလှသည်! ကျွန်တော့် ရင်ဘတ်ထဲမှာ အမျိုးအမည် မသိ ဝေဒနာက တဆစ်ဆစ်နာကျင်လျှက်ရှိသည်! လူစိမ်းက.....
"Mahiro က အဲဒိအချိန်တုန်းက Akira ကို လက်လျော့ဖို့....."
"ဟင့်အင်း!!!!!!!!!!!"
"............"
"ဘာလို့လက်လျော့ရမှာလည်း!!!!!!! သူ သူ Akira ကို ချစ်တယ် မဟုတ်ဘူးလား? Akira သဘောထားကိုမေးကြည့်သင့်တယ် ! ဘာလို့ ဒီလို လွယ်လွယ်နဲ့..... အာ! ဘာ.... ဘာလို့လည်း!!!!?"
ကျွန်တော်ဘာလို့ ဒေါသတကြီးအော်ဟစ်မိနေလည်းမသိပါ! ကျွန်တော်ဘာလို့ Mahiro ဘာမှမပြောပဲ Akira ကို ထားခဲ့မှာကြောက်နေမိမှန်းမသိပါ! နောက် ကျွန်တော် ဘာလို့.....
"အာ! ဘာလို့လည်း..?"
ကျွန်တော့်ပါးပြင်မှာ ပူနွေးနေတဲ့ စီးကြောင်းနှစ်ခု ! ကျွန်တော် ငိုနေမိတာလား!? မီးပုံထဲက ပြာတွေ ဝင်လို့ရော မဖြစ်နိုင်ဘူးလား! ကျွန်တော် ရင်ဘတ်ထဲ အသက်ရှုကျပ်လာတယ်! ဘာလို့လည်း! ? စီးကျနေတဲ့ မျက်ရည်တွေကို ကျွန်တော်အလန့်တကြားသုတ်ပစ်နေမိသည်!
"မင်းလက်တွေနဲ့ မဖြစ်ဖူးလေ"
လူစိမ်းက ကျွန်တော်လက်တစ်စုံကို ဖမ်းချုပ်ထားရင်း ခပ်တိုးတိုးဆိုသည်!
"မင်းလက်က စောစောက ထင်းချောင်းက ဖုန်တွေနဲ့လေ ဖယ် ငါသုတ်ပေးမယ်"
လူစိမ်းက ကျွန်တော်ကြားရရုံ လေသံတိုးတိုးဖြင့်ပြောရင်း ကျွန်တော် မျက်ရည်တွေကို သုတ်ပေးနေသည်! ကျွန်တော် ရှက်ရွံ့စွာခေါင်းငုံထားမိတယ်!
" အဟက် ခင်ဗျားက ပုံပြောသိပ်ကောင်းတာပဲ ကျွန်တော် မသိလိုက်ခင်မှပဲ သူတို့အတွက် ခံစားနေမိပြီ"
ကျွန်တော် ခြောက်ကပ်ကပ်ရယ်ရင်း ပြောမိပြန်တယ်!
" ငါ ပုံပြောမကောင်းပါဘူး တကယ်တမ်းက......ထားပါလေ မင်း အဆင်ပြေရဲ့လား?"
ကျွန်တော် ခေါင်းငြိမ့်ပြမိသည်!ခဏကြာတော့ ကျွန်တော့်ကို ကျွန်တော် ပြန်ထိန်းချုပ်လို့ရသွားတယ် !
ဒီလိုနဲ့ လူစိမ်းက ပုံပြင်ကို ဆက်ခဲ့သည်!
__________ Endless Love __________
အခုဆိုရင် Akira တို့အိမ်ကို အမြဲလိုလို Shun လာလည်တတ်သည်! နေ့စဉ် Akira နားမှာ အရိပ်လိုရှိနေတတ်တဲ့ Shun ကို Mahiro ကြည့်မရဖြစ်နေသည်!Shun Akira ကို ကြည့်တဲ့ မျက်လုံးတွေကို Mahiro သဘောမကျဘူး! လူ့ စိတ်က မရနိုင်မှန်းသိလေ ပိုလိုချင်လေ! အတင်းထိန်းချုပ်ထားလေ ဇွတ်တိုးဝင်ချင်လေ ဖြစ်သည်!
*sigh*
"Mahiro မင်းအခုတလော တမျိုးပဲ ဘာဖြစ်လို့လည်း နေမကောင်းဘူးလား မင်းကြည့်ရတာ သက်ပြင်းတွေလည်း ခဏခဏ ချတယ်"
*( Mahiro ကို နေမကောင်းဘူးလားမေးရတာ နည်းနည်းတော့ ရယ်စရာကောင်းတယ် ဒါပေမယ့် သူလည်းတခါတလေ နေမကောင်းဖြစ်ချင်ဖြစ်နိုင်တာပဲလေ)
Akira မျက်ဝန်းမှာ စိုးရိမ်မှုတွေကို Mahiro အတိုင်းသားမြင်နေရသည်!
"ဒီမှာ Akira ငါ မင်းကို တစ်ခုလောက်မေးချင်တယ်"
"အင်း.....မေးလေ"
"မင်းအတွက် ငါ နဲ့ Shun ဘယ်သူက ပိုအရေးကြီးလည်းဟင်?"
"????"
ခဏတော့ Akira တိတ်ဆိတ်သွားသည်!
"မင်းရဲ့မေးခွန်းက ငါ့အတွက်တော့ စတော်ဘယ်ရီနဲ့ မက်မွန်သီး ဘယ်ဟာပိုကြိုက်လည်းမေးသလိုဖြစ်နေပြီ! "
Akira က စတော်ဘယ်ရီရော မက်မွန်သီးရော ကြိုက်တယ် ! ဘယ်ဟာပိုကြိုက်လည်း မရွေးတတ်ပေမယ့် တမျိုးစီကြိုက်ပုံချင်းမတူပေ !
*(မင်းတို့နှစ်ယောက်လုံး ငါ့အတွက်အရေးကြီးတယ်လေ ! ဒါပေမယ့် အရေးကြီးပုံချင်းတော့ မတူကြဘူး)
Akira စိတ်ထဲကတွေးနေမိတယ်!
"hump ဘာလည်း ဒါဆို ငါက စတော်ဘယ်ရီလား ဟိုကောင်က မက်မွန်သီးပေါ့ အဲကောင် မက်မွန်သီးလောက်လည်း ချစ်စရာ မကောင်းပဲနဲ့"
ကလေးလို ဆူပုပ်ပုပ်နဲ့ ပြောနေတဲ့ Mahiro ကို ကြည့်ရင်း Akira ရယ်ချင်လာတယ်!
"ဟားဟားဟားဟား Mahiro မင်း ကလေးကျနေတာပဲ ဟားဟားဟား"
"ဘာ !!ဘာရယ်တာလည်း ငါဘာလို့ ကလေးဖြစ်ရမှာလည်း ဒီမှာ Akira ငါမင်းထက် အသက်ထောင်ချီပြီးကြီးတယ် နောက်ပြီး အရပ် ! အရပ်လည်း မင်းထက်ရှည်တယ် နောက် အော.. ဆံပင် ဆံပင်လည်းမင်းထက်ရှည်တယ်လေ"
တစ်ခုပြီးတစ်ခု စဉ်းစားပြီးပြောနေတဲ့ Mahiro ကို Akira ပြုံးပြီးကြည့်နေတယ်!
ဟုတ်တာပေါ့ Mahiro ဆိုတဲ့ ဟောဒီိ သူ့ရှေ့က သွေးစုပ်ကောင်လေးကြောင့်သာ သူဒီလိုပြုံးပျော်ခွင့်ရတာ!
"ဘာပြုံးတာလည်း!!!!!"
Mahiro က မလုံမလဲထအော်တယ်!
"မဟုတ်ပါဘူး ဟားဟားဟား မင်းတကယ်ကလေးပဲ Mahiro!"
"ဘာ!!!!!!! ok လေ ငါကလေးမဟုတ်ကြောင်းပြရသေးတာပေါ့"
ပြောရင်း Mahiro က Akira နားတိုးကပ်လို့လာတယ်! Akira နေရာမရွှေ့မိဘူး!Mahiro က Akira ပုခုံးနှစ်ဖက်ကို ဆုတ်ကိုင်လိုက်တယ် ! Akira မရုန်းမိဘူး! Mahiro မျက်နှာက Akira ဆီ ငုံ့ကျလာတယ် ! Akira အကြည့်မလွှဲမိဘူး! Mahiro အသက်ရှုထုတ်လိုက်တဲ့ လေလေးတွေ Akira မျက်နှာပေါ်လာတိုးတိုက်သွားတယ်! Akira မျက်လုံးလေးတွေမှိတ်ထားမိသည်!
*( ဘာလည်း Mahiro ပြီးရင် Good afternoon Kiss လို့ပြောအုံးမှာပဲမို့လား?)
တစက္ကန့်........
နှစ်စက္ကန့်........
သုံးစက္ကန့်.........
အရာအားလုံးငြိမ်သက်လို့နေသည်! Akira မျက်လုံးဖွင့်ကြည့်မိတော့............
"ငါတောင်းပန်ပါတယ် Akira ! မင်းကိုကြောက်အောင်လုပ်မိပြန်ပြီ"
Mahiro က တိုးလျလျပြောရင်း လှည့်ထွက်သွားတယ်!
*( ဟင့်အင်း မဟုတ်ဘူး Mahiro~)
ထွက်သွားတဲ့ Mahiro ကျောပြင်ကို Akira ကြည့်ရင်း ခြေထောက်တို့မခိုင်စွာ ညွှတ်ကျသွားသည်! ခုန်လွန်းတဲ့ ရင်ဘတ်ကြီးလည်းကွဲထွက်တော့မယ်!
*( ငါရင်ခုန်နေလွန်းလို့ ကျောက်ရုပ်လိုဖြစ်နေခဲ့တာပါ)
__________ Endless Love __________
Mahiro လမ်းမတလျှောက် တွေ့သမျှ အကုန် ပစ်ကန်နေမိသည်! Akira ရှေ့ရောက်ရင် သူ့စိတ်တွေ မထိန်းနိုင်တဲ့အတွက် သူ့ကိုယ်သူအပြစ်တင်နေမိတယ်! Akira ~ !သူ Akira ကို ဖွင့်ပြောလိုက်ရင်ကောင်းမလား? သူ့ကို Akira လက်ခံပါ့မလား! သူက လူသားတစ်ယောက်မှ မဟုတ်ခဲ့ပဲ! အတွေးတို့က Mahiro ကို နှိပ်စက်နေတယ်!
"Mahiro !"
ရုတ်တရက်ခေါ်သံ ကြားရာ လှည့်ကြည့်မိတော့ ..........
"Shun!"
Shun က သူရှိရာဆီလျှောက်လာတယ်!
"Mahiro မင်းနဲ့ ငါ စကားနည်းနည်းပြောစရာရှိတယ်"
"ငါ့မှာ မင်းနဲ့ပြောစရာမရှိဘူး"
Mahiro လှည့်အထွက်.....
"ငါ့မှာပြောစရာရှိနေတယ်လေ"
Shun က Mahiro ကို လှမ်းဆွဲထားရင်းပြောလိုက်သည်!
Shun ရဲ့ မျက်လုံးတို့က စူးရှလျှက်ရှိသည်!
Mahiro က ဆတ်ခနဲ ရုန်းလိုက်ရင်း....
"နေစမ်းပါအုံး မင်းပြောတာငါက ဘာကိစ္စနားထောင်နေရမှာလည်း"
"Akira နဲ့ ပတ်သတ်တယ်ဆိုရင်ရော"
*tsk*
"ဒီမှာ Mahiro မင်းကို Akira က ဘာလို့ လက်ခံထားလည်း မသိပေမယ့် မင်း Akira နားက ထွက်သွားရင်ကောင်းမယ်!"
"ဘာ ...... အဟက် မင်းတော်တော်ရီရတဲ့ကောင်ပဲ နေစမ်းပါအုံး မင်းက ဘာလို့ ငါ့ကို အမိန့်ပေးနေရတာတုန်း !"
Mahiro အကြည့်တို့က စူးရှလွန်းလှတယ်!
"ဒီမှာ Mahiro ! Akira ကို ငါပိုင်တယ် မင်းကြားဝင်မရှုပ်နဲ့ ငါဒါပဲပြောမယ်"
"ဘာ! ဘယ်တုန်းက Akira ကို မင်းကပိုင်သွားရတာလည်း"
"ငါတို့ရဲ့အတိတ်ကို မင်းမှမသိပဲ Mahiro ! Akira ကို ဟိုအရင်ထဲက ငါပိုင်တာပဲ"
Shun ရဲ့စကားတို့က Mahiro နှလုံးသားကို အပ်အစင်းတစ်ရာနဲ့ ထိုးစိုက်နေသလိုပဲ! မဖြစ်နိုင်ဘူး ဒါမဖြစ်နိုင်ဖူးလေ Akira ကိုယ်တိုင်က သူငယ်ချင်းလို့ပြောထားတာပဲ!မဖြစ်နိုင်ဘူး!!!!!!!
"အဟက် မင်းဟာက ပိုင်လှချည်လား!? Akira ကမင်းကို ငယ်ငယ်ကသူငယ်ချင်းလို့ပဲပြောတယ်လေ"
"ငါတို့ရဲ့ အတိတ်ကို မင်းမသိပါဘူး Mahiro ! ဘာပဲပြောပြော မင်းနောက်ဆုတ်တာကောင်းမယ် မင်း Akira ဘဝထဲက ထွက်သွားလိုက်ပါ"
လှည့်ထွက်သွားတဲ့ Shun ရဲ့ကျောပြင်ကိုကြည့်ရင်း Mahiro လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားတယ် ! မျက်လုံးတို့က အေးစက်တဲ့ အငွေ့အသက်တို့ လွှမ်းလို့! ဟိုအရင်စိတ်နဲ့ဆို Shun နေရာတင် တစ်စစီဖြစ်လောက်တယ်! အခုတော့ သူ Akira အပါးမှာ ယဉ်ပါးခဲ့ပြီလေ!
*( Akira တကယ်ပဲ Shun ပြောသလို မင်းတို့က ပတ်သတ်မှုရှိခဲ့တာလား?)
အတွေးတို့က Mahiro ကို မွန်းကျပ်စေတယ်! တစစ်စစ် နာကျင်နေတဲ့ ရင်ဘတ်ကို ဆုတ်ကိုင်ရင်း Mahiro ခြေဦးတည့်ရာ လျှောက်သွားနေမိသည်!
__________ Endless Love __________
လူစိမ်းက ပုံပြင်ကို ရပ်ရင်း ကျွန်တော့ကို အကဲခတ်လျှက်ရှိသည်! ကျွန်တော့် ခေါင်းထဲမှာ ပုံရိပ်များစွာနဲ့ ရှုပ်ထွေးလျှက်ရှိတယ်!
ဘာလို့လည်း?
ဘာလို့ကျွန်တော်ရင်ဘတ်ထဲက တစစ်စစ်နာကျင်နေရသလည်း? ကျွန်တော် ပါးပေါ်လိမ့်ဆင်းနေတဲ့ မျက်ရည်တွေကို မသုတ်မိတော့ဘူး! ခေါင်းထဲမှာ တချက်တချက်ပေါ်လာတဲ့ ပုံရိပ်တွေကိုလည်း အဓိပ္ပာယ်မဖော်တတ်တော့ဘူး!ကျွန်တော် မျက်ရည် အပြည့်နဲ့ မော့ကြည့်မိတော့ ကျွန်တော့်ရှေ့မှာ Mahiro ! ဟင့်အင်း မဟုတ်သေးပါဘူး ကျွန်တော်မှ Mahiro ကို မသိတာ ! ကျွန်တော်လူစိမ်းရဲ့ပုံပြင်ကို နားထောင်နေတာလေ! အဲဒိနောက် ကျွန်တော် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားသည်...............
TBC