"အ့ အား ဖြည်းဖြည်း လုပ် ပါ"
"ရှူး ရှူး တိုးတိုးနေလေ"
အသံတစွန်းတစထွက်လာလိုက် နောက်ပြန်တိတ်သွားပြီး နံရံကိုတွန်းတိုက်သံတွေထွက်လာလိုက်နဲ့ အချိန်က ၁၅ မိနစ်လောက်ကြာနေပြီ
"အ့ ပေါက်ကုန်ပြီ ဟင့်"
"အုံဖွ အုံဖွ အရမ်းနာသွားလား"
မပြီးနိုင်မစီးနိုင်ထွက်နေတဲ့အသံတွေကို တဖြေးဖြေးမြင်ပြင်းကပ်လှစွာ အပြင်ကလှမ်းအော်မိတော့တယ်
"မပြီးနိုင်ကြသေးဘူးလား ခွေးကောင်လေးတွေရဲ့"
အသံအောင်လှသော Chen တယောက် toilet အပြင်ကနေ အထဲမှာ အချစ်မွှန်နေသော Hunhan ကိုလှမ်းအော်လိုက်ခြင်း
Chen မအော်တော့ဘဲနေတော့မလား အတန်းနားတဲ့ break time လေးမှာ ထိုအချစ်ငှက်နှစ်ကောင်ကို toilet အပြင်ကနေ မက်တပ်ရပ်ကာ လာသမျှလူကိုမျက်နှာချိုချိုနှင့် မဝင်ပါနဲ့ခင်မျာ အထဲမှာအရေးကြီးနေလို့ပါ ဟူသောစကားတခွန်းကိုထပ်ခါထပ်ခါပြောနေရ၍ မောကလဲမောသည် တယောက်ထဲသမား single ဘဝမကျွတ်သေးတဲ့လူကို သူတို့အသံတွေနားထောင်ခိုင်းထားသည့်အတွက်ဒေါသလဲထွက်သည် အခုကြည့် break time ကကုန်နေပြီမပြီးနိုင်ကြသေးသည့်အတွက် ဒေါသအိုးပေါက်ကွဲကာထအော်မိခြင်း
ဟော ဟော ထွက်လာကြပါပြီ စူပုပ်ကာ နှုတ်ခမ်းလေးတကိုင်ကိုင်နှင့်ရှေ့ကထွက်လာသော Oh Sehun နှင့် ပြုံးဖြဲနေသောမျက်နှာကြီးကိုအတင်းဆွဲစိထားရပုံရသော မျက်နှာပိုးမသေသည့် Xiao Luhan
မုန်းသည် အဲ့နှစ်ကောင်ကိုအခုလိုမြင်ရတိုင်းမုန်းသည် အဘယ်ကြောင့်ရှိမလဲ စိတ်ကောက်လွန်းသော Ohse ကို XiaoLu တို့အတန်းထဲမှာပေါက်ပေါက်ဖောက်ကချော့ဦးမည်လေ အဲ့တော့သူတို့နှစ်ကောင်ရှေ့မှာထိုင်တဲ့ Chen နားငြီးရပြန်ဦးမပေါ့
"ဟီး Chen chen စောင့်ရတာကြာသွားလား အပြန်ကြမုန့်ဝယ်ကျွေးမယ်နော် ဟို ဘာလဲ မင်းခေါ်တဲ့ပေါက်စီလေးဆိုင်မှာ ကျွေးမယ်သိလား မျက်စောင်းကြီးတော်ရုံထိုးပါ နော်"
Luhan တယောက် Chen ကိုအချိုပြန်သပ်နေခြင်း ဟိုးကလေးအရွယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းဆိုတော့ Chen စိတ်ဆိုးလဲခနပေါ့ ဒါကို Luhan အမြဲအခွင့်ကောင်းယူကာ Chen ကိုအနိုင့်ကျင့်နေတတ်တာ ဟိုကလူအေးဆိုတော့လဲ ငလည် Luhan လုပ်သမျှခံပေါ့
"ဟာ Hunnie အဝေးကြီးတောင်ရောက်သွားပြီ လိုက်ချော့လိုက်ဦးမယ် ငါနဲနဲကြမ်းသွားတော့ ကလေးစိတ်ဆိုးသွားတယ်"
"အေးသွားသွား မင်းဟာလေးကိုမင်းပဲလုပ်ချင်သလိုလုပ် ပြီးရင်မင်းပဲအာပေါက်မတတ်ပြန်ချော့ သွား သွား"
Chen ဆိုသည်မှာလဲ ပေါက်စီဆိုင်မှာမုန့်ကျွေးမယ်ဆို ကျေအေးပေးလိုက်တတ်မြဲပင်
"Hunnie ပြစမ်း Lu ကိုပြစမ်း"
စပြီ Xiao Lu ရဲ့ Ohse ချော့ခန်းတွေ
"အတန်းထဲရောက်နေပြီ ဘာတွေပြောနေတာလဲ"
စူးကနဲပြန်ရန်တွေ့သော ကလေးလိုလို ခွေးလိုလို Oh Sehun အတန်းထဲဆရာမဝင်သေးတော့ ဒင်းတို့နှစ်ကောင်ရုပ်ရှင်ရိုက်ပြန်ပြီပေါ့
"Hunnie ကလဲ Lu ကနှုတ်ခမ်းပြောတာကို အများကြီးပေါက်သွားတာလား ကြည့်ရအောင်ပြလို့"
Sehun ရှေ့က စားပွဲပေါ်တတ်ထိုင်ကာ အပေါ်စီးကနေ Sehun မျက်နှာလေးကိုတယုတယကိုင်ရင်း Luhan တယောက်အကဲပိုပြနေတယ်
"တော်ပါ သူပဲလုပ်ထားပြီးတော့ သွား လာမကြည့်နဲ့"
မျက်နှာကိုတဖက်လှည့်ပစ်ရင်း Sehun စိတ်ကောက်ကြောင်းအပီအပြင်ပုံဖော်ပြနေတယ်
လိုက်လဲလိုက်တဲ့နှစ်ယောက်ပါပေ
"ဟယ် အရမ်းကြီးတာပဲ Hunnie နာလားဟင် အရမ်းနာနေလား ဆေးသွားဝယ်ပြီးလိမ်းပေးရမလား"
မျက်နှာတဖက်လှည့်နေတဲ့ Sehun နှုတ်ခမ်းလေးကိုဖွဖွလေးကိုင်ကာ Luhan သည်းပြနေတယ်
"တကယ်အကြီးကြီးပဲလား ဟုတ်လား Lu"
Luhan လုပ်မှ Sehun တယောက်အလန့်တကြားထအော်တယ်
"တွေ့လား အဲ့တာ Lu လုပ်တာ အဟင့် အာ့ကြောင့်နာပါတယ်လို့"
"mianhae Lu လဲအဲ့လောက်ကြီးသွားမယ်မထင်မိဘူး အုံဖွနော် မွမွ အခုပျောက်သွားမှာနော်"
toilet ထဲမှာမွပြီးတာ အားမရလို့အခုအတန်းထဲမှာပါ ထပ်မွနေသည် ဒီနှစ်ကောင်ဆိုတာအရှက်နဲနဲလေးမှရှိကြတဲ့ဟာတွေမဟုတ် အတန်းသူအတန်းသားတွေကလဲ ထိုနှစ်ယောက်ဆိုအဖက်ကိုမလုပ်ကြတာ အကြောင်းသိတွေလေ မနှစ်ကတနှစ်လုံးဒီနှစ်ကောင်နဲ့တခန်းထဲနေခဲ့သူတွေဆိုတော့ ဘယ်ထူးဆန်းပြနေတော့မလဲ
Hunhan ဆိုတာအဲ့လိုအဲ့လိုလူကြားမရှောင်သူကြားမရှောင်ချစ်ပြတတ်တဲ့လူနှစ်ယောက်ပါ
သူတို့နှစ်ယောက်ရှေ့ထိုင်နေတဲ့ Chen တယောက် ဘာရယ်မဟုတ် ဒီနှစ်ကောင်စတွေ့တွေ့ချင်းကအကြောင်းကိုပြန်စဉ်းစားနေမိတယ်
လွန်ခဲ့သောတနှစ်က
"အားးးးး"
အတန်းတခုလုံးဆူညံနေငြိမ် ရုတ်တရက်ကြီးထအော်လိုက်သော Luhan အသံကြောင့် အားလုံးပကတိငြိမ်ကျသွားတယ်
"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"
"ပျင်းတယ် Chen ရာ ဆရာလဲမရှိတဲ့အတန်းထဲငါတို့ဘာလို့ထိုင်နေရတာလဲ Uni လဲမဟုတ်တော့အတန်းလစ်ပြီးအပြင်လဲထွက်မရနဲ့ ပျင်းလို့သေတော့မယ်"
အထက်တန်းဒုတိယနှစ်ကျောင်းသားက ကြီးကြီးကျယ်ကျယ် Uni တွေဘာတွေစကားထဲထည့်ပြောနေခြင်း
"Chen chen"
Luhan အဲ့လိုနှစ်ထပ်ခေါ်ရင် Chen ကြက်သီးထသည်
"ဘာ ဘာလဲ"
"ငါတို့ခိုးထွက်ကြရအောင်"
"Luhan ပေါက်ကရမပြောနဲ့ မင်းဘိုးအေ ကျောင်းအုပ်ကြီးမိရင် ဘောလုံးကွင်း အပတ်၂၀နော်"
"ဟာ မရဘူးကွာ ငါပျင်းလို့အရေထွက်နေပြီ သွားရအောင် Chen ရာ နော်လို့ နော်နော်"
"no no Luhan no ပဲ"
"ငါမင်းကို ဟို ဒီနေ့မှဖွင့်တဲ့ ဆိုင်အသစ်လေးမှာမုန့်ဝယ်ကျွေးမယ်လေ လုပ်စမ်းပါ Chen ရာ နော်"
"ဟင်းးး သဘောပဲကွာ"
နှစ်ဦးသဘောတူ အတန်းထဲကထွက် အဆောင်ထဲကခိုးကြောင်ခိုးဝှက်ပြေးရင်း ကျောင်းအုတ်နံရံပေါ် Luhan အရင်ကျော်အတက်
"အား"
မျက်နှာချင်းဆိုင်က Luhan လိုပင် အုတ်နံရံအပြင်ကကျော်ဝင်လာသူတယောက်နှင့် ခေါင်းချင်းတိုက်ပြီးသကာလ Xiao Luhan တယောက် တဖက်လူအားကိုမခံနိုင်စွာ Chen ရှိရာကျောင်းဝင်းထဲပဲပက်လက်ပြန်ကျလာတယ်
"အားပါးပါး သေပါပြီ အပေါ်ကကောင် ဖယ်စမ်းသူ့ကိုယ်ကြီးနဲ့ဖိထားလိုက်တာ သေတော့မယ်"
အောက်မှာပိနေတဲ့ Luhan အပေါ်ကလူကိုမျက်နှာမကြည့်ဘဲစွတ်ဟောက်နေခြင်း
"အာ sorry sorry ကျွန်တော် ပထမဆုံးကျောင်းလာတဲ့နေ့နောက်ကျနေလို့ ဒီကတတ်မိတာ နာသွားလားဟင်"
သူ့အပေါ်ကဖယ်ရင်းလက်ကဆွဲထူပေးနေတဲ့လူကို Luhan မော့ကြည့်မိတော့
အားလားလား အဲ့ဒါ နတ်သားများလား ဖွေးဥနေတဲ့အသားအရည်က နေရောင်ထဲမှာဝင်းလို့ ကိုယ်ရောင်ကိုယ်ဝါတောက်နေသလို အနက်ရောင်စာကလေးကေတိုတိုလေးက ရှေ့ကိုကျနေတာ ချစ်ဖို့ကောင်းလှပါဘိ
"Chen chen"
"အေး ရလား Luhan ဘယ်နားနာသွားလဲ"
"ငါမျက်လုံးမှားနေတာလား ငါ့ရှေ့မှာနတ်သားလေး"
သူ့ကို နတ်သားလေးဟုပြောနေသော မျက်လုံးဝိုင်းဝိုင်းမျက်တောင်ရှည်ရှည်နှင့် မိန်းကလေးတယောက်မျက်နှာဘေးထက် ပိုလှလွန်းသော ကောင်လေးကို Sehun တယောက်လဲအကြောင်သားရပ်ကြည့်နေမိတယ်
"အဲဒါ လူကွ တော်ရုံကြောင်စမ်း Luhan"
"အဲဒါ လူသားလေးလား ဒါနဲ့နာမည်က"
နာမည်လာမေးနေသောကောင်လေးကိုကြည့်ကာ ဒီကောင်လေးသွက်လှချည်လားတွေးရင်း
"Sehun ပါ"
"Annyeon ငါက Luhan မင်းကလေအရမ်းချစ်ဖို့ကောင်းတာပဲ Hunnie"
အာသွက်လျှာသွက် Luhan တယောက် Sehun ဆိုသောကောင်လေးကို အကြည့်တွေနှင့်ကြာပစ်နေချိန်
"ဟေးးး ဘယ်သူတွေလဲ လာစမ်း"
လုံခြုံရေးဦးလေးကြီးလိုက်ဖမ်းမှုကြောင့် Sehun လက်ကို Luhan ဆွဲကာ Chen ကိုပစ်ပြီးထွက်ပြေးတော့တယ်
Chen လဲအစကြောင်နေရာမှ နောက်ကအော်လိုက်လာသောလူကြီးအသံကြောင့် Hunhan နှစ်ကောင်နောက်ကိုအပြေးလိုက်ရင်းးးးးးး ကျောင်းအုပ်ကြီးရုံးခန်းထဲထိရောက်ကာ ဘောလုံးကွင်း အပတ် ၂၀ ပတ်ပြေးခဲ့ရလေသည်
သို့သော် Chen သာမောမည် အပြုံးတချက်မပျက်ဘဲပျော်ပျော်ကြီးပြေးနေကြသူတွေကတော့ Sehun နှင့် Luhan ပေ။