" Behind The Sence " [ Zawgyi...

By sekaibubblechoco

402K 34.5K 2.2K

နှစ်​ဖက်​မိဘ သ​ဘောတူ လက်​ထပ်​ခြင်းဆိုတဲ့ ​ခေါင်းစ​ဉ်​​အောက်​က မင်းနဲ့ငါ.... Main Chat >> Sehun / Kai... More

-2-
-3-
- 4 -
- 5 -
-6-
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 13 -
- 14 -
- 15 -
-16-
- 17 -
- 18 -
-19-
- 20 -
- 21 -
-22-
- 23 -
-24-
- 25 -
- 26 -
- 27 -
- 28 -
- 29 -
- 30 -
Final
❤️ Extra ❤️
- 1 -
- 2 -
- 3 -
-4-
- 5 -
- 6 -
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 14 -
- 13 -
- 15 -
- 16 -
- 17 -
- 18 -
- 19 -
- 20 -
- 21 -
- 22 -
- 23 -
- 24 -
- 25 -
- 26 -
- 27 -
- 28 -
- 29 -
- 30 -
Final
❤️ Extra ❤️

-1-

28.1K 1.4K 42
By sekaibubblechoco

"​တောက်​... ဘယ်​အချိန်​ရှိ​နေပြီလဲ "

Sehun အံကြိတ်​ရင်း ​တောက်​​ခေါက်​မိသည်​... ဒီ​နေ့ဘဲ မင်္ဂလာ​ဆောင်​တယ်​... ဒီ​နေ့ဘဲ ပြသနာတက်​တယ်​...
အလုပ်​​တွေ များတဲ့ ဘဝမှာ ဒီလိုအိမ်​​ထောင်​ဖက်​​ကြောင့်​ စိတ်​ညစ်​ရမယ့်​အ​ကြောင်းကို​တွေးမိ​တော့ အခုလက်​ရှိ dinner ပွဲကို​တောင်​ ဖျက်​လိုက်​ချင်​​သေးရဲ့...

Sehun ရဲ့ မိဘ​တွေက​တော့ အပြုံးမပျက်​​သေး​ပေမယ့်​ ​ယောက္ခမ​တွေက​တော့ သူတို့သားလုပ်​ရပ်​​ကြောင့်​ sehunတို့ကို အားနာ​နေ​သော အ​ခြေ​နေမျိုးနဲ့....

"Dinner က ​နောက်​ကျ​နေပြီ.."

ယောက္ခမ ဖြစ်​သူက အားနာတဲ့ မျက်​နှာထားမျိုးနဲ့ ​မျက်​နှာချို​သွေးပြီး ​ပြော​နေတုန်းမှာ...

အိမ်​အ​နောက်​​ပေါက်​က​နေ ကမန်းကတန်းဝင်​လာတဲ့ ​ကောင်​​လေး​ကြောင့်​ sehun မျက်​ခုံး​တွေ တွန့်​ချိုးသွားရသည်​...

"Sorry..​​မေ​မေ... သား​နောက်​ကျသွားတယ်​...လမ်းမှာကား​တွေပိတ်​​နေလို့..."

ခေါင်း​ပေါ်က ​ရေစက်​​တွေကို ခါချရင်း လူကြီး​တွေကို ရိုရိုကျိုးကျိုး​ပြော​နေရှာတဲ့ ​ကောင်​​လေးက သူ့ထက်​ ၆နှစိ​လောက်​ငယ်​ပြီး ​ဆေးအသစ်​ထူတ်​​ဖော်​တဲ့ဌာနမှာ သု​တေသနကိုလွန်​စွာမှအားထုတ်​ကြိုးပမ်းတဲ့ ဆရာဝန်​​လေး​ပေါ့​လေ...

"အို...သားရယ်​.. မိုး​တွေလည်းရွှဲလို့... ဖျားမယ်​.. လာ..လာ.."

နောက်​ကျမှလာ​သော သားကို တစ်​ချက်​မှ ဆူပူခြင်းမရှိတဲ့အပြင်​ စိတ်​ပူစွာနဲ့ ပူပန်​​သေး​တဲ့ ​ယောက္ခမကိုမြင်​ကတည်းက ဒီ​ကောင်​​လေးကို တစ်​အိမ်​လုံး သည်းသည်းလှူပ်​မယ်​ဆိုတာ sehun ခန့်​မှန်းမိပါ၏...

မင်္ဂလာပွဲပီးကတည်းက ​ယောက္ခမ နဲ့ မိဘ​တွေကို နှူတ်​ဆတ်​ပြီး အလုပ်​ကို​ပြေးသွားတဲ့ အပြင်​ Dinner ထိပါ​နောက်​ကျ ​နေတဲ့ သမက်​အသစ်​စက်​စက်​​လေးကို တစ်​ချက်​မှ မျက်​နှာမပျက်​ချစ်​နိုင်​သည့်​ ကိုယ့်​မိဘ​တွေကိုလည်း အံ့သြမိပါရဲ့...

အနည်းငယ်​​နောက်​ကျမှ စဖြစ်​လိုက်​တဲ့ Dinner ပွဲက အဆင်​​ပြေ​ပြေပြီးဆုံးသွားခဲ့သလို ကိုယ့်​ထက်​ အသက်​အများကြီးကွာခြား​တဲ့ အိမ်​​ထောင်​ဖက်​​ နဲ့ Sehun တို့ရဲ့ ​နေ့သစ်​​တွေက စတင်​ခဲ့ပါ၏....

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

"မင်း မအိပ်​​သေးဘူးလား.."

Dinner ပြီး​တော့ ည​တောင်​အ​တော်​နက်​​နေပြီ.. sehun တစ်​​နေကုန်​ပင်​ပန်းထားတာမို့ ​ခြေလက်​​ဆေးပြီး ညအိပ်​ဝတ်​စုံလဲကာ ကုတင်​​ပေါ်တက်​လိုက်​​ပေမယ့်​ ထို​ကောင်​​လေးက ကုတင်​​ဘေးက စားပွဲမှာ ​ခေါင်းက​​ငေါက်​စိုက်​...

"ဟင်​.... အိပ်​မှာပါ.. ကျ​နော်​ဒါ​လေး​တွေလုပ်​ဦးမယ်​ .. ခင်​​ဗျား အိပ်​ရင်​ အိပ်​​တော့​လေ..."

Sehun ဘက်​ကို တစ်​ချက်ဘဲ ကြည့်​ပြီး စာကြည့်​စားပွဲက ပစ္စည်း​တွေကြား အာရုံ​ရောက်​သွားပြန်​တဲ့ ​ကောင်​​လေး​ကြောင့်​ sehun ​ခေါင်းကိုတစ်​ချက်​ခါလိုက်​ကာ အိပ်​ယာ​ပေါ်လှဲလိုက်​​တော့သည်​...

ဒီ​ကောင်​​လေး အရွယ်​တုန်းက sehun တို့လွတ်​လွတ်​လပ်​လပ်​ ​ပျော်​ရွှင်​ခဲ့ရ​ပေမယ့်​ ဒီ​ကောင်​​လေး ကြည့်​ရတာ ပင်​ပန်းလိုက်​တာ...

Sehun လည်းတစ်​​နေကုန်​ပင်​ပန်းထားတာမို့ ​မကြာခင်​မှာဘဲ အိပ်​​ပျော်​သွား​တော့သည်​...

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

Sehun နိုး​နေကျ အချိန်​​တွေအတိုင်း နိုးလာ​တော့ ​ဘေးက အိပ်​ယာက ကွက်​လပ်​...

မျက်​လုံးကစားလိုက်​​တော့မှ စာကြည့်​စားပွဲက မီးကို​တောင်​ မပိတ်​နိုင်​ဘဲ ထို​ကောင်​​လေးက စားပွဲ​ပေါ်​မှောက်​ကာ အိပ်​​ပျော်​လို့်​...

ဘာရယ်​​တော့မဟုတ်​​ပေမယ့်​ အနည်းငယ်​​တော့ စိတ်​ပျက်​သွားမိသည်​....

စည်းမရှိ ကမ်းမရှိနဲ့... အိပ်​ယာ​ပေါ်​တောင်​ တက်​မအိပ်​နိုင်​တဲ့ထိ အလုပ်​များ​​နေတာလား .. အလုပ်​များချင်​​​ယောင်​​ဆောင်​​နေတာလား..

အစကတည်းက အလုပ်​ဘဲ လုပ်​ချင်​ရင်​ အိမ်​​ထောင်​မပြုနဲ့​ပေါ့ကွာ....

"Tsk...မကြိုက်​တဲ့အချက်​​တွေချည်းဘဲ "

အများကြီးညှိယူရမယ့်​ စိတ်​ပျက်​စရာ​နေ့ရက်​​တွေအ​ကြောင်း sehun ​တွေးမိတာ​ကြောင့်​ စိတ်​ရှူပ်​သွားမိသည်​...

လော​လောဆယ်​ ​တော့ မနက်​ခင်းအားကစားလုပ်​ဖို့ sehun အိမ်​က​နေ ထွက်​လာလိုက်​​တော့သည်​..

ပြန်​လာမှ ဒီ​ကောင်​​လေးကို ​ပြောစရာရှိတာ​တွေ ​ပြောရဦးမည်​...

မချစ်​နှစ်သက်​တဲ့သူ​တွေရဲ့ မင်္ဂလာဦးဟာ ဒီလိုဘဲ ထင်​ပါရဲ့...

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

"♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ "

Ph က alarm သံ​ကြောင့်​ Jongin အလန့်​တကြား နိုးသွားသည်​ ..

"မနက်​ ၆နာရီ ​တောင်​ထိုးပြီ.."

အိပ်​ယာလွတ်​​ကြောင့်​ sehun ထသွားပြီဆိုတာ သိလိုက်​သည်​....

စားပွဲ​ပေါ်မှာ ​ဖြစ်​သလိုအိပ်​မိထားတာ​ကြောင့်​ ဇာတ်​ခုလုံးက ကျဉ်​တက်​​နေကာ နာလို့...

အေးစက်​စက်​လူကြီးကို​ကြောက်​လို့ အိပ်​ယာ​ပေါ်တက်​မအိပ်​လိုက်​ခြင်းရဲ့ ရလာဒ်​​တွေ​ပေါ့​လေ...

Jongin များများစားစား မ​တွေးအား.. ​ရေချိုးခန်းထဲဝင်​ကာ မျက်​နှာသစ်​ ​ရေချိုးပြီး အကျီ​ကောက်​လဲကာ အိမ်​​အောက်​ဆင်းခဲ့​တော့သည်​...

Dinning Room ထဲကို ဝင်​ခဲ့​တော့...

"အကို​လေး.. မနက်​အ​စောကြီးသွား​တော့မလို့လား.."

Arjuma က​မေးလာ​တော့ jongin ပါမုန့်​ကို မတ်​တပ်​ရပ်​လျက်​ဝါး​နေရင်းနဲ့ပင်​....

"အင်း...Arjuma.. ကျ​နော်​ သွား​တော့မယ်​..​နောက်​ကျလို့မဖြစ်​လို့.. သူပြန်​လာရင်​ ကျ​နော်​သွားပြီလို့​ပြော​ပေး​နော်​..."

ကမန်းကတန်း coffee ခွက်​ကို​ကောက်​​မော့ကာ စကားပြန်​ကို ​တောင်​မ​စောင့်​နိုင်​ဘဲ ​ပြေးထွက်​သွား​သော Jongin ကိုကြည့်​ရင်း arjuma ​ခေါင်းခါမိပါ၏...

အကို​လေး sehun အိမ်​မှာ လွန်​ခဲ့တဲ့ နှစ်​​တွေကတည်းကအလုပ်​လုပ်​ခဲ့သူမို့ sehun အ​ကြောင်းကိုသိ​နေတာ​ကြောင့်​ ဒီအိမ်​​ထောင်​​ရေးအဆင်​​ပြေပါ့မလား စိုးရိမ်​စွာ​တွေးလိုက်​မိ​သေးသည်​...

ဖရိုဖရဲနဲ့ ထွက်​သွားတဲ့ jongin ​နောက်​​ကျောကိုကြည့်​ရင်း arjuma ရင်​​မောစွာနဲ့ထုတ်​​ပြောမိတာ..

"အကို​လေး sehun က ဒီလိုပုံစံ​တွေ မကြိုက်​ဘူး.."

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

Tbc....

Continue Reading

You'll Also Like

299K 12.5K 60
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...
329K 30.3K 38
[ Unicode ] ကောင်းကင် ၊ ပင်လယ် ၊ မြေပြင် ၊ တည်ရှိနေသရွေ့ ... ကြယ်ပွင့်ဟာ မဟူရာ ကောင်းကင်မှာ ကျနော့်အတွက် တောက်ပနေခဲ့သေးရင် . . . ကျနော်တို့အချစ် ဘယ...
36.2K 1.8K 40
ငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်...
2.1M 107K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...