My Big Baby

By HaySar4

16.6K 1.7K 93

More

part-1
part-2
part-4
part-5
part-6
part-7

part-3

3.1K 326 16
By HaySar4

♕ ♕ My Big Baby♕ ♕

ဆက်ခနဲ တခါခေါင်းငိုက်စိုက်ကျသွားတဲ့အခါ စိတ်တွေထဲလည်း အသိစိတ်အချို့လွင့်စင်သွားလျက် သုံးရက်လောက်ဆက်တိုက် ညမအိပ်ဘဲအလုပ်လုပ်ထားရတဲ့ ကျနော့်စိတ်နဲ့ခန္ဓာကိုယ်ဟာ ဟန်မဆောင်နိုင်သည်အထိ ချုံးချုံးကျနေခဲ့ပြီ..

ဒါပေမယ့် ပင်ပန်းလွန်းလို့ မနေနိုင်လို့သာ မျက်လုံးတွေမှိတ် အိပ်နေရတာ..သက်သာမှုမရှိလှတဲ့ အလုပ်စားပွဲခုံပေါ်ခေါင်းတင်မှောက်အိပ်နေရသည်က အပန်းမပြေလှပေ...
နှစ်နှစ်ခြိုက်ခြိုက်မဟုတ်စေဘဲ သိတချက် မသိတချက်နဲ့သာ အိပ်ပျော်လိုက် မပျော်လိုက် ဖြစ်နေခဲ့တယ်

ထိုအချိန်မှာ မြည်လာခဲ့သောဖုန်းသံကြောင့် ကျနော့် ပါးစပ်မှပင် မြည်တွန်တောက်တီးမိတယ်..

ပုံပန်းမကျတဲ့စိတ်ရှုပ်ရှုပ်တွေကိုထိုးဆွလိုက်သလို အမှုန့်ချေပစ်ချင်စရာကောင်းလှတယ်..

**Shit**

ဖုန်းကိုကိုင်ပြီးသာ နား နားတေ့ထားလိုက်ပေမယ့် ဘယ်သူဘယ်ဝါရယ်လို့ ကျနော်မသိချေ...

တဖက်က တရဆက်စကားတွေပြောနေခဲ့သူက Seyeon....
ကျနော့် ညီမဖြစ်သူပါ....

အလုပ်ကမှ မပြီးတာ ပြန်လာလို့ဘယ်ရပါ့မလဲ yeonရာ မငိုနဲ့ တိတ်ပါ...အခု သူငယ်ချင်းတွေနဲ့shoppingထွက် ဝယ်ချင်တာအကုန်ဝယ်လေနော်...

ဖုန်းထဲကပြောသမျှအကုန်နားထောင်ပြီးတာနဲ့ အိပ်ချင်စိတ်တွေကော နားချင်စိတ်တွေပါ တစ်ခုမှမရှိတော့...
အတွေးတွေနှင့်တကွ ဦးနှောက်ကိုစတင်အလုပ်ပေးစေပြီလေ..

ကျနော့်မှာ မိဘတွေ ဆွေမျိုးတွေမရှိတော့တာ လွန်ခဲ့တဲ့ခြောက်နှစ်လောက်တည်းကပါ..
လောကမှာ ကျနော်ရယ် ကျနော့်ညီမလေးရယ်ကလွဲ ဆွေမျိုးအရင်းအချာတစ်ယောက်မှမရှိတော့တာ.. ညီမလေးဟာကျနော့်ရဲ့တစ်ဦးတည်းသောမိသားစုဖြစ်သလို ကျနော်ဟာလည်းညီမလေးအတွက်တစ်ဦးတည်းသောဆွေမျိုးရင်းချာတယောက်ဖြစ်နေခဲ့တယ်

ကျနော် ပြန်မလာတဲ့သုံးရက်လောက်မှာ ညီမလေးဟာ တယောက်တည်းနေရစ်ခဲ့ရတာလေ အခုဖုန်းဆက်တာပြန်လာခဲ့ဖို့ရန်တွေ့တာပေါ့
ကျနော် သွားမရနိုင်ခဲ့တာ ညီမလေးနားလည်မှာပါ..အမြဲလည်းဒီအတိုင်းဆိုတော့ ခံနိုင်ရည်လည်းရှိနေနိုင်မှာ...
ကျနော့်ထက်နှစ်နှစ်သာငယ်ပြီး အသက်သိပ်မကွာလှပေမယ့် မိဘတွေဆီက ဂရုစိုက်ယုယကြင်နာမှု မိဘအရိပ်ရဲ့နွေးထွေးမှုကိုငတ်မွတ်နေတဲ့ စိတ်ခံစားချက်ကတော့ ကျနော်နဲ့တထပ်တည်းဖြစ်တာမို့ ညီမလေးကိုသနားမိတယ်..
ကျနော်ဆိုတာ စာနာမှုကိုရှေ့တန်းမတင် သိသိရက်နဲ့ ဥပက္ခာပြုနိုင်လေတဲ့ အသည်းမာမာနဲ့သာ ညီမလေးအပေါ်အခုထိပြုမူနေစမြဲ..ပြုမူနေမိတယ်


ဆက်အိပ်နေလည်းမရတော့တာမို့ ကိုယ့်အကြောင်းကိုပြန်သုံးသပ်မိရင်းက ခေါင်းကိုလက်နဲ့ ကြမ်းစွာဖွလိုက်ပြီးပဲ စာရွက်စာတမ်းအချို့ကိုသာ အာရုံစိုက်နိုင်အောင်ကြိုးစားမိလိုက်တယ်..

Boss ဒီမှာ bossရဲ့ဖုန်းအားပြည့်ပြီ....

အခန်းတံခါးဆီကနေ တလှမ်းချင်းကျကျနန လျှောက်လာရင်းက အနီးနားရောက်တော့ ကျနော့်ဖုန်းကို mihoက တရိုတသေပေးလာတယ်...

လက်ထဲဖုန်းရောက်လာတာနဲ့ ကျနော် ဖုန်းကိုဖွင့်ပြီး ကပျာကယာ ကြည့်မိတယ်
Misscallတွေ messageတွေဆိုတာ အလျင်းမရှိ..
သုံးရက်လုံးလုံး အလုပ်မအားလို့မတွေ့နိုင်ခဲ့တဲ့ ကျနော့် babyဟာ လုံးဝငြိမ်သက်နေခဲ့တာ..
အလွမ်းပြေဖုန်းပြောရအောင်လည်းခေါ်လို့မကိုင်ခဲ့ဘူး သူ့ဆီကလည်းအဝင်callဆိုတာ မရှိခဲ့...

ကျနော် လာမတွေ့လို့ စိတ်ဆိုးနေသလား..
နားလည်ပေးစေချင်မိတယ် ကျနော့်လုပ်နေသမျှသူ့အတွက်ချည်းဆိုတာကိုလေ...
လောကမှာရှိတဲ့ တဦးတည်းသော သွေးသားရင်းချာ ညီမလေးကတောင် သူနဲ့ယှဉ်ရင်အရေးမပါ..
အဲ့လိုထိအောင် သရုပ်ပျက်လောက်စွာ ကိုယ့်စိတ်ထဲ လူမသိသေးပေမယ့် သိုသိပ်စွာဖြစ်တည်နေခဲ့တာ....
Babyသိရင်သိပ်ကောင်းမှာ...

ဒါပေမယ့် အရင်ဆို အလုပ်မအားလို့သွားမတွေ့နိုင်လည်း babyဆိုတာ ကြံဖန်ပူဆာ ကျနော့်အပေါ်အရမ်းဆိုး အကြောင်းမရှိအကြောင်းရှာ ရစ်လုံးတွေထွေကာလီကာထုတ်နိုင်လွန်းတာ.

ကလေးလေးဟာ ငြိမ်ငြိမ်နေရတာကို သဘောကျသူမှမဟုတ်တာ..
ကျနော့်ကိုပျာယာခတ်မနေစေတော့ဘဲဘာကြောင့် အခုလိုတိတ်ဆိတ်စွာ နေနိုင်နေရတာလဲ စဉ်းစားမရဖြစ်ရတယ်...

လုပ်ရမယ့် ကိစ္စတွေတောင် မရှောမရှူဖြစ်ရလေအောင် ကျနော်လေ Babyရဲ့ဂျီကျ ဆိုးပေမှုလေးတွေကိုလိုအပ်တယ်

အမောမပြေရလေခြင်း လို့ပင် သတ်မှတ်ရသည်အထိ ကျနော့်ရဲ့ပေးဆပ်ခြင်းအချစ်တွေဟာ အဆန်းကြီးဖြစ်နေခဲ့ရပြီ..

Miho ငါ့ကိုဒီလိပ်စာအတိုင်း ဒီကောင်လေးဘာတွေလုပ်နေသလဲစုံစမ်းပေးထားပါ..ညနေ တွေ့ဆုံပွဲပြီးတာနဲ့သိချင်တယ်..

မေးခွန်းတွေတရဆက်မေးလာသလို မျက်ဝန်းရိပ်တွေနဲ့တကွ ကိုယ်တိုင်လည်းကျနော့်လုပ်ရပ်အပေါ်ကောက်ချက်တွေချနေသလို နားမလည်စွာ mihoကကြည့်ရင်းနဲ့ လိပ်စာကဒ်ကိုယူပြီး ခဏအကြာလောက်မှ သဘောတူဖြေ ပြန်ဖြေတယ်...

အခြေအနေအရ သိချင်စိတ်နဲ့ လွမ်းတဲ့စိတ်ကလေး ထိန်းမရတာကြောင့် လုပ်ချလိုက်ရတယ်..ရှင်းပြလို့ရနိုင်မယ့် အခွင့်အရေးက ကျနော့်ကိုယ်ပိုင်မဟုတ်တာကြောင့် အကျိုးအကြောင်းမပြဘဲ အာဏာတစ်ချိုးသုံးပြီးသာခိုင်းစေသလိုဖြစ်နေတော့မှာ....

Babyက ခွင့်ပြုမထားခဲ့ဘူးလေ
ကျနော်နဲ့သူဟာ ချစ်သူတွေပါ လူသိမခံချင်တာ ခါးခါးသီးသီးသက်ရောက်မှုစိတ်အနေအထားတစ်ခုနဲ့ပင်...
အင်း..သူ့ရဲ့ညင်လေးအလျောက် ရလာတဲ့ စော်ကြည်ဘဲဆိုတဲ့ ဂုဏ်ပုဒ်လေးကိုထိန်းပြီ့း သူ့စိတ်ပျော်ရာ ချစ်တမ်းကစားရတာ မဝနိုင်သေးလို့ထင်တာပဲ..

ကျေကျေနပ်နပ်ကြီးနားလည်ပေးထားတာမို့ ကျနော် ဆိုတာသူ့အလိုကျသာ...

ပြောသသလို သာလုပ်လိုက်ပါ...အဓိပ္ပါယ်မျိုးသက်ရောက်နေလိမ့်မယ် လိပ်စာကဒ်ကိုပေးပြီးဖျတ်ခနဲအကြည့်လွှဲကာကျနော် လုပ်စရာရှိတာကိုသာဆက်လုပ်နေလိုက်တယ်..

Mihoကလည်း လက်ခံပြီးသာသူ့ဆက်လုပ်ရမယ့်အလုပ်တွေဆီကူးပြောင်းသွားလျက်...
ထက်မြက်သလောက် သိုသိပ်တယ်
အနေအေးသလို သူများကိစ္စဝင်မစွပ်ဖက်တတ်..
လူအကဲခတ်ကျွမ်းတာကလည်း သူ့ရဲ့Skillတစ်ခုဖြစ်တာမို့ သူသဘောပေါက်လိမ့်မယ်...

အခုတော့မဖြစ်မနေအလုပ်ဆက်လုပ်ရမှာမို့ နေနှင့်ပေဦး...
ပြီးခါမှ Babyအတွက်အချိန်တစ်ပတ်လောက်အတိုးချပေးပြီး အချစ်တွေနဲ့နပန်းလုံးပစ်လိုက်တော့မယ်..

♕ ♕ My Big Baby ♕ ♕

အာမေဋိတ်သံ တစ်ခုကအစဉ်မချောစွာ ပါးစပ်မှပင် တန်းခနဲထွက်ကျလာသည်က မဆိုင်းမတွ...
Mihoပြောစကားရဲ့အဆုံး..နားကကြားလိုပြီးလိုက်တာနဲ့ပါ..

ဘယ်လို ဂျပန်ကို သွားတယ် ဟုတ်သလား..

မျက်လုံးတွေပြာဝေသွားရသည်..
စုံစမ်းခိုင်းထားသည့် ကျနော့်ကလေးအကြောင်းဟာရင်ကိုမောသွားစေရသည်လေ..
ယုံရပါ့မလား လို့မတွေးဝံ့ပါဘူး..
မျက်စိစုံမှိတ်ပြီးကို ရလာတဲ့ရင်မောစရာသတင်းစကိုကျနော်ယုံသည်..Mihoဆိုတာ ယုံကြည်စိတ်ချရအောင် တိကျသေချာလွန်းသူ...
ကျနော့် Luhanဆိုတာ ကျနော့်ကိုဆို လူမထင်သူမထင် ပေါ့ပျက်စွာ ကစားတတ်သူ...မဟုတ်လား

စိတ်ထဲ ချီတုံချတုံ ဖြစ်နေရပေမယ့် အပြင်မှာတော့ပြီးပြီးရောပုံစံကို ထုတ်ပြထားလိုက်မိသည်..

သို့သော် သူ့ကိုဘယ်လိုဆက်သွယ်ရမလဲ ဘယ်လိုပြန်ခေါ်နိုင်မလဲ ဘာတွေပြောဆိုသင့်တာလဲ ဘာလုပ်ရမလဲ ဆိုတဲ့ မသေချာသော တကယ်ပြုလုပ်ရမယ့်မေးခွန်းတွေနဲ့သာပြည့်နှက်နေရသည်

ရုံးခန်းထဲရောက်တာနဲ့ ကနာမငြိမ်နိုင် ထိုင်ရမလို ထရမလို ကျနော် ပျာတာနေမိသည်
ဖုန်းကိုဆက်တိုက်ခေါ်ကြည့်နေပေမယ့် တဖက်ကသူက လုံးဝမကိုင်..
တကယ် ခက်တော့တာပဲ..

ချက်ချင်းဆိုသလို အလုပ်တွေရှုပ်ယှက်ခတ်လာရသလို..
ခုနာကထိ တာဝန်အပြည့်နဲ့အလုပ်ကိစ္စမှန်သမျှကတောင် သက်သာပါသေးသည်
ဟုတ်မှာပါလေ.. ကျနော့်ကလေးပေးတဲ့အလုပ်ဆိုတာ ဦးနှောက်သာမက နှလုံးသားပါ ခုတ်မောင်းလှုပ်ရှားနေရတာမဟုတ်လား..
နှစ်ဆပင်ပန်းရတာ ဘယ်ဆန်းနိုင်ပါ့မလဲဗျာ..

ကျနော် ဘယ်နေရာမှာ ဘယ်လောက်တော်နေပါစေ..ဘယ်လိုအကောင်ကြီးပဲဖြစ်ပါစေ..
baby နဲ့တွေ့လိုက်ရင်တော့ ဘာဆိုဘာမှမသိတော့တဲ့ နလပိန်းတုံးတကောင်လို အမှောင်လုံးလုံးကျနေခဲ့ရသည်..

လှည့်ကွက်တွေက လျှို့ဝှက်သလို ခံစားနေရတာ သူကပဲ အလေးမထားလို့လား ကျနော်ကပဲ ပေးဆပ်လွန်းတာလား...
တစ်​ခါတစ်​ရံ တော့လည်းတွေးကြည့်လိုက်တယ်..
ကျနော့် အချစ်တွေကို လွတ်လပ်စွာ ကစားခွင့်ပေးထားမိတာ မှားနေပြီလားလို့ပေါ့..

လွန်ခဲ့တဲ့သုံးရက်လောက်ကမှ သူစိတ်ကောက်လို့ တရုတ်နိုင်ငံကိုပြန်မယ် ပြောလိုက်တဲ့ အဲ့ဒီ သမကာလျှံကာ စကားလေးတစ်ခွန်းကို ကျနော်ဆွေ့ဆွေ့ခုန် တားမြစ်ခဲ့တာ..အခုတော့ အသိတောင်မပေးဘဲ မိဘအိမ်မဟုတ်တဲ့ အခြားတနိုင်ငံအထိ သွားရတာ ဘယ်လိုသဘောပါလိမ့်ကွာ...

လက်ထဲကခေါ်နေတဲ့ဖုန်းကလည်းကိုင်သူမဲ့နေဆဲ...
ဦးနှောက်ရဲ့ ထန်သောအသိအချို့ကနှလုံးဆီရိုက်ခတ်မိတော့ လှိုက်ခနဲ..အသားတစ်ချက်တုန်သွားစေကာ စားပွဲကိုလက်ဖဝါးပြင်နဲ့ခပ်ပြင်းပြင်းရိုက်ချမိလိုက်သည်..

တအားဆိုးသွမ်းလွန်းတယ် ရိုက်သတ်ပစ်ချင်စရာလုပ်တာ babyရာ..Tsk!

ဖြစ်ချင်တာတွေလုပ်မရလေအောင် သူကအစအနပျောက်နေသည်မို့် ကျပ်တည်းစွာသာ ကျနော် သူ့အလာကိုငုတ်တုတ်မျှော်နေရုံကတစ်ပါးမတတ်နိုင်ခဲ့ပေ...

နှစ်ရက်လောက်ကြာတော့ ကျနော် ကံကောင်းတာလား ကံဆိုးလို့လား ဒွန်တွဲနေတယ်ပြောလို့ရမှာပါ...
Instagram ကသူ့ရဲ့accဆီ အမြဲဝင်ပြီးစောင့်ကြည့်နေခဲ့တဲ့ကျနော့်အတွက် tagတင်လာတဲ့ HQပုံတစ်ပုံကအခန့်သားကျလာခဲ့သည်

ရင်ခွင်ထဲခေါင်းထားလို့ တိုးဝင်နေတဲ့ဖြူဖြူဖွေးဖွေးအသားရည်ရှိပြီး အနက်ရောင်ဆံပင်ရှည်ခက်ခက်တွေနဲ့ကောင်မလေးက ကြည့်ရတာဂျပန်လူမျိုးဖြစ်လိမ့်မယ်

ယောကျာ်းဆန်သလို သူ့ရဲ့အမူအရာနဲ့ဂိုက်ပေးဆိုတာ ကျနော့်အနားကBaby ဟုတ်ကောဟုတ်ရဲ့လားမေးယူရလိမ့်မယ်..
အင်းပေါ့လေ..
ယောကျာ်းအရင့်အမာကြီးဖြစ်တဲ့ကျနော်တောင် သူ့ရဲ့ ဆွဲဆောင်မှုတွေအောင်ပြိုဆင်းခဲ့ရတာ အချင်းချင်းတောင် သူ့မှာရှိတဲ့ ချစ်ဖို့ကောင်းသလို ဖြူစင်လှတဲ့ ယောကျာ်းဆန်ဆန် ထူးခြားစွာတည်ရှိနေတဲ့ဟန်ကြောင့်လည်းပါတယ်မဟုတ်လား..

ကဲ ဒါတွေခဏထားပါ..
ခံစားရတာရိုးနေပေမယ့် ကျနော့်နာကျင်မှုတွေကတော့အမြဲဆန်းသစ်နေရသည် တစ်ဆက်တည်းဆိုသလိုပဲဘယ်လိုဖြေရှင်း ကုစားရမှာလဲဆိုတာလည်း လုပ်ရန်အသင့်ဖြစ်နေခဲ့ရတော့သည်လေ..

ကောင်မလေး Accဆီ သွားအကျိုးအကြောင်းမေးပြီး ဆက်လှုပ်ရတော့မည်သာ...

ရည်ရွယ်ခဲ့သည့်အတိုင်း အကုန်နီးပါးသိခဲ့ရပါသည်..
ပြောရရင် ဒီကိုပြန်လာမယ့်ရက်နဲ့အချိန်ကအစပေါ့..

လေယာဉ်မယ် တယောက်ကိုကြူဖို့ရာ လိုက်သွားခဲ့တဲ့ သူ့ကို ကျနော်ဘယ်လိုအပြစ်ပေးသင့်တော့မလဲ
သက်ပြင်းချရုံကတစ်ပါး အကြံအိုက်ရုံကတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပြန်ပေ....

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

ဟူး~
သက်ပြင်းလေး တဆိတ် တိုးတိတ်စွာခိုး၍ပင့်သက်မိသည်..
လေယာဉ်မယ်နဲ့များ ပူးတွဲထွက်လာမလား သေမလောက်စိုးရိမ်နေမိတာ ထင်တာနဲ့လွဲလို့တော်ပါသေးရဲ့..

အပြစ်လုပ်ပြီး အသန့်ရှင်းဆုံး ပြုံးရက်နိုင်လေသူ.. ကျနော့် babyဟာ အံသြစရာအရမ်းကောင်းလှသည်..
ဖြူဖွေးနေတဲ့သွားညီညီလေးတွေပေါ်လွင်သည်အထိပြုံးပြီးလျှောက်လာခဲ့တဲ့သူကြောင့် ကျနော် ရင်ခုန်သံတွေကိုတောင်မေ့လျော့သွားရသည်..
ကျနော် အသက်ရှူနေရဲ့လားတောင်မသိနိုင်တော့...

မကြာခင်ပဲ နတ်သားလေးရဲ့အပြုံးလေးတွေပြေလျော့သွားတော့ မှ ကျနော် တဖန်သတိပြန်လည်မိရသလို...
သူ ထွက်လာတာမြင်တာနဲ့ အလျင်စလိုပြေးလာမိတာမို့ ကျနော်ကသူ့ရှေ့ရောက်နေပြီလေ..
ဒါကြောင့် အပြုံးလေးကတစ်ခန်းရပ်သွားခဲ့သည်ပေါ့...

ထင်မှတ်မထားခဲ့ပါဘူး...
ကျနော် တကယ် ချာချာလည်သွားခဲ့သည်..
အပြေးလာကာ ပွေ့ဖက်ရင်းကတအိအိငိုချလာတဲ့သူဟာ ကျနော့်ကိုခဏတာဆွံ့အသွားစေတော့တာ...

ငိုလို့အားရသလို အချိန်တအောင့်ကြာမှ ရင်ခွင်ထဲကထွက်လာပြီး မျက်ရည်လေးတွေကိုအသားကုန်ပွတ်သုတ်နေပြန်သည်..
ပြီးတော့ ကျနော့်မျက်နှာဆီစေ့စေ့ကြည့်ပြီးလစ်ခနဲထွက်သွားတော့ နောက်ကအပြေးလိုက်သွားခဲ့ရသည်..

ဘာဖြစ်​လို့လဲ Baby...

လိုက်လိုမှီတာနဲ့ ရှေ့ကနေပိတ်ရပ် ပုခုံးနှစ်ဖက်ကိုဆုပ်ကာ မေးလိုက်မိသည်

ဘာလဲ ဂျပန်မလေးရဲ့အငြင်းကိုခံခဲ့ရလို့လား..Bae

ခင်ဗျားကိုလွမ်းလွန်းလို့ဗျ.....

မျက်စောင်းလေးအကြီးအကျယ်ထိုးပြီး အသံစွာစွာနဲ့ပြန်အော်ချသွားသည်က ဘေးသို့ပင်ပျံ့လွင့်နေမှာအသေချာ....

လွမ်းလို့ ငိုမိတာတဲ့ အဲ့တချက်နဲ့တင်အပြစ်မှန်သမျှ အရည်ပျော်သွားနိုင်ခဲ့ပြီ.. .

လာကြိုတဲ့ ကျနော့်ကားကိုတော့မှတ်မိတာကြောင့် ရှေ့ကနေ အမြန်ပြေးသလိုသွားကာ ကားထဲဝင်ထိုင်နေလိုက်သည်..

စိတ်တော့လည်းအေးသွားမိသည်..
လွင့်ထွက်သွားတဲ့ကိုယ်မက်မောရပါသော့ ပူစီပေါင်းလေးတလုံးကိုပြန်လိုမိမိရရဖမ်းဆုပ်မိလိုက်သလိုမျိုးသာ...

အင်း ခုပုံတိုင်းဆိုရင်တော့ ပြန်ရှင်းပြရမယ့်သူနေရာကျနော်ဖြစ်နေရပြီ..

အလုပ်လုပ်နေတဲ့ခင်ဗျားကို မနှောက်ယှက်သင့်မှန်းသိလို့...
ခင်ဗျားကိုသနားလို့...
ဒါပေမယ့် ခင်ဗျားဆီလာရအောင်လည်း ကျနော်ကခင်ဗျားအလုပ်တွေဖျက်သလိုဖြစ်မှာဆိုးလို့...
ဒါပေမယ့်လည်း ခင်ဗျားကြီးကိုလွမ်းတာ အသည်းပေါက်လုနီးနီးမို့...
တယောက်တည်းစိတ်ပြေမရတဲ့အဆုံး သူ့ရဲ့ကျွမ်းကျင်မှုတစ်စိတ်တပိုင်းကိုအသုံးချပြီးစိတ်ပြေလက်ပျောက် လုပ်ခဲ့ရတာ...

ဒီအကြောင်းတွေကို ကျနော့်ဆီက ခင်ဗျားချင်းထပ်စွာ မနားတမ်းတိုင်တည်ပြောပြခဲ့သည်...

ကျနော့်မှာတော့ ပါးစပ်အဟောင်းသား.....

ကိုယ်က babyကိုအပြစ်မပြောပါဘူး..
ကိုယ်အဲ့လိုလုပ်ရက်ပါ့မလား...

အမှန်ကန်ဆုံးသော မုသားလေးတစ်ခွန်းကျနော်သွေးလိုက်မိသည်..

ပြောဆိုဆူပစ်ချင်စိတ်ရှိခဲ့ပါသည်..
ဒါပေမယ့် မလုပ်ရက်ခဲ့သည်က နှလုံးသားထဲကအမှန်စစ်စစ်လေးရယ်မဟုတ်လား..

စိတ်ထဲကကြိတ် ဖြစ်ပေါ်မှုလေးကိုဝှက်ကာ နှလုံးသားကအမှန်တရားလေးကိုသာ ချပြလိုက်တော့သည်..

သူ့ဘက်က ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေကျနော်ဘက်က ယုံကြည်ပေးရင်းသာ အလံဖြူပြပြီး သူ့စကားလုံးတွေစီးမျောရာသို့ သာယာစွာလိုက်ပါတော့မည်..

မငိုနဲ့တော့ တိတ်Baby ခေါင်းတွေကိုက်လာလိမ့်မယ်....

ခေါင်းလေးကို အသာအယာပွတ်ပေးရင်းကိုယ်လုံးလေးကိုဆွဲပွေ့မယ်ကြံတော့ ရှောင်ထွက်ရင်းက

Babyကို အခုလိုမသိအောင်တွေနောက်ယောက်ခံလိုက်စုံစမ်းတာ babyကိုမယုံကြည်လို့မဟုတ်လား...

ချက်ချင်းဆိုသလို မာန်ဖီတတ်တဲ့ကြောင်ငယ်လေးသဖွယ် ဒေါသလေးတွေထွက်ပြလျက် လှည့်ပတ်ယူကာ သူ့ဆိုးတေမှုလေးတွေဆီခစားချင်စိတ်ပေါက်အောင်ပြုစားနေသလိုပါပဲ...

မဟုတ်ပါဘူး ကိုယ်ကစိတ်ပူလို့ပါ...
Babyကဖုန်းလေးတော့ဆက်သင့်တာပေါ့..
အဲ့လိုဆိုရင်တော့ ကိုယ်လည်းလိုက်စုံစမ်းစရာဘယ်လိုပါ့မလဲလို့..

ခင်ဗျားအသံကြီးကြားရင် ချက်ချင်းဟောဒီလို ဟောဒီလို ဆွဲဖက်မိချင်လွန်းလို့ ဖုန်းဆက်ဖို့မပြောနဲ့ ဖုန်းနားတောင်မကပ်ရဲဘူးဗျ..

နှစ်ယောက်စလုံးက ကားနောက်ခန်းထဲဝင်ထိုင်နေမိတာကြောင့် ဘေးကသူဟာ ပြောပြီးတာနဲ့ ထိုင်နေတဲ့ကျနော့်အပေါ်ခွတက်လာပြီး မျက်နှာချင်းဆိုင်ကာ ပေါင်နှစ်ဖက်ပေါ်ကားယားခွထိုင်လာသည်..

ဘောင်းဘီထဲက အိစက်စက် သူ့အရာလေးကလည်း ထင်းခနဲ ထိတွေ့လာလျက်...

လက်တွေကလည်း ကျနော့်ဂုတ်တွေဆီသိုင်းဖက်လာသည်...

Babyကို ယုံပေးပါ ခင်ဗျားကြီးရယ် နော်
Babyမှာ ငယ်ငယ်လေးတည်းက အခုထိစိတ်ဆိုးရလောက်အောင်အထိ ခင်ရတဲ့လူမျိုးမရှိသလို ....
အမျိုးမျိုး ကစားပြီးအယုယ အလိုလိုက်ခံရအောင်အထိ ချစ်ရမယ့်သူမျိုးမရှိခဲ့ပါဘူး...

ခင်ဗျားကြီးကသာ Babyရဲ့ စိတ်ဆိုးရသည်အထိ ပထမဆုံးသောခင်ရသူ...
ယုယအလိုလိုက်ခံချင်သည်အထိ ပထမဆုံးသောချစ်ကတဲ့သူမျိုးပါ

ချွဲနွဲ့စွာ သီကုံးပြောဆိုလာတဲ့ ချစ်သူ့လေသံနုနုလေးတွေဟာဘယ်အရာနဲ့မှမလဲနိုင်...
စကားလုံးလေးတွေဟာလည်း တောက်ပစွာ...

လောကကြီးမှာ ဘယ်လိုလုပ် ဒီလိုချစ်စရာပုံစံမျိုးနဲ့စကားတတ်တဲ့ ကလေးလေးဟာတည်ရှိနေရပါလိမ့် လို့တောင်တွေးမိသည်..

နဖူးချင်းတေ့ကာ နမ်းတာလည်းမဟုတ်.
..
နှာခေါင်းထိပ်ချင်းထိကာ မျက်ဝန်းတွေကိုအနီးကပ်ဆုံစေရင်း အကြာကြီးသူ လုပ်နေသည်..
ဘာစတိုင်လဲလို့ ကျနော်နားမလည်...
မှားနေတဲ့ ကျနော့်အသက်ရှူသံကိုသာနားလည်နေမိသည်...

မကြာပါဘူး ပြန်ခွာသွားလျက်...

Baby တခုတော့တောင်းပန်မယ် နားထောင်ကြည့်....
ဝယ်ပေးထားတဲ့ကားတော့ပြန်ရောင်းလိုက်တယ်.. .

ဘာ ဘာအတွက်လဲ.....

လိုချင်လှချည်ရဲ့ မျက်စိကျလာချည်ရဲ့ ဆိုတဲ့ကားကိုပြန်ရောင်းလိုက်တယ်ဆိုလာတော့ အံ့အားသင့်မှုနဲ့အတူ တုန်လှုပ်သွားတာကြောင့် ကိုယ်ပေါ်ကသူ့ကိုတောင်တွန်းမိသလိုဖြစ်သွားရသည်..

ဂျပန်သွားဖိုအသုံးစရိတ် ဖန်လိုက်တာတဲ့..

အာခေါင်ခြောက်သွားကာ တံတွေးတခါမကမြိုချမိသည်....

ပုံစံမပျက်ကတော့ ကလေးလေးဟာ ဆိုးနေဆဲသာ.....

TBC➳ ➳ ➳ ➳ ➳ ➳ ➳

Continue Reading

You'll Also Like

219K 7.6K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
102K 9.1K 110
"You think I'm golden?" "Brighter than the sun, but don't tell Apollo" Dante hates Rome's golden boy. Jason doesn't even remember him. Right person w...
166K 4.4K 38
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
6.1M 98.8K 104
>「𝘸𝘦𝘭𝘤𝘰𝘮𝘦 𝘣𝘢𝘤𝘬 𝘵𝘰 𝘵𝘩𝘦 𝘛𝘢𝘪𝘴𝘩𝘰 𝘌𝘳𝘢 𝘺𝘰𝘶 𝘸𝘦𝘳𝘦 𝘮𝘪𝘴𝘴𝘦𝘥 」 𝐒𝐋𝐀𝐘𝐄𝐑 𝐕𝐄𝐑. Demon Slayer belongs to Koyoh...