တစ်ချက်တစ်ချက်လေပြည်လေးတွေတိုးဝှေ့ကာ
နားသဖျားကိုကျီစယ်နေလေသည်
မနက်ခင်းစောစောနှင်းကျထားသဖြင့်
လေပြည်ကြားထဲရေစက်အချို့တို့ရောယှက်နေသည်
နှလုံးခိုက်အောင်ချမ်းလှတဲ့ဆောင်းရာသီပင်
ဆောင်းဥတုကုန်ခါနီးသဖြင့်အငြိုးကြီး၍ပင်
ပိုလို့အေးစေသည်.....
သူလည်းနှုတ်ဆက်ကာထွက်ခွာသွားချင်တာပဲ
တွေးလက်စအတွေးကိုခေတ္တခဏရပ်ခဲ့ရသည်ထို့နောက်
....အိမ်မှထွက်ကာအသက်မွေးဝမ်းကျောင်းပြုရာ
ဖြစ်သည့်...နေရာသို့ခရီးဆက်ရပေမည်
အချိန်ကားနေ့လည်သို့ပင်ရောက်ခါနီးနေပြီ
ဒီကျောင်းသားတွေတော့ဆောင်းဥတုအကြောင်းပြုကာ
အိမ်မှာစောင်တွေနဲ့နှပ်နေကြပြန်ပြီ....
ဟူး.....ဆရာကိုယ်တိုင်ကိုကအပျင်းကြီးလို့
နေ့လည်မှကျောင်းတက်ဖို့ကျောင်းချိန်ကိုပင်
ပြောင်းလဲခဲ့သူ....
ကျောင်းသားတွေအလွန်လည်းမဟုတ်ပါဘူးလေ..😪😪
မြေနီလမ်းလေး.....
မြို့ကြီးပြကြီးကလို..မည်းမည်းနဲ့လမ်းတွေမဟုတ်ဘူးလေ
မြေနီလမ်းလေးတလျှောက်...အလေ့ကျပေါက်နေတဲ့
အနံ့မရှိတဲ့မြက်ပန်းပင်လေးတွေ....
သူတို့လည်းတတ်နိုင်သည့်အရာနှင့်လောကကိုပင်
ရအောင်အလှဆင်ခြယ်မှုန်းနေကြသူများသာ
လေပြည်လေးတိုးဝှေ့တိုင်းပါလာတဲ့စံပယ်နံ့
ကျွန်တော်တို့ကျောင်းရှေ့မှာ..
ကျောင်းသားတွေတစ်တပ်တစ်အားနဲ့ပါဝင်စိုက်ပျိုးခဲ့
ကြသည့်..စံပယ်ခင်းကကျောင်းရှေ့တွင်စီးကြိုရုံသာမက
အဝေးကနေပင်..ရနံ့ကိုထုတ်လွှတ်ကာ
လူအများရဲ့ညစ်ညူးနေတဲ့စိတ်ကိုအေးချမ်းစေနိုင်အောင်
စွမ်းဆောင်နိုင်ပါသည်
မြက်ခင်းဝါဝါကျင်ကျင်လေးတွေက....
ကျောင်းသို့စဝင်လာခဲ့ပြီဆိုတာကို
သက်သေခံနေသည်...
ကျောင်းပေါက်ဝတွင်ရှိသည့်....ညို့ညို့မှိုင်းမှိုင်းအပင်ကြီး
တစ်ပင်..နေအလင်းရောင်ရှိနေလို့သာတင့်တယ်နေသည်ဟု
ထင်ရသော်လည်း...လအလင်းရောင်နှင့်သာဆိုလျှင်
စိတ်ကိုခြောက်လှန့်နေသည့်အရာ....
စာသင်ဆောင်ရှေ့ကဒန်းလေးတွေ...
လေတိုက်လို့လှုပ်ခါနေကြသည်.....တကျွီကျွီနဲ့
တွေးရင်းနဲ့ပင်ကြက်သီးမွှေးညင်းများ...တဖြန်းဖြန်း
ထလာရသည်.....ဒါကြောင့်
ပြောပါတယ်...ကျောင်းအုပ်ကြီးကို
ကျောင်းမှာလုံခြုံရေးထားပေးပါလို့😏😏
အလကားကျောင်းအုပ်ကြီး.😒😒..သူ့ပိုက်ဆံပေးရမှာကြောက်လို့
ကပ်စေးနှဲကော်တရာကြီး....😠😠
အားရိုး....သူ့အကြောင်းတွေးရတာသူ့အသံကြီးပါ
ကြားနေရတယ်😨
ကျွန်တော်တို့ရဲ့ချစ်လှစွာသောကျောင်းအုပ်ကြီး
Kim..Jong...Dae
"Luhan...."
ကြားလိုက်ရပါပြီသူ့အသံကြီး
အသက်ကတော့ရှည်ဦးမယ်
ကျားအကြောင်းပြောရင်ကျားအနားရောက်လာတတ်သလို
ကပ်စေးနှဲ(KJD)အကြောင်းပြောရင်ကပ်စေးနှဲ(မုန့်)မစားချင်ရ
သလိုပါပဲ
"Luhan....ကျောင်းဆင်းတော့မယ်...သိလား
မင်းလမ်းလျှောက်နေတာလားတွားသွားနေတာလား"
ဒုတိယအကြိမ်မြောက်ရာဇသံ
"လမ်းလျှောက်တာပါ..ကျောင်းအုပ်ကြီးရဲ့"😄
"လမ်းလျှောက်ရင်လည်းခပ်သွက်သွက်လျှောက်
မင်းကိုငါလစာပေးထားတာနော်....ဒီဆရာနဲ့ဒီကျောင်းသားတွေ
ကလိုက်လဲလိုက်ပါ့"
ကျောင်းသား....ကျောင်းသားဆိုမှသတိရသွားမိသည်က
ကျတော့်ကျောင်းသားတွေ
"ဟို...ကျောင်းအုပ်ကြီး..ကျတော့်ကျောင်းသားတွေကော"
😊😊
မျက်နှာပြောင်တိုက်ပြီးမေးလိုက်သည်
"..မင်းကျောင်းသားတွေက
မင်းမဝင်လာမချင်း...စာသင်ခန်းထဲမှာစောင့်နေကြတာ
အဲ့လိုထင်နေတာလား...တစ်ကောင်မှမရောက်သေးဘူး
သူတို့ဆရာတောင်အခုမှရောက်တာကို
ကျောင်းသားတွေဆိုဝေလာဝေး"😪😪
အိမ်း.....luhan...မင်းကိုယ်မင်းအထင်တွေမတားရားစွတ်ကြီး
ဒီကျောင်းသားတွေအပေါ်ငါကိုကမျှော်လင့်ချက်ထားမိတာ
မှားတာ...မှားတာ
"အတန်းထဲသွားလိုက်ဦးမယ် ကျောင်းအုပ်ကြီး"😁
"အေးအေး....."😒
အောင်မလေး...ကျောင်းအုပ်ကြီးရဲ့
ပေါက်ပေါက်စက်ကွင်း...
ခုနတုန်းက...ကျောင်းအလှအပတွေကို
စာဖွဲ့ ခဲ့တာ...ကျောင်းအုပ်လုပ်လို့စာဖွဲ့ထားတာတွေအကုန်
စာကလေးချီသွားပြီ😏
ဆရာထိုင်တဲ့စားပွဲကနေ....ရှေ့ကို
ကြည့်လိုက်မိသည်...
ရင်နင့်ဖွယ်ရာမြင်ကွင်း
ဆရာသာရှိပြီး...တပည့်တွေမရှိတဲ့စားပွဲအလွတ်တွေ😭😭
အော်....ငါ့ကျောင်းသားတွေသေနေရာကမထနိုင်ကြသေးဘူး
ဒါတွေအကုန်...ဟိုအကောင်ကြောင့်
အား....စိတ်တိုလိုက်တာ
အခန်းထဲဘယ်သူ့မှမရှိတုန်း
အဲ့အကောင်ကိုဆဲပြီးဒေါသဖြေထားမှပါ
ဟုတ်ပြီ.....ငူးမယေးလို့ဆဲရမယ်
ထို့နောက်နှုတ်မှထွက်လာတဲ့ဆဲရေးဆိုတဲ့စကားက
"Oh Sehun အရမ်းချစ်တယ်"😰😰
သေလိုက်တော့ luhan
ဆဲပါမယ်ဆိုထွက်လာတဲ့စကားက
ပြောချင်ဦးဒီပါးစပ်
ပါးစပ်ကိုလက်နှစ်ဖက်ခပ်ဖွဖွထုရိုက်နေသည့်အချိန်
ကျောင်းကိုစောစီးစွာလာတတ်သောကျောင်းသားက
ကြောင်အမ်းအမ်းကြည့်နေသည့်အခါ
အရှက်ပြေ...ဟီးဆိုပြီးပြုံးပြရသေးသည်😁
အော်...ကျောင်းသားကတော့တွေးမိပါလိမ့်မယ်
ဒီဆရာတော့ဂေါက်သီးပဲဆိုပြီး
"ဆရာ...ဘာရို့ပစပ်ကိုရိုက်နေယတာယဲ"
ဟမ်...ဒီကလေးစကားတော်တော်မပီပါလား
ဘယ်ပီမတုန်း..ကိုယ်သင်နေရတဲ့အတန်းက
ဒီကျောင်းကအငယ်ဆုံးအတန်းဟ
ငါးနှစ်တောင်မပြည့်သေးတဲ့ဟာလေးတွေ
"ဆရာ့ပါးစပ်နား..ပိုးကောင်ဝဲနေလို့"
"တားလာတူရိုက်ပေးရမား"
ကိုယ်ကျိုးတော့နဲပါပြီ
ဘယ်အချိန်ဘယ်ခါချောင်းနေလဲမသိ
ချက်ချင်းကိုထပြီးလာကူရိုက်ပေးရမားလို့မေးရက်တယ်😨
"ရ....ရတယ်...xiu xiu လေး"😩
"ရဲ"
အမယ်လေးမောင်မင်းကြီးသား
ဆရာကိုအမှုပတ်အောင်လုပ်နေပြန်ပြီ
"Nae"ကိုရဲ ဖြစ်အောင်အသံထွက်နိုင်တာတော်ရုံစကေးနဲ့တော့
မရဘူး...မဖြစ်သေးပါဘူးဒီကလေးတွေကို
"Nae"ကိုတမျိုးပြောင်းပြီးထွက်ခိုင်းမှပါ
သူတို့ပဲထွက်နိုင်မလား..ငါပဲအချုပ်ထဲဝင်နိုင်မလားလို့
စောင့်ကြည့်ရမှာပေါ့
"ဒါနဲ့....xiu xiu လေး..ကျောင်းဘာလို့နောက်ကျနေတာလဲ"
"တားကညောက်ကျတယ်...ဟုယား...ဆရာ"
သူ့အမေးကိုခေါင်းတချက်ငြိမ့်လိုက်မိသည်
ဤသည်မှာမဟာအမှား
"တားကအညဲစောစောလာတယ်ယေ
အက်တာဂိုတားကညောက်ကျတယ်ပေါ့
ဆရာပဲနေ့ယယ်လာခဲ့ချို...တားကမနက်ကတဲကလာချင်တဲ့
ဟာဂိုဆရာချောင်းရိုက်တာယေ"
ဟဲ့သောက်ကလေး...ငါတော့ထောင်ကျမည့်ကိန်း
ဒီကလေးနဲ့တော့ ရဲ လုပ်လို့လုပ်
အခုကျချောင်းရိုက်တာတဲ့😨😨😨
အမယ်လေး အမောင်လုတို့..ချောင်းရိုက်ဖို့ဆိုတာဝေလာဝေး
ချောင်းရိုက်မခံရအောင်တောင်မနည်းနေနေရတာ
"အေးအေး....ဆရာမှားတာပါနော်"
ထို့နောက်အသံတစ်သံ....
ကျောင်းထဲမဝင်ခင်ကပင်..စက်ဘီးဘဲလ်ကိုအသား
ကုန်တီးနေသောကျောင်းသား
တစ်ကျောင်းလုံးစက်ဘီးစီးနိုင်တာသူတစ်ယောက်တည်းဆိုပြီး
လေကျယ်ကျောင်းသား
"Jun Myeon ရောက်လာပီ"
သူ့သူငယ်ချင်းကျသိတယ်..ဟွင့်
"အာညော် ဆရာ...တားနဲနဲညောက်ကျဝါးထယ်"
"သားကအတန်းခေါင်းဆောင်ပဲနောက်ခါနောက်မကျစေနဲ့နော်"
"တားကစောစောလာဖို့ရုတ်ပါတေးတယ်
စက်ဘိန်းထုတ်နေယရို့"
"စက်ဘီးကဘယ်ထဲကထုတ်နေတာမိုလို့လဲ"
"စက်ဘိန်းဝယ်ကျုန်းကပါလာတဲ့ဘူးထဲက"
"အိုးမိုင်ဂေါ့"😱😱
သူစက်ဘီးစီးတာဖြင့်သုံးလတောင်ကျော်နေပြီ
အခုထိနေ့တိုင်းပါကင်ထဲကထုတ်လိုက်ပြန်သွင်းလိုက်
လုပ်နေတာပေါ့...အမယ်လေးလေး😓
"အင်း...အင်း...သားထိုင်တော့နော်"
ရှေ့ဆက်မတွေးဝံ့စရာ
ထို့နောက်ကျောင်းသားများအလျှိုလျှိုဝင်လာကြသည်
သီချင်းသံလေးမပီကလာပီကလာနဲ့
အာပြဲလျှာပြဲအော်ဆိုလာသည့်
ကျတော်အမြဲမေတ္တာပို့နေရသည့်ကျောင်းအုပ်ကြီးသား
Kim Chen ဒီအဖေကမွေးတဲ့ဒီသားပဲ...အဖေကိုမမှီရင်တောင်
အဖေထက်မလျော့တဲ့အစွမ်းကရှိပြီးသား
ထို့နောက်....
အခန်းထဲရန်ဖြစ်ဝင်လာကြသည့်
အမွှေနှစ်ကောင်...Park Chanyeolနဲ့Byun Baekhyun
နောက်ပြီးသူတို့မဟုတ်သည့်အတိုင်းတည့်နေကြပြန်ရော
သူ့အမေ Gucci အိတ်ကြီးလားမသိ
ကိုင်လာသည့်မျက်ကွင်းညိုညိုနဲ့ကလေး
Huang Zi Tao
ကျောင်းလာတက်တာလား ရှိုးလာလျှောက်တာလား
မသဲကွဲသည့်...ကလေးနဲ့မလိုက်အောင်စတိုင်ထုတ်သော
Wu Yi Fan(Kris)
ထိုနည်းတူ..
ကျောင်းလာတက်တာလား..ဟင်းလာချက်တာလား
မသဲကွဲသည့်...ကျောင်းသား...သူမဖတ်တတ်သည့်
ဟင်းချက်စာအုပ်တပွေ့တပိုက်ဖြင့်...
Do Kyung Soo(D.O.)
သူ့လွယ်အိတ်ထဲတွင်ကျောင်းစာအုပ်သာ မေ့ကျန်
်ဖြစ်လိမ့်မည်
ဟင်းချက်စာအုပ်တော့မမေ့ကျန်သည့်ကလေး.....
D.O.အင်္ကျီကိုနောက်မှလက်ဖြင့်တန်းတန်းဆွဲကာ
ကပ်ပါလာသည့်
လွယ်အိတ်သာမပါချင်မပါမယ်
ကြက်ကြော်ဘူးတော့လက်မှာဆွဲကိုင်ထားသည့်ကလေး
Kim Jong In(Kai)
သူတစ်ခါပြောဖူးသည့်စကား
"ကဂျာမြေရီးသာနှစ်ချမ်းကွဲဝါးမယ်တားကျက်ကျော်ဘူးကို
လုံးဝလက်မရွတ်ပု"
ကောင်းပါတယ်....
ဒီကျောင်းသားတွေနဲ့ကျတော်နှစ်ပါး...မဟုတ်ပါဘူး
ဆယ်ပါး...ကိုယ်တော်လေးတွေကဆယ်ယောက်ဆိုတော့
ဆယ်ပါးသွားခဲ့ရတာသုံးလပင်ပြည့်လို့လေးလစွန်းနေလေပြီ
ဒါတွေအကုန် ... Oh Sehun ကြောင့်....
ချစ်တော့လည်းလိုက်လျောမိတာပေါ့
ခုနတုန်းကတော့ဆရာသာရှိပြီးကျောင်းသားတွေမရှိသည့်အဖြစ်
အခုများကျတော့ရှိတဲ့ဆရာတောင်ဘယ်ရောက်သွားမှန်း
မသိတဲ့အဖြစ်....ဆူညံနေကြတာပဲ
လက်ပံပင်ဇရက်ကျတာထက်ပိုဆိုးနေတယ်
1....2...3...4...5...6...7...8...9...
ဟင်...တစ်ယောက်လိုသေးတယ်
Zhang Yi Xing ပဲ
ဘယ်နားသွားထိုးအိပ်နေလဲမသိဘူး
ဒီအချိန်မှအတန်းမစရင်ညရောက်တဲ့အထိပြီးမှာမဟုတ်ဘူး
ဟော...ဟော...ရောက်လာပြီ
ကျောင်းလာတာစာလာသင်တာမဟုတ်ဘူး
လာအိပ်တာ...ထုံးစံအတိုင်းလွယ်အိတ်မပါပဲ
သူ့ခေါင်းအုံးလေးသာပါလာသည်
သူ့အမေနဲ့ဆွေးနွေးကြည့်ပါသေးသည်
သူဒီလိုအိပ်နေတာက..ရောဂါကြောင့်များလားဆိုပြီး
"ဆရာရယ်...ကျမလည်းဆရာဝန်တွေပါတွေပြကြည့်ပါသေး
တယ်..စိုးရိမ်လို့...ဆရာဝန်ကဘာမှထွေထွေထူးထူးမဖြစ်ပါဘူး
ဆိုပြီးပြန်လွှတ်လို့ပြန်လာရတာ...အိမ်မှာဒီတိုင်းပဲဗိုက်ဆာမှ
ထစားပြီးနောက်တော့ပြန်အိပ်တာပဲ"
သူ့အမေတောင်မနိုင်လို့လွှတ်ထားတာပဲ
Yixing ..... အိုးမိုင်ဂေါ့😱😱
ထူးထူးဆန်းဆန်း...သူ့နေရာကိုတည့်တည့်မတ်မတ်လျှောက်သွားပြီးမှောက်အိပ်နေတယ်
ငါထီထိုးမှပါ...ဒါမှမဟုတ်အိမ်မက်များလား
အရင်နေ့တွေတုန်းကဆိုသူ့အမေကကျောင်းခန်းထဲထိပို့ပေးပြီးတာနဲ့အပေါက်ဝရှေ့မှာအိပ်ပျော်နေတတ်တဲ့သူက....
တခြားသူတွေစာသင်ခုံထိရွေ့ပေးရနေကျသူက
ကျတော့်ခင်မျာ....အံ့သြပြီးရင်းအံ့သြရင်း
.........ထိုကျောင်းသားကိုပါးစပ်အဟောင်းသားဖြင့်
ကြည့်ပြီးနောက်
အခန်းအတွင်းကိုလှည့်ပတ်ကင်းထောက်လိုက်သည်
အိမ်း.....အသံကတိုးမသွားတဲ့အပြင်
ပိုတောင်ကျယ်လာသေးတယ်
အတန်းခေါင်းဆောင်....myeon လေးသိတတ်သေးတယ်
"အားလုံးထ နုတ်ဆက်"
"Annyeonghasayo sam"
"Annyeong ကလေးတို့"
ဟောဗျာ....နှုတ်ဆက်ပြီးသူတို့အလုပ်ကိုဆက်လုပ်နေကြ
ပြန်သည်...စကားပြောနေကြတာလေ
နှုတ်ဆက်တာတောင် ဝတ္တရားအရလို့ထင်တဲ့ဟာလေးတွေ
ဂါး...စိတ်တိုလာဖီ😠😠
စားပွဲခုံပေါ်မှာရှိတဲ့...ကြိမ်လုံးလေးကိုသတိရစွာဖြင့်ကြည့်လိုက်သည်....အော်...ကျတော်ကြိမ်လုံးမသုံးမှန်းသိလို့ဒီကလေးတွေ
ဆူညံပွက်လောရိုက်နေတာ....
ကြိမ်လုံးများသုံးလိုက်ကြည့်....နောက်နေ့မရှိစေရဘူး
ဘယ်ရောက်လို့ရောက်မှန်းမသိပျောက်ပျောက်သွားတတ်သည်
သောက်ကလေးတွေ လက်ချက်ပဲနေမှာ😒😒
စာကျမရကြဘူး...ဉာဏ်နီဉာဏ်နက်ဉာဏ်ပြာကျထွက်
တတ်တယ်....😒
ဟူး......ဒီအချိန်မှစပြီးစာမသင်ရင်....ကျတော်တော့အိမ်ပြန်ရကိန်းမြင်မှာမဟုတ်ဘူး....
သူတို့...စကားပြောတာရပ်သွားစေမယ့်...နည်းလေးများရှိရင်
အကြံပေးကြပါ....😞😞
ကျတော်...စာမသင်လို့ဆိုပြီး...ကျောင်းအုပ်ကြီးအဆူခံရရင်
ခင်ညားလေးတို့ကြောင့်ပဲ😪😪
............ထိုကျောင်းသားများနှင့်ဝေးဝေးနေရပါလို၏...........
အိုးဟိုး...title ရီးကလည်းရှည်လတ်ထာ😒😒
Vote ပေးဝါးဗျာ😝😝
Saranghae my readers😍😘
ဆက်ရေးသင့်မရေးသင့်.....😥😥