Pain of love

By Snow_Drop_88

102K 4.8K 17

#Kaisoo yaoi fanfiction written by Supopo Tun အဓိက ပြောချင်တာကတော့ ဒီficဟာ ကျနော်ရေးတာ မဟုတ်ပါဘူး..... ကျနော်... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12(KS +15 & CB sweet)
Part-13
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22(Final)

Part-14

3.1K 185 0
By Snow_Drop_88

✿Pain of Love (Part - 14)

       ဝမ်းနည်းမှုတွေအားလုံးကနာကျင်မှုကြောင့် ဖြစ်လာတာဆိုရင် အဲ့နာကျင်မှုကကော ချစ်ခြင်းတရားကြောင့်လား . . . . . . . .

ငါ့နှလုံးသားနာကျင်နေတယ်. . . . . .
      ငါ့ရင်ထဲမှာကြေကွဲနေတယ်. . . . . . .

       Kyungsooကုတင်ထက်တွင် မှောက်လဲကာနာကျင်သမျှကို မျက်ရည်အဖြစ်နဲ့သွန်ချနေသည်။ မျက်ရည်တွေကိုသူမုန်းခဲ့ပါတယ် အရင်ကပေါ့ . . . အခုတော့ ရင်ထဲမှာနာကျင်မှုတွေ ဝမ်းနည်းမှုတွေပြည့်နေလို့ နည်းနည်းလောက်ပေါ့သွားအောင် ဆက်လက်ငိုနေခွင့်ပြုပါ
    **ငါမင်းကိုအရမ်းချစ်တယ်Jongin ကျေးဇူးပြုပြီး ငါ့ကိုဆက်ချစ်နေပေးပါနော် အချိန်တွေပြန်လှည့်လို့ရရင် မင်းနဲ့ငါနဲ့မတွေ့ခဲ့တဲ့အချိန်ကို ပြန်သွားချင်တယ်...**

"အချစ်ဆိုတာမရှိခဲ့ရင် အခုလိုနာကျင်မှုဆိုတာလည်းရှိလာမှာမဟုတ်ဘူး..."

     ***ငါခေါင်းတွေအရမ်းကိုက်တာပဲ ငိုနေလို့လားမသိဘူး ငါ့ရောဂါကြီးလည်းပျောက်ချင်ပြီ ဘဝဆိုတာနေချင်သလိုနေလို့ရပေမယ့် နေချင်သလောက်နေလို့မရလို့ ငါမင်းကိုတစ်ယောက်တည်းထားခဲ့မိတာပါ ရောဂါပျောက်ပြီးမင်းနဲ့တူတူနေချင်လှပြီ***

       အခန်းဝတွင်ကြည့်နေသောYifanလည်း
သူ့သားလေးနည်းတူငိုနေမိသည်။ အရမ်းသနားဖို့ကောင်းတဲ့ငါ့သားလေး Appaအရင်တည်းကခွဲစိတ်နိုင်ခဲ့ရင် ငါ့သားလေးဒီလိုခံစားရမှာမဟုတ်ဘူး Appaမချမ်းသာလို့ သားလေးအခုလိုခံစားနေရတာ

Tao : yeboရယ် ရှင်ဘယ်လောက်ခံစားနေရလဲဆိုတာနားလည်ပါတယ် ကိုယ့်ကိုကိုယ်တော့အပြစ်မတင်ပါနဲ့နော်

Kris : yeboရယ် သားလေးအရမ်းခံစားနေရတယ် ဟိုကောင်လေးကိုသူအရမ်းချစ်တယ်နဲ့တူတယ်

Tao : သားလေးရဲ့အချစ်ဦးပဲကို ခံစားသင့်သလောက်တော့ခံစားရမှာပေါ့ ရှင်သားလေးအတွက်ဗီဇာသွားလုပ်ပေးမလို့ဆို သွားလေyeboရယ် သားလေးကိုကျွန်မနှစ်သိမ့်ပေးလိုက်ပါ့မယ်

Kris : omm yeboကိုယ်သွားတော့မယ်

        Krisထွက်သွားတော့ Taoလည်းသူ့သားလေးအခန်းထဲသို့ဝင်သွားလေသည်။

Tao : သားလေး အဲ့လောက်ထိမငိုနဲ့လေ ခေါင်းတွေကိုက်နေမှာပေါ့
   
       Kyungsooကုတင်ပေါ်မှထထိုင်ကာ သူ့အမေရင်ခွင်ထဲဝင်ပြီး

Kyungsoo : Omma. . . ommaသားလေ သားအရမ်းခံစားရတာပဲ သူသားကိုမုန်းသွားမလားမသိဘူး သားသူ့ကိုမချစ်ဘူးလို့ပြောခဲ့တယ်

Tao : သားလေးရယ် . . . . .

      Taoလည်းသူ့သားလေးငိုနေတာကိုကြည့်ကာ အရမ်းခံစားနေရသည်။ မိဘဆိုတာသားသမီးတွေအတွက် မှီခိုရာဖြစ်သလို အားပေးဖော်လည်းဖြစ်တာကြောင့် သူ့သားလေးကိုဖက်တွယ်ထားကာ နှစ်သိမ့်ပေးနေမိသည်။

********************************************************

       Baekတစ်ယောက်ရှေ့ကလူကိုကြည့်ကာကြောင်နေမိသည်။ ဘယ်လိုဖြစ်လို့yeollieကဒီကိုရောက်နေတာလဲ ဒါဆို ငါကကော ငါကသူ့ရဲ့ညီလား arnyi ငါကသူ့ရဲ့ချစ်သူပါ
Baek Yeolကိုကြည့်ကာ အတွေးတွေကရှုပ်ထွေးနေသည်။

Jongdae : Baekhyun ဘာလဲ မင်းနဲ့chanyeolနဲ့ကသိနေတာလား

PCY : arnyi uncle

       Baek ဒုတိယအကြိမ်အံ့အားသင့်ရပြန်သည်။ ဘာလို့ yeolကမသိဘူးလို့ပြောတာလဲ ချစ်သူလေ yeollieရဲ့ချစ်သူလေ ကျွန်တော့်ဦးလေးကို သူကကျွန်တော့်ရဲ့ချစ်သူပါလို့
ပြောလိုက်သင့်လား

Jongdae : မိန်းမရေ မင်းတူကိုထမင်းထည့်ပေးလိုက်ပါဦး

        Baek Yeolကိုအကဲခတ်ကြည့်တော့ ထမင်းကိုသာအေးဆေးစားနေလေသည်။

Jongdae : မင်းအကြိုက်တွေပဲနော် ကင်ချီသုပ် ရေညှိဟင်းချို  နောက်ပြီးဟိုမှာပင်လယ်ဂဏန်း

Baek : nae samchon

      Baekအရင်တုန်းကတော့ သူကြိုက်တဲ့ဟင်းတွေတွေ့ရင် အားရပါးရစားခဲ့တာ အခုတော့ သူကြည့်ပြီးတွေဝေနေမိသည်။

Jongdae : ထည့်စားလေBaekhyun မင်းဒေါ်လေးလက်ရာကိုမြည်းကြည့်ဦး

     Baek စိတ်မပါစွာဖြင့်ဟင်းတွေကိုခပ်ကာစားနေမိသည်။ စိတ်ထဲတွင်တော့ဝမးနည်းမှုတို့ကမင်းမူလျက်။

      ထမင်းစားသောက်ပြီးကြတော့ Baekတစ်ယောက် Jongdaeနဲ့ Xiuminကို ခွင့်တောင်းကာ Chanyeolအခန်းထဲသို့ဝင်လာခဲ့သည်။ အပြင်အဆင်လေးကသပ်သပ်ရပ်ရပ်နဲ့နေချင်စဖွယ်လေး စားပွဲပေါ်ကဓာတ်ပုံလေးကိုကြည့်မိလိုက်တော့ မိသားစုဓာတ်ပုံလေး 
       " Yeollieတို့ မိသားစုဓာတ်ပုံပဲဖြစ်မယ်"
ဆိုပြီး Baekကိုင်ကြည့်လိုက်တော့ "မကိုင်နဲ့"ဆိုတဲ့အသံက ရုတ်တရက်ထွက်ပေါ်လာတော့ Baekလန့်သွားမိသည်။

Baek : yeollie . . .

PCY : မထင်ခဲ့ဘူး မင်းကငါ့ညီဖြစ်လာလိမ့်မယ်လို့

Baek : ည်ီဟုတ်ပါဘူး Yeollieရဲ့ချစ်သူပဲလေ

PCY : arnyi မင်းကငါ့ညီပဲ ဒီအိမ်ကို Uncle Park Jong Daeရဲ့ တူအဖြစ်ရောက်လာတည်းက မင်းကငါ့ချစ်သူမဟုတ်တော့ဘူး

Baek : Yeollieပြောတာbaekနားမလည်ဘူး baekရဲ့မိသားစုပတ်သက်မှုက baekတို့နှစ်ယောက်ဆက်နွယ်မှုကို ဒီလောက်တောင်ပြောင်းလဲစေတာလား

PCY : omm မင်းနဲ့ငါနဲ့ချစ်ခဲ့တာကကော ခိုင်မြဲရဲ့လား

Baek : ခိုင်မြဲမှုကို အချိန်နဲ့တွက်ချက်မယ်ဆိုရင်တော့ မင်းမှားသွားလိမ့်မယ်yeol မင်းကိုငါ့တစ်သက်လုံးစာအတွက်ချစ်ခဲ့တာ မင်းဘက်ကငါ့မိသားစုနဲ့ပတ်သက်ပြီးငါ့ကိုအမြင်မကြည်ဘူးဆိုရင် မင်းကြိုက်သလိုဆုံးဖြတ်ပါ ငါစောင့်နေမယ်

PCY : . . .

Baek : မင်းအချိန်ယူရမယ်ထင်တယ် စဉ်းစားပါ ငါ့ကိုအဆုံးရှုံးခံနိုင်လားဆိုတာ . . . ငါသွားပြီyeol

        အေးဆေးတည်ငြိမ်စွာပြောသွားတာကသူနဲ့တောင်မတူ
ကျွန်တော်သူ့ကိုဆွဲထားရမလား? ဘာလုပ်ရမလဲ? အခုချိန်မှာကျွန်တော့်ဆုံးဖြတ်ချက်တွေ မှားသွားရင် ကျွန်တော့်နှလုံးသားသေဆုံးသွားမှာလား? ကျွန်တော်မုန်းတာသူ့ဦးလေး ဘာပဲဖြစ်ဖြစ်သူနဲ့မှမဆိုင်တာ ခဏတာလေးသူကျွန်တော့်အပေါ်စိမ်းကားသွားတာတောင် ကျွန်တော်ခံနိုင်ရည်မရှိတာ သူ့ကိုဆုံးရှုံးသွားရမယ်ဆိုရင်ကော. . . . aishii ငါဘာလုပ်ရမလဲ Jonginဆီ အကြံသွားတောင်းဦးမယ်

    
       သူအခန်းထဲကထွက်လာတော့ Baekကဧည့်ခန်းထဲမှာ Ommaတို့နဲ့ စကားပြောနေသည်။ Baekကိုတစ်ချက်ကြည့်လိုက်တော့ သူ့ကိုဖြူစင်သောအပြုံးတစ်ပွင့်ဖြင့်ပြန်လည်နှုတ်ဆက်လေသည်။ ကျွန်တော်အခုခံစားလိုက်ရတာဘာလဲ စိတ်လှုပ်ရှားသွားတာလား ရင်ခုန်သွားတာလား ဒါမှမဟုတ် ကျွန်တော်စိတ်ဆိုးအောင်ပြောတာတောင် သူကအေးဆေးလေးပြန်တုံ့ပြန်လို့ ကြည်နူးသွားတာလား တကယ်ပါ သူအရမ်းချစ်ဖို့ကောင်းတယ်

Xiumin : သားဘယ်သွားမလို့လဲ

PCY : Jonginဆီခဏသွားဦးမယ်omma

      ဒီလောက်ပဲပြောပြီး သူထွက်သွားလိုက်သည်။ ကားကသိပ်ကြာကြာမမောင်းလိုက်ရ Jonginအိမ်သို့ရောက်သွားလေသည်။

       အိမ်ထဲရောက်တော့မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် သူအရမ်းအံ့အားသင့်သွားရသည်။ Jonginလက်ထဲမှာဓားတစ်ချောင်းနဲ့ စာရွက်တစ်ရွက် . . . သူအမြန်ပြေးသွားပြီး Jonginလက်ထဲမှဓားကိုပုတ်ချလိုက်ကာ

PCY : Yarrrr . . . ဘာလုပ်ဖို့စိတ်ကူးနေတာလဲ

Jongin : wae hyung အလန့်တကြား

PCY : မင်းကိုယ့်ကိုကိုယ်သတ်သေမလို့လား

Jongin : ကျွန်တော်ကဘာလို့သတ်သေရမှာလဲ

PCY : Kyungsooကော . . .
ဆိုပြီးYeolဟိုကြည့် ဒီကြည့်ဖြင့် လိုက်ရှာနေမိသည်။

Jongin : ထားသွားပြီ သူကျွန်တော့်ကိုထားသွားပြီ

PCY : borrr . . .

Jongin : ဒါပေမယ့် ကျွန်တော်သူ့ကိုမမုန်းပါဘူး သူအကြောင်းတစ်ခုခုကြောင့် ကျွန်တော့်ကိုစွန့်လွှတ်ခိုင်းတာနေမှာပါ

PCY : ဘာဖြစ်လို့အဲ့လောက်သေချာတာလဲ သူမင်းကိုသစ္စာဖောက်သွားရင်ကော

Jongin : arnyi hyung သူ့ကိုကျွန်တော်ချစ်တယ် သူကျွန်တော့်ဆီကိုကျိန်းသေပြန်လာမှာပါ သူလည်းကျွန်တော့်ကိုတကယ်ချစ်တယ်ဆိုတာ ကျွန်တော့်စိတ်ထဲကကျိန်းသေသိနေတယ်

       Jonginပြောရင်းနဲ့ငိုနေမိသည်။ babyရယ် babyအကြောင်းကိုတွေးရင်ကိုယ့်နှလုံးသားတွေနာကျင်နေတုန်းပဲ ဒါပေမယ့် babyကိုကိုယ်လုံးဝမမေ့ဘူး babyကိုပြောထားသားပဲ babyထွက်သွားရင်ကိုယ်တစ်သက်လုံးလွမ်းနေမှာပါလို့

PCY : Jonginရာ စိတ်ထိန်းပါ မင်းအချစ်ကစစ်မှန်ပါတယ် အဲ့ဒါကြောင့် သူကျိန်းသေကိုမင်းဆီပြန်လာမှာ ဒါနဲ့ဓားက ဘာလုပ်မလို့လဲ

Jongin : babyတောင်းဆိုသွားတာလုပ်ပေးမလို့hyung

PCY : wae?

Jongin : သူ့နာမည်လေးကို အနောက်ကသစ်ပင်လေးမှာထွင်းပေးပါတဲ့

PCY : ဟင် အာ့ဆိုသူဆိုလိုတဲ့အဓိပ္ပာယ်က . . .

Jongin : ကျွန်တော့်ဘဝထဲမှာ သူ့ကိုသေလူအဖြစ်နဲ့ထားစေချင်လို့တဲ့
       
PCY : aww . . . .
      Yeolဆွေးမြည့်မြည့်လေးပြောလိုက်မိသည်။
Jonginတို့နှစ်ယောက်ရဲ့အချစ်ကိုစစ်မှန်တဲ့ချစ်ခြင်းတရားလို့သူထင်နေမိသည်။ Kyungsooကိုလည်းတစ်ခုခုကြောင့်ထွက်သွားတာ
ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။ သူကော Baekkieကို အကြောင်းပြချက်မရှိဘဲ စွန့်လွှတ်မလို့လား

Jongin : Hyungကကော ကျွန်တော့်အိမ်ကို ဘာလို့ပြန်လာတာလဲ

PCY : အေး တိုင်ပင်စရာရှိလို့ ငါနဲ့Baekချစ်သူတွေဖြစ်နေတာမင်းသိလား

Jongin : wow မြန်လိုက်တာ Hyungတို့တွေ့တာငါးရက်ပဲရှိသေးတယ်

PCY : omm အခုငါဝေခွဲမရလို့ Baekက Uncleရဲ့တူ

Jongin : ဘယ်လို အာ့ဆို Baekနဲ့Hyungက ညီအကိုတော်နေပြီပေါ့

PCY : ငါBaekကို စွန့်လွှတ်ရင်ကောင်းမားလို့

Jongin : wae ? Uncle Jongdaeရဲ့တူဖြစ်နေတာနဲ့ပဲ Baekကိုစွန့်လွှတ်မလို့လား

PCY : omm မဖြစ်သင့်ဘူးလားလို့

Jongin : အချစ်စစ်မှာမဖြစ်နိုင်တာဘာမှမရှိပါဘူး Hyungရယ် Hyungသူ့ကိုတကယ်ချစ်တယ်ဆိုရင် အဲ့လိုမဆုံးဖြတ်သင့်ဘူး နောက်ပြီး Hyungအခုလိုတွေဝေနေတည်းက သူ့ကိုမပြတ်နိုင်ပါဘူး ကျွန်တော်ပြောတာမှန်တယ်မလား

PCY : ဟုတ်တယ် သူ့ကိုငါမပြတ်နိုင်ဘူး Gomawow Jongin
       Yeolပြောပြီးအိမ်ထဲကနေပြန်ပြေးထွက်သွားကာ ကားမောင်းပြီးထွက်သွားလေသည်။

Jongin : Hyung. . . Hyung အာ သူသိချင်တာသိသွားတော့ ချက်ချင်းပြန်သွားတာပဲ လူကိုနှစ်သိမ့်မယ်လေးဘာလေးမရှိဘူး 

       Yeolအပြန်တွင်တော့စိတ်ထဲတွင် ပေါ့ပါးနေသည်။ အလာတုန်းကလို စိတ်ထဲလေးပင်မနေတော့ . . .

PCY : omma Baek ကော

Xiumin : ပြန်လာတာမြန်လှချည်လားသားရယ် BaekကိုသားUncleလိုက်ပို့တယ်လေ

PCY : nae သားလိုက်သွားလိုက်ဦးမယ်

Xiumin : ဒီကလေးနှစ်ယောက် သိနေကြတာလား

     Yeol Baekအိမ်ကိုလိုက်သွားတော့ Baekကခုမှကားပေါ်ကဆင်းတုန်းရှိသေးသည်။ Baekဆီကိုအလျင်အမြန်လျှောက်သွားလိုက်ကာ နှုတ်ခမ်းပါးလေးကိုတစ်ချက်နမ်းရှိုက်လိုက်သည်။

Jongdae : yarrr မင်းတို့နှစ်ယောက်က ချစ်သူတွေလား နမ်းချင်တခြားသွားနမ်းကြ ဒီမှာဦးလေးတစ်ယောက်လုံးရှိနေတာကို . . .

      Baekနဲ့Yeolကတော့ Jongdaeစကားကို ဂရုမစိုက်ပဲ အနမ်းတွေကိုအလှဆုံးပုံဖော်နေကြသည်။ နားလည်မှုအပြည့်ဖြင့်. . .

********************************************************

       Jongin ဓားနဲ့စာရွက်လေးကိုကိုင်ကာ အနောက်ဖက်ပန်းခြံလေးဆီသို့ အေးဆေးစွာလျှောက်သွားလေသည်။
သစ်ပင်တစ်ပင်နားတွင်ခြေစုံရပ်လိုက်ပြီး ချစ်သူခိုင်းစေထားသောကိစ္စကို စတင်လိုက်လေသည်။
အချိန်အတော်ကြာတော့ သစ်ပင်သားလေးမှာနာမည်လေးတစ်ခုက သေသေသပ်သပ်ဖြင့်နေရာယူလျက် . . . . .

Jongin : baby ကိုယ်မင်းကိုအရမ်းချစ်တယ်

       လက်ချောင်းလေးများက သစ်ပင်သားလေးကနာမည်လေးကို ထိတွေ့လျက် . . . . .

        အတိတ်ကဖြစ်ရပ်များကို မမေ့နိုင်သေးပဲ လွမ်းဆွေးခြင်းပုံရိပ်အဖြစ် ပြန်လည်တွေးတောနေရင်းမှ အသိစိတ်ပြန်ဝင်လာကာ စိတ်အာရုံတွေကို လက်ရှိအချိန်သို့ပြန်လည်ဆွဲခေါ်လိုက်သည်။

Jongin : miyan baby ကိုယ်babyနဲ့စကားမပြောပဲလျှောက်တွေးနေမိတယ် ဘာပဲဖြစ်ဖြစ်babyကိုကျေးဇူးတင်တယ် ဒီလိုစကားပြောလို့ရအောင်နည်းလမ်းလေးတစ်ခုအဖြစ် သစ်ပင်ပေါ်မှာbabyနာမည်ကို ရေးထိုးထားခိုင်းခဲ့လို့ babyကိုယ့်ဆီကထွက်သွားတာတောင်၂ နှစ်ပြည့်ပြီနော် babyပြောခဲ့တဲ့အတိုင်းကိုယ်ဘဝကိုကောင်းကောင်းမွန်မွန်နေနေတယ်သိလား အခုရှေ့နေရုံးမှာစစ်ဆေးရတယ်ဆိုတာက ကိုယ်တို့ကုမ္ပဏီမှာရှယ်ယာပိုင်းဆိုင်ရာ ပြသာနာတက်လို့ပါ ကိုယ်အရင်ကလိုမဆိုးတော့ဘူး နောက်ပြီးbaby အမေရိကားဘာလို့ထွက်သွားတာလဲဆိုတာappaပြောပြလို့ ကိုယ်သိခဲ့ရတယ်  ကိုယ်babyကိုအမြဲလွမ်းနေတာပါ အခုချိန်ဆိုbabyတို့အမေရိကားမှာကညဘက်ဖြစ်နေပြီဆိုတော့ babyအိပ်နေပြီပေါ့နော် ကိုယ်ကတော့ကိုယ်တို့ခွဲခွာခြင်းနှစ်နှစ်ပြည့်အဖြစ် ဝိုင်းသောက်ပြီးဆင်နွှဲမလို့ baby bye bye ကိုယ်သွားပြီနော် babyပြန်လာမယ့်အချိန်ကိုလည်း ကိုယ်မျှော်နေတယ် . . .

       Jongin သစ်ပင်လေးကိုကျောခိုင်းကာထွက်လာလိုက်သည်။ ရင်ထဲတွင်တော့လွမ်းဆွတ်မှုအပြည့် . . .

       အိမ်ထဲရောက်တော့ သူ့အတွင်းရေးမှူးမလေးKrystalက သူ့ကိုစောင့်ဆိုင်းနေလေသည်။

Jongin : aww Krystal ဘယ်တုန်းကရောက်တာလဲ

Krystal : ကြာပြီဆရာ Arjimaတို့ကဆရာပန်းခြံထဲဆင်းသွားတယ်ဆိုလို့ စောင့်နေတာ ဒီမှာဆရာယူခိုင်းတဲ့အချက်အလက်တွေ

Jongin : omm Gomawow Krystal ဒီနေ့တော့ငါcompanyမလာတော့ဘူး

Krystal : ဒါနဲ့ဆရာဝိုင်သောက်မလို့လား ဘာတွေစိတ်ညစ်စရာရှိလို့လဲ

Jongin : ဒီနေ့သူငါ့ကိုထားသွားတာနှစ်နှစ်ပြည့်လေ ဝမ်းနည်းမှုကိုဖြေဖျောက်တဲ့အနေနဲ့သောက်မယ်ဆိုပါတော့

     ***သူ့ကိုကျွန်မချစ်တယ် အချစ်ကိုပေးဆပ်ခြင်းလို့ပဲကျွန်မယူဆတယ် သူ့ကိုအမြဲတမ်းပျော်ရွှင်စေချင်တာ ကျွန်မရဲ့အချစ်ပေါ့ အဲ့ဒါကြောင့်လည်း သူဌေးသမီးဘဝကိုစွန့်လွှ့တ်ပြီး သူ့အနားမှာအတွင်းရေးမှူးးအနေနဲ့ လာနေခဲ့တာ သူပြန်ချစ်စရာမလိုပါဘူး သူ့အနားမှာနေခွင့်လေးရရုံနဲ့တင် ကျွန်မကျေနပ်ပါတယ်***

Krystal : nae ဆရာ အဲ့ဒါဆိုကျွန်မcompanyပြန်သွားတော့မယ်

Jongin : omm Krystal မနက်ဖြန်မှတွေ့ကြတာပေါ့

Krystal : nae ဆရာ

        Jongin Krystalပြန်သွားကာမှ ပြက္ခဒိန်လေးကြည့်လိုက်တော့ 12ရက်နေ့ ဒီနေ့babyမွေးနေ့ပဲ babyမှတ်ကောမှတ်မိပါ့မလား . . .

       အချစ်စစ်သာမှန်ရင် ချစ်သူနှစ်ဦးအတွက် ပျားရည်ဆမ်းတဲ့နေ့ရက်လေးတွေလည်းကြုံဆုံလာရမှာ မလွဲဧကန်ပင်...

Tbc...

******************************************************

Continue Reading

You'll Also Like

MAMA'S Boy By 朝陽

Teen Fiction

647K 20.9K 35
#ငါ့အပေါ် ကျူးလွန်ပြီး နာကျင်အောင်လုပ်ထားသမျှ ခင်များသားကို ရအောင်ယူပြီး နှိပ်စက်ပြမယ် #ကောင်းကင်ဈာန် #ကိုကို ကျနော့်အပေါ်အနိုင်ယူပါ ကျနော်ကကိုကို့ကိ...
60.3K 15.7K 55
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
66.5K 4.6K 15
* မင်းမခြွေခင်တည်းက ငါဟာကြွေနေပီးသားပါ * #Chanbaek #Yaoi