♕JOKER & HARLEY{Season-I}♕

By ScarlettDiana

330K 28.3K 1.1K

*Madness, as you know, is like gravity. All it takes is a little push.* •~ Psychiatric Torture ~• More

❦Prologue❦
❦Chapter Two❦ {Z+U}
❦Chapter Three❦ {Z+U}
❦Chapter Four❦ {Z+U}
❦Chapter Five❦ {Z+U}
❦Chapter Six❦ {Z+U}
❦Chapter Seven❦ {Z+U}
❦Chapter Eight❦ {Z+U}
❦Chapter Nine❦ {Z+U}
❦Chapter Ten❦ {Z+U}
❦Chapter Eleven❦ {Z+U}
❦Chapter Twelve❦ {Z+U}
❦Chapter Thirteen❦ {Z+U}
❦Chapter Fourteen❦ {Z+U}
❦Chapter Fifteen❦ {Z+U}
❦Chapter Sixteen❦ {Z+U}
Chapter 17
❦Chapter Seventeen❦ {Z+U}
❦Chapter Eighteen❦ {Z+U}
❦Chapter Nineteen❦ {Z+U}
❦Chapter Twenty❦ {Z+U}
❦Chapter Twenty-One❦ {Z+U}
❦Chapter Twenty-One II❦ {Z+U}
❦Under Cover : Mysterious PCY❦ {Z+U}
'Season II'

❦Chapter One❦ {Z+U}

15.8K 1.3K 25
By ScarlettDiana


♕Joker & Harley♕
❦Chapter One❦
ChanBaek BaekYeol
Yaoi

Zawgyi

အေမရိကန္ ႏိုင္ငံ၊ ေဂါ့သမ္ျမိဳ႕။

ေဂါ့သမ္ျမိဳ႕သားမ်ား၏ စိတ္အပန္းေျဖရာ အရပ္၊ သာယာမႈ ရွာေဖြရာ အရပ္ျဖစ္သည့္ club အတြင္း၌...။

'J' club မွာ အျခား club မ်ားႏွင့္ မတူ..။
ေယာက္်ားေလးမ်ားသာ လာေရာက္သည့္ Gay Club တစ္ခု ျဖစ္၏။

club ထဲတြင္ ျမဴးျမဴးၾကြၾကြ တီးလံုးသံတို႔က လႊမ္းမိုးလ်က္ dancing floor တြင္ ကေနၾကသူမ်ား၊ bar တြင္ ထိုင္ကာ မူးယစ္ေနသူမ်ား၊ စားပြဲဝိုင္းမ်ား၌ အုပ္စုက်ေနၾကသူမ်ား၊ ႏွစ္ေယာက္ တစ္ကမာၻ သာယာမႈ ရွာေဖြေနၾကသူမ်ား စသည္ျဖင့္ လူအသီးသီးတို႕မွာ မိမိ၏ အခ်ိန္တို႕ကို ဤ club အတြင္း လြတ္လပ္ေပ်ာ္ပါးစြာ ကုန္ဆံုးလ်က္ ရွိၾကသည္။

club အတြင္းရွိ လူအမ်ားအျပားထဲမွ Michael ဟူေသာ လူျဖဴေကာင္ေခ်ာေလးမွာ စားပြဲဝိုင္းတစ္ဝိုင္းမွာ ထိုင္ေနရာ သူ႕မ်က္လံုးအၾကည့္တို႔ကို တစ္စံုတစ္ေယာက္က သိမ္းပိုက္သြားခဲ႔သည္။

ေငြျဖဴေရာင္ ဆံႏြယ္တို႕၏ ထိပ္ဖ်ား၌ ပန္းေရာင္ႏွင့္ အျပာေရာင္တို႕ကို စပ္ဆိုးထားေသာ ေကာင္ကေလးတစ္ေယာက္..။

မ်က္လံုးတစ္ဝိုက္ eye liner တို႕ကို မည္းနက္စြာ ဆိုးထားျပီး မ်က္လံုး တစ္ဖက္တြင္ ေဆးအျပာေရာင္.. က်န္တစ္ဖက္တြင္ ပန္းေရာင္ဆိုးထားပံုက သာမန္ဆိုလွ်င္ အနည္းငယ္ ေၾကာင္ေတာင္ေတာင္ႏိုင္မည္ ဆိုေသာ္လည္း ထိုေကာင္ေလးႏွင့္က် လန္းလြန္းေနသလို..။

ပန္းဆီေရာင္ ႏႈတ္ခမ္းသား ပါးလ်လ်တို႔က ေကာ့ညြတ္ကာ ျပံဳးေနသည္မွာ ပုထုဇဥ္လူသားတိုင္း ေၾကြက်ေျမခေလာက္စရာ။

skinny ripped jeans တို႕က သူ႕ေျခတံမ်ား၏ အလွကို ဖြင့္ဟေဖာ္ျပႏိုင္သလို...
ေယာက္်ားေလးတန္မဲ႕ တင္သားေကာက္ေၾကာင္းက လွပလြန္းေန၏။

ဂီတႏွင့္ စည္းခ်က္ညီညီ လႈပ္ခါကာ ကေနသည္မွာလည္း ရင္သပ္ရႈေမာဖြယ္..။

ထိုေကာင္ေလး၏ အရာရာတိုင္းက Michael ၏ စိတ္ႏွလံုးကို ဖမ္းစားေနသည္။

ရုတ္တရက္ ထိုေကာင္ေလး၏ အၾကည့္တို႕က Michael ဆီ ဖ်တ္ခနဲ ေရာက္လာေတာ့သည္။ သူ႕ကို ၾကည့္ေနမွန္း သိပံုရသျဖင့္ ကေနသည္ကို ရပ္လိုက္ကာ Michael ဆီ တည့္တည့္ေလွ်ာက္လာေလ၏။

"Hey!"

ေသႏိုင္ေလာက္ေသာ အျပံဳးတစ္ခုျဖင့္ ေပါင္ေပၚ ေရာက္လာေသာ ေၾကြရုပ္ေလးလို လွပလြန္းသည့္ ေကာင္ကေလး...။

ထိုေကာင္ကေလးကို Michael ေငးေမာၾကည့္ေနမိသည္။

"မင္းကုိ ၾကည့္ရတာ တစ္ေယာက္တည္း ပ်င္းစရာ ေကာင္းလိုက္တာ.."

မခ်ိဳမခ်ဥ္အသံျဖင့္ ေလသံကို အနည္းငယ္ဆြဲကာ ေကာင္ေလးက ဆိုလာသည္။

"ငါတို႕ ဒီည ေပ်ာ္စရာတစ္ခုခု ဖန္တီးရေအာင္လား.."

ႏႈတ္ခမ္းတို႔ကို တြန္႔ေကြးကာ အိပ္မက္ေယာင္ကာ ေျပာေနသည့္ ေလသံမ်ိဳးျဖင့္ ဆြဲေဆာင္မႈရွိရွိ ေျပာလာေသာ ေကာင္ကေလးေၾကာင့္ Michael တကယ္ပဲ က်ဆံုးခဲ႔ရျပီ။

ဘာတစ္ခြန္းမွ မေျပာေတာ့ပဲ လူေျခတိတ္သည့္ တစ္ေနရာသို႕ ေဘးနားေရာက္ေနသည့္ ေကာ္ပတ္ရုပ္ကေလးႏွင့္အတူ သြားေရာက္ေပ်ာ္ပါးရန္ မတ္တပ္ထရပ္လိုက္စဥ္မွာပင္...

သူတို႕ရွိေနေသာ စားပြဲဝိုင္းဆီသို႔ မဖိတ္ေခၚ မၾကိဳဆိုေသာ လူတစ္ေယာက္ ေရာက္လာခဲ႔သည္။

"M... Mr.J!"

ဒီ club ထဲ ရွိေနသည့္ လူမ်ားအားလံုးထဲ၌ Mr.J ကို မသိသူ တစ္ေယာက္မွ်ပင္ မရွိေခ်။

"Puddin~~"

ထိုေကာင္ကေလးက Michael ခါးကို ဖက္ထားသည့္ လက္အား ျဖဳတ္ခ်ကာ Mr.J ဆီ ေလွ်ာက္သြားသည္။

"Hello! Honey~"

Michael သူ ခုနက အရူးအမူးေၾကြမိခဲ႔ေသာ ထိုေကာင္ကေလးက Mr.J ၏ ပခံုးထက္ လက္ခ်ိတ္လိုက္သည္ႏွင့္ Mr.J က ေပြ႕ဖက္နမ္းရိႈက္လိုက္သည္ကို ေတြ႕ရေသာအခါ ေၾကာင္အေနေတာ့၏။

"Hi! ေတြ႕ရတာ ဝမ္းသာတယ္ ကိုယ့္လူ.. မင္း ခုနက Harley နဲ႔ စကားစျမည္ေျပာရတာ သေဘာက်ရဲ႕လား??"

သြားမ်ာအကုန္ေပၚေအာင္ ျပံဳးျပကာ ေျပာလာေသာ Mr.J ကို ၾကည့္ရင္းက Michael ေက်ာခ်မ္းလာမိသလို..

"အာ.. Harley က ခင္ဗ်ားရဲ႕ ေကာင္ေလးလား"

Michael အေမးေၾကာင့္ Mr.J က သူ႕ေဘးမွာ ရွိေနသည့္ ေကာင္ကေလးကို တစ္ခ်က္ ၾကည့္လိုက္ျပီး ခါးကို ဖက္လိုက္ကာ ခပ္ျပံဳးျပံဳး ဆိုလာသည္။

"အုိး! ဟုတ္တာေပါ့ သိပ္ဟုတ္တာေပါ့.. Harley က ငါ့ရဲ႕ ေကာင္ေလး~ ငါ တစ္ေယာက္တည္း ပိုင္ဆိုင္တဲ႕ ေကာင္ေလး.."

အျပံဳးမပ်က္ေသာ Mr.J မ်က္ႏွာက တျဖည္းျဖည္း ေၾကာက္စရာ ေကာင္းလာခဲ႔သည္။

"မင္း ၾကည့္စမ္း! ငါ့ေကာင္ေလးက သိပ္မလွလြန္းဘူးလား??"

ေျပာရင္းဆိုရင္းျဖင့္ ေဘးက ေကာင္ကေလးကို ျပံဳးရင္း ၾကည့္ေသာအခါ ေကာင္ကေလးကလည္း ျပံဳးေနရင္း ရႊန္းရႊန္းစားစား Mr.J ကို ၾကည့္ေနသည္။

Michael သည္ေနရာကေန ထြက္ေျပးခ်င္စိတ္တို႕ ျဖစ္ေပၚလာရသည္။

"လံုးဝ မထိရက္ မကိုင္ရက္ေလာက္ေအာင္ကို လွလြန္းတယ္ေနာ္.. သူ႕ အရာရာတိုင္းက ျပဳစားႏိုင္လြန္းတယ္။ မင္းလည္း သိပါတယ္ ခုနက မင္း သူ႕ကို ေငးၾကည့္ေနခဲ႔တယ္ မဟုတ္လား"

"..."

"သူ ခုနက မင္းေပါင္ေပၚ ထိုင္လိုက္ေတာ့ ဘယ္လို ခံစားရလဲ?"

"Mr.J! ကြ်န္ေတာ္ ေတာင္းပန္ပါတယ္"

"blah.. blah blah.. blah blah.. blah blah..."

ပါးစပ္ဘာမွန္းညာမွန္းမသိ ေရရြတ္ေနရင္းက Mr.J ဟာ သူ႕လက္ဖဝါးကို ပါးစပ္ေပၚ အုပ္တင္လိုက္သည္။

လက္ဖမိုးေပၚက ဟက္ဟက္ပက္ပက္ ရယ္ေနသည့္ ႏႈတ္ခမ္းက သူ႕မ်က္ႏွာထက္ ေၾကာက္စရာေကာင္းေနသလို..။

"Honey! သူ႕ကို အနမ္းေလး တစ္ခ်က္ေလာက္ ေပးလိုက္ပါဦး.."

ဆြဲေဆာင္မႈရွိလြန္းေနေသာ အျပံဳးမ်ိဳးျဖင့္ ေကာင္ကေလးေရာက္လာကာ Michael ကို တစ္ခ်က္ နမ္းလိုက္သည္။

"Ok! Bye Bye!"

'ဒိုင္း!'

Michael အဖို႔ ေနာက္ဆံုးျမင္ကြင္းက ျပံဳးရယ္ေနေသာ Mr.J ႏွင့္ သူ႕ရင္ခြင္ထဲ ရွိေနေသာ ေကာင္ကေလး Harley ျဖစ္ခဲ႔သည္။

♕Joker & Harley♕

လြန္ခဲ႔ေသာ တစ္ႏွစ္ခန္႔။

ေတာင္ကိုရီးယားႏိုင္ငံ၌ အၾကီးမားဆံုး ကုမၸဏီဆယ္ခုထဲ တစ္ခုအပါအဝင္ ျဖစ္ေသာ 'YS' ကုမၸဏီၾကီးအတြင္း...။

ဥကၠဌျဖစ္သူ၏ အခန္းအတြင္း၌ ဥကၠဌထိုင္ခံုေနရာတြင္ အသက္ေလးဆယ္ေက်ာ္ ပုဂၢိဳလ္တစ္ဦး ထိုင္ေနျပီး သူ႕ေရွ႕၌ အသက္ ႏွစ္ဆယ္ေက်ာ္ အရြယ္ ေကာင္ေလးတစ္ေယာက္ မတ္တပ္ရပ္လ်က္ ရွိေနသည္။

"ကြ်န္ေတာ္ မလုပ္ႏိုင္ဘူး ဥကၠဌၾကီး!"

ေကာင္ေလးက သူ႕လက္ထဲ ကိုင္ထားေသာ စာရြက္စာတမ္းတခ်ိဳ႕ကို ပစ္ခ်ရင္း ေျပာလာေသာ အခါ ဥကၠဌၾကီးက ျပံဳးသည္။

"BaekHyun! ငါ့ကို မင္းရဲ႕ ေက်းဇူးရွင္လို႕ သတ္မွတ္ထားတယ္ဆို.. ငါ ခိုင္းရင္ မင္း ဘာမဆို လုပ္ေပးပါ့မယ္လို႔ မင္းကိုယ္တိုင္ ေျပာထားတာ။ ခုက ဘယ္လိုလဲ?"

ထိုလူၾကီးက မ်က္ခံုးတစ္ဖက္ကို ပင့္ရင္း ေျပာ၏။ BaekHyun အခက္ေတြ႕ေခ်ျပီ။ သူ႕စကားႏွင့္ သူ ျပန္ပိတ္မိေနျပီမဟုတ္လား။

"ကြ်န္ေတာ့္ကို စဥ္းစားခြင့္ေပးပါ"

'YS' ဥကၠဌ Byun YangSung သည္ သူ Byun BaekHyun ၏ ေမြးစားအေဖျဖစ္သလို သူ၏ ေက်းဇူးရွင္။

အမိေရာ အဖေရာ မရွိေတာ့ သူ႔အဖို႔ မွီခိုရာ တစ္ခု ျဖစ္ေပးခဲ႔ေသာ ေမြးစားအေဖအေပၚတြင္ ေက်းဇူးေၾကြးတုိ႔ အမ်ားအျပား တင္ေနသည္။

ဥကၠဌၾကီးသာ ခိုင္းလွ်င္ မည္သည္ကို မဆို လုပ္မည္ဟု ကတိေပးခဲ႔မိသည္မွာလည္း မွန္၏။ သို႔ေသာ္ ခု ဥကၠဌၾကီး ခိုင္းလာေသာ အလုပ္က သူ႕အဖို႕ ခဲယဥ္းလြန္းလွသည္။

ထိုကတိကို ေပးခဲ႔မိစဥ္က ဥကၠဌၾကီးမွာ မည္သို႕ေသာ လူစားမ်ိဳး ျဖစ္သည္ကို သူ မသိခဲ႔..။ ဥကၠဌၾကီးသည္ သူထင္ခဲ႔သလို သမာအာဇီဝအလုပ္ကိုသာ လုပ္ကိုင္ေနသူတစ္ေယာက္ မဟုတ္ခဲ႔ေခ်။

ခုေတာ့ ခက္ေခ်ျပီ..။
ဆရာဝန္တစ္ေယာက္က လူနာတစ္ေယာက္ကို သတ္ရမည္တဲ႔လား။

"Mr.J"

//Mr.J တဲ႔လား.. ဟူးးးးးး ခင္ဗ်ားက ဘယ္လို လူမ်ိဳးမို႕လို႔ ဥကၠဌၾကီးက ခင္ဗ်ားကို သတ္ခိုင္းရတာလဲ?//

♕Joker & Harley♕

Unicode

အမေရိကန် နိုင်ငံ၊ ဂေါ့သမ်မြို့။

ဂေါ့သမ်မြို့သားများ၏ စိတ်အပန်းဖြေရာ အရပ်၊ သာယာမှု ရှာဖွေရာ အရပ်ဖြစ်သည့် club အတွင်း၌...။

'J' club မှာ အခြား club များနှင့် မတူ..။
ယောက်ျားလေးများသာ လာရောက်သည့် Gay Club တစ်ခု ဖြစ်၏။

club ထဲတွင် မြူးမြူးကြွကြွ တီးလုံးသံတို့က လွှမ်းမိုးလျက် dancing floor တွင် ကနေကြသူများ၊ bar တွင် ထိုင်ကာ မူးယစ်နေသူများ၊ စားပွဲဝိုင်းများ၌ အုပ်စုကျနေကြသူများ၊ နှစ်ယောက် တစ်ကမ္ဘာ သာယာမှု ရှာဖွေနေကြသူများ စသည်ဖြင့် လူအသီးသီးတို့မှာ မိမိ၏ အချိန်တို့ကို ဤ club အတွင်း လွတ်လပ်ပျော်ပါးစွာ ကုန်ဆုံးလျက် ရှိကြသည်။

club အတွင်းရှိ လူအများအပြားထဲမှ Michael ဟူသော လူဖြူကောင်ချောလေးမှာ စားပွဲဝိုင်းတစ်ဝိုင်းမှာ ထိုင်နေရာ သူ့မျက်လုံးအကြည့်တို့ကို တစ်စုံတစ်ယောက်က သိမ်းပိုက်သွားခဲ့သည်။

ငွေဖြူရောင် ဆံနွယ်တို့၏ ထိပ်ဖျား၌ ပန်းရောင်နှင့် အပြာရောင်တို့ကို စပ်ဆိုးထားသော ကောင်ကလေးတစ်ယောက်..။

မျက်လုံးတစ်ဝိုက် eye liner တို့ကို မည်းနက်စွာ ဆိုးထားပြီး မျက်လုံး တစ်ဖက်တွင် ဆေးအပြာရောင်.. ကျန်တစ်ဖက်တွင် ပန်းရောင်ဆိုးထားပုံက သာမန်ဆိုလျှင် အနည်းငယ် ကြောင်တောင်တောင်နိုင်မည် ဆိုသော်လည်း ထိုကောင်လေးနှင့်ကျ လန်းလွန်းနေသလို..။

ပန်းဆီရောင် နှုတ်ခမ်းသား ပါးလျလျတို့က ကော့ညွတ်ကာ ပြုံးနေသည်မှာ ပုထုဇဉ်လူသားတိုင်း ကြွေကျမြေခလောက်စရာ။

skinny ripped jeans တို့က သူ့ခြေတံများ၏ အလှကို ဖွင့်ဟဖော်ပြနိုင်သလို...
ယောက်ျားလေးတန်မဲ့ တင်သားကောက်ကြောင်းက လှပလွန်းနေ၏။

ဂီတနှင့် စည်းချက်ညီညီ လှုပ်ခါကာ ကနေသည်မှာလည်း ရင်သပ်ရှုမောဖွယ်..။

ထိုကောင်လေး၏ အရာရာတိုင်းက Michael ၏ စိတ်နှလုံးကို ဖမ်းစားနေသည်။

ရုတ်တရက် ထိုကောင်လေး၏ အကြည့်တို့က Michael ဆီ ဖျတ်ခနဲ ရောက်လာတော့သည်။ သူ့ကို ကြည့်နေမှန်း သိပုံရသဖြင့် ကနေသည်ကို ရပ်လိုက်ကာ Michael ဆီ တည့်တည့်လျှောက်လာလေ၏။

"Hey!"

သေနိုင်လောက်သော အပြုံးတစ်ခုဖြင့် ပေါင်ပေါ် ရောက်လာသော ကြွေရုပ်လေးလို လှပလွန်းသည့် ကောင်ကလေး...။

ထိုကောင်ကလေးကို Michael ငေးမောကြည့်နေမိသည်။

"မင်းကို ကြည့်ရတာ တစ်ယောက်တည်း ပျင်းစရာ ကောင်းလိုက်တာ.."

မချိုမချဉ်အသံဖြင့် လေသံကို အနည်းငယ်ဆွဲကာ ကောင်လေးက ဆိုလာသည်။

"ငါတို့ ဒီည ပျော်စရာတစ်ခုခု ဖန်တီးရအောင်လား.."

နှုတ်ခမ်းတို့ကို တွန့်ကွေးကာ အိပ်မက်ယောင်ကာ ပြောနေသည့် လေသံမျိုးဖြင့် ဆွဲဆောင်မှုရှိရှိ ပြောလာသော ကောင်ကလေးကြောင့် Michael တကယ်ပဲ ကျဆုံးခဲ့ရပြီ။

ဘာတစ်ခွန်းမှ မပြောတော့ပဲ လူခြေတိတ်သည့် တစ်နေရာသို့ ဘေးနားရောက်နေသည့် ကော်ပတ်ရုပ်ကလေးနှင့်အတူ သွားရောက်ပျော်ပါးရန် မတ်တပ်ထရပ်လိုက်စဉ်မှာပင်...

သူတို့ရှိနေသော စားပွဲဝိုင်းဆီသို့ မဖိတ်ခေါ် မကြိုဆိုသော လူတစ်ယောက် ရောက်လာခဲ့သည်။

"M... Mr.J!"

ဒီ club ထဲ ရှိနေသည့် လူများအားလုံးထဲ၌ Mr.J ကို မသိသူ တစ်ယောက်မျှပင် မရှိချေ။

"Puddin~~"

ထိုကောင်ကလေးက Michael ခါးကို ဖက်ထားသည့် လက်အား ဖြုတ်ချကာ Mr.J ဆီ လျှောက်သွားသည်။

"Hello! Honey~"

Michael သူ ခုနက အရူးအမူးကြွေမိခဲ့သော ထိုကောင်ကလေးက Mr.J ၏ ပခုံးထက် လက်ချိတ်လိုက်သည်နှင့် Mr.J က ပွေ့ဖက်နမ်းရှိုက်လိုက်သည်ကို တွေ့ရသောအခါ ကြောင်အနေတော့၏။

"Hi! တွေ့ရတာ ဝမ်းသာတယ် ကိုယ့်လူ.. မင်း ခုနက Harley နဲ့ စကားစမြည်ပြောရတာ သဘောကျရဲ့လား??"

သွားမျာအကုန်ပေါ်အောင် ပြုံးပြကာ ပြောလာသော Mr.J ကို ကြည့်ရင်းက Michael ကျောချမ်းလာမိသလို..

"အာ.. Harley က ခင်ဗျားရဲ့ ကောင်လေးလား"

Michael အမေးကြောင့် Mr.J က သူ့ဘေးမှာ ရှိနေသည့် ကောင်ကလေးကို တစ်ချက် ကြည့်လိုက်ပြီး ခါးကို ဖက်လိုက်ကာ ခပ်ပြုံးပြုံး ဆိုလာသည်။

"အိုး! ဟုတ်တာပေါ့ သိပ်ဟုတ်တာပေါ့.. Harley က ငါ့ရဲ့ ကောင်လေး~ ငါ တစ်ယောက်တည်း ပိုင်ဆိုင်တဲ့ ကောင်လေး.."

အပြုံးမပျက်သော Mr.J မျက်နှာက တဖြည်းဖြည်း ကြောက်စရာ ကောင်းလာခဲ့သည်။

"မင်း ကြည့်စမ်း! ငါ့ကောင်လေးက သိပ်မလှလွန်းဘူးလား??"

ပြောရင်းဆိုရင်းဖြင့် ဘေးက ကောင်ကလေးကို ပြုံးရင်း ကြည့်သောအခါ ကောင်ကလေးကလည်း ပြုံးနေရင်း ရွှန်းရွှန်းစားစား Mr.J ကို ကြည့်နေသည်။

Michael သည်နေရာကနေ ထွက်ပြေးချင်စိတ်တို့ ဖြစ်ပေါ်လာရသည်။

"လုံးဝ မထိရက် မကိုင်ရက်လောက်အောင်ကို လှလွန်းတယ်နော်.. သူ့ အရာရာတိုင်းက ပြုစားနိုင်လွန်းတယ်။ မင်းလည်း သိပါတယ် ခုနက မင်း သူ့ကို ငေးကြည့်နေခဲ့တယ် မဟုတ်လား"

"..."

"သူ ခုနက မင်းပေါင်ပေါ် ထိုင်လိုက်တော့ ဘယ်လို ခံစားရလဲ?"

"Mr.J! ကျွန်တော် တောင်းပန်ပါတယ်"

"blah.. blah blah.. blah blah.. blah blah..."

ပါးစပ်ဘာမှန်းညာမှန်းမသိ ရေရွတ်နေရင်းက Mr.J ဟာ သူ့လက်ဖဝါးကို ပါးစပ်ပေါ် အုပ်တင်လိုက်သည်။

လက်ဖမိုးပေါ်က ဟက်ဟက်ပက်ပက် ရယ်နေသည့် နှုတ်ခမ်းက သူ့မျက်နှာထက် ကြောက်စရာကောင်းနေသလို..။

"Honey! သူ့ကို အနမ်းလေး တစ်ချက်လောက် ပေးလိုက်ပါဦး.."

ဆွဲဆောင်မှုရှိလွန်းနေသော အပြုံးမျိုးဖြင့် ကောင်ကလေးရောက်လာကာ Michael ကို တစ်ချက် နမ်းလိုက်သည်။

"Ok! Bye Bye!"

'ဒိုင်း!'

Michael အဖို့ နောက်ဆုံးမြင်ကွင်းက ပြုံးရယ်နေသော Mr.J နှင့် သူ့ရင်ခွင်ထဲ ရှိနေသော ကောင်ကလေး Harley ဖြစ်ခဲ့သည်။

♕Joker & Harley♕

လွန်ခဲ့သော တစ်နှစ်ခန့်။

တောင်ကိုရီးယားနိုင်ငံ၌ အကြီးမားဆုံး ကုမ္ပဏီဆယ်ခုထဲ တစ်ခုအပါအဝင် ဖြစ်သော 'YS' ကုမ္ပဏီကြီးအတွင်း...။

ဥက္ကဌဖြစ်သူ၏ အခန်းအတွင်း၌ ဥက္ကဌထိုင်ခုံနေရာတွင် အသက်လေးဆယ်ကျော် ပုဂ္ဂိုလ်တစ်ဦး ထိုင်နေပြီး သူ့ရှေ့၌ အသက် နှစ်ဆယ်ကျော် အရွယ် ကောင်လေးတစ်ယောက် မတ်တပ်ရပ်လျက် ရှိနေသည်။

"ကျွန်တော် မလုပ်နိုင်ဘူး ဥက္ကဌကြီး!"

ကောင်လေးက သူ့လက်ထဲ ကိုင်ထားသော စာရွက်စာတမ်းတချို့ကို ပစ်ချရင်း ပြောလာသော အခါ ဥက္ကဌကြီးက ပြုံးသည်။

"BaekHyun! ငါ့ကို မင်းရဲ့ ကျေးဇူးရှင်လို့ သတ်မှတ်ထားတယ်ဆို.. ငါ ခိုင်းရင် မင်း ဘာမဆို လုပ်ပေးပါ့မယ်လို့ မင်းကိုယ်တိုင် ပြောထားတာ။ ခုက ဘယ်လိုလဲ?"

ထိုလူကြီးက မျက်ခုံးတစ်ဖက်ကို ပင့်ရင်း ပြော၏။ BaekHyun အခက်တွေ့ချေပြီ။ သူ့စကားနှင့် သူ ပြန်ပိတ်မိနေပြီမဟုတ်လား။

"ကျွန်တော့်ကို စဉ်းစားခွင့်ပေးပါ"

'YS' ဥက္ကဌ Byun YangSung သည် သူ Byun BaekHyun ၏ မွေးစားအဖေဖြစ်သလို သူ၏ ကျေးဇူးရှင်။

အမိရော အဖရော မရှိတော့ သူ့အဖို့ မှီခိုရာ တစ်ခု ဖြစ်ပေးခဲ့သော မွေးစားအဖေအပေါ်တွင် ကျေးဇူးကြွေးတို့ အများအပြား တင်နေသည်။

ဥက္ကဌကြီးသာ ခိုင်းလျှင် မည်သည်ကို မဆို လုပ်မည်ဟု ကတိပေးခဲ့မိသည်မှာလည်း မှန်၏။ သို့သော် ခု ဥက္ကဌကြီး ခိုင်းလာသော အလုပ်က သူ့အဖို့ ခဲယဉ်းလွန်းလှသည်။

ထိုကတိကို ပေးခဲ့မိစဉ်က ဥက္ကဌကြီးမှာ မည်သို့သော လူစားမျိုး ဖြစ်သည်ကို သူ မသိခဲ့..။ ဥက္ကဌကြီးသည် သူထင်ခဲ့သလို သမာအာဇီဝအလုပ်ကိုသာ လုပ်ကိုင်နေသူတစ်ယောက် မဟုတ်ခဲ့ချေ။

ခုတော့ ခက်ချေပြီ..။
ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို သတ်ရမည်တဲ့လား။

"Mr.J"

//Mr.J တဲ့လား.. ဟူးးးးးး ခင်ဗျားက ဘယ်လို လူမျိုးမို့လို့ ဥက္ကဌကြီးက ခင်ဗျားကို သတ်ခိုင်းရတာလဲ?//

♕Joker & Harley♕

To be continued..

Continue Reading

You'll Also Like

67.9K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
8.9K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot
65.6K 5K 29
"ဘယ်က ဇယားလေးလဲ? Kim" "အကြွေးနဲ့ သိမ်းလာတာလေ မွေးစားဖို့" "ဘယ္က ဇယားေလးလဲ? Kim" "အေႂကြးနဲ႕ သိမ္းလာတာေလ ေမြးစားဖို႔"
33.7K 3.2K 25
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...