Love Policy(Completed)

By YeolliesSakura

390K 22.5K 1K

Main cast-Baekhyun,Kyungsoo,Jongin,Chanyeol Rate M..Some scenes are 20+.. So,If u don't want to read This Fic... More

Ep.1
Ep.2
Ep.3
Ep.4
Ep.5
Ep.6
Ep.7
Ep.8
Ep.9
Ep.10
Ep.11
Ep.12
Ep.13
Ep.14
Ep.15
Ep.16
Ep.17
Ep.18
Ep.19
Ep.20
Author 's Conclusion

Ep.21 (Final)

24.2K 1.2K 88
By YeolliesSakura

(တစ်ခုတောင်းဆိုပရစေ...အောက်ကိုကျော်
မဖတ်ပါနဲ့...OST ကိုနားထောင်ပြီးအပေါ်က
နေပဲဖတ်ပေးပါနော်..^^..စိတ်ရှည်ရှည်နဲ့..
မဟုတ်ရင်ပေါ့သွားလိမ့်မယ်..😔)

.....

"ကျေးဇူးပြုပြီး...သူ့နားမှာနေပါရစေ..
သူနိုးလာတဲ့အထိပဲ...."

"မင်းသူ့အပေါ်အားနာတတ်ရင်..ဒီလိုပြော
မလား..?"

"ငါ့ကိုယုံပေးပါ...ငါ...မဟုတ်ရင်ရူးသွားလိမ့်မယ်..ကတိပေးပါတယ်..ကျေးဇူးပြုပီး.."

"မင်း..."

ဒူးထောက်ထိုင်လိုက်ကာ...
"သူနိုးလာတဲ့အထိပဲ...သူနိုးလာရင်..ငါ..
သေ..သေသလိုနေပါ့မယ်..သေလူလိုနေပါ့
မယ်.."

"Park Chanyeol...မင်းဟာ.."

"Sehun..ငါ့ကိုကူညီပါ..Jelpa.."

ဒူးထောက်ထိုင်နေရင်းကြမ်းပြင်ပေါ်သို့ကျ
ဆင်းသွားတဲ့မျက်ရည်စက်တွေ...

သူ့အတွက်ဆို အရင်ကထောင်လွှားခဲ့တဲ့
အစွယ်တွေဟာဆွေးမြေ့ကျိုးကျကုန်ပစေ..

မာန်မာန အရှက် သိက္ခာ ဘာတွေကအရေး
ကြီးအုံးမှာလဲ..

"ငါအရှက်မရှိမျက်နှာပြောင်တိုက်နေမှန်း
သိပါတယ်..ဒါပေမယ့်...ငါတောင်းဆိုတာ
အကန့်အသတ်ရှိပါတယ်.."

မျက်ရည်တွေကအသနားခံဖို့ကျလာတာ
မဟုတ်ပါဘူး...

သူ့အတွက်ဆို လူတင်မက မျက်ရည်တွေကပါ
မြေခကာ အောက်ကျို့နေတာ...

"ကောင်းပြီ...သူနိုးလာတဲ့အထိပဲ...
သူ့ကောင်းကောင်းမွန်မွန်နေရဖို့ဆိုတာ
မင်းအပေါ်မှာမူတည်နေတာ..မင်းနားလည်မှာ
ပါ.."

ခေါင်းကိုအဆက်မပျက်ငြိမ့်ပြမိ၏...

"ကျေးဇူးတင်ပါတယ်..ကျေးဇူးပါ.."

..............................................

နှစ်လရှိသွားပြီ...

Baekhyun ဆိုတဲ့ပန်းလေးအိပ်ပျော်နေ
တာ...
Sleeping beauty ဆိုတဲ့ပုံပြင်လေးလို့
ပေါ့...လှပစွာအိပ်ပျော်နေတဲ့ကောင်လေး...

သူ့ကို တကယ်ချစ်တဲ့သူကများအကြင်နာ
ဆွတ်ချွေမှ ပြန်ပြီနိုးထလာမှာလား??..

သူလဲလျောင်းနေတဲ့ခေါင်းရင်းနားရှိစားပွဲခုံ
ပေါ်တွင် Navy Blue ပန်းလေးတွေက
သူ့ကိုနိုးလာအောင်လှုပ်နှိုးနေသော်လည်း
Baekhyun ကတော့ကျောက်ရုပ်ပမာငြိမ်
သက်နေဆဲ...

"Baekhyun...ဒီနေ့မင်းသဘောကျတဲ့
မိုးစက်လေးတွေလေ...~"

Chanyeol Baekhyun ရဲ့လက်ဖျားလေး
ကိုဆုတ်ကိုင်ထားကာ ဆေးရုံမှန်ပြတင်း
ပေါက်လေးကိုလှမ်းကြည့်နေ၏..

ပြတင်းပေါက်ပေါ်ရှိမှန်လေးတွေပေါ်တွင်
ဖြတ်ပြေးနေသောရေစက်ကြည်ကြည်လေး
တွေ....

"Baekhyun..ရေစက်တွေကလှတယ်..
ထကြည့်ပါလား..မညောင်းဘူးလား...လှဲ
နေရတာ.."

Chanyeol Baekhyunရဲ့နဖူးပေါ်က ဆံနွယ်တွေကိုဖယ်ပေးလိုက်ကာ..

"ဆံပင်တွေလည်းရှည်လာပြီ..နိုးလာရင်
Sehun ကိုညှပ်ခိုင်းလိုက်မယ်နော်..."

လက်ဖျားလေးကိုဆုတ်ကိုင်ထားရင်းစူးကနဲ
ဖြစ်သွားတာကြောင့်သူ့လက်လေးတွေကို
ကြည့်လိုက်တော့ အနည်းငယ်အစွန်းထွက်
ရှည်နေသော လက်သည်းကြည်ကြည် လေး တွေ...

"အာ.လက်သည်း..ကိုယ်ညှပ်ပေးမယ်နော်.."

အံ့ဆွဲထဲက လက်သည်းညှပ်လေးကိုယူကာ
လက်သွယ်သွယ်လေးတွေတစ်ချောင်းချင်း
စီ ကိုကိုင်ကာညှပ်ပေးနေ၏..

လက်သည်းရှည်လို့ညှပ်ပစ်လိုက်တဲ့လက်သည်းတွေလို ကိုယ်ကမင်းအတွက် မလိုအပ် တဲ့သူပါ...

မင်းကိုမစွန့်လွှတ်နိုင်လို့သာခဏတွယ်ကပ်
နေပေမယ့် မကြာခင်မှာ ဒီလက်သည်းစလေး
တွေလို မင်းဘေးကဖယ်ထုတ်ခံရမှာ..

"ကိုယ့်မင်းသားလေး လက်လေးတွေက
လှလိုက်တာကွာ...ကိုယ်အရမ်းမြတ်နိုး
တာပဲ.."

"Baekhyun ah...မင်းနိုးလာရင်လေ..
ကိုယ်မရှိလည်း မင်းနေနိုင်တယ်မလား...
ကိုယ့်ကသာမင်းကိုတွယ်ကပ်နေပေမယ့်
ကိုယ်ကပတ်ကျိလိုကောင်လေ...မင်း
အတွက်ဘာကောင်းကျိုးမှလည်းမပေးဘူး"

"မင်းကိုဒီလိုဖြစ်အောင်လုပ်တာလည်းကိုယ်
ပဲသိလား...Baekhyun...ကိုယ့်ကမင်း
အသက်ကိုတောင်ဒုက္ခပေးနိုင်တဲ့အထိမကောင်းတဲ့ကောင်ဆိုပြီးမေ့ပစ်ရမယ်နော်..
Ani...မင်းမေ့ကိုမေ့မှာပါ...မေ့ယုံတင်မဟုတ်
ဘူး..မုန်းပါမုန်းရမယ်နော်.."

"ကိုယ်မင်းကိုလက်ထပ်ခွင့်တောင်းချင်ခဲ့တာ..
ဒါပေမယ့်...Baekhyun ah..မင်းက
ကိုယ်နဲ့ မတန်ပါဘူး....လုံးဝမတန်ဖူးသိလား
Baekhyun.."

Chanyeol Baekhyun ရဲ့လက်တွေကို အုပ်ကိုင်လိုက်ပြီးမျက်နှာပေါ်အပ်ထား၏..

မခေါ်ထားတဲ့ရောက်လာတဲ့မျက်ရည်တွေက
Baekhyun ရဲ့ လက်သွယ်သွယ်လေးတွေ
ပေါ်သို့ကျဆင်းကုန်၏...

Baekhyun ah..မင်းနားကနေကိုယ်
တစ်ဖဝါးမှမခွာချင်ဘူး...ဒါပေမယ့်မင်းနိုး
လာရင် ကိုယ်ကမင်းဘေးနားမှာနေခွင့်မရှိ
တော့ဘူးတဲ့...

အဲ့တာကြောင့် မနိုးလာပါစေနဲ့လို့ကိုယ်အတ္တ
ကြီးစွာဆုတောင်းချင်ပေမယ့်...
ဟင့်အင်း...Baekhyun...လုံးဝမဖြစ်ဘူး..
မင်းနိုးကိုနိုးလာရမယ်....

ခြေဖဝါးဖွေးဖွေးလေးတွေကနုသထက်နုလာ
ပြီးအရမ်းကြာသွားပြီးမှလမ်းလျှောက်ရင်
မင်းပဲနာကျင်ရလိမ့်မယ်...

ခုတင်မာမာထက်မှာလှဲလျောင်းနေတဲ့ကျော
ကုန်းနုနုလေးကလည်း အနာတွေပေါက်လာ
လိမ့်မယ်...

အဲ့ထက်ဆိုးတာတွေရှိသေးတယ်...
Baekhyun ah...အဲ့လိုကြီးလှဲနေရင်လေ
လူဖြစ်ရကျိုးနှပ်မှာမဟုတ်ဘူးသိလား..
အရမ်းလှတဲ့လောကကြီးရဲ့အလှတွေကို
လွတ်သွားလိမ့်မယ်...

မင်းနစ်နာထိခိုက်မယ့် ကိစ္စတွေကို ကိုယ်မင်း
အနားမှာနေချင်ရုံနဲ့ နိုးမလာပါစေနဲ့လို့ဘယ်လို
လုပ် ဆုတောင်းရက်မှာလဲ...?..

ကိုယ်ရင်ဖက်ထဲက နှလုံးသားကိုငရဲမီးနဲ့
မှုတ်သလိုခံစားခံပြီး

"မြန်မြန်နိုးထလာပါတော့..နိုးထလာပါတော့"
လို့ပဲဆုတောင်းမှာပါ....

အဲ့တာကြောင့် ကိုယ့်ဆန္ဒတွေကိုဖြည့်ပေးဖို့
မြန်မြန်နိုးထလာပါတော့...Baekhyun
ရယ်...~

Chanyeol အိပ်ပျော်နေတဲ့ကောင်လေးရဲ့
နှုတ်ခမ်းထပ်သို့ အနမ်းဖြူဖြူလေးတစ်ပွင့်
ကိုဖွဖွလေးပေး၏...

Chanyeol ရဲ့မျက်ရည်စက်လေးက
Baekhyun ရဲ့ပါးပြင်သို့ကျဆင်းသွား၏..

အနည်းငယ်လှုပ်ရှားသွားတဲ့လက်ချောင်း
လေးတွေကို Chanyeol မမြင်လိုက်ပါ...
............................................

"အခန်း 146 က လူနာသတိရပြီတဲ့..!"

ပြေးလွှားနေတဲ့ သူနာပြုတွေနဲ့ဆရာဝန်
တွေကို Chanyeol ကြောင်တောင်
တောင်ဖြင့်ကြည့်နေမိ၏..

အခန်း146..146 ဆိုတော့...

"Baekhyun...!"

Baekhyun သတိရပြီတဲ့..ပျော်လိုက်တာ..
Baekhyun ရယ်...ကိုယ့်ပြောတဲ့အတိုင်း
မင်းပြန်လာပေးတာပဲ....

သူ့ရဲ့အခန်းရှေ့သို့ပြေးသွားမိပေမယ့် အခန်း
တံခါးရှေ့မှာတင်ရပ်နေမိ၏...

ဘာလို့လဲ...

ကျတော်ချစ်ရသူက သေမင်းရဲခံတွင်းဝကနေ
ကျတော့်ဆီပြန်လာပြီလေ...

"ကျေးဇူးပြုပြီး...သူ့နားမှာနေပါရစေ..
သူနိုးလာတဲ့အထိပဲ...."

သူနိုးလာရင်...ကျတော့်ကသူ့အနားကနေ
ဖယ်ထုတ်ခံရမှာလေ...

ခဏပဲ...ခဏပဲ..ခဏလေးပဲ သူ့မျက်နှာလေး
ကိုကြည့်မှာပါ...သူ့ရဲ့မျက်ဝန်းနက်နက်လေး
တွေကိုတစ်ခါပဲကြည့်မယ်..

အခန်းတံခါးလက်ကိုင်ကိုကိုင်လိုက်ပေမယ့်

"သူနိုးလာတဲ့အထိပဲ...သူနိုးလာရင်..ငါ..
သေ..သေသလိုနေပါ့မယ်..သေလူလိုနေပါ့
မယ်.."

သူနိုးလာပြီ...ဒါပေမယ့်.....
ကျတော်ပြောခဲ့တယ်..ကတိပေးခဲ့တယ်..
ကျတော်ချစ်တဲ့သူ့အတွက်...

Baekhyun ah...မင်းပြန်လာပေမယ့်
ကိုယ်ကတော့မင်းဆီကထွက်သွားရတော့
မယ်...

ကိုယ့်ကိုမုန်းလိုက်ပါတော့ကွာ...
...

"ကျတော်ဘယ်ရောက်နေတာလဲဟင်..
မှောင်မည်းနေတာပဲ...Sehun..ဘေးနား
ကSehun လားဟင်.."

"အင်း..Baekhyun ငါ Sehun ပါ.."

Baekhyun ဘေးကလူ ရဲ့လက်ကိုဆုတ် ကိုင်ထားတယ်..သူများအသားကိုထိနေတယ်ဆိုတာသိနေပေမယ့်....အဲ့လူက Sehun..
Sehun ရှိရာကိုသူကြည့်ပေမယ့် မှောင်
နေတယ်...ဘာလို့လဲ..

"Chanyeol ah...Chanyeol..ရောဟင်.
Sehun ah...Chanyeol...Yeol ကို
ခေါ်ပေးပါ.."

"Baekhyun..စိတ်ထိန်းပါအုံး.."

"ဘာလို့လဲ...မီးတွေဘာလို့မှိတ်ထားတာလဲ..
Chanyeol နဲ့ငါ့နဲ့ကိုခွဲချင်လို့မလား...
Pls...Sehun...မင်းကပါအဲ့လိုမလုပ်ပါနဲ့..
မီးဖွင့်ပေးပါနော်.."

"Baekhyun ah..ငါမီးမပိတ်ထားပါဘူး"

Sehun ပြောတော့ Baekhyun သူ့မျက်
လုံးကိုသူကိုင်ကာ..

"ငါ့မျက်လုံးတွေ..မရှိတော့တာလားဟင်..
ငါတကယ် Chanyeol ကိုတွေ့ချင်တယ်..
ဘာမှလည်းမမြင်ရတော့ဘူး..ငါ့ကို..
ငါ့မျက်လုံးတွေပြန်ပေးပါ....အား..!!"

"Doctor..သူ..သူ..."

Sehun ကဘေးက ဆရာဝန်ကိုကြည့်လိုက်
ပေမယ့် ဆရာဝန်ကခေါင်းခါပြ၏..
ကား Accident ဖြစ်ရင်းမှန်စတွေက
Baekhyun ရဲ့မျက်ကြည်လွှာကိုပျက်စီး
သွားစေ၏..

"Sehun..ငါဒေါသထွက်လာပြီနော်..
ငါ့ကိုအမှောင်ခန်းထဲပိတ်မထားပါနဲ့..
ဘာလဲ...မင်းကပါ..Oh JinSoo နဲ့
တစ်ဖွဲ့တည်းလား..အီး..ငါကြောက်တယ်..
Chanyeol...Chanyeol ah..ကယ်ပါ
Baek ကိုကယ်ပါ.."

ခုတင်ပေါ်တွင်သူ့ဆံပင်တွေကိုသူဆုတ်ဆွဲ
ကာအော်ဟစ်နေသောကောင်လေးကို
ဆေးရုံအခန်းတံခါးဝကကောင်လေးက
ကြည့်နေကာ ရင်ဖက်ကိုထုရင်းငိုကြွေး
နေ၏..

"Baekhyun ah...မင်းအခုလိုတွေဖြစ်
ရတာ..ကိုယ့်ကြောင့်ပါ.."

............................................

"အဲ့တာဆို..Chan..Chanyeol..က..
ငါနဲ့ကားတိုက်မှုဖြစ်ရင်း...သေ..သေ..သေ
သွားတယ်ပေါ့ဟုတ်လား.."

"အင်း..Baekhyun..မင်းကိုတောင်
ဆရာဝန်တွေကမနည်းပြန်ကုပေးထားရတာ"

Baekhyun အနည်းငယ်တည်ငြိမ်တော့မှ
Sehun အကျိုးအကြောင်းပြန်ရှင်းပြနေရ၏

"Sehun ah..ငါ..မယုံဘူး..သူမသေနိုင်ပါ
ဘူး....မဖြစ်နိုင်တာ.."

"Baekhyun အရမ်းမခံစားပါနဲ့..သူ
ကထွက်သွားတာကြာနေပြီလေ..."

Baekhyun သူ့မျက်လုံးနှစ်ဖက်ကိုကိုင်ရင်း
"ငါ..ငါမျက်လုံးက..မျက်ရည်တွေ..ထွက်
နေတာလားဟင်...ကန်းနေတဲ့ငါ့မျက်လုံး
တွေကလေ.."

"Baekhyun...Jelpa..စိတ်ဓာတ်ခိုင်ခိုင်
မာမာထားပေးပါ...မင်းလုပ်နိုင်ပါတယ်.."

Miyanae..Baekhyun..Chanyeol
ရဲ့ အမေက ဒီလိုဖြစ်အောင်လုပ်တာလို့တော့
ငါမပြောပရစေနဲ့...Chanyeol ရဲ့အဝေး
မှာပဲနေပြီး မင်းကိုငါကာကွယ်ပေးပရစေ..

Chanyeol သာဘေးနားမှာရှိနေရင်...
ဘာတွေထပ်ဖြစ်အုံးမယ်ဆိုတာမသိနိုင်ဘူး..

ပြီးတော့ Chanyeol ကိုယ်တိုင်က ကတိ
ပေးခဲ့တာ...

Mrs.Park နဲ့ JinSoo တို့က Seoul
မှာရှိနေသေးတယ်...အင်အားကြီးတဲ့သူ
တွေကိုကျဆုံးအောင်လုပ်ဖို့ဆိုတာလွယ်ကူ
တာမဟုတ်လို့...

ငါလုပ်တာ မင်းကိုကာကွယ်ဖို့ပါ...

"ငါ..ငါမလုပ်နိုင်ဘူး..ငါဘာမှလည်းမမြင်
ရတော့ဘူး..Chanyeol..Chanyeol
ကလည်းမရှိတော့ဘူး...ဘာလို့ငါ..အသက်
ရှင်နေတာလဲ...Sehun..Sehun..ငါ့ကို
သတ်လိုက်ပါ...ဆေးထိုးပြီးတော့လေ..
ငါ့ကိုသတ်ပေးပါနော်.."

"မင်းရူးနေတာလား!!!"

မင်းအသက်ကိုမနည်းကယ်ထားရတာကို...
ငါ့ကသတ်ပေးရမယ်ဟုတ်လား
Baekhyun ရယ်...

"Park Chanyeol ကိုအဲ့လောက်တောင်
ချစ်တာလား..??"

"ငါမမြင်ရတော့ရင်တောင်သူရှိနေရင်
ငါရှင်သန်နိုင်ပါသေးတယ်...
အခုငါကအမှောင်လောကထဲမှာ သူ့ကလည်း
မရှိတော့ဘူးဆို...ငါကရှင်လျက်နဲ့သေနေတာပဲမဟုတ်ဘူးလား..!!!!
သေခွင့်ပေးပါ.."

Baekhyun သူ့လက်ကဆေးပိုက်တွေကိုဆွဲ
ဖြုတ်ကာမမြင်မစမ်းနဲ့သွားတော့ ခုတင်ပေါ်က
နေဖုတ်ကနဲပြုတ်ကျသွား၏..

လေးဖက်ထောက်လေးစမ်းသွားနေသော
Baekhyun ကိုကြည့်ကာ Sehun ကတော့ကြည့်ရင်းနဲ့ပင် မျက်နှာကိုအုပ်ကာ
သက်ပြင်းချမိ၏....

.............................................

"အဲ့တော့ Baekhyun ကအမြင်အာရုံဆုံး
ရှုံးသွားတယ်ပေါ့..Hak..ရယ်ရတယ်..
ငါကျတော့..ငါကျတော့ဘာလို့ဘာမှ
မဖြစ်ရတာလဲ...ဘာလို့ငါချစ်တဲ့သူမှ
လဲ...ငါချစ်တဲ့သူကဘာလို့...ဒီလိုတွေ
ဖြစ်ရတာလဲ...အဲ့တာငါမကောင်းလို့..
ငါအသုံးမကျလို့..သိလား...
အား...!!..."

"ဒုန်း...ဒုန်း..!"

"Chanyeol ah..တော်ပါတော့..မင်း
အပြစ်မဟုတ်ပါဘူး.."

နံရံကိုတဒုန်းဒုန်းနဖူးဖြင့်ဝင်တိုက်နေသော Chanyeol ကို Jongin မှာအတင်းဆွဲ
ထားရ၏..

"ငါအပြစ်ပေါ့ကွ...အသုံးမကျတဲ့ငါ့အပြစ်
ငါ့ကြောင့် သူအဲ့လိုဖြစ်ရတာ..ငါသေသင့်
တာပါ..."

ပြောနေရင်းကြမ်းပြင်ထပ်တွင်ခွေခေါက်ကျ
ကာ
"Baekhyun ah...Baekhyun ah..
တောင်းပန်ပါတယ်...တောင်းပန်ပါတယ်.."

နဖူးထပ်တွင်သွေးတွေစီးကျနေသလိုကိုယ့်
ရင်ထဲမှာလည်းသွေးမျက်ရည်တွေအဆက်
မပျက်ကျနေပြီ...

ကိုယ့်ချစ်သူရဲ့ ဘဝကိုပျက်စီးအောင်ဖျက်စီး
လိုက်တဲ့ ကျတော့်လည်းတစ်ခုခုပြန်ပျက်စီး
မှမျှတမယ်မလား...?..

"Jongin...ငါအိပ်တော့မယ်..မင်းပြန်
တော့.."

"ChanYeol...မင်းခေါင်းကဒဏ်ရာ.."

"Tsk....အရေးမပါတာတွေ...ပြန်ပါတော့
ကွာ"

Jongin ပြန်သွားတော့ အိပ်ခန်းထဲသို့
တက်လာ၏..

သူ့အခန်းထဲသို့မဟုတ်ပါဘူး...Baekhyun
ရဲ့အခန်းထဲကို...

"မင်းကငါ့​နေရာကိုလိုချင်​​နေတာလား.."

Hak...အရူးလို ကျတော်သူ့ကိုအဲ့လိုမေးခဲ့
ဖူးတယ်...
ဒီအခန်း ဒီနေရာမှာ...

အဲ့တုန်းက သူက ကျတော့်ကိုမကြောက်ဘူး
ပြောခဲ့ပေမယ့် သူ့ရဲ့မျက်လုံးမှေးမှေးလေး
တွေကအနည်းငယ်ဝိုင်းစက်နေခဲ့တယ်..

သူကြောက်နေမှာပဲ...ကြမ်းတမ်းစွာဆက်ဆံ
ခဲ့တဲ့ကျတော့်ကိုသူအရမ်းကြောက်နေခဲ့မှာ..

အခုရော...အမှောင်ထဲမှာ...
အမှောင်ထဲမှာလည်းသူကြောက်နေမှာပဲ..

ကိုယ့်မင်းရဲ့လက်ကိုဆွဲကိုင်ပြီးအမှောင်လမ်း
ထဲကနေခေါ်ထုတ်ချင်ပေမယ့်...

ဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်...

Chanyeol Baekhyun ရဲ့မှန်တင်ခုံ
နားသို့မတ်တပ်ရပ်ရင်း မှန်ထဲမှာပေါ်လာ
တာက သူ့ပုံရိပ်...

မြင်နေရတယ်လေ..သူ့မျက်လုံးတွေကအရာရာကို...

"Ani....ငါ Baekhyun ကိုအမှောင်လမ်း
ကနေဆွဲထုတ်နိုင်တယ်..ဟုတ်​တယ်..
ငါလုပ်နိုင်တယ်....ငါသူ့အတွက်လုပ်ပေးနိုင်
တယ်.."

Chanyeol အိမ်ပေါ်ထပ်ကနေပြေးဆင်း
ကာ ကားကိုဒုန်းဆိုင်းမောင်းသွားပြီး
နေရာတစ်ခုသို့ဦးတည်လိုက်၏...

"Oh sehun..ငါတို့ခဏတွေ့ရအောင်..
Baekhyun အတွက်အရေးကြီးတယ်.."

........

"မင်းတကယ်လုပ်မလို့လား.. Chanyeol.
အဲ့တာက.."

"အင်း..ငါလုပ်ချင်တယ်..Sehun..သူ့အ
တွက်ငါလုပ်ချင်တယ်.."

"ဒါပေမယ့်..အဲ့တာက..မင်းဘဝတစ်ခုလုံး
နဲ့သက်ဆိုင်နေတာလေ..Baekhyun သိ
ရင်လည်းခွင့်ပြုမှာမဟုတ်ဘူး.."

"Baekhyun ကငါသေပြီလို့ပဲသိထားတာ
မဟုတ်လား.."

"မဟုတ်ဘူး..မင်းရှိနေသေးတာ..သူသိတယ်"

"မင်းပြောလိုက်တာလား..Oh sehun.."

"အင်း"

"ဘာ...အင်း..!!...ဘာအတွက်လဲ.."

Chanyeol စားပွဲခုံကိုထုကာဒေါသကြီးစွာ
အော်တော့..
Sehun ကလည်း..

"မင်းသေရင်သူလည်းသေမယ်...သူ့ကိုသတ်
ပါလို့တကဲကဲအော်နေတဲ့သူ...မင်းကိုချစ်တဲ့သူ..ဒါပေမယ့်ငါလည်းချစ်ရတဲ့သူလေ..
ငါ့ရှေ့အဲ့လိုဖြစ်နေတာကိုငါဒီတိုင်းဖြစ်ချင်
တာဖြစ်ဆိုပြီးပစ်မထားနိုင်ဘူး..သိလား..
Park Chanyeol...သူကမင်းကိုသူ့
အသက်ထက်ချစ်နေတာ.."

"ငါက..ငါကဘာများကောင်းနေလို့လဲ.."

"မင်းကသူ့အတွက်ကောင်းကင်ပြာလိုလူတဲ့..
သူ့ရဲ့ကောင်းကင်မို့ မင်းမရှိရင်သူလည်းမရှိနိုင်
ဘူးတဲ့.."

"ငါဘာဆက်လုပ်ရမလဲ...သူ့အတွက်ဘာ
ဆက်လုပ်ရမလဲ..Sehun.."

Sehun ကသူ့ကိုပြာကျလောက်အောင်အထိ
မျက်မှောင်ကြုတ်ကြည့်ပြီး..

"သူ့ရဲ့ကောင်းကင်ပြာအဖြစ်နေပေးလိုက်ပါ
Park Chanyeol.."

Sehun ရဲ့ စကားသံတွေဟာ..
Chanyeol ရဲ့နားထက်တွင်ပဲ့တင်ထပ်
လျက်....
..............................................

မိုးပြေးကရွာနေပြန်လေပြီ။...

ပြတင်းပေါက်မှန်ဘောင်ပေါ်တွင်ရေစက်လက်
လေးတွေကျနေ၏...

မိုးစက်လေးတွေကိုမမြင်ရပေမယ့် မိုးစက်
လေးတွေရဲ့အသံကိုတော့ကြားနေရပါသေး
တယ်...

Baekhyun ခုတင်ထပ်တွင်မှီနေရင်းနှင့်ပင်
မိုးစက်သံလေးတွေကြားနေရတဲ့ဖက်ကို
မျက်နှာမူထားလိုက်၏..

မမြင်ရပေမယ့် ငါမင်းတို့ရဲ့အသံကိုကြားနိုင်
ပါသေးတယ်...မိုးစက်လေးတွေရယ်...

မမြင်ရပေမယ့် ငါမင်းကိုလွမ်းတယ် Chanyeol ရယ်...

"Chanyeol...Chanyeol လားဟင်.."

ရုတ်တရတ်မျက်နှာတစ်ဖက်လှည့်ကာမေး
လာသော Baekhyun က အခန်းတံခါးဝ
ကိုမျက်နှာမူထား၏..

"ငါသိတယ်...Chanyeol..မင်းဆိုတာ..
ငါရတယ်..မင်းရဲ့ရနံ့တွေ..ငါကြားတယ်
မင်းရဲ့အသက်ရှုသံတွေ..."

တကယ်ပဲ Chanyeol ကအခန်းတံခါးဝ
တွင်ရပ်နေခဲ့တာ...

"မသွားပါနဲ့..ငါ..မင်းကိုလွမ်းနေတာသိလား.
...မင်းစိတ်ပျက်သွားတာလားဟင်...ငါ..ငါက
မျက်မမြင်တစ်ယောက်ဖြစ်သွားတယ်ဆိုပြီး
ငါ့ကိုစိတ်ကုန်သွားတာလား...."

Baekhyun ရဲ့အသံတွေကအဖျားတွေတုန်
နေကာရှိုက်သံတွေထွက်နေ၏..

"ငါ့ကမ္ဘာလေမှောင်နေတယ်...မင်းဆိုတဲ့
ကောင်းကင်ကြီးကမိုးအုံ့ပြီးပျောက်ကွယ်
နေတယ်...Chanyeol.."

တကယ်တော့ Baekhyun..မင်းမျက်စိမ
ကွယ်သွားသင့်ဘူး..အတိတ်မေ့သွားသင့်တာ..
အတိတ်မှာမကောင်းတဲ့အရာတွေကို သယ်
ဆောင်လာတဲ့တစ်ဦးတည်းသောသူ
Park Chanyeol ဆိုတဲ့လူကိုမေ့သွားခဲ့
ရင်...မင်းဘဝလေးသာယာသွားမှာ...

အခုတော့ အလင်းမဲ့သွားတာကို
ငါ့ကိုကောင်းကင်ဆိုပြီးမျှော်လင့်နေတဲ့ မင်းကို ကိုယ်ဘယ်လိုကယ်တင်ပေးရမလဲ...
Baekhyun ရယ်....

Chanyeol Baekhyun ထိုင်နေရာခုတင်
နားသို့တဖြည်းဖြည်းရွေ့သွားတော့

သူကမမြင်ရတဲ့လေဟာနယ်ကို Chanyeol
ရှိမယ့်နေရာကိုလက်လှမ်းစမ်း၏..

လေပဲမှာဝဲနေတဲ့သူ့လက်လေးဒေလီယာပန်း
လေး ကနေသလိုပဲ...

Baekhyunလက်သွယ်သွယ်သေးသေးလေးလှမ်းတဲ့နေရာ ကွက်တိထဲသို့ Chanyeol
သူ့ရဲ့မျက်နှာဖြင့်အပ်လိုက်၏..

လက်ဖဝါးသေးသေးလေးက Chanyeol
ရဲ့ပါးပြင်ကိုစမ်းနေ၏..

"Chanyeol ah...ပါးမှာဝက်ခြံနှစ်လုံး
ပေါက်နေတာလား...ဒါပေမယ့်မင်းရဲ့ပါး
ပြင်ကိုငါကြိုက်တယ်.."

မင်းအပေါ်စိုးရိမ်မှုတွေနဲ့ကိုယ့်ကိုကိုယ်တောင်
ပြင်ဆင်ချိန်မရပါဘူး...

"မင်းနှုတ်ခမ်းကိုလည်းကြိုက်တယ်.."

နှုတ်ခမ်းကိုစမ်းနေရင်းနဲ့မေးစေ့ကိုစမ်းနေရင်း
အကနဲအော်၏...စူးသွားလို့နေမယ်..

"နှုတ်ခမ်းမွေးတွေ...မရိတ်ဘူးလား..?"

ဟင့်အင်း...မရိတ်ချင်ဘူး...

လက်လေးကမျက်နှာအထက်သို့ပြန်ရောက်
သွားပြီး Chanyeol ရဲ့မျက်လုံးနှစ်ဖက်ပေါ်
သို့ရောက်သွား၏..

"ငါမင်းမျက်နှာပေါ်မှာ မင်းမျက်လုံးတွေကို
အချစ်ဆုံးပဲ...ဝိုင်းပြီးတော့မျက်ရစ်အကြီး
ကြီးပဲ...ပြီးတော့ ရေစက်ထည့်ထားသလို
တဖျတ်ဖျတ်လည်းလက်နေသေးတယ်.."

ကိုယ်မျက်ရည်ဝဲနေတာကိုရောမင်းသိနိုင်
လား...Baekhyun..

ထို့နောက်လက်လေးက Chanyeol ရဲ့ ခေါင်းပေါ်သို့ရောက်သွား၏..

"ဆံပင်အရောင်ကဘာရောင်လဲဟင်..Yeol.
ဟင်..ဆံပင်တွေရှည်နေပြီ...ခေါင်းမဖီးထားဘူးလားဟင်.."

"Baekhyun ah.."

"အင်းဟင့်..Chanyeol ah...ငါထင်ပါ
တယ်...မင်းဆိုတာ..ငါမမြင်ရလို့ပါ..
ဒါပေမယ့်မင်းရဲ့ကိုယ်သင်းရနံ့ကိုရပါတယ်..
မင်းဘာလို့ကိုယ့်ကိုကိုယ်ကြည့်ကောင်းအောင်
မနေတာလဲ..."

Baekhyun ကလက်နှစ်ဖက်ဖြင့် Chanyeol ရဲ့လက်မောင်းကိုမှန်းကိုင်ကာ
ငိုမဲ့မဲ့လေးပြော၏...

"မင်းမှမမြင်ရတာ..~
မင်းမမြင်ရတဲ့ကိုယ်ကဘာများကြည့်ကောင်း
စရာလိုလို့လဲ.."

"ငါကြောက်တယ်..မင်းကိုထပ်မမြင်ရတော့
မှာ.."

ရင်ခွင်ထဲကိုခေါင်းလေးမှီကာတအိအိငိုရှိုက်
နေသောသူ့ကမ္ဘာရဲ့ကောင်းကင်ပြာအမြဲဖြစ်
ချင်မိတယ်..

"ဒါပေမယ့် မင်းသာဘေးနားရှိနေရင်ငါမင်း
ကိုမမြင်ရလည်းအဆင်ပြေတယ်...ဒါပေမယ့်ငါ့ကိုထားတော့မထားသွားနဲ့ပေါ့နော်..."

သူ့စကားအချို့ကကောင်းကင်ပြာကနေလျှပ်
စီးတို့လက်စေတယ်..

ကိုယ် ရင်တွေနာတယ်...Baekhyun..

"Baekhyun ah...မင်းသေချာပေါက်ကိုယ့်
ကိုပြန်မြင်ရမှာပါ..သေချာတယ်.."

"Chan..Chanyeol..ငိုနေတယ်..မငို
ပါနဲ့နော်..ငါဘာမှမဖြစ်ပါဘူး..."

ပါးပြင်ထက်ကမျက်ရည်စက်တွေကိုလက်ဖြင့်
စမ်းကာသုတ်ပေးနေသောချစ်ရသူရဲ့လက်
ဖဝါးလေးကိုအုပ်ကာကိုင်လိုက်ပြီး...
နှုတ်ခမ်းဖြင့်ထိကပ်ကာလက်ဖမိုးပေါ်သို့ အနမ်းတစ်ပွင့်ပေးလိုက်၏..

ချစ်သူရယ်..မင်းဟာအမှောင်ထဲကနေတောင်
ကိုယ့်မျက်ရည်တွေကိုသုတ်ပေးနိုင်တဲ့လက်
တစ်စုံဖြစ်ခဲ့တယ်...

ကိုယ်ကရော...မင်းအတွက်...မင်းအတွက်
ဘာများလုပ်ပေးနိုင်မလဲ..??..

"Chanyeol..ငါမင်းကို နှုတ်ခမ်းမွှေးရိတ်
ပေးချင်တယ်.."

"ဟမ်...Baek ကဘယ်လိုလုပ်..?"

"ငါလုပ်နိုင်ပါတယ်..ငါလုပ်ပြမယ်နော်.."

ချစ်ရသူရဲ့လက်ဖဝါးလေးကိုဖြေးဖြေးဆွဲခေါ်
လာရင်းရေချိုးခန်းထဲရောက်တော့ Cream
တွေကိုသူ့လက်လေးဖြင့်စမ်းကာလိမ်းပေး
၏..

"Chanyeol ah နှာခေါင်းထဲဝင်ရင်ပြော
နော်..."

"ယားတယ်..."

Baekhyun ရဲ့လက်ပိစိလေးတွေကမေးစေ့
ကိုယွစိယွစိဖြင့်ထိခတ်နေ၏..

"အ..Yeol..ခ်ခ်....အာ...မနမ်းနဲ့ဆို..ငါပါ
ပေကုန်ပြီ.."

Baekhyun ရဲ့ပါးပြင်တွင်လည်း Cream
ဖြူဖြူများပေကုန်၏..Park Chanyeol
လက်ချက်ဖြင့်...

"Yeol..တကယ်လို့ဓားထိသွားရင် အား
ဆိုပြီးအော်လိုက်နော်...ငါကမမြင်ရတော့.."

"ကိုယ်သိပီ..လုပ်မှာ သာလုပ်စမ်းပါ.."

Baekhyun ကလက်တစ်ဖက်က Chanyeol ရဲ့မေးစေ့ကိုကိုင်ထားပြီး
တစ်ဖက်က မှုတ်ဆိတ်ရိတ်တဲ့ဓားကိုမေးစေ့
အထက်နားသို့ဖြည်းဖြည်းချင်းဖွတ်ဆွဲနေ၏..

"အ..!"

"ဟင်..Yeol..Wae..ထိ..ထိသွားတာလား..
Miya..Miyanae.."

"Ani..စတာ..ဟားဟား.."

"Yah...~..အဲ့လိုမစနဲ့..တကယ်လန့်သွား
တာ.."

သူမှာ ကျတော့်မျက်နှာကိုမှန်းစပြီး မှုတ်ဆိတ်
ရိတ်ပေးနေတာ...အားမလိုအားမရနဲ့နှုတ်ခမ်း
လေးကဟနေသေးတယ်...
သူ့ကြောင့် ကျတော်နာကျင်ရမှာလည်းသူက
အရမ်းစိုးရိမ်လွန်နေတာ...

"ကိုယ့်ချစ်သူလုပ်ပေးလို့ကိုယ်ချောသွားပြီ.."

မှန်ထဲကနေကြည့်ပြီးကိုယ့်ကိုကိုယ်ပြောပေ
မယ့်သူကတော့ကျတော်မျက်နှာကို လက်ဖြင့်
အသာပွတ်ရင်း..

"Yeolကအစတည်းကချောတာပါနော်.."
တဲ့...

ကျတော်ချစ်သူဟာအလင်းမဲ့နေသော်လည်း မျက်လုံးနက်နက်လေး တွေဟာကြယ်ပွင့်လေး
တွေလိုတောက်ပနေတုန်း...

Baekhyun Chanyeolရဲ့ပါးပြင်ထက်
သို့အနမ်းကိုမှန်းဆကာချွေသော်လည်း..
Chanyeol က Baekhyun ရဲ့နှုတ်ခမ်း
များကိုသူ့နှုတ်ခမ်းများဖြင့်ထိလိုက်၏..

"ပြွတ်"ကနဲအသံနဲ့အတူ...

"Yah...ဘယ်လိုဖြစ်..အသားလာယူနေတာလဲ..?"

"အသည်းယားလို့ပါ..နှုတ်ခမ်းပိစိလေးရယ်.."

Baekhyun တစ်ယောက် Park chanyeol ဆိုတဲ့ကောင်းကင်ပြာ၏ရင်ခွင်
တွင်နွေးထွေးစွာခိုလှုံ၏...
...............................................

ကိုယ်ကကောင်းကင်ဆို..
မင်းကပင်လယ်ရေပြင်လေ မှောင်နေတဲ့အခါ ကြယ်တစ်စင်းကိုခူးဆွတ်ပြီးမင်းဆီကိုခြွေချ
ပေးမယ်.....ကြယ်လေးပင်လယ်ရေပြင်မှာ
တဖျတ်ဖျတ်လဲ့စေ...

တစ်နှစ်ကြာပြီးနောက်...

"Yeolhyunne...Daddy ကိုသွားခေါ်
သွား..ဒီမှာဟင်းကျက်နေပြီ.."

နှစ် နှစ်အရွယ်ကလေးလေးက အခန်းတစ်ခန်း
ထဲသို့တောက်တောက်တောက်တောက်ကဖြင့်
ဝင်သွားကာ...

ခုတင်ပေါ်တွင်အိပ်နေသော လူတစ်ယောက်
ပေါ်သို့တက်ကာ..

"ဒယ်..ဒယ်...ဟင်းကျက်ဖီဒဲ့...ပါး..ကခေါ်
နေဖီ.."

"အင်..အင်း..Hyunne..ရယ်..ငါးမိနစ်ပဲ..
နော်..လာ..တူတူအိပ်မယ်.."

ကျောပေါ်ကလေးကိုပါသူ့ဘေးသို့သိပ်လိုက်
ပြီး ရင်ခွင်ထဲသို့ထည့်ထား၏..

တင်ပါးလေးကိုပုတ်ပေးလိုက်တော့ကလေး
ကငြိမ်သွားလေသည်..

"အော်!!..ဒီိကတော့သွားနှိုးခိုင်းတယ်..သား
ဖတွေကပြန်အိပ်နေကြတယ်..ဒီကလူက
Potato လား..Yah... Park YeolHyun
Park Chanyeol..ထ...ထ.."

ကလေးကိုဖက်အိပ်နေသော လူကြီး၏
ဖင်ကို ဖုန်ုးဖုန်းဆိုပြီးဆော်ပြိုက်တော့
အင်း အဲ့ လုပ်နေ၏..

"အာ...ကိုယ်ပင်ပန်းလို့ပါဆို..."

"နောက်ဆိုရေချိုးပြီးရင်ခုတင်ပေါ်ကိုမလှဲ
လိုက်နဲ့..ဟင်းချက်တဲ့လူကိုနည်းနည်းပါးပါး
ကူညီဖို့လုပ်..သိလား..ထပါဆို...ပြန်အိပ်မနေ
နဲ့!!"

"အင်းပါကွာ...ဒီနေ့ကိုယ့်ကို Jongin Fax ပို့တယ်....သူတို့ကသမီးလေးတစ်ယောက်
မွေးစားလိုက်ပြီတဲ့.."

"Wow...KyungSoo တော့အရမ်းပျော်
နေမှာပဲ.."

"ဒါပေါ့..သူကကလေးရူးရူးနေတာကို....အာ....ဒါနဲ့...ကိုယ်ဒီနေ့စတော်ဘယ်ရီခင်း
အခြေအနေကိုသွားကြည့်သေးတယ်..
အပွင့်တွေပွင့်နေပြီ..."

"JinJa...နောက်နေ့ကျသွားကြည့်မယ်နော်.
မဟုတ်သေးဘူး....
ထမင်းစားပြီး..ထမင်းစားပြီးသွားကြည့်မယ်..
နော်.."

"Ha ha..ချက်ချင်းကြီးလား..?"

ကျတော်ချစ်တဲ့သူက စတော်ဘယ်ရီသီးတွေ
ကိုရူးသွပ်တယ်ဆိုတာလည်းကျတော်မကြာ
သေးခင်ကသိလိုက်ရတယ်..

စတော်ဘယ်ရီဆိုတာနဲ့ မျက်လုံးတွေက
ဘလင်း ဘလင်း...

"အင်းလေ...အခုထပါတော့..Hyunne
ကိုပါနှိုးလိုက်နော်.."

မိသားစုထမင်းဝိုင်းလေးကသာယာလို့နေတယ်
ဖျတ်ဆီးမဲ့သူမရှိ.နှောက်ယှက်မယ့်သူမရှိ.

လွန်ခဲ့တဲ့တစ်နှစ်ကတော့...

"Park chanyeol..Baekhyun အတွက်
မျက်ကြည်လွှာအလှူရှင်ပေါ်လာပြီ.."

"ဘာ...Oh Sehun..ဘယ်သူ..ဘယ်သူလဲ"

"သူ့ရဲ့မှားယွင်းခဲ့တဲ့အမှားတွေကိုချေဖျတ်
ချင်လို့တဲ့.."

"မဟုတ်မှလွဲ...JinSoo..?"

"အင်း.."

"Oh Sehun..ဖြစ်မှမဖြစ်နိုင်တာ..."

"ဖြစ်နိုင်ပါတယ်...Chanyeol..JinSoo
ကအခြေအနေသိပ်မကောင်းတော့ဘူး..
သူမကနှလုံးသွေးကြောအချို့ပျက်စီးနေပြီ..
ုပီးတော့သူမ ကိုယ်တိုင်လိုလိုလားလားဖြစ်စေ
ချင်တဲ့ ဆန္ဒတဲ့..ပြီးတော့."

ကိုယ့်ချစ်ရတဲ့သူမြတ်နိုးတဲ့အရာအတွက်
လိုအပ်တဲ့နေရာမှာဖြည့်စည်းပေးနိုင်တဲ့
အုတ်ချပ်လေးတစ်ပွင့်လေးဖြစ်ရတာ
နည်းလား...တဲ့...JinSoo သူမပြောခဲ့တာ..

YeolJin လေးကိုလည်းခေါ်လာပြီး
Yeolhyun ဟုနာမည်ပြောင်းလဲကာ
ဆက်လက်မွေးစားခဲ့တယ်...Yeolhyun
ဆိုတာ Baekhyun ရဲ့ကိုယ်ပွားပမာ
တူလွန်းလို့ Chanyeol မွေးစားခဲ့တာ..
Baekhyun အမေရိကကိုထွက်သွားတဲ့
အချိန်ကပေါ့...

အမေရိကက ကျေးလက်ဒေသလေးတစ်နေ
ရာမှာစတော်ဘယ်ရီခင်းကြီးလည်းရှိတယ်..
ဘေးတွင်လည်းပင်လယ်ပြာကြီးလည်းရှိတယ်
အာ...နောက်ဆုံး...ညဖက်ရောက်နေတော့ ကောင်းကင်ကြီးမှကြယ်လင်းလင်းတွေကလည်း Twinkle Twinkle...

"မနက်မှကြည့်တော့နော်..စတော်ဘယ်ရီပန်း
တွေကိုတော့..အခုတော့လေညှင်းပဲခံရအောင်
နော်..."

ကလေးလိုချွဲနွဲ့တတ်တဲ့ Baekhyun ဆို
တဲ့ကောင်လေးကိုချော့မော့ပြီးခြံထဲမဆင်း
ဖို့တားထားရလေရဲ့...

"Yeol..လှလိုက်တာ...ပင်လယ်ကြီးသိပ်
လှတာပဲ.."

ဝရံတာပေါ်ကနေ လေပြေတွေကတဖြူးဖြူး
ကောင်းကင်ပေါ်ကိုမော့ကြည့်ကာပင်လယ်ပြင်
ကိုလှတယ်ပြောနေတဲ့ ချစ်ရတဲ့သူရဲ့မျက်ဝန်း
တို့ကတောက်ပနေ၏...

"Baek..ပင်လယ်ကဟိုးမှာလေ..အပေါ်မှာ
မှမဟုတ်ပဲ.."

"Ani..ကောင်းကင်နဲ့ပင်လယ်နဲ့ကတစ်သား
တည်းလေ...သူတို့ကတစ်နေရာမှထိစပ်နေ
တယ်...ငါတို့မမြင်နိုင်တဲ့နေရာမှာပေါ့..
Baek ကတော့ ကောင်းကင်ကြီးကိုပိုချစ်
တယ်...Yeol ကကောင်းကင်လေ.."

"စကားတွေတတ်လိုက်တာ..."

"Yeol ကိုချစ်တဲ့အချစ်တွေက Baekကို
ဒီစကားတွေသင်ပေးတာလေ.."

"ကိုယ့်ရင်ခွင်ထဲလာပါအုံး..."

ဆွယ်တာနီညိုရောင်လေးဝတ်ထားသော
ချစ်ရသူကိုကိုယ်လုံးထဲသို့နစ်ဝင်သွားတဲ့အထိ
ပွေ့ဖက်လိုက်၏..

"ချစ်တယ်သိလား..Yeol.."

သူပြောတယ်..ချစ်တယ်ဆိုတဲ့စကားကိုခဏ
ခဏပဲ...
ဒါပေမယ့် အနောက်မှာ သိလား ဆိုတာလေး
ကအမြဲပါတယ်...သူ့အချစ်တွေကိုသိစေချင်
နေတာအမြဲတမ်း...

"သိတာပေါ့ကွာ..ကိုယ့်မင်းကိုဘယ်လောက်
ချစ်တယ်ဆိုတာရောသိလား.."

"သိဘူး.."

"ဘာ..!"

"စတာကို..ခ်ခ်...စိတ်ကြီးပဲ..!
Baek လေ...JinSoo ကိုလုံးဝမမုန်းခဲ့
ဘူး.."

"ကိုယ်ကတော့အရမ်းမုန်းခဲ့တယ်..Baek ကို
နာကျင်အောင်သူကအမြဲလုပ်တယ်လေ.."

"ဒါပေမယ့်သူက Baek ကိုအလင်းပြန်ပေး
ခဲ့တယ်လေ...ခွင့်လွှတ်ပေးလိုက်ပါနော်.."

Baek ရယ်...မင်းကသိပ်ဖြူစင်ပြီးစိတ်ထား
အရမ်းကောင်းနေတယ်...ကိုယ့်အဲ့တာတွေ
ကြောင့်စိတ်မချတာ...

"ခွင့်လွှတ်ရမှာလား..?"

"အင်းပေါ့...သူလည်းအဲ့တာမှကောင်းကင်
ပေါ်ကနေ Yeol ကိုကြည့်နေရင်းပြုံးနိုင်မှာ.."

"Baek ကွာ...ကိုယ့်ကိုတစ်ခြားသူနဲ့မျှချစ်
နေတာလား.."

"အာ..Baek ကသဘောပြောပြတာပါ..
နော်..စိတ်စိုးနဲ့...ဟီး...မွ.."

ပါးပြင်လေးနွေးထွေးသွား၏...Baekhyun
ရဲနှုတ်ခမ်းနီထွေးထွေးကြောင့်...

ထိုနှုတ်ခမ်းပါးလေးကို မေးကဖြင့်ဆွဲမလိုက်
ကာတစ်ထပ်တည်းကျစေလိုက်၏..

ဒီကောင်လေးပြောတာမှန်ပါတယ်...
ကောင်းကင်ဆိုတဲ့ Park chanyeol နဲ့
ပင်လယ်ဆိုတဲ့ Byun baekhyun တို့က
တစ်သားတည်းလေ...~

................................................

အချစ်ဆိုတာ အမုန်းကစတယ်..
ကိုယ်သေလောက်အောင်မုန်းတဲ့သူတစ်
ယောက်ကိုသေလောက်အောင်ချစ်သွားနိုင်
တယ်...

အခြေအနေတွေ ဘဝတွေမတူညီလည်းတူ
ညီအောင်ညှိ့ယူလို့ရနိုင်တယ်..အချစ်ကြောင့်
လေ...

နာကျင်တယ်..ငိုကြွေးရတယ်...လွမ်းဆွတ်ရတယ်...တမ်းတရတယ်...

သေလောက်အောင်နာကျင်နေပေမယ့်ချစ်ရ
သူရဲ့ရင်ခွင်ထဲရောက်ရင်နာကျင်မှုတွေကယူ
ပစ်သလိုပေါက်ကွယ်သွားလေသည်...

အချစ်မူဝါဒက တကယ်တော့ဦးတည်ရာ
မရှိပါဘူး..တားမြစ်ချက်လည်းမရှိဘူး.
ဒါပေမယ့် အချစ်စစ်သာဆိုရင်တော့ မြတ်နိုးရသူရဲ့ ရင်ခွင်တွင်သာပျော်မွေ့သွား တတ်တယ်...

ဝေးကွာနေရင်တောင် အနားကိုရောက်အောင်
ပြန်လာနိုင်တယ်...စွမ်းအားကြီးတဲ့အချစ်
ကြောင့်...

အခက်ခဲတွေကိုကျော်လွှားနိုင်တယ်...
စိတ်အားထက်သန်တဲ့ ချစ်သူနှစ်ယောက်ရဲ့
အချစ်ကြောင့်...

တကယ်တော့အချစ်ဆိုတာ မမြင်ရတဲ့
စွမ်းအားမြင့်တဲ့စိတ်စွမ်းအားတစ်ခုသာ...

Love Policy.....

__________The EnD___________

အာရီဂူး...ပြီးသွားပါပြီရှင်...
Love Policy ကဒုတိယမြောက် Completed fic ဖြစ်သွားပါပြီ...
ပျော်လိုက်တာ...ဒီအပိုင်းရေးဖို့သုံးရက်
လောက်အချိန်ယူရတယ်..
အပေါ်နားကအပိုင်းတွေဆို ညဖက်ရေးတာ
ရေးရင်းသီချင်းနားထောင်တယ်..
Park byulri တို့များ မျက်ရည်က Drama လိုအပိုင်းပိုင်းနဲ့ကျတယ်..
သူများတော့မသိဘူး...ကွကိုယ်ရေးကွကိုယ်
ငိုတာ..😢😂

နောက်တစ်ပိုင်း Conclusion လေးထည့်
ရေးပြီး Readers nim တို့ကိုကျေးဇူး
တင်လွှာရေးပါ့မယ်..^^..

ဒါက Final ဆိုတော့ ကျမကို F.b လေးတွေ
တော့ပေးသွားကျပါ...
ပြီးဆုံးသွားပြီမလား...အလွမ်းပြေ Fb လေး
တွေပေါ့နော့..ပေးမယ်မလား..ပေးပါနော်..
နော်...မျှော်လင့်နေမယ်...😚😚

ဒါနဲ့..Wall ထဲမှာ
Hide-And-Seek ဆိုတဲ့ Fic အသစ်
တစ်ပုဒ်ထပ်တင်ထားပါတယ်..
ဝင်ဖတ်ပေးကြပါအုံးနော်..😄

Ost winner (Taehyun) I'm Young
YeolliesSakura 🌸
10 Oct

Don't forget Love Policy😊😊

Continue Reading

You'll Also Like

449K 30.3K 72
Boku No Hero Academia Viendo el Futuro: Los estudiantes de la U.A estaban a punto de tener una clase, como todos los dรญas, pero fueron citados no sol...
489K 50.1K 125
La verdad esta idea es pervertida al comienzo, pero si le ves mรกs a fondo en vastante tierno mรกs que perverso. nop, no hay Lemon, ecchi obviamente, p...
60.9K 5.2K 18
"No, claro que no, es obvio que no me gusta Bradley, el es mi enemigo y... Maldito idiota, sal de mi mente, haces que mi corazรณn se acelere." Max es...
722K 106K 99
Toda su vida fue visto de menos y tratado mal por las personas que decรญan ser su familia, estaba cansado de que todas las noches llorara por aunque s...