ချစ်တယ် Hyung ရယ်

By jargiido_1215

74.4K 5.9K 126

Dika yaoi fic လေးပါ အများကြီးကြိုးစားထားပါတယ် အားပေးပါအုံးနော် Jargii do More

Intro
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-14
Ep-15
Ep-16
Ep-17

Ep-13

3.5K 326 3
By jargiido_1215

အသစ်စက်စက် ကားသစ်ကြီးကို ပွတ်သပ်ကြည့်ရင်းမှ ကျေနပ်သလို ကျွန်တော်ပြုံးမိရသည်။ဒါ ပထမဦးဆုံး မိဘပိုက်ဆံမပါဘဲ ကျွန်တော့်လုပ်အားခဖြင့် ဝယ်ထားသော ကျွန်တော့်ကိုယ်ပိုင်ပစ္စည်းမို့ ကျေနပ်ခြင်းတွေကရင်ထဲအပြည့်။ဒီကားဝယ်ရခြင်းအကြောင်းအရင်းကလဲ သက်သက်ရှိနေသေးသည်။Hyung ကိုအလုပ်သွားအလုပ်ပြန် အကြိုအပို့လုပ်ချင်သည့်စိတ်ကြောင့် မဟုတ်လား။Hyung သွားလိုရာကို လိုက်ပို့ပေးမည်။Hyung နဲ့အတူတူ လျှောက်လည်မည်။ခရီးတွေထွက်မည်။တစ်ဖက်သက်စိတ်ကူးတွေဖြင့်သာ ဝယ်ချလာပေမယ့် ကျွန်တော့်ကားပေါ် Hyung လိုက်စီးမည် မစီးဘူးကတော့ သေချာပေါက်ပြောမရ။ခေါင်းမာလွန်းသော Hyung ကို အာပေါက်အောင် အသနားခံမှသာ တစ်ခါတလေလောက် စီးချင်စီးလိမ့်မည်။မသေချာပေမယ့် ကျွန်တော့်ကတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့ပျော်ရွှင်နေမိသည်လေ။

Hyung နဲ့ချိန်းထားချိန် နီးနေပြီမို့ ကားပေါ်အသာတက်ကာ မောင်းထွက်လာခဲ့ရသည်။ဒီနေ့အလုပ်ပိတ်ရက်။ကျွန်တော့်အတွက်တော့ D-day။တရားဝင် Hyung နှင့် date လုပ်ရမည့်ရက်မဟုတ်လား။လက်ဆောင်ရထားသည့် ရုပ်ရှင်လက်မှတ်ကောင်းမှုဖြင့် Hyung နှင့်အတူ ရုပ်ရှင်ကြည့်ခွင့်ရတော့မည်။ရုပ်ရှင်ပြီးလျှင် Hyung ကို ညစာလိုက်ကျွေးမည်။ပြီးလျှင် Hyung ကို coffee ပြန်တိုက်ခိုင်းမည်။ပြီးလျှင် အိမ်ပြန်ပို့ပေးမည်။စသည်ဖြင့် ကျွန်တော့်ခေါင်းထဲ ဒီနေ့တစ်နေ့အတွက် schedule တွေကအပြည့်။ကျွန်တော့်ရင်ထဲ ရင်ခုန်မှုတွေကအပြည့်။

Hyung တို့အိမ်ရှေ့ရောက်သည်နှင့် ကားရပ်ပြီး Hyung ထံ message ပို့လိုက်သည်။Hyung ထွက်လာမည်ကိုစောင့်ရင်း ကားပေါ်ရှိမှန်ကိုဆွဲချကာ ဆံပင်တို့ကို သေသပ်နေအောင်ပြင်လိုက်ရသေးသည်။ကိုယ့်မျက်နှာကိုယ် စိတ်တိုင်းကျမှ အသင့်အနေအထားဖြင့် Hyung ကိုစောင့်နေမိရသည်။ကျွန်တော့်ကို ကျွန်တော်လဲ ရယ်မိရသည်လေ။ချစ်သူနှင့်တွေ့ဖို့ပြင်ဆင်နေသည့် ကောင်လေးတစ်ဦးပုံစံဖြစ်နေသည်မဟုတ်လား။ကျွန်တော့်စောင့်နေသည်ကတော့ ကောင်မလေးမဟုတ်သလို ကျွန်တော်ချစ်သူလဲမဟုတ်သေးပါ။ကျွန်တော် ကြိုးစားနေဆဲ ကြိုးစားနေမြဲ ကျွန်တော့်အချစ်ကိုမသိချင်ယောင်ဆောင်နေသော ကျွန်တော့် Hyung ပဲမဟုတ်လား။ကျွန်တော်သိပ်မစောင့်လိုက်ရ။အချိန်တိကျသော Hyung ထွက်လာသည်ကိုတွေ့တော့ ကျွန်တော်လဲ ကားပေါ်မှဆင်းကာ Hyung ကို ထွက်ကြိုလိုက်သည်။

ကျွန်တော့်ကိုတွေ့တော့ Hyung က အံ့သြသလို မျက်ဝန်းလေးတွေဝိုင်းသွားလေရဲ့။ဒီတော့မှ ကျွန်တော်လဲ သတိထားမိရတော့သည်။ကျွန်တော်တို့နှစ်ယောက်တိုက်ဝတ်လျှင်တောင် တူချင်မှတူမည်။ဒီနေ့ကျွန်တော်ဝတ်လာသည်က ရှပ်အကျီ င်္အကွက် အဝါနှင့်အနက်စပ်ထားသော အရောင်နှင့် ဂျင်းဘောင်းဘီ အနက်ရောင်အကျပ်ဝတ်ထားလေရာ Hyung ကလဲ ကျွန်တော့်လိုပဲ ဂျင်းဘောင်းဘီအနက်အကျပ်ဝတ်ထားကာ ရှပ်အကျီ င်္အကွက်အပြာမီးခိုးရောင်ဖျော့လေးနှင့် ကျွန်တော့်တို့နှစ်ယောက်အကျီ င်္တွေက အရောင်မှလွဲပြီး design တူ ပုံစံတူ couple တွေအလား။Hyung က စပို့ရှပ်အဖြူစွတ်စွတ်ကို အောက်ခံဝတ်ထားသည်သာ ကွာခြားလေရဲ့။ကျွန်တော်ကျေနပ်မိသလို ပြုံးနေမိတော့ Hyung ကလဲလိုက်ပြုံးပါသည်။ခနပါ။ပြီးလျှင် ဘာမှမဖြစ်သလို အနေတည်သွားသော Hyung ပင်မဟုတ်လား။

"ဘယ်က ကားကြီးယူလာတာလဲ မင်း ကားရောမောင်းတတ်လို့လား "

မယုံသလိုမေးသည့် Hyung ကြောင့် ဂုဏ်ယူစွာဖြင့်ကြွားမည့်ကျွန်တော် ကသိကအောင့်ဖြစ်သွားရလေရဲ့။တစ်ခါတလေ Hyung က ရုပ်တည်ကြီးဖြင့်လဲ တစ်ဖက်သားကို အောင့်သက်သက်ဖြစ်အောင်လုပ်နိုင်လေရဲ့။တစ်ခါတလေကျတော့ ဆွဲဖျစ်ချင်လှအောင် ချစ်စရာကောင်းလွန်းလှသည်လေ။ကျွန်တော်ကတော့ ဘယ်လိုနေနေ ချစ်နေပြီးသားမို့ Hyung ဘာပဲပြောပါစေ ပြောမနာဆိုမနာ ဆိုသူမျိုးပင်။

"ကျွန်တော့်ကားပါဗျ ကျွန်တော် ဈေးကြီးပေးပြီးဝယ်ထားတာ Hyung ကို တင်ပြီးမောင်းချင်လို့ တက် "

"ဟုတ်လို့လား ငါ သူများမောင်းတာ မစီးရဲဘူးနော် စိတ်ချရပါ့မလား ကြောက်တယ် ဟေ့ Kim Jongin ကြောက်တယ်ဆို "

အော်ဟစ်ပြောနေသည့် Hyung စကားတွေကိုလစ်လျူရှုပြီး ကားရှေ့ခန်းတံခါးကိုဆွဲဖွင့်ကာ Hyung ကိုအတင်းတွန်းတင်ရင်းမှ ခါးပတ်ပါတစ်ခါထဲပတ်ပေးလိုက်သည်။ကျွန်တော့်ကို အလိုမကျသလို မျက်မှောင်ကျုံ့ကာကြည့်နေသည့် မျက်ဝန်းတွေကိုလဲ ရှောင်လွှဲထားလိုက်သည်။တစ်ခါတလေ အကြမ်းပတမ်းလေးလုပ်ပေးမှ Hyung နှင့်တော်ကာကျသည်။ကျွန်တော် ဇွတ်တရွတ်လုပ်လျှင်တော့ Hyung က ငြိမ်သက်စွာဖြင့် နာခံပါသည်။အဲ့လိုအချိန်မျိုးဆို ကျွန်တော်နှစ်ဆတိုးပြီး ပိုပိုချစ်ရသည်လေ။Hyung ကို တင်ပြီးသည်နှင့် ကားမောင်းသူနေရာဝင်ထိုင်ကာ ကားကိုမောင်းထွက်တော့ Hyung က အထူးအဆန်းဖြင့် ကျွန်တော့်ကိုကြည့်နေပါသည်။လက်ကတော့ ကားအမိုးရှိလက်ကိုင်ကို အားကိုးတကြီးဆုပ်ကိုင်ထားတော့ ကျွန်တော့်မှာ ရယ်ရအခက် စိတ်ဆိုးရအခက်ဆိုသလိုမျိုး။

"Hyung ရာ ကျွန်တော် အထက်တန်းပြီးကထဲက လိုင်စင်အောင်ထားတာပါဗျာ ကားမရှိလို့သာ မမောင်းတာ အိမ်မှာဆို တစ်ခါတလေ အဖေ့ကိုမောင်းပို့ရတာမျိုးတွေရှိပါတယ် ကျွန်တော် ကားမောင်းသက်တမ်းဝါရင့်ပါပြီဗျာ စိတ်ချလက်ချစီး ဘာမှမဖြစ်စေရဘူး တာဝတ်ယူတယ် ဟုတ်ပြီလား "

"တာဝန်ယူတာနောက်မှ ဖြစ်လာတာကအရင် "

ဒီလောက်ယုံကြည်အောင် အာပေါက်ခံပြီးပြောတာတောင် သိပ်ကျေနပ်ပုံမရသော Hyung ကို ကျွန်တော် လက်မြှောက်အရှုံးပေးထားလိုက်ရသည်။ကျွန်တော့အပြောကြောင့် လက်ကိုင်ကိုမကိုင်တော့ပေမယ့် ခါးပတ်ကိုတော့ လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားတော့ ကျွန်တော်လဲ သဘောကျစွာရယ်မိရသည်။သူတစ်ပါးကို အယုံမလွယ်သည်မှာ ကောင်းသောကိစ္စပေမယ့် လွန်ကဲတာမျိုးတော့မဖြစ်သင့်ဘူးမဟုတ်လား။Hyung ကတော့ ပြောမရသောသူမို့ ကျွန်တော်လဲဖြည်းဖြည်းသာ မောင်းလာလိုက်ရသည်။တော်သေးတာပေါ့။စောစောထွက်လာမိလို့။နောက်ကျမှဆို ရုပ်ရှင်အချိန်တောင်မှီမည်မထင်။

ရုပ်ရှင်ရုံရောက်သည်နှင့် မဝယ်မဖြစ် ကိုလာနှင့် ပေါက်ပေါက်ဆိုင်ကိုတန်းသွားရသည်။ကျွန်တော့ ရုပ်ရှင်ကြည့်လျှင်ပေါက်ပေါက်စားရသည်ကို သဘောကျပေမယ့် ကျွန်တော့်ရဲ့ချစ်လှစွာသော Hyung က nacho ကိုမှ နှစ်သက်သည်မို့ Hyung အကြိုက် nacho ကိုဝယ်တော့ Hyung က အံ့သြသလိုကြည့်နေလေရဲ့။Hyung ရဲ့အကြည့်တွေထဲ ကျေနပ်မှုတစ်စွန်းတစ တွေ့ရတော့ ရင်ထဲ ပျော်ရွှင်မှုက ဝင်ရောက်လာရသည်။ကျွန်တော် အတွက် အမှတ်ကောင်းရလိုက်သည်ပေါ့နော်။မုန့်တွေတပွေ့တပိုက်ဖြင့် ရုပ်ရှင်ရုံထဲ နှစ်ယောက်သားဝင်လာကာ နေရာတွင် ဝင်ထိုင်ပြီးသည်နှင့် ရုပ်ရှင်စပြလေပြီ။

ရုပ်ရှင်က အက်ရှင်နှင့်အချစ်ရောထွေးထားသောဇာတ်လမ်းမျိုး။စိတ်ဝင်စားစရာကောင်းသည်မို့ တရုံလုံးငြိမ်လျက်အားပေးနေကြလေရဲ့။ကျွန်တော့်ရဲ့Hyung ကတော့ သူသိပ်ကြိုက်ပါတယ်ဆိုတဲ့ nacho တောင်မစားနိုင်။ဇာတ်လမ်းထဲမျောနေလေရဲ့။ကျွန်တော်ကသာ အနီးကပ်ရှိနေသော Hyung ကိုခိုးကြည့်ပြီး ရင်ခုန်ရတာအမော။တစ်ချက်တစ်ချက်ရသည့် Hyung ကိုယ်ပေါ်ကရေမွေးနံ့လေးကလဲ ကျွန်တော့်ကိုစိတ်လှုပ်ရှားစေလေရဲ့။ရွှန်းလဲ့ကာဝိုင်းစက်နေသည့် Hyung မျက်ဝန်းလေးတွေကလဲ ပိတ်ကားအရောင်ကြောင့်တောက်ပနေတော့ ကျွန်တော့်ရင်ထဲ ဘုရားပွဲလှည့်နေသလိုပင်။

စိတ်ထိန်း Kim Jongin
စိတ်ထိန်း ရုပ်ရှင်ရုံထဲမှာနော်။

ကျွန်တော့်ကိုကျွန်တော် ထိန်းချုပ်နေရသည့်အဖြစ်။Hyung ပုံစံကအသဲယားစရာဖြင့် ထွေးပွေ့ချင်စရာကောင်းသည်မဟုတ်လား။ရုပ်ရှင်ဘက်စိတ်ရောက်နေရင်းမှ အကြည့်ကလဲမလွှဲဘဲ nacho ဆီလက်လှမ်းနေတော့ ကျွန်တော်လဲ nacho တစ်ခုကိုယူကာ Hyung ပါးစပ်ထဲခွံ့မိတော့ မျက်ဝန်းလေးတွေက ကျွန်တော့်ဆီလွှင့်လာလေရဲ့။ကျွန်တော်လဲ ခပ်တည်တည်ဖြင့် ရုပ်ရှင်ဘက်အကြည့်ပို့နေမိကာ Hyung မျက်ဝန်းတွေကိုရှောင်လွှဲနေမိသည်။စိတ်ဆိုးချင်လဲဆိုးလေ ရုပ်ရှင်ရုံထဲ ဘာပြောနိုင်မှာတဲ့တုန်း။ရယ်လဲရယ်ချင်မိရသည်။မသိမသာ Hyung ဆီပြန်ကြည့်မိတော့ Hyung က ဇာတ်ကားကိုပြန်ကြည့်နေပေမယ့် စိတ်ဝင်စားဟန်မတူ။Hyung ပါးလေးတွေရဲနေသယောင်။ကျွန်တော် ခွံ့ကျွေးမိလို့ပဲရှက်နေတာလားတွေးမိပြီး ရင်ထဲကျေနပ်မှုတို့ကအပြည့်။ဒီနေ့ကိုအခွင့်ကောင်းယူပြီး Hyung စိတ်ယိုင်လာအောင်လုပ်ရမည်အတွေးဖြင့် သဘောကျနေမိရသည်။နှစ်ယောက်သားအတွေးကိုယ်စီဖြင့်ရှိနေတုန်း ရုပ်ရှင်မှ love scene ပြလေရဲ့။အက်ရှင်ကားတို့ထုံးစံအတိုင်း ခပ်ကဲကဲ kiss scene တို့က screen ပေါ်ပြလာတော့ ကျွန်တော် ခေါင်းတွေထူပူသည်အထိ ရင်ခုန်သွားရသည်။ဘေးနားရှိ Hyung ကိုတောင်ရဲရဲဝံ့ဝံ့မကြည့်ရဲ။ကျွန်တော့်အထင် Hyung လဲကျွန်တော့်ကိုကြည့်ရဲမည်မထင်။ခံစားချက်တွေက ထပ်တူကျနေသည်မဟုတ်လား။အတွေးထဲရောက်လာမိသည်က ကျွန်တော်နမ်းရှိုက်ဖူးသည့် နှုတ်ခမ်းရဲရဲလေးကိုသာပင်။စတော်ဘယ်ရီသီးလေို ချိုမြသည့် Hyung နှုတ်ခမ်းကို ကျွန်တော်စားသုံးဖူးသည်လေ။ရင်ထဲ လှုပ်ရှားမှုနှင့်အတူ Hyung ကိုကြည့်မိတော့ Hyung မျက်ဝန်းတွေအောက်ငုံ့ထားလေရဲ့။ခုနက ရဲနေခဲ့သော ပါးပြင်က ပို၍နီရဲနေသလိုပင်။စိုစွတ်နေသော နှုတ်ခမ်းတို့ဆီအကြည့်ရောက်မိတော့ ရင်တွေပေါက်ကွဲမတတ်ခုန်လာ၍ အကြည့်တို့ကိုလွှဲမိရသည်။ကြာကြာကြည့်မိလျှင် ဘာလုပ်မိမလဲ မသိ။ဝင်လာသော စိတ်ရိုင်းတို့ကို အသာချိုးနှိမ်ရင်းမှ သက်ပြင်းတို့ကိုချမိရသည်။လုပ်ခဲ့မိသော အမှားပုံစံမျိုး ကျွန်တော်ထပ်ပြီးမကျူးလွန်ချင်ပါ။Hyung ကျွန်တော့်ကိုထပ်ပြီးအထင်လွဲသွားမှာကိုလဲ မခံချင်တော့ပါ။ကျွန်တော် ဖြူစင်သည့်အချစ်တွေဖြင့်သာ Hyung ကိုချစ်ကြောင်းပြချင်သည်မဟုတ်လား။ကျွန်တော်တန်ဖိုးထားရမည့်သူမဟုတ်လား။စိတ်တွေတည်ငြိမ်လာတော့ ပိတ်ကားဆီသို့သာ အကြည့်ပို့ရင်း ရုပ်ရှင်ထဲပဲစိတ်ထည့်ထားမိရသည်။ပျော်ရွှင်သည့်အချိန်လေးတွေကို အဆုံးရှုံးမခံနိုင်ပါ။တန်ဖိုးရှိလွန်းသည်လေ။

ရုပ်ရှင်ပြီးသွား၍ အပြင်ထွက်လာကြသည့်တလျှောက် Hyung ကငြိမ်ချက်သားကောင်းနေလေရဲ့။ရှက်နေသည့်စိတ်တွေပဲမကုန်သေးဘူးထင်ပါရဲ့တွေးပြီး ကျွန်တော်ကပင်စ၍ ပေါ့ပေါပါးပါးစကားပြောမိရသည်။

"ဗိုက်ဆာတယ် Hyung ရယ် ကျွန်တော်ညစာဝယ်ကျွေးမယ် နံရိုးကင်သွားစားကြမယ်နော် ဒီနားကဆိုင်တစ်ဆိုင် စားကောင်းတယ် ကျွန်တော်စားဖူးတယ် သွားစားကြမယ်နော် "

ကလေးတစ်ဦးလိုကျွန်တော် ပူဆာမိတော့ Hyung က ထင်မထားမိစွာပင် လိုက်လျောပါသည်။ထို့နေ့က Hyung နဲ့အတူ ညစာကို အတူတူ စားဖြစ်ကြကာ Hyung ကိုအိမ်ပြန်လိုက်ပို့ရင်း Hyung ဖျော်တိုက်သည့် coffee တစ်ခွက်ကိုပါ သောက်ခဲ့ရသည်။Hyung နဲ့လဲစကားတွေတော်တော်များများပြောဖြစ်ခဲ့ရသည်။တစ်ခါတလေ အလိုမကျသည့်အခါ စိတ်တိုသလိုအော်တတ်သည်ကလွဲ၍ ကျွန်တော့်ကို နားလည်လာခဲ့ပြီဟု ခံစားနေမိရသည်။ကျွန်တော် ကံကောင်းလာပြီပေါ့နော် Hyung ။

☆☆☆☆☆☆☆☆☆☆☆☆☆☆

" ဟေ့ Kim Jongin "

စာရွက်စာတမ်းတွေ တပွေ့တပိုက်ဖြင့် အစည်းအဝေးခန်းမှပြန်လာသည့်ကျွန်တော့်ကို လှမ်းခေါ်သည့်အသံကြောင့် လှည့်ကြည့်မိတော့ အထက်တန်းကျောင်းတုန်းကသူငယ်ချင်းမလေး Rose ကိုတွေ့လိုက်လေသည်။

"ဟာ Rose နင်ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ ဒီမှာလုပ်နေတာလား "

ထင်မထားမိသည်မို့ ဝမ်းသာစွာဖြင့် Rose လက်တွေကိုဆွဲယူဆုပ်ကိုင်တော့ Rose ကလဲ ပြန်ပြီးဆုပ်ထားလေရဲ့။သူမ ကြည့်ရတာလဲ အတော်ဝမ်းသာနေသည့်ပုံပင်။သူမလည်ပင်းတွင်ဆွဲထားသည့် ဝန်ထမ်းကဒ်ကြောင့် အလုပ်တစ်ခုထဲဆိုသော အသိဖြင့် ပို၍ပျော်မိရသည်။ကွဲသွားသည်မှာကြာနေပြီမဟုတ်လား။အထက်တန်းတုန်းကတော့ အတော်ကို ခင်ခဲ့မိကြသည်လေ။

"အင်း ငါက ခုနောက်ဆုံးခေါ်တဲ့အသုတ်မှာပါတာ နင်ဒီမှာရှိနေတာ ငါသိတယ် ဟိုတစ်ခါ သူငယ်ချင်းတွေ စုံတုန်းက နင့်အကြောင်းပြောကြသေးတယ် နင်က ငါ့ senior ပေါ့ဟယ် Senior ကြီး Junior ကိုစောင့်ရှောက်ပါအုံးနော်"

အရင်လိုပဲ အမြဲနောက်တတ်သည့် Rose အပြောကြောင့် ကျွန်တော် အားရပါးရရယ်မိရသည်။သူငယ်ချင်းကိုတွေ့ရတော့လဲပျော်သည်ကတစ်ဖက်။ပြောစရာ စကားတွေကလဲ မပြတ်။ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်းမှ ပြန်၍ပင် ငယ်သွားရသလိုပင်။

"တစ်နေ့တော့တွေ့ရအောင်ဟယ် ငါ သူငယ်ချင်းတွေကိုချိန်းလိုက်မယ် နင် ကျောင်းပြီးကထဲက အဆက်အသွယ်ပြတ်သွားတဲ့သူတွေရှိတယ်မဟုတ်လား ပြန်တွေ့ရင် ဝမ်းသာကြမှာဟ တွေ့ကြရအောင်နော် "

Rose အပြောကိုခေါင်းညိတ်၍ အဖြေပေးမိရသည်။အပေါင်းအသင်းခင်မင်သူ ကျွန်တော့်အတွက် ငယ်သူငယ်ချင်းတွေနှင့်တွေ့ဖို့အရေးတွေးပြီးပျော်နေရသည့်အဖြစ်။ကျောင်းတုန်းက အဖြစ်အပျက်တွေတွေးမိပြီး ရယ်မိ၍ အရူးတစ်ယောက်လို လုပ်ဖော်ကိုင်ဖက်တွေ အကြည့်ခံကိုပါ ခံနေရသည်။ကျွန်တော့်ပုံစံက အူမြူးနေ၍ထင်ပါရဲ့။Hyung ကတောင် သတိထားမိပြီး စူးစမ်းနေလေရဲ့။

ထိုနောက်ပိုင်း Rose နဲ့ခနခန တွေ့ဖြစ်ကြသည်။ကုမ္ပဏီတစ်ခုထဲမို့ ထမင်းစားချိန်ရောက်တော့ Rose ကအတူတူစားမည်ဆို၍ Hyung ကိုခွင့်တောင်းပြီး သွားစားဖြစ်ခဲ့သည်။နှစ်ယောက်သားတွေ့သည်နှင့် ပြောစရာစကားက မကုန်။ပွင့်လင်းသည့် Rose က အရင်အတိုင်းပင်။ရယ်စရာရှိလဲ ပွင့်ပွင့်လင်းလင်းရယ်တတ်သည်။ကျွန်တော့်ကိုလဲ ရိုက်လိုက်ပုတ်လိုက်ဖြင့် စတတ်သေးသည်။ကျွန်တော်ကတော့ ကျောင်းတုန်းကထဲက သူမအကျင့်တွေသိနေသည်မို့ မည်သို့မျှ မခံစားရ။Rose ကလဲ အဖြူရောင်သူငယ်ချင်းဖြင့်သာ ကျွန်တော့်ကို ခင်ရှာပါသည်။

"နင် ချစ်သူမရသေးဘူးလား ကျောင်းတုန်းက နင်က အရမ်းရေပန်းစားခဲ့တာလေ ခုတော့ ဘာလဲ လူပျိုကြီးလား "

ထမင်းစားနေရင်းမှ Rose မေးတော့ ကျွန်တော် Hyung ထိုင်နေသည့်နေရာကို အကြည့်ရောက်မိရသည်။Hyung ကတော့ Baekhyun တို့ Chanyeol Hyung တို့နှင့်အတူ ထမင်းစားနေသည်မို ကျွန်တော့်ကိုမကြည့်။ချစ်သူဆိုသည့်စကားကိုကြားလျှင် Hyung ကိုလက်ဆွဲကာ ဒါငါ့ချစ်သူဟု ပြောချင်စိတ်တွေက ရင်ထဲအပြည့်။Rose အမေးကို ရယ်လျက်သာ တုန့်ပြန်မိရသည်။

"Rose နင်ရော တစ်ယောက်ထဲပဲလား "

ကျွန်တော့်အမေးကြောင့် Rose ကလှပစွာပြုံးနေပါသည်။

"ငါက ယူတော့မှာ လိုတော့လိုသေးတယ် သုံးလလောက်ပေါ့ နင့်ကိုဖိတ်လိုက်မယ်သိလား"

"မဖိတ်ရင်သာ စိတ်ဆိုးမှာ ဘယ်သူနဲ့တုန်း "

ကျွန်တော်မေးတော့ Rose က ပြုံးလျက်မှ ဖုန်းကိုဖွင့်ပြကာ ဓာတ်ပုံတစ်ချို့ကိုပြနေလေရဲ့။သူမနဲ့သူမချစ်သူတို့ရိုက်ထားသည့်ပုံလေးတွေကိုပြလေရာ လိုက်ဖက်ညီသည်ဟု ကျွန်တော်မှတ်ချက်ပေးမိသည်။

"ငါတို့က နှစ်ဦးသဘောတူပဲလက်ထပ်မှာ သူက အရင်တုန်းက အရမ်းဆိုးခဲ့တယ် အခုတော့လိမ္မာနေပါပြီ ဒါပေမယ့် ငါ့မိဘတွေက သဘောမတူဘူးလေ ငါကလဲချစ်တော့ မခွဲနိုင်ဘူး နှစ်ယောက်သားကြိုးစားပြီး ဘဝကိုထူထောင်ဖို့ဆုံးဖြတ်ထားတယ် "

သူဌေးသမီးတစ်ဦးဖြစ်သော Rose ထံမှ ထိုစကားတွေကြားတော့ အံ့သြရင်းမှ ချီးကျူးမိရသည်။အချစ်က အရာရာကို ပြောင်းလဲစေသည်လား။ကံကောင်းပါစေဟုပဲ ကျွန်တော် ဆုတောင်းပေးမိပါသည်။ကျွန်တော်သာဆိုလဲီလိုပဲဆုံးဖြတ်မိသည်ထင်ပါရဲ့။ချစ်သူနဲ့ဆို ဘယ်လောက်ပဲကြမ်းတမ်းပါစေ သူ့လက်ကိုဖမ်းဆုပ်ပြီး လျှောက်လှမ်းနိုင်သည်မဟုတ်လား။ထိုအခွင့်အရေးမျိုး ရစေချင်မိသည် Hyung ရယ်။

ကျွန်တော့် Hyung ကတော့ ထူးခြားမလာသည့်ဆက်ဆံရေးတွေဖြင့် ကျွန်တော့်အချစ်ကို နားလည်မပေးသေး၍ ကျွန်တော်ပို၍ ပင်ပန်းမိရသည်။ဘာရယ်မှန်းမသိ။ခုတလော Hyung ကျွန်တော့်ကို ရှောင်နေသလိုပင်။အရင်လို ထမင်းလဲအတူ မစားဖြစ်။ညနေပြန်တော့လဲ Hyung က သူ့ကားနှင့်သူမို့ ကျွန်တော့်ကားကိုမစီး။တစ်ခါတလေ Rose ကောင်းမှုနဲ့ သူမကို လိုက်ပို့ရတာတွေ ရှိလျှင် Hyung နဲ့ပိုလို့ပင်မတွေ့ရ။coffee ဆိုင်လဲ မရာက်ဖြစ်သည်မို့ Hyung နဲ့အေးဆေးတွေ့နိုင်မည့်အခွင့်အရေးတွေလျော့ပါးနေလေရဲ့။

တစ်ရက်တော့ Baekhyun Hyung တို့က ကျွန်တော့်ကိုဆိုင်စောင့်ပေးဖို့ အကူအညီတောင်းလာသည်။အရင်ကလဲ ကူညီပေးနေကြပေမယ့် ဒီတစ်ခါ ကျွန်တော်ငြင်းမိရသည်။ကျွန်တော့်အထက်တန်းသူငယ်ချင်းဟောင်းတွေနဲ့ တွေ့ရမည့်နေ့နှင့် တိုက်ဆိုင်နေ၍ ကျွန်တော် အချိန်မပေးနိုင်ဘဲ ငြင်းမိခဲ့ရသည်။Hyung နဲ့နှစ်ယောက်ထဲ တွေ့ရမည့်အရေး ပေမယ့် တစ်ခါသာဆုံတွေ့ရမည့် သူငယ်ချင်းတွေကို ကျွန်တော်ဦးစားပေးမိရသည်လေ။သူငယ်ချင်းတွေ တွေ့ဆုံပွဲရှိလို့ပါဟု ဖြေရှင်းချက်ပေးမိတော့ Baekhyun Hyung တို့ အသာတကြည်ဘဲ လက်ခံပေမယ့် ဘာရယ်မှန်းမသိ။သူတို့နှစ်ယောက်မျက်နှာတွေ သိပ်မကြည်သလိုပင်။ခုတလော Hyung နဲ့သာမက သူတို့နှစ်ယောက်နဲ့ပါ မတွေ့ဖြစ် စကားမပြောဖြစ်သည်မှာ ကြားပြီဆိုတော့ အနည်းငယ် စိမ်းသက်နေသလိုပင်။စိတ်ထဲ ထင်မိတာပဲဖြစ်မှာပါလေ တွေးပြီး တွေ့ဆုံပွဲကိုစိတ်ထည့်မိသည်။ထိုနေ့က ပျော်ပျော်ရွှင်ရွှင်ပဲ ကျွန်တော့်ငယ်သူငယ်ချင်းတွေနှင့် တွေ့ဆုံခဲ့ရသည်။စကားတွေလဲအများကြီးပြောကာ ရယ်လိုက်မောလိုက် သောက်လိုက်စားလိုက်ဖြင့် သီချင်းတွေလဲဆိုကြသည်။ပြန်မရတော့တဲ့ ငယ်ဘဝလွတ်လပ်မှုတွေကို တမ်းတရင်း အပျော်ကြီးပျော်ခဲ့ကြသည်လေ။

☆☆☆☆☆☆☆☆☆☆☆☆☆☆☆

" တစ်ယောက်ထဲလား Baekhyun Hyung "

coffee ဆိုင်ထဲဝင်မိသည်နှင့် တွေ့နေကြမျက်နှာကို မတွေ့ရလျှင် ရင်ထဲတစ်ခုခုလိုအပ်နေသလိုပင်။အရင်က ရုံးပိတ်ရက်ဆို coffee ဆိုင်တွင် တစ်နေကုန်ထိုင်နေတတ်သည့် Hyung ကို ဒီနေ့တော့မတွေ့ရ။Chanyeol Hyung လဲမတွေ့ရသည်မို့ ကျွန်တော်မေးမိတော့ Chanyeol ကတော့ ခရီးထွက်သွားတယ် KyungSoo ကတော့ အိမ်မှာပဲနေခဲ့တယ်ဟု Baekhyun Hyung ပြန်ဖြေသံကြောင့် အနည်းငယ်ထူးဆန်းသွားမိသလိုပင်။Chanyeol မရှိလျှင် KyungSoo Hyungက ဒီဆိုင်မှာ Baekhyun ကိုအမြဲကူနေကြမဟုတ်လား။လူမရှိဘူးဆိုတာသိလျက်နဲ့ ဘာလို့ဆိုင်ကိုမလာတာပါလိမ့်တွေးမိပြီး Baekhyun ကိုမေးမိရသည်။

"KyungSoo Hyung ဘာလို့မလာတာလဲ ဘာကိစ္စရှိနေလို့လဲ Hyung ဟင် "

ကျွန်တော့်အမေးကြောင့် Baekhyun Hyung ကကျွန်တော့်ကို နားလည်ရခက်သောအကြည့်တွေဖြင့်ကြည့်လာလေရဲ့။Baekhyun Hyung အကြည့်တွေထဲ ထူးဆန်းမှုကိုခံစားရတော့ ကျွန်တော် အံ့အားသင့်မိရသည်။ဘာကြောင့်လဲ စဉ်းစားမရအောင်ပင်။

"ဘာတွေဖြစ်နေလို့လဲ Hyung ကျွန်တော့်ကိုပြောပါ KyungSoo Hyung ကိစ္စတစ်ခုခုများရှိနေလို့လား ဒီရက်ပိုင်းကျွန်တော့်ကိုလဲရှောင်နေတယ် ဘာဖြစ်နေတာလဲ ပြောပါဗျာ Hyung တော့သိမှာပဲ အခုလဲ ဒီကိုမလာတာ ကျွန်တော့်ကို မတွေ့ချင်လို့မှတ်လား "

အဖြေမပေးဘဲ နေတော့ ကျွန်တော်ပိုလို့ အားမလိုအားမရဖြစ်မိရသည်။ကျွန်တော့်စိတ်ကလဲ တစ်ခုခုဆိုဖြေရှင်းရမှကျေနပ်တတ်သူလေ။အကြောင်းအရင်းသိရမှ ရှင်းပြတာမျိုးလုပ်သင့်တယ်မဟုတ်လား။

"ပြောပါဆိုဗျာ ရင်တွေပူလာပြီ ကျွန်တော် ရူးသွားတာမြင်ချင်လို့လား "

"မင်း KyungSoo ကိုမေ့လိုက်တော့ Jongin "

မထင်မှတ်ထားသောစကားကို မထင်မှတ်ထားသူဆီမှ ကြားလိုက်ရတော့ ကျွန်တော့်ကိုရှော့ရသွားစေသည်။အံ့သြလွန်း၍လဲ ပါးစပ်အဟောင်းသားနှင့် Baekhyun Hyung ကိုကြည့်နေမိရသည့်အဖြစ်။ကျွန်တော်ဘာအမှားလုပ်မိလဲတွေးမိရသည်လေ။

"ဘာလို့လဲ Hyung ကျွန်တော်ဘာများမှားခဲ့လို့လဲ ကျွန်တော် ဘာလုပ်မိလို့လဲ Hyung ရယ် "

"Kyung Soo ကိုထပ်ပြီး မနာကျင်စေချင်တော့ဘူး စောစောစီးစီး ဘာမှမဖြစ်သေးခင် ဖြတ်လိုက်တာအကောင်းဆုံးပဲ Jongin "

Baekhyun ရဲ့စကားတွေက ကျွန်တော့်ကို အသက်ရှုကျပ်စေလေရဲ့။ကျွန်တော်က KyungSoo Hyung ပျော်ဖို့အတွက်ပဲ စိတ်ထဲအမြဲတွေးထားတဲ့သူ။Hyung ကိုနာကျင်စေဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။Hyung နားလည်အောင် အမြဲကြိုးစားနေခဲ့တာ။ကျွန်တော်ကြိုးစားရက်နဲ့ ကျွန်တော့်ကို ဘာလို့မယုံကြတာလဲ။ကျွန်တော့်ကိုရော ဘာလို့နားလည်မပေးကြတာလဲ။ကျွန်တော့်ဘက်က ခံစားချက်တွေကို ဘာလို့ကိုယ်ချင်းမစာတတ်ကြတာလဲ။ကျွန်တော်လဲ ရင်နဲ့အမျှ ခံစားနေခဲ့ရတာပဲလေ။ကျွန်တော်လဲ အရူးတစ်ယောက်လိုဖြစ်နေခဲ့တာပဲလေ။

"လက်လွတ်လိုက်ပါတော့ Jongin ရာ KyungSoo တအားပင်ပန်းနေပြီ "

"မဟုတ်ဘူး အကြောင်းပြချက်တော့တစ်ခုခုရှိရမယ် ဘာလဲ ကျွန်တော်ဘာလုပ်မိလို့လဲ ကျွန်တော်နဲ့ Hyung နဲ့ ဟိုတစ်နေ့ကအထိ အဆင်ပြေနေခဲ့တာ ကျွန်တော် ထင်ခဲ့မိတာ Hyung ပြောင်းလဲလာပြီလို့ အခုကဘာလဲ ဘာသဘောလဲ ပြောပါ Hyung ဘာကြောင့်လဲ"

ကျွန်တော့်မေးခွန်းကိုမဖြေဘဲ ငြိမ်သက်နေသည့် Baekhyun ကိုကြည့်ပြီး ရင်ထဲ နာကျင်မှုနဲ့အတူ စိတ်တွေပါ တိုလာရသည်။

"ရတယ်လေ Hyung မဖြေချင်ရင် Kyung Soo Hyung ကိုတိုက်ရိုက်သွားမေးမယ် ဒီကိစ္စ KyungSoo Hyung နဲ့ကျွန်တော်နဲ့ နှစ်ယောက်ရှင်းမှကိုဖြစ်မှာ "

ပြောပြီးသည်နှင့်ထွက်သွားသောကျွန်တော့်ကို Baekhyun ကတားနေလေရဲ့။

"KyungSoo ကိုအရမ်းမလုပ်နဲ့နော် Jongin သူစိတ်အခြေအနေ လှုပ်ရှားလို့မရဘူးနော် အေးဆေးရှင်းကြနော် Jongin "

အော်ဟစ်ကျန်ခဲ့သည့် Baekhyun Hyung စကားတွေကိုလစ်လျူရှုပြီး ကားပေါ်တက်ကာ Hyung အိမ်ဆီဦးတည်လိုက်မိသည်။စွန့်လွှတ်ခိုင်းတိုင်းလုပ်ရအောင် ပေါ့ပျက်ပျက်များချစ်ခဲ့တယ် ထင်နေလား Hyung။တဘဝလုံးအတွက်ရည်ရွယ်ပြီးတည်ဆောက်ထားတဲ့အချစ်တွေကို Hyung ကဘာသဘောနဲ့ ချေဖျက်နေရတာလဲ။Hyung လုပ်ချင်တိုင်းလုပ်ဖို့ကျွန်တော် လုံးဝခွင့်မပြုဘူးHyung ။

☆☆☆☆☆☆☆☆☆☆☆☆☆☆

ကားကိုအိမ်ရှေ့ရပ်ပြီးသည်နှင့် အိမ်ရှိရာ ခပ်သွက်သွက်သွားမိရသည်။bell တီးလျှင်လဲ ဖွင့်ပေးမည်မထင်သည်မို့ password နှိပ်ကာ ဝင်လာခဲ့တော့ Hyung က အိမ်ရှေ့ဧည့်ခန်းအတွင်းထိုင်နေလေရဲ့။ကျွန်တော်ဝင်လာသည်ကိုမြင်တော့ အံ့သြသလို မျက်ဝန်းလေးတွေဝိုင်းနေပေမယ့် ကျွန်တော် ကတော့ စိတ်တိုနေ၍ မျက်နှာကဆူပုတ်နေလောက်မည်။

"မင်း ငါ့အိမ်ကို ခွင့်မတောင်းဘဲဝင်လာပြန်ပြီလား မင်းစိတ်သဘောကျ ငါတို့အိမ်ကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေရအောင် ဇရပ်များမှတ်နေလား Kim Jongin "

သူစိမ်းဆန်လွန်းသောစကားတွေနဲ့ ဓားသွားတွေလို စူးရှထက်မြတ်လွန်းသော အကြည့်တွေကြောင့် ကျွန်တော့်ရင်တွေနာလာရသည်။အရင်ရက် ရုပ်ရှင်သွားကြည့်တုန်းက Hyung မှဟုတ်ပါလေစ တွေးရအောင်ပင် ရက်ပိုင်းအတွင်း Hyung ပြောင်းလဲသွားမှုက ကြောက်စရာကောင်းလွန်းလှသည်။

"ကျွန်တော့်ကို ကစားနေတာ ရပ်လိုက်ပါတော့ Hyung ကျွန်တော့်အချစ်တွေကို လက်ခံပါတော့ Hyung ရယ် "

ထိုင်နေသည့် Hyung ကိုပခုံးမှဆွဲထူပြီး ပခုံးတွေကို လှုပ်ကာပြောနေတော့ Hyung ကအတင်းရုန်းနေလေရဲ့။ကျွန်တော်လဲ လွှတ်မပေးဘဲ အတင်းဆုပ်ကိုင်ထားရင်းမှ ခံစားချက်တွေကိုရင်ဖွင့်မိနေရသည်။

"လွှတ် Kim Jongin ငါ့ကို အဲ့လိုအကြမ်းပတမ်းလုပ်တာ မကြိုက်ဘူး ဖယ်စမ်း "

"မဖယ်ဘူး Hyung ချစ်တယ်လို့ ကျွန်တော် Hyung ကိုချစ်တယ်လို့ ပြောနေတယ်လေ ဘာလို့မယုံတာလဲ ဘာလို့လက်ခံမပေးတာလဲ "

ကျွန်တော့်စကားတွေကို လစ်လျူရှုပြီးအတင်းရုန်းနေသည့် Hyung ကို အားမလိုအားမရဖြစ်လာရသည်။ကျွန်တော့ကို မကျေနပ်လျှင် ကျွန်တော် အမှားလုပ်ထားမိတယ်ဆိုရင်လဲ ပွင့်လင်းစွာပြောဆိုသင့်သည်မဟုတ်လား။

"ငါ့ကိုလွှတ်ဆို Kim Jongin "

"ကျွန်တော် Hyung ကိုချစ်တယ်ဆို "

"မချစ်ဘူး ငါမင်းကို မချစ်ဘူး မုန်းတယ် ငါမင်းကိုမုန်းတယ် "

Hyung ရဲ့အော်ဟစ်ပြီးပြောလိုက်သံက နှလုံးသားကိုဆွဲစုတ်ထားသလိုနာကျင်လွန်းလှသည်။ပြောနေသည့် Hyung မျက်ဝန်းတွေ မျက်ရည်တွေကျလာသည်ကိုတွေ့တော့ ကျွန်တော့်စိတ်တွေလွတ်ထွက်သွားမိရသည်။ရုန်းနေသည့် Hyung ကိုအတင်းချုပ်ပြီး နီရဲနေသည့် နှုတ်ခမ်းတွေကို ကြမ်းတမ်းစွာနမ်းရှိုက်ပစ်လိုက်သည်လေ။အော်ဟစ်နေသည့် Hyung အသံတွေပျောက်သွားရသည်။ကျွန်တော့်ရင်ဘတ်ကိုထုရိုက်ပြီးရုန်းနေပေမယ့် ကျွန်တော်လွှတ်ဖို့စိတ်ကူးမရှိ။ပိုတိုး၍သာ လှုပ်ရှားနေမိရသည်။

စက္ကန့်အနည်းငယ်ကြာလာတော့ Hyung ကအတင်းရုန်းကန်ပြီး ကျွန်တော့်ကိုတွန်းလွှတ်တော့မှ ကျွန်တော်လဲလွှတ်ပေးမိရသည်။အသက်ကို ပြင်းပြင်းရှုနေသည့် Hyung နှုတ်ခမ်းထက်ဝယ် သွေးစို့နေသည်ကိုမြင်တော့ ရင်ထဲပိုနာကျင်ရသည်။ချစ်ရတဲ့သူကို ဆံချည်တမျှင်တောင် မနာကျင်စေချင်ပေမယ့် ကျွန်တော် စိတ်တွေ ထိန်းချုပ်ဖို့ မတတ်နိုင်ခဲ့။ဒေါသအလျောက်ပြုမှုမိသည်ကို အခုမှနောင်တရမိသလိုပင်။

ရုတ်တရပ် ကျွန်တော့်အကျီ င်္ရင်ဘတ်ကို ဆွဲပြီးလက်သီးဖြင့်ထိုးဖို့ဟန်ပြင်နေသည့် Hyung ကိုကြည့်ပြီး မျက်နှာကိုမော့ထားပေးမိရသည်။

"ထိုးလိုက်ပါ Hyung ရဲ့ ကျွန်တော့်ကိုမကျေနပ်ဖူးမဟုတ်လား ထိုးပါ မဟုတ်ဘူး အသေပါသတ်လိုက် တစ်ခါထဲသေအောင်သတ်သွား ကျွန်တော်လဲ မခံစားချင်တော့ဘူး ကျွန်တော့်ကို အယုံကြည်မရှိတဲ့ Hyung ရဲ့ စိတ်တွေကိုကြည့်ပြီး နာကျင်နေမယ့်အတူ သေသွားတာကောင်းတယ် သတ်လိုက်ပါ Hyung ရဲ့ "

ရင်ဘတ်က အကျီ င်္ကိုဆွဲထားသည့် Hyung လက်တွေတုန်ရီနေသလို လေထဲရပ်တန့်နေသည့် လက်သီးဆုပ်ကလေးကလဲ တုန်ယင်နေလျက်။မျက်ဝန်းကတော့ မျက်ရည်တွေက ကျဆင်းနေပါသည်။ကျွန်တော်လဲ Hyung နည်းတူ ငိုကြွေးနေမိသည်မဟုတ်လား။Hyung ငိုလျက်မှ အရုပ်ကြိုးပြတ်သလိုလဲကျသွားတော့ ကျွန်တော် ထိတ်လန့်သွားသည်။Hyung ကိုပွေ့ထူမိတော့ ကျွန်တော့်ရင်ခွင်ထဲငြိမ်သက်နေလျက်။ကျွန်တော် ထပ်ပြီး Hyung ကိုနာကျင်အောင်လုပ်မိပြန်ပြီ။ရင်ခွင်ထဲတင်းကျပ်အောင်ဖက်ထားရင်းမှ ရှိုက်ကြီးတငင် ငိုကြွေးမိရသည်။

☆☆☆☆☆☆☆☆☆☆☆☆☆☆
☆☆☆☆☆☆☆☆☆☆☆☆☆☆

အရမ်းကြာသွားပြီး hiatus အထိလုပ်လိုက်ရတာ တကယ်ပဲတောင်းပန်ပါတယ်နော်။မေ့သွားကြပြီလားတောင်မသိဘူး။မရေးဖြစ်သေးတာတောင် vote တွေပေး RL ထဲထည့်ပေးကြတာ တကယ်ပဲကျေးဇူးတင်လို့မဆုံးပါဘူး။ခုကစပြီး ပုံမှန် update သွားပါမယ်လို့။အားပေးတာကတယ်ပဲကျေးဇူးတင်မိရပါတယ်။
@Jargiido

Continue Reading

You'll Also Like

479K 40.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
105K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
997K 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
90.8K 2.4K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...