UNBEATABLE // COMPLETED//

By Norae_614

96.9K 7.3K 453

Keep To Believe , What you believe Then~ Your heart will more meaningful>> ChanBaek About a girl who believe... More

~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
~တုနှိုင်းမဲ့~
♡ တုနှိုင်းမဲ့ ♡
~တုနှိုင်းမဲ့~ (FINALE)
~တုနှိုင်းမဲ့~ (EXTRA)
TvT

~တုနှိုင်းမဲ့~

6.7K 410 4
By Norae_614


... ညမီးတိုင်တွေ ပိတ်သွားလို့ အာလုံးမှောင်မှိတ်သွားတာတောင် တောက်ပ
နေတဲ့ကောင်းကင်ကြီးကနေ လက်ကနဲ ကြွေကျလာတဲ့ ကြယ်ကလေး.... မင်းပါပဲ

UNBEATABLE

'တခုခု ပြောပါ ငါ့ကို ဖြေရှင်းချက်ပဲ ဖြစ်ဖြစ်
ဆင်ခြင်ပဲ ဖြစ်ဖြစ် ပြောဆို!!!! ဘာလုပ်နေတာလဲ ပြော!!!'

ပုခုံးကနေ ကိုင်လှုပ်ကာ ဆောက်တည်ရာမရ
အော်ဟစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်းလေး

ယုရုံးမရမှုတွေနဲ့ ဝမ်းနည်းနေတာလား...
ဆောက်တည်ရာမရ ..ကမ္ဘာပျက်နေသလို
Shinရဲ့ ပုံစံကြောင့်...ဟာနူးလည်း..
ပိုပြီး..နာကျင်လာတယ်...

'ဘာကိုပြောစေချင်တာလဲ yeol oppaနဲ့ ငါနဲ့
ချစ်သူတွေ ဖြစ်သွားတဲ့ အကြောင်းလား
ဒါမှမဟုတ် သူ ငါ့ကို ဘယ်လောက်ချစ်လဲဆိုတဲ့ အကြောင်းလား ဒါမှမဟုတ် '

ခနဲ့တဲ့တဲ့လေသံနဲ့... အောင်နိုင်သူလိုပြောလိုက်မိပေမယ့်..
အသံတွေ တုန်ရီမနေအောင် အံကို တင်းတင်းကြိတ်ထားမိသည်...

'နင့် $ပါးစပ်ကို ပိတ် ဟာနူး '

မျက်ရည်လည်ရွဲနဲ့ အော်ဟစ်ပေါက်ကွဲနေတဲ့
သူငယ်ချင်းလေးကို .... စိတ်ထဲကနေသာ
အထပ်ထပ်တောင်းပန်မိတယ်....
..... သိပါတယ် .. ကောင်းကောင်းနားလည်ပါတယ်
အရိပ်တကြည့်ကြည့်အမြတ်တနိုး ချစ်ခဲ့ရဲ့ သူအတွက်ရော....ဘဝတစ်ခုလုံးနဲ့ပုံပြီး
တိန်ဖိုးထားခဲ့ရတဲ့ ယုံကြည်မှုဆိုတဲ့ ကမ္ဘငယ်လေး
အတွက်ရော... ပြီးတော့... အရမ်းယုံကြည်ခဲ့ရတဲ့
သူငယ်ချင်းအတွက်ရော...
ဘယ်လောက်ထိ နာကျင်နေလိမ့်မလဲဆိုတာ..
ဟာနူး..ကောင်းကောင်းကြီးကို သဘောပေါက်ပါတယ်... ဒါပေမဲ့

'ဟက် နင်သိပ်မက်မောတဲ့ သူကို ငါရသွားလို့
မနာလိုဖြစ်တာလား ရှင်း. '

ဟာနူးရဲ့ စကားလုံးတွေ ခက်ထန်သွားမိတယ်...
ဟာနူးကို နာကျင်မှုအပြည့်နဲ့ တအံ့တသြကြည့်လာ
တဲ့ မျက်ရည်ဝိုင်းတဲ့... မျက်လုံးတွေကို
ဟာနူး ရင်မဆိုင်နိုင်စွာ.. မျက်နှာလွှဲလိုက်မိတယ်

' မက်မောတယ်... မက်မောတယ်ဟုတ်လား..
ဟာနူး... "

အားမရှိတော့သလို လေသံဖျော့ဖျော့လေးနဲ့
ပြောလာတဲ့ သူငယ်ချင်းလေး... ဟာနူးရင်ထဲ
ကမ္ဘာတွေပျက်နေပါပြီ...

'နင်က ..ငါသိတဲ့... ငါ့သူငယ်ချင်းလေး..
ဟာနူးမှ...ဟုတ်ရဲ့လား..ဟင်... ဟာနူးမှဟုတ်
ရဲ့လား .. '

ယုရုံးမရ အံ့ဩဟန်နဲ့ပြောလာတဲ့ သူငယ်ချင်
လေးကို ကြည့်ပြီး... လက်သီးကိုတင်းတင်းစုပ်လိုက်မိတယ်...
မရှည်တရှည်လက်သည်းစလေးတွေက လက်
ဖဝါးထဲ နစ်ဝင်သွားတဲ့ အခါ နာကျင်မှုကို
ခံယူရင်း.. ပြုံးလိုက်မိပြန်တယ်..

'ဘယ်လိုပါလိမ့် နင်သိတယ်ဆိုတဲ့ ဟာနူးက
ထင်ယောင်ထင်မှား ယုံကြည်မှုတွေနဲ့ ကိုယ့်
အခွင့်အရေးကို အဆုံးရှုံးခံမယ့်သူမျိုးလား'

အဲ့ဒီ့လက်သည်းစတွေက လက်ဖဝါးထဲစူးတာမှ
ဟုတ်ရဲ့လားလို့.. ထင်ယောင်ထင်မှားဖြစ်ရတဲ့အထိ လက်ဖဝါးထက်
နှလုံးသားတစ်ခုလုံး စူးနစ်နာကျင်နေမိတယ်...

'ဖြန်း'

ပါးပြင်ပေါ်က လက်ဖဝါးရာ ရဲရဲအတွက်
ထူးဆန်းအံ့သြမနေပါလေ အဲ့ဒီ့ထက်ဆိုးတာ
တွေ အတွက်တောင် ပြင်ဆင်ထားခဲ့တာကို

'ထင်ယောင် ထင်မှား~~ ထင်ယောင်ထင်မှားဟုတ်လား... နင်
ထင်ယောင်ထင်မှားလို့ ခေါင်းစဉ်တပ်လိုက်တဲ့
အဲ့ဒီ့အရာက ဘယ်လောက်တန်ဖိုးမြင့်လဲဆိုတာ
နင်အသိဆုံးဖြစ်မှာပါ.. ဟာနူး.. "

ပခုံးစွန်းကို ခပ်ပြင်းပြင်းဝင်တိုက်ပြီး ထွက်သွားတဲ့
တော့... သိပ်မခိုင်ချင်တော့တဲ့ ခြေထောက်
တွေက အပြိုပြိုအလဲလဲ...

နင်နာကျင်တယ်ဆိုတာ.. ငါ့ကိုဘယ်မှီမလဲ ရှင်းရယ် ... မြှားဦးကို ကိုယ့်ဘက်ကိုယ်ချိန်ပြီး
ကိုယ့်လက်နဲ့ကိုယ် ထိုးစိုက်နာကျင်ရတဲ့
ဘဝကို ... ကျေကျေနပ်နပ် လက်ခံရယူနေရတာ

'နင်..နင်ကတော့ ယုံကြည်ပေးမယ်လို့ ..
နည်းနည်းတော့... မျှော်လင့်ခဲ့မိတာ ရှင်းရယ် "

ယုတ္တိမရှိစွာ ကျကွဲ သွားတဲ့ မျှော်လင့်ချက်တွေ အတွက် နှမြောတသ ရေရွတ်မိတယ် ...

'ဖုန်း'

နောက်ကျောကို ခပ်ဆဆ ထုလိုက်တဲ့ အရာ
တစ်ခုရဲ့ အရှိန်ကြောင့် အနည်းငယ် လန့်သွားမိတယ် နောက်ကို
လှည့်ကြည့်မိတော့ lee shin

'Shin na'

ခုနကလေးတင် သူ့ကို ပါးရိုက်သွားတဲ့..
အချစ်ဆုံးသူငယ်ချင်းလေးရဲ့ နာမည်ကို
တအံ့တသြရေရွတ်လိုက်မိတယ်..

'အရူးမရဲ့ ယုံစေချင်ရင် ယုံအောင်ပြောမှပေါ့အရူးမရဲ့ ...
မမွေးခင်ထဲက ပေါင်းလာတဲ့ သူငယ်ချင်းပါ
ငါက... ငါက.. နင့်ကို နားလည်မပေးနိုင်ဘူး
ထင်လို့... သောက်ရေးမပါတဲ့ စကားတွေ
လာပြောနေတာလား.. ဟင်"

ငိုသံတွေပါ ပါလာပြီး ဂုဏ်ထူးဘွဲ့ထူးတွေတပ်ကာ
အော်ဟစ်ပြောလာတဲ့ သူငယ်ချင်းလေးကိုကြ ည့်ကာ .... ဟာနူး မျက်ရည်တွေကြားမှာပင်ပြုံးမိတယ်..

'နင်..နင်တစ်ယောက်ပဲ ရှိတယ်... နင်ပဲ.. "

ခေါင်းကိုငုံ့ကာ ..ဖွင့်ဟမိတော့.. ရှင်းက
ပြုံးကာ ပွေ့ဖက်လာခဲ့တယ်...

"နင့်ကို တကယ်ကျေးဇူးတင်ပါတယ်..
ဒါပေမယ့် . ငါ ဘာဖြေရှင်းချက်မှာ ပေးမှာ မဟုတ်ဘူး "

ငိုနေရာက.. ရှင်းကိုမကြည့်ဘဲ မျက်နှာလွှဲရင်း
ပြောမိတော့... သူငယ်ချင်းလေးပြုံးရင်း.

" ငါ နင့်ကို ယုံတယ် ဟာနူး... နင်သူတို့ကို
ဘယ်လောက်ချစ်တယ်ဆိုတာလည်း ငါသေချာသိတယ်ဟာနူး.. နင့်ကိုယ်နင်ရော
သူတို့ကိုရော မထိခိုက်စေမယ့် လမ်းကိုပဲ
နင်ရွေးချယ်ခဲ့တဲ့ဆိုတာ.. ငါနားလည်ပြီးသားပါ
... "

အပြုံးနုနုနဲ့ ပြောလာတဲ့ သူငယ်ချင်းလေး
လွတ်ထွက်မသွားအောင်ဖက်ထားရင်း
သူ့ရင်ခွင်ထဲကို မျက်ရည်တွေ သွန်ချမိတယ်

ဒီလိုမှ မငိုရရင် ဟာနူး ရူးသွားတော့မယ်ထင်တယ်
...
.
.
.

'Beak စုတ် မစနဲ့တော့ဆို'

'Baek စုတ်မစနဲ့တော့ဆို'

ပထမထွက်လာတဲ့ အသံက တည်ငြိမ်ကာ ..
ခပ်မာမာဖြစ်နေပြီး..ဒုတိယထွက်လာတဲ့အသံက
ချိုလွင်ကာ ပြောင်စပ်စပ်နှင့်

'Ya!တော်ပြီဆို လိုက်မပြောနဲ့ '

'Ya!တော်ပြီဆို လိုက်မပြောနဲ့ '

ထပ်မပြောနဲ့ ဆိုက မှ..အဲ့စကားနှင့်ပင်
ထပ်စ နေတော့ တစ်ခုခုနှင့်ပင် ကောက်ထုချင်သည်အထိ အမြင်ကပ်စရာ
ကောင်းလှသည်...

'ငါထုတော့မှာနော် baek'

'ငါထုတော့မှာနော် baek'

'Ya!!'

'Blash Blash '

တကယ်ပင် ထထုမည့်ဟန်ပြုလာမှ လျှာထုတ်
ပြောင်ပြလာသည် မှာ.. လက်ကလေးနှင့်ကောက်က. မျိုချပစ်ချင်လောက်
သည်အထိ ချစ်စဖွယ်ကောင်းလှသည်
...

တံခါးလက်ကိုင်ကို ကိုင်ပြီး ဖွင့်မလို့လုပ်နေရာ
က ကြားရတဲ့အသံကြောင့် ဟာနူးတစ်ယောက်
ပြုံးလိုက်မိတယ်

ကြည့်ရတာ Baekhyun oppaက Kyung Soo oppaကို လိုက်နောက်နေပြန်ပြီထင်တယ်
အဲ့ဒီ့oppaနှစ်ယောက်လုံး အသည်းယားကို
ကောင်းလွန်းသည်...

အသည်းယားစွာ အသံတွေကို နားထောင်နေမိရာက တံခါးလက်ကိုင်ကို
မထင်မှတ်ပဲ လှည့်မိသွားတာမို့...
ရုတ်တရက်ကြားလိုက်ရတဲ့ တံခါး
သံကြောင့် သူတို့အကုန်လုံးက လှည့်ကြည့်လာ
သည်..

ဟာနူး ကြောင်နနသာ အခန်းရှေ့မှာရပ်နေမိတော့သည်

ရယ်မော စနောက်နေကြတဲ့ သူတို့ဟာလည်း
ခပ်တည်တည် ကြောင်အမ်းအမ်း... အခန်းတွင်း
လေထုတွေပူလောင်လာကာ အနေရခက်လှသည်

သူတို့ရဲ့ ရယ်သံလွင်လွင်တွေနဲ့တောင် မတန်တော့ပါ့လား... ဒီလိုတွေးမိတော့

ရင်ထဲတမျိုးလေး... နင့်ခနဲ လိုဏ်ခနဲ ...
ဟားးးးးး


သုသာန်တစပြင်လို တိတ်ဆိတ်ခြောက်ကပ်သွား
တဲ့ အခန်းလေးထဲ

ပထမဆုံး အသံထွက်လာသူက baekhyun

'ငါ အခန်းထဲ သွားလိုက်ဦးမယ်'

ဘယ်သူ့ကိုမှ မကြည့်ဘဲ ခေါင်းငိုက်စိုက်ချလျက်
ဒီအခန်းထဲမှာမှ ထပ်ပြီး အခန်းသေးထပ်ဖွဲ့ထားတဲ့ နားနေခန်းထဲ
ရေဘူးလေးပိုက်ကာ ထထွက်သွားတဲ့ baekhyun

ကိုယ့်ကိုမြင်မှ ရုတ်တရက်ဝေ့သီလာတဲ့
Baek oppaရဲ့ မျက်ရည်တွေ့ကို မြင်ရတာ

ဟက် ကိုယ့်လက်ကို ကိုယ် ဓားနဲ့သာမွှန်းလိုက်ချင်တယ် ဖွင့်ချင်ဦးဟဲ့ဆိုပြီး

'ငါလည်း လိုက်သွားလိုက်ဦးမယ် '
ပြောပြီးထပ်ထွက်သွားတဲ့ D.O oppa'

ုပြီးတော့ sehun oppa
Chen oppa ထပ်ပြီး---
တစ်ယောက်ပြီး တစ်ယောက် ပျက်ယွင်းနေတဲ့ မျက်နှာတွေနဲ့ အခန်းထဲက ထွက်သွားကြတော့
နှလုံးသားကို အလွှာလိုက် လှီးထုတ်နေသလို မျိုး

'မင်း ဘာလာလုပ်တာလဲ'

ဒေါသတွေကို အတော်မြိုချထားပုံရတဲ့
Chanyeol oppaရဲ့ ခပ်အုပ်အုပ်အသံနဲ့ မေးခွန်း

'အလုပ်လာလုပ်တာလေ. Oppaရဲ့managerပဲဟာ-'

မျက်နှာပြောင်လိုက်တဲ့ မိန်းမလို့ တွေးနေမှာပေါ့နော် ဖြူစင်စွာ ယုံကြည်ခဲ့ခြင်းတွေအတွက် နောင်တရနေရောပေါ့ တံခါးရဲ့ တစ်ဖက်မှာ
Baek oppaလည်း မျက်ရည်ကျနေရောပေါ့နော်

အသည်းတွေ မီးမြိုက်ထားသလိုပဲ

'တောက်!! ထွက်သွား!! ခု ထွက်သွား!!'

အလိုက်မသိ တိုးထွက်လာတဲ့ မျက်ရည်တွေကို ထိန်းချုပ်ရင်း ပြုံးလို့မရတော့အောင်နာကျင်နေပြီ
မို့.

'ဒါဆို ခဏနေမှ ပြန်လာပါ့မယ် နားလိုက်ပါဦး'

ခေါင်မိုးထပ်ရဲ့ လက်တန်းအစွန်းမှာ မတ်တပ်ရပ်ရင်း တိုက်ခတ်လာတဲ့ လေပြေအေးအေးကို မျက်စိမှိတ်ခံစားနေမိတယ်

'အေးလည်းမအေးဘူး '

တီးတိုးရေရွတ်မိတော့ အာခံတွင်းက အေးလွန်းလို့ထွက်လာတဲ့ နှင်းငွေ့အချို့က လှောင်ရယ်သွားလေရဲ့

ရင်ထဲက အပူမီးကြောင့် အအေးဓာတ်ကို ခံးစားမရတော့တာနေမှာပါလေ ~

လေစိမ်းအေးအေးက ပြင်းလွန်းတာမို့ စပ်ဖျင်း
ဖျင်း ဖြစ်လာတဲ့ မျက်လုံးအစုံကို မှိတ်ချလိုက်တော့ မျက်ရည်စက်တွေ က ပါးပြင်ပေါ်ကို တလိမ့်ချင်း ဟက် မျက်ရည်ပူတွေပဲ ထားပါတော့လေ

နားထဲ ကြားယောင်လာတဲ့ ရယ်သံ တချို့နဲ့အတူ စိတ်အစုံက အတိတ်စာမျက်နှာ တချို့သို့~

FLASHBACK

'အ့ Kyung soo ya~ အ့ ar ah
ဟင့် နာတယ်'

Baekတစ်ယောက် ရှုံတွရင်း puppyလေးလို
ညီးညူရင်းပြောတော့

ဘာတစ်ခွန်းမှ မပြောဘဲ ခပ်တည်တည်kyung
Sooကတော့ လည်ပင်းကသိုင်းထားတဲ့ လက်တွေ ကို ပိုတင်းကြပ်လိုက်လေသည်

'ဟွတ် လွှတ် အသက်ရူလို့ မရပု လွှတ်'

လည်းပင်းကို သိုင်းဖက်ထားတဲ့ လက်တွေကို
ရိုက်ပြီးပြောတော့မှ

အသာဖြေပြီးလွှတ်ပေးလိုက်တယ်

'နောက်မ စနဲ့'

ခပ်တည်တည်ပြောလိုက်ပေမယ့်
ရယ်ချင်စိတ် ကို ထိန်းချုပ်ထားတာတာမို့
အသည်းပုံနှုတ်ခမ်းလေး မသိမသာ ပေါ်သွားလေရဲ့

'အင်းပါ chagiရယ် ကိုယ်ဆင်ခြင်ပါ့မယ်'

'Borr! ဗြောင်ဘတ်ဟွန်း မပြေးနဲ့!ရပ်စမ်း!'

အခန်းလေးထဲမှာ တဝါးဝါး အော်ရီသံတွေ
အရပ်ပုပု သေးသေး ကောင်လေးနှစ်ယောက်ရဲ့
ပြေးလွှား အော်ဟစ်နေသံတွေနဲ့ စိုပြေနေလေရဲ့

'Yrr yrr ဘာလို့ ငါ့ကို ကျော်ခွနေတာလဲ'

ပြေးနေရင်း တန်းလန်း မလွှတ်နိုင်တော့တာမို့
ထိုင်နေတဲ့ chanyeol ကို ကျော်ခွလိုက်ခြင်းပင်

အခုတော့ အပုနှစ်ကောင်ကြား chanyeolကငုတ်တုတ်ပေါ့

'Bla bla '

'အောင်မာ မင်းက yeolအားကိုးနဲ့ ငါ့ကို လာပြောင်နေတယ် မင်းပဲကျော်ခွတတ် သလား
ငါလည်း လုပ်တတ်တယ် ဟမ်'

ထိုအချိန်တွင် တံခါးဖွင့်သံနဲ့အတူ

'ရောက်ပါပြီ အယ် ဆော့နေကြတာလား
ဟာနူးလည်းပါမယ်လေ '

ပြောပြီးတာနဲ့ လက်ထဲပါသမျှ ပစ္စည်းတွေ ပစ်ချပြီး.ပြေးဝင်လာတဲ့ သူမ

တံခါးဘက်ကို ခြေထောက်ဆင်းထားတဲ့ chenရဲ့ ခြေထောက်ကို ခလုတ်တိုက်မိလိမ့်မယ်လို့ ဘယ်သူ ထင်မှာလည်းနော်~

အဲ့လိုနဲ့ တံခါးဘက် ကျောပေးပြီး. doပြူးနဲ့
စစ်တိုက်နေတဲ့ puppy beakကို နောက်က
နေတွန်းမိလိုက်လိမ့်မယ်လို့လည်း ဘယ်သူ
ထင်မိမှာလဲ

ဟုတ်ကဲ့ မထင်ထားတာတွေ ဖြစ်ပြီးတဲ့ နောက်မှာတော့

'ARRRRR!'

နောက်ကတွန်းခံလိုက်ရတဲ့ baekတစ်ယောက်
ကတော့ ရှေ့ကို မှောက်လျက်သား

လက်နှစ်ဖက်က kyung soo ခြေထောက်နား
ရောက်လို့ baek ရဲ့ အောက်က yeolကတော့
Baek ရင်ဘတ်ကို နမ်းလျက်သား yeol
ရဲ့လက်နှစ်ဖက်က ရုတ်တရက်မို့ ကိုင်မိကိုင်ရာ
Baekရဲ့ တင်ပါးပေါ်တည့်တည့်

ရုတ်တရက်လဲကျ တာမို့် ဒူးကိုကွေးရင်း
အရှိန်ထိန်းလိုက်တာတဲ့ baekရဲ့ဒူးတွေက
ထောက်လျက်သား

အကုန်လုံး ကြောင်စီစီ ရပ်နေကြတုန်း

'ARRRR!! Baek ဒူး ..ဒူးလေး တစ်ချက်လောက်'

'Arr omm Miyan miyan yeol'

အားနာပြုံးလေးနဲ့ တောင်းပန်လိုက်တဲ့ baek
ကြောင့် yeolက 'ရ.. ရပါတယ်'

ပြောပြီးတာနဲ့ ဟာနူးကို ခပ်စောင်းစောင်း
တစ်ချက်ကြည့်ရင်း

'စပ်စလူးစိန် မန်နေဂျာနဲ့ ငါနဲ့တော့ အင်း
ဟုတ်တော့နေပါပြီ'

ဟု ဆိုပြီး မအီမသာမျက်နှာနဲ့ ကွတကွတ
ထွက်သွားတဲ့ yeol

'ဟွန့် ကလေးမဟုတ် သူငယ်မဟုတ် ချော်လဲရတယ်လို့ yeolသနားပါတယ် ဒီပြာကလပ်စိန်မမနဲ့တော့ 😣 လိုက်သွားကြည့်ဦးမှပါ yeolအဆင်ပြေရဲ့လား
မသိဘူး '

ဟုဆိုကာ ပေါက်ပေါက်ဖောက်ကာ လိုက်သွား
သောbaek

ယခု အချိန်ထိ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသော membersတွေ

Chanyeolရဲ့ အသစ်စက်စက် ပြာကလပ်စိန်
စပ်စလူး manager မလေးရဲ့ တွေးဆ ဆ စကားတခွန်းကြောင့် ရယ်သံများ
တဟားဟားနဲ့ ပွဲကျသွားလေရဲ့

သူမပြောလိုက်တဲ့စကားက

'Yeol oppaက ဘယ်နေရာ ထိသွားတာမို့
Baek oppaက ဘယ်နေရာကြည့်ပေးဖို့ လိုက်သွားတာပါလိမ့် 😕'တဲ့လေ

FLASHBACK END

လွတ်လွတ်လပ်လပ် အသံထွက်
ပြီးပင်ရယ်လိုက်မိသည်

အဲ့ဒီ့တုန်းက ကိစ္စဟာ မတော်တဆမဟုတ်ဘဲ
တမင်ဖန်တီးလိုက်တယ် ဆိုတာ ကိုယ်ပဲသိတယ် တကယ်ရည်ရွယ်တာက
နှုတ်ခမ်းချင်း ဂဟေဆက်ကြဖို့ လွဲသွားပေမယ့်
ချစ်စရာ အလွဲလေးမို့ အမှတ်တရဖြစ်ခဲ့တယ်လေ

သိပ်မကြာတဲ့ အချိန်အတိုင်းအတာ တစ်ခုပေမယ့် စွန့်လွှတ်ပေးဖို့ ကျေနပ်စရာ
ကောင်းလောက်အောင် ပျော်ခဲ့ရတာပဲ

အရင်က ရယ်သံတွေရဲ့အပိုင်းအစအချို့မှာ
ကိုယ်ကိုယ်တိုင်ပါဝင်ခဲ့ပြီး ရယ်သံတွေကို ဖန်တီး
ပေးသူ ဖြစ်ခဲ့ပေမယ့်

အဲ့ဒီ့ရယ်သံတွေ နဲ့ မသက်ဆိုင်တော့တာ
အဲ့ဒီ့ရယ်သံတွေ တိတ်ဆိတ်ပျောက်ကွယ်
သွားစေတာ ကိုယ်ကိုယ်တိုင်ပဲ လုပ်ခဲ့တယ်
ဆိုတဲ့ အခြေအနေမျိုးမှာ~~~~

နောင်တ???? ဟင့်အင်း နောင်တမရဘူး
နော် နောင်တမရသင့်တဲ့ နောင်တမရနိုင်တဲ့
ခိုင်လုံတဲ့ အကြောင်း ပြချက်တွေရှိနေတာမို့

.
.
.

🎶🎶Tu ru ~ ru tu tu ru♬ ♬ tu ru ru
~~ Tu ru ru~~ ♪ ♪ hmmm ~du ru tu
ru ru♬ ♬ tu ru tu ~ ru ru ♪ ♪ 🎶🎶


Shirtအကွက်အပြာရောင်လေးကို လက်ခေါက်
ဝတ်ထားပြီး ဒူးပြဲလေးတွေနဲ့ဂျင်းpantလေး
ဝတ်ထားတဲ့ကောင်လေးက ခြေထောက်ချိတ်ထိုင်ရင်း မျက်လုံးတွေကို မှိတ်ကာ သီချင်းလိုက်ညဉ်းနေတဲ့ အသံလေး

ထိုအသံလေးနဲ့ လိုက်ဖက်စွာ အလှတွင် အယဉ်ဆင့်လေအောင် ပံ့ပိုးပေးနေတဲ့ ဂီတာသံ
လေးကလည်း အခန်းတွင်းပျံ့လွင့်လျက်

ခပ်လှမ်းလှမ်း တစ်နေရာမှာတော့~

ဂီတာကြိုးတွေပေါ် ခေါက်တုံ့ခေါက်ပြန် ပြေးလွှား နေတဲ့ လက်တစ်စုံရဲ့ပိုင်ရှင် သံစဉ်
တွေရဲ့ ဖန်တီးရှင်ကောင်လေး က လရောင်
အောက်က သူ့ရဲ့ အသက်ဝင်ပန်းချီကားလေးကို

မြတ်နိုးမကုန်နိုင်သော~
နှစ်သက်မဝနိုင်သော~
တန်းဖိုးထားလွန်းသော~
မျက်ဝန်းအစုံ ဖြင့် ချစ်ခြင်းတို့ပြည့်နှက်စွာဖြင့်••
.


.
.

'Baek '

'ပြောလေ yeollie'

'ဒီတစ်ရက်နှစ်ရက် အတွင်းမှာ သတင်းစာ ရှင်း
လင်းပွဲလုပ်ဖြစ်လိမ့်မယ် ကိုယ်~ ကိုယ်လေ
အရာအားလုံးကို အမှန်တိုင်းပြောမှာ ကိုယ်~'

'Yeolရယ် ~
ခု baekတို့က ကိုယ့်ကိုကိုယ်မှ မပိုင်ဘဲ yeol
ရယ် ကြိုးဆွဲရာ က ရမယ့်ရုပ်သေးရုပ်တွေ မဟုတ်လား '

'ဒါပေမယ့်~'

'Yeol'

လေသံအေးအေးလေးနဲ့ ခပ်ဆွေးဆွေးလေး ခေါ်လိုက်တဲ့ ချစ်ရသူကြောင့်

'ပြောလေ baek'

'တနေ့ကျရင်လေ တစ်နေ့ baekတို့်ကို စောင့်ကြည့် မယ့်သူတွေ မရှိတော့မယ့် တစ်နေ့
ကိုယ့်ဆုံးဖြတ်ချက်ကို ပိုင်ဆိုင်မယ့်တစ်နေ့ကျရင်
တစ်ယောက်လက် တစ်ယောက်ရဲရဲဝံ့ဝံတွဲရင်
နှစ်ယောက် တစ်ကမ္ဘာ တည်ဆောက်နိုင်မယ်လို့ထင်လားဟင်'

'Beak~'

'ဟင်း အင်း ဘယ်ဖြစ်နိုင်မလဲနော် မိသားစု
အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွေနဲ့ ယှဉ်ပြီး
နှလုံးသားကို ရွေးဖို့က သိပ်မိုက်မဲ ရာကျနေမလားပဲ'

ငြင်းဆန်ရမယ် မဟုတ်လား သူ့အတွေးတွေ
မှားယွင်းနေတယ်ဆိုတာ ဒါ.ဒါပေမယ့်
ကျတော် ငြင်းဆန်ဖို့ ယုံကြည်ချက်မရှိပြန်ဘူး

သူမရှိရင် ကျတော် အသက်ရှင်သန်ဖို့မဖြစ်နိုင်လောက်အောင်
သူ့ကိုလို အပ်နေပေမယ့် သူ့ကိုဆွဲခေါ်ထားဖို့ကျ
ပြန်တော့ သတ္တိတွေ့မဲ့နေပြန်ရော

'အင်း yeolလည်း တစ်နေ့တော့ yeolနဲ့ လိုက်ဖက်မယ့် မိန်းကလေးတစ်ယောက်နဲ့
လက်ထပ်မှာပဲနော်'

မင်းကိုငါ တခဏအတွက် သက်သက်ချစ်ခဲ့တာ မဟုတ်တာတော့ ကျိန်းသေတာထက်ပိုတယ်
Baekhyun

နှုတ်ခမ်းအစုံကတော့ စွန့်အလျက် လရောင်အောက်က ချစ်သူကိုသာ ငေးကြည့်
နေခဲ့တယ်~

'တကယ်လို့ yeol လက်ထပ်မယ့် မိန်းကလေး
ကိုရွေးရင်လေ မျက်လုံးမှေးမှေးလေးနဲ့ ပြုံးလိုက်
ရင် လေးထောင့်နှုတ်ခမ်းလေးပေါ်လာတဲ့
ခန္ဓာကိုယ်သေးသေးနဲ့ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးမျိုးကိုရွေးပါနော် ဒါပေမယ့် အရိပ်
တကြည့်ကြည့်ဂရုစိုက်ရင်း အလိုတော့ မလိုက်ပါနဲ့••'

ရုတ်တရက်ဆွဲဖက်လိုက်တဲ့ သူ့ရဲ့ ရင်ခွင်ကျယ်ကြီးထဲမှာ ကောင်သေးလေးက တိုင်းပြီးထုဆစ်ထားသလို ကွတ်တိကျလို့

ဘယ်တော့မှ ဖြစ်မလာစေရဘူး~

Chanyeolက baekhyunမဟုတ်တဲ့ အခြား
တစ်ယောက်အတွက်ရပ်တည်နေတာမျိုး
Baekhyunက Chanyeol မဟုတ်တဲ့ အခြား
တစ်ယောက်အတွက် ရှင်သန်နေတာမျိုး

ဘယ်တော့မှရှိမလာစေရဘူး~

ချစ်ရသူရဲ့ ပါးပြင်နုနုကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း
နှုတ်ခမ်းနုနုကို နွေးထွေးမှုပေးရန် အလို့ငှါ
တစတစ နီးကပ်သွားရင်း~~~

မှန်တံခါးပေါက်က တစ်ဆင့်မြင်နေရတဲ့ ကြယ်
စင်တို့က ဖျက်ခနဲ ဖျက်ကနဲ တလက်လက်တောက်ပလျက်~

ကောင်းကင်ကြီးကတော့ လမင်းလေးကို.
ထွေးပိုက်ထားလျက်ပေါ့~

UNBEATABLE

လမင်းလေးကို ထွေးပွေ့ထားတဲ့ကောင်းကင်ကြီး
အတွက် ကြယ်ကလေးအနေနဲ့လင်းလက်မယ်

လေပြေလေးရဲအထွေးပွေ့ခံပွင့်လွှာလေးတွက်
ဝတ်ဆံလေးလို မွှေးပျံမယ်

နှင်းဆီနုလေး ဘေးမသီဖို့ရာ အကျည်းတန်လည်း

ဆူးတစ်ချောင်းအနေနဲ့ရှင်သန်မယ်

နှလုံးသားတစ်စုံ၌ယုံကြည်ခြင်း

〰keep to believe , what you believe
Then , your heart 'll more meaningful〰

BELIEVE IN CHANBAEK

TO BE CONTINUE.........

Continue Reading

You'll Also Like

LOVE IS SIMPLE By .

Historical Fiction

43.1K 3.5K 15
||CHANBAEK|| A King Love "WHO?"
92.8K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
42.8K 6.2K 39
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."