မိုးရေစက်လက်နဲ့ Bus car တိုးစီးရတာဟာဘယ်
လိုအရသာပါလိမ့်...
သေချာတာကတော့ စိုစိစိနဲ့ ရေနံ့တွေထွက်နေမှာပဲ..
8.30 ရုံးဆင်းချိန်မို့ထင်တယ်..Bus carပေါ်မှာ
လူတွေပြည့်နေလေရဲ့...
Baekhyun က Taxi စီးရန်ပြောသော်လည်းလက်မခံတာက Chanyeol..
Bus တိုးစီးမယ်တဲ့ .
နေ့တိုင်းကိုယ်ပိုင်ကားမောင်းနေတဲ့လူကဘာအရူး
ထလဲမသိပေမယ့် Baekhyun ကတော့ရုံးဆင်းချိန်
ကြီး bus စီးရတာကိုလွန်စွာစိတ်ညစ်တယ်..
"အ...Yah...Omma.."
Break တစ်ခါအုပ်လိုက်တိုင်း မှီရာကိုလှမ်း ဆွဲရတာနဲ့တင် Baekhyun လက်တွေနာ လက်မောင်းတွေလည်းအောင့်နေလေပြီ...
အရပ်ကနည်းနည်းပုတော့အပေါ်ကတန်းကိုကိုင်
ရတာ သိပ်အဆင်မပြေဘူး..
ပြီးတော့ Baekhyun ရဲ့အရှေ့နားမှာထိုင်တဲ့
ကောင်မလေးတစ်ယောက်က Baekhyunကို
မျက်တောင်မခတ်ကြည့်နေလေသည်...
Shirt အဖြူရောင်ရေစိုနေတာကြောင့် အသား
များနှင့်အင်္ကျီကပ်ကာထင်းနေသောအသားများ
ကိုကြည့်နေတာထင်တယ်...
Baekhyun သိသော်လည်းဘာပြောလို့ရမှာလဲ..
မျက်လူံးနဲ့ကြည့်တာပဲ..ကြည့်စေတော့ဆိုပြီးထား
လိုက်သည်...
"Baekhyun ငါ့အင်္ကျီခြုံထားစမ်း..."
ကြပ်သပ်နေတဲ့လူတွေကြားထဲတွင် သူကျတော့်ကို
သူ့ရဲ့အပေါ်အင်္ကျီကိုအတင်းကိုယ်ပေါ်သို့်ခြုံပေး
လေသည်..
ဘာလဲ..ဟိုကောင်မလေးကြည့်နေတာကိုသူသိနေတာလား...
"ကျွီ.."
"အမလေး..."
Break တစ်ခါအုပ်တိုင်းအရှေ့ကိုယိုင် အနောက်ကို ယိုင် ဟိုမိန်းမအသားနဲ့ထိ ဒီမိန်းမအသားနဲ့
ထိဖြစ်နေသော Baekhyun ကို Chanyeol
သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ
"Baekhyun..ငါ့လက်မောင်းကိုကိုင်ထားစမ်း..
တခြားဘယ်သူ့အသားနဲ့မှမထိစေနဲ့..
ထိကြည့်ငါကိုက်ပစ်မှာ.."
နား နားကပ်ကာကြက်သီးထအောင်သူပြောတယ်..
ဘယ်ရမလဲ..Byun baekhyun တဲ့..
သူ့ရင်ခွင်ထဲကနေလက်မောင်းရင်းနားကိုခေါင်းမှီ
ကာ Chanyeol ရဲ့ လက်မောင်းကိုတစ်ချက်တစ်
ချက်ဆက်ကနဲ ဆက်ကနဲသွားဖြင့်ကြိတ်ကိုက်လေ
သည်..
သူ မကိုက်ခင်ကြိုကိုက်ပလိုက်တာ...
ကားပေါ်ကဆင်းဆင်းခြင်း သူ့လက်မောင်းသူလှန်
ကြည့်ပြီး အနည်းငယ်နီကာ သွားရာထင်နေသော
အရာတွေကိုလက်ညှိုးတထိုးထိုးပြကာ
"မင်းတကယ်ခွေးစိတ်ပေါက်နေတာပဲ...ဟမ်..
တကယ့်ခွေးပဲ.."
"မင်းအရင်ကိုက်မယ်ပြောတာမဟုတ်ဘူးလား..
Blah.."
လျှာထုတ်ပြရင်း အပေါ်ထပ်ကိုပြေးတက်သွားသော Baekhyun ကိုကြည့်ရင်း
"Byun baek..မင်းငါ့ကိုမကြောက်တော့ဘူးပဲ..
တွေ့မယ်..အဲ့ထုတ်ပြသွားတဲ့လျှာကိုငါ
စုပ်လုံးစုပ်သလိုစုပ်ပြမယ်..."
Chanyeol သူ့ဘာသာသူပြော..
သူဘာသာသူတွေးပြီး
အတွေးနဲ့တင်ကျေနပ်ကာ ပြုံးလိုက်မိလေသည်..
"Park chanyeol..မင်းလည်းနှာဗူးလူံးလူံးဖစ်နေပြီ..တရားခံက Byun baekhyun ဆိုတဲ့ငနာလေး..."
...
"Byun baekhyun မင်းဒီနေ့ကျောင်းမသွားနဲ့..
သွား...အိမ်ထဲပြန်ဝင်..."
ကျောင်းသွားခံနီးကားပေါ်တက်ခါနီးမှမသွားနဲ့ပြောတာဘာသဘောလား..??..
ကိုယ့်ဘာသာကိုယ်တက်ချင်တက်မှာပေါ့..
မတက်ချင်မတက်ဘူးပေါ့...သူ့အရာကျ..
စူပုပ်ပုပ်ဖြင့် နှုတ်ခမ်းထော်ကာကြည့်နေသော
Baekhyun ကို Chanyeol တစ်ချက်စောင်း ကြည့်ကာ..
"ငါ့စကားနားထောင်ရင်..
မင်းခိုင်းတာငါလုပ်မယ်..Baekhyun.."
Fighter Park Chanyeol ဆီမှကမ်းလှမ်းချက်ပင်...
ကျတော်ခိုင်းတာသူကလုပ်မယ်တဲ့လား...?...
အံ့သြစရာကြီး...အထူးအခွင့်အရေးလို့ဆိုရမှာပေါ့
အဲ့လို အထူးအခွင့်အရေးကလည်း Byun baekhyun ဆိုတဲ့ လူသားတစ်ယောက်ကသာ
ရရှိခဲ့တာပါ..
"အခုတော့ ငါပြောတဲ့အတိုင်းမင်းဒီနေ့ အိမ်မှာပဲ
နေ...ကျောင်းကိုမလာပါနဲ့....လိမ္မာတယ်.."
ကျောပိုးအိတ်ကြိုးလေးနှစ်ဖက်ကိုလက်နှစ်ဖက်ဖြင့်ကိုင်ထားသော ပုပုသေးသေးကောင်လေး၏
ခေါင်းမှ ဆံသားနုနုလေးတွေကိုလက်ဖြင့်ဖွပေး
လိုက်တော့ ထိုကောင်လေးကပြုံးပြ၏.
"ငါသွားပြီ...Baek.."
ပြောဆိုရင်းကားပေါ်တက်သွားသောသူ့ကို Baekhyun ငေးကြည့်နေမိ၏..
ခေါ်သွားတာကလည်း Baek တဲ့..
ခပ်သြသြအသံလေးနဲ့ အဖျားဆွတ်ခေါ်တဲ့အသံလေးက Baekhyunbရဲ့ အသည်းနှလုံးကိုယား
ယံအောင်လုပ်ဆောင်နိုင်၏..
"မင်းကြောင့် ငါ့အသည်းနှလုံးကိုယားကုတ်နဲ့
ကုတ်ရတော့မယ်ထင်တယ်.."
Chanyeol ထွက်ခွာသွားသော လမ်းမကြီးကို
နောက်ကျောပေးကာ သူ့စကားကိုနာခံရန် အိမ်
ထဲပြန်ဝင်ဖို့ပြင်လိုက်တယ်..
ဘောင်းဘီအိတ်ကပ်ထဲကလက်ကိုင်ဖုန်းလေးကို
ထုတ်ကာ သူငယ်ချင်း Do KyungSoo..
"KyungSoo ah..ငါဒီနေ့ကျောင်းမလာတော့ဘူး..
အဲ့တာမင်းအဆင်ပြေ..."
..
"အယ်..ဟုတ်သားပဲ..ဒီနေ့က ပထမဆုံးနေ့ပဲ.."
..
"အာ..ငါလာခဲ့မယ်..."
Chanyeol ကိုမြင်ယောင်သော်လည်း
"ငါကဘာလို့သူ့စကားနားထောင်ရမှာလဲ...Tsk..
အားအားယားယား.."
Baekhyun အိမ်ထဲပြန်ဝင်မယ့်ခြေလှမ်းတို့ကို
ပြန်လှည့်လိုက်ကာ လမ်းမကြီးဆီကBus stop
ရှိရာသို့ဦးတည်လိုက်လေသည်..
ဒီနေ့က KyungSoo နဲ့ သူနဲ့ ကျောင်းက
ကာရာတေးအဖွဲ့ထဲဝင်ထားတာ ပထမဆုံးသင်တန်းပေးမယ့်ရက်လေ..
ကိုယ်ခံပညာတက်ထားမှပါ..အဲ့တာမှ
Park Chanyeol အနိုင်ကျင့်ရင်ခုခံနိုင်မှာမလား..
Park Chanyeol ကသူ့ပြောစကားနားမထောင်လို့ ဖြစ်လာမယ့်ပြသနာ..
အိုး..ထားလိုက်စမ်းပါလေ....
သူကအပေါ်ထပ် ငါကအောက်ထပ်...
သူမမြင်အောင်နေမှာပေါ့...ကျောင်းဆောင်တွေက
ကျယ်ပါတယ်လေ..
Baekhyun တွေးရင်း ကျောင်းကိုလာခဲ့ပေမယ့်စိတ်ထဲမှာစိုးရိမ်မှုကတော့ ဘာလို့လဲမသိရှိနေ၏..
Chanyeol စိတ်စိုးသွားမှာစိုးရိမ်တာလား..
မသိဘူးကွာ...!...
.....
"မင်းဘာလုပ်ထားလဲမင်းသိမှာပါ..
မင်းမိန်းကလေးဖြစ်ပြီးတော်တော်သတ္တိရှိတာပဲ.."
ကျောင်းခုံအဟောင်းများထားတဲ့စတိုခန်းကဲ့သို့
ဂိုထောင်ထဲတွင်လက်ပြန်ကြိုးတုတ်ခံထားရတဲ့ကောင်မလေးတစ်ယောက်...
တခြားသူမဟုတ်ဘူး..မနေ့ကကလပ်မှာ Chanyeol ကိုအနာတရဖြစ်အောင်လုပ်ခိုင်းခဲ့တဲ့
မိန်းကလေး...
မိန်းကလေးဆိုပြီးလျှော်ပေးလိုက်လို့မဖြစ်..
ဇောင်းကြွနေတဲ့ဟာတွေကို ဂျိုချိုးရမှာ Park Chanyeol အလုပ်...
Jongin ပြောလိုက်တော့ ထိုမိန်းကလေးက မျက်နှာကိုရွဲ့ပြကာ
"ထွီ.....Hak..ရှင်တို့တွေကရွံဖို့ကောင်းတယ်.."
"မင်းငါ့ကို တံတွေးနဲ့ထွေးလိုက်တာလား...
ငါလုပ်လိုက်ရ..."
"JongIn...မလုပ်နဲ့.."
လက်ရွယ်လိုက်တဲ့ Jongin ကို Chanyeol တား
လိုက်သည်..
Chanyeol က ထိုမိန်းကလေး၏မေးစေ့ကိုလက်ဖြင့်ကိုင်မော့လိုက်ကာ..
"မျက်နှာဖြူဖြူလေးမှာ အညိုအမည်းတွေစွဲနေရင်
ဗီဒီယိုထဲမှာဘယ်လှတော့မလဲ"
Chanyeol ရဲ့မျက်နှာကိုကြည့်နေသောမိန်းကလေးရဲ့မျက်နှာတွင်ကြောက်ရွံမှုကအထင်းသား..
Park Chanyeol ဆိုတာ မထိသင့်သောမီးစတစ်ခု...ထိမိတဲ့အရာတိုင်း စက္ကူတစ်စလို့မီးပေါက်တွေ
နဲ့ မလှမပဇာတ်သိမ်းသွားမည်သာ..
......
Break Time မို့ ထမင်းစားရန် ကန်တင်းကိုမသွား
တော့ပဲ ချောင်ကျတဲ့တစ်နေရာမှာသာသွားစား
ရန်ပြင်လိုက်သည်..
ကန်တင်းမှာဆို Park chanyeol တွေ့သွားရင်ကွိုင်တက်မှာဆိုး၍..
"ဟို စတိုခန်းမှာပဲနေရမယ်.."
စတိုခန်းတံခါးကိုဖွင့်ကြည့်တော့ဖွင့်မရ...
"သော့ခတ်ထားတာလား..
လောခ့်ကျသွားတာလား....ဘာလို့ဖွင့်မရတာလဲဟ..
ကြပ်နေတာလားမသိ.."
Baekhyun တံခါးကိုအတင်းဆွဲလှည့်နေစဉ်
အထဲမှကြားလိုက်ရတဲ့အသံတွေကြောင့်ရပ်တံ့သွားလေသည်..
"ရှင်တို့တွေက လူယုတ်မာတွေ..အား..!..
တော်ကြပါတော့....ကျမအင်္ကျီကိုမချွတ်ပါနဲ့..."
Baekhyun လန့်သွား၍အနောက်ဖက်သို့အနည်း
ငယ်နောက်ဆုတ်လိုက်လေသည်..
"အနိုင်...အနိုင်ကျင့်ခံနေရတာလား.."
အထဲကမိန်းကလေး၏ အော်နေတဲ့အသံကြောင့်
Baekhyun ပင်အာခေါင်တွေခြောက်လာကာ
လက်တွေတဆက်ဆက်တုန်လာ၏..
အထဲကိုအနည်းငယ်ကြည့်၍မြင်နိုင်သောအပေါက်
သေးသေးလေးတစ်ခု တံခါးပေါက်တွင်ရှိလေသည်.
Baekhyun မျက်လုံးတစ်လုံးကိုမှိတ်ကာမျက်လုံး
တစ်လုံးဖြင့်သာအားယူပြီးကြည့်လိုက်တော့
အံ့အားသင့်မှုကြောင့် ပါးစပ်ကဟလျက်သား
ကြောက်ရွံမှုကြောင့် နှုတ်ခမ်းပါးလေးတွေက
တုန်နေပြီး မယုံသင်္ကာဖြစ်ပြီးလက်မခံချင်တာကြောင့် မျက်ရည်ကြည်တွေပါးပြင်ထက်လိမ့်ဆင်း
သွား၏..
ယောက်ျားလေးသုံးယောက်၏အလယ်တွင်အင်္ကျီ
မလုံမခြုံနဲ့ မိန်းကလေးတစ်ယောက်...
အရှေ့တည့်တည့်တွင် ဖုန်းတစ်လုံးဖြင့်မှတ်တမ်း တင်နေသော Kim Jongin...
ပြီးတော့..ပြီးတော့...Jong in ရဲအနောက်ထိုင်ခုံ
ပေါ်ကလူ...ထိုသူက...
"မင်းသိလား..
လူတစ်ယောက်ကိုအနိုင်ယူချင်ရင် အဲ့လူရဲ့အား
နည်းချက်ကိုရှာရတယ်..ဒီဗီဒီယိုကို ကျောင်း website ပေါ်တင်...မဟုတ်ဘူး..social Website မှာတင်လိုက်ရင်...မင်းဘဝကသိပ်လှပသွားမှာ..ဒါတောင်ငါ့လက်ဖျားနဲ့မင်းကိုလုံး
ဝမထိသေးရဘူးနော်...ငါ့ကိုထိဖို့မကြိုးစားနဲ့...
ထိရင် ငါမင်းကိုဘယ်လိုလုပ်မလဲဆိုတာမင်းခန့်မှန်း
ကြည့်ပေါ့.."
အဲ့အသံက မနက်က ကျတော့်ကို Baek လို့နူးနူး
ညံ့ခေါ်သွားတဲ့သူ မဟုတ်ဘူး..
Park chanyeol ဆိုးတာလက်ခံတယ်...
ဆိုးပဲဆိုးတာ မယုတ်မာတတ်ဘူး...
အဲ့တာ အခု လူမဆန်တဲ့အလုပ်တွေလုပ်နေတဲ့သူက
Park Chanyeol မဟုတ်ဘူး..မဟုတ်ဘူး..
Baekhyun ထိုအခန်းရှေ့မှာတင်ထိုင်ချလိုက်ကာ
နားကိုလက်ဖြင့်ပိတ် မျက်လူံးတို့ကိုစုံမှိတ်ကာ ခေါင်းကိုခါယမ်းမိ၏..
နှုတ်ဖျားမှလည်း..
"မဟုတ်ဘူး..Park Chanyeol မဟုတ်ဘူး..အဲ့တာ
သူမဟုတ်ဘူး..."
အခန်းတံခါးပွင့်လာပြီး ကြမ်းပြင်ထက်တွင်ဖင်ထိုင်
လျက်ငိုနေသော သူ့ကို အံ့သြစွာတုံ့လှုပ်စွာကြည့်ပြီး သူ့နာမည်ကိုစိုးရိမ်တစ်ကြီးခေါ်လိုက်တဲ့သူ..
"Baek...!..
မင်းဒီမှာဘာလုပ်နေတာလဲ.."
ခေါ်ပြန်ပြီ Baek တဲ့...မခေါ်နဲ့..အဲ့လိုအသံနဲ့..
Baek ထိုင်နေရာမှ ကုန်းရုန်းထားကာ
"မခေါ်နဲ့ငါ့ကို...လူယုတ်မာ...!"
အော်ဟစ်ပြီး ပြေးထွက်လာခဲ့၏...
ကျန်ခဲ့တဲ့ Chanyeol မျက်နှာကိုလှည့်မကြည့်ပါ..
မကြည့်ချင်ဘူး...သူ့မျက်နှာကို..
မကြားချင်ဘူး..သူ့အသံကို..
မချစ်ချင်ဘူး...သူ့ကို...
ငါမုန်းတာနဲ့ပဲထိုက်တန်တာ...ငါမချစ်သင့်ဘူး...
ဟုတ်တယ်..မင်းကိုမချစ်သင့်ဘူး...မင်းကအဆိပ်
ထက်ပြင်းတဲ့ ဗုံးတစ်လုံးပဲ..
Park chanyeol မင်းကိုငါသိပ်မုန်းတယ်..
လူမဆန်တဲ့မင်းကိုမုန်းတယ်..
_______________________
T.B.C
1704 words..
ဒီအပိုင်းကိုမရေးချင်ခဲ့ဘူး..
ဒါပေမယ့်ရေးမိသွားတယ်..
တောင်းပန်ပါတယ်😓