ကျွန်တော်ရဲ့ကောင်လေး [Complet...

By Kim_MIND

103K 6.9K 523

HunHan ( normal ) ဘဝမှာ နာကျည်းချက်နဲ့အတူ ပုံစံတကျ ရှင်သန်လာခဲ့တဲ့ tomboy လေး *xiao luhan* ရုပ်ရည် အော... More

{1}
2
3
4
5
6
7
8
9
10
11
12
13
14
16
17
.18
19
20
21
22
23
24
25
26
27
28
Ending ...
ကျေးဇူးတင်​လွှာ
EXTRA-1
EXTRA - 2
EXTRA- 3
AN
EXTRA-4
EXTRA-5 (Ending)

15

2.7K 225 41
By Kim_MIND

" ကျွန်တော်ရဲ့ကောင်လေး "


Part.15

su.      "lu. ဒီ​နေ့. အလုပ်​မသွားရဘူးလား"

Omma မေးလာတဲ့အခါ  Lu ဘယ်လိုဖြေရမှန်းမသိ။ Lu ရဲ့  အခက်အခဲကို omma  သိလို့လည်း မဖြစ်ပါ။

lu.    "   ဟို ဒီ​နေ့. မသွား​တာက
lu နားချင်​လိုပါ  "

ထိုအချိန်မှာပဲ baek ရောက်လာပြီး…

baek.   "ဘာနားမှာလဲ အပျင်းကြီးမ​နေနဲ့"

lu   . "ဟင်​ baek. ဘယ်​လို​ရောက်​လာတာလဲ "

baek.   " အန်​တီ su ကို နှုတ်​ဆက်​ရင်း နင့်​ကို ဝင်​​ခေါ်တာ​လေ "

lu. " ငါ. . . ငါ . . . မသွားဘူး "

baek        . "ဘာလို့လဲ ​နေမ​ကောင်းတဲ့ ပုံစံလည်း မဟုတ်​ပါဘူး ဒီ​နေ့. companyမှာ အ​ရေးကြီးတဲ့ပွဲရှိတယ်လေ နင်​မလိုက်​ဘူးလား "

Baek တစ်ယောက်နဲ့တော့ ခက်သည်။ သူမှ မလိုက်ချင်လို့  ညာဏ်ဆင်ကာ  အလုပ်နားထားသည်ကို   အတင်းလာခေါ်နေသည်။
ဘယ်လိုငြင်းရပါ့. . .

lu.             "အ​ရေးကြီးတဲ့ပွဲလဲ ငါမလာလို့ ဘာမှမဖြစ်​ဘူး ငါသွားလဲ ထူးပြီးစည်​ကားလာမှာ မဟုတ်​ဘူး နင်​သာ အ​ရေးကြီးတာ နင်​က. Company. မှာ အ​ရေးပါတဲ့သူလေ "

baek. ''ဘာပဲဖြစ်ဖြစ် လိုက်​ခဲ့ပါဟာ နင်​ကလည်း…    lu. လိုက်ခဲ့နော် "

lu.   "မလိုက်​ချင်​ဘူး မသွားဘူးဟာ "

baek.    "yah. Xiao. Luhan."

su.   " lu ရယ်​ အပန်းမကြီးရင်​ လိုက်​သွားလိုက်​ပါ baek က. ဒီ​လောက်​​ခေါ်​နေတာကို "

lu. "မသွားချင်​ဘူးဆိုမှ အတင်း​ခေါ်​နေတာ လိုက်​ခဲ့မယ်​ လိုက်​မယ်​ "

lu လည်းငြင်းမရတဲ့ အဆုံးလိုက်​ခဲ့ရ​တော့သည်​။

lu စိတ်​​တွေက ခုထိ ရှုပ်​​ထွေး​နေဆဲ
မ​နေက ဖြစ်​ခဲ့တာ အတွက် ဥက္ကဋ္ဌကြီးကိုလည်း မျက်နှာမပြရဲဘူး

အဲ့ပွဲကို သွားရင် သေချာပေါက် သူ့ appa ကိုလည်း တွေ့ရမယ် တစ်ခါ မသိဟန်ဆောင်ရအုံးမယ်

မလာပြန်ရင်လည်း sehun ကို အကြောင်းပြချက်ပေးရအုံးမည် ...

ဟို Gu jong min ဆိုတဲ့ လူကိုလည်း ထပ်မထပ်တွေ့ချင်ပါ။  တွေ့ခဲ့ရင်လည်း အတက်နိုင်ဆုံး ရှောင်ကွင်းသွားရအုံးမည်။ 
သူက ပြဿ နာအိုးကြီး ...မဟုတ်လား …။

baek က lu အတွက်ရော သူ့အတွက်ပါ
ပြင်ဆင်ထားသည်။

lu က ခြယ်သတာမျိုးလဲ မလုပ်တော့ …
baek ပြင်ဆင်ပြီးတဲ့ အထိ စောင့်နေလိုက်သည်။

1 hour later,

baek " lu ရေ သွားရအောင် ငါအဆင်သင့်ပဲ "

lu က ထိုင်ရာကမထဘဲ …

lu " baek ငါ မလိုက်လို့ မရဘူးလား "

baek   "  lu နင် ဘာဖြစ်နေတာလဲ
ဘာလို့ ဒီလောက်တောင်ငြင်းနေတာလဲ
မရဘူး လိုက်ခဲ့ "

နောက်ဆုံးတော့လည်း lu အရှုံးပေးပြီး လိုက်ခဲ့ရတော့သည် ...

                           •°•°•°•°•

Oh shin Hotel ရဲ့ ကြီးမား ခမ်းနားသော
ခန်းမကြီးအတွင်းမှာ အထက်တန်းလွှာမှ လုပ်ငန်းရှင်များဖြင့် စည်ကားလှသည်။

Oh shin ဥက္ကဋ္ဌကြီး ကိုယ်တိုင် တက်ရောက်သော ပွဲဖြစ်သည့်အတွက်
စည်းကားရုံမျှမက ဝတ်စားဆင်ယင်ထားတာတွေက အပြိုင်အဆိုင်။
နောက်ပြီး မိန်းခလေးတွေလည်း တစ်ယောက်တစ်မျိုး မတူအောင်ကို ပြင်ဆင်လာကြသည် ။

lu ခန်းမထဲ ရောက်တာနဲ့ အရင်ဆုံး sehun ကို ရှာနေမိသည်… ။

Sehun ကိုတော့ Lu  ရောက်လာကြောင်း အရိပ်မယောင်လေး  ပြရမယ်မို့လား …

baek က lu တစ်ယောက် sehun ကို ရှာနေတယ်ဆိုတာ သိတော့ …

baek    "  lu hun ကို ရှာနေတာလား"

lu     "မရှာပါဘူး "

lu ငြင်းပေမယ့် baek က သိတာမို့ hun ရှိတဲ့နေရာကို ညွှန်လိုက်သည်…။

baek " ဟိုမှာလေ hun တွေ့လား "

baek ညွှန်ရာကြည့်လိုက်တော့ မိန်းခလေးတွေ ဝိုင်းအုံနေတဲ့ ကြားက hun ခေါင်းလေးကိုသာ မြင်ရသည်…

lu မျက်နှာက အလိုမကျတဲ့ ပုံရိပ်လေးသန်းလာကာ…

lu "ဘာလို့ သူ့နားမှာမိန်းခလေးတွေ အများကြီး ဝိုင်းနေတာလဲ အကုန်လုံးကလည်း အချောအလှတွေချည်းပဲ"

baek " lu ရယ် နင်ဒါလေးတောင်မသိဘူးလား ဒီပွဲက သမက်ဖမ်းပွဲလေ "

lu    " သမက်ဖမ်းပွဲ ဟုတ်လား "

lu က နားမလည်သလိုမေးတော့…

baek " Sehun က ဒီပွဲမှာ မင်းသားပဲ
Oh shin ရဲ့ CEO sehun ဆိုတာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေ
လုပ်ငန်းရှင်တွေ နဲ့ သူဌေးကတော်တွေက သူတို့ သမီးချောတွေကို ပွဲထုတ်ထားတာ
အားလုံးက …
Oh shin နဲ့ ခမည်းခမက် တော်ချင်ကြသူတွေချည်းပဲ အဲ့ဒါကြောင့် သူတို့ သမီးတွေကို hun အနားကို မရောက်ရောက်အောင် တွန်းပို့နေကြတာ
နင် အများကြီး ကံကောင်းတာ lu ရဲ့
သူတို့တောင် အနားမကပ်နိုင်တဲ့ sehun ဘေးနားကို နင်က နေခွင့်ရနေတာလေ "

baek ပြောလိုက်မှ lu နားလည်သွားသလို ရီလည်း ရီချင်မိသည်။

ကံဆိုးမှု့တွေကြားက  သူ့ဘဝဟာ  ဒီလို ကံကောင်းမှု့ဆိုတာ ရှိသတဲ့လား …
Sehun ဘေးမှာ  ရှိနေတာကရော ဘာကြောင့် ကံကောင်းမှု့ ဖြစ်ရတာလဲ

ဒါပေမယ့် Lu  လက်ခံနိုင်ပါသည်။ ပြန်တွေးကြည့်ရင် Sehun ရဲ့ အကူအညီကြောင့်သာ … အဆင်ပြေပြေနေရတာပဲမလား …

baek " အခွင့်အရေးဆိုတာ ၂ ခါမရဘူး lu ရဲ့ hun က နင့်အပေါ်မှာ ဒီလောက် အလေးထားတာ နင်ရော hun နဲ့ ပတ်သတ်ပြီး တစ်ခုခု မခံစားရဘူးလား"

baek မေးတဲ့ မေးခွန်းကို lu ပြန်မဖြေနိုင်ပါ။
သူမှာ ပြန်ဖြေဖို့ အဖြေရှိမနေ။
ပြန်တွေးကြည့်ရင် အဆင်ပြေတာ တစ်ခုမှ မရှိတဲ့ နေ့ရက်တွေအတွက် ကြိုးစား ရှင်သန်နေရတာမို့ hun နဲ့အတူ ရှိခဲ့တဲ့ အချိန်တွေမှာ ဘာတွေ ခံစားရလဲ hun အပေါ်ထားတဲ့ သူ့ရဲ့ စိတ်ကရော ဘယ်လောက်ထိ လေးနက်လဲ
ဒါတွေကို သူကိုယ်တိုင်တောင် မသဲကွဲဘူး
အလေးအနက်ထားပြီး တွေးတောင် မတွေးကြည့်ခဲ့ဖူးဘူး။

baek   "  yah lu ဘာတွေ တွေးနေတာလဲ sehun ကို သွားနှုတ်ဆက်လိုက်အုံးလေ ငါပြင်ဆင် စရာလေး ရှိသေးလို့ ခဏ သွားလိုက်အုံးမယ် "

baek က အလုပ်ကိစ္စနဲ့ ထွက်သွားတော့ lu တစ်ယောက်တည်းဖြစ်နေခဲ့သည် ။

lu လည်တိုင်လေးကို ဆန့်ပြီး sehun ကို လှမ်းကြည့်ပေမယ့် hun က lu ကို မမြင်ပါ။
ဖြစ်နိုင်သည်လေ … သူက  မိန်းမလှတွေ  အများကြီးကြားမှာ ဆိုတော့  Lu ကို  ဘယ်မြင်ပါ့မလဲ…

lu လည်း မျက်စိရှုပ်တာရော စိတ်ရှုပ်တာရောကြောင့် ထိုနေရာမှ ထွက်လာခဲ့လိုက်ပြီး
Hotel ရဲ့ အပြင်က ရေကူးကန်လေးနားကို လျှောက်လာခဲ့သည်။

ရေတွေကိုမြင်တော့ luစိတ်တွေ အနည်းငယ် ကြည်လင်လာသလို ခံစားရသည် ။
ရေကန်စပ်လေးမှာ
ဖိနပ်ကို ချွတ်လိုက်ပြီး သူ့ရဲ့ခြေချောင်းလေးတွေနဲ့ ရေလေးတွေဆော့နေလိုက်သည်။

ထိုအချိန် အနားကို ရောက်လာတာက...

GJM      " ဟိတ် ကောင်လေး အာ. . . မဟုတ်ဘူး ကောင်မလေး
တစ်ယောက်တည်းလား ??  "

lu ထိုလူကိုမြင်တော့ ဘာမှ ပြန်မဖြေဘဲ ရှောင်ထွက်သွားဖို့လုပ်ပေမယ့် …

GJM " ဘာလဲ sehun မဟုတ်လို့ အရေးမစိုက်တာလား မင်း သူ့ကို မျှော်လင့်မနေနဲ့ မင်းလို ဟိုမရောက် ဒီမရောက်ကို sehun က စိတ်ဝင်စားမှာမဟုတ်ဘူး "

သူ့ရဲ့ ခနဲ့တဲ့တဲ့ စကားကြောင့် lu ဒေါသထွက်လာကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည် ...။

lu ရဲ့ ပုံစံကို ကြည့်ုပြီး… ထိုလူက  လှောင်ပြုံးပြုံးသည်။

GJM    " မနေ့က မြေကိစ္စမှာ kris က
လက်ဦးသွားတယ် "

lu " အဲ့ဒါ ကျနော်နဲ့ ဘာဆိုင်လဲ "

GJM " ဆိုင်တာပေါ့ သူက မင်းအဖေလေ ဒီကိစ္စ အတွက် ငါလုံးဝ ကျေနပ်တာမဟုတ်ဘူး "

lu " မကျေနပ်လည်း လဲသေလိုက် !
မဆိုင်တာတွေ လာမပြောနဲ့ ခင်ဗျားဘာသာ အဖြစ်မရှိလို့ ရှုံးတဲ့ ကိစ္စ
ကျနော်က ဘာလုပ်ရမှာလဲ "

GJMv    " yah X I A O…  L U H A N "

ထိုလူရဲ့ မျက်လုံးထဲမှာ ဒေါသအခိုးတွေ နဲ့ lu နာမည်ကို ရေရွတ်ရင်း အနားသို့ တဖြေးဖြေးကပ်လာတော့
lu ခြေလှမ်းတွေ လည်းနောက်သို့ တရွေ့ရွေ့ ဆုတ်ရင်း …v

ရေကန် အစွန်းသို့ရောက်လာသည်။

lu က ထိုလူကို တွန်းဖို့ကြံလိုက်ပေမယ့်
သူက အရင် တွန်းလိုက်တာကြောင့်
lu ခန္ဓာကိုယ်လေးက ဟန်ချက်မထိန်းနိုင်လောက်အောင်ပင်  ရေကန်ထဲသို့…

" ဗွမ်း "  ခနဲ။

" ဟား ဟား "

ထို လူက သဘောကျစွာ ဟားတိုက် ရီတော့သည်။

lu တစ်ကိုယ်လုံး ရေတွေ ရွှဲစိုကုန်သည်
lu က ရေကန်ထဲနေ ပြန်တက်မလာသေးဘဲ ထိုလူမျက်နှာကို
တည့်တည့်ကြည့်လိုက်ပြီး…

lu    " ခင်ဗျား . . . . . လူ 'ယုတ်' မာ "

ထိုလူက ရေကန်စပ်ကနေ lu ကို လက်လှမ်းပေးရင်း…

GJM " အားနွဲ့တဲ့ မိန်းခလေးတစ်ယောက်ကို ဒီလို မလုပ်သင့်ဘူး sorry . . ဒါပေမယ့်
no problem ပါ အများအမြင်မှာ မင်းက ကောင်လေး တစ်ယောက်ပဲဟာ "

lu ဒေါသလည်းထွက် ရှက်လည်းရှက်သည် ။
ထိုလူ့ကို   မုန်းသည်။ စူးစူးနစ်နစ်ကို  မုန်းသည်။ ရွံသည်။

lu   " Gu jong min ခင်ဗျား မှတ်ထား ဒီလုပ်ရပ်အတွက် ခင်ဗျားတစ်နေ့ နောင်တ ရစေရမယ် "

luက အဲ့လိုပြောတော့ သူက လှောင်ပြုံးပြုံးကာ …

GJM   " မင်းလို ဟိုမရောက် ဒီမရောက်က ဘာလုပ်နိုင်မှာမို့လဲ စောင့်ကြည့်ရသေးတာပေါ့ "

lu က သူပေးတဲ့လက်ကို မဆွဲဘဲ တစ်ယောက်တည်း ရအောင် တက်လာခဲ့သည်။

lu ခန္ဓာကိုယ်က ရေတွေကြောင့် ဝတ်ထားတဲ့ ရှပ် အပွလေးက
ကိုယ်မှာ ကပ်ချပ်နေသည် ။

ဆံစ လေးတွေမှာလည်း ရေစက်လေးတွေက တွဲခိုလျက် တစ်စက်စက် ကျနေသည်
ခြယ်သထားခြင်း မရှိတဲ့ မျက်နှာလေးမှာလည်း ရေစက်လေးတွေက နေရာ ယူထားသည့်
lu ရဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးက အထင်းသားပေါ်လွင်နေတာမို့
lu လည်း သူ့ရှေ့မှာ ရပ်မနေတော့ဘဲ ရှက်ရှက်နဲ့ ထွက်လာမိသည် ။

ထိုအချိန် လူတွေ အားလုံးက အခမ်းအနားထဲမှာမို့ ရေကန်နားလေးမှာလည်း
လူရှင်းနေသည် ။

lu ကံကောင်းတာက ထိုအချိန်မှာပဲ baek ရောက်လာပြီး …

baek " lu ရယ် ရှာလိုက်ရတာ  တစ်ကိုယ်လုံးလည်း ရေတွေ ရွှဲနေတာပဲ"

baek က သူ့ အပေါ်ဝတ် ကုတ်လေးကို lu ကိုယ်ပေါ်ကို ထပ်ခြုံ ပေးလိုက်သည်။

baek "ဘယ်လိုဖြစ်တာလဲ   စိတ်ပူလိုက်ရတာ
လာ…  ခုတော့ အိမ်ပြန်ရအောင် "

lu " ဒီချိန် ပွဲစနေပြီလေ "

baek " အဲ့ဒါက အရေးမကြီးဘူး နင်က ပိုအရေးကြီးတယ် နေမကောင်းဖြစ်နေမှ ဖြင့် "

Baek ဆွဲခေါ်ရာနောက် လိုက်ပါလာရင်း
Lu ဆုတောင်းနေမိတာက  Sehun ဒီအဖြစ်အပျက်တွေကို မသိပါစေနှင့်  ဟူ၍။

ဒါပေမယ့် …

Lu တို့  မမြင်နိုင်တဲ့ တစ်နေရာမှာ မယုံကြည်နိုင်ခြင်းများစွာဖြင့် … အံ့သြမှင်သက်နေခဲ့သူ
တစ်ယောက်  ရှိနေခဲ့လျက်… … …

သူသာ  Oh Sehun ဖြစ်နေခဲ့လျှင် …
Lu ဆုတောင်းက  ပြည့်နိုင်ပါတော့မလား …



•••••••°°°°°°°••••••••°°°°°°°°•••••••°°°°°°°°••••••

continue. .next epi 😊

20, 10 .2016
.....................Thankyou........................

Continue Reading

You'll Also Like

429K 12.9K 95
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
151K 6.8K 19
❝In my entire life, I've seen more dead people than living.❞ ❝I will kill you and when you come back as a ghost, I will kill you again.❞ In...
18.9K 1.1K 13
(Zaw kyi) ကောင်မလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်လေးပါ😛 first timeမလို့အမှားပါရင်ခွင့်လွှတ်ကြပါ (Unicode) ကောင်မလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်လေးပါ😛 first time...
98.3K 1.3K 42
ဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင...