" ကျွန်တော်ရဲ့ကောင်လေး"
lu ဆေးရုံသို့ လာသည့်တစ်ချိန်လုံး…
စိတ်ထဲမှာတော့ hun ဘာကြောင့် သူ့ကို စကားမပြောလဲ ဘာဖြစ်လို့လဲ ဆိုတဲ့
မေးခွန်းတွေနဲ့ ပြည့်နေသည်။
lu တစ်လှမ်းချင်း လျှောက်လာခိုက်…
girl "ဟို ဒီမှာ ရှင့် သန့်စင်ခန်း ဘယ်နားလေးရှိလဲမသိလို့ ပြောပြပါလား"
lu "ဟို ကျနော် ထင်တာ . . . အော် ဒီလမ်းအတိုင်း သွားလိုက်ပါ "
lu လည်း သန့်စင်ခန်း ရှိတဲ့ ဘက်ကို ညွှန်ပြလိုက်တော့…
girl " arr . . ကျေးဇူးပါ "
lu လှည့်အထွက် …
'အ'
girl " ဟို ရှင့်ခေါင်းပေါ်မှာ အမှိုက်ကပ်နေလို့ပါ "
lu " arr … Nae "
lu ခေါင်းလေးကို ပွတ်သပ်ရင်း ပြန်လှည့်ကြည့်တော့
ထို မိန်းခလေးက ချာခနဲ လှည့်ထွက်သွားသည်…။
ထိုမိန်းခလေးက သူမရဲ့ ဆံပင်ကို ဆွဲလိုက်သလို ခံစားလိုက်ရတာ အမှန်။
ဆေးရုံအခန်းထဲ ရောက်တော့
suho က xiu လက်ကိုတွဲပြီး လမ်းလျှောက်နေတာကို lu တွေ့ရတော့
အံ့သြသွားပြီး…
lu "omma. omma ခြေထောက်က"
xiu "ဟုတ်တယ် lu ရဲ့ အန်တီ su ခြေထောက်က သက်သာနေပြီ နောက် အပတ်လောက်ဆို ကောင်းကောင်းလျှောက်နိုင်တော့မှာ
အဲ့ခါကျရင် နှလုံးလည်း ခွဲစိတ်ကုသလို့ရပြီတဲ့ "
lu "ဟုတ်လား omma … ဝှါးး ပျော်လိုက်တာ lu အရမ်းပျော်တာပဲ
ဒါဆို မြန်မြန်နေကောင်းတော့မှာပေါ့ "
su " ဒါနဲ့ lu အိမ်လခ ပေးပြီးပြီလား "
lu ဘာဖြေရမှန်းမသိတော့ suho ကို ခုထိ အိမ်ပြောင်းထားတဲ့အကြောင်းမပြောရသေးပါ။
lu "ဟို lu ပေးပြီးသွားပြီ omma "
lu လိမ်လိုက်မိသည် ။ မတတ်နိုင်ပါ …
omma ဆဆးရုံက ဆင်းမှသာ အားလုံးရှင်းပြတော့မည်။
su "သြော်… အေးပါ
ဟို သားလေးတောင်မလာဘူးနော်"
xiu "C.E.O ကိုပြောတာလား အန်တီsu "
su " C.E.O ? "
suho က မသိလို့ ပြန်မေးတော့ xiu ရိမ်မိလိုက်သည်။
lu ခုထိ မပြောရသေးပုံပဲ…
xiu "အန်တီ su ကို ကားနဲ့ တိုက်မိတဲ့သူက Oh shin company ရဲ့ C.E.O ပါ xiu အလုပ်လုပ်တဲ့ hotel ပိုင်ရှင်လေ "
su " ငယ်ငယ်ရွယ်ရွယ် နဲ့ တော်လိုက်တာ အန်တီလဲ အဲ့လို သားမျိုးလေးတစ်ယောက်တော့ လိုချင်မိတယ် "
xiu က lu ကို နောက်ကလိုက်လာခဲ့ဆိုတဲ့ သဘောနဲ့ မျက်ရိပ်မျက်ကဲ ပြလိုက်သည်။
ဆေးရုံဝန်းထဲမှာတော့…
xiu " lu နင်ခုထိ အန်တီ Su ကို ဘာမှမပြောရသေးဘူးလား နောက်ပြီး နင်အိမ်ပြောင်းတာ ဘာလို့ မပြောတာလဲ '
lu "ငါ omma စိတ်ထိခိုက်မှာ စိုးလို့ မပြောတာ "
xiu " lu နင်ခု ဘယ်မှာနေလဲ "
lu " ငါအခု sehun တို့ ခြံထဲမှာ နေတာ ငါအားလုံးပြောပြပါ့မယ် ဒီလိုပါ . . . . . . . . . . . . . . . . . . . "
lu အဖြစ်အပျက်အားလုံးကို ပြောပြလိုက်သည်။ xiu အပေါ် ဘယ်တုန်းကမှလည်း မထိမ်ချန်ဖူးဘူးပါ။
xiu က lu အပေါ် နားလည်ပေးပြီး
အမြဲ အားပေးတဲ့ သူငယ်ချင်းကောင်းတစ်ယောက်မို့ Lu အားကိုးယုံကြည်စွာ ဖွင့်ပြောလိုက်သည်။
xiu " ဆေးရုံက ဆင်းရင်တော့ အန်တီကို အားလုံးပြောပြလိုက်ပါ အန်တီ စိတ်မကောင်းဖြစ်လိမ့်မယ် "
lu " စိတ်ချပါ ငါပြောပြမှာပါ "
•°•°•°•
ညရောက်တော့…
lu ဘယ်လိုပဲ အိပ်ပျော်အောင် ကြိုးစားကြိုးစား စိတ်က sehun ဆီရောက်နေတော့သည်။
Sehun ဒီနေ့ညလဲ ထပ်သောက်နေမှာစိုးသည်။
အရင်ရက်ကလည်း နေမကောင်းတာမို့ ထပ်သာ သောက်နေမယ်ဆိုရင်… …မနက် company သွားနိုင်ပါ့မလားပင်။
ဆေးရုံအခန်းထဲက ဆိုဖာကျဉ်းကျဉ်းလေးပေါ်မှာ ခေါင်းက ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ ဂဏာမငြိမ် ဖြစ်နေတော့ …
su "lu ဘာဖြစ်နေတာလဲ အိပ်မပျော်ဘူးလား "
lu " omma ဒီည ကျနော် အိမ်ပြန်အိပ်မယ်နော် ဟို မနက်ကျ အလုပ်စောသွားရမှာမို့ "
su " aww ပြန်အိပ်လေ ဂရုစိုက်ပြန် ညဥ့်နက်နေပြီ "
lu " nae "
lu ဆေးရုံကနေ အိမ်ကိုတန်းပြေးတော့သည်။
°•°•°•°•
အိမ်ရောက်တော့ …
တစ်အိမ်လုံးက မှောင်မည်းနေသည်။
lu စိုးရိမ်ပြီး sehun အခန်းကို တန်းသွားတော့ …
sehun က မရှိပြန်ဘူး။
lu အိမ်ထဲ လှည့်ပတ်ရှာတော့ စာဖတ်ခန်းထဲမှာ အိပ်ပျော်နေတာကိုတွေ့ရသည်။
အဲ့တော့မှပဲ lu လည်း သက်ပြင်းချနိုင်တော့သည်။
ထိုနေ့ညက ဆေးရုံပြန်မသွားဘဲ အိမ်လေးဆီမှာပဲ ပြန်အိပ်လိုက်သည်။
°•°•°•°•
မနက်ပိုင်း…
အိပ်ယာထ နောက်ကျ သွားတဲ့အတွက် Lu မှာ မနက်စာစားဖို့ အမြန်ပြင်ဆင်နေရသည်။
ထိုအချိန် sehun ထွက်လာတော့…
lu " sehun shi မနက်စာ စားလို့ရပြီ "
sehun ရဲ့ company သွားမယ့်ပုံစံကို မြင်တော့…
lu "company သွားတော့မှာလား"
sehun က lu မေးတာကို ဂရုမစိုက်ပဲ ထွက်သွားသည် …
lu က sehun နောက်ကနေချက်ချင်းလိုက်လာကာ …
lu "sehun shi ကျနော့ကို ဘာလို့ စကားပြန်မပြောတာလဲ ကျနော် အမှားတစ်ခုခု လုပ်မိလို့လား "
lu က hun လက်ကို လှမ်းဆွဲထားပြီး ပြောလိုက်တာကို hun က ဆွဲထားတဲ့လက်ကို ဖြုတ်ချပြီး
ကားမောင်းကာ ထွက်သွားသည်။
lu နားမလည်နိုင်သလို ဒေါသလည်း ထွက်လာမိသည်။
lu " sehun shi . . .
yah. . . OH SEHUN "
စိတ်တိုတိုနဲ့ အသံကုန် အော်ခေါ်ပစ်လိုက်သည်။
ဘာကို စိတ်ခု နေသလဲ မသိရဘဲ လစ်လျူရှု့ခံနေရသည်ကို Lu မခံနိုင်။
ကိုယ်အမှား ရှိနေလျှင်လည်း … ပွင့်ပွင့်လင်းလင်းပြောသင့်သည်မလား …။
lu taxi နဲ့ပဲ company ကို လာခဲ့ရသည်။
တစ်နေ့လုံးလည်း စကားမပြောဖြစ်ကြ။
ထိုသို့ နှစ်ဦးသားကြား တိတ်ဆိတ်နေခဲ့သည့်ရက်မှာ တစ်ရက် နှစ်ရက် မက ကြာလာတော့…
ဘေးကနေ ရိပ်မိနေပြီ ဖြစ်သည့် Juju က မေးလာတော့သည်။
juju "lu C.E.O နဲ့ တစ်ခုခု ဖြစ်ထားသလား "
lu "ဟင် "
juju "juju ကို လိမ်ဖို့မကြိုးစားပါနဲ့ lu
C.E.O က lu company ကို ရောက်လာတဲ့ ရက်အတွင်းမှာ အတော်ပြောင်းလဲနေတာ
ပုံမှန်ဆို C.E.O က အရီအပြုံး သိပ်မရှိဘူး ခပ်တည်တည်ပဲ
ဒါပေမယ့် lu ရောက်လာပြီးတဲ့နောက် C.E.O ရဲ့ အပြုံးတွေကို မြင်ရတယ် နောက်ပြီး ခုလို စိတ်ဆိုး ဒေါသ ထွက်နေတဲ့ မျက်နှာကိုလည်း ခုမှ မြင်ဖူးတာ … '"
lu "ဟုတ်လား . .။
မသိပါဘူး ကျနော့် အပေါ် ဘာတွေ စိတ်ဆိုးနေတာလဲဆိုတာ ရုံးဆင်းတဲ့ ညနေကတည်းက စကားမပြောတော့တာ
ခုချိန်ထိပဲ
ကျနော်လည်း နားမလည်တော့ဘူး
မေးလို့လဲ မရဘူး"
ထိုအချိန် lu ဆီ ph ဝင်လာသည်။
lu ph ကိုင်လိုက်တော့ တစ်ဖတ်က ကြားရတဲ့ အသံကြောင့်…
lu "Nae ! kai shi ကျနော် ခု လာခဲ့ပါ့မယ်"
Ph ပြောပြီးပြီး ချင်းမှာပဲ Company ရုံးခန်းထဲကနေ အမြန် ပြေးထွက်သွားသည် …။
to be continued …
~~~~~~~~~~~~~~~~~~~~~~~~~~~
Happy Xing day .🎂🎂🎂🎁🎁🎁
7.10.16
~~~~~~~~~~~Thankyou~~~~~~~~~~