မောင်​​စေညွှန်​ရာ....

By KrishunExol4

106K 5.5K 109

KaiSooအိမ်​​ထောင်​​ရေးဇာတ်​လမ်း​လေးပါ... More

မောင်​​စေညွှန်​ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
မောင်စေညွှန်ရာ...
ကြေငြာပြဇေ...
DiKa🖤

မောင်စေညွှန်ရာ...

3.6K 242 11
By KrishunExol4

မောင်စေညွှန်ရာ...
episode-17
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔

Soo::ဖေဖေ

Kris::မင်းနဲ့ငါစကားပြောချင်တယ်

Kai::ကျွန်တော့်ကိုလား

Kris::ဟုတ်တယ် ငါ့နောက်လိုက်ခဲ့

Soo::ဖေဖေ

Kris::နင့်ပါးစပ်ပိတ်ထားSoo ပြီးမှနင်နဲ့ငါစာရင်း
ရှင်းမယ်။ ဟေ့ကောင် လိုက်ခဲ့။

Kai::Ok

Soo::မောင်

လက်အားလှမ်းဆွဲကာ စိုးရိမ်ရိပ်ဖုံးလွှမ်းနေသည့်
မျက်ဝန်းများဖြင့် ကြည့်နေသည့်Sooလက်အား
ဖြုတ်ချလိုက်ပြီး Wu Yi Fanဆိုတဲ့ လူကြီးနောက်
သို့ လိုက်လာခဲ့သည်။

ကျောပေးကာရပ်နေသည့် ထိုလူကြီး၏နောက်
ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီးး

Kai::ကျွန်တော့်ကိုပြောမယ်ဆိုတာက

Kris::ငါ့သမီးကို ကွာရှင်းပေးပါ။

တိကျပြတ်သားစွာ ထွက်ပေါ်လာသည့်
ထိုလူကြီး၏စကားအား ကျွန်တော်မတုံ့ပြန်မိ။

လိုမှမလိုအပ်တာပဲလေ။
အစကတည်းကလမ်းခွဲဖို့ ကွာရှင်းပေးဖို့
Sooကို လက်ထပ်ခဲ့တာမှ မဟုတ်တာ။

Kris::ငါ့သမီးကို ကွာပေးဖို့အတွက် မင်းပိုက်ဆံ
ဘယ်လောက်လိုချင်လဲ?

Kai::ပိုက်ဆံ

အဟက် ခင်ဗျားငွေစကား တော်တော်ပြောတာပဲ
Wu Yi Fan!!

Kris::ဟုတ်တယ်။ ဘယ်လောက်လဲ?
ဘယ်အတိုင်းအတာအထိ လိုချင်လဲ??

မဲ့ပြုံးလေးတစ်ချက် ဖန်တီးလိုက်ပြီး ထိုလူကြီး
အား တည့်တည့်စိုက်ကြည့်လိုက်သည်။

Kai::ဘယ်လောက်ထင်လဲ? ခင်ဗျားသမီးက
ဘယ်လောက်တန်တယ်လို့ ခင်ဗျားထင်လဲ?

Kris::အဟက် ငါ့သမီးက ငါ့ပိုင်ဆိုင်သမျှအရာ
အားလုံးနဲ့ဖော်မပြနိုင်လောက်အောင် ငါ့အတွက်
အဖိုးတန်တဲ့ အရာပဲ။

Kai::ကောင်းပြီ။ အဲ့လောက်အဖိုးတန်တဲ့
ခင်ဗျားသမီးကို ကွာပေးဖို့ ကျွန်တော့်အတွက်
ခင်ဗျားသမီးနဲ့တန်တဲ့ ငွေကြေးအတိုင်းအတာ
တစ်ခုတော့ လိုတာပေါ့။

Kris::ငါမင်းကိုပြောပြီးပြီလေ။ ဘယ်လောက်လို
ချင်လည်းသာပြော။

Kai::ကျွန်တော်ပြောစရာ မလိုပါဘူး။ ခင်ဗျားသမီးကို
ခင်ဗျားဘာသာပဲ ဈေးဖြတ်ပေါ့။

Kris::ဘာ မင်းစကားကိုဆင်ခြင်ပြောစမ်း Kim Jong In
ဈေးဖြတ်ရအောင် ငါ့သမီးက ဈေးဗန်းပေါ်တင်ထားတဲ့
ဟင်းရွက်ကန်စွန်း မဟုတ်ဘူး။

Kai::ဟားဟားးဟုတ်လား? မသိပါဘူး။ ခင်ဗျားက
ဈေးစကားပြောနေတော့ ကျွန်တော်ကလမ်းဘေးက
ဟင်းရွက်ကန်စွန်းထင်လို့ ဟားဟား။

Kris::Kim Jong In မင်း မင်း ခွေးစကားမပြောနဲ့။

Kai::ခွေးစကားးခင်ဗျားနားလည်တယ် မဟုတ်လား?
ဒါဆိုခင်ဗျားလည်း ကျွန်တော်နဲ့အတူတူပဲပေါ့။

Kris::မင်းးရိုင်းလှချည်လား Kim Jong In!!

Kai::အခုမှသိတာလား? Kim Jong Inရိုင်းဆိုင်း
တယ်ဆိုတာ။

Kris::ဒါပေါ့လေ မင်းလိုအောက်တန်းစားမျို.းက
ရိုင်းဆိုင်းတယ်ဆိုတာ မဆန်းပါဘူး။ ဟွန့် စည်း
ကမ်းဆိုတဲ့ မသိတဲ့မိဘတွေရဲ့ အုပ်ထိန်းမှုအောက်
မှာ ကြီးပြင်းလာတာပဲ။ ဒီလောက်တော့ရှိမှာပေါ့။

ခနဲ့တဲ့တဲ့ပြောနေသည့် ထိုလူကြီးစကားက
ကျွန်တော့်ရဲ့ဒေါသတွေကို လောင်မြိုက်စေတယ်။

ကျွန်တော့်ကိုကြိုက်သလို ပြောသွားလိုက်
မကျေနပ်ရင် ပါးရိုက်သွားမလား ရသေးတယ်။

ကျွန်တော့်မိဘတွေတော့ လာမစော်ကားနဲ့
ကျွန်တော်ဆ်ုတဲ့ကောင်က သည်းခံမှာမဟုတ်ဘူး။

မတ်မတ်ရပ်နေသည့် ထိုလူကြီး၏အကျီင်္ကော်လံစ
အား ဆောင့်ဆွဲလိုက်သည်နှင့် ရန်လိုနေသည့်
ခပ်စူးစူးအကြည့်နှစ်ခုက စီးချင်းပြိုင်နေကြသည်။

Kai::ခင်ဗျားလိုလူမျို.းကို သတ်ပစ်လို့တောင်ရတယ်
Wu Yi Fan!! ကျူ.ပ်ခြံထဲလာပြီး ဂန်ကျယ်မနေနဲ့။
Kim Jong Inဆိုတဲ့ကောင်က အဖေအရွယ်လည်း
နားလည်မှာမဟုတ်ဘူး။

Kris::ကြောက်တတ်ရင် ငါဒီအထိရောက်မလာဘူး
Kim Jong In!!

Kai::ခင်ဗျားး

ထိုးရန်ချိန်ရွယ်လိုက်သည့် လက်သီးတစ်ဖက်က
လက်တစ်စုံ၏ ထိန်းချူ.ပ်မှုကြောင့် လေထဲမှာပင်
ရပ်တန့်သွားသည်။

Yeol::တော်စမ်းJong In!! နင့်လက်ကိုအခုချက်ချင်း
ရုတ်သိမ်းပြီး သူ့ကိုကိုင်ထားတာလွှတ်လိုက်။

Awwဘယ်သူများလဲလို့ မွေးသမိခင်ကျေးဇူးရှင်ကြီးကိုး။

ချက်ချင်းလွှတ်လိုက် ဟုတ်လား?
အဟက် ဘာလဲ? အမေ့လူကြီးထိမှာတော့
သေမလောက်ကြောက်တတ်ပါလား မွေးအမေရယ်။

မလွှတ်ဘူး။ ဒီလိုပုံစံမျို.းနဲ့ ကျွန်တော်ဘယ်တော့မှ
မလွှတ်ပေးဘူး။

ဆုတ်ကိုင်ထားသည့် လက်အစုံက အကြောများ
ထောင်သွားသည်အထိ တင်းကျပ်စွာဆုတ်ကိုင်
လိုက်သည်နှင့်တပြိုင်နက် ဘာကြောင့်ရယ်မှန်းမသိတဲ့
လက်ဝါးတစ်စုံက ကျွန်တော့်ပါးပေါ်ကျလာသည်။

Kai::အ အမေ

ကျွန်တော်မယုံနိုင်ဘူး။ ဒီလူကြီးးဒီလူကြီးအတွက်နဲ့
အမေက ကျွန်တော့်ပါးကို ရိုက်တယ်။

Kai::အမေ အမေ ဒီ ဒီလူကြီးကြောင့် ကျွန်တော်
ကျွန်တော့်ကို ရိုက်တယ်။

Yeol::ဟုတ်တယ်။ ရိုက်တယ်။ ငါ့စကားနားမထောင်
တဲ့ ငါ့သားကိုငါဆုံးမလိုက်တာ။

Kai::ဆုံးမတာ!! ဘာလဲ? အမေ့ရည်းစားဟောင်းကြီး
အားရအောင် သားအရင်းကို ပါးရိုက်တာ ဒါဆုံးမတာလား?

Yeol::နင့်ပါးစပ်ပိတ်လိုက်တော့ Jong In
မဟုတ်ရင် ငါထပ်ပြီးရိုက်မိလိမ့်မယ်။

Kai::ရိုက်မယ်ဟုတ်လား? ရိုက်လိုက်လေ

အမေ့ရှေ့သို့ ပါးထိုးပေးလိုက်ပြီးးး

Kai::ရိုက်မယ်ဆို ထပ်ရိုက်လိုက်လေ။ ရည်းစားဟောင်း
အားရအောင် ရိုက်လိုက်စမ်းပါ။

Yeol::Kim Jong In!!

ကျွန်မဒေါသတကြီး အော်လိုက်မိတယ်။

နင်နားမလည်ဘူး။ ငါ့မေတ္တာကိုနင်မသိဘူးJong In!!
နင့်ကိုရိုက်လိုက်လို့ ငါသိပ်ပျော်သွားတယ် နင်ထင်လား?

ငါ့သားးငါ့ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့ငါ့သားလေးကို
ရိုက်လိုက်ရလို့ ငါရင်ထဲမှာ သေအောင်နာကျင်ရတယ်။

ငါဘာလို့အဲ့လိုလုပ်သလဲ? နင်မှားမှာဆိုလို့
နောင်တတွေနဲ့ တသတ်လုံးနာကျင်နေမှာစိုးလို့။

Yeol::သွားးးနင်ထွက်သွားးးငါ့မျက်စိရှေ့ကထွက်သွား

Kai::သွားမှာပါ။ အမေတို့နှစ်ယောက် အလွမ်းသယ်ဖို့
အတွက် ကျွန်တော့်ကိုခွေးတစ်ကောင်လို မောင်းထုတ်
နေစရာမလိုပါဘူး။

ပါးပြင်ပေါ် လိမ့်ဆင်းလာသည့် မျက်ရည်စတွေအား
ခပ်ကြမ်းကြမ်း ပုတ်ထုတ်ကာ အံကိုတင်းတင်းကြိတ်
ပြီး ထိုနေရာမှထွက်လာခဲ့သည်။

နာကျင်တယ်။ အမေနဲ့ပတ်သတ်ပြီး ဒီတစ်ခါနာကျင်
ရတဲ့ နာကျင်မှုက အဆိုးရွားဆုံးပဲ...။

Jong Inထွက်သွားမှ မောင့်မျက်နှာအား
စေ့စေစိုက်ကြည့်လိုက်ပြီးးး

Yeol::ရှင်ဘာလာလုပ်တာလဲ Wu Yi Fan!

Kris::ငါ့သမီးငါလာခေါ်တာ

Yeol::ရှင့်သမီးလာခေါ်တာနဲ့ ပတ်သတ်ပြီး
ကျွန်မသားကို ပက်ပက်စက်စက်ပြောစရာ
တော့မလိုဘူးထင်တယ်။

Kris::အဟက် မင်းသားလိုအရိုင်းအဆိုင်း
ဘာတန်ဖိုးမှမရှိတဲ့ကောင်ကို ငါကစကား
သိပ်ပြောချင်တယ်လို့များ မင်းထင်နေလား
Park Yeollie!!

မောင့်စကားကြောင့် ပခုံလေးလှုပ်ခတ်သွားသည်
အထိ ခပ်လွင်လွင်လေးရယ်လိုက်ပြီးး

Yeol::အရိုင်းအဆိုင်းး ဒီမှာWu Yi Fan
ကျွန်မသားကလေ စာနမှုမရှိ တာဝန်မသိတဲ့
လူတစ်စုရဲ့ ယုတ်မာမှုကြောင့် ရိုင်းဆိုင်းနေရတာ။

Kris::မင်းရဲ့မိခင်မပီသစွာ မထိန်းကျောင်းတက်မှု
တွေကြောင့် မဟုတ်ဘူးလားPark Yeollie!!
ငါတကယ်ကံကောင်းခဲ့တာပဲ။ မင်းလိုမိခင်မပီသတဲ့
မိန်းမနဲ့ ငါ့ရင်သွေးမဖြစ်ထွန်းခဲ့တာ ဘုရားပေးတဲ့
ဆုလာဒ်တစ်ခုပဲ။

ဘာရယ်!! ရင်သွေးမဖြစ်ထွန်းခဲ့ဘူးတဲ့လား မောင်!!
မောင့်မေမေရဲ့ အတ္တတွေအောက်မှာ ကျွန်မတို့သားအမိ
အလူးအလဲ ဒုက္ခခံခဲ့ရတာပါ မောင်ရယ်။

Yeol::ဒါပေါ့ ရှင့်လိုလူမျို.းကို ကျွန်မကလည်း
ချစ်လို့ယူခဲ့တာမှ မဟုတ်ပဲ။

Kris::ငါသိပါတယ်။ မင်းမက်မောခဲ့တာ ငါ့ပိုင်ဆိုင်
မှုတွေဆိုတာ။

မောင်ထင်နေတဲ့ Yeolမက်မောတဲ့ မောင့်ပိုင်ဆ်ုင်မှု
တွေဆိုတာ Yeolဘာတစ်ခုယူခဲ့လို့လဲမောင်။

အဲ့ဒီ့ပိုင်ဆိုင်မှုတွေထပ် မောင့်သွေးနဲ့ဖြစ်တည်လာတဲ့
သားကိုYeolပိုမက်မောခဲ့တာ။

Yeol::ဒါပေါ့ သိပ်မှန်တာပေါ့။

Kris::အခုငါ့သမီးကို ငါနဲ့ပြန်ထည့်ပေးလိုက်
မင်းအတွက်မနစ်နာစေရဘူး။ မင်းဘယ်လောက်
လိုချင်လဲသာပြောလိုက်။ မင်းBank account
ထဲမနက်ဖြန် ရောက်စေရမယ်။

Yeol::သေချာတယ်နော် Wu Yi Fan!!
ကျွန်မလိုချင်တဲ့ အတိုင်းအတာကို ရှင့်ဆီ
messageပို့လိုက်မယ်။ ရှင့်သမီးကို အခု
ပြန်ခေါ်သွားလိုက်!!

Kris::Ok မငိးစိတ်ကြိုက် ဖြစ်စေရမယ် Park Yeollie!!

ခနဲ့ပြုံးပြုံးကာ လှည့်ထွက်သွားသည့် မောင့်ကျော
ပြင်အားငေးကြည့်ရင်း မျက်ရည်တွေတွင်တွင်ကျ
နေမိတယ်။

မောင်ရယ်~တကယ်ပဲမသိခဲ့တာလား?
Yeolလိုချင်ခဲ့တာ အရင်လိုမောင့်ရဲ့ နွေးထွေး
ယုယတဲ့အချစ်တစ်ခုတည်းပါ။

ကျောခိုင်းကာလှည့်ထွက်ခဲ့ပြီး အိမ်ထဲဝင်လိုက်
သည်နှင့် ဘာမှမသိသည့်သမီးက မျက်ဝန်းအပြူ.း
သားဖြင့် ငေးကြည့်နေသည်။

သမီးလက်အား ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်
လိုက်ပြီးး

Kris::လာSoo ဖေဖေနဲ့ပြန်လိုက်ခဲ့

Soo::မောင် မောင်ရောဟင် ဖေဖေ

Kris::လာပြန်ပြီလား? ဒီမောင်ဆိုတာ ဒီလိုအသုံး
မကျတဲ့ကောင်ဆီမှာ ဘာများမက်မောစရာရှိလို
အောက်ကျခံပြီး တွယ်ကပ်နေရတာလဲ?

မဟုတ်ဘူးဖေဖေ။ မဟုတ်ဘူး။
မောင်ကသမီးအတွက် အဆပေါင်းများစွာ
တန်ဖိုးရှိတယ်။

Soo::မောင် မောင်ရောဟင် အမေ မောင်ရောလို့

Yeol::ဖယ်စမ်းးငါ့အသားကိုမထိစမ်းနဲ့
မရှိဘူး။ သူ့ကောင်မလေးတွေ phဆက်လို့
အပြင်ထွက်သွားတယ်။

ကောင်မလေးတွေ Phဆက်လို့အပြင်သွားတယ်။
ဟင့်အင်း မဟုတ်ဘူး။

Soo::မဟုတ်တာ။ မဟုတ်ပါဘူး။ Sooကိုမနောက်
ပါနဲ့အမေရယ်။ မောင်ကအဲ့လိုလူစားမျို.း မဟုတ်ဘူး။

Yeol::နင့်ကိုငါက ဘာအကြောင်းနဲ့မှ နောက်စရာ
မလိုဘူးKyung Soo!! ငါ့သားကမှာသွားတယ်။
သူပြန်မလာဘူးတဲ့ နင့်ကိုနင့်အဖေနဲ့ လိုက်သွား
လိုက်ပါတဲ့!!

Soo::မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ အမေလိမ်နေတာ။

Kris::Kyung Soo!! ဖေဖေ့ကိုကြည့်စမ်း။ နင့်အပေါ်
ဒီလောက်မကောင်းတဲ့သူကို ဘာလို့ရင်အနာခံပြီး
ချစ်ချင်နေရတာလဲ?

Soo::မောင်ကSooအပေါ် မကောင်းဘူးလို့
ဖေဖေ့ကို ဘယ်သူပြောလဲ?

Kris::နံရံတွေမှာ နားတွေရှိတယ်Kyung Soo!!
နင့်ကိုMarketမှာ အဲ့အကောင်ပြောဆိုသွားတာ
တွေ ဖေဖေအကုန်သိတယ်။

Soo::ဒါကဖေဖေ့အမြင်လေ မောင်Sooအပေါ်
ကောင်းကွက်တွေကျတော့ ဖေဖေတို့မှမသိတာ။
ဘာပဲဖြစ်ဖြစ် မောင်မကောင်းဘူးဆိုရင်တောင်
Sooမောင့်ကိုချစ်တယ် ဖေဖေ။ အဲ့ဒီ့အတွက် Soo
ပြန်မလိုက်နိုင်ဘူး။ မောင့်ပါးစပ်က Sooကိုထွက်
သွားပါလို့ အမိန့်မပေးမချင်း မစေညွှန်မချင်း ဒီနေရာ
ကSoo တစ်ဖဝါးမှခွာမှာမဟုတ်ဘူး ဖေဖေ။

Kris::Kyung Soo!!

Kai::ထွက်သွားး

ရုတ်တရက်ပေါ်ထွက်လာသည့် မောင့်အသံ။
အမေပြောတော့ အပြင်သွားတယ်ဆို မောင်
ရှိနေခဲ့တာလား??

ခေါင်းငုံကာရပ်နေသည့် မောင့်အားပြေးဖက်
လိုက်ပြီးး

Soo::မောင် ရှိနေတယ်ပေါ့နော် ။ စိတ်ချနော်
မောင်နော်။ Sooပြန်မလိုက်သွားဘူးသိလား?
မောင့်နားမှာပဲ Sooတသတ်လုံးနေမှာ။

ခါးအားတင်းကျပ်စွာ ဖက်ထားသည့် သူမလက်တစ်စုံ
အား ကျွန်တော်ရင်နာနာနှင့် ဆွဲခွာလိုက်ပြီးး

Kai::လိုက်သွားးမင်းအဖေနောက် ပြန်လိုက်သွား။

Soo::မောင်!!

Kai::မင်းပဲပြောတယ်လေ ငါ့ပါးစပ်ကပြောရင်
လိုက်သွားမယ်ဆို အခုငါ့ပါးစပ်ကပြောနေပြီ။
မင်းပြန်လိုက်သွားတော့။

Soo::မောင် မဟုတ်ဘူး။

Kai::ငါ့အတွက်မင်းမလိုအပ်တော့ဘူး။ ပြီးတော့
မင်းကိုငါအစကတည်းက ချစ်လို့ယူခဲ့တာမှမဟုတ်ပဲ။
ငါချစ်တာ မိXiu!! မင်းကိုကွာပြီးတာနဲ့ ငါမိXiuနဲ့လက်
ထပ်မှာ.

မောင့်စကားတွေ ဆက်ပြီးကြားနိုင်စွမ်း
မရှိတော့သည်မို့ နားနှစ်ဖက်အား ပိတ်လိုက်ပြီးး

Soo::တော် တော်ပါတော့မောင်ရယ် ဆက်ပြီး
ဆက်ပြီးမပြောပါနဲ့တော့။ မောင်လိုက်သွားစေ
ချင်တယ် မဟုတ်လား?? စိတ်ချမောင် မောင်
စေညွှန်သမျှ Sooအကုန်လုပ်ပေးမှာ။ မောင်ကျေနပ်
အောင် Sooပြန်လိုက်သွား ပေးမယ်မောင်!!
အဲ့ဒီ့အတွက် Sooရင်နာရတာနဲ့ တန်အောင်
မောင်ပျော်နေပေးပါ။ Sooငိုနေတဲ့ အချိန်တိုင်း
မောင်ပြုံးနေပေးပါ။ မောင့်အပြုံးက Sooအချစ်ဆုံး
မိုလို့ပါ မောင်ရယ်~~

.................................Thank for Reading..........................................

Continue Reading

You'll Also Like

76.7K 4.2K 26
ပိုက်ဆံအရမ်းချမ်းသာတဲ့ ခမ်ဆိုးဆိုး ကျောင်းသားလေး jongin Lucky 1 high school က သာမန် guide ဆရာမလေး Kyungsoo
21.9K 499 7
ဦးဇာတ်လမ်းတိုများစုစည်းမှူ
9.2K 930 38
━━━━━━♡♤♡━━━━━━ "ကျွန်တော့်ရဲ့ စိတ်တွေကို အကြိမ်ကြိမ် ထိန်းသိမ်းနေပေမဲ့....ခင်ဗျား ကိုပဲ တွေးနေမိအောင် ဘာတွေ နဲ့ ပြုစားလိုက်တာလဲ...ကျေးဇူးပြုပြီး လွတ...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...