●Let Me Be Your Puppy●

By shweyibaekyeollie

87.6K 7K 292

ခုချိန် Prince. နောင်တချိန် King.. ဒါတွေ မဖြစ်ချင်ဘူး.. အဖြစ်ချင်ဆုံးက သူ့ ပါပီလေး..... More

Let Me Be_Prologue
Let Me Be Your Puppy_1
Let Me be Your Puppy_3
Let Me be Your Puppy_4
Let Me be Your Puppy_5
Let me tell u
Let Me Be Your Puppy_6
Myပုပု
Let Me Be Your Puppy-7
Let Me Be Your Puppy_8
Let Me Be Your Puppy_9

Let Me Be Your Puppy_2

7.2K 738 36
By shweyibaekyeollie

နေခြည် အနည်းငယ် ဖြာကျသော နေ့တနေ့ အစမှာ Yeol နိုးထလာသည်။ အရင်နေ့တွေ ထက်ထူးခြား တာတခုက သူ့ မျက်နှာပေါ်မှ ပူနွေးနွေး အိထွေးထွေး အထိအတွေ့တခု...

မျက်လုံး မဖွင့်ဖြစ်သေးပဲ....

Yeol pov : ဘာလဲဟ. မျက်နှာပေါ်မှာ. ခေါင်းအုံး ဆိုလဲ အေးနေရမှာ ခုက ဘာလို့ နွေးနွေးအိအိလေး ဖြစ်နေရတာပါလိမ့်??

မျက်လုံး ဗြန်ူးခနဲ ဖွင့်ကြည့်လိုက်မှ....

Yeol pov : အောင်မလေးဗျ......

ညတုန်းက ရင်ခွင်ထဲ ထည့်အိပ် မိတဲ့ ပါပီလေးပေါ့.. ကျွန်တော့ မျက်နှာပေါ် သူ့ ကိုယ်နောက်ပိုင်း တင်ကာ နောက်ခြေထောက် ၂ဖက်လေး ကားလို့. ခေါင်းလေးက ကျွန်တော့ခေါင်းအုံး ပေါ် တင်လို့ အိပ်နေတာများ သိုးလို့....

သူ့ ဗိုက်သားနုနု လေးတွေနဲ့ ထိနေတော့ မျက်နှာက နွေးအိနေတာကိုး....
ဖင်လေးကနေ ကိုင်ပြီး မွေ့ရာပေါ်အသာ ပြန်ချပေးလိုက်တော့ ပါပီ နှုတ်သီးရဲရဲ လေးက လှုပ်လာသေး......
ဖင်လေး တချက် ပုတ်သိပ် လိုက်ပြီးမှ မျက်နှာသစ်ဖို့ ရေချိုးခန်းဆီ ထွက်လာခဲ့တော့တယ်။.....
ကုတင်ပေါ်က ပါပီ အိပ်ပုတ်ကတော့ ပြဲကားလို့ ဆက်အိပ်နေလေရဲ့.....

ကျွန်တော် ရုံးသွားဖို့ အဝတ်အစားလဲ နေတုန်း ပါပီပုလေး နိုးလာပြီလေ.......

Baek : အွန်း........

အွန်း ဆိုပြီး အသံရှည်ဆွဲပီး နိုးလာတာကြောင့် ကျွန်တော် မျက်လုံးပြူးသွားမိတယ်။.. ပါပီ ဆီက ထွက်လာတာ လူအသံ ကြီးပါလား.....

ဆက်နားထောင်ကြည့်တော့ ဘာသံမှ ထွက်မလာတော့....

Yeol : စိတ်ထင်လို့ နေမှာပါ......
ကဲ. ပါပီလေး ထတော့.. Hyung အလုပ်သွားတော့မှာ.. မနက်စာ ကျွေးမယိ. လာ.လာ....

Puppy Baek က ထမလာ.....

Yeol pov : သူ့ နာမည် မဟုတ်လို့များလား.... မလာတာ...

Yeol Baek ဆီ သွားပြီး ချီမယ်လုပ်တော့ လည်ပင်းက ဆွဲကြိုးလေးကို မြင်သွားသည်။..

Yeol : B.L? ဆိုတာ သူ့နာမည် များလား..
မင်း နာမည် ဘယ်လို ခေါ်လဲကွ.. B.L လား...

Baek : Baek..Baek.......

Baek ပြောဖို့ ကြိုးစားပြီးမှ အရှိန်သတ် လိုက်ရသည်။. သူ နဲ့ ခုမှ စတွေ့တာ.. ချက်ချင်းကြီး လူလို ပြန်ပြောလိုက်ရင် လန့်သွားလောက်ရဲ့..
မဖြစ်ဘူး.. မဖြစ်ဘူး.... ခုန က အွန်း ဆိုတာတောင် ကြားပြီး မျက်စိပြူးနေတာ..
လူလို သာ ပီပီသသ ပြောလိုက်ရင် ချက်ချင်း ကန်ချ လိမ့်မယ်.....

Yeol : Baek? Baek လား......
L ကကော.....
ရှုပ်တယ်ကွာ.... B က Baek .L က Lone..
အ့တော့ ဘတ်လုံး......
ဘတ်လုံးလေးလာ.........

Baek pov : အဲ..အဲ...ဘတ်လုံးတဲ့.. ဟိဟိ..ကိုယ့်ဘာသာ ပြောနေကြ နာမည်လေး ကို သူပေးတယ်.. မဆိုးဘူး....
လာလိုက်ပိ. ကိုကိုလောရှည် ဆီ..

Yeol လက်ကမ်းပေးရာဆီသို့ အိပ်ရာပေါ်က လှမ်းခုန် လိုက်သည်။..

Yeol : အင့်........
လက်တောင် အောက်စိုက်သွားတယ်.. ကြည့်တော့ သေးသလိုလို နဲ့.. လေးလိုက်တာ.....

Baek pov : ဟိဟိ..ဘတ်လုံးလေးက ပုပီး ကစ်နေတာဗျ... ကိုကိုလောရှည် muscle တောင့်အောင် အထူးတလည် အလေးမ စရာ မလိုတော့ဘူး... ဘတ်လုံး ကိုသာ နေ့တိုင်း မ.....

ဒီလို နဲ့ မီးဖိုချောင် ရောက်တော့ Baek အတွက် Cereal နဲ့ နို့ ကို ရောထားသော အစာကို ခွက်လှလှ လေးထဲ ထည့်ပေးပြီး ဟင်းချက်သော ကြွေပြား အမြင့်ပေါ် တင်ထားပေးခဲ့သည်။.. Yeol ကတော့ ထမင်းစား စားပွဲ ပေါ် ထိုင်ကာ ပေါင်မုန့် ကြက်ဥကြော် တပွဲ နဲ့ နို့ တခွက် စားနေလိုက်သည်။...

Baek pov : ဟွန့်.. ဒီပေါ်မှာ မစားပါဘူး... ကိုကိုလောရှည် နဲ့ တူတူ စားမှာ.....
အင့်.......

Baek သူ့ ခွက်ကို ပါးစပ်ဖြင့် ကိုက်ကာ Yeol စားပွဲ ဆီ လှမ်းခုန်လိုက်သည်။....

Baek : အင့်...... အု....

စားပွဲပေါ် ချောချောမွေ့မွေ့ ရောက်ရန် ခုန်လိုက်သော်ငြား နောက်ပိုင်း ကြီးကာလေးနေသော သူ့ အတွက် အပြည့် မခုန်လိုက်နိုင်ပဲ အစာပန်းကန်သာ စားပွဲပေါ်ရောက်ကာ ရှေ့လက်နှစ်ဘက်က စားပွဲကို တွဲလောင်း ခိုကာ ပါပီ့ ခန္ဓာကိုယ် နောက်ဖက်က လေထဲမှာ တွဲလောငိး.....

Yeol : ဘတ်လုံးလေး Hyung နဲ့ အတူ စားချင်တာလား.... လာပါဗျာ......

ကိုကိုလောရှည် မှီရာက ဆွဲတင်လိုက်သည်။.. ဘတ်လုံး ဖင် ပဲလေ.... နောက်က ပင့်တင်ပေးလိုက်ပြန်သည်။...

Baek pov : ဟွန့်. သူများ ဖင်ပဲ ထိ ထိနေတယ်။. တခါလောက် လူပုံစံ ပြောင်းပစ်မယ်. အ့ ကျ ထိလို့ ပိုကောင်းမှာ သိလား. ကိုကိုလောရှည်..... XP

စားသောက်ခြင်း ပီးစီးတော့ Yeol အလုပ်သွားရတော့မည်လေ....

Yeol : ဘတ်လုံးလေး.. Hyung အလုပ်သွားတော့မယ် သိလား.. ပိုင်ရှင် လဲ ရှာခဲ့ပေးမယ်နော်. ဘတ်လုံးလေး အိမ်ပြန်လို့ ရအောင်..
လိမ်လိမ်မာမာ နေခဲ့.....

Baek : အု...အု...

Yeol က ပြောပြီး ထွက်သွားရန် ပြင်နေသောကြောင့် Baek က တ အု အု အသံပေးကာ ခေါ်လိုက်လေသည်။..

Yeol : wae??

Baek pov : ဟွန့်.. ငါ့နှယ်.. သူ့ ဆီ ရောက်အောင် လာပါတယ်ဆိုမှ ပိုင်ရှင်ရှာပေးမယ် လုပ်နေသေး..
ရှာမနေနဲ့. ဘတ်လုံး ပိုင်ရှင်က ကိုကိုလောရှည်လေ..

Baek သူ့ဘာသာတွေးရင်း Yeol နဲ့ နီးရာ ဖိနပ်စင် ပေါ် ခုန်တက် လိုက်သည်။...ပီးတော့ နက်ခ်တိုင် စလေးကို သူ့ လက်သေးလေးနဲ့ ဆွဲ လိုက်တော့...

Yeol : Aigooo.. အင်္ကျီ ကိုပါဆွဲတတ်နေပါလား.. ပါပီလေးက... ပြော. ဘာပြောချင်လို့လဲ။...

Yeol ကပြောရင်း Baek ထိုင်နေရာရှေ့ကို မျက်နှာလေး ငုံ့ပေးလိုက်တော့.....

ရွှတ်....

Yeol ရဲ့ ပါးပြည့်ပြည့် ဆီသို့ အလည်ရောက်လာသော ပါပီ ဘတ်လုံး ၏ လျှာနီတာရဲလေး..

Yeol : အဲ... လျှာနဲ့ လျက်တယ်...
နားထောင် ဘတ်လုံးလေး.. Hyungပါး ကလေ စားစရာ မဟုတ်ဘူးလေ..ဟို ခွက်ထဲ မှာ စားစရာတွေ အများကြီးရှိတယ်နော်. အ့ မှာ စား.သွားပီ...

Yeol ထွက်သွားတော့မှ...

Baek : ဟွန့်..ပါးက စားစရာ မဟုတ်မှန်းသိသားပဲ။ ဒါ အစမို့ လျှက်တာ. နောက်ဆို ကိုက်မှာ.....
ပါးလေးက ဖောင်းကစ်ပီး အိအိလေး.. နောက်တခါ အသားတဖဲ့ လောက်ရအောင် ကိုက်မယ်... ဟိဟိ..
ကိုကို လောရှည်သွားတော့ ပျင်း လိုက်တာ.. အိမ်ကို လျှောက်မွှေ ကြည့်မှ....
အပ်ချလောင်း. လူဖြစ်စေ...

လူတော့ ဖြစ်သွားပါရဲ့.. တုံးလုံးလေး.......ဖြစ်နေတာမို့..

Baek : အာကွာ. အ့ Chennie စုတ်.. ဘတ်တုံးလုံး ဖြစ်အောင် လုပ်တယ်။.. ပြန်ပြောင်းတိုင်း တုံးလုံးဆိုတာ သိပ်တော့ အဆင်မပြေဘူး....
ကိုကိုလောရှည် အင်္ကျီ လေးဘာလေးသွားစွပ်ကြည့်မယ်...

Baek အပေါ်ထပ်က Yeol အခန်းကို တက်လာပြီး ဗီဒို ကို ဆွဲဖွင့် လိုက်တော့ အင်္ကျီတွေက ခေါက်ရက်သားလေးအစီအရီ...
မိုးပြာရောင် ရှပ်တထည် ဆွဲဝတ်လိုက်ပီး အောက်က boxer တထည်သာ ယူဝတ်လိုက်တော့သည်။..

Baek : Boxer ကလဲ ခါးကျယ်လိုက်တာ.... ချောင်ကျနေတယ်.

အင်္ကျီ ဝတ်ခြင်းကိစ္စပီးတော့ အောက်ထပ်ဆင်းကာ ရေခဲသေတ္တာ ထဲမွှေသည်။..

Baek : Laurel မှာ ဒီလိုမျိုး ရေခဲသေတ္တာကြီးကို မီးမမောင်းပဲ ထားတော့ မအေးဘူးပေါ့.. စတော်ဘယ်ရီ သီးလေးတွေက အေးအေးလေးမှ စားကောင်းတာ.
စတော်ဘယ်ရီ..ဟိဟိ. ကိုကိုလောရှည် ပါးလေး အမှတ်နဲ့ စားပြိုက်ပိ....

စားသောက်ပြီးတော့ TV ရှေ့ထိုင်ကာ မျက်စိ အစာကျွေးပြန်သည်။...

Baek : ဒီ TV ထဲက ကောင်မလေးတွေက ပိန်ကပ်ပြီး လှလဲ မလှဘူး.. ကိုကိုလောရှည် ပေါင်လောက်ပဲ ရှိတယ်။. အ့လောက် ပိန်မှတော့ ဘယ်လို လုပ်ကောင်းတော့မလဲ။..
ပျင်းတာကွာ...... ဘာလုပ်ရမလဲ မသိတော့ဘူး.....

Yeol အိမ်ရဲ့ အခန်းတိုင်း လိုက်ဝင်ကြည့်ရင်း စာကြည့်ခန်းဆီ ရောက်ခဲ့သည်။.... အလုပ်နဲ့ ပတ်သတ်ကာ ရရှိသောဆု များနဲ့ မှတ်တမ်းတင် ဓာတ်ပုံများ က အစီအရီ.....

Baek : ဟင်. ဒါ ဘယ်သူကြီးလဲ။.. ဘာလို့ ကိုကိုလောရှည် က ပခုံးဖက် ထားရတာလဲ။...

"အလိုက်သိသော အတွင်းရေးမှူး မလေးကြောင့် ရရှိခဲ့သော ဆု တခုပါ..
Thz Jina.."

စာတိုလေးကို ဖတ်ပြီး....

Baek : Jina..Jina...
စိတ်မချလိုက်တာ. နေ့တိုင်း အလုပ်သွားပြီး အ့ အတွင်းရေးမှုး မ နဲ့ တွေ့နေမှာပေါ့ .
မဖြစ်ဘူး. ၂ရက်ပဲ ကျန်တော့တာ အိမ်မှာချည်းနေလို့ မဖြစ်ဘူး.. လိုက်သွားရအောင် ကြံ မှ ဖြစ်မယ်။....
ထွက်စမ်းဥာဏ်.. ထွက်စမ်းဥာဏ်....

အဟဲ... ရပီ... ကိုကိုလောရှည်.. ခေါ်လေရော့. နက်ဖန်က စပြီး.....အလုပ်ကို.. ဘတ်လုံး လိုက်ခဲ့မယ်.

●Let Me Be Your Puppy ●

Yeol ညနေရောက်တော့ အလုပ်ကို ခပ်စောစောဆင်းကာ အိမ်က ဘတ်လုံးလေးအတွက် ပိုင်ရှင် ရှာရန် ထွက်လာခဲ့သည်။.. သူ့ အိမ်နားတဝိုက် ခွေးပျောက်ကြော်ငြာတွေ ဘာတွေ များ ကပ်လို ကပ်ငြား လိုက်ကြည့်သော်လည်း မတွေ့ရ....
မေးကြည့်တော့လည်း တစွန်းတစတောင် မသိရ...

Yeol : အိမ်မှာ ဖူးဖူးမှုတ် မွေးထားခံရတဲ့ ပုံစံ မျိုးပါပဲ ကို ဘာလို့ ပိုင်ရှင် ရှာမတွေ့ရတာပါလိမ့်
ဒီနေ့တော့ ပြန်တော့မှ. သူလေး ဗိုက်ဆာနေတော့မယ်......

Yeol သူ့အိမ်လေးဆီ ကားခေါင်းပိုင်းလေး ဝင်လာတော့ ခြံထဲမှာ ဇာတ်က ဖို့ ဇာတ်တိုက်နေတဲ့ ဘတ်လုံး ခဗျာ အလျင်အမြန် ဆွဲကြိုး.ကောက်စွပ် လိုက်ရသည်။....

Baek : အဲ. လာ..လာနေပြီ။...
Rambo ကြီး.. Baek လေးကို ကူညီကွာ...
မင်းကို သင်ပေးထားတဲ့ အတိုင်းပဲ လုပ်နော်...
ဟိုက်... ခုန က ငါ ဝတ်ထားတဲ့ ကိုကိုလောရှည် အင်္ကျီ ကြီး ငါ ပါပီ ပုံပြောင်းတော့ ကျန်ခဲ့ပြီ. လုပ်ကြပါအုံး....
တတ်နိုင်ဘူး.. မသိချင်ယောင် ဆောင် လိုက်မယ်...

ဘေးနားက Rambo အမည်ရှိ ခွေးမည်းမည်းကြီးကတော့ Baek လုပ်နေသမျှ ကို မျက်စိလေး ကလယ် ကလယ် နဲ့ လိုက်ကြည့်နေတော့သည်သာ....

Yeol : ဘတ်လုံးလေးရေ.. Hyung ပြန်... လာ....
ဟာ... ငါ့ ပါပီ့လေး ဘေးက ဘယ်က ခွေးကြီးလဲ။..
ရှူး..ရှူး... သွား.....

Yeol ကသာ အတင်း သူ့ ဘတ်လုံး ကိုက်မှာစိုးလို့ မောင်းထုတ်နေတာ... Rambo က နေရာမှာတင် ငုတ်တုပ်....
မနေနိုင် အမောင်ဘတ်လုံးကသာ...

Baek pov : Rambo. လုပ်လေ... လာဖက်ပါဆို....... မြန်မြန်. သင်ပေးထားတဲ့ အတိုင်း....

မျက်လုံး နဲ့ ကြည့်ပီးပြောလိုက်မှသာ Rambo ကြီးက ထလာလေသည်။..

Baek pov : အင့်......
ဖက်တာလား.. ဖိတာလား. မသဲကွဲဘူး...ကိုကိုလောရှည်ရေ.. ဘတ်လုံး ပြားတော့မယ်. သူ့ ကိုယ်ကြီး နဲ့ တက်ဖိနေတယ်....

Yeol : သွား.. သွား.. ဘယ်အိမ်က ခွေးလဲ။ သူများ အဖိုးတန်လေးကို....မထိနဲ့.. လာ..လာ... Hyung ဘတ်လုံးလေး....

စွေ့ခနဲ ကောက်ချီကာ ဖင်လုံးလုံးလေးကို ဖုန်ခါပေးလေတော့ ဘတ်လုံးတို့ သဘောကျလေပြီ။..

Yeol : ရေချိုးပေးမယ်. ညစ်ပတ်တာတွေ ကူးကုန်မှ ဒုက္ခ...
မဖြစ်ပါဘူး.. အိမ်မှာ ငါ မရှိတုန်း ပါပီ့လေး ကို စိတ်မချရတော့ဘူး.. ခေါ်သွားမယ်. နောက်နေ့တွေ

ပြောပြီး သူ့ ရင်ခွင်ကြီးထဲ ပိုက်ကာ အိမ်ထဲ ဝင်သွားလေတော့ အကြံအောင်မြင်သော ဇာတ်ဆရာ ဘတ်လုံး Rambo ကြီးဘက် လှည့်ကာ မျက်စိမှိတ်ပြလေသည်။..

Baek pov : ကျေးဇူးပဲ။ Rambo ရေ...
မင်း စားချင်တာ နေ့တိုင်း Baek ကျွေးမယ်.. ခိခိ...

ထိုနေ့ညနေက Yeol ရဲ့ ရေချိုးခန်းထဲ ပါပီ့ အသံနှင့် Yeol ရဲ့ ရီသံ များက ပျံ့နှံ့ ခဲ့လေသည်။...

ညရောက်တော့......

Baek : အု..အု....

ကုတင်ပေါ်က Baek က အလုပ် လုပ်နေဆဲ Yeol ကို အသံပေးနေလေပြီ...

Yeol : ပီးပါပီ. ဘတ်လုံးလေးရဲ့. ခနလေး....

Yeol လဲ အလုပ်တွေကို လက်စသတ်ပြီး ပါပီ လေးနား ဝင်လှဲ ကာ ဖက်ထားလိုက်လေတော့သည်။..
ပါပီ လေးက Yeol ပါးလေးအား သူ့ နှုတ်သီး လေးနဲ့ တချက်နမ်း လိုက်တော့....

Yeol : ဘတ်လုံးလေးရဲ့ good night kiss မရှိပဲ နောက်ဆို အိပ်တတ်ပါတော့မလား....
Good night.. puppy..

တအောင့်လောက် ကြာတော့ တရှူးရှူး အသံပေးကာ အိပ်မောကျသွားသော Yeol အသံကြားမှ Baek သူ့ ဆွဲကြိုးလေး ဖြုတ်လိုက်တော့ နဂို လူပုံ ပြန်ပြောင်းသွားလေသည်။..

Baek : ဘောင်းဘီတိုလေး ဆောင်ထားလို့ တော်သေး...ဝတ်လို့ အဆင်ပြေသွားပြီ..
ကိုကိုလောရှည် အိပ်နေချိန်လေးတော့ လူပုံစံ လေးနဲ့ ရှိချင်လို့ပါ....
ချစ်တယ်.. သိလား.. အရမ်းပဲ...
Good Night....

ညသည် အေးချမ်းလျက်....
မနက်ရောက်ပါက ပါပီမှ လူအဖြစ်ပြောင်းနေသော ကောင်လေးတယောက် သူ့ ရင်ခွင် ထဲ ရောက်နေမှန်း Yeol သိသော်............


●Let Me Be Your Puppy ●

တပိုင်းပီးပါပီ.
နောက်တပိုင်း ဘတ်လုံးကို လူပုံစံ အပီး ထားပေးလိုက်ရမလား.. မေးကြည့်တာ.. ^_^
ဖတ်ပေးတာ thz...

Continue Reading

You'll Also Like

45.7K 6.6K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
3.1K 150 7
On the run in the year 1987, Bumblebee the Autobot seeks refuge in a junkyard in a small California beach town. Charlie and Y/N, on the brink of turn...
24.2K 3.2K 23
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
10.8K 2K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️