✿Baby's Breath✿
Chapter - 10
Baekhyun က ကိုယ်အပူချိန် နည်းနည်းတော့ ကျန်သေးပေမယ့် ဆရာဝန်က အိမ်ပြန်ပြီး ကောင်းကောင်း အနားယူ လိုက်ရင် ရတယ်လို့ပြောတာကြောင့် ဆေးရုံဆင်းလိုက်တယ်လေ...
သူနေမကောင်း စဖြစ်ကတည်းက ကျွန်တော်တို့ နှစ်ယောက် စကားသေချာမပြောဖြစ်ခဲ့ကြတာ အခုထက်ထိပဲ...
နည်းနည်း ကသိကအောက်ဖြစ်တယ်လို့ပဲ ပြောရမလား...
Baekhyun ကတော့ အရင်အတိုင်း ရွှင်ရွှင်လန်းလန်းလေး ပြန်ဖြစ်လာပေမယ့် ကျွန်တော်ကတော့ သိပ်အဆင်မပြေဘူး...
Baekhyun မျက်ရည်ဝဲနေတဲ့ မျက်နှာလေးကို ပြန်မြင်ယောင်တိုင်း ဘာမှန်းမသိ ရင်ဘက်ထဲက တဆစ်ဆစ်နဲ့နာတယ်...
အိပ်စက် အနားယူလိုက်ရင်တောင် မသက်သာဘူးလေ...
'Omma! Baekhyun က ကျောင်းမသွားချင်တော့ဘူးတဲ့...'
ကျွန်တော် ကျောင်းအင်္ကျီကြယ်သီးတပ်ရင်းပြောတော့ သူမ အလုပ်အတွက် စာရွက်စာတမ်းတွေ ထည့်နေရင်း လှမ်းပြောတယ်...
'ဘာလို့မတတ်ချင်တာလဲ? Baekhyunee က ကျောင်းချစ်ပါတယ်...'
Baekhyun ကို ကြည့်တော့ ဘာမှမသိသလိုလိုနဲ့ ကြယ်သီးတပ်နေတယ်...
မှားပြီး တပ်နေလို့တောင် ကျွန်တော် ပြန်ပြင်ပြီး တပ်ပေးလိုက်ရသေးတယ်...
'Chanyeol! သား သူနဲ့ ရန်ဖြစ်ထားတာတော့ မဟုတ်ပါဘူးနော်...ကလေးက နေမကောင်းဖြစ်ထားတာ...ကောင်းကောင်း ဂရုစိုက်...ပြီးတော ကျောင်းက သူတတ်လို့ရတဲ့ အထိ တတ်ရင်ရတာပဲ...'
'ဘာလဲ...ကျောင်းက သူ့ကို မတတ်နဲ့တော့လို့ မပြောခင်အထိလား?'
'အင်းလေ...'
ကျောင်းကို ကမဟုတ်တာပါ...
ကျောင်းအုပ်ကြီးနဲ့ အမေဆွေးနွေးတုန်းက မနည်းပြောပြီး ခွင့်တောင်းခဲ့ရတာ ကျွန်တော် သိတာပေါ့...
အဲ့လောက် Baekhyun ကိုလက်မခံချင်ဘူးဆိုရင်လည်း ဘာဖြစ်လို့များ ဥာဏ်မမှီတဲ့ကလေးတွေအတွက် အထူးတန်းလုပ်ထားသေးလဲ...
ကျွန်တော် ဖိနပ်စီးနေတုန်း Baekhyun တစ်ယောက် ရှုပ်ပွနေတဲ့ ဆံပင်နဲ့ သူ့အခန်းထဲက ပြန်ထွက်လာတယ်...
'Baekhyunee...ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ကောင်းကောင်းဆော့နော်...Chanyeol ဘောလုံးလေ့ကျင့်တဲ့အချိန် အနားမှာသွားနေနော်...'
သူမ Baekhyun ဆံပင်ညိုညိုပွပွတွေကို သပ်တင်ပေးရင်းပြောတော့ ထုံစံအတိုင်း ရယ်ပြီး ခေါင်းငြိမ့်တယ်...
ကြည့်လို့ကိုမရဘူး 😣
အမေက သူ့ဆို ကလေးလို အရမ်းဆက်ဆံတာပဲ...
အေးလေ...စိတ်ကလည်း ခုနှစ်နှစ်ကိုး...
ကျွန်တော်တို့နှစ်ယောက်လုံး ဘာစကားမှမပြောပဲနဲ့ ကျောင်းကိုလျှောက်လာခဲ့တယ်လေ...
နားချိန်ရောက်တော့ အတန်းထဲက ကလေးတွေ အားလုံးနီးပါး ထွက်သွားကြတယ်...
ကျောင်းသူ တစ်ချို့ကတော့ make-up test ရှိလို့သွားကြပြီး ကျွန်တော့် အဖွဲ့ဝင်တွေကတော့ စင်္ကြမှာ မုန့်စားရင်း ခုနက ဖြေထားတဲ့ စာမေးပွဲ အဖြေတိုက်နေကြတယ်...
ကျွန်တော်ကတော့ ဘာကိုတွေးလို့တွေးနေမိမှန်းမသိပဲ ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိတယ်...
'ဟေ့ရောင် Chanyeol! နေ့ခင်းကြောင်တောင် သေနေတာလား...? မေးခွန်းနံပါတ် 14 ဘာဖြေလိုက်လဲ လုပ်ပါဦး...'
Jongin အနားလာပြီးမေးမှပဲ ကျွန်တော် သတိပြန်ဝင်လာတယ်...
'ဟင်? သြော်...14 လား...နံပါတ်သုံးကို ရွေးလိုက်တယ်လို့တော့ ထင်တာပဲ...'
'Aish! သေရော! ငါ သုံးရွေးထားပြီးသားကို မသေချာလို့ လေးကို ပြန်ပြောင်းလိုက်မိတယ်!'
Sehun တစ်ယောက် ဘေးနားကနားထောင်နေရာကနေ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ဝင်ပြောတော့ Jongin တစ်ယောက် ခေါင်းခါနေလေရဲ့...
ကျွန်တော် ပျင်းပျင်းနဲ့ chocopie တစ်ကိုက်ကိုက်ရင်း ဘေးဘက်ကို လှမ်းကြည့်မိတယ်...
Yixing! သူလည်း တရုတ်လူမျိုးပဲ...
ကျောင်းပြောင်းလာတာ နှစ်နှစ်ကျော်ပြီဆိုတော့ ကိုရီးယားစကား နည်းနည်းတတ်တယ်လေ...
သူကတော့ နားကျပ်တပ်ပြီး လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့ပုံ...
အရင်က သိပ်မျက်မှန်းမတန်းမိပေမယ့် ဒီတစ်ခေါက် စာစီစာကုံးပြိုင်ပွဲမှာ
ဒုတိယရတာကြောင့်သိသွားတယ်ဆိုပါတော့...
ကျွန်တော်ကတော့ တတိယလေ...
တစ်ချို့ကျောင်းသူတွေကတော့ သူတို့ကြိုက်တဲ့ အနုပညာရှင်အကြောင်းဆွေးနွေးနေတယ်..
ဘယ်သူပိုချောတယ် စသဖြင့်ပေါ့ဗျာ...
မိန်းကလေးတွေ ဆိုတော့ သိတဲ့အတိုင်း တစ်ယောက်တည်းရှိရင် သိပ်
အိနြေ္ဒရတာ...စုမိပြီဆိုလို့ကတော့ နားငြီးဖို့သာပြင်ထားပဲ...
စိတ်ကုန်တဲ့အထဲမှာ အဲ့တာတွေလည်း ပါတယ်...😅
'ဟိုမှာ...Kris စကားပြောနေတာ Luhan လေ...'
Minseok တစ်ယောက် အရိပ်အခြေကြည့်ရင်း ပြောတယ်...
Luhan?
သူက အခန်း ၃-၃ ကပါ...
နယ်ကျော်ပြီး သူများအခန်းလာတယ်ဆိုတော့ တော်ရုံတန်ရုံတော့မဟုတ်ဘူး...
သူ့ကို တော်တော်များများကပြောကြတယ်...
ရှေးခေတ်မင်းဆက်က ပျောက်ဆုံးနေတဲ့ မင်းသားလေးဆိုလား...
ပြည့်စုံတဲ့ ကောင်လေးတွေ ကောင်မလေးတွေရဲ့ propose ကိုတောင် ငြင်းပစ်တယ်ဆိုပဲ...
စိတ်ဝင်စားစရာတော့ ကောင်းပြီ...
ကျွန်တော် လှမ်းကြည့်လိုက်တော့ သူတို့ပြောနေတာ ထွေထွေထူးထူးမဟုတ်သလိုပါပဲ...
Kris က တစ်ယောက်တည်း သူ့ဟာသူပြောပြီး ရယ်နေပေမယ့် Luhan ကတော့ မျက်နှာသေနဲ့ ကြောင်ကြည့်နေပုံထောက်ရင် မရယ်ရတဲ့ ပြက်လုံးတွေပြောပြနေတယ်နဲ့တူတယ်...xD
'ဟေ့ကောင်တွေ...ဘယ်လိုထင်လဲ? Luhan ကို သူလိုက်နိုင်မယ်ထင်လား? လောင်းမလား?'
Jongin လှမ်းပြောတော့ Jongdae ရယ်တယ်...
'ရူးနေလား...Luhan မျက်နှာထားကိုကြည့်ပြီးမှပြောစမ်းပါကွာ...အဖြေကသိသာနေတာ...'
သူတိုနှစ်ယောက် ပြောနေတာကြည့်ပြီး ကျွန်တော် ရယ်မိတယ်...
အခြေအနေကို ဆက်စောင့်ကြည့်လိုက်တော့ ကျွန်တော်တို့ အခန်းဘက်ကို လျှောက်လာတဲ့ Baekhyun တစ်ယောက် မြင်ကွင်းထဲဝင်လာတယ်...
ပြီးတော့....
Luhan က သူ့ကို လက်ပြပြီး ပြုံးပြနေတယ်...
'Baekhyun!'
Luhan လှမ်းခေါ်တော့ Baekhyun ဝမ်းသာတဲ့ ပုံလေးဖြစ်သွားပြီး တောက်ပစွာ ရယ်ပြနေတယ်လေ...
အနားရောက်တော့ Baekhyun သူ့လက်ထဲက စာအုပ်ကလေးကို Luhan ဆီလှမ်းပေးပြီး ခေါင်းလေးညွှတ်ရင်းပြောတယ်...
'စာအုပ် ပေးငှါးတဲ့..အတွက်...ကျေးဇူးပဲနော်...'
သူပြောတော့ Luhan နွေးထွေးတဲ့ အပြုံးလေးပြုံလိုက်ရင်းပြောတယ်...
'မလိုပါဘူးကွာ...နောက်လည်း လိုရင်
အချိန်မရွေး ငှါးနော်...'
ပြီးတော့ Luhan ကို နှုတ်ဆက်ပြီး သူ့ အထူးတန်းလေးထဲ ဝင်သွားလေရဲ့...
...
'Park Chanyeol! မင်းဘာဖြစ်နေတာလဲ? အရေးကြီးတဲ့ ပွဲကနီးနေပြီ...ဘာလို့ အလွဲလွဲအချော်ချော်ဖြစ်နေရတာလဲ...? ဟမ်! အာရုံစိုက်စမ်း!'
နည်းပြဆရာရဲ့ အော်သံအောက်မှာ ကျွန်တော် ခေါင်းငုံနေမိတယ်...
ဆူလည်း ဆူချင်စရာပဲလေ....လေ့ကျင့်နေတာ လေးနာရီလောက်ရှိပြီ ကျေနပ်လောက်တဲ့ ရလဒ်က မထွက်တော့လည်း...
ရှေ့တန်း ကစားသမားတစ်ယောက်ကလည်း ခြေကျင်းဝတ်လွဲသွားလို့ အသင်းက လူနေရာ ပြန်ပြောင်းပြီး plan ပြန်ဆွဲနေရသေးတယ်လေ...
'Jongin! မင်းက Chanyeol ညာဘက်မှာပဲနေ...ဗျူဟာကိုမမေ့နဲ့ ကြားလား?'
နည်းပြဆရာကတော့ အခုထိဒေါသထွက်တုန်း...
'မင်းတို့တွေ ဒီတစ်ခေါက် မှ သေချာမလုပ်ကြရင် ကွင်းပတ်ပြေးရမယ်မှတ်...!'
...
'Chanyeol! နည်းပြ Jung ကတော့ မင်းကို ပိုမဲနေသလားလို့...'
အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်းရှိတုန်း Jongin တစ်ယောက် သူ့ရဲ့ နီနေတဲ့ ခြေကျင်းဝတ်ကို ပတ်တီးစည်းနေရင်း ပြောတယ်...
'ဘာပဲဖြစ်ဖြစ် စိတ်ထဲမထားပါနဲ့ကွာ...သူလည်း ဒီပွဲ အတွက် ဖိအားများနေလို့နေမှာပါ... ငါတို့ Jeonil က ကောင်တွေကို ရှုံးလို့မဖြစ်ဘူးလေ...'
Jongin အပြောမှာ ကျွန်တော် နာနေတဲ့ ပုခုံးကို အသာလှည့်ရင်း ခေါင်းငြိမ့်ထောက်ခံမိတယ်...
Jeon-il ဆိုမှ ဟိုတစ်နေ့က လမ်းကြားမှာ တွေ့ခဲ့တဲ့ ကောင်တွေကို သတိရသွားတယ်...
Jongin ကို ပြောပြချင်ပေမယ့် မပြောတော့ပါဘူးလေ...
နောက်ဆို ကိုယ်နဲ့ မရင်းနှီးတဲ့လမ်း တစ်ယောက်တည်း မသွားတာပဲကောင်းတယ်...
'Woohyun က ခြေကျင်းဝတ်လွဲသွားတယ် ဟုတ်လား?ဘာဖြစ်လို့လဲ...လှေကားပေါ်က ပြုတ်ကျတာလား? Haha'
ရယ်စရာ ကိစ္စမဟုတ်ဘူးဆိုတာ သိပေမယ့်လို့ ကျွန်တော် နောက်လိုက်မိတယ်...
'မသိဘူး...ငါဖုန်းဆက်တာလည်း မကိုင်ဘူး...တစ်ခုခုတော့ တစ်ခုခုပဲ...သူ့အမေ ကျောင်းလာပြီး တိုင်စာရေးတယ်လို့တော့ကြားတာပဲ...'
'သေချာရဲ့လား?'
'ထင်တာပဲ...ငါက Sehun ဆီကကြားတာ...Sehun က Jongdae ပြောတာတဲ့...Jongdaeက ...တစ်ခြားတစ်ယောက်ဆီကနေမှာပေါ့...' (သိပ်ရှင်းသွားတယ်ကွယ်...xD)
ဘာပဲဖြစ်ဖြစ် timingက နည်းနည်းတော့ ထူးဆန်းတယ်...
Woohyun က စိတ်အားထက်သန်ပြီး ပွင့်လင့်တဲ့သူတစ်ယောက်...သတိမရှိတဲ့သူတော့မဟုတ်ဘူးလေ...
ပြောရမယ်ဆိုရင် သူက ကျွန်တော်တို့ အသင်းမှာ ခြေအမြန်ဆုံး ကစားသမား...
လအနည်းငယ်လောက်တုန်းက ကျွန်တော်နဲ့ Woohyun ခေါင်းဆောင်နေရာမှာ အတူတူ အရွေးခံရတာ...ကံကောင်းစွာနဲ့ လူကြိုက်များတဲ့ Vote အရ ကျွန်တော် နိုင်သွားပေမယ့် Woohyun က ကျွန်တော့်ထက်သာတယ်ဆိုတာ ဝန်ခံပါတယ်...
ဝှက်ဖဲ ကစားသမားတစ်ယောက် ဒဏ်ရာရထားတော့ Jeonil က ကောင်တွေကို ယှဉ်နိုင်ပါ့မလား မသိတော့...
...
'Chanyeol ဘောလုံးကစားတာ..အရမ်းတော်တယ်...'
အိမ်အပြန်လမ်းလျှောက်နေတုန်း Baekhyun ခပ်တိုးတိုးလေး ကျွန်တော့်ကိုလှမ်းပြောတယ်...
လွယ်အိပ်ကြိုးကိုင်ထားတဲ့ လက်ကလေးနဲ့ လက်မလေးပါထောင်ပြလိုက်သေးတယ်လေ...
ပထမဦးဆုံး အနေနဲ့ ဘေးချင်းယှဉ်ပြီး လမ်းလျှောက်ဖြစ်တာကြောင့် ခေါင်းကို နည်းနည်းစောင်းလိုက်တာနဲ့ သူ့မျက်နှာလေးကို လှမ်းမြင်ရတယ်လေ...
ကျွန်တော့်ကို ချီးကျူးပြီး ပြုံးနေရင်း ပါးလေးနှစ်ဖက်က နီနေသလိုလိုတောင်ထင်ရတယ်...
Baekhyun ပုံစံလေးက ကောင်လေးကို ဖွင့်ပြောလိုက်မိလို့ ရှက်နေတဲ့ ကောင်မလေးနဲ့တူတယ်...😊
ဘာပဲဖြစ်ဖြစ် အခုလို တစ်စုံတစ်ယောက်ဆီက ချီးကျူးခံရတော့ စိတ်ထဲမှ ကြည်နူးမိသား...
အထူးသဖြင့် နည်းပြဆရာဆီမှာ အဆူခံခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ လျော့သွားတာပေါ့...
'ကျေးဇူး...'
ကျွန်တော် သူ့ကို မသိမသာလေးလှမ်းကြည့်ပြီး ပြောလိုက်တယ်...ဒီထက်ပိုပြောသင့်ပေမယ်လို့လေ...
Baekhyun က အရင်အတိုင်းပါပဲ...
ဘာမှမပြောင်းလဲသွားဘူး...
တစ်ခါတစ်ခါ စိတ်လှုပ်ရှားတာကြောင့် မျက်လုံးလေးတွေ မငြိမ်တာရယ်...
အကြောင်းအရင်းမရှိ ပြုံးနေတတ်တာရယ်...
သူစိတ်ထဲရှိတာဖော်ပြရင် ရှက်နေတတ်တာရယ်...
အားလုံး အရင်အတိုင်းလေးပါပဲ...
ကျွန်တော်ပဲ ပြောင်းလဲသွားတာ...
'Baek...မင်းကျောင်းတတ်ချင်သေးတယ်ဟုတ်?'
ကျွန်တော် တွေဝေစွာနဲ့မေးလိုက်တော့ ထပ်ခါထပ်ခါ ခေါင်းငြိမ့်တယ်...
ဒါပေမယ့် သူ့ခြေဖျားလေးတွေကို ငေးကြည့်နေတဲ့ မျက်နှာလေးတော့ မော့မလာခဲ့ဘူး...
'Chanyeolက...ဘောလုံးသမားကြီး...ဖြစ်ချင်တာလားဟင်?'
ဒီတစ်ခေါက်တော့ သူ့အမေးမှာ ကျွန်တော်လည်း ဘာစကားမှမရှိ ခေါင်းပဲငြိမ့်လိုက်တယ်...
ခဏကြာတော့ သူ ထပ်ပြောတယ်...
'Chanyeol က...တော်တော့...ဘောလုံးသမားကြီး...ဖြစ်မှာပါ...အရမ်းတော်တဲ့...'
ပြောပြီး ခပ်တိုးတိုးလေးရယ်တယ်...
'Baek က...Baek အိပ်မက်က..ဘာလဲဆိုတာတောင်...မသိဘူး...'
'မင်းက ကျောင်းဆရာ ဖြစ်ချင်ခဲ့တာ...'
အဲဒီ့နောက် ကျွန်တော်တို့ နှစ်ယောက်လုံး စကားဆက်မပြောဖြစ်ခဲ့ကြဘူး...
လျှောက်လာရင်းနဲ့ လမ်းတစ်နေရာအရောက် ကျွန်တော် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်မိလိုက်တယ်...
ခပ်လှမ်းလှမ်းမှာ မှတ်မှတ်ရရ Zitao ရဲ့ ခြံဝင်းကို တွေ့လိုက်ရတာကြောင့် ဟိုတစ်နေ့က လမ်းကြားဆိုတာကို သတိရမိသွားတယ်...
သိပ်မကြာဘူး မီးတိုင်အောက်ကနေ လမ်းမပေါ်လျှောက်လာတဲ့ ကျောင်းအင်္ကျီအဝါရောင်နဲ့ သူတွေကို တွေ့လိုက်တဲ့ အချိန် Baekhyun ကို ကျွန်တော့်ကျောအနောက်ဘက်သွင်းပြီး ကွယ်ထားလိုက်မိတယ်...
လူအင်အားက ခုနှစ်ယောက်ဖြစ်ရုံတင်မကဘူး လက်ထဲမှာလည်း သစ်သားတုတ်တွေကိုင်ထားသေးတယ်...
ဟိုတစ်နေ့က ကိစ္စအခဲမကျေလို့နေမှာ...
'ဟေ့ကောင်...ဟိုတစ်နေ့က မင်းရဲ့ ကွန်ဖူး panda သူငယ်ချင်းရော...? hak'
တစ်ဖက်က အော်ပြီး လှောင်မေးမေးတဲ့ အချိန် ကျွန်တော် Baekhyun ကို အနောက်ဘက် တွန်းလိုက်တယ်...
'Baekhyun...ပြေးတော့....!'
TBC.
AN... 😭 ချကြတော့မယ်...😭
ခေးကိုတော့ ကာကွယ်ပါ Pcy ရယ်...😂
FB မှာ ခင်ချင်ရင် ChanyeolIs MoiliFe ပါပဲရှင်...သိပ်တော့မသုံးဖြစ်ပေမယ့် တစ်ခါတစ်လေ Msger တော့ သုံးပါတယ်ဗျ...
Vote လေးတွေ Feedback လေးတွေ မျှော်ပါတယ်ဗျာ...^_^ 😊😊😊
ဘာလိုလိုနဲ့ 11k တောင် ကျော်ရောပေါ့... ^_^
❤❤❤