Chapter-5
~~~~~~~~~~~
"Luhan ah ... ငါ့ လက်ကောက်လေးတွေ့မိသေးလား"
စာသင်ခန်းထဲကို ရောက်ကတည်းက လွယ်အိတ်တွေကို ဟိုလှန်ရှာဒီလှန်ရှာလုပ်နေတဲ့ Junmyeon
အခုလည်း ရုတ်တရက်ထအမေးကြောင့် Luhan ပါးစပ်ထဲ ထည့်ထားတဲ့ စုပ်လုံးကို ထုတ်လိုက်ပြီး
"ဘယ်လက်ကောက်...? အွန် !!!! ဟိုလက်ကောက်လား??"
သူ့မျက်လုံးပြူးသွားသည်... အဲ့ဒီလက်ကောက်Junmyeon အတွက် သိပ်ကိုအရေးပါတဲ့ ပစ္စည်းလေးပါ
ဘယ်လိုပျောက်သွားတာလား???
"ဟုတ်တယ် Lu ငါ အိမ်မှာလဲ ရှာမတွေ့ဘူး"
ပြောရင်းမျက်ရည်တွေဝဲလာတဲ့ Junmyeon ကြောင့် Luhan , Junmyeon ရဲ့ ကျောကုန်းလေးကို ပွတ်ပေးရင်း
"စိတ်အေးအေးထားပြီး စဉ်းစားကြည့်ပါ Junmyeonnieရယ် နေရာထားမှားတာလဲဖြစ်နိုင်တာပဲ"
Junmyeon ဖွဖွလေး သက်ပြင်းချရင်း
"Imm ပါ Luhannie"
ခဏနေတော့ ဆရာဝင်လာပြီး ကျောင်းသားတွေနှုတ်ဆက်ကာ စာသင်နေလိုက်ကြသည်....
***********
Break Time အချိန်ရောက်တော့ Lockerခန်းဆီသွားရန် စိတ်ညစ်ညစ်နဲ့ ထွက်လာခဲ့သည်
ကော်ရစ်တာရှေ့ Zombie လိုလျှောက်ရင်း လမ်းချိုးနေရာရောက်တော့ လူတစ်ယောက်နဲ့ တိုက်မိလေသည်...
တိုက်တဲ့ အရှိန်ကမပြင်းပေမယ့် လူက လေတိုက်တိုင်းယိမ်းဆိုသည့်အတိုင်း ခပ်နွဲ့နွဲ့ဆိုတော့ ပလပ်လန်ကျမလိုတောင်ဖြစ်သွားတယ် :3
ကိုယ့်ကို ပြန်ထိန်းရင်းမှ တိုက်မိတဲ့သူ့ကို ပြန်တောင်းပန်ဖို့မော့အကြည့်
Wu Yifan
သေပီ သေပြန်ပီ!!
Junmyeon ရယ် မင်းမှာ တိုက်မိတဲ့သူတောင် အာ့လောက်ရှားသလား!!!! ><
လူက နဂိုကတည်းကအဝေးက သူကို မြန်ရင်တောင် ရင်ထဲဖိုးသိုးဖက်သပ်ဖစ်နေတာ :3
အမြဲတမ်း တွေ့လိုက်ရင်ထိတ်တိုက် -_-
ဟိုကလဲ အမြဲရုပ်တည်ကြီးနဲ့ဆိုတော့ လူက အနားကပ်ဖို့မပြောနဲ့ အရိပ်မြင်ရင်တောင် ဒူးတွေချောင်ကုန်တာ -.-
ကျားရှေ့မှောက်လျက်လဲ ဆိုတာ ဒါမျိုးလား!! :3
ကိုယ့်အတွေးနဲ့ကိုယ် ပတ်လည်ရိုက်နေရင်း... Yifan က သူ့ကို လက်ညိုးထိုးပြီးပြောလေတော့
"မင်း!!!! ဟိုတစ်ယောက်-"
Yifan စကားမဆုံးသေး
"တော..တောင်းပန်ပါတယ် Sunbae ကျွန်တော်မမြင်လို့..... ခ..ခွင့်ပြုပါဦး"
သူဖျက်ပြောလိုက်ရင်း 90° bow လုပ်ရင်း ထလစ်ဖို့ပြင်လိုက်သည်....
ဒါမဲ့ ကံဆိုးသူ မောင် Junmyeon....
"Yah! ဘယ်လစ်မလို့တုန်း ....! လာခဲ့"
ဆိုကာ ထပြေးတော့မယ့် Junmyeonလက်မောင်းရင်းကို ခပ်တင်းတင်းဆွဲကိုင်ရင်း ...
စာမသင်တဲ့ နေရာလွတ် အခန်းထဲကို ဦးတည်လိုက်တယ်
အနောက်က Junmyeon ကတော့ ယက်ကန်ယက်ကန်နဲ့ ပါလာလေရဲ့...။
××× ××× ××× ×××
အခုတလော ဒီယုန်ပေါက် တော်တော်ထူးဆန်းနေသည်
အရင်ကသတိမထားမိပေမယ့် ဒီရက်ပိုင်းအတွင်း ယုန်ပေါက်ကို လျှပ်တပြတ်တွေ့ရတတ်သည်....
လျှပ်တပြတ်?? ဟုတ်ပါတယ် လျှပ်တပြတ်...
ပထမတစ်ခါတုန်းက သူ့ဘောလုံးနဲ့ ပစ်မိသွားတုန်း ကူညီပေးရင်း စကားတောင်မပြောရသေးဘူး ချက်ချင်းလစ်ထွက်သွားတယ်...
ဒါမဲ့ သူ လျစ်လျူရှုမိတယ်...
နောက်တော့ သူ အားကစားလုပ်နေတဲ့အခါမျိုးမှာ တစ်ယောက်ယောက်ကြည့်နေသလိုခံစားမိရင်း ဘေးပတ်လည်ဝေ့ဝိုက်ကြည့်လိုက်တော့ ဒီယုန်ပေါက် ထောင့်အကွယ်လေးမှာ သူ့ကို စိုက်ကြည့်နေတယ်လေ!
မျက်လုံးချင်းစုံသွားမိတော့ ယုန်ပေါက်ဘက်က အရင်ဆုံးမျက်နှာလွှဲပီး လှစ်ခနဲ လစ်ထွက်သွားတာ ဖျတ်ခနဲဆို ရှာမတွေ့တော့ဘူး...
ဒါတစ်ခါက ဒုတိယအကြိမ်ဆိုပေမယ့် သူ လျစ်လျုရှုမိပြန်တယ်...
တတိယအကြိမ် ကန်တင်းမှာ ထမင်းဟင်းတွေစိတ်ကြိုက်ရွေးနေရင်း သူကြိုက်တဲ့ ပဲပြားတို့ဖူးကို ယူမလို့ပြင်တုန်းရှိသေး
ရှေ့က ကောင်လေးတစ်ယောက် သူ့ရှေ့ကို နောက်ကျောပေး ပိတ်ရပ်လိုက်တာကြောင့်... ယူဖို့လက်တွေတွန့်သွားတယ်...
ထိုကောင်လေးက သူ့ရဲ့ တည်ရှိနေမှုကို သိပုံမရ ရှေ့က Ahjuma ထည့်ပေးနေတဲ့ ထမင်းပန်းကန်ကိုသာ စောင့်နေလေတယ်...
Yifan ချောင်းဟန့်လိုက်ပြီး
"ဒီမှာ ... ဘေး-"
သူပြောဖို့ရှိသေး လှည့်ကြည့်လိုက်တဲ့ ကောင်လေးမျက်နှာကိုမြင်တော့ ပြောစရာစကားလုံးတွေ ပျောက်သွားတယ်
ယုန်ပေါက်လေးပဲ
ယုန်ပေါက်လေးက သူကို မျက်လုံးအပြူးသားနှင့်ကြည့်ပြီး 90° bow လုပ်ကာ အလင်းထက်မြန်တဲ့ အလျင်နဲ့ ထွက်ပြေးသွားလေတယ်...
"ဟဲ့ ဟဲ့ သားထမင်း ပန်းကန်ယူသွားဦးလေ"
Ahjuma လှမ်အော်တာတောင်မမှီလိုက် ယုန်ပေါက် ပျောက်သွားပြီလေ...
ဒီယုန်ပေါက်လေး မြေလျှိုးမိုးပျံ သိုင်းများတတ်လားမသိဘူး
Yifan စိတ်ထဲမှာတော့ နဲနဲဖုသွားသည်...
ဒီကောင်လေးငါ့ကို မုန်းများမုန်းနေသလား??
Yifan စိတ်ထဲ ကြုံးဝါးမိသည်က နောက်တစ်ခါတွေ့ရင် အဲ့ဒီယုန်ပေါက်ကို အမိအရဖမ်းဆွဲဖို့!!!
အခုတော့ ယုန်ပေါက်က သူရဲ့လက်ထဲမှာလေ ပါလာပြီ!!
ဘယ်ရမလဲ Wu Yifan ပါ လာမစမ်းနဲ့! ယားတတ်တယ် အဲ့လေ.မှားလို့ -.-
"....Sun....Sunbae.."
အနောက်က အသံသေးသေးလေးကို ဥပက္ခောပြုလိုက်ပြီး...
ယုန်ပေါက်ကို နံရံမှာ ကပ်ထားလိုက်ပြီး တံခါးကို လော့ချလိုက်သည်....
မင်း ဘယ်ပြေးမလဲ ယုန်ပေါက်ရယ်...
************
Tbc
3:50AM
အိပ်မရလို့ ထိုင်ရေးလိုက်တာ xP