ချစ်တယ် Hyung ရယ်

By jargiido_1215

74.4K 5.9K 126

Dika yaoi fic လေးပါ အများကြီးကြိုးစားထားပါတယ် အားပေးပါအုံးနော် Jargii do More

Intro
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-13
Ep-14
Ep-15
Ep-16
Ep-17

Ep-12

3.7K 322 10
By jargiido_1215

" ကဲ ဘယ်လိုဖြေရှင်းချက်ပေးမလဲ နားထောင်ကြည့်မယ် "

နှစ်ယောက်လုံးဆီမှ ဘာသံမှမထွက်။ခေါင်းတွေငုံ့ကာ ငြိမ်နေကြသည်မှာ အရင်က Byun Baekhyun နှင့် Park Chanyeol မှ ဟုတ်ပါလေစွ တွေးမိအောင်ပင်။

"ဘာလို့ ငြိမ်နေကြတာလဲ တစ်ခုခုတော့ပြောရမှာ မဟုတ်ဘူးလား "

"နေပါအုံး ငါတို့ကို တရားခံစစ် စစ်နေတာလား Kim Jongin "

စိတ်ဆတ်တတ်သော Chanyeol Hyung ကဒေါသတကြီးမေးသည်ကို Baekhyun က မပြောနဲ့ဟု တားလေရာ Chanyeol Hyung ငြိမ်သွားပေမယ့် ကျွန်တော့်ကို ကြည်ပုံမရ။

"အမှန်ကို သိချင်ရုံလေးပါ ဘာလို့ကျွန်တော့်ကို ဖုံးကွယ်ထားတာလဲ သိချင်တာလေးပါ "

"အဲ့ဒါကလေ Jong Jongin ah ..."

အပြောကောင်းသည့် Baekhyun Hyung ၏ အထစ်ထစ်အငေါ့ငေါ့စကားသံကြောင့် ကျွန်တော်စိတ်ထဲကျိတ်ကာရယ်မောနေမိသည်။အရှေ့မှာထိုင်နေသည့် Baekhyun Hyung ရှက်လွန်းလို့ လဲကျမလားတောင်ထင်ရသည်အထိ မျက်နှာတွေလဲ နီရဲကာ ဖျားနေသည့် KyungSoo Hyung မျက်နှာနှင့်မခြားပေ။

ခေါင်းမာသော KyungSoo Hyung ကိုဆေးရုံသွားရန်ခေါ်သော်လဲ Hyung က မသွားဘူးဟုသာငြင်းနေရာ ကျွန်တော်လဲ လက်လျှော့ပြီး အိမ်မှာပဲ  ဆန်ပြုတ်တိုက် ဆေးတိုက်နှင့် ဆရာဝန်လုပ်လိုက်ရသည်လေ။ကျွန်တော်ပြုတ်ကျွေးသည့် မကောင်းမကန်းဆန်ပြုတ်ကို ကုန်အောင်သောက်ပြီး ဆေးသောက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့မှ ကျွန်တော်လဲ စိတ်အေးသွားရသည်လေ။အိပ်နေသော Hyung ရဲ့နဖူးပေါ် ရေဝတ်တင်ပေးပြီ ကျွန်တော် သိသလောက် တက်သလောက်ပြုစုလိုက်တော့ အဖျားအတော်ကျသွားလေရဲ့။

Hyung ကိုစိတ်မချသည့်စိတ်တွေနှင့် အိမ်ပြန်လဲ မဖြောင့်မည်မို့ အမေ့ကိုလဲ ခွင့်တောင်းကာ Hyung တို့အိမ်မှာပဲ ညအိပ်ဖို့ ကိုယ့်ဘာသာစီစဉ်နေတာ Baekhyun Hyung တို့သာသိရင် ပွစိပွစိလုပ်အုံးမည်မှာအသေအချာ။သူတို့လဲ နေနိုင်ကြသည်။ခုချိန်ထိ KyungSoo သက်သာပြီလားဟေ့ တစ်ခွန်းမမေး။ဖုန်းလဲမဆက်။ပြန်လဲပြန်မလာကြသေး။တော်တော်အားကိုးရသော သူငယ်ချင်းများဟု တွေးကာ စိတ်တွေတိုနေမိသည်လေ။

ဖြစ်ချင်တော့ ကျွန်တော် ဆန်ပြုတ်ပြုတ်တုန်းက မီးဖိုချောင် အတွင်း ဖွထားခဲ့သော အမှိုက်တွေကို KyungSoo Hyung မနိုးခင် အမြန်သိမ်းဆည်းပြီး ပစ်ရန်အပြင်ထွက်လာခဲ့တဲ့အချိန်။အမှိုက်ထုပ်တွေနှင့် မနိုင်မနင်း ကျွန်တော်ထွက်လာတော့ ခြံရှေ့မှာ ကားတစ်စီးရပ်ထားလေရဲ့။မြင်သည်နှင့် သိသည်လေ Chanyeol Hyung ကားဆိုတာ။ပြန်လာကြပြီပေါ့တွေးပြီး  လျှောက်လာခဲ့သည်က ကျွန်တော့်အမှား။

ကားရဲ့တစ်ဖက်ခြမ်းမှာ နှစ်ယောက်သား ပူးကပ်ကာ အနမ်းချွေနေကြသည်ကို ကျွန်တော်တွေ့တော့ ရုတ်တရပ်ကြောင်အသွားမိရသည်လေ။ဘယ်သူတွေလဲဟု ပြူးပြဲကြည့်မိတော့မှ Baekhyun Hyung နဲ့ Chanyeol Hyung။

နှစ်ယောက်သား ကျွန်တော်ရောက်နေသည်ကိုပင် သတိထားမိပုံမရ။ချစ်ကြည်နူးနေကြသည်မှာ မိုးမမြင်လေမမြင်။ကျွန်တော် မထင်ထားမိသည်မှာ ဒီနှစ်ယောက် ဘယ်တုန်းကများ ဒီလိုအခြေအနေဖြစ်သွားသလဲဆိုတာပင်။အနေအထိုင်ပီရိစွာ ကျွန်တော့်ကို ဖုံးကွယ်ထားခဲ့ကြသည်မဟုတ်လား။

Chanyeol Hyung က Baek Hyung ရဲ့ဆံပင်လေးတွေကို ကြင်ကြင်နာနာသပ်တင်ပေးနေပြီး Baekhyun Hyung ရဲ့လက်က Chanyeol ရဲ့ခါးကိုဖက်ထားလျက် နှစ်ယောက်သား love scene ရိုက်နေသလားထင်ရလောက်အောင်ပင်။ကျွန်တော်လဲ ကြည့်ကောင်းကောင်းနှင့် အမှိုက်ထုပ်ဆွဲကာကြည့်နေလိုက်သည်။ကျွန်တော့်ကိုတွေ့ရင် နှစ်ယောက်သားဖြစ်သွားမည့် မျက်နှာတွေကို မြင်ချင်မိပါသည်။

အချိန်အတော်ကြာတော့ နှစ်ယောက်သား အိမ်ထဲဝင်လာကြလေရဲ့။ကျွန်တော်ခြံထဲရပ်နေသည်လဲတွေ့ရော Baekhyun Hyung မျက်ဝန်းမှေးမှေးတွေ KyungSoo Hyung လောက်နီးနီး ပြူးကျယ်သွားလေရဲ့။ကျွန်တော်လဲ မိုက်ကြည့်ကြည့်ပေးနေတော့ နှစ်ယောက်သား ရှက်ကိုးရှက်ကန်းနှင့် ဘာတွေလုပ်နေကြမှန်းမသိ။အဲ့ဒါနဲ့ပဲ အခုလို စစ်မေးမိကြသည်လေ။

"Hyung တို့ ဘယ်တုန်းကထဲက ချစ်သူတွေဖြစ်နေကြတာလဲ  ကျွန်တော်နဲ့ မသိခင်ကထဲကလား "

"မဟုတ်ပါဘူး Jongin ရယ် မင်းနဲ့ သိပြီးမှပါ ငါတို့နှစ်ယောက် တွဲတာလဲ မကြာသေးပါဘူး နှစ်လလောက်ပဲရှိပါသေးတယ် "

ဖြေရှင်းချက်တွေ အတင်းပေးနေသော Baekhyun Hyung ကို ကျွန်တော် ရယ်ချင်နေပေမယ့် မျက်နှာကို ခပ်တည်တည်သာထားရင်း စစ်မေးနေလေတော့ Chanyeol Hyung က မကျေမနပ်နှင့်ဝင်ပြောနေလေရဲ့။

" Jongin မင်းအခုသိပြီမလား ငါတို့လဲ ဖွင့်မပြောဘူးဆိုတာ ဒီတိုင်းမပြောဖြစ်သေးတာ ဖုံးကွယ်ထားတာမဟုတ်ဘူး မင်းတို့နှစ်ယောက်လဲ ပြဿနာတွေရှုပ်နေတယ်မလား အာ့ကြောင့် မပြောတာ တစ်မျိုးထင်မနေနဲ့ "

"ဟုတ်ပါတယ် Jongin ရယ် တမင်မပြောတာမဟုတ်ပါဘူး KyungSoo လဲသိပါတယ် မင်းတို့ အဆင်ပြေသွားရင် ငါတို့ဖွင့်ပြောဖို့ ဆုံးဖြတ်ထားပြီးသားပါ  ငါတို့တွဲနေတာပြောလိုက်ရင် မင်း စိတ်မကောင်းဖြစ်သွားမှာစိုးလို့ပါ "

နှစ်ယောက်လုံး ရှင်းပြနေသည်ကို ကြည့်ရင်း ရယ်ချင်နေမိသည်လေ။အထူးသဖြင့် Baekhyun Hyung ။ကျွန်တော် မြင်ထားသည့် သူတို့နှစ်ယောက်အခြေအနေကြောင့်ထင်၏။ကျွန်တော့်မျက်နှာကို စေ့စေ့မကြည့်ရဲ။ရှက်နေသည့် Baekhyun ကိုကြည့်ပြီး ရယ်ချင်စိတ်ကထိန်းမရ။ပွင့်လင်းသည့် ဟန်ပန်ပျောက်ကွယ်နေသည်မဟုတ်လား။အချစ်နဲ့တွေ့ရင် လူတွေပြောင်းလဲသွားတတ်ကြသည်လား။KyungSoo Hyung လဲပြောင်းလဲလာမယ့်အချိန်ကို မျှော်လင့်နေမိသည်လေ။

"KyungSoo ကော သက်သာလား ဆေးရုံသွားပြီးပြီလား "

"မသွားဘူးတဲ့ ဆေးတိုက်ထားတယ် Hyung တို့ဗျာ သိပ်နေနိုင်တာပဲ ကျွန်တော်သာမရှိရင် KyungSoo Hyung ဘယ်လိုလုပ်မလဲ ပစ်ထားကြတယ်တကယ်ပဲ  ခုမှစဉ်းစားမိတယ် Hyung တို့တွေ KyungSoo Hyung ကိုတစ်ယောက်ထဲ ဆိုင်မှာထားခဲ့ပြီး အမြဲချိန်းတွေ့ကြတယ်မဟုတ်လား  ကျွန်တော်ကတကယ် အလုပ်ရှိတယ်ပဲထင်တာ ဘယ်သူမှ မယုံရဘူးပဲ "

"ya !!! KyungSoo တောင်ခွင့်ပြုထားတာ မင်းကဘာဖြစ်တာလဲ  ငါတို့ကမင်းရှိနေလို့ KyungSoo ကိုစိတ်ချပြီး ဖုန်းမဆက်တာ အဆင်ပြေကြပါစေဆိုပြီး လွှတ်ထားတာ ကျေးဇူးမတင်ဘူး Hyung တွေကိုစစ်လားဆေးလားဟောက်လားနဲ့ Kim Jongin "

ကျွန်တော်က စိတိတိုလို့ပြောလိုက် Chanyeol Hyung က ဒေါသထွက်ပြီး ပြန်အော်လိုက်နဲ့ ကြားထဲက Baekhyun ရဲ့ တိုးတိုးဆိုပြီး တားမြစ်သံလဲ ကျွန်တော်တို့နှစ်ယောက်နားထဲမတိုး။

"Hyung တို့ကိုမယုံလို့ ကျွန်တော် ဒီနေ့ဒီမှာအိပ်မလို့ "

ပြောပြီးကျွန်တော် စကားဝိုင်းမှထကာ အိမ်ပေါ်တက်လာခဲ့လိုက်သည်။မင်း ဘယ်သူ့ခွင့်ပြုချက်နဲ့ အိပ်မယ်ပြောရတာလဲ ya Kim Jongin ဆိုသည့် အော်ဟစ်ပြောသံကိုပါ လစ်လျူရှုကာ ကျိတ်ရယ်ရင်း KyungSoo Hyung အခန်းထဲဝင်လာလိုက်သည်လေ။Hyung ကတော့ ဆေးအရှိန်နဲ့ အိပ်မောကျနေပါသည်။နဖူးကိုအသာစမ်းကြည့်တော့ ခပ်နွေးနွေးရှိနေသေးပေမယ့် အဖျားကျသွား၍တော်သေးသည်ပြောရမည်။အပြစ်ကင်းသော Hyung မျက်နှာလေးကိုကြည့်ရင်း ကြည်နူးမှုကတစ်ဖက် အားငယ်မှုကတစ်ဖက်ရယ်ပါ။

"Hyung ရယ် သူများတွေလို ကျွန်တော်လဲ Hyung နဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ်။Hyung ကို ပျော်အောင်ထားနိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ချက်အပြည့်ရှိတယ်။ကျွန်တော့်အချစ်တွေကို ယုံကြည်ပေးပါ Hyung ရယ်"

အိပ်ပျော်နေသော Hyung မကြားနိုင်မှန်းသိ၍သာ တိုင်တည်ပြောဆိုနေမိပေမယ့် Hyung ယုံကြည်လာအောင်ကြိုးစားဖို့က သူ့အတွက် ဝေးကွာနေသေးသည်လေ။

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

Hyung နေမကောင်းဖြစ်ပြီးတဲ့ နောက်ပိုင်း ကျွန်တော့်ကို ပိုယုံကြည်လာသလိုပင်။ကျွန်တော့် တဇွတ်ထိုး အပြုအမူတွေကြောင့်လဲ ပါမည်။အလုပ်သွား အလုပ်ပြန် Hyung နှင့်အတူတူ ရှိချင်လို့ မရ ရအောင် ကြံဖန်ပြီး Hyung ကားပေါ် ပါလာတတ်သည့် ကျွန်တော့်ကို  Hyung ကလဲ မနိုင်တော့ဘူးထင်ပါရဲ့။မတားတော့ဘူး အလုပ်သွားတိုင်း ကျွန်တော့်ကိုခေါ်သွားတတ်သည်လေ။ညနေ အလုပ်ပြန်တဲ့အခါ coffee ဆိုင်မှာ Hyung နဲ့အတူတူ ကူလုပ်ပေးဖြစ်သည်ကိုလဲ Hyung ကျေနပ်သည်တော့ မဟုတ်ပေမယ့် ငြင်းဆန်ခြင်းလဲမပြု။တစ်ခါတလေ Hyung တို့အိမ်မှာ ညအိပ်ဖြစ်သည်ကိုလဲ ခွင့်လွှတ်ပေးထားသည်ဆိုတော့ တစ်ခါတလေ Hyung များ ငါ့ကို နားလည်ပြီလား တွေးမိပေမယ့် အရမ်းမယုံရဲသေးပေ။

ဒီနေ့လဲ ထုံးစံအတိုင်း Hyung နဲ့ ကျွန်တော် နှစ်ယောက်ထဲ ဆိုင်မှာကျန်ခဲ့သည်။date လုပ်သည့်နှစ်ယောက်ကောင်းမှုဖြင့် ကျွန်တော် Hyung နားမှာ အကြာကြီးနေရသည်က ကျေးဇူးတင်စရာ။အတွင်းခန်းထဲ Hyung က coffee ဖျော် ကျွန်တော်က waiter လုပ်နဲ့ Hyung နဲ့သာ အတူတူနေဖြစ်ရင် ဒီလိုဆိုင်မျိုးလေး ဖွင့်ကာ အေးအေးချမ်းချမ်းတစ်သက်လုံးနေသွားမည်ဟူသော အတွေးတွေကလဲ စိတ်ကူးနဲ့ရူးချင်စရာပါ။

"မွေးနေ့လုပ်ပေးလို့ရမလားဟင် အလုပ်ကသူငယ်ချင်း မွေးနေ့ပါ ချက်ချင်းစီစဉ်လိုက်ရလို့ ရုတ်တရပ် နေရာကရှာမရဘူးဖြစ်သွားတယ် ကူညီပါလားဟင် အရမ်းမကြီးကျယ်ပါဘူး လေးငါးယောက်စာ coffee နဲ့မုန့်ရယ် မွေးနေ့ကိတ်ရယ် ရပါပြီ လုပ်ပေးလို့ရမလားဟင်"

အမြဲတမ်းcustomer တစ်ဦးတောင်းဆိုမှုနဲ့ ကျွန်တော်နဲ့ Hyung နာရီပိုင်းလောက်အလုပ်ရှုပ်သွားခဲ့တယ် နှစ်ယောက်ထဲရှိချိန်မို့ အခက်အခဲရှိပေမယ့် Hyung က customer စိတ်ချမ်းသာစေဖို့ ဦးစားပေးပြီး နှစ်ယောက်သားကြိုးစားလုပ်ပေးမိကြသည်။ကျွန်တော့်အတွက် ပိုကျေနပ်မိသည်က Hyung ရဲ့ ကျွန်တော့်ကို အကူအညီတောင်းတဲ့ စကားသံလေးတွေကြားရတာပါပဲ။နှစ်ယောက်ထဲမို့ ကျွန်တော်ကလွဲပြီး ကူညီပေးမယ့်သူ မရှိဘူးလေ။အလုပ်ရှုပ်ပေမယ့် ပျော်နေမိသား။

အချိန်တိုအတွင်းစီစဉ်လိုက်ရပေမယ့် အောင်မြင်သွားခဲ့သည့် မွေးနေ့ပွဲလေးကတော့ ပျော်ရွှင်မှုတွေပြည့်နှက်နေလေရဲ့။Hyung လုပ်ပေးသည့် မွေးနေ့ကိတ်ကို အရမ်းသဘောကျနေသော customer များရဲ့ချီးကျူးသံကလဲ ကျွန်တော့်အတွက် ဂုဏ်ယူမှုကိုဖြစ်စေသည်လေ။ကျွန်တော့် Hyung အရမ်းတော်တာပဲ။

" present အနေနဲ့ သီချင်းလေးတစ်ပုဒ်လောက်ဆိုပေးပါလား အရင်တစ်ခါ ဆိုတာကြားဖူးတယ် အရမ်းကောင်းတာပဲ တောင်းဆိုပါတယ်နော် "

Hyung ကို တောင်းဆိုနေသံကြားတော့ ကျွန်တော်အရမ်းအံ့သြောသွားရသည်။Hyung က သီချင်းဆိုသည်တဲ့လား။ကျွန်တော် ဘာလို့မသိခဲ့ရပါလိမ့်။ကျွန်တော်နဲ့မသိခင်က ကိစ္စတွေကို ပြောနေတယ်ထင်ပါရဲ့။အရင်ကလဲ ဆိုင်မှာမွေးနေ့ပွဲလေးတွေ ခနခန လုပ်ပေးဖြစ်ကြသည်ဆိုတော့ Hyung ဆိုဖူးတယ် ထင်ပါရဲ့။Hyung ကတော့ ရှက်နေဟန်တူသည်။ငြင်းရအခက်လဲ ဖြစ်နေပုံပင်။ကျွန်တော်လဲ Hyung သီချင်းဆိုသံကို ကြားချင်နေသည့် စိတ်တွေ ဝင်လာရာ Hyung ကို ဆိုလိုက်ပါဟု ဘေးနားကနေ တွန်းထိုးပေးတော့ Hyung က မကျေမနပ်ကြည့်နေလေရဲ့။

အသက်ဘယ်နားကရှုရမှန်းမသိအောင် လက်ရှိဘဝကို မေ့သွားအောင် Hyung သီချင်းသံက ကျွန်တော့်ကို ခေါ်ဆောင်သွားသည်လေ။ Hyung kpop လောကထဲဝင်ပါက လက်ရှိ kpop singer တွေကို အသာလေးဖြတ်ကျော်သွားနိုင်သည်အထိ Hyung အသံက ပြုစားလွန်းနေလေရဲ့။customer တွေရော ကျွန်တော်ရော ငြိမ်ချက်သားကောင်းပြီး သီချင်းသံမှာစီးမျောနေမိသည်လေ။

သီချင်းသံဆုံးသွားလို့ အကုန်လုံး လက်ခုပ်တီးပြီး Hyung ကိုဂုဏ်ပြုကြပေမယ့် ကျွန်တော် သတိလက်လွတ် Hyung ကိုပဲငေးနေမိသည်လေ။ဘယ်တုန်းကမှ မမြင်ခဲ့ဘူးသည့် Hyung ရဲ့ပုံရိပ်ကို နှလုံးသားထဲ ခတ်သိမ်းနေအိသည်မဟုတ်လား။သီချင်းဆိုသည့်အချိန် Hyung ပုံစံမှာ နာကျဉ်မှုတွေမတွေ့ရဘူး။ဝမ်းနည်းမှုတွေမတွေ့ရဘူး။ငယ်ငယ်တုန်းက အပြစ်ကင်းခဲ့သည့် လူငယ်လေးတစ်ယောက် ပုံရိပ်အတိုင်း လွတ်လပ်ပေါ့ပါးပြီး ရွှင်လန်းနေသည့် မျက်နှာလေးနှင့် ကြည်နူးမှုကိုဖြစ်စေလေရဲ့။

Hyung သီချင်းဆိုပြီးသွားတော့ customer တွေက ကျွန်တော့်ကိုပါ ဆေးထိုးလေရဲ့။ဆိုင်ရဲ့အမာခံဖောက်သည်တွေမို့ ကျွန်တော်တို့နဲ့လဲ အတော့်ကိုရင်းနှီးနေတော့ ငြင်းရခက်စွာနှင့် ကျွန်တော်လဲ ကျွမ်းကျင်တဲ့ အကကို ကပြပေးဖြစ်ခဲ့သည်လေ။

ကိုယ့်ကိုကိုယ် မြှောက်ပြောတာမဟုတ်ပေမယ့် မွေးရာပါ ပါရမီပါတယ်ပြောရမလား။အံ့သြောတသ ဖြစ်အောင် အကဘက်တွင် ကျွမ်းကျင်အဆင့်ပါ။မိဘတွေရဲ့ ကန့်ကွက်မှုသာမရှိခဲ့ရင် ကျွန်တော် နာမည်ကြီး idol တစ်ယောက်ဖြစ်နေနိုင်လောက်ရဲ့လေ။အခုလဲ ကျွန်တော် အကမှာ customer တွေသာမက Hyung ပါ စီးမျောသွားလေသလား။ကျွန်တော် ကပြီးသွားတာတောင် ကျွန်တော့်ကို ကြည့်နေသည့်အကြည့်တွေမခွာ။ဂုဏ်ယူသလိုမျိုး ကျေနပ်သလိုမျိုး အကြည့်တွေဖြင့် Hyung မျက်ဝန်းတွေမြင်ရတော့ ကျွန်တော်လေ ဒီနေ့လေးကို မပြီးဆုံးစေချင်ခဲ့ဘူး။

မွေးနေ့ကျင်းပခဲ့သည့် customer တွေက ကုန်ကျစရိတ် အားလုံးကို ငွေပေးချေပြီတဲ့အပြင် သီချင်းဆိုပေး ကပြပေးတဲ့ ကျွန်တော်နဲ့ Hyung အတွက် လက်ဆောင်အဖြစ် ရုပ်ရှင် လက်မှတ်နှစ်စောင်ကိုပါ အမှတ်တရအနေနဲ့ ပေးခဲ့သည်လေ။ကျေးဇူးတင်လိုက်သည်ဆိုတာလေ။ကျွန်တော် Hyung နဲ့အတူ နှစ်ယောက်ထဲ ရုပ်ရှင်ကြည့်ခွင့်ရပြီ။Hyung လက်ခံရင်ပေါ့။

ညဘက်ဆိုင်သိမ်းပြီးပြန်တော့ Hyung က အိမ်အထိလိုက်ပို့လေရဲ့။

" Hyung သွားကြည့်မယ်နော် ခွင့်ပြုပေးပါနော် ကျွန်တော် အဲ့ကားအရမ်းကြိုက်လို့ပါ Hyung ရယ် နော် "

တလမ်းလုံး ကျွန်တော် တတွတ်တွတ် ပြောနေခဲ့သည့်စကားက ထိုစကားတွေသာပင်။အမှတ်တရ ရထားသော တန်ဖိုးကြီး လက်မှတ်တွေကို ဟို ချစ်သူနှစ်ယောက်ကို Hyung ကပြန်ပေးမည်တဲ့လေ။မရပါဘူး။ကျွန်တော့်ကြိုးစားမှုနဲ့ ကျွန်တော် ရထားသည့် ဒီအခွင့်အရေး ကိုကျွန်တော် လက်လွတ်မခံနိုင်ပါဘူး။မရ ရအောင် ကျွန်တော် ကြိုးစားနေတော့ Hyung လဲ စိတ်ရှုပ်လာဟန်တူပါရဲ့။စိတ်တိုသည့်ပုံစံဖြင့်

"အေးကွာ သွားကြည့်မယ် နှစ်ယောက်ထဲ ဟုတ်ပြီလား "

ကျွန်တော် ထင်ပါသည်။Hyung လဲ ကျွန်တော့်ကို လက်ခံလာပြီဆိုတာကိုပေါ့။

☆☆☆☆☆☆☆☆☆☆☆☆☆☆☆




Continue Reading

You'll Also Like

304K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
1M 65.7K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်...
319K 34.2K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
292K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...