သူ့ဆီကို အပြေးတစ်ပိုင်းနဲ့ လျှောက်လာတဲ့ လူတစ်ယောက်
Wu Yifan
Junmyeon ရဲ့ အသက်ရှုသံတွေ ရပ်တန့် သွားသည်...
သူသိတယ် မိနစ်ပိုင်းတွင်းမှာ သူသေနိုင်တယ်ဆိုတာ အသက်ရှုသံတွေက ပုံမှန်မဟုတ်တော့ဘူးလေ....
OH NO!!!
#recall
Chapter-4
-----------------------
"ရရဲ့လား..."
အသံနဲ့ အတူ သူ့ဘေးနားရောက်ချလာတဲ့ Yifan ...
Junmyeon ခေါင်းကိုငုံ့ထားလိုက်တယ်။
Yifan အမေးကို မဖြေအား...
ခေါင်းကြီးငုံ့ကာ ကြမ်းပြင်ပေါ်ကျနေတဲ့ စာအုပ်တွေကို ထိုင်လျက်ပင် မမှီမကန်းဆွဲယူနေတယ် ...
Yifan သူ့ရဲ့ရှေ့ ဒူးထောက်ချလိုက်ပြီး ။
ကျနေတဲ့ စာအုပ်တွေကောက်ပေးလိုက်သည်...။
သာမာန်အချိန်မှာဆို ဒီလိုကူညီပေးဖို့နေနေသာသာ လှည့်တောင်မကြည့်ပဲ ထွက်သွားတတ်တဲ့ Yifan
ခုတော့ ဒီကောင်လေးကို ဘာကြောင့်လဲ မသိ ကူညီပေးနေမိတယ် ...။
မကူညီပေးလို့လဲ မရဘူးလေ အဲ့ဒီကောင်လေးပုံစံကလဲ လေတိုက်တာနဲ့တင်လဲသွားနိုင်တဲ့ ခပ်သေးသေးကောင်လေး
ပြီးတော့ သူကစားနေရင်း ပစ်လိုက်တဲ့ ဘောလုံး အရှိန်ကလဲ နည်းတာမှမဟုတ်တာ
ကောင်လေးခင်ဗျာ ဘောလုံးနဲ့ထိပြီး ကြမ်းပြင်ပေါ် ပုံခနဲလဲ သွားလေရဲ့ ဒါကြောင့်လဲ သူအပြေးသွားနဲ့ ထိုကောင်လေးကို သွားကူညီမိသည်...။
နေပါဦး!!! ငါ သူက မြင်ဖူးသလိုပဲ
ထိုကောင်လေးက ခေါင်းငုံ့ထားတာကြောင့် Yifan ထိုသူမျက်နှာကို မမြင်ရသေး....
သူ စာအုပ်တွေဝိုင်းကူကောက်ပေးလိုက်ရင်း
...
"အဆင်ပြေရဲ့လား"
သူမေးလိုက်သည်...။
တဖက်ကကောင်လေးကတော့ ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက်ပဲ ထိုင်နေလေတယ်...
သူ့ကြည့်ရတာ မတ်တပ်ထရပ်ဖို့ အခက်တွေ့နေပုံရသည်... ။
ဘာမှစဉ်းစာမနေတော့ဘဲ ကောင်လေးရဲ့ လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်ပြီး ဆွဲထူပေးလိုက်တယ် ...
Yifan ရဲ့ ရုတ်တရက် အပြုအမူကြောင့် Junmyeon အလန့်တကြားနဲ့ Yifan ကိုတွန်းလိုက်သည်...။
ကံမကောင်းစွာနဲ့ သူတွန်းလိုက်ပေမယ့် နောက်သို့မရောက်ပဲ တုန်ရီနေတဲ့ခြေထောက်တွေက ပျော့ခွေသွားကာ အရှေ့သို့ငိုက်စိုက် ကျသွားသည်။
ဒါမဲ့ ကံကောင်းတယ်လို့ဆိုရမလား ငိုက်ကျသွားတဲ့ သူ့ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ မမိတ်ဆက်မှီ သူ့ရှေ့မှာရပ်နေတဲ့ Yifan ရဲ့ ရင်ခွင်ထဲ တန်းဝင်သွားလေတယ်...
သူ့ရဲ့ ပါးပြင်တဖက်က Yifanရဲ့ ဘယ်ဘက်ရင်ဘတ်ပေါ်မှာရှိနေတော့ စီးချက်ညီစွာ ခုန်နေတဲ့ Yifanရဲ့ နှလုံးခုန်သံကို အတိုင်းသားကြားနေရသည်...
နောက်ပြီး Junmyeon ရဲ့လက်တစ်ဖက်က ညာဘက်ရင်အုံမှာ ... အားကစားစွပ်ကျယ်ကိုသာ Yifan ဝတ်ထားတာကြောင့် သူ့ရဲ့လက်ဖ၀ါးအောက်က အဖုထစ်လေးကို သူခံစားမိလိုက်တယ်...
ကျန်လက်တစ်ဖက်တော့ Yifanရဲ့ ခါးထက်၌၀ယ်....
#ဂလု
ပါးစပ်ထဲမှာ ပြည့်လျှံလာတဲ့ တံတွေးတွေကို သူမျိုချလိုက်တယ်...
Yifanရဲ့ ရင်ခွင်ထဲ ရောက်နေသည်ဆိုတဲ့ အသိကြောင့် ရင်ထဲမှာ ကုလားဘုရားလှည့်နေပြီလေ...
လက်တွေလဲ အေးစက်နေပြီ...။
ခြေထောက်တွေကလည်း လှုပ်လို့မရ...။
အခု သူတို့နှစ်ယောက်က ကို့ရို့ကားရားနိုင်တဲ့ အခြေအနေရောက်နေပြီလေ...။
ဘေးက ကျောင်းသားတွေ ကွက်ကြည့်ကွက်ကြည့်လုပ်နေတာကြောင့်
Yifan ချောင်းတစ်ချက်ဟန့်လိုက်ပြီး...
"အဟမ်း~! ဒီနေ့အဖို့ လွှတ်ပေးဦးမှာလား"
Yifan ပြောလိုက်တော့ Junmyeon ခေါင်းလေးမော့ကာ သူကို ကြည့်ပြီး လွှတ်ပေးလိုက်တယ် ...။
မတ်မတ်ရပ်လိုက်ရင်း ရှက်ရမ်းရမ်းကာ လည်ပင်းကို ပွတ်သပ်နေလိုက်တယ်...
သူကို တွေ့ဖူးသလိုပဲ
Yifan စိတ်ထဲတွေးလိုက်ရင်း ဦးနှောက်ကို အလုပ်ပေးလိုက်တယ်...
၃စက္ကန့်လောက်ကြာတော့ ခေါင်းထဲဝင်လာသည်က လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်ကအဖြစ်အပျက်လေး...
အာာ!!! ကျောင်းခေါင်မိုးထပ်မှာ တွေ့ခဲ့တဲ့ကောင်လေး...
ပြန်တွေ့ကြပြီပေါ့ ယုန်ပေါက်လေး...
Junmyeon ရှိုးတို့ရှက်တန့်ရယ်လိုက်သည်..
ဘေးကလည်းလူတွေဝိုင်းကြည့်နေကြတော့ မရှက်ပဲနေနိုင်ရိုးလား...
Yifan လက်ထဲက စာအုပ်ကို ဖြေးဖြေးချင်းဆွဲယူလိုက်ပြီး...
"တောင်း...တောင်းပန်ပါတယ်"
ဆိုလိုက်ရင်း တချိုးတည်းပြေးပါလေတယ်...
ငူငူကြီးကျန်ခဲ့တာက Yifan...
ဘာလေးလဲဟ!?!
စကားလေးတောင် မပြောလိုက်ရဘူး !
ပြေးတာမြန်လိုက်တာ~!
ဒါနဲ့ သူရဲ့ name tag တွေ့လိုက်သလိုပဲ...
Kim Junmyeon...
သူ့နာမည်ကို တိုးတိုးလေးရေရွတ်လိုက်ပြီး Yifan ရဲ့ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါက်ဖွားလာသည်...
******
Photo©
very short chapter, sorry 🙆
Baka