ချစ်တယ် Hyung ရယ်

Door jargiido_1215

74.4K 5.9K 126

Dika yaoi fic လေးပါ အများကြီးကြိုးစားထားပါတယ် အားပေးပါအုံးနော် Jargii do Meer

Intro
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17

Ep-11

3.4K 336 9
Door jargiido_1215

" KyungSoo ကလဲ မင်းကို ချစ်နေတာ "

အိမ်ပြန်ရောက်သည်အထိ Baekhyung Hyung ရဲ့ စကားသံက နားထဲစွဲထင်နေလျက်ရှိတုန်း။ရင်ထဲ တွင်တော့ ပျော်ရွှင်မှု  အံ့သြောမှု မယုံနိုင်မှု နားမလည်မှုတွေ ရောထွေးနေလျက်ရှိလေရဲ့။KyungSoo  Hyung က ကျွန်တော့်ကိုချစ်သည်တဲ့။ဒါကလဲ KyungSoo Hyung ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေဆီမှ ကြားသိလာရသော သတင်း။

" မင်းကိုတော့ သူကယုံကြည်နေခဲ့တာ တခြားသူတွေနဲ့မတူဘူးတဲ့ "

ကျွန်တော့်အပေါ်ဒီလိုခံစားချက်တွေ KyungSoo Hyung ဆီမှာရှိမှန်း ကျွန်တော် တကယ်မသိခဲ့မိဘူး။သိခဲ့ရင် ကျွန်တော် ထိန်းချုပ်မိခဲ့မှာပါ။အခုတော့ အချိန်လွန်မှ နောင်တရဆိုသလို ကျွန်တော့်ကို Hyung အထင်လွဲသွားခဲ့တယ်လေ။

" KyungSoo က နဂိုကမှ ထိလွယ်ရှလွယ်တဲ့အနေအထားလေ  ဘယ်အရာကို မယုံကြည်ရဲတော့တာ  ခံစားချက်တွေကို ပိတ်လှောင်ထားခဲ့တာ မင်းလဲသိတာပဲ Jongin "

သိလို့လဲ ကျွန်တော်လဲ ကျွန်တော့်ခံစားချက်တွေဖုံးကွယ်ပြီး တိတ်တဆိတ်ချစ်နေခဲ့တာပါ။ဖွင့်ပြောလိုက်ရင် Hyung တစ်မျိုးထင်သွားလေမလား။အထင်လွဲသွားမလား။မုန်းတီးသွားမလား။အမြဲတစေတွေးတောနေခဲ့တာ။ခုတော့ ကျွန်တော်ကိုယ်တိုင်ပဲ ထိုအရာတွေကို ဖန်တီးခဲ့မိတာလေ။

" မင်း သေချာရှင်းပြပေးလိုက်ပါ Jongin ရယ်  ငါတို့မင်းကို ယုံပါတယ် မင်း KyungSoo ကိုတကယ်ချစ်မယ်ဆိုတာ ငါတို့ယုံတယ်လို့ "

နှစ်ယောက်စလုံးက ကျွန်တော့်ကို အားပေးတော့ ကျွန်တော်လဲ သူတို့ကူညီမှုနဲ့ Hyung ကိုရှင်းပြဖို့အခွင့်အရေးရခဲ့တယ်။ဟိုကိစ္စပြီးကထဲက Hyung ကျွန်တော့်ကိုအတွေ့မခံတော့ဘူး။အလုပ်ကိုလဲ မလာဘူး။ခွင့်ယူထားတယ်ပဲ သိရပြီး coffee ဆိုင်ကိုလဲ မလာဘူး။ကျွန်တော် Hyung အိမ်ကိုသွားလဲ ထွက်မတွေ့ဘူး။ကျွန်တော့်ဖုန်းလဲမကိုင်ဘူး။ရှင်းပြဖို့နေသာ မျက်နှာတောင်မတွေ့ရတဲ့အဖြစ်။အလုပ်ကို တန်ဖိုးထားတဲ့ Hyung က အလုပ်တောင်မလာဘူးဆိုတော့ Hyung က သူ့ဘဝနဲ့ပတ်သက်ပြီး အရမ်းကို နာကျည်းခံစားခဲ့ရတယ်ဆိုတာ ကျွန်တော် နားလည်ခဲ့မိတယ်။ကျွန်တော်လဲ ထိုရက်တွေအတွင်း နေလို့မရခဲ့ဘူး။အလုပ်ထဲလဲ Hyung လာမလား မျှော်လင့်ချက်တွေနဲ့ သွားနေရပေမယ့် အမှားမှားအယွင်းယွင်းတွေဖြစ်
လိုဖြစ် အလုပ်ဆင်းတာနဲ့အိမ်မပြန်နိုင်။coffee ဆိုင်သွားရင်သွား။အိမ်ကိုလဲ ထွက်မတွေ့မှန်းသိရက်နဲ့ အကြိမ်ပေါင်းများစွာကျွန်တော်ရောက်နေခဲ့တယ်လေ။Hyung  ဘက်ကတော့ ကျွန်တော့်ကို လစ်လျူရှုထားလေရဲ့။အခုတော့ Baekhyun Hyung တို့အကူအညီနဲ့ ဒီညမှာ Hyung ကိုတွေ့ရတော့မယ်။ရှင်းပြခွင့်ရတော့မှာမို့ ကျွန်တော် ရင်တွေခုန်နေမိတယ်။ကျွန်တော့် ခံစားချက်တွေ စစ်မှန်ကြောင်းအသေအချာရှင်းပြရမယ်လေ။

Hyung တို့အိမ်နဲ့ မနီးမဝေးမှာရှိတဲ့ ပန်းခြံအသေးစားလေးထဲမှာ ကျွန်တော် ထိုင်စောင့်နေမိတယ်။Baekhyun တို့က ကျိန်းသေ Hyung ကို အဲ့နေရာကိုပို့ပေးမယ်လို့ ကတိပေးထားတယ်။သူတို့ရအောင်ပို့ပေးမယ်ဆိုတာ ကျွန်တော်ယုံပြီးသား။ပန်းခြံအတွင်းက သစ်သားထိုင်ခုံလေးပေါ်မှာ ကျွန်တော်ထိုင်စောင့်နေရင်း Hyung ကိုရှင်းပြမယ့်စကားတွေကို စိတ်ထဲမှာ စာစီနေမိတယ်။မကြိုက်ရင်ပြန်ဖျက်လိုက် ပြန်ရေးလိုက်နဲ့ စိတ်ထဲမှာတော့ ရှုပ်ရှက်ခက်နေပါပြီ။ရင်ထဲက လာတဲ့စကားတွေပြောရင်ပြီးတာပဲလေ Kim Jongin ဘာတွေစာစီနေတာလဲ မင်း Hyung ကိုချစ်တာအစစ်အမှန်ပဲလေ။စိတ်ထဲရှိတဲ့အတိုင်းသာပြော။ကိုယ့်ကိုကိုယ် အားပေးရင်း Hyung ကိုကျွန်တော် စောင့်နေမိတယ်။တိုက်ခတ်လာတဲ့လေပြေလေးထဲမှာ မိုးနံ့ကိုရနေသလို မိုးများရွာအုံးမလားမသိ။

အဝေးကနေ လှုပ်ခတ်လာတဲ့ ပုံရိပ်လေးကိုတွေ့တော့ ကျွန်တော် ရင်ထဲတစ်ချက်ခုန်သွားမိတယ်။ဟော တွေ့ရပါပြီ။ခဲရောင်ဆွယ်တာလေးနဲ့ ဂျင်းပြာလေးကို ရိုးရိုးလေးသာဝတ်ထားပေမယ့် Hyung ပုံစံက ကျွန်တော့်ကို ဘယ်အချိန်ကြည့်ကြည့် ရင်ခုန်လှုပ်ရှားစေလေသည်။တဖြည်းဖြည်း နီးကပ်လာလေ ကျွန်တော့်ရင်တွေ ပေါက်ကွဲတော့မတက်ခုန်လာလေလေပင်။ထိုင်ရမလို ထရမလိုနှင့် ဖြစ်ပျက်နေသောကျွန်တော့်ကို Hyung ကတော့တွေ့သေးပုံမရ။ခေါင်းကိုငုံ့လျက်သာ ဖြည်းဖြည်းချင်းလျှောက်လာလေသည်။ကျွန်တော့်ကိုတွေ့ရင် ဘယ်လိုတုံ့ပြန်မှာပါလိမ့်။

" Hyung ... "

ကျွန်တော် အသံပေးမိတော့ Hyung ကခေါင်းမော့ကြည့်လေည်။ကျွန်တော့်ကိုတွေ့တော့ ခြေလှမ်းတွေရပ်တန့်သွားလေရဲ့။မျက်နှာတွင် အံ့သြောမှုက အထင်းသား။ပြီးတော့ နာကျင်မှု ဒေါသဖြစ်မှု တွေ အဆင့်ဆင့်ပြောင်းလဲသွားတော့ Hyung ကို ဖြေရှင်းချက်ပေးမည့် စကားတွေက အလိုလိုပျောက်ကွယ်ကုန်လေသည်။

" Hyung ... ကျွန်တော် ကျွန်တော်လေ ...Hyung ခနလေး နေပါအုံး  Hyung ... "

ကျွန်တော့် စကားစမည်ပြုသည်နှင့် Hyung က လှည့်ထွက်သွားလေရာ ကျွန်တော့်မှာ အပြေးလိုက်ပြီး တားဆီးမိရတော့တယ်။Hyung ရှေ့ကိုပိတ်ရပ်မိတော့ Hyung က ကျွန်တော့်ကို မော့ကြည့်တယ်။Hyung အကြည့်တွေက စိတ်တိုနေသည့်မျက်ဝန်းတွေ။ဒါပေမယ့် ထိုမျက်ဝန်းတွေထဲ ကျွန်တော့်ကို မုန်းတီးနေဟန်မမြင်ရတော့ ကျေနပ်မိပြန်သည်လေ။

" ဖယ်ပေး "

" နေပါအုံး Hyung ရယ် ကျွန်တော် ပြောတာခနလေး နားထောင်ပေးပါဗျာ ခနလေးပါပဲ အချိန်ပေးပါနော် "

" Baekhyun ခေါ်လို့လာတာ ခုသူမှမရှိတာ ငါပြန်တော့မယ် "

" ကျွန်တော် အကူအညီတောင်းထားလို့ပါ Hyung ရယ်  ခနလေးပါ ကျွန်တော် တောင်းပန်ပါတယ် အချိန်လေးပေးပါနော် "

" ....... "

" ခနလေးပါပဲ ကျွန်တော် ပြောစရာလေးတွေရှိလို့ပါ ခွင့်ပြုပေးပါနော် ကျွန်တော်နဲ့ ဟိုထိုင်ခုံလေးမှာ ခနပဲစကားပြောခွင့်ပေးပါဗျာ နော် "

" ဒီမှာပြော  မင်းပြောချင်တာတွေ ခနတော့ ငါနားထောင်ပေးမယ် "

ကျွန်တော့် တောင်းပန်စကားကြောင့်ထင်ပါရဲ့။Hyung က အနည်းငယ်လိုက်လျောပေးတာကိုပဲ ကျွန်တော် ဝမ်းသာလိုက်တာဆိုတာလေ။အခွင့်အရေး ပေးနေတုန်း ပြောသင့်တာ သိပေမယ့် စကားက ဘယ်ကဘယ်လိုစပြောရမှန်းမသိ။Kim Jongin တို့ တွန့်ဆုတ်နေမိတာ။ရုတ်တရပ်ကြီး ငြိမ်နေသော ကျွန်တော့်ကို Hyung က စိတ်ရှည်ဟန်မတူ။

" မြန်မြန်ပြော Jongin "

Hyung ဆီမှ Jongin လို့ခေါ်သံလေး မကြားရတာ အတော်ကြာသွားလေရဲ့။Hyung ဆီက ဒီအခေါ်အဝေါ်လေးကိုပင် ကျွန်တော် လွမ်းဆွတ်မိနေခဲ့တာပါလေ။

" Hyung ကျွန်တော့်ကို စိတ်ဆိုးနေတာလား "

ကျွန်တော် မေးတော့ Hyung ဆီမှ သက်ပြင်းချသံတစ်ချက် ကြားလိုက်ရသည်။Hyung ရဲ့ ပုံစံက တည်ငြိမ်နေလေတော့ Hyung ရဲ့စိတ်ကို ကျွန်တော် ခန့်မှန်းရခက်နေလေသည်။

" ကျွန်တော့်ကို တစ်ခုခုတော့ပြောပါနော် ကျွန်တော့်ကို စိတ်ဆိုးနေတာလားဟင် "

" ဟင့်အင်း  စိတ်ထဲကလုံးဝထုတ်ပစ်လိုက်ပြီ အရာအားလုံးကို  အဲ့နေ့ကဖြစ်ပျက်ခဲ့တာတွေရော မေ့ပစ်ခဲ့ပြီ စိတ်ဆိုးတာတွေရော စိတ်တိုတာတွေရော ဘာမှကိုမရှိတော့ဘူး "

" ..... "

" ယုံကြည်ခဲ့တာတွေရော  မျှော်လင့်ခဲ့တာတွေရော အားလုံးပဲ  မေ့ပစ်ခဲ့ပြီ "

Hyung ရဲ့စကားအဆုံးမှာ ကျွန်တော့် ရင်တွေတစစီဖြစ်သွားရတယ်။ကျွန်တော့်ကိုချစ်တဲ့ အချစ်တွေကိုပါ မေ့ပစ်ခဲ့ပြီလား Hyung ရယ်။

" အဲ့ဒါကြောင့် မင်း စိတ်ထဲဘာမှမထည့်နဲ့ ရတယ် ငါ့ကိုလဲ အားနာမနေနဲ့ စိတ်ထဲရှင်းထားပြီမို့ ပြီးသွားပြီပဲ သဘောထားပါ ပြောချင်တာ ဒါပဲမဟုတ်လား ငါ သွားတော့မယ် "

" ခနနေအုံး Hyung "

ပြောချင်ရာတွေပြောပြီး လှည့်ထွက်သွားတဲ့ Hyung ရဲ့လက်ကို ကျွန်တော် ဖမ်းဆွဲထားလိုက်တော့ Hyung ကိုယ်ပါ ကျွန်တော့်ဘက်လှည့်လာတယ်။လက်တွေကိုရုန်းနေပေမယ့် ကျွန်တော် လွှတ်မပေးဘဲ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတယ်။တစ်ယောက်ထဲ ထင်ချင်ရာထင်ပြီး ပြောချင်ရာပြောသွားတာ ကျန်ခဲ့ရမယ့် ကျွန်တော်က အရူးလား။ကျွန်တော့်ဘက်ကဘာမှတောင် မစရသေးဘဲနဲ့ ဒီလိုအဆုံးသတ်တာမျိုး ကျွန်တော် လက်မခံနိုင်ပါ။

" လွှတ်ပါ Jongin "

" မလွှတ်ဘူး ကျွန်တော် ပြောချင်တာတွေကျန်သေးတယ် ဘာလို့ တစ်ဖက်သက်ထင်မြင်ပြီး တစ်ယောက်ထဲ ပြီးဆုံးချင်နေရတာလဲ Hyung ကျွန်တော့်စကားတွေကိုဆုံးအောင်နားထောင်ပြီးမှ Hyung လုပ်ချင်ရာလုပ်ပါ ကျွန်တော် Hyung ကိုချစ်တယ် "

Hyung ရဲ့မျက်ဝန်းလေးတွေ ပိုဝိုင်းသွားတယ်။အံ့သြောသွားပုံပဲ။ကျွန်တော်လဲ အချိန်ထပ်ဆွဲနေရင် ဒီထက်ဆိုးလာဖို့ပဲရှိမှာမို့ အမြန်ဆုံးဖွင့်ပြောလိုက်ရတယ်။နဲနဲတော့ ကဗျာဆန်တဲ့ အနေအထားမဟုတ်ပေမယ့် ကျွန်တော့်ရင်တွေ အတော်ကိုပေါ့ပါးသွားခဲ့တာ

" ကျွန်တော်က Hyung ကိုချစ်နေတာ ချစ်လို့လဲ စိတ်မထိန်းနိုင်ဘဲ လုပ်ချင်ရာလုပ်မိခဲ့တာ Hyung ကို အထင်သေးလို့လုပ်ခဲ့တာမဟုတ်ဘူး Hyung ယုံချင်မှလဲ ယုံမယ် ဒါပေမယ့် ကျွန်တော် ရင်ထဲကတကယ်ခံစားနေရတဲ့ စကားတွေပါ ကျွန်တော် Hyung ကိုချစ်တယ် "

နောက်တစ်ခေါက်ထပ်ပြောလိုက်တဲ့ အခါ Hyung ငြိမ်သွားတယ်။ရုတ်တရပ် လျှော့ရသွားပုံပါပဲ။တခုခုကိုစဉ်းစားနေသလိုပဲ။ကျွန်တော်စကားကို ဘာမှတုံ့ပြန်မှုလဲ မရှိဘူး။ကျွန်တော်လဲ အသာငြိမ်နေလိုက်တယ်။Hyung လဲ ကျွန်တော့်ကိုချစ်တာသိထားပေမယ့် Hyung ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ ခန့်မှန်းမရအောင်ပါပဲ။

" မင်းကို ငါချစ်နေတယ် ဆိုတာ Baekhyun ပြောလိုက်ပြီမဟုတ်လား "

မထင်မှတ်ထားသော Hyung စကားကြောင့် ဒီတစ်ခါလျှော့ရသွားသူက ကျွန်တော်ဖြစ်သွားရတယ်။Hyung စကားကို ငြင်းချက်ထုတ်ဖို့ စကားတွေမရှိ။အမှန်လဲ Baekhyun Hyung ပြောလို့ သိထားပြီးပြီဆိုတော့ ကျွန်တော် ဆွံ့အနေမိတယ်။

" မင်း ... မင်း သိနေတာကို မင်း သိနေလို့ ဒီလိုပြောတာကို "

"Hyung ... "

" Baekhyun က ဘာပြောလဲ KyungSoo မင်းကို ချစ်တဲ့စိတ်နဲ့ခံစားနေရပါတယ် KyungSoo ကိုကူညီပေးပါလို့တောင်းဆိုခဲ့လို့လား မင်းသိသိကြီးနဲ့မို့ ငါ့ကိုချစ်တယ်လို့ပြောရဲတာပေါ့ ငါက မင်းကိုချစ်နေတော့  မင်းကလဲ ငါ့ကိုချစ်တယ်ပြောရင် ငါအားလုံးကိုခွင့်လွှတ်ပြီး လက်ခံမယ်ပေါ့ အဲ့လိုအတွေးနဲ့ ငါ့ကိုချစ်တယ်လို့ပြောတာလား ဘာလဲ ငါ့ကိုသနားတာလား "

ကျွန်တော့်အဖြစ်ကရှင်းပြမှပဲ ပိုဆိုးနေမိတော့တာ။

" Hyung ရယ် ..."

Hyung နာမည်ကို တမ်းတရုံကလွဲပြီးကျွန်တော့် မှာ ဘာမှပြောစရာစကား မရှိတော့ပေ။ကျွန်တော် ချစ်တယ်လေ Hyung ရယ်။Hyung ကလဲ ကျွန်တော့်ကိုချစ်နေတာပဲမဟုတ်လား။ဘာလို့ကျွန်တော့်ကိုမယုံတာလဲ Hyung ရယ်။

" အတူတူပဲ အားလုံး အတူတူပဲ ငါ့ကိုသနားတယ်အကြောင်းပြပြီး အချစ်ကို ဖန်တီးကြတယ် ပြီးရင် လှည့်စားကြတယ် ငါ့ဘက်က ခံစားခဲ့ရတာချည်းပဲ "

ပြောရင်းနဲ့ Hyung မျက်ရည်တွေ ကျလာတယ်။Hyung ငိုနေတယ်။

" Hyung ... Hyung ရယ် "

"တော်ပါပြီ Jongin ရယ် ငါ မင်းကို ချစ်တယ်ဆိုတာမေ့လိုက်ပါတော့  မချစ်ခဲ့ဘူးပဲ သဘောထားပါတော့ တောင်းပန်ပါတယ် "

" မဟုတ်ဘူး Hyung  အထင်မှားနေပြီ ကျွန်တော် ကို ဘာလို့ မယုံကြည်နိုင်ရတာလဲ "

ကျွန်တော် အားမလိုအားမရနဲ့ Hyung ပခုံးတွေကို ကိုင်လှုပ်ပြီး မေးမိတယ်။ပတ်ဝန်းကျင်မှာတော့ အနည်းငယ်အေးစိမ့်လာပြီး မိုးပေါက်လေးတွေကျလာပေမယ့် နှစ်ယောက်လုံးက မိုးစက်တွေကို ဂရုမစိုက်အားပေ။

" Hyung ကြုံတွေ့ဖူးတဲ့သူတွေလို မျိုး ဘာလို့ကျွန်တော်
ကိုတစ်တန်းထဲသတ်မှတ်ပစ်ရတာလဲ ကျွန်တော် ကိုနဲနဲလေးတောင် အခွင့်အရေးမပေးဘူးလား ကျွန်တော့် အချစ်တွေစစ်မှန်တယ်
်ဆိုတာ ပြဖို့ ကျွန်တော် ဘာမှကြိုးစားခွင့်မရှိတော့ဘူးလား ဟင် Hyung  ပြောပါအုံး "

လှုပ်ခတ်နေတဲ့ ကျွန်တော့်လက်တွေကို Hyung က ဖယ်ချပစ်လိုက်တယ်။မျက်ရည်တွေကတော့ တောက်လျှောက်ကျနေတုန်းပဲ ကျွန်တော်လဲ Hyung နည်းတူ ငိုမိနေတယ်။မိုးစက်တွေကလဲ တဖြည်းဖြည်း သည်းလာတယ်။နှစ်ယောက်လုံး မိုးရေတွေစိုရွှဲနေပေမယ့် ရင်ထဲကအပူကိုတော့ ထိုမိုးရေတွေ မတွန်းလန်နိုင်ပါဘူး။

" ဘယ်သူ့ဆီကမှ မမျှော်လင့်ချင်တော့ဘူး  Jongin မင်းလဲ အတူတူပဲဆိုတာ ငါခံစားမိနေလို့ "

ပြတ်သားတဲ့ စကားသံတွေနဲ့ ဒီနှုတ်ခမ်းကပြောထွက်လာတဲ့စကားတွေက ကျွန်တော့်ရင်ကို ဆွဲစုတ်နေသလိုပါပဲ။Hyung ကျွန်တော့်ရှေ့ကနေ ကျွန်တော့်ကိုကျောခိုင်းသွားတယ်။မိုးရေတွေစိုရွှဲနေတဲ့ သေးကွေးတဲ့ခန္ဓာကိုယ်လေး ပျောက်ကွယ်သွားသည်အထိ ကျွန်တော် ရပ်မြဲတိုင်းရပ်နေမိတယ်။နာကျင်နေတဲ့ နှလုံးသားနဲ့ Hyung ထားခဲ့တဲ့အတိုင်း ကျွန်တော် ရှိနေတယ် Hyung ။

မိုးရေစက်တွေကတော့ ကျွန်တော့်ကို ပျက်ရယ်ပြုနေကြလေရဲ့။

☆☆☆☆☆☆☆☆☆☆☆☆☆☆

အိပ်ရာထဲမှာပဲ ဟိုလိမ့်ဒီလိမ့်နဲ့ ကျွန်တော် အလုပ်လဲမသွားချင်၍ နေမကောင်းဟုခွင့်တင်ထားမိတယ်။တကယ်လဲ ကျွန်တော့်နှလုံးသား ခွဲစိပ်ရမယ့်အနေအထားလေ။အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ မရောထွေးသင့်မှန်းကျွန်တော် သိပေမယ့် ကျွန်တော် အလုပ်သွားလဲ အမှားတွေလုပ်မိပြီး အားလုံး အလုပ်ရှုပ်ရမယ့်အတူတူ မသွားတာကအကောင်းဆုံးပဲ တွေးပြီး ကွေးနေမိတယ်။အကြောင်းစုံမသိတဲ့အမေကတော့ ကျွန်တော် တကယ်ပဲနေမကောင်းဘူး ထင်နေတာလေ။ကျွန်တော်ကလဲ မနေ့ကမိုးရေတွေ စိုရွှဲပြီးပြန်လာတာမဟုတ်လား။

Hyung ပြောတဲ့စကားတွေကို သေချာပြန်ကြားယောင်ရင်း ရင်ထဲနာကျင်သည်ကတစ်ဖက်  နားမလည်နိုင်သည်ကတစ်ဖက်နှင့် ကျွန်တော် အတွေးတွေများနေတာ။တကယ်ဆို ကျွန်တော့်ကို အခွင့်အရေးပေးသင့်သည်လေ။ကျွန်တော့် ကြိုးစားမှုကိုကြည့်ပြီးမှ ကျွန်တော်သူ့အပေါ်ဘယ်လိုစိတ်ထားလဲဆိုတာ ဆုံးဖြတ်သင့်တာမဟုတ်လား။Hyung က ပြီးပြီပြောတိုင်းပြီးရအောင် ကျွန်တော် နှလုံးသားက စက်မှမဟုတ်တာလေ။ကျွန်တော့်ကို သူတွေ့ကြုံဖူးသူတွေနှင့် အတူတူသတ်မှတ်တာကိုတော့လက်မခံနိုင်ပါ။ကျွန်တော် Hyung ကိုချစ်တာ ဘာမျှော်လင့်ချက်မှမပါခဲ့သလို Hyung ကို အထင်မြင်သေးသည့်စိတ်နှင့် အနိုင်ကျင့်လိုသည့်စိတ်လဲ မဟုတ်ခဲ့ဘူးဆိုတာ Hyung နားလည်အောင် ဘယ်လိုရှင်းပြရမလဲ Hyung ရယ်။

စိတ်ထဲတွေးမိသည်က Baekhyun Hyung တို့ကိုပင်။သူတိုဆီက အကြံဥာဏ် ထပ်တောင်းရမည်။အကူအညီထပ်တောင်းရမည်လေ။ဆုံးဖြတ်ချက်နှင့် ကျွန်တော် Baekhyun Hyung ဆီဖုန်းခေါ်လိုက်တယ်။

" ဘယ်လိုလဲ Kim Jongin  ညက ဘယ်လိုဖြစ်တာလဲ အဆင်မပြေကြဘူးလား KyungSoo လဲပြန်လာတာ စိုရွှဲလို့  ဘာမှလဲ မေးလို့မရဘူး "

" Hyung က ဖြေရှင်းလို့မရဘူးဖြစ်နေတယ် ကျွန်တော် ချစ်တယ်လို့ပြောလိုက်တာ ပိုဆိုးသွားတယ် ကျွန်တော့်ကို ထပ်ကူညီပါအုံး Hyung ရယ် "

" မရတော့ဘူး မနေ့က KyungSoo ကငါ့ကိုအပြတ်ပြောထားတယ် ထပ်ကူညီပေးရင် သူငယ်ချင်းအဖြစ်က အပြတ်ပဲတဲ့ KyungSoo စိတ်ကြီးတယ်ကွ ငါ မကူရဲတော့ဘူး သူတကယ်လုပ်မှာ "

" ဟာ Hyung ကလဲ ကြောက်တတ်လိုက်တာ "

" ကြောက်ရမယ် KyungSoo စိတ်ကိုအသိဆုံး အရမ်းခေါင်းမာတယ် ခုလဲ နေမကောင်းတာ ဆေးရုံသွားမယ်ဆိုတာ မသွားဘူးဆိုတာချည်းပဲ"

" ဗျာ Hyung  နေမကောင်းဘူး ဟုတ်လား "

နေမကောင်းဘူး အသံကြားတော့ စိုးရိပ်စိတ်တွေက ရင်ထဲအပြည့်ဝင်ရောက်လာတယ်။ဘယ်လောက်တောင် ဖျားနေတာလဲ Hyung ရယ်။မနေ့ကမိုးမိသွားတယ်နေမှာ။Hyung ဆီကိုပြေးသွားချင်စိတ်တွေက တားမရဆီးမရခဲ့ဘူး။

" ဖျားတာပါ ဆေးတော့တိုက်ထားခဲ့တယ် ငါထွက်လာတော့ အိပ်ကျန်နေခဲ့တယ် "

" ဟာ Hyung တို့ကလဲ ဗျာ နေမကောင်းတဲ့သူကို တစ်ယောက်ထဲထားပစ်ခဲ့ရလား Hyung တို့တော်တော် မကောင်းတာဘဲ ကျွန်တော့် Hyung တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ စိုးရိမ်ရလား  အရမ်းဖျားနေတာလား ဆေးရုံပို့ပေးခဲ့ပေါ့ဗျာ Hyung ရဲ့ coffee ဆိုင်က အရေးကြီးလား KyungSoo Hyung ကအရေးကြီးလား "

" ya !!!  မင်းတို့ဘာသာ မင်းတို့ပြဿနာဖြစ်ပြီး မိုးမိလာလို့ ဖျားတာကို ငါတို့ကို ဘာလာအပြစ်တင်နေတာလဲ "

ဖုန်းထဲမှ Chanyeol Hyung ရဲ့ အသံသြသြကပါ ဝင်ရောက်လာလေရဲ့။speaker ဖွင့်ထားပုံပါပဲ။နှစ်ယောက်စလုံးကို ကျွန်တော်လဲဒေါသထွက်ထွက်ဖြင့် အော်ဟစ်ပြောဆိုပစ်လိုက်တယ်။ဘယ့်နှယ်ဗျာ ကျွန်တော့် Hyung ကိုတစ်ယောက်ထဲထားပစ်ခဲ့ရတယ်လို့

" ရတယ် Hyung တို့မစောင့်ရှောက်ရင်နေ ကျွန်တော် စောင့်ရှောက်မယ် ကျွန်တော် Hyungဆီသွားမယ် အိမ်ရဲ့လျို့ဝှက်နံပါတ်ပြောပြ ကျွန်တော့်ဘာသာပဲ ကျွန်တော် ပြုစုမယ် Hyung တို့မလိုဘူး "

ဟိုနှစ်ယောက်ကလဲ ကျွန်တော့်ကို ဒေါသထွက်ကြကာပြန်အော်ပြောပေမယ့် နံပါတ်ကိုတော့ပို့ပေးရှာပါတယ်။ကျွန်တော်လဲ အဝတ်အစားလဲပြီး Hyung ရှိရာကိုထွက်လာခဲ့တယ်။ဒီတစ်ခါတော့ ဘယ်လိုပဲနှင်နှင် မသွားတော့ဘူး ဆုံးဖြတ်ချက်နှင့်ပါ။

အိမ်တံခါးကိုအသာဖွင့်ရင်း အသံမကြားအောင် တိတ်တိတ်လေး ဝင်ခဲ့တော့ အိမ်ထဲမှာလဲ တိတ်ဆိတ်နေလေရဲ့။Hyung အိပ်နေတယ်ထင်ပါရဲ့။Hyung ရဲ့အခန်းတံခါးကို အသာဖွင့်ရင်း ဝင်တော့ ကုတင်ပေါ်မှာ လှဲနေတဲ့ Hyung ကို တွေ့လိုက်ရတယ်။Hyung တော်တော်ဖျားနေတာပဲ။အိပ်နေပေမယ့် ညည်းသံတိုးတိုးလေးထွက်နေတယ်။မျက်နှာကတစ်ခုလုံးလဲ အဖျားရှိန်ကြောင့်ထင်ပါရဲ့ နီရဲနေတယ်။နဖူးကိုအသာအယာစမ်းလိုက်တော့ ပူခြစ်နေသောအပူရှိန်ကြောင့် ကျွန်တော်လန့်သွားမိတယ်။မဖြစ်ဘူး ဆေးရုံခေါ်မှပဲ။

" Hyung  ထပါအုံး ဆေးရုံသွားရအောင် Hyung အရမ်းဖျားနေတယ် "

ကျွန်တော် လှုပ်နှိုးတော့ Hyung မျက်လုံးလေးတွေပွင့်လာတယ်။ကျွန်တော့်ကိုတွေ့တော့ အံ့အားသင့်သွားလေရဲ့။

" ဘာလာလုပ်တာလဲ  "

အသံကိုက အားမရှိဖျော့တော့နေလေတော့ ကျွန်တော်လဲ Hyung ကို ဆွဲထူရင်းထိုင်စေလိုက်တယ်။

" ဘယ်လိုဝင်လာတာလဲ မင်း ဘာလာလုပ်တာလဲကွာ ငါ မနေ့က အပြီးပြောပြီးပြီလေ သွားပါတော့ကွာ "

အားမရှိတဲ့ လက်တွေနဲ့ ရုန်းပြီး ကျွန်တော့်ကိုတွန်းလွှတ်နေပေမယ့် Hyung သူ့ကိုယ်သူတောင် နိုင်ပုံမရပါဘူး။ကျွန်တော့်ရင်ထဲ ပြန်လဲကျလာတယ်။ကျွန်တော်လဲ Hyung ကို အသာအယာပွေ့ဖက်ထားရင်း

" Hyung ပြောသလို ကျွန်တော် မလုပ်နိုင်ဘူး Hyung ပြီးပြတ်ပြီဆိုတိုင်း ကျွန်တော် မပြီးနိုင်ဘူး Hyung  လဲ Hyung စိတ်နဲ့ Hyung ကျွန်တော်လဲ ကိုယ့်စိတ်နဲ့ကိုယ်ပဲ Hyung ပြေသမျှ ဘာမှကို ကျွန်တော် လိုက်နာမှာမဟုတ်ဘူး ခုချိန်ကစပြီးအဲ့အတိုင်းပဲ နေသွားမှာ ကျွန်တော့်ကို ဒီကနေလဲနှင်လို့မရဘူး ဒါ Hyung တစ်ယောက်ထဲပိုင်တာမဟုတ်ဘူး ကျွန်တော် Baekhyun Hyung ခွင့်ပြုချက်နဲ့ လာတာ" "

Baekhyun ကိုပါဆွဲထည့်လိုက်ပြီးပြတ်သားတဲ့ ကျွန်တော့်စကားကြောင့် Hyung ကျွန်တော့်ကိုမော့ကြည့်နေလေရဲ့။အားမရှိလို့ပဲ မပြောနိုင်တာလားမသိ။ဘာတစ်ခွန်းမှမဆိုပဲ ကျွန်တော့်ကို သာငေးကြည့်နေတယ်။ဟုတ်တယ် Hyung  ကျွန်တော်ကတော့ ရှေ့ဆက်မှာပဲ Hyung

☆☆☆☆☆☆☆☆☆☆☆☆☆☆

A/N
" FRIEND" ဆိုတဲ့ fic လေးကို wall ထဲဝင်ပြီးအားပေးပါအုံးနော် reader တွေတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအရမ်းတင်ပါတယ်လို့ပြောပါရစေရှင်

Ga verder met lezen

Dit interesseert je vast

91.1K 2.4K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...
600K 74.7K 106
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引
251K 37.4K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest