အခုဆိုရင်လေ ကျွန်တော့်ရဲ့စိတ် ၁၀၀% ကသူ့အပေါ်လွှမ်းမိုးနေမိပြီ
ကျွန်တော့်ရဲ့အချိန် ကျွန်တော့်ရဲ့ရှင်သန်ခြင်းတွေလဲ သူ့အတွက်ပဲဖြစ်နေပြီလေ
ကျွန်တော်သူနဲ့တွေ့ရဖို့ဆိုရင် ကျွန်တော့်ရဲ့အရာအားလုံးကိုစွန့်လွှတ်ရမယ်ဆိုရင်တောင်ကျွန်တော်စွန့်လွှတ်ရဲတယ် သူဟိုးအဝေးကြီးမှာရှိနေမယ်ဆိုရင်တောင် ကျွန်တော်သူ့ရဲ့စိတ်နဲ့ဆက်သွယ်ချင်တယ် လူချင်းမတွေ့နိုင်တာ ကျွန်တော်သိတယ် ကျွန်တော့်လိုအခြေအနေမျိုးနဲ့ သူ့ကိုကျွန်တော်အခုလောလောဆယ်ဘယ်လိုမှ လိုက်ရှာနိုင်မှာမဟုတ်ဘူး
အဲ့တော့သူနဲ့နည်းစပ်အောင် ကျွန်တော်ဖန်တီးချင်တယ် သူနဲ့ကျွန်တော်နဲ့စိတ်ချင်းဆက်သွယ်ပြီး စကားတွေအများကြီးပြောချင်တယ်
တစ်နည်းပြောရရင် တယ်လီပသီ နဲ့ပေါ့
သူနဲ့စကားတွေအများကြီးပြောနိုင်ဖို့ ကျွန်တော်အခုချိန်ကစပြီးကြိုးစားတော့မယ်
*D.O.* Hyung ဘာတွေတွေးနေတာလဲ မအိပ်သေးဘူးလား မနက်ကလဲခရီးပန်းလာတာ နားတော့လေ
*Myeon* D.O. မင်းလာတာနဲ့အတော်ပဲ ငါ့ကိုတစ်ခုလောက်ကူညီပါလား ငါဟိုကောင်မလေးနဲ့စကားပြောချင်လို့
*D.O.*ဘယ်လိုလို့ပြောလို့ရမှာလဲ ဟိုကောင်မလေးက
Hyung ကိုသိမှာတောင်မဟုတ်ဘူး
ဘယ်လိုလို့သွားရှာနိုင်မှာလဲ
*Myeon*မဟုတ်ဘူးလေ အဲ့ဒါငါလဲသိတာပေါ့ အခုစကားပြောမှာက တယ်လီပသီနဲ့ပြောမှာ
*DO.*ဘာ တယ်လီပသီ???
*Myeon*ဟုတ်တယ် တယ်လီပသီနဲ့
မင်းသိအောင်ပြောပြမယ် တယ်လီပသီဆိုတာ လူချင်းမတွေ့နိုင်ပေမဲ့ အသံကြားနိုင်တယ် အေးကိုယ်ပြောလိုတဲ့အသံကိုလဲ သူလဲကြားနိုင်တယ် ဒါပေမဲ့ တယ်လီပသီက သာမာန်လူတွေမှာတော့ မရနိုင်ဘူး စိတ်စွမ်းအားရှိတဲ့သူတေ ဒါမှမဟုတ် ရေစက်ရှိခဲ့ဖူးတဲ့သူတွေဆိုရင် ပြောလို့ရတယ်လို့ငါကြားဖူးတယ်
*D.O.*ဟုတ်မှလဲ လုပ်ပါ Hyung ရယ်
*Myeon* .........တိတ်တိတ်နေ
myeon မျက်လုံးဆုံကိုမှိတ်လိုက်သည် သူ၏စိတ်ကို လေဟာနယ်ထဲသို့ လွှတ်လိုက်သည် ထို့နောက် Myeon ရဲ့အသိစိတ်ထဲတွင် သူရဲ့ခန္ဓာကိုယ်နှင့် ကင်းကွာသွားသည်ဟုခံစားနေရသည်
သူ၏စိတ်တွေအရမ်းကိုပေါ့ပါးနေသည်
ထို့နောက် Myeon ရဲ့နှုတ်ခမ်းအထက်မှ Soo ရဲ့နာမည်ကိုအဆက်မပြတ်ရေရွတ်နေမိသည်
*Soo*Wendy နင်မပြန်သေးဘူးလား အရမ်းနောက်ကျရင် နင့်အိမ်က နင့်ကိုဆူနေဦးမယ်
*Wendy*အေး ဟုတ်သားပဲ အဲ့ဒါဆိုငါအခုပြန်တော့မယ် မနက်မှကျောင်းမှာတွေ့ကြတာပေါ့
ဒါမဲ့ငါ့ကို လမ်းထိပ်အထိလိုက်ပို့ပေးဟာ
*Soo*ပို့ပေးရမှာပေါ့ ကိုယ့်သူငယ်ချင်းလေးပဲဟာ
လာ
Wendy ကိုလမ်းထိပ်အထိ Soo လိုက်ပို့ပေးပြီးရင်း
အိမ်ဘက်သို့ ပြန်မလှည့်ချင် စိတ်ကညီးစီစီ ကြီးဖြစ်နေသောကြောင့် မလှမ်းမကန်းရှိ mini mart လေးသို့သွားရန်ဆုံးဖြတ်လိုက်သည်
သို့သော် Soo ထိုပတ်ဝန်းကျင်တွင် Soo တစ်ယောက်ထဲ သာ
အချိန်ကိုကြည့်လိုက်ပြန်တော့ ည 10 နာရီတောင်ကျော်နေပြီ မိန်းကလေးတစ်ယောက်အတွက်မသင့်တော်သော်လဲ သူ့မအိမ်ကိုလုံးဝမပြန်ချင်သေး မုန့်ဆိုင်တွင် ဒိန်ချင်ဘူးလေးဝယ်ကာ အိမ်ဘက်သို့လမ်းပြန်လျှောက်လာလိုက်သည်
ထိုစဉ်
သူမနားတဲတွင်တစ်စုံတစ်ယောက် ၏ခေါ်သံကိုကြားလိုက်ရသည် ရုတ်တရက်လန့်သွား၍ ဘေးဘီဝဲရာကြည့်လိုက်တော့ လူနဲ့တူတာဆိုလို့ မည်သူတစ်ဦးတစ်ယောက်မှမတွေ့
*Soo* မနောက်နဲ့နော်
SOO ထပ်မံ၍ကြားပြန်တယ်
Soo Soo Soo
ဆောင်းတွင်းကြီးဖြစ်သဖြင့် ရာသီဥတှုကလဲ ခိုက်ခိုက်တုန်အောင် ချမ်းလှသည်
နှင်းစက်ကလေးများကြလာသောကြောင့် Soo သူမရဲ့Japan made ထီးပန်းရောင်လေးကိုဖွင့်ဆောင်းလိုက်သည်
*Soo*ရာသီဥတုကအေးရတဲ့အထဲ လာနောက်တဲ့သူတွေနဲ့တွေ့နေတယ်
Dugu??? မနောက်နဲ့နော် Soo ကိုကြောက်တယ်များထင်နေကြလား ပုန်းမနေကြနဲ့ထွက်ခဲ့ကြ
Soo အကြောက်ပြေပြောရင်း ဘေးဘီဝဲရာကြည့်လိုက်တော့ မည်သူမှမတွေ့ပေ
ထို့နောက် Soo ထီးလေးဆောင်းကာဆက်လျှောက်လာသည်
Soo ထီးလေးဆောင်းနေရင်း ထီးလေးကသူ့အလိုလို Soo ပေါ်သို့နိမ့်ကျလာသည် ထို့နောက် Soo ပုခုံးလေးပေါ်ကိုမှီနေလိုက်သည်
*Myeon*Soo ငါနင့်ကိုသိနေတယ် နင်ကောငါ့ကိုသိလား
ငါနင့်ကိုချစ်တယ် Soo
Soo တစ်ယောက်အိမ်ကိုကမန်းကတန်းပြန်တက်ကာ
*Soo* သရဲ သရဲ အမလေး အိမ်အပေါ်မြန်မြန်တက်မှ သရဲကြီးလိုက်လာတယ် သရဲ
*Soo 's mom*ဟဲ့မိ Soo ဘာဖြစ်လာတာလဲ
*Soo* အမေ့သမီးညကြီးမင်းကြးသရဲခြောက်ခံလာရလို့ တော်ပြီနောက်မှပြောပြတော့မယ် လောလောဆယ်သမီးအခန်းထဲသွားတော့မယ်
Soo ထီးအပေါ်နှင်းစက်လေးတွေကိုခါကာ
အိမ်အပေါ်သို့တက်သွားသည်
*Soo*Dugu????မေးနေတယ်လေ ဖြေ
ထို့နောက် Soo ထီးလေးကိုကောက်ကိုင်လိုက်ရင်း
*Soo* ဒီထီးနဲ့ ရှင်ရှိနေတဲ့နေရာကိုညွှန်ပြ
ရှင်ဘယ်မှာလဲ
ထို့နော်ထီးလေးသည် Soo ၏အိပ်ခန်းနံရံဘက်သို့ညွှန်ပြသည်
*SOO*ဒါဆို နင်ကအဲ့နားမှာအခုရှိနေတာပေါ့ ??
ထီးလေးက လှုပ်ခါပြသည်
*Soo*အဲ့ဒါဆိုဘယ်နေရာမှာလဲ??
ထီးလေးက နံရံပေါ်ရှိ Soo ကပ်ထားသော Exo ပုံပေါ်သို့ ညွှန်ပြနေသည်