Bitter Kiss

De Krisyeol6100

104K 7.5K 242

Krisyeol New version of "Bitter Kiss (One Shot)" Love me like u do..,hyung ... Mai multe

Bitter Kiss
Part2
Part 3
Part 4
Part 5
Part 6
Part 7
Part8
Part9
Part9
ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့ချစ်​ခြင်း
Part10
Part 11
News

♡ Final♡

8.8K 596 43
De Krisyeol6100

Kris​ Uncle Xingရဲ့ ​ဆေးရုံမှာ အား​ဆေးသွင်းပီး Uncle Xingက​ဆေးရုံမဆင်းခိုင်း​သေး၍ အခန်းထဲကကုတင်​​ပေါ်မှာပဲ ​ဆေးပိုက်​တန်းလန်းနဲ့ လှဲ​လျောင်း​နေလိုက်​သည်​...

"Kris...သက်​သာလား...."

"nae....ကျွန်​​တော်​​ဆေးရုံဆင်း​တော့မယ်​ Uncle.."

Uncle Xingနဲ့စကား​ပြော​နေရင်း အ​နောက်​မှာပါလာ​သော ​ဆေး​ကျောင်းသား​တွေထဲမှာ Chanyeolရဲ့ guideဆရာ Baekhyunကို​တွေ့လိုက်​သည်​....

Uncle Xingက လိုအပ်​သည်​များကိုစစ်​​ဆေး​ပေးပီး အခန်းထဲကထွက်​သွားဖို့ပြင်​လိုက်​​​နေစဉ်​...

"Uncle...ကျွန်​​တော်​ သူနဲ့စကားခဏ​ပြောချင်​တယ်​...."

"ဘယ်​သူ??...Byun Baekhyun??.."

"nae....ခဏပါပဲ..."

"သိပ်​မကြာ​စေနဲ့​နော်​...စာသင်​ရဦးမှာ....."

"nae..."

Uncle Xingနဲ့ကျန်​တဲ့​ဆေး​ကျောင်းသား​တွေထွက်​သွား​တော့ သီးသန့်​လူနာခန်းထဲမှာ ကျွန်​​တော်​နဲ့ Baekhyunသာကျန်​ခဲ့သည်​...
Byun Baekhyunကိုကြည့်​ရတာ ကျွန်​​တော့်​ကိုသိပ်​ကြည်​ပုံမ​ပေါ်...မျက်​နှာထားကတင်း​နေပီး ခပ်​တည်​တည်​နဲ့ စကားစ​ပြောသည်​..

"ဘာကိစ္စလဲ..Wu Kris.."

"Chanyeol..Chanyeolအ​ကြောင်းသိချင်​လို့ပါ....မင်းသိရင်​.."

"ဒီမှာ..ခင်​ဗျားChanyeolကိုဒုက္ခ​ပေးလို့မဝ​သေးဘူးလား...ထားလိုက်​ပါ​တော့....သူ့ဘာသာ​အေး​အေး​ဆေး​ဆေး​နေပါ​စေ​တော့....ခင်​ဗျားလည်းချစ်​သူရှိ​နေပီပဲ..."

"မင်းသိ​နေတယ်​မလား...​ပြောပြပါ....​Chanyeolဘယ်​​နေရာကိုထွက်​သွားတာလဲ..ငါ့ကို​ပြောပြပါ...​နော်​...."

"​တွေ့ပီထားဦး....ခင်​ဗျားဘာဖြစ်​​စေချင်​​နေတာလဲ...Chanyeolကို​ဘေးမှာထားပီး ခင်​ဗျားချစ်​သူနဲ့​ပျော်​မြူး​နေတာကို​မြင်​​စေချင်​လို့လား....​တော်​ပါ​တော့ဗျာ..."

"မဟုတ်​ဘူး....မင်းတို့အထင်​လွဲ​နေတာ....ငါနဲ့အဲ့ဒီမိန်းမနဲ့ပြတ်​သွားပီ...ဘာမှမဟုတ်​​တော့ဘူး..."

Krisသူနဲ့Suriအ​ကြောင်းကို Baekhyunနားလည်​​အောင်​ရှင်းပြလိုက်​​​တော့ Baekhyunလည်း သူ့ကိုအားနာလာတယ်​ထင်​တယ်​..Chanyeolရှိမယ့်​​နေရာကို​ပြောပြလိုက်​တယ်​...Baekhyunဆီကအ​ဖြေသိရတာနဲ့ Krisချက်​ချင်းထထွက်​လာခဲ့သည်...​လူနာဝတ်​စုံ​တောင်​မလဲနိုင်​​တော့ပဲ ချက်​ချင်းကားကို​မောင်းကာ ဘူဆန်​သို့ထွက်​လာခဲ့သည်​....

မ​စောင့်​နိုင်​​တော့ဘူး....အချိန်​​တွေလည်းဆွဲမ​နေချင်​​တော့ဘူး..က​လေးနဲ့​တွေ့ရဖို့အတွက်​ အချိန်​တစက္ကန့်​​လေး​တောင်​ ကျွန်​​တော်​​နောက်​မကျချင်​​တော့ဘူး.....

********

ဘူဆန်​မြို့....

......ဘုန်း​တော်​ကြီး​ကျောင်း...

Kris​ကျောင်းဝန်းအတွင်းသို့ဝင်​လာခဲ့သည်​...​ကျောင်းဝန်းအတွင်းရှိ ဘုန်းကြီးတချို့နှင့်​ လူတချို့က​တော့ သူ့ကိုအထူးအဆန်းလိုမသိမသာကြည့်​​နေကြသည်​...အင်း​လေ..ကြည့်​မှာ​ပေါ့...လူနာဝတ်​စုံကြီးနဲ့ကားကိုအကြမ်းပတမ်း​မောင်းဝင်​လာတာမို့ ​ဆေးရုံကထွက်​​ပြေးလာတဲ့လူနာများထင်​​နေကြလားမသိဘူး...ထင်​ကြပါ​စေ....အဲ့ဒါ​တွေလည်း ဂရုမစိုက်​နိုင်​ဘူး....

ဘုန်း​တော်​ကြီး​ကျောင်းတ​နေရာအ​ရောက်​..

Kris သူနဲ့မလှမ်းမကမ်းမှာ ​ကျောင်းဝန်းထဲက ခို​လေး​တွေကိုအစာ​ကျွေး​နေတဲ့ Chanyeolကို လွမ်းဆွတ်​တမ်းတစွာ ရပ်​ကြည့်​​နေမိသည်​...

Chanyeolက​တော့ သူ့ကိုမမြင်​​သေး..ခိုစာ​ကျွေးရင်းသာ မျက်​နှာ​လေးကပြုံးရယ်​​နေသည်​...

"က​လေး..."

သူ့အသံ​ကြောင့်​ Chanyeolကိုယ်​​လေးဆတ်​ခနဲတုန်​သွားပီး မယုံကြည်​နိုင်​စွာ သူ့ကို​ကြည့်​​နေသည်​...

Krisသူ့ကို မျက်​ရည်​​တွေဝဲပီး ​ငေးကြည့်​​နေ​သော Chanyeolကိုယ်​​လေးကို ဆွဲဖက်​လိုက်​ရင်း ထိန်းထားခဲ့​သော မျက်​ရည်​များ ဖွင့်​အံကျလာခဲ့သည်​....Chanyeolလည်း ခုနကထိ Krisသူ့​ဆီကိုလိုက်​လာတယ်​ဆိုတာကိုမယုံကြည်​နိုင်​​သေး...အိမ်​မက်​တခုလိုသာထင်​​နေမိသည်​....Krisသူ့ကိုရင်​ခွင်​ထဲထည့်​ဖက်​လိုက်​​သောအခါမှ ရင်​ထဲမှဆို့နင့်​မှုတို့ဖွင့်​အံထွက်​လာကာ Krisရဲ့ရင်​ခွင်​ကိုမျက်​နှာအပ်​ရင်း ရှိုက်​ကြီးတငင်​ငိုမိသည်​......

"ပြန်​မ​တွေ့ရဘူးထင်​​နေတာ...က​လေးhyungအနားကိုတသက်​လုံးပြန်​မလာ​တော့ဘူးထင်​​နေတာ...ဟင့်​...ထွက်​မသွားပါနဲ့....ဟင့်​....hyungကိုတ​ယောက်​တည်းမထားခဲ့ပါနဲ့​နော်​....:'( "

Kris​ငို​နေရင်း​ပြောသည့်​စကားတို့ကို​တောင်​ မတုံ့ပြန်​နိုင်​​လောက်​​အောင်​ Chanyeolအရမ်းငို​နေခဲ့သည်​...

သူထင်​မထားခဲ့ဘူး​လေ....သူသိပ်​ချစ်​တဲ့hyungက အခုလို သူ့ဆီလိုက်​လာပီး အရင်​လို​ပွေ့ဖက်​ထားမယ်​ဆိုတာ သူအလိုချင်​ဆုံးဆန္ဒတခု...အခုတကယ်​ဖြစ်​လာ​တော့ ဝမ်းသာမိသလို တပတ်​ကြာကြာ​တောင်​ ခွဲ​နေခဲ့ရတာ​ဆို​တော့ သူအရမ်းလွမ်း​နေတာနဲ့​ပေါင်းပီး စိတ်​ထဲမှာ ငိုချင်​စိတ်​သာ​ပေါက်​လာသည်​...

သူတို့နှစ်​​ယောက်​ ​ကျောင်းဝန်းထဲမှာ အချိန်​အတန်​ကြာ​အောင်​ဖက်​ငို​နေကြသည်​​လေ...

"hyung...ကျွန်​​တော့်​ကိုခွင့်​လွှတ်​နိုင်​ပီလား...:'( "

Kris​ခေါင်းညိမ့်​ပြလိုက်​သည်​..

"ကျွန်​​တော့်​ကိုအရင်​လို hyungနားမှာပြန်​​နေခွင့်​​ပေးမှာလားဟင်​...."

"အင်း...."

"Suriနဲ့.."

"သူ့အ​ကြောင်းမ​ပြောနဲ့...က​လေးနဲ့hyungအ​ကြောင်းပဲစဉ်းစား..."

"ဒါ​ပေမယ့်​..သူကhyungချစ်​သူ.."

"မင်းမသိဘူးလား...မင်းကိုစိတ်​နာသွားခဲ့လို့ အဲ့ဒီမိန်းမကိုhyungအ​ပျော်​တွဲခဲ့တာ.....နည်းနည်း​လေး​တောင်​မရိပ်​မိဘူးလား..."

Chanyeol Krisကို မျက်​ရည်​ကြည်​​တွေလဲ့​နေတဲ့ မျက်ဝန်း​လေး​တွေနဲ့ကြည့်​​ရင်း ...

"အခု​ရော...."

"ပြတ်​သွားပီ​လေ..."

"အဲ့ဒါမဟုတ်​ဘူး....ကျွန်​​တော့်​ကိုစိတ်​နာ​သေးလားလို့..."

"နာစရာလား က​လေးရယ်​...hyung​ပြောမယ်​...​သေချာနား​ထောင်​...."

Krisသူ့ကို ​မျှော်​လင့်​ချက်​အပြည့်​နဲ့ ကြည့်​​နေတဲ့ Chanyeolရဲ့ပါးမို့မို့​လေးကို တချက်​နမ်းလိုက်​ရင်း ရင်​ထဲကလာတဲ့ချစ်​စကားတို့ကိုဖွင့်​ဟလိုက်​သည်​...

"က​လေးကိုhyungချစ်​တယ်​...က​လေးကိုhyung​စောင့်​​ရှောက်​​ပေးမယ်​..က​လေးhyung​ဘေးက​နေဘယ်​​တော့မှထွက်​မသွားရ​တော့ဘူး​နော်​....."

Chanyeol​ခေါင်းကိုအသာညိမ့်​ရင်း Krisရဲ့ရင်​ခွင်​ထဲသို့ တိုးဝင်​​ပွေ့ဖက်​လိုက်​သည်​...

"​နေဦး..hyung​နေမ​ကောင်းဘူးလား..."

"ဟင်​....​ကောင်းပါတယ်​.."

"ဘာလို့​လူနာဝ​တ်​စုံကြီးဝတ်​ထားတာလဲ.."

"​သြော်​....အား​ဆေးသွားသွင်းတာ....အဲ့ဒါ က​လေးဒီမှာဆိုတာနဲ့ အင်္ကျီမလဲပဲဒီအတိုင်းထွက်​လာတာ...."

"အား​ဆေးသွင်းတာ??..hyungကလည်းကျန်းမာ​ရေးကိုဂရုမစိုက်​ဘူး....ခုမှ​သေချာကြည့်​မိတယ်​...hyungပိန်​သွားတယ်​....အစားလည်းပုံမှန်​မစားဘူးမလား...တကယ်​ပဲ..ကျွန်​​တော့်​ကိုစိတ်​ပူ​အောင်​အရမ်းလုပ်​တာပဲ..."

Krisသူ့ကိုပွစိပွစိနဲ့ဆူ​နေတဲ့ Chanyeolရဲ့ပုံစံ​လေး​ကြောင့်​ သ​ဘောကျစွာပြုံးလိုက်​သည်​...ထို့​နောက်​ Chanyeolရဲ့ဆံပင်​​လေး​တွေကိုလက်​နဲ့ဖွကာ ...

"က​​လေးဂရုစိုက်​​ပေး​ပေါ့.....hyungကိုက​လေးတာဝန်​ယူ​ပေး​လေ..."

"အင်း​ပေါ့....ကျွန်​​တော့်​တာဝန်​​ပေါ့..."

Krisရယ်​လိုက်​ရင်း Chanyeolရဲ့လက်​​ချောင်း​လေး​တွေကြားကိုသူ့ရဲ့လက်​​ချောင်း​လေး​တွေနဲ့သွယ်​ယှက်​ကိုင်​လိုက်​ရင်း ....

"အိမ်​ပြန်​ကြမယ်​..."

"nae...hyung..."

*********

ကားလမ်းမတ​နေရာအ​ရောက်​ Krisကားကိုလမ်း​ဘေးသို့ထိုးရပ်​လိုက်​သည်​...

"wae?...hyung....ကားဘာဖြစ်​လို့လဲ...."

"ဘာမှမဖြစ်​ဘူး...."

"အာ့ဆိုဘာလို့ကားရပ်​တာလဲ..."

Krisညစ်​ကျယ်​ကျယ်​တချက်​ပြုံးလိုက်​ရင်း..

"က​လေးကိုနမ်းချင်​လို့..."

"ဗျာ.."

Krisစကား​ကြောင့်​ Chanyeolမျက်​လုံး​လေးပြူးသွားပီး ပါး​မို့မို့​လေးနှစ်​ဖက်​ ရဲခနဲဖြစ်​သွားသည်​...

Kris သူ့​​ဘေးမှာထိုင်​ရင်း ရှက်​​သွေးဖြာ​နေတဲ့ Chanyeolရဲ့ပုခုံး​လေးနှစ်​ဖက်​ကိုတယုတယကိုင်​ကာ ​အောက်​ငုံ့​နေ​သော မျက်​နှာ​လေးကို ဆွဲ​မော့လိုက်​သည်​...

"က​လေး...အရမ်းချစ်​တယ်​...သိလား..."

ပြောပီး Chanyeolရဲ့ပါး​လေးနှစ်​ဖက်​ကို တချက်​စီနမ်းရှိုက်​လိုက်​သည်​...

ထို့​နောက်​ Chanyeolရဲ့နှုတ်​ခမ်း​လေးကို လက်​မ​လေးနဲ့ပွတ်​သပ်​ကာ ...

"တချိန်​က hyungဒီနှုတ်​ခမ်း​လေးကိုနာကျင်​​အောင်​လုပ်​ခဲ့ဖူးတယ်​​နော်​....​တောင်းပန်​ပါတယ်​ က​လေးရယ်​...."

Chanyeolက​တော့ Krisလုပ်​သမျှကို အရုပ်​က​လေးတရုပ်​လို ငြိမ်​ခံ​နေရင်း ဝမ်းသာမျက်​ရည်​တို့သာစီးကျလာခဲ့သည်​....

"hyungကို ကျွန်​​တော်​တခါမှအပြစ်​မမြင်​ဖူးပါဘူး...hyung​ပြောဖူးတယ်​​လေ...ကျွန်​​တော့်​ရဲ့အရာအားလုံးကိုhyungပိုင်​တယ်​ဆို..အဲ့​တော့ ကျွန်​​တော့်​ရဲ့အရာအားလုံးကို hyungစိတ်​ကြိုက်​ချယ်​လှယ်​ပိုင်​ခွင့်​ရှိတာပဲ​လေ...ကျွန်​​တော်​ကိုယ်​တိုင်​ကလည်း ကျွန်​​တော့်​ရဲ့အရာအားလုံးကိုhyungကိုကြည်​ကြည်​ဖြူဖြူအပ်​နှင်းထားတာပဲ....အရာအားလုံးကိုhyungစိတ်​တိုင်းကျသာဖြစ်​​စေရပါမယ်​....အရင်​တုန်းက​ရော...အခု​ရော....​နောင်​​ရော...Wu Chanyeolဆိုတဲ့ကျွန်​​တော်​က Wu Krisဆိုတဲ့hyungပိုင်​ဆိုင်​တဲ့ အရုပ်​က​လေးတရုပ်​ပဲ..."

"က​လေးရယ်​...hyungကိုအဲ့​လောက်​​တောင်​ချစ်​ရလား....hyungပြန်​​ပေးဆပ်​ပါ့မယ်​..hyungကျူးလွန်​ခဲ့တဲ့အပြစ်​​တွေကို hyungရဲ့အချစ်​​တွေနဲ့ ပြန်​​ချေဖျက်​​ပေးပါ့မယ်​....ဒီ​နေ့ကစပီး hyungအရိပ်​​အောက်​မှာ က​လေး​ပျော်​နိုင်​မှာပါ....က​လေးကိုhyungသိပ်​ချစ်​တယ်​..."

Kris Chanyeolပါးပြင်​​ပေါ်ကမျက်​ရည်​စ​လေး​တွေကို လက်​နဲ့အသာသုတ်​​ပေးရင်း Chanyeolရဲမျက်​နှာ​လေးကိုထိန်းကိုင်​ကာ နှုတ်​ခမ်း​လေးကို ညှင်​သာစွာစုပ်​ယူနမ်းရှိုက်​လိုက်​သည်​...​တောင့်​တ​နေခဲ့ရတဲ့ အချစ်​​သီးသန့်​နဲ့ဖန်​တီးထားတဲ့ချစ်​သူက​ပေးတဲ့အနမ်း​လေး....Chanyeolလည်းKrisရဲ့အနမ်းမှာ​ပျော်​ဝင်​ရင်း လက်​နှစ်​ဖက်​က Krisရဲ့လည်​တိုင်​ကိုသွယ်​ယှက်​ဖက်​တွယ်​ကာ အနမ်း​တွေကိုလိုလိုလားလားတုံ့ပြန်လိုက်​သည်​...
Kris Chanyeolရဲ့​အောက်​နှုတ်​ခမ်း​လေးကိုမနာ​အောင်​သွား​လေးနဲ့ကိုက်​ရင်းဆွဲလိုက်​​တော့ Chanyeolဆီမှညည်းညူသံတချို့ ထွက်​လာခဲ့သည်​...
Kris Chanyeolရဲ့နှုတ်​ခမ်း​တွေကို ​နောက်​ဆုံးအဆုံးသတ်​အ​နေနဲ့ခပ်​ပြင်းပြင်း တချက်​စုပ်​ယူနမ်းလိုက်​ရင်း Chanyeolရဲ့ ​ကျော့ရှင်း​နေ​သော လည်​တိုင်​​ဖွေး​ဖွေး​လေးကို သွားနဲ့ကိုက်​ရင်း စုပ်​ယူနမ်းလိုက်​ခြင်းဖြင့်​ အနမ်းတခု ဖန်​တီးပုံ​ဖော်​ခြင်းပြီး​မြောက်​ခဲ့သည်​.....

Kris Chanyeolရဲ့လည်​တိုင်​က ​သွေးစို့​နေတဲ့ကိုက်​ရာ​လေးကို လက်​မ​လေးနဲ့အသာပွတ်​သပ်​ရင်း ...

"နာသွားလား...."

"ဟင့်​အင်း...နာလည်းကျွန်​​တော်​​ကျေနပ်​တယ်​....."

Kris သ​ဘောကျစွာပြုံးလိုက်​ရင်း...

"မှတ်​ထား​နော်​.....က​လေးကို တသက်​လုံးhyungပိုင်​သွားပီ....."

"nae....hyungနှင်​လွှတ်​​ရင်​​တောင်​ ကျွန်​​တော်​​ပေကပ်​ပီး​နေ​တော့မှာ......hyungကိုသိပ်​ချစ်​လွန်းလို့..."

"hyungလည်း က​လေးထွက်​မသွားနိုင်​​အောင်​ hyungရဲ့အချစ်​ကြိုး​တွေနဲ့ချည်​​နှောင်​ထားမှာ....က​လေး​ပြေးလို့လွတ်​မှာမဟုတ်​ဖူး...သိလား...က​လေးကိုhyungသိပ်​ချစ်​တယ်​ဆိုတာ....."

"nae.....hyung...:-) "

"သွားမယ်​....အိမ်​ပြန်​ကြမယ်​...."

"nae..."

Krisနဲ့ Chanyeolရဲ့ကား​လေးက​တော့ ဘူဆန်​က​နေ ဆိုးလ်​မြို့ရှိ သူတို့နှစ်​​ယောက်​ရဲ့အချစ်​အိမ်​​လေးဆီသို့ဦးတည်​လျက်​.......

♡ ♡ ♡ ♡ ♡ The End♡ ♡ ♡ ♡ ♡ ♡

ဒန်​တန်​တန်​...ပြီးပါပြီ.....အစက​တော့ endingမှာ အကုန်​လုံးအံ့သြသွား​အောင်​ နည်းနည်းထည့်​ဦးမို့ပဲ....​နောက်​​တော့အ​တွေး​ပြောင်းပီး ဒီလို​လေးအဆုံးသတ်​ချင်​လို့..ပီး​တော့ ဒီficကိုသိပ်​လည်းမကြိုက်​ကျ​တော့ဘူးထင်​လို့..စိတ်​ဝင်​စားဖို့လည်းမ​ကောင်း​တော့ဘူး​လေ.....အာ့​ကြောင့်​ ဇာတ်​သိမ်းလိုက်​တာ......

Bitter kissကိုအစက​နေအခုပီးတဲ့အထိ ဖတ်​​ပေးကြတဲ့reader​လေး​တွေ​ရော silent reader​လေး​တွေ​ရော ​ကျေးဇူးပါ...ဖတ်​​ပေးလို့ ဒီfic viewers​တွေတက်​လာတာပါ...
Vote​ပေးကြတဲ့သူ​တွေလည်း​ကျေးဇူးပါ..2K voteဆိုတာ အ​နော့်​အတွက်​​တော့ အများကြီးပါ...တခါမှ အချိန်​တိုအတွင်းအဲ့​လောက်​မရဖူးပါဘူး..
Comment​ပေးတဲ့သူ​တွေ သိပ်​ချစ်​တယ်​ သိလား...အ​နော်​အကြိုက်​ဆုံးအရာကို​ပေးလို့ .........
လေ​ရှည်​​နေတာ....ဟိဟိ....
အ​နော်​​ရေးတဲ့fic​တွေထဲက စိတ်​ဝင်​စားခံရဆုံးficက​လေးလည်း ဇာတ်​သိမ်းသွားပီဆို​တော့ ကျန်​တဲ့fic​တွေက​တော့ ​အေး​အေး​ဆေး​ဆေး ​ရေးပီး ​ဖြေး​ဖြေးချင်းဒိတ်​​ပေးမှာ​ပေါ့...အဲ့ဒီfic​တွေကိုသိပ်​လည်းစိတ်​ဝင်​စားကျတာမှမဟုတ်​ပဲ...အဲ့​တော့​အေး​ဆေး​ပေါ့....ခ်​ခ်​..

Continuă lectura

O să-ți placă și

2.3K 206 10
YiZhan 💚❤ အပျော်တမ်း ဓါတ်ပုံဆရာလေးနဲ့ ပန်းချီဆရာလေးတို့ Christmas မှာ ဆုံခဲ့ပြီး အမှတ်တမဲ့မှသည် အမှတ်တရတွေနှင့် နှောင်ဖွဲ့မိခဲ့ကြတဲ့အခါ...... အေပ်ာ...
79.7K 8.3K 57
Ким Жунинаас тамхи, гаа бас Америк үнэртдэг. Шинэ ширээний хамтрагчаа бодох үед, яг л америк кинон дээр гардаг шиг хоолны газарт найзуудтайгаа инээл...
1.3M 45.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd