ချစ်တယ် Hyung ရယ်

By jargiido_1215

74.4K 5.9K 126

Dika yaoi fic လေးပါ အများကြီးကြိုးစားထားပါတယ် အားပေးပါအုံးနော် Jargii do More

Intro
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17

Ep-9

3.2K 342 5
By jargiido_1215

" Jongin ရဲ့ ငယ်ဘဝတွေကပျော်ရွှင်ကောင်းပျော်ရွှင်ခဲ့လိမ့်မယ် Hyung ကတော့အဲ့လိုမဟုတ်ခဲ့ဘူး "

♡♡♡♡♡♡♡♡♡♡♡♡♡♡♡

" KyungSoo က သူ့ကိုသိပ်ချစ်ခဲ့တာ ဘဝနဲ့ရင်းပြီးတော့ချစ်ခဲ့တာ KyungSoo အချစ်မှားခဲ့တယ်ပဲပြောရမှာပေါ့ကွာ "

ညကထဲက KyungSoo Hyung ကျွန်တော့်ကိုပြောပြထားပြီးဖြစ်ပေမယ့် နောက်တစ်နေ့မနက်မှာပဲ Baekhyun Hyung က ကျွန်တော့်ကို KyungSoo Hyung အကြောင်းတွေအားလုံးကိုထပ်ပြောခဲ့တာပါ ။ကျွန်တော်လဲ အကြောင်းစုံကို စုံစုံလင်လင်ပိုသိခဲ့တယ်ပေါ့ ။ KyungSoo Hyung ရဲ့ ချစ်ဦးသူဆိုသူရဲ့အကြောင်းကိုပေါ့ ။ထိုသူက Baekhyun Hyung ရဲ့ အစ်ကိုတစ်ဝမ်းကွဲဖြစ်နေတာကလဲ ကျွန်တော့်ကိုပိုအံ့အားသင့်စေခဲ့တာပါ ။

" KyungSoo နဲ့ In Sang Hyung နဲ့စသိတုန်းက ငါတို့အလယ်တန်း ပထမနှစ်ပဲရှိသေးတယ် In Sang Hyung က UK ကနေပြောင်းလာတာ ငါ့အိမ်လာရင်း KyungSoo နဲ့တွေ့ပြီးခင်မင်ခဲ့ကြတယ် KyungSoo ကလဲ Hyung ကို အရမ်းအားကိုးပြီးချစ်ခင်သလို In Sang Hyung ကလဲ KyungSoo ကို အရမ်းခင်မင်တယ် အလိုလိုက်တယ် စားအတူသွားအတူတွေဖြစ်ခဲ့ကြတယ် ကျောင်းကလဲ In Sang Hyung က အထက်တန်းကျောင်းသား ကျောင်းလဲအတူတူပဲ တတွဲတွဲနဲ့ ညီအစ်ကိုအရင်းတွေအလားခင်မင်ခဲ့တယ်လို့ထင်ခဲ့ကြပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်ခဲ့ကြတယ် လူကြီးတွေကို အသိပေးခဲ့ကြပြီး အားလုံးတားနေတဲ့ကြားကနေ သူတို့အချစ်ကို တည်ဆောက်ခဲ့ကြတာ "

Baekhyun Hyung ပြောစကားကိုနားထောင်ရင်းကျွန်တော့်မျက်လုံးထဲ ချစ်သူလက်ကိုဆုပ်ကိုင်ရင်း ပျော်မြူးနေမယ့် KyungSoo Hyung ကိုမြင်ယောင်နေမိတယ် ။ဘယ်လောက်တောင်မှပျော်ရွှင်နေလိုက်မလဲ တွေးနေမိတယ် ။

" KyungSoo မိဘတွေ In Sang Hyung မိဘတွေကနားလည်ပေးကြပေမယ့် သူတို့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေက နားလည်မပေးကြဘူး boy to boy lover ဘဝကိုရွံမုန်းကြတယ် အထူးသဖြင့် KyungSoo ဘက်က အသိုင်းအဝိုင်းကပိုဆိုးတယ် KyungSoo မိဘတွေကိုပါ ပစ်ပယ်ထားကြတာ KyungSoo အတွက်နဲ့ ဆွေမျိုးတွေထိခိုက်တယ်ဆိုပြီး ရှောင်ဖယ်ထားခံခဲ့ရတယ်  အပြောဆိုခံပြီး  KyungSoo ချစ်ခဲ့တယ် ဆွေမျိုးတွေသာသိပေမယ့် ပတ်ဝန်းကျင်ကတော့ သူတို့အချစ်ကိုမသိခဲ့ကြဘူး အများသိသွားရင် အရှက်ရမှာစိုးလို့တဲ့ ဆွေမျိုးတွေကပဲ မသိအောင်ဖုံးဖိထားကြတာ သိတဲ့သူဆိုလို့ ငါတို့မိသားစုရယ် In Sang Hyung တို့ရယ် KyungSoo ဆွေမျိုးတွေရယ်ပဲ "

KyungSoo Hyung ဘယ်လောက်ပင်ပန်းနေမလဲ Jongin တွေးနေမိပြန်တယ်လေ ။gay relationship ကိုလက်ခံဖို့ခဲယဉ်းတဲ့ ဒီနိုင်ငံမှာ ဘယ်လောက်တောင် အပြောဆိုခံပြီးနေခဲ့ရမလဲ ။
တွေးကြည့်ရုံနဲ့တင် Jongin စိတ်မကောင်းဖြစ်ရတယ်လေ ။

" အပြောအဆိုခံပြီး ခက်ခဲစွာတည်ဆောက်ထားတဲ့အချစ်တွေက In Sang Hyung တက္ကသိုလ်တက်တဲ့အချိန် ယိုယွင်းလာခဲ့တယ်  In Sang Hyung က သူနဲ့ major တူ အတန်းတူတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်မိသွားကြတယ် အမှန်က ညီအစ်ကိုသံယောဇဉ်မျိုးနဲ့ KyungSoo ကိုချစ်မိတာကို In Sang Hyung အဓိပ္ပါယ်လွဲသွားခဲ့တာ သာမန်ထက်ပိုတဲ့သံယောဇဉ်ကို အချစ်လို့ ခံယူပြီး KyungSoo နဲ့လက်တွဲခဲ့တာ တကယ့်အချစ်စစ်ကိုတွေ့တဲ့အခါမှ သူ KyungSoo ကိုချစ်ခဲ့တဲ့အချစ်တွေကို နားလည်ခဲ့တာ အကယ်လို့သာ In Sang Hyung စောစောသိခဲ့မယ်ဆိုရင် ခုလိုအားလုံး နာကျင်ရမှာမဟုတ်ဘူး "

" ဘာတွေဆက်ဖြစ်ကြလဲပြောပါအုံး အဲ့အကြောင်းတော့မင်း ငါ့ကိုအသေးစိတ်မပြောရသေးဘူး ငါလဲ သေချာသိချင်မိတယ် KyungSoo အကြောင်းကို "

KyungSoo  Baekhyun တို့နဲ့ တက္ကသိုလ်တက်မှသာ ခင်ခဲ့ရတဲ့ Chanyeol Hyung ကလဲ ဒီအကြောင်းကို စိတ်ဝင်စားလာပုံပါပဲ ။ခင်ခဲ့တာ အချိန်နည်းပေမယ့် KyungSoo Hyung ကို Baekhyun ချစ်သလောက် ချစ်ခင်သော Chanyeol Hyung ရဲ့စိတ်ကို Jongin လေးစားမိတယ်။

ဖျော်ထားတဲ့ coffee တွေလဲ အေးစက်နေပြီ။ ဒီနေ့က ရုံးပိတ်ရက်မို့ Baekhyun Hyung လဲ coffee ဆိုင်ကို မနက်ပိုင်း ခနပိတ်ထားလေရဲ့ ။စောစောစီးစီး Jongin အပူကပ်လို့ နှစ်ယောက်သား Jongin ကိုအချိန်ပေးပြီး သေချာပြောပြနေတာကို Jongin တကယ်ပဲကျေးဇူးတင်မိပါတယ် ။

" In Sang Hyung အချစ်သစ်တွေ့တာကို KyungSoo သိတဲ့အခါ ရူးမတက်ခံစားခဲ့ရတယ် နေ့တိုင်းလိုလိုမျက်ရည်ကျပြီး ငါ့ကိုရင်ဖွင့်တယ် သူ In Sang Hyung ကိုမဆုံးရှုံးချင်တဲ့အကြောင်းတွေကိုပေါ့ သိပေမယ့်လဲ မသိချင်ယောင်ဆောင်ပြီး KyungSoo ဟန်မပျက်နေခဲ့တယ် သူ့ကို In Sang Hyung ကိုယ်တိုင်ဖွင့်ပြောတဲ့အထိပေါ့  In Sang Hyung ကလဲ အချိန်ဆွဲနေရင် KyungSoo ကိုပို ထိခိုက်စေမှာစိုးတာနဲ့မြန်မြန်ပဲဖွင့်ပြောခဲ့တယ် KyungSoo ကို လမ်းခွဲပေးဖို့ကိုပေါ့ "

"  KyungSoo  သနားဖို့အရမ်းကောင်းတယ် ချစ်သူကိုဆုံးရှုံးမှာကြောက်တဲ့စိတ်နဲ့ စဉ်းစားနိုင်စွမ်းတွေသူ့မှာမရှိခဲ့ဘူး  တတ်နိုင်သလောက်သူ့အချစ်ကိုကာကွယ်ခဲ့တယ် In Sang Hyung ချစ်တဲ့မိန်းကလေးကိုလဲသွားပြီး  တောင်းပန်တယ် သူ့လူကိုလွှတ်ပေးဖို့တွေ In Sang Hyung ကိုလဲ သူ့ကိုမချစ်တော့တာသိသိကြီးနဲ့ မရရအောင်ဆွဲထားပြီး သူ့ကိုပစ်မသွားဖို့တောင်းပန်တယ် အဲ့အချိန် က ငါတို့အထက်တန်းနောက်ဆုံးနှစ်ပေါ့ ငါတို့အသက် 18 နှစ်ပဲရှိသေးတဲ့အချိန် အချစ်အတွက် KyungSoo အရွယ်နဲ့မမျှအောင်ခံစားခဲ့ရတာ "

" In Sang Hyung ရဲ့ ကောင်မလေးက KyungSoo နဲ့ကိစ္စကိုသိသိချင်း စိတ်တွေအရမ်းဆိုးခဲ့တယ်ဆိုပဲ  သူက အဲ့လို မျိုးကို ရွံမုန်းတာတဲ့လေ  In Sang Hyung ကို ချစ်လို့သာ လက်ခံလာခဲ့ပေမယ့် KyungSoo နဲ့လုံးဝမပတ်သက်ဖို့ KyungSoo နဲ့ကင်းကင်းရှင်းရှင်းနေဖို့ In Sang Hyung ကိုတားတယ်   Hyung က ဘယ်မှာ KyungSoo ကို ပစ်ပယ်နိုင်မှာလဲ ချစ်သူလိုမချစ်တော့ပေမယ့် KyungSoo ကိုနဂိုကမှ ညီအရင်းလိုတွယ်တာတော့  လက်မခံနိုင်ဘူး တောင်းပန်တယ် KyungSoo ကိုနားလည်ပေးဖို့  ဒါပေမယ့် မရဘူး In Sang Hyung ရဲ့ ကောင်မလေးက KyungSoo ကို သူ့ချစ်သူကိုပြန်လုမှာစိုးတဲ့စိတ်ရယ် ယောက်ျားတစ်ယောက်နဲ့အချစ်ကိုပြိုင်လုရတဲ့အဖြစ်မျိုး မလိုလားဘူးဆိုပြီး In Sang Hyung ကိုရွေးခိုင်းတယ် သူလား KyungSoo လားဆိုပြီးတော့ပေါ့ "

နားထောင်နေရတဲ့ Jongin လဲ ရင်ထဲနာကျင်နေပါပြီ။ ခက်ခက်ခဲခဲတည်ဆောက်ထားတဲ့ ပထမဆုံးအချစ်ကို ဆုံးရှုံးရပြီး သူငယ်ချင်းလို ညီအစ်ကိုလို ဆက်ဆံရမယ့်အဖြစ်တောင်မရှိတော့ဘူးဆို KyungSoo Hyung ဘယ်ခံနိုင်ရည်ရှိပါ့မလဲ တွေးမိရင်း သနားနေမိသည်လေ။

" KyungSoo Hyung ကို ဘယ်ရွေးပါ့မလဲနော်"

ကျွန်တော့်စကားကို Baekhyun Hyung က ခေါင်းညိတ်အဖြေပေးလေရဲ့။ပြီးတော့ဆက်ပြောပြတယ်

" Hyung လဲ စိတ်မကောင်းစွာနဲ့ဘဲ KyungSoo ကိုအဆက်အသွယ်ဖြတ်ခဲ့တယ် KyungSoo ရူးမတက်ဘဲ ခံစားရတာ ဒီလိုတွေဖြစ်တာ ဟိုမိန်းကလေးကြောင့်ဆိုပြီး  ရုတ်တရပ် KyungSoo စဉ်းစားနိုင်စွမ်းမဲ့သွားတယ်ထင်ပါရဲ့ အဲ့မိန်းကလေး မိဘတွေဆီကိုပါ သွားပြီး တောင်းပန်ခဲ့တယ်  အခြေအနေကပိုဆိုးသွားတာ ဟိုမိန်းကလေးက သူ့ကို သူ့မိဘတွေဆီမှာအရှက်ခွဲတယ်ဆိုပြီး KyungSoo ကိုတအားမုန်းသွားတာ သူ့မိဘတွေကလဲ သူမကိုဆူတယ်ထင်ပါရဲ့ ရှုပ်ရှုပ်ရှက်ရှက်လူကိုကြိုက်ရပါ့မလားဆိုပြီးတော့ပေါ့ အခြေအနေတွေရှုပ်ထွေးကုန်တာ  KyungSoo နဲ့ In Sang Hyung လဲ ပြဿနာအကြီးအကျယ်တက်ကြတယ် စိတ်တွေတိုပြီး In Sang Hyung  KyungSoo အပေါ်ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ် ထိုးနှက်တဲ့အထိဖြစ်သွားခဲ့တာ "

" KyungSoo ဘယ်လိုခံစားရမလဲတွေးသာကြည့်တော့  အဲ့နေ့ပြီးတော့ KyungSoo  သူ လက်လွှတ်ခဲ့တယ် In Sang Hyung ကို သူ့ဘက်မှာမရှိတော့ဘူးဆိုတာ သိလိုက်ရတော့ သူရင်နာနာနဲ့ဆွဲမထားချင်ဘူးထင်ပါတယ် Hyung ပျော်ပါစေတော့ဆိုပြီး နောက်ဆုတ်ပေးခဲ့တယ် "

ရင်နာစေမယ့်အချစ်မျိုး ရွေးချယ်ခဲ့မိတဲ့ KyungSoo Hyung ကို နောက်ထပ်ဒီလိုမဖြစ်စေရဘူးလို့ ကျွန်တော်တွေးနေမိတယ် ။ ဒါကြောင့်မို့ နောက်ထပ်ချစ်ရမှာကြောက်နေမိတာလား Hyung ရယ် ။

" KyungSoo ဘက်က စွန့်လွှတ်ခဲ့ပေမယ့်  မထင်ထားတာတွေဖြစ်ခဲ့တယ်  အရမ်းကိုဆိုးရွားလွန်းတယ် Jongin  မင်းကို ဒီအထိပဲ KyungSoo ပြောပြခဲ့တာမဟုတ်လား "

ကျွန်တော်ခေါင်းညိတ်ပြလိုက်တယ် ။မနေ့က KyungSoo Hyung ပြောပြခဲ့တာ ဒီအထိပဲလေ။ ဖြစ်လို့လဲ ဒီထက်ဆိုးဝါးတာ ဘာတွေများဖြစ်ခဲ့လို့လဲ Hyung ရယ်။

" ငါ့ကို KyungSoo က Jongin ကို အကုန်လုံးပြောပြလိုက်ပါလို့ တောင်းဆိုလို့ ငါပြောပြရတာ သူ့ပါးစပ်နဲ့ဘယ်လိုမှ မပြောနိုင်တဲ့အဖြစ်မျိုး Chanyeol တောင်မသိသေးတဲ့ အဖြစ်မှန်ကို မင်းကိုသူကသိစေချင်တယ်တဲ့လေ သူဘယ်လိုလူလဲဆိုတာကိုပေါ့ "

KyungSoo Hyung ကကျွန်တော့်ကိုသိစေချင်တယ်တဲ့လား။ သူဘယ်လိုလူလဲဆိုတာ သူဘာတွေဖြစ်ခဲ့လို့လဲ ။
Baekhyun Hyung ပြောမယ့်စကားကိုပဲကျွန်တော် စိတ်လှုပ်ရှားစွာနဲ့နားထောင်နေမိတယ်။

" အဲ့ကိစ္စတွေဖြစ်ပြီးတော့ KyungSoo တစ်ပတ်လောက်ကျောင်းမတက်နိုင်ခဲ့ဘူး စိတ်ဆင်းရဲခဲ့တော့ လူပါထိခိုက်တာပေါ့ နေမကောင်းဖြစ်ရာကနေ ပြန်ကောင်းလာတော့ စိတ်သစ်လူသစ်နဲ့ ကျောင်းကိုသွားတယ် ကျောင်းမှာ မထင်ထားတဲ့အဖြစ်ကစောင့်ကြိုနေတယ် KyungSoo က gay ဆိုတာ တစ်ကျောင်းလုံးသိသွားကြတယ် ပြီးတော့ KyungSoo က ချစ်သူနှစ်ယောက်ကို ခွဲပစ်ခဲ့တဲ့သူ သူများအချစ်ရေးကိုဖျက်စီးပစ်ခဲ့တဲ့သူဆိုပြီး သတင်းတွေထွက်နေခဲ့တာ ငါ့စိတ်ထင် In Sang Hyung ရဲ့ကောင်မလေးလက်ချက်လို့ထင်မိတယ် သူ မိသားစုမှာ သူအရှက်ရခဲ့လို့ KyungSoo ကို ကျောင်းမှာအရှက်ပြန်ခွဲတယ်ပေါ့ ငါထင်မြင်ချက်မှန်ခဲ့တယ်လေ သူမလုပ်ခဲ့တာ KyungSoo အကြောင်းက ကျောင်းမှာရစရာကိုမရှိဘူး သိတဲ့အတိုင်းကျောင်းဆိုတာက မှားသည်မှန်သည် ခွဲခြားနေတာမျိုးမရှိဘူး  ကြားသမျှအကုန်ယုံ KyungSoo ကို ပစ်ပယ်ထားကြတယ် ရှုံချကြတယ် ကဲ့ရဲ့ကြတယ်  KyungSoo ဘက်မှာ ငါရယ် ငါတို့အတန်းပိုင်ဆရာမ ရယ် ဒါပဲရှိခဲ့တာ နောက်ဆုံး  ကျောင်းသားတွေကတဆင့်မိဘတွေပါသိသွားပြီး KyungSoo ကို ကျောင်းထုတ်ပစ်ဖို့အထိ တောင်းဆိုခဲ့ကြတာ KyungSoo ကြောင့် ကျောင်းနာမည်ပျက်တယ်ဆိုပြီးတော့ပေါ့ "

နားထောင်နေရင်း Jongin မျက်ရည်တွေပင် ကျလာရသည်အထိ ခံစားနေမိတယ်။ KyungSoo Hyung တော်တော် နာကျင်ခဲ့ရမှာလို့တွေးမိရင် ကျွန်တော့်ရင်ထဲလဲနာကျင်နေမိတယ် ။

" အဆိုးရွားဆုံးတစ်ခုက .... "

Baekhyun မပြောခင် သက်ပြင်းတစ်ချက်ချကာ အသက်ကိုဝအောင်ရှုလိုက်လေသည် ။
ပြီးမှ

" KyungSoo ကျောင်းကပြန်လာတဲ့အချိန်  တခြားကျောင်းက ကျောင်းသားတွေက KyungSoo အကြောင်းကြားပြီး KyungSoo ကိုရန်ရှာလာကြတယ်  ဖြစ်ချင်တော့အဲ့နေ့ ငါက မရှိဘူး အိမ်မှာ ကိစ္စရှိလို့ စောစောပြန်သွားတာ KyungSoo က ဆရာမကိုကူရင်း ကျန်ခဲ့တာ နောက်ကျမှကျောင်းကပြန်ဖြစ်တာလေ  အဲ့ဒိမှာတစ်ယောက်ထဲပြန်လာတဲ့ KyungSoo ကို တခြားကျောင်းက ကျောင်းလူမိုက်တွေက ပြဿနာရှာကြတယ်  KyungSoo ဘယ်လောက်ပဲတောင်းပန် မရဘူး အဲ့ကျောင်းသားတွေက ဆေးတွေလဲသုံးထားပုံရတယ် စဉ်းစားနိုင်စွမ်းတွေမရှိဘူးထင်ပါတယ် KyungSoo ဘဝက အဲ့ကျောင်းသားတွေလက်ထဲမှာ ပျက်ခဲ့ရတာ "

ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ coffee ခွက် မှောက်ကျသွားခဲ့ရတယ်။ အံ့သြောလွန်းလို့ Chanyeol လဲပါးစပ်အဟောင်းသားနဲ့။ KyungSoo Hyung ဒီလောက်ထိ ထိခိုက်ခဲ့မယ်လို့ကျွန်တော်မထင်ခဲ့မိဘူး ။

"KyungSoo မှန်းသိရက်နဲ့တမင် လုပ်ခဲ့ကြတာ ကံသီပြီး KyungSoo ပျောက်တယ်ဆိုတာနဲ့ ရဲကိုအကြောင်းကြားပြီး ရှာဖွေတာမြန်လို့  KyungSoo ဘာမှမဖြစ်ခဲ့ဘူး ဒါပေမယ့် နောက်တစ်နေ့ ကျောင်းမှာတော့ KyungSoo သတင်းတွေရစရာမရှိအောင်ကို ပြန့်နေခဲ့တယ်

"KyungSoo မိဘတွေ ရင်ကွဲတာပေါ့ ငါတို့တွေရောပဲ In Sang Hyung ဆို သူ့ကြောင့်ဆိုပြီး အပြစ်တင်တွေတင်တာ ဖမ်းမိခဲ့တယ်  အဲ့ကျောင်းသားတွေကို အရေးယူခဲ့ပေမယ့် KyungSoo စိတ်တွေက  အရင်အတိုင်းပြန်မဖြစ်တော့ဘူး စိတ်ဓာတ်ကအစ လုံးဝကျဆင်းသွားခဲ့တာ ဆေးရုံတောင်ပို့ခဲ့ရတဲ့အထိပဲ  KyungSoo ကျန်းမာရေးကြောင့် တစ်မိသားစုလုံး KyungSoo အစ်မတွေရှိတဲ အမေရိကားကို ထွက်သွားခဲ့ကြတယ် အဲ့ဒိမှာ KyungSoo ခုလိုပြန်ဖြစ်လာအောင် မနည်းပြုစုခဲ့ရတာ ငါးနှစ်တောင်အချိန်ယူခဲ့ရတယ်လေ "

ဒီလိုတွေဖြစ်ခဲ့တာလား Hyung ရယ် ။မသိခဲ့ဘူး ဒီလောက်နာကျင်ခဲ့ရမယ်မှန်း ကျွန်တော်တကယ်ကိုမသိခဲ့တာပါ ။ဘယ်လောက်တောင် စိတ်ညစ်နေခဲ့မလဲ။ တွေးမိတာနဲ့တင် ကျွန်တော့်ရင်တွေလဲ နာကျင်ရပါတယ် ။

"အရာအားလုံးကိုမေ့ပြီး  ဘဝသစ်ကိုပြန်စခဲ့တယ် ကျောင်းလဲ ဟိုမှာပဲ ပြီးခဲ့တာ ဒီကုမ္ပဏီက KyungSoo အစ်မ ရဲ့ ခင်ပွန်းကုမ္ပဏီ မို့ KyungSoo အလုပ်ဝင်ခဲ့တယ် ပတ်ဝန်းကျင်သစ်မှာပဲ ပျော်မွေ့နေခဲ့တာ "

ဒါကြောင့်မို့ KyungSoo Hyung ကိုကြည့်ရတာ အနေတည်တံ့ပြီး ဘယ်သူနဲ့မှလဲ အရောတဝင်နေလေ့မရှိတာကို ကျွန်တော် ခုမှသိတော့တယ် ။ပတ်ဝန်းကျင်ကို ဆက်ဆံရမှာ Hyung လန့်သွားတယ်ထင်ပါရဲ့ ။

" အာ့ဆို ဟိုနေ့က ဖုန်းလာတာကရော "

" အဲ့ဒါက ငါတို့အထက်တန်းကျောင်းက သူငယ်ချင်းဟောင်းများဆုံတွေ့ပွဲတဲ့လေ KyungSoo ကိုလှမ်းဖိတ်တာ ငါ့ ကိုအရင်ဖိတ်တာ ငါကငြင်းလိုက်တာ KyungSoo ဖုန်းနံပါတ်ဘယ်လိုသိလဲမသိဘူး ဆက်သွယ်လာကြတယ် ဘာရည်ရွယ်ချက်လဲမသိဘူး တည်ငြိမ်နေတဲ့ KyungSoo ကို ဘာတွေထပ်လုပ်ကြမလို့လဲမသိဘူး "

ဒါကိုတော့ ကျွန်တော်လက်မခံနိုင်ပါ။  နာကျင်မှုတွေကို KyungSoo Hyung ဆီ ထပ်ရောက်လာဖို့ကျွန်တော်ခွင့်မပြုတော့ဘူး။ အတတ်နိုင်ဆုံးကျွန်တော်ကာကွယ်မယ် ။ အရင်က ကျွန်တော် လေးစားပြီးချစ်ရတယ် ။အခု သနားပြီးပိုချစ်ရတယ် ။နောက်ဆိုရင် ကာကွယ်မှုတွေနဲ့ အဆုံးမရှိချစ်သွားမှာ ။

☆☆☆☆☆☆☆☆☆☆☆☆☆☆☆

A/N
အနော်ရေးတဲ့အထဲမှာ KyungSoo ကိုထိခိုက်စေတဲ့အသုံးအနှုန်းတွေပါခဲ့တဲ့အတွက် ခွင်လွှတ်ပေးပါနော် အနော် D.O biasပါ KyungSoo ကိုအရမ်းချစ်ပါတယ်  fic အရ KyungSoo ကို ဇာတ်နာနာရေးမိတာပါလို့ တောင်းပန်ပါရစေ  အားပေးတာအရမ်းကျေးဇူးတင်ပါတယ် vote လေးတွေလဲ တက်လာတယ် RL ထဲလဲထည့်ပေးကြတယ် update ပေးပါလို့ တကူးတကပြောတဲ့သူလဲရှိလာတယ် အရမ်းဝမ်းသာမိပါတယ် author ပေါက်စလေးအတွက် အဖိုးမဖြတ်နိုင်တဲ့အားတွေပါ  ကျေးဇူးအရမ်းတင်ပါတယ်နော်
@jargiido

Continue Reading

You'll Also Like

847K 39.8K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
250K 37.3K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
483K 11.5K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
261K 41.4K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .