ကျွန်တော်ရဲ့ ပွယောင်းနေတဲ့ဆံပင်တွေကိုမှန်ထဲကနေကြည့်ပြီးတော်တော်စိတ်ပျက်မိသည်။ကောင်းကောင်းမအိပ်ရသေးတဲ့အတွက် မျက်ကွင်းညိုတွေကိုလည်း အထင်းသားမြင်နေရသည်။
ခုချိန်မှပဲထဖျားသည့် Minseok ကိုစိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။
အမှန်ဆိုရင် ကျွန်တော်ခုချိန်မှာနောက်ဆုံးစာမေးပွဲကြီးအတွက်စာကျက်နေသင့်တာပါ။ အဲ့ဒါကြောင့်လည်းအိပ်ရေးမဝတဲ့ရက်တွေများပြီး ခု လိုမျိုးလူက လေးလံထိုင်းမှိုင်းနေတာပါ
" တကယ်အားနာပါတယ် suho ရယ်...ငါလည်းဘယ်လိုမှမသွားနိုင်လို့မင်းကိုသွားခိုင်းရတာပါ"
နေမကောင်းတာတောင် ပါးဖောင်းဖောင်းရဲရဲလေးများနှင့်အတူ မျက်လုံးလေးများကအရောင်တောက်နေသော Minseok ကို Suho ကြည့်ပြီး ..
"အင်း ရပါတယ်..ဒါပေမယ့် ငါသူ့အကြောင်းဘာမှမသိဘူးနော်..."
ကျောင်းသတင်းစာရဲ့ ပင်တိုင် အယ်ဒီတာ Minseok ရဲ့ အင်တာဗျူး တစ်ခုကို ကျွန်တော် ကအစားသွားလုပ်ပေးရမှာမို့ နည်းနည်းတော်စိတ်လှုပ်ရှားမိသည်...ကျွန်တော်တစ်ခါမှမလုပ်ဖူးသည့်အရာ ကြောင့်မို့ဘာလုပ်ရမှန်းလည်းမသိ..
"ငါက သူဘယ်သူမှန်းတောင် မသိတာ ဘာတွေကိုဘယ်လိုမေးရမှာလဲ.."
"မလိုဘူး...ငါမေးခွန်းတွေအကုန်လုံး ပြင်ဆင်ပေးထားတယ်...မင်းကသူ့ကိုအဲ့မေးခွန်းလေးတွေမေးရုံပဲ.."
ကျွန်တော် လည်းပေါ့ပေါ့ပါးပါး တီရှပ်နဲ့ ဂျင်းအမဲ ကိုသာ ဝတ်လိုက်ပြီး ဆံပင်ကိုလည်း ဂျယ်လ် နည်းနည်း နဲ့သာပွတ်လိုက်ပြီး တဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ပြင်ဆင်မှုကပြီးဆုံးသွားသည်။
"ငါလည်း .. ဒီအင်တာဗျူးကိုမေးလို့ရဖို့အတွက် ၉ လလောက်အချိန်ပေးခဲ့ရလို့ပါ... ပြန်ရွေ့ဖို့ဆိုရင်လည်း ဘွဲ့ရတဲ့ထိဖြစ်သွားမှာ..."
"အင်းပါကွာ... ငါသွားတော့မယ်..ဘာမှာအုန်းမလဲ..ဝယ်ခဲ့ပေးမယ်လေ.."
"အင်း..အအေးမိပျောက်ဆေးတစ်ခုလောက်ဝယ်ခဲ့ပေးပါ.."
****
****
****
မနက်စောစောပိုင်းမို့လို့ထင်သည် ကားလမ်းများကလည်း ရှင်းလင်းနေသည်။ကျွန်တော်လည်း Minseok ပေးလိုက်တဲ့ လိပ်စာအတိုင်း မောင်းလာခဲ့တာ နောက်ဆုံးမှာတော့ အထပ်၂၀ အဆောက်အအုံတစ်ခုရှေ့ကိုရောက်လာခဲ့သည်။
ကျွန်တော်သွားရမည့် အထပ်၂၀ ကိုခလုတ်နှိပ်ပြီးတော့ တက်သွားလိုက်သည်။ အထပ် ၂၀ ကိုရောက်တော့ ကောင်တစ်ခုနဲ့အတူဆံပင်ရွှေရောင်မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
"ကျွန်တော် Kim Minseok ဆိုတဲ့ နာမည်နဲ့ Mr.Wu ကိုတွေ့ဖို့ချိန်းထားပါတယ်"
ကောင်မလေးကတော့ ဖုန်းနဲ့မေးမြန်းအတည်ပြုပြီးတော့မှ ကျွန်တော်ကို မီးခိုးရောင်တံခါးအတိုင်း ဝင်သွားခိုင်းလိုက်သည်။ ကျွန်တော်လည်း သူမ ပြော်တဲ့အတိုင်းဝင် သွားလိုက်တဲ့အခါမှာတော့ နောက်ထပ်ဆံပင်ရွှေရောင်နဲ့ကောင်မလေးတစ်ယောက်က ကျွန်တော်ဆီလာပြီး..
" Mr.Wu နဲ့နောက်တစ်မိနစ်တွင်း တွေ့လို့ရပါမယ်ရှင်.."
သူမပြော်တော့ကျွန်တော်လည်း ကျွန်တော့်ရဲ့ အနွေးထည်ကိုချွတ်ပြီး အဝတ်ချိတ် မှာချိတ်လိုက်သည်။ ကောင်မလေးကတော့ Mr.Wu ဆိုတဲ့အခန်းထဲဝင်သွားပြီး ခွင့်တောင်းနေသည်ကိုကျွန်တော်လှမ်းကြည့်လိုက်သည်။
အရပ်ရှည်ရှည် လူတစ်ယောက်ရဲ့နောက်ကျောတစ်ခုကိုတော့ လှမ်းတွေ့လိုက်ရသည်..
"Mr.Wu နဲ့ဝင်တွေ့လို့ရပါပြီရှင်.."
ကျွန်တော်လည်း တံခါးကိုဖွင့်ပြီးဝင်သွားလိုက်တာနဲ့ ရိုးရှင်းပြီးခေတ်မှီသည့် အခန်းရဲ့အပြင်ဆင်ကိုငေးကြည့်နေမိသည့်အတွက် ရုတ်တရက် ပင်ခြေခေါက်လဲတော့မတတ်ဖြစ်သွားသည်။ Mr.Wu ကလာပြီးကူပေးရသည့်အတွက် ကျွန်တော်နည်းနည်းတော့ရှက်ရွံသွားမိသည်။
"ခင်ဗျား အဆင်ပြေရဲ့လား Mr.Kim"
"အား..အဆင်ပြေပါတယ်....ကျွန်တော်နာမည် kim suho ပါ Minseok အစားလာခဲ့တာပါ"
"ကျွန်တော်က Wu Kris ပါ"
ဘုရားရေ သူကတကယ်ကို ငယ်ငယ်လေးပဲရှိသေးတာပဲ...သူ့ကြည့်ရတာ အနောက်နိုင်ငံသွေးနှောတဲ့ပုံစံမျိုးဖြစ်သည် ...သူက မီးခိုးရောင်ကုဒ်အင်္ကျီ ကိုအတွင်းက အဖြူရောင်ရှပ် နှင့်တွဲဝတ်ထားသည်။ လည်စီးကတော့ အနက်ရောင်ကိုဝတ်ဆင် ထားတဲ့အတွက် တကယ်ကို့ ခန့်ညားစွာ ချောမောနေသည့်..သူ့ရဲ့စူးရှတဲ့မျက်လုံးများ တင်းတင်းစေ့ထားသည့်နူတ်ခမ်းထူထူ ဖူးဖူး များက တကယ့်ကို ဆွဲဆောင်မှုရှိလှသည်။ ကျွန်တော် ကိုယ့်ကိုယ် ကိုပင် အိမ်နေရင်း ပေါ့ပေါ့ပါးပါး အဝတ်စားများဝတ်လာမိတဲ့အတွက် နောင်တရမိသွားသည်။
ကျွန်တော်လည်း သူထိုင်ခိုင်းသည့် ဆိုဖာခုံတွင်ထိုင်လိုက်ပြီး Minseok ရေးပေးလိုက်တဲ့ မေးခွန်းစာရွက် တွေကိုရှာလိုက် အသံသွင်းဖို့ အတွက် ပြင်ဆင်လိုက်နှင့် အနည်းငယ် ဗျာများသွားရသည်။
ကျွန်တော်သူကိုလှမ်းကြည့်တော့ သူကလက်တစ်ဖက်ကို ခုံလက်တန်းပေါ်မှာတင်ထားပြီး နောက်လက်တစ်ဖက်ကသူ့မေးကိုထောက်ထားသည်...မေးထောက်ထားတဲ့လက်က လက်ညိုးက သူ့ပါးစပ်ရှေ့ကိုကန့်လန့် ဖြတ်နေတဲ့အတွက်ကြောင့်လားမသိ ... ပြံးယောင်သန်းနေသည့်ဟုထင်မိသည်။
"ကျွန်တော့်...ဒီအင်တာဗျူးကို အသံသွင်းထားလို့ရမလား မသိဘူး"
" မင်း အဲ့လောက်ပြင်ဆင်နေတာ အသံသွင်းမလို့ပဲမလား.... "
သူ့ရဲ့စူးရှတဲ့အကြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ ရှတတ အသံလေးတွေကြောင့် ကျွန်တော် အနေရခက်မိတာတော့အမှန်ပါပဲ..သူရဲ့အညိုရောင်ဆံနွယ်များကလည်း သူ့ရဲ့ဆွဲဆောင်မှု ကိုထောက်ပံ့ပေးနကြသည်။
"Mr.Wu ခင်ဗျား က ဒီ Wu Company ကိုဦးဆောင်နေတဲ့သူဆိုတော့ .. ခင်ဗျားရဲ့စီးပွားရေးလုပ်ငန်းတွေ အောင်မြင်အောင် ဘာကအရေးကြီးဆုံးလဲ.."
"ကျွန်တော်ကလူကဲခတ် အရမ်းတော်တယ်...မွေးရာပါအရည်ချင်းထင်ပါတယ်..ပြီးတော့ကျွန်တော့အလုပ်သမားတွေကိုကျွန်တော် ကပျော်ရွှင်အောင်လုပ်ပေးထားတယ်လေ.."
" Mr. Wu ... ခင်ဗျားက ဆောက်လုပ်ရေးလုပ်ငန်းတွေလည်းလုပ်တယ်နော်.."
"ကျွန်တော်က အဆောက်အဦးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ ဒီဇိုင်းပိုင်းတွေ ကိုစိတ်ဝင်စားလို့လုပ်ဖြစ်သွားတာပါ.."
"ပြီးတော့ Mr.Wu ကစိုက်ပျိုးရေးဖက်မှာလည်း လုပ်ငန်းတွေရှိတယ်လိုသိရတယ်.."
"အင်း...ကျွန်တော်တို့ရှာတဲ့ပိုက်ဆံတွေကစားစရာတွေမှမဟုတ်တာ...စားလို့ရတဲ့ဟာတွေကိုထုတ်လုပ်ကြည့်တာပါ.."
"Mr.Wu က မွေးစားသားလို့သိရတယ်..ဘယ်အရွယ်မှာမွေးစားခံခဲ့ရတာလဲ.."
"ကျွန်တော့် ရဲ့ကိုယ်ရေးကိုယ်တာ အကြောင်းရာတွေကိုမဖြေချင်ပါဘူး..ကျွန်တော်ပြော်နိုင်တာကတော့ ကျွန်တော့မှာ အကိုတစ်ယောက် ညီမတစ်ယောက်ရယ် အဖေ နဲ့ အမေ ရှိတယ်ဆိုတာပါပဲ..."
"တောင်းပန်ပါတယ်...ကျွန်တော်က Minseok ရေးထားတဲ့အတိုင်းမေးနေတာပါ..."
သူကြည့်ရတာ နည်းနည်းတော့စိတ်ရှုတ်သွားတဲ့ပုံပင်ဖြစ်သည်။ Minseok ကလည်း ဘယ်လိုမေးခွန်းတွေပြင်ထားမှန်းမသိ......
"မင်းကဒီကိုဘာလို့လာရတာလဲ... "
" Minseok ကနေမကောင်းလို့ လာပေးပါပြော်လို့ပါ"
ရုတ်တရက်တံခါးခေါက်သံနှင့်အတူ သူ့အတွင်းရေးမှုးမလေးဝင်ရောက်လာပြီး
"Mr.Wu အစည်းဝေးနောက် ၅ မိနစ်ဆိုစပါတော့မယ်"
"ဒီမှာ Suho နဲ့အင်တာဗျုးတာ မပြီးသေးဘူး...အစည်းဝေးကို ဖျက်လိုက်ပါ.."
သူ့အတွင်းရေးမှုးမလေးကတော့ အံဩသောမျက်နှာပေးမျိုးနှင့်ကျွန်တော့်ကိုတစ်ချက်လှမ်းကြည့်ပြီးပြန်ထွက်သွားသည်... ပြီးတော့သူ့ကျွန်တော်နာမည်ခေါ်တာ ဒါပထမဆုံးပဲဖြစ်သည်...
"ဒါဆို မင်းက ဘယ်ဘာသာကိုအထူးပြုထားတာလဲ"
"English ပါ... Mr.Wu က ဘာလို့ဒီအင်တာဗျုး ကိုလက်ခံခဲ့တာလဲ.."
"ကျွန်တော့်က Mr.Kim တို့ကျောင်းရဲ့ ငွေးကြေးထောက်ပံ့တဲ့သူမို့ပါ...ပြီးတော့ Minseok ကလည်း သူ့အပိုင်းမှာ တော်တော် လေး ထက်မြတ်တဲ့သူတစ်ယောက်မို့ပါ..."
"နောက်ဆုံးမေးခွန်းက..... Mr.Wu က gay တစ်ယောက်လားဆိုတာပါ.."
သွားပြီ... Minseok ရဲ့ပေါက်ပေါက်ရှာရှာ မေးတတ်တာကိုပဲအပြစ်တင်ရတော့မယ်... သူ့ကိုလှမ်းကြည့်မိတော့သူကသက်ပြင်းတစ်ချက်ချပြီး
" Gay ဆိုတာထက် ကျွန်တော်ချစ်ရမယ့်သူက မိန်းကလေးပဲ ဖြစ်ရမယ်လို့ တထစ်ချ မယူဆထားတာပါ.."
ကျွန်တော်လည်း အားနာနာ နှင့်ပင် Mr.Wu ကိုအမြန်နူတ်ဆက်ပြီးအင်တာဗျူးကိုလက်စသတ်လိုက်သည်။သူ့ရဲ့စူးရှတဲ့အကြည့်တွေအောက်မှာ နေရထိုင်ရခက်လာတာလည်းပါသည်။သူကတော့ကျွန်တော့်နှင့်အတူ တံခါးအပြင်ဘက်ထိလိုက်လာပြီး ...
" အနွေးထည်ပါသေးလား Suho.."
ကျွန်တော့်ခေါင်းညိမ့်ပြတော့သူက ကျွန်တော့်ချိတ်ထားသည့်အနွေးထည်ကိုယူကာ သူကိုယ်တိုင်နောက်ကနေဝတ်ပေးလိုက်သည်...သူ့ရဲ့လက်ချောင်းလေးများကလည်းကျွန်တော့်ပုခုံးကိုထိတွေ့ကိုင်တွယ်သွားခဲ့သည်။သူ့အတွင်းရေးမှုး မလေးကလည်း အံဩစွာကြည့်ရှုနေပါတယ်..
" ကားကိုဂရုစိုက်မောင်းပါ suho.."
"ဟုတ်ကဲ့ပါ.."
ကျွန်တော့်ကို ဓာတ်လှေကားအထိလိုက်ပို့ပြီး သူကလက်ဆွဲနူတ်ဆက်ရန် လက်ကမ်းပေးသည့်အတွက် ကျွန်တော်လည်းပြန်တုံပြန်လိုက်သည်။
"Suho"
"Kris"
တစ်ယောက်ကိုတစ်ယောက်အသိမှတ်ပြုသည့်အနေဖြင့်ခေါင်းညိမ့်ပြုံးပြပြီးတဲ့နောက်မှာတော့ ဓာတ်လှေကားတံခါးကလည်း ပိတ်သွားခဲ့လေပြီ။
****
****
****